← Chapters

စိတ်တူကိုယ်တူ ... ။

Vol. 173 Ch. 2422

စိတ်တူကိုယ်တူ ... ။

Vol. 173 Ch. 2422

တောင်တန်းတစ်ခု ပေါ်တွင် လင်းယွန်က ဓားနှစ်ကြယ်ကို ဖြန့်ကျက်ပြီး မျက်လုံးမှိတ်ကာ ထိုင်နေခဲ့သည်။

ကောင်းကင် နဂါးတစ်ကောင်နှင့် နတ်ဖီးနစ် တစ်ကောင်က သူ့ပတ်ဝန်းကျင်၌ လှည့်ပတ်ပြီး သူတော်စင် စွမ်းအင်ကို ဝါးမြိုနေ၏။

ဤနေရာတွင် အသူရာ ကောင်းကင် နတ်သခင်၏ ကျင့်ကြံရာ အရပ် ဖြစ်သည်။ ထို့ကြောင့် သူတော်စင် စွမ်းအင် သိပ်သည်းဆ မြင့်မားပြီး ကြိုးများအဖြစ် စီးဝင်နေ၏။

တော်ဝင်ဓားကျမ်း၏ တောင်ထွတ် ခုနစ်လုံးကို ကိုယ်စားပြုသည့် ဓားခုနစ်လက် သည်လည်း သူ့နောက်၌ ထွက်ပေါ်နေသည်။

သူတော်စင်စွမ်းအင်သည် ကျင့်ကြံမှု အဖြစ်သို့ ပြောင်းလဲသွားပြီး ကျန် တစ်ဝက်မှာ ဓားရည်ရွယ်ချက်ကို အာဟာရ ဖြစ်စေ၏။

ဓားပင်လယ်အတွင်း ရွှေရောင် နေလုံးကြီးတစ်စင်း ရှိနေသည်။ ဤသည်မှာ အဋ္ဌမတန်းဓား ဖြစ်၏။

လင်းယွန်တစ်ယောက် ရုတ်ချည်း မသက်မသာ ခံစားလာရသဖြင့် ဝိညာဉ်စွမ်းအင် များကို ဆုပ်ယူခြင်း မပြုတော့ဘဲ ရပ်လိုက်ရသည်။

ထိုခံစားချက်က ရေကန်ထဲသို့ အမြင့်မှ ပြုတ်ကျနေသလို ကြောက်စရာ ကောင်းချေ၏။ ကောင်းကင်နဂါးနှင့် နတ်ဖီးနစ်က ခရမ်းရောင် နန်းတော်သို့ ပြန်ဝင်လာခဲ့သည်။

သူ၏ ခရမ်းရောင် နန်းတော်သည် သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး ကမ္ဘာငယ် တစ်ခုလို ဖြစ်နေ၏။

ဓားခုနစ်လက် ပြန်ဝင်လာသောအခါ မျက်လုံးများ ဖွင့်လျက် သံသယများ ဝင်ရောက် လာမိသည်။

“ ဘာဖြစ်နေတာလဲ ... ဒီလို အရင်က မဖြစ်ဖူးပါဘူး … ။ ”

သူ့အတွက် စိတ်မသက်မသာ ဖြစ်စေသည်မှာ ဆိုးရွားသည့် ခံစားချက်များ ဖြစ်သည်။

သူတော်စင် စွမ်းအင်များ စတင် ပြောင်းလဲလာပြီး ခရမ်းရောင် နန်းတော်ရှိ ဆေးအိုးကြီးလည်း ပြင်းစွာ တုန်ခါနေ၏။

“ ဝှစ် ... ။ ”

ရုတ်တရက် အာကာသ အက်ကြောင်း အတွင်းမှ အိုင်းရစ် ထွက်လာကာ သူ့နဖူးပေါ် လက်ဖြင့် ပုတ်ပေးတော့သည်။

နွေးထွေးသော စွမ်းအင်များက သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းလျက် တဖြည်းဖြည်း ပြန်လည် ငြိမ်သက်သွားစေ၏။

“ ကျေးဇူးတင်ပါတယ် စီနီယာ ... ။ ”

သို့မှသာ စိတ်သက်သာရာရသွားသည်။ အိုင်းရစ်က ထူးဆန်းသော အကြည့်ဖြင့် သူ့ထံ ကြည့်ပြီး၊

“ မင်း ... သူတော်စင် ဘုရင် အဆင့်ကို တက်ဖို့မကြိုးစားပဲနဲ့ ... ဘာလို့ ရုတ်တရတ် သွေဖယ် လာရတာလဲ။ ”

လင်းယွန်၏ အခြေခံအုတ်မြစ်ဖြင့် သူတော်စင်ဘုရင် အဆင့် မတက်ရောက်နိုင် သေးသလို သူ့ကိုယ်သူ အတင်းအကြပ် ခိုင်းစေပါက အန္တရာယ် ရှိနိုင်၏။

၎င်းကို လင်းယွန် သည်လည်း သဘာဝအတိုင်း သိထားခဲ့သည်။ သူ့အတွက် နားလည်မှု အချို့ လိုနေသေး၏။

“ ကျွန်တော် ပုံမှန်အတိုင်း ... ကျင့်ကြံ နေတာပါ ... ဒါပေမယ့် နှလုံးသားထဲ တင်းတင်း ကျပ်ကျပ် ဖြစ်လာပြီး ဓားနှစ်လက်လည်း ထိန်းမရတော့ဘူး ... ချက်ချင်းကြီး ဒါက ထူးဆန်းတယ် … ။ ”

လင်းယွန်က နားမလည်ဟန်ဖြင့် ရှင်းပြလိုက်သည်။

“ ဒါက အကြောင်းတရားပဲ ... ။ ”

အိုင်းရစ်မှ မှတ်ချက်ပေး၏။

“ အကြောင်းတရားလား ... ဘာအကြောင်းတရားလဲ၊ ဒါ ...ဒါက ကျွန်တော့် ဆရာရဲ့ ဒုက္ခစပြီလို့ ပြောချင်တာလား။ ”

လင်းယွန်က ချက်ချင်း ခွန်လွန်ကို သတိရသွားသည်။

“ ဖြစ်နိုင်တယ် ... သူ့မှာ အန္တရာယ် ရှိနိုင်တယ် ... သူ မဟုတ်ရင်တောင် ခွန်လွန်မြေ အတွက် အန္တရာယ်ရှိနေပြီ ... ဘာပဲဖြစ်ဖြစ် နှစ်ခု စလုံးကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး ...

... အကြောင်းတရား တာအိုကို ကျွမ်းကျင်တဲ့သူ ရှိရင် မင်းကို ရှင်းပြနိုင်လိမ့်မယ် ဒါ​ပေမဲ့ အတိအကျတော့ သူလည်း ပြောနိုင်မယ် မထင်ဘူး။ ”

“ စီနီယာ ... ကျွန်တော့်ကို ပြန်ပို့ပေးပါ။ ”

“ မင်း ... နိဗ္ဗာန်ကို မသင်ယူတော့ဘူးလား။ ”

“ အချိန် မရတော့ဘူး ... ကျွန်တော့်ဆရာ ဒုက္ခစနေရင် ပြန်ရမယ်။ ” ​​

ထိုအဖြေကြောင့် အိုင်းရစ်က လင်းယွန်ကို ကြည့်ကာ၊

“ သူတော်စင် ဘုရင် အဆင့်မှာ သုံးဆင့်ရှိတယ် သူတော်စင် ဒိုမိန်း၊ ကောင်းကင် ဒိုမိန်းနဲ့ တာအို ဒိုမိန်းပဲ၊ ...

... သူတော်စင် ဘုရင် ဖြစ်လာရင် သူတော်စင်မူလက ခန္ဓာကိုယ်အတွက် အဆုံးမဲ့ စွမ်းအင်တွေကို ထုတ်လုပ်ပေးနိုင်တယ်၊ ...

... မင်းရဲ့ အုတ်မြစ်ကို ကောင်းကင်နဲ့ မြေကြီးတောင် မဖျက်ဆီးနိုင်စေဖို့ .. ဒီအဆင့်မှာ ကမ္ဘာငယ်တစ်ခု အဖြစ် ပြောင်းလဲရမယ် ... အဲဒါ သူတော်စင် ဒိုမိန်းရဲ့ အဓိပ္ပါယ်ပဲ ...

... သူတော်စင် ဒိုမိန်းကို ဖွဲ့စည်းပြီးရင် သူတော်စင်တာအိုကို ဝါးမြိုနိုင်တယ် တစ်ချိန် တည်းမှာပဲ မင်းရဲ့ သူတော်စင်မူလနဲ့ သူတော်စင် ခန္ဓာကလည်း ...

... ပြောင်းလဲသွားလိမ့်မယ် ... ပြီးပြည့်စုံသော ကျွမ်းကျင်မှုကို ရောက်လာပြီး ရင်တော့ ကမ္ဘာငယ်ကနေ ကမ္ဘာကြီး ဖြစ်လာ လိမ့်မယ် ... အဲဒီအချိန်မှာ ...

... သူတော်စင် သခင်က မင်းကို ဒဏ်ရာရစေဖို့ အတွက် ခက်ခဲမယ် ဘာလို့လဲ ဆိုတော့ ... မင်းမှာ သူတော်စင် စွမ်းအင်က အဆုံးမရှိ ဖြစ်ပြီး ခက်ခဲတဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်ရရင်တောင် အလိုရှိတိုင်း ထွက်သွားနိုင်လို့ပဲ ...

... မင်းရဲ့ အမည်ခံ သူတော်စင် ဘုရင် ကျင့်ကြံမှု ... ၊ ထာဝရ တာအို နှစ်ပါး၊ အုပ်စိုးရှင် နက္ခတ်နှစ်လုံးနဲ့ ဓားရည်ရွယ်ချက်တွေကို သာမာန် သူတော်စင် ဘုရင် တွေက ...

... အနိုင်ယူနိုင်မှာ မဟုတ်ဘူး ... မင်းပေါ့လျော့မှု မရှိရင် သူတို့ကို သတ်တောင် သတ်ပစ်နိုင်တယ် ဒါပေမယ့် ...

... အထွတ်အထိပ် သူတော်စင် ဘုရင်ကို ရင်ဆိုင်ရမယ် ဆိုရင်တော့ သူတို့ရဲ့ ကောင်းကင် ဒိုမိန်းနဲ့ တာအိုဒိုမိန်းက မင်းကို ... ။ ”

“ စီနီယာ ကျေးဇူးပြုပြီး ဆက်မပြောပါနဲ့ ... ။ ”

“ ငါ ပြောရမယ် ... မဟုတ်ရင် သူတို့နဲ့ ရင်ဆိုင်တဲ့အခါ မင်းစိတ်တည်ငြိမ်မှာ မဟုတ်ဘူး ငါခွန်လွန်ကနေ ထွက်လာခဲ့တာ ကြာပေမယ့် မင်းဆရာကို နှောက်ယှက်မဲ့ လူတွေက ...

... အနိမ့်ဆုံး အထွတ်အထိပ် သူတော်စင်ဘုရင် မဟုတ်ရင်တောင် မဟာ သူတော်စင်တွေ ဆိုတာ ငါပြောရဲတယ်။ ”

ဤသည်မှာ အမှန်ဖြစ်သဖြင့် လင်းယွန်က သက်ပြင်းချ လိုက်သည်။

“ ဒါကို ကျွန်တော် နားလည်ပါတယ် ... ပြီးတော့ ... ကျွန်တော် သေသွားခဲ့ ရင်တောင် ... နတ်ဖီးနစ် တောင်ကို ကူညီနိုင်ခဲ့တဲ့ အတွက် အဆင်ပြေပါတယ် ...

... စောစောက ခံစားချက်ကို မထိန်းနိုင်ခဲ့တဲ့အတွက် စီနီယာအမြင်မှာ ဟာသ ဖြစ်နေမှာပဲ စိုးရိမ်မိတယ်။ ”

“ အရင်က ငါလည်း ... ဒီလို အဖြစ်မျိုး ကြုံခဲ့ဖူးတယ် ငါမင်းကို ဟာသအဖြစ် မမြင်ဘူး ဘာလို့လဲဆို ... ငါတို့ မကူညီနိုင်လို့ပဲ။ ”

အိုင်းရစ်က အဝေးသို့ ငေးကာ ပြန်ပြောသည်။

“ အဲဒီတုန်းက မင်းလိုပဲ ငါ့ဆရာက ငရဲကမ္ဘာကို တစ်ယောက်တည်း သွားနှိမ်နင်းပြီး ငါက တိုက်ပွဲအတွက် ပြန်လာခဲ့ရတယ် ...

... ဒါပေမယ့် မင်းရဲ့ အခြေအနေက မျှော်လင့်ချက် မမဲ့ပါဘူး ... ငါ့ထက် ပိုကောင်း ပါတယ်။ ”

ထိုစကားကြောင့် လင်းယွန်က စိတ်ဝင်စားသွားသည်။

“ စီနီယာ ... မင်း ဒီသုံးရက်အတွင်း မဟာသူတော်စင်တွေနဲ့ ... ရင်ဆိုင်နိုင်အောင် သင်ပေး မလို့လား။ ”

“ မင်းကို ... ကနဦး ဧကရာဇ်နယ်ပယ် ရောက်အောင် သုံးရက်နဲ့ လမ်းညွှန်ပေးနိုင်တယ် ဒါပေမယ့် ... မဟာ သူတော်စင်တွေကို သုံးရက် အတွင်း အနိုင်ယူဖို့တော့ ... ငါလည်း သင်မပေးနိုင်ဘူး၊ ...

... ဒါက နတ်ဆိုးလမ်းစဉ်နဲ့ သွေးကို စတေးတဲ့ အခမ်းအနားပြုလုပ်ပြီး မကောင်းတဲ့ နည်းလမ်းတွေ သုံးရလိမ့်မယ်။ ”

“ ဒါပေမယ့် စီနီယာမှာ ... တခြားနည်းလမ်းတွေ ရှိတယ် မဟုတ်လား ... ။ ”

“ မင်းက ဉာဏ်ကောင်းတယ် ... မဟာ သူတော်စင်တွေကို ရင်ဆိုင်ဖို့ဆိုတာ လက်တွေ့ မကျပေမယ့် ... ပြင်ပ အကူအညီကို သုံးရင် မဖြစ်နိုင်တာ မရှိပါဘူး ...

... ပြောချင်တာက မင်းမှာ အုပ်စိုးရှင် သူတော်စင် လက်နက်နဲ့ ယှဉ်နိုင်တဲ့ ရတနာကို သုံးနိုင်တယ် ဒါမျိုး ... မင်းမှာ ရှိတယ် မဟုတ်လား။ ”

“ ကောင်းကင် ချပ်ဝတ်လား ... ။ ”

“ မှန်တယ် ... ။ ”

လင်းယွန်က ခေါင်းကုတ်ကာ၊

“ အဲဒါကို ... မဟာ သူတော်စင် သတ်ဖို့အတွက် ကျွန်တော် တစ်ခါသုံးဖူးတယ် တျန်ရွှမ်ဇီက ဒါကို မြင်ထားဖူးတယ် ... ပြီးတော့ အကျိုးဆက်က အရမ်းပြင်းလို့ ကျွန်တော် ထပ်သုံးရင် သေသွားနိုင်တယ်။ ”

အိုင်းရစ်က ပြုံးပြီး၊

“ မင်း အရင်သုံးတုန်းက သွေးသား စွမ်းအင်တွေ ပေးလိုက်ရတယ် မဟုတ်လား ... ဒီတစ်ခါတော့ အကျိုးဆက်ကို ပြောင်းနိုင်ရင် ကြောက်စရာတော့ မဟုတ်ပါဘူး။ ”

“ စီနီယာ ... တကယ်ပြောတာလား။ ”

လင်းယွန် တစ်ယောက် စိတ်လှုပ်ရှား လာ၏။

“ ကောင်းကင် ချပ်ဝတ်ဆိုတာ ဘယ်လောက်ပဲ တန်ဖိုးကြီး ရှိနေပါစေ ပျက်ရင် ပြင်လို့ရတယ် မင်းကတော့ ... သေသွားရင် ကစားပွဲ ပြီးသွားပြီ။ ”

ထိုစကား၏ အဓိပ္ပါယ်ကို လင်းယွန်က နားလည်၏။ ဆိုလိုသည်မှာ သူ အသုံးပြုနိုင်ရန် ချပ်ဝတ်စွမ်းအားကို အဆင့်နိမ့်ပေးလိုပုံ ရသည်။

ဤအရာက ချပ်ဝတ်ကို ဆုံးရှုံးနိုင်ချေရှိ၏။ ထိုမျှ တန်ဖိုးရှိသော ရတနာကို ဆုံးရှုံးခြင်းသည် နှမျောစရာ ပေပင်။

သို့သော် တစ်ဖက်တွင် ဆရာသခင်၏ ဒုက္ခနှင့်ယှဉ်သော် ယင်းအပေါ် လက်ခံနိုင်သည်။ မိုးပြာနဂါး သခင်ကိုသာ တောင်းပန် ရပေတော့မည်။

“ တကယ်တော့ မိုးပြာနဂါးသခင်က ကောင်းကင်လမ်းကို ပြန်လည် ပြုပြင်တဲ့အခါ ဒီချပ်ဝတ်သုံးဖို့ ပေးခဲ့တာပဲ ...

... ဒါပေမယ့် အခုလို မင်းက နိဗ္ဗာန်ကို ဖမ်းဆုပ်နိုင်လိမ့်မယ်လို့ သူ မမျှော်လင့်ထားဘူး ငါ့လမ်းညွှန်မှုနဲ့ဆို ... ဒီကောင်းကင် ချပ်ဝတ် မပါရင်တောင် ...

... ကောင်းကင် လမ်းကို မင်း ပြုပြင်နိုင်ပါတယ် ပြီးတော့ မင်းမှာ ချပ်ဝတ်နဲ့ ယှဉ်နိုင်တဲ့ နောက်ထပ် ရတနာ တစ်ခု ရှိသေးတယ် မဟုတ်လား။ ”

“ မိုးပြာနဂါး နေလထီး ... ၊ ဗုဒ္ဓဧကရာဇ် ရွှေကြာပန်း လှံတံ ... ၊ မိုးကြိုး လိပ်နက် သံကြိုး ဒါတွေအကုန်လုံးက ထိပ်တန်း ရတနာတွေပဲ ဒါပေမယ့် သူတို့က မယှဉ်နိုင်ပါဘူး … ။ ”

လင်းယွန် မျက်မှောင်ကြုတ်လျက် ခေါင်းယမ်း လိုက်သည်။

“ သေချာ ပြန်စဉ်းစားပါ။ ”

အိုင်းရစ် ဓားသူတော်စင်က ပြော၏။ လင်းယွန်တစ်ယောက် အတွေးနက် သွားသည်။ ကောင်းကင် ချပ်ဝတ်နှင့် ယှဉ်နိုင်သော ရတနာ သူ့၌ ရှိသည်လော။ မရှိဟု ထင်သည်။

ထိုအမူအရာကြောင့် အိုင်းရစ် မျက်နှာ တင်းမာလာသည်ကို မြင်လိုက်ရချိန်၌ ချက်ချင်း သတိ ပြန်ရသွား၏။

“ အိုး ... ဓားသေတ္တာ ... ။ ”

“ မှန်တယ် ... အိုင်းရစ် ဓားသေတ္တာက ကောင်းကင် ချပ်ဝတ်ထက် အားကောင်းတယ် ဒါကြောင့် ကောင်းကင် ချပ်ဝတ် ဖျက်ဆီး ခံရလည်း မင်းမှာ ရတာနာ ရှိပါတယ်။ ”

ထိုမှသာလျှင် အိုင်းရစ် ဓားသူတော်စင်က ကျေနပ်စွာ ပြုံးတော့၏။

“ အခု ... မင်းဆရာရဲ့ ဒုက္ခအတွက် တိုက်ပွဲမှာ ကောင်းကင် ချပ်ဝတ်ကို အသုံးပြုပါ ကောင်းကင်လမ်းကိုတော့ ...

... ငါ့ဓားသေတ္တာနဲ့ နိဗ္ဗာန်တာအိုကို သုံးနိုင်တယ် ဒါက အကောင်းဆုံး နည်းလမ်းပဲ မဟုတ်လား။ ”

ဤသည်မှာ အဓိပ္ပါယ်ရှိ၏။ သို့သော် တစ်နေရာရာတွင် တစ်စုံတစ်ရာ ထူးဆန်းနေ သည်ဟု ခံစားလိုက်ရသည်။။

တိုက်ပွဲတွင် ဓားသေတ္တာ စတေးပြီး ကောင်းကင် ချပ်ဝတ်နှင့် ကောင်းကင်လမ်းကို အဘယ့်ကြောင့် မပြုပြင်ရသနည်း။

ဆိုလိုသည်မှာ အိုင်းရစ်ဓားသည် ကောင်းကင် ချပ်ဝတ်ကို ဖျက်ဆီးရန် ကိစ္စ အပေါ် အသားပေးလွန်းနေ၏။

ထိုအကြောင်းကို တွေးမိလာချိန်၌ ၎င်းတို့နှစ်ဦးကြား ရန်ငြိုးရှိခဲ့သည် လောဟု သံသယ ဝင်လာမိသည်။ အိုင်းရစ်က ပြုံး၏။

“ မိုးပြာနဂါးသခင်နဲ့ ငါ ရန်ငြိုးမရှိပါဘူး ... ဒါပေမယ့် ခွန်လွန်ကနေ ငါထွက်လာတော့ သူ ငါ့ကို အပြစ်တင်တယ် ... မင်းသိထားရမှာက ကောင်းကင်လမ်းကို ပြုပြင်ဖို့ ...

... အဲဒီ ချပ်ဝတ်အပေါ် အားကိုး နေစရာမလိုဘူး၊ ဒါက အင်္ကျီတစ်ထည်ထက် ဘာများ ပိုကောင်းနေလို့လဲ။ ”

လင်းယွန်က ကူကယ်ရာမဲ့စွာ ပြုံးပြီး စကားထပ်မဆို နိုင်တော့ချေ။ ခရမ်းငယ်သည် အဘယ့်ကြောင့် သဘောထား သေးသိမ်နေရ သည်ကို ယခု နားလည်လာပြီ ဖြစ်၏။

သူမသည် အိုင်းရစ်နှင့်အတူ လိုက်ကာ နှစ်ယောက်သား အပြစ်များစွာကို ပြုလုပ်နေခဲ့ပုံ ရလေသည်။

***

All Chapters