← Chapters

ကြက်သွေးရောင် တောင်နဲ့မြစ်။

Vol. 173 Ch. 2421

ကြက်သွေးရောင် တောင်နဲ့မြစ်။

Vol. 173 Ch. 2421

“ ဓားဂိုဏ်းကို မထီမဲ့မြင် မပြုကြနဲ့ ... သူတို့က အဲဒီကာလအတွင်းမှာ ခံစစ်အစီရင်ကို အသက်သွင်းနိုင်တယ်။ ”

ရှေးဟောင်းသော့ မဟာ သူတော်စင်က ပြောကြားခဲ့သည်။ ထိုသူသည် နတ်ဆိုးကျင့်ကြံ သူနှင့် မတူဘဲ ရည်မွန် ပြေပြစ်ချေပြီ။

“ ဓားဂိုဏ်းရဲ့ ကောင်းကင် ကိုးပါး တော်ဝင်ဓားအစီရင်ကို မင်းတောင် ချိုးဖျက်ရ ခက်တာလား။ ”

ဤရှေးဟောင်းသော့သည် ဝိညာဉ်ရေးရာ ဆရာသခင်ဖြစ်သည်။ သူတော်စင် ဖြစ်လာရန် သက်ရှိပေါင်း နှစ်သန်းတိတိကို သုတ်သင်ပစ် ခဲ့သည်။ ၎င်းတို့ ခုနစ်ပါးအနက် အပြစ် အများဆုံး ဖြစ်ချေ၏။

မြင့်မြတ်မြေ အသီးသီးမှ သူ့အပေါ် ဆုကြေးများ ထားရှိခဲ့သော်လည်း ဝိညာဉ် ရေးရာ အစီရင် ကျွမ်းကျင်မှုကြောင့် လွတ်အောင် ပုန်းနေနိုင်ခဲ့သည်။

သူတော်စင် ရှေးဟောင်း ပစ္စည်းများ သန့်စင်ရန် နည်းစနစ်ကို ဆုပ်ကိုင်ထား သဖြင့် အဆက်အသွယ်ကောင်းများ ရှိကာ ၎င်းကို အကာအကွယ် ပေးကြ၏။

မဟာ သူတော်စင် ဖြစ်လာပြီးနောက် မည်သူမျှ သူ့နောက် လိုက်မလာဝံ့တော့ချေ။ ရှေးဟောင်းသော့က၊

“ ဓားဂိုဏ်းက တောင်ထွတ် နှစ်လုံးကို ဆုံးရှုံးခဲ့ရပြီး ... တောင်ခုနစ်လုံးပဲ ရှိတော့တယ် ဒါပေမယ့် တော်ဝင်ဓား အစီရင်က အားကောင်း နေတုန်းပဲ ဒါကြောင့် မူရွှမ်ကောင်က ...

... ထိန်းချုပ်ပြီး သူ့တပည့်တိုင်း ပါဝင်လာမယ်ဆိုရင် ဧကရာဇ်မပါဘဲ ချိုးဖျက်ဖို့ ခက်ခဲသွားလိမ့်မယ် ... ။ ”

အခြားသော မဟာ သူတော်စင်များက မျက်မှောင်ကြုတ် သွားကြသည်။ ခွန်လွန်တွင် ဧကရာဇ်များ ပါဝင်ရန် မဖြစ်နိုင်ချေ။

အရိုးဖြူ ဓားသူတော်စင်က၊

“ ဘယ်ဧကရာဇ်က ယုချင်းဖန်ကို စော်ကားဖို့ စဉ်းစားမှာလဲ။ ”

-ဟု မေးသည်။

တျန်ရွှမ်ဇီမှ၊

“ အခြား နည်းလမ်းတွေ ရှိလား။ ”

“ ရှိတယ် ... ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်း အစီရင်ဆိုတာ မရှိဘူး ... အတွင်းကနေ ဖျက်စီး နိုင်ရင်ရပြီ ... မဟုတ်ရင် နောက်တစ်ခု ထပ်စဉ်းစားရမယ်။ ”

တျန်ရွှမ်ဇီက ခေါင်းခါလိုက်ပြီး၊

“ ဓားဂိုဏ်းကို ... အချိန်တွေ အကြာကြီး ငါဆက်ဆံခဲ့ဖူးတယ် ... ဒါပေမယ့် အရေး မပါတဲ့ အရာအချို့ပဲ ပြန်ရခဲ့တယ် သူတို့မှာ သူတော်စင် တစ်ပါး မပြောနဲ့... အမည်ခံ သူတော်စင်တောင် သစ္စာဖောက်မှာ မဟုတ်ဘူး။ ”

ရှေးဟောင်းသော့က ထိုပြန်ကြားချက်ကြောင့် မအံ့သြဘဲ၊

“ ဒါဆို ငါတို့က တခြားနည်းလမ်းကို ရှာလို့ရတယ် နတ်တာအို ခန်းမမှာ နဂါးသတ် ကတ်ကြေးရှိပြီး ... ဒါက အစီရင်ကို ချိုးဖျက် နိုင်တယ်။ ”

ထိုစကားကို ကြားသောအခါ လူတိုင်း တိတ်ဆိတ်သွားသည်။ ရှေးဟောင်းသော့ မဟာ သူတော်စင်သည် အတိတ်က နတ်တာအို ခန်းမ၏ တပည့်တစ်ဦး ဖြစ်၏။

နဂါးသတ် ကတ်ကြေးကို ခိုးယူမှုဖြင့် ထုတ်ပယ်ခံ ထားရသူ ဖြစ်သည်။ ၎င်းအပေါ် ယခုအချိန်ထိ အလျော့ပေးလိုပုံ မရသေးချေ။

“ ဒါကို ငါဖြေရှင်းပေးမယ် ... ငှားလို့ ရမလားတော့ မသိဘူး သူတို့သာ ကြားနေမှုကို ဆက်ထိန်းထားရင် ငါလည်း အတင်းအကျပ် ဖိအားပေးလို့ မရဘူး။ ”

တျန်ရွှမ်ဇီက ပြောကြားလာသည်။ ရှေးဟောင်းသော့ မဟာသူတော်စင် မျက်ဝန်း၌ စိတ်ပျက်လက်ပျက် အမူအရာများ ပေါ်လာ၏။

ဤအချင်းအရာက တျန်ရွှမ်ဇီကို လှောင်ပြောင်ရယ်မောလိုစိတ်များ ဖြစ်စေသည်။ သို့သော် သူက မရယ်ချေ။

သူ စကားပြောတော့မည့် အချိန်တွင် ဓားဂိုဏ်း၏ ဦးတည်ချက်ရာကို လှည့်ကြည့်ပြီး ချက်ချင်း မျက်နှာ ပြောင်းသွားသည်။

“ ဝှစ် ... ။ ”

ရှစ်ယောက်သား ကောင်းကင်ပေါ် ပျံတက်သွားကာ မျက်နှာများ ပျက်ယွင်းလာ တော့သည်။

ဓားဂိုဏ်းသည် ဤနေရာနှင့် အလှမ်း ဝေးသော်လည်း ကြက်သွေးရောင် အလင်းတိုင် ကြီးကို ရှင်းလင်းစွာ မြင်နေရ၏။

တျန်ရွှမ်ဇီက ပို၍ မြင်နိုင်ပြီး ကြက်သွေးရောင် အဆင်းသဏ္ဍာန် အတွင်းရှိ ဖြစ်စဉ်များထံ ငေးကြည့်နေမိသည်။

တောအုပ်ထဲမှ နတ်ဆိုးသားရဲများ အားလုံးသည် ဓားဂိုဏ်းနှင့် ဆန့်ကျင်ဘက် အရပ်သို့ ပြေးလွှားသွားကြ၏။

အမျိုးမျိုးသော ဖြစ်စဉ်များအပြင် ကောင်းကင်တာအိုနှင့် ဓားမြည်သံများလည်း ကြားနေရသည်။

ဓားသည် ကောင်းကင်နှင့် တိုက်နေ၏။ ဤသည်မှာ သက်တံဓား သူတော်စင်မှ ဒုက္ခကို ရင်ဆိုင်တော့မည့် နိမိတ်ဖြစ်သည်။

“ ဘယ်လောက်တောင် ရုတ်ခြည်း ဖြစ်လိုက်လဲ။ ”

အရိုးဖြူ သူတော်စင်က ဆိုသည်။ ရှေးဟောင်းသော့မှ၊

“ သက်တံဓားက ဒါကို မထိန်းနိုင် လောက်ဘူး ... ဒီလို ဖြစ်စဉ်မျိုး ... ရှေးမှတ်တမ်း တွေမှာ ငါ မြင်ဖူးတယ် အရမ်းကြောက်စရာ ကောင်းတယ်။ ”

ဧကရာဇ်ဘုံသို့ ရောက်ရှိခြင်းသည် ကြောက်မက်ဖွယ် ကောင်းသော ဖြစ်စဉ်များကို မွေးဖွားပေးမည်ဖြစ်ပြီး ဤဖြစ်စဉ်မှာ အန္တရာယ် အရှိဆုံး ဖြစ်၏။

“ သူသာ ဒီခြေလှမ်းကို လှမ်းနိုင်ခဲ့ရင် အနာဂတ်မှာ ဧကရာဇ်ကိုးပါးနဲ့ အမှန်တကယ် ယှဉ်ပြိုင်နိုင်လိမ့်မယ်။ ”

“ ကြည့်ရတာ သူ့ဓားဆန္ဒက ပိုအားကောင်းနေပုံပဲ။ ”

အရိုးဖြူဓားသူတော်စင် တစ်ယောက် လက်တုန်နေသည်ကို တျန်ရွှမ်ဇီက သတိပြုမိ လိုက်၏။ သက်တံဓား အောင်မြင်သော် သူ့ကို နောက်ကောက်ချထားနိုင်မည် ဖြစ်သည်။

ထိုအချိန်တွင် ဓားသူတော်စင် သုံးဦးသည် တူညီသောအဆင့်တွင် ရှိတော့မည် မဟုတ်ချေ။ အချိန်အတော်ကြာ ပြီးနောက် အရိုးဖြူ ဓားသူတော်စင်က၊

“ ဒါက အံ့သြစရာ မဟုတ်ပါဘူး ... နောက်ဆုံးတော့ သူ ပြိုင်ချင်နေခဲ့တဲ့ လူက ယုချင်းဖန်ပဲ ... သူ့ကို ခွင့်မပြုနိုင်ဘူး။ ”

-ဟု ကြွေးကြော်လိုက်၏။

“ သူ သေချင်နေတာပဲ။ ”

တျန်ရွှမ်ဇီက အေးစက်နေသော ကြိမ်းမောင်းသံ ပြုလိုက်တော့သည်။ ထို့ကြောင့် လူတိုင်း တိတ်ဆိတ်သွား၏။

“ သူ့ဓားကို ကောင်းကင် တာအိုက မထိန်းနိုင် တော့ဘူး ... သုံးရက်အတွင်း ဒုက္ခကို သူ ရင်ဆိုင်ရလိမ့်မယ် ... မင်းတို့ ကောင်းကင်ယံ ဂိုဏ်းကို ...

... ချက်ခြင်းသွားပါ ... အခြားသော မြင့်မြတ်မြေ သုံးပါးနဲ့ ပူးပေါင်းပြီး ဓားဂိုဏ်းမှာ ဆုံမယ် ... ငါ နတ်တာအို ခန်းမကို ခရီးထွက်မယ်။ ”

တျန်ရွှမ်ဇီက လက်ကို ဝှေ့ယမ်းလျက် နတ်တာအို ခန်းမရှိရာ အရပ်ထံသို့ ဦးတည် သွားခဲ့သည်။

“ ရတနာခုနစ်ပါးကို ယူဆောင်လာကြ ... အရိုးဖြူဓား ပြောတာ မှန်ပါတယ် ... ငါတို့ သူ့ကို အခွင့်အရေး မပေးနိုင်ဘူး။ ”

ကျန်ခြောက်ယောက်ကလည်း ခေါင်းညိတ်ပြပြီး စိတ်လှုပ်ရှား နေတော့၏။ တစ်ချိန်တည်းမှာပင် ခွန်လွန် နယ်မြေရှိ သူတော်စင်များ အားလုံး ကြက်သွေးရောင် အလင်းတိုင်ကို သတိပြုမိကြသည်။

သက်တံဓား ဖြစ်စဉ်သည် တုန်လှုပ် ချောက်ချားဖွယ်ရာ ကောင်းမည်ကို သိထားကြ သော်လည်း ဤမျှအထိ မထင်ထားချေ။

မင်ဂိုဏ်း၊ ကောင်းကင် မီးလျှံဂိုဏ်းနှင့် အနန္တလျှပ်စီး၏ ဂိုဏ်းချုပ်များသည် ချက်ချင်း ကောင်းကင်ယံဂိုဏ်း ဆီသို့ ဦးတည်သွား၏။

နတ်ဖီးနစ်တောင်တန်း၏ ဘိုးဘေး ခန်းမတွင် ခရမ်းငယ်အပါအဝင် သူတော်စင်များ အားလုံး ထွက်ခွာလာကြသည်။

ခရမ်းငယ်က သူမလက်ထဲမှ ကျောက်စိမ်းတံဆိပ် တစ်ခုကို ကြိတ်ချေပစ် လိုက်၏။ ဤသည်မှာ ဆုစီယာထံ သတင်း ပို့ခြင်းမည်သည်။

“ ဒါက ကြက်သွေးရောင် တောင်နဲ့မြစ် ဖြစ်စဉ်ပဲ ... သက်တံဓားသာ မအောင်မြင်ခဲ့ရင် သူ့သွေးက အရှေ့ဘက် ပျက်စီးမြေရဲ့ တောင်နဲ့ မြစ်တွေ အားလုံးကို အရောင်ပြောင်း စေလိမ့်မယ်။ ”

နတ်ဖီးနစ်သခင်က ပြောကြားခဲ့သည်။

“ ဒါက ကြက်သွေးရောင် တောင်နဲ့ မြစ်ဖြစ်ရင် သူ ဖြတ်သန်းရမဲ့ အလားအလာက အရမ်းမြင့်တယ် ... ။ ”

နတ်ဖီးနစ်တောင်၏ သူတော်စင် အကြီးအကဲတစ်ပါးမှ မှတ်ချက်ပေးလာသည်။

“ ဒါဆို သူ ကျရှုံးပြီး သေရင်လည်း ကောင်းပါတယ် ဒါပေမယ့် တစ်စုံတစ်ယောက် ဝင်စွက်ဖက်ချင်တယ် ဆိုရင်တော့ ... ။ ”

ခရမ်းငယ်မှ အံကြိတ်လိုက်၏။ ထိုစကားကြောင့် သူတော်စင် အကြီးအကဲက ပါးစပ်ပိတ်သွားသည်။

တောင်တန်း သခင်က ခေါင်းညိတ်ပြီး၊

“ သခင်ဖီးနစ် ကျွန်တော်တို့ အားလုံး အဆင်သင့်ဖြစ်နေပါပြီ ... အမိန့် ပေးလာမဲ့ အချိန်ကို စောင့်နေတာပါ။ ”

-ဟု ပြောကြားလိုက်သည်။

“ ဒါဆို ငါတို့ အခုပဲ သွားကြမယ်။ ”

“ နားလည်ပါပြီ ... ။ ”

ကောင်းတာအို ဂိုဏ်းတွင် မဟာ သူတော်စင်ငါးပါးက လေထုအလယ် ပျံဝဲပြီး ရှေးဟောင်း ပျက်သုဉ်းမြေထံ ကြည့်နေ၏။

သူတို့ ပတ်ဝန်းကျင်၌လည်း သူတော်စင် များစွာရှိနေပြီး ထိုလမ်းကြောင်းထံ လိုက်ကြည့် နေကြသည်။

လက်သီး တစ်ထောင် မဟာ သူတော်စင်က၊

“ ဂိုဏ်းကို စောင့်ရှောက်ဖို့ ငါဒီမှာ နေခဲ့မယ် မင်းတို့ ... သွားလို့ရပြီ။ ”

-ဟု ပြောကြားလိုက်သည်။

ကောင်းကင်တာအို ဂိုဏ်းသည် အကြီးအကျယ် အကြပ်ရိုက်ခဲ့သည်။ မဟာ သူတော်စင် လေးပါး ထွက်သွားခဲ့သော် သူတို့ အတွက် အားနည်းသွားနိုင်၏။

သို့သော် ၎င်းတို့ လေးဦးသည် သက်တံဓားနှင့် နက်ရှိုင်းသော ဆက်ဆံရေး ရှိနေခဲ့ပြီး တားမြစ်၍ မရသည်ကို လူတိုင်း သိသည်။

“ ကျေးဇူးတင်ပါတယ် လက်သီးတစ်ထောင် မဟာသူတော်စင်။ ”

ယဲ့ကူဟန်က ပြောသည်။

“ ငါ့ကို ကျေးဇူးတင်နေစရာ မလိုဘူး သွေးလဂိုဏ်း ပြန်လာမှာကိုသာ မစိုးရိမ်ရရင် ငါလည်း လိုက်ခဲ့မိလိမ့်မယ် ...

... နောက်ဆုံးတော့ အရှေ့ဘက် ပျက်စီးမြေကြီးကို သက်တံဓားဟာ သူ့ဓားနဲ့ အနှစ်သုံးထောင် ကာကွယ်ပေးခဲ့တယ်။ ”

မဟာ သူတော်စင် လေးပါးက လက်သီးဆုပ်ပြီး ထွက်ခွာသွားကြတော့သည်။ ကြက်သွေးရောင် အလင်းတိုင်သည် သူတော်စင် များကို ရုတ်ရုတ်သဲသဲဖြစ်စေ၏။

အချို့က သက်တံဓားကို ကာကွယ်လိုပြီး၊ အချို့က ကောင်းကင်ယံဂိုဏ်းနှင့် ပူးပေါင်းခဲ့ကြ သည်။

နတ်နဂါး အင်ပါယာတွင် ရွှေရောင် အလင်းတန်းတစ်ခု ကောင်းကင်ပေါ် ထိုးတက် လာပြီး တန်ခိုးကြီးသော ရောင်ဝါကို ပေးစွမ်းလာသည်။

ဤသည်မှာ သဘာဝအားဖြင့် ခွန်လွန်၏အုပ်စိုးရှင် ဧကရီ ဖြစ်သည်။ သူမ မျက်လုံးများက အရာအားလုံးကို ဦးညွှတ် စေလိုပုံရ၏။

သူမ ပတ်ပတ်လည်တွင် ရွှေရောင် ဖြစ်စဉ်များဖြင့် ကွဲလွဲနေသော လေဟာနယ်ကို သူတော်စင်ဂီတနှင့် ဖန်တီးထား၏။

နေရာအနှံ့မှ ရွှေရောင် ပုံရိပ်များ ကောင်းကင်ပေါ် ပျံတက်လာကြပြန်သည်။ ကျန်ရှိနေသော ဧကရာဇ်များ ဖြစ်၏။

“ သူသာ အောင်မြင်ရင် နှစ်ပေါင်း ရာဂဏန်းအတွင်းမှာ ငါတို့ကို ပြိုင်နိုင်လိမ့်မယ်။ ”

“ ယုချင်းဖန်ရဲ့ ... သာမန်ဓားတစ်ချက်က ဒီလို နတ်ဆိုး တစ်ကောင်ကို ဖန်တီးနိုင်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ။ ”

“ ယုချင်းဖန်က ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာရော မဖြစ်နိုင်ဘူးလား ... ။ ”

“ ယုချင်းဖန်က ဒီကိစ္စထဲ ပါလာမယ်လို့ မင်းထင်လား။ ”

ဧကရာဇ်များက အချင်းချင်း ဆွေးနွေးလိုက်ကြသည်။

“ သူ့ကို ငါက ဧကရာဇ် ဖြစ်ခွင့် မပေးဘူးဆိုရင် ဘယ်သူမှ မကူညီနိုင်ပါဘူး ယုချင်းဖန်တောင် ချွင်းချက်မရှိဘဲ။ ”

ဧကရီက ကြီးစိုးစွာ ပြောကြားလာသည်။ ဤသည်မှာ မိုင်ပေါင်းများစွာ အကွာအဝေးကို ပါးစပ်မလှုပ်ဘဲ ဆွေးနွေးနေကြခြင်း ဖြစ်သည်။

ထို့ကြောင့် အခြားသော ဧကရာဇ်များ မျက်နှာပြောင်းသွားသည်ကို ဧကရီ မမြင်နိုင် ခဲ့ချေ။

လျှပ်စီးတိမ်လွှာဓားဂိုဏ်းရှိ နှင်းတောင်ထိပ်ပေါ်တွင် သူတော်စင်တာအိုများ ရစ်သိုင်းနေခဲ့သည်။ ကျန့်ကျင်းရှန်က မျက်လုံး ဖွင့်လိုက်၏။ သူသည် အတားအဆီးကို ဖြတ်ပြီး သူတော်စင်သခင် ဖြစ်လာချေပြီ။

သို့သော် ဓားရောင်ဝါသည် ဆက်လက် မြင့်တက်နေဆဲ ဖြစ်၏။ ဓားမြည်သံမှာ သွေ့ရော် ပင်လယ်တစ်ခုလုံးကိုပင် ပဲ့တင်ထပ် နေခဲ့ တော့သည်။

***

All Chapters