အခန်း (၃၆၅)
Vol. 25 Ch. 365
ခဏကြာ စဉ်းစားလိုက်ပြီးနောက် သူက ကျိုးဟမ်ကိုကြည့်ပြီး မေးလိုက်သည်။
"အစ်ကိုကျိုး …
ဘယ်နည်းလမ်းတွေကို လဲမှာလဲဆိုတာ ကျွန်တော်တို့နဲ့ ဆွေးနွေးဦးမှာလား... "
ကျိုးဟမ်က ဤတာဝန်တွင် အကောင်းဆုံး လုပ်ဆောင်ခဲ့ကြောင်း စဉ်းစားခဲ့ပြီး သူ့ကိုယ်ကျိုးအတွက် တိုက်ခိုက်ခဲ့ခြင်း မရှိသလို သူတို့ကို သစ္စာဖောက်ခဲ့ခြင်းလည်း မရှိချေ။ ထို့ကြောင့် မုန့်ချီက သူတို့နှင့် ပူးပေါင်းရန် ဖိတ်ခေါ်လိုက်သည်။ အကယ်၍ ကျိုးဟမ်ကသာ လက်ခံလိုက်မည်ဆိုလျှင် ထိုအရာက သူတို့အဖွဲ့နှင့် ပူးပေါင်းရန် ပထမခြေလှမ်း ဖြစ်လာနိုင်၏။
မုန့်ချီက သူ့ကို အစ်ကိုကျိုးဟု ခေါ်ကြောင်း ကြားလိုက်ရသည့်အခါ သူက မော့ကြည့်လိုက်မိသည်။ ထို့နောက် သူက အပြုံးနှင့် ပြောလိုက်၏။
"တချို့ကိစ္စတွေက လူများများနဲ့လုပ်တာ ပိုပြီးကောင်းတယ်...။ ငါ့အတွေးကလည်း အတူတူပဲ ။ တိမ်တိုက်ပြာဘိုးဘေးရဲ့ စကားကြောင့် ငါက တစ်ချိန်လုံး မဆင်မခြင် လုပ်ခဲ့မိတယ်ဆိုတာ နားလည်သွားပြီ ။ ငါက သိုင်းလောကကို မသွားပေမယ့် တကယ်လို့ ငါကသာ ကမ္ဘာမြေလှုပ်ရှားခြင်းကျင့်စဉ်ကို ခဏခဏသုံးလိုက်မယ်ဆိုရင် သံသရာတာဝန်တွေထဲမှာ ငါ့အကြောင်းကို သိလာနိုင်တယ်..။ ဒါကြောင့် ခုကစပြီး ငါက သတိထားဖို့ လိုတယ်..”
“အရင်တစ်ခေါက် ကောင်းကင်(၉)သွယ် မိုးကြိုးနတ်ဘုရားနဲ့ တွေ့တဲ့အချိန်မှာလည်း အဲဒီလိုအတွေးမျိုး ပေါ်လာခဲ့တယ်။ ငါက ငါကိုယ်တိုင် မသိလိုက်ဘဲ အင်ပါယာနဂါးလက်သီးသိုင်းကို သုံးခဲ့မိတာ...။ အခုတော့ ငါက ဝေ့ကျင်းအဆင့် တခြားဓားသိုင်းပညာတစ်ခုကို လဲချင်တယ်... "
ကမ္ဘာမြေလှုပ်ရှားခြင်း ကျင့်စဉ်ထဲတွင် ရှိနေသော ကမ္ဘာမြေဖျက်စီးခြင်း သိုင်း(၈)ကွက်က အတော်လေးကို အစွမ်းထက်သည်။ နောက်ဆုံး (၂) ကွက်ကတော့ ဓမ္မကာရအဆင့် သိုင်းကွက်များပင် ဖြစ်၏။
ကျိုးဟမ်က ယခင်အဖွဲ့နှင့် ပူးပေါင်းနေစဉ် အလားတူ ဆွေးနွေးမှုများစွာ လုပ်ခဲ့သော်လည်း အကျိုးဆက်များက သူ့ကို အကြံမပေးနိုင်ခဲ့ပေ။ သူတို့ကတော့ အဖွဲ့သား အချင်းချင်း ရင်းနှီးမှု တိုးတက်စေရန်သာ ရည်ရွယ်ခဲ့သည်။ ထို့ကြောင့် ယခု သူက အကြမ်းဖျင်း ရှင်းပြလိုက်၏။ သို့သော် သူတို့အားလုံးက မိတ်ဆွေများသာ ဖြစ်သည့်အတွက် အချက်အလက်များကို ပြောပြခဲ့ကြခြင်း မရှိချေ။
သို့သော် မုန့်ချီကတော့ သူ့ကို ကမ္ဘာမြေဖျက်ဆီးခြင်း ဓား (၈) ကွက်အကြောင်း သေချာမမေးခဲ့ပေ။ သူက စဉ်းစားပြီး ပြောလိုက်၏။
"အစ်ကိုကျိုးကလွဲရင် အင်မော်တယ်တွေက ကျွန်တော်တို့ကို သိနေတယ်..။ ဒါကြောင့် ဒီလိုအတွေးမျိုးရှိတာ တော်တော်လေး ကောင်းပါတယ်..။ တကယ်လို့ အစ်ကိုကျိုးကသာ ဓားသိုင်းပညာတစ်ခုခု လဲဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ကမ္ဘာမြေဖျက်ဆီးခြင်းကျင့်စဉ်ကို ဖုံးကွယ်ဖို့အတွက်လည်း စဉ်းစားရဦးမယ်... ။ သံသရာတာဝန်တွေ လုပ်ဆောင်တဲ့အချိန်မှာလည်း အဲဒါက သေချာပေါက် အစွမ်းထက်ဖို့ လိုအပ်တယ်... "
"မင်းမှာ အကြံပေးစရာရှိလား... "
ကျိုးဟမ်က စိတ်ဝင်တစား မေးလိုက်သည်။
သူတို့က နောက်ထပ်တာဝန်တွေ လုပ်ဆောင်ရမည့် အချက်အလက်များကို မမေးသေးခင် လိုအပ်သည့် အရာများကို ပြင်ဆင်နေကြသည်။ ပင်မကမ္ဘာကြီးထဲတွင် သူတို့က တာဝန်အတွက် လိုအပ်သော ပစ္စည်းများကို စုဆောင်းရန် အခွင့်အရေး ရှိနေသေး၏။ ထိုအချိန်ကျမှ တာဝန်ကို မေးမြန်းလိုက်မည်ဆိုလျှင်လည်း နောက်ကျဦးမည် မဟုတ်ချေ။
မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။
"တော်ဝင်မိသားစုမှာ မွေးဖွားလာတယ်..။ ပြီးတော့ အစစ်အမှန် နဂါးအငွေ့အသက်ရှိနေတဲ့ ကံကြမ္မာပေတံတစ်ချောင်း ရှိတယ်... ။ ဒီတော့ အဲဒီအချက်တွေနဲ့ပဲ စကြတာပေါ့... "
"အင်ပါယာဓားသိုင်းပညာလား... "
ချီကျန်းရန်ကလည်း သူတွေ့ထားသော ဓားသိုင်းပညာတစ်ခုကို စဉ်းစားမိသွားသည်။ မုန့်ချီက ထပ်ပြောလိုက်၏။
"အစ်ကိုကျိုးအပြင် တခြားလူတွေမှာလည်း အဲဒီလို အခြေအနေမျိုးတွေ ရှိကြတယ်... ။ ကျင်းအင်ပါယာ ၊ မြောက်ပိုင်းကျိုးအင်ပါယာနဲ့ မြက်ခင်းပြင်ထဲက လူတွေကို မပြောနဲ့ အနောက်ပိုင်းနယ်မြေနဲ့ အရှေ့ပင်လယ်ထဲမှာရှိတဲ့ တိုင်းပြည်ပေါင်းများစွာမှာတောင် တော်ဝင်မိသားစုတွေ ရှိကြတယ်လေ..။ ဒီတော့ အစ်ကို့ရဲ့အဆင့်အတန်းက အလွယ်တကူ ပေါ်မသွားနိုင်တော့ဘူး... "
သူ့စကားကို ကြားသည့်အခါ ကျိုးဟမ်က အင်ပါယာဓားသိုင်းပညာကိုရှာဖွေပြီး ဖတ်ကြည့်လိုက်သည်။ ထိုကဲ့သို့ ဝေ့ကျင်းအဆင့် ဓားသိုင်းပညာတစ်ခုက ကံကြမ္မာပေတံကိုသုံးပြီး လေ့ကျင့်ရန် လိုအပ်သည်။ ထိုအချက်ကလွဲလျှင် ထိုဓားသိုင်းက အတော်လေးကို ကောင်းမွန်ပြီး မုန့်ချီ၏ ခရမ်းမိုးကြိုးဓား (၇) ချက်နှင့် ယှဉ်နိုင်သည်။
"ပင်မလမ်းညွှန်ချက်က ကံကြမ္မာအမှတ် (၁၀၀၀) ရှိတယ်... ။ အစပိုင်းသိုင်းကွက် (၇)ခုက ကံကြမ္မာအမှတ် (၈၀၀)ဆီ ရှိတယ်... "
ကျိုးဟမ်က မည်သည့်အရာကို ရွေးချယ်ရမည်ဖြစ်ကြောင်း စဉ်းစားနေခဲ့သည်။
မုန့်ချီက ရွမ်ယုရှု ၊ ကျန်းကျိဝေနှင့် တခြားလူများကိုတော့ လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်သည်။
"ငါက အရိုးကြွက်သားအားဖြည့်ကျင့်စဉ်ကို ပြည့်စုံအောင်လုပ်ဖို့ စဉ်းစားထားတယ်... ။ ပြီးရင် ငါက ပုံစံ(၉)မျိုးကို ကူးယူပေးမယ်..။ ဒါဆိုရင် နင်တို့တွေက သံသယအရှင်သခင်ဆီမှာ ပြည့်စုံအောင် လဲလှယ်လို့ရပြီ…"
"နင်က နင့်အတွက် တခြားသိုင်းပညာတွေ လဲလှယ်ဖို့ မလိုတော့ဘူးလား... " ကျန်းကျိဝေက အနည်းငယ် အံ့သြသွားသလို ခံစားလိုက်ရသည်။ သူမ၏မျက်လုံးထဲတွင်တော့ ထိုကိုရင်လေးက ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ရန် လက်လျှော့လိုက်ပုံရသည်။
အကယ်၍ အင်မော်တယ်များက သူတို့၏အဆင့်အတန်းကို မှတ်မိနေမည်ဆိုလျှင်ပင် အဖွဲ့အစည်းက ထိုအရာကို သေချာပေါက် သိနေနိုင်သည်။ သူတို့အပြင် တခြားသော သံသရာခရီးသွားများစွာလည်း ရှိနေသေး၏။ အကယ်၍ သူသာ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားခြင်း မရှိလျှင် တခြားသော သံသရာခရီးသွားများက သူမည်သူဖြစ်ကြောင်း ဖော်ထုတ်နိုင်ကြပါလိမ့်မည်။
ထိုသို့ဖြစ်လာလျှင် သူက မြောက်မြားလွန်းလှသော ထောင်ချောက်များစွာကို ကြုံတွေ့ခဲ့ရပြီး ပင်မကမ္ဘာကြီးထဲတွင် အသက်ရှင်ရန်ပင် ခက်ခဲလာနိုင်၏။
"ငါ့ဆီမှာ အဲဒီအတွက် နည်းလမ်းရှိပါတယ်... ။ ပြီးမှပြောပြမယ်... "
မုန့်ချီက ကျိုးဟမ်၏ရှေ့တွင် စကားများများ မပြောချင်ခဲ့ပေ။
နောက်ဆုံးတွင်တော့ ကျိုးဟမ်က ပင်မလမ်းညွှန်ချက်နှင့် ကောင်းကင်ပေါ်ရှိ မီးနဂါးဟိန်းသံ ပထမသိုင်းကွက်ကို လဲလှယ်လိုက်သည်။ သူက စုစုပေါင်း ကံကြမ္မာအမှတ် (၁၈၀၀) ကုန်ခဲ့၏။
"ငါက ကျန်တဲ့ကံကြမ္မာအမှတ်တွေကိုတော့ အကာအကွယ်ရတနာတစ်ခုပဲ လဲလိုက်တော့မယ်..။ ငါက မကောင်းဆိုးဝါးဘိုးဘေးရဲ့ တိုက်ခိုက်ခံလိုက်ရတဲ့အချိန်မှာ တော်တော်လေး ဆုံးရှုံးသွားခဲ့ရတယ်... "
ကျိုးဟမ်က အလွန်ဝမ်းနည်းနေခဲ့သည်။
သူက မုန့်ချီနှင့် တခြားသူများ ပြန်မဖြေနိုင်သေးခင် ပစ္စည်းတစ်ခုကို ချက်ချင်း ရွေးချယ်လိုက်သည်။
"ဝေမျှခြင်းအဆောင်…"
ထိုအရာကို အသက်သွင်းလိုက်မည်ဆိုလျှင် ကောင်းကင် (၃) သွယ် ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက်၏ တိုက်ခိုက်မှုကို (၃) စက္ကန့်ခန့် ခံနိုင်ရည်ရှိသည်။ ထိုအရာက ကံကြမ္မာအမှတ် (၂၂၀၀) တန်ကြေးရှိ၏။
ကျိုးဟမ်က စဉ်းစားမနေဘဲ ဝေမျှခြင်းအဆောင်ကို လဲလှယ်လိုက်သည့်အချိန်တွင် မုန့်ချီက ချက်ချင်း နားလည်သွားခဲ့သည်။ သူ့ဆီတွင် ကံကြမ္မာအမှတ် အမြောက်အမြား ပိုင်ဆိုင်ထား၏။ အကယ်၍ ပင်မတာဝန် ကျရှုံးသွားမည်ဆိုလျှင် သူတို့က အရာအားလုံးကို လဲလှယ်ရမည်ဖြစ်သော်လည်း သူ့အတွက်တော့ မမှန်နိုင်တော့ပေ။
"ငါက နောက်ထပ်တာဝန်အတွက် အချက်အလက်တွေမေးဖို့ ကံကြမ္မာအမှတ် (၁၀၀)ပဲ ကျန်တော့တယ်... "
ကျိုးဟမ်က သက်ပြင်းချလိုက်ပြီး သူ့ဆီတွင် ကျန်နေသောအရာကို ပြောပြလိုက်သည်။
ကျိုးဟမ်ဆီတွင် ကံကြမ္မာအမှတ် မည်မျှရှိနေကြောင်း မုန့်ချီက လုံးဝ ခန့်မှန်းနေခဲ့ခြင်း မရှိချေ။ သူက စိတ်လိုလက်ရ ပြောလိုက်၏။
"အစောပိုင်းမှာ ငါတို့က မပြည့်စုံတဲ့ အရိုးကြွက်သားအားဖြည့်ကျင့်စဉ် ပထမတွဲကို ရခဲ့တယ်..။ အခု ငါတို့က အဲဒါကို ပြည့်စုံအောင်လုပ်ဖို့ ပြင်ဆင်နေတာ... ။ တကယ်လို့ မင်းက အဲဒါကို လေ့ကျင့်ချင်တယ်ဆိုရင် ငါတို့က ဈေးချိုချိုနဲ့ လဲပေးနိုင်တယ်... "
ယခု ကျိုးဟမ်က သူတို့ရှေ့တွင် သူ၏ဓားသိုင်းပညာနှင့် အကာအကွယ်ရတနာကို လဲလှယ်လိုက်သည်။ ထို့ကြောင့် မုန့်ချီကလည်း ဖုံးကွယ်ထားစရာ မလိုတော့ပေ။ ထို့ကြောင့် သူက ထိုပြဿနာကို အရင်ဆုံး ဖြေရှင်းခဲ့၏။ သံသရာကမ္ဘာကြီးထဲတွင် ခရီးသွားခြင်းက သာမန်သာ ဖြစ်သည်။
"အရိုးကြွက်သားအားဖြည့်ကျင့်စဉ်လား..။ မင်းက ငါတို့ကမ္ဘာကြီးထဲမှာရှိတဲ့ အရိုးကြွက်သား အားဖြည့်ကျင့်စဉ်ကို ပြောချင်တာလား... "
ကျိုးဟမ်က အံ့အားသင့်စွာ မေးလိုက်မိသည်။ သူက အလွန်အံ့ဩသွားခဲ့၏။
သူတို့က ခရီးစဉ်အတွင်း ထိုကဲ့သို့ ထိပ်တန်းနတ်ဘုရားစွမ်းရည်တစ်ခုကို ရရှိခဲ့ကြသည်။ ထို့ကြောင့် အရိုးကြွက်သားအားဖြည့်ကျင့်စဉ်က ပင်မကမ္ဘာကြီးထဲမှ ဟုတ်မဟုတ် သိချင်နေခဲ့၏။ မတူညီသော ကမ္ဘာကြီးထဲတွင် မတူညီသောပုံစံများနှင့် မတူညီသော အကျိုးသက်ရောက်မှုများ ရှိသည်။
မုန့်ချီက ညင်သာစွာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ဟုတ်တယ်... ။ ငါတို့က ပထမတွဲကိုပဲ ရခဲ့တာကတော့ ကံဆိုးသွားတာပေါ့... ။ ပြီးတော့ ကျင့်စဉ်ပုံစံတွေကလည်း မပြည့်စုံသေးဘူး..၊ ပထမတွဲလား... "
ကျိုးဟမ်က မျက်မှောင်ကြုတ်ပြီး စဉ်းစားနေခဲ့သည်။
သူသာ ဆန္ဒရှိလျှင် လိုအပ်သော ကံကြမ္မာအမှတ်များကို စုစည်းနိုင်သည်။ သို့သော် သံသရာကမ္ဘာကြီးထဲတွင် သူ အသုံးပြုနိုင်သော ပစ္စည်းများကို စွန့်လွှတ်ရမည် ဖြစ်ကြောင်း စဉ်းစားမိသည့်အခါ အနည်းငယ် ကြေကွဲသွားခဲ့၏။
အဆိုးဆုံးအရာကတော့ ပထမတွဲက ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်များကိုသာ ကူညီပေးနိုင်သည်။ ထိုအရာက သူတို့၏ခန္ဓာကိုယ်ကြံ့ခိုင်မှု ၊သိုင်းကွက်များ၏လှုပ်ရှားမှုနှင့် ကျင့်ကြံမှုအရှိန်ကို မြှင့်တင်ပေးနိုင်သည်။ ထိုအရာက ဉာဏ်အလင်းပွင့်မှုအဆင့်မှနေ၍ တတိယကောင်းကင် ဝေ့ကျင်းအဆင့်ထိ ကူညီပေးနိုင်သော်လည်း သူကတော့ ထိုအရာမှ အကျိုးမြတ်များများ မရနိုင်ပေ။
သံသရာအရှင်သခင်က သူ၏သာမန်ခန္ဓာကိုယ်ကို ဖယ်ရှားပေးနိုင်ပြီး သူကတော့ ခရီးသွားနေရင်း ခန္ဓာကိုယ်ကြံ့ခိုင်မှုကို မြှင့်တင်၍လည်း ရနိုင်သည်။ ထို့ကြောင့်လည်း ယခုသူက လူငယ်များအားလုံးထဲတွင် ထိပ်တန်းအဆင့် ရောက်နေခြင်း ဖြစ်၏။
ထို့ပြင် တံခါး (၉) ပေါက် ရှိနေပြီး လူသားနှင့်ကောင်းကင် ဆက်သွယ်မှုအဆင့်ကြောင့် သူက နောက်ထပ် တိုးတက်မှုမျိုး မရနိုင်တော့ပေ။ အကယ်၍ သူ၏ချီစွမ်းအင်များက ပို၍လျင်မြန်စွာ လေ့ကျင့်နိုင်မည်ဆိုလျှင်ပင် မည်သည့်တိုးတက်မှုမျှ ရှိတော့မည် မဟုတ်ချေ။
လက်ရှိအချိန်တွင်တော့ ကမ္ဘာမြေကြီးနှင့် သဘာဝတရားကြီးကို နားလည်အောင် ကြိုးစားပြီးမှသာ သူက လူသားနှင့်ကောင်းကင် တစ်သားတည်းအဆင့်ကို ရောက်နိုင်သည်။
သူက ဉာဏ်အလင်းပွင့်မှုအဆင့် ကျင့်စဉ်ကို ဝေ့ကျင်းအဆင့်သို့ မြှင့်တင်နေသည့်အချိန်တွင် သူက တခြားသော ဝေ့ကျင်းအဆင့် သိုင်းကွက်များစွာကိုလည်း ရယူနိုင်သည့်စွမ်းရည်မျိုး ရှိသည်။
သူက သက်ပြင်းချပြီး ပြောလိုက်၏။
"စုမုန့် …
ငါက မင်းရဲ့သဘောထားကို တကယ်ပဲလေးစားပါတယ်... "
အကယ်၍ ထိုအရာကသာ အရိုးကြွက်သားအားဖြည့်ကျင့်စဉ် ဒုတိယတွဲ ဖြစ်မည်ဆိုလျှင်တော့ သူက အလွတ်ပေးလိမ့်မည် မဟုတ်ချေ။
"ကောင်းပါပြီ…"
မုန့်ချီက သူ့ကို ထပ်မမေးတော့ပဲ အလယ်တွင် ရှိနေသော အလင်းတိုင်လုံးဆီသို့ ဝင်သွားခဲ့၏။
သူက ပုံစံ (၉) မျိုးကို ပြန်လည်စဉ်းစားပြီး စာအုပ် (၃) အုပ်အဖြစ် ထုတ်ယူကာ ကျန်းကျိဝေ ၊ ချီကျန်းရန်နှင့် ရွမ်ယုရှုတို့ကို အသီးသီးပေးလိုက်သည်။ သူက အကျိုးအမြတ်အများဆုံး ဖြစ်သည့်အတွက် သူတို့၏ကံကြမ္မာအမှတ်များကို ငြင်းဆန်လိုက်သည်။
ယခုတစ်ကြိမ် သံသရာတာဝန်ထဲတွင် သူတို့က အတော်လေး ပေးဆပ်ခဲ့ရသည်။ သို့သော် သူတို့ရရှိခဲ့သော ဆုလာဘ်ကတော့ သူ့ထက် ပို၍ နည်းနေခဲ့၏။ အကယ်၍ သူကသာ အရိုးကြွက်သားအားဖြည့်ကျင့်စဉ်၏ပုံစံ (၉) မျိုးကို ပြည့်စုံအောင် လုပ်ဆောင်နိုင်မည်ဆိုလျှင် စိတ်အေးရပါလိမ့်မည်။
ယခု မုန့်ချီက ထိုအသေးစိတ်ကို ခဏနေမှ ပြောမည်ဖြစ်ကြောင်း ပြောသည့်အခါ သူတို့က ထိုပုံစံ (၉) မျိုးကို တွေဝေစွာ လက်ခံလိုက်ကြသည်။
"အရိုးကြွက်သားအားဖြည့်ကျင့်စဉ် မပြည့်စုံတဲ့ ပထမအတွဲ ကံကြမ္မာအမှတ် (၆၃၀၀) တန်ကြေးရှိတယ်..။ ကံကြမ္မာအမှတ် (၃၂၀၀) နဲ့ လဲလို့ရတယ်... ။ ဒါပေမယ့် ဒါကိုပြည့်စုံအောင်လုပ်ပြီး မှန်ကန်တဲ့ အဆင့်အတိုင်း ဖြစ်ချင်တယ်ဆိုရင်တော့ ကံကြမ္မာအမှတ် (၂၅၀၀) ပေးရလိမ့်မယ်..။ အဲဒါပြီးသွားရင်တော့ ဒါက ရောင်းဝယ်လို့ရတဲ့ ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်နိုင်တဲ့အတွက် တခြားလူတွေကို ပေးလို့မရတော့ဘူး... ။ မင်းက အဲဒါကိုပြည့်စုံအောင်လုပ်ပြီး ပြန်စီစဉ်ချင်သေးလား... "
ကံကြမ္မာအရှင်သခင်က တည်ငြိမ်စွာ ပြောလိုက်သည်။
မုန့်ချီက သက်ပြင်းချလိုက်မိ၏။
"လုပ်ပါ့မယ်... "
သူ့ရှေ့တွင် ရှိနေသော အလင်းရောင်များက လှုပ်ရှားလာပြီး ပုံစံ (၉) မျိုးက ပြောင်းလဲသွားသည်။ ချက်ချင်းဆိုသလိုပင် ပုံစံ (၄) မျိုး ထပ်ထွက်လာပြီး မူလကျင့်စဉ် ပုံစံ (၉) မျိုးနှင့် ပေါင်းစပ်သွား၏။ သူတို့က ရွှေရောင်အလင်းတန်းများထဲတွင် လည်ပတ်နေပြီး နောက်ဆုံးတွင်တော့ ပုံစံ (၁၃) မျိုးက အစဉ်အတိုင်း ပေါ်လာခဲ့သည်။
"အခုတော့ ငါနားလည်သွားပြီ ။ ဒါနဲ့ယှဉ်လိုက်မယ်ဆိုရင် သွမ့်လွေရဲ့ပုံစံ (၉) မျိုးက လုံးဝကို ဆန့်ကျင်ဘက်တွေပဲ…"
ပုံစံအသစ် (၄) မျိုးကလွဲလျှင် မုန့်ချီက သွမ့်လွေ၏လွဲမှားမှုကို နားလည်သွားခဲ့သည်။
ထိုအရာကို မြင်သည့်အခါ တစ်စုံတစ်ခုကို နားလည်သွားခဲ့၏။ သူက သက်ပြင်းချလိုက်မိပြီး အရိုးကြွက်သားအားဖြည့်ကျင့်စဉ် ပထမတွဲကို မှတ်မိအောင် ကြိုးစားလိုက်သည်။ ဤအချိန်အတောအတွင်း သူ၏စိတ်ထဲတွင် ရှိနေသော ရွှေရောင်ဗုဒ္ဓမျိုးစေ့လေးကလည်း စတင်မှေးမှိန်လာပြီး သူ၏ခန္ဓာကိုယ်ထဲတွင် ပြောပြ၍မရနိုင်သော အနှစ်သာရများ စီးဆင်းနေသည်။
မုန့်ချီက သက်ပြင်းချလိုက်မိ၏။ အကယ်၍ သူကသာ အရိုးကြွက်သားအားဖြည့်ကျင့်စဉ်ကို လေ့ကျင့်လိုက်မည်ဆိုလျှင် ဗုဒ္ဓလက်ဝါး ပထမသိုင်းကွက်ကိုလည်း နားလည်နိုင်ပါလိမ့်မည်။
အရိုးကြွက်သားအားဖြည့်ကျင့်စဉ်က ဗုဒ္ဓလက်ဝါးသိုင်း၏ တတိယသိုင်းကွက်မှ ပြောင်းလဲလာခြင်းဖြစ်ပြီး ပထမသိုင်းကွက်ထဲတွင် ရှိနေသော အနှစ်သာရများနှင့် သေချာပေါက် ကွဲပြားနိုင်သည်။ ထို့ကြောင့် သူက ‘ငါ ၊ ထူးခြားမှုနှင့် အမှန်တရား’ဟူသော သိုင်းကွက်ကို နားလည်ရုံနှင့် အကူအညီ မဖြစ်နိုင်ပေ။
ထိုသိုင်းပညာကို လေ့ကျင့်လိုက်ခြင်းက ဗုဒ္ဓလက်ဝါးသိုင်းကို နားလည်ရန် အကူအညီ ပေးနိုင်သည်။ ပင်မလမ်းညွှန်ချက်၏ အကူအညီနှင့် ပါရမီရှင်တစ်ယောက်ဖြစ်သော ဘုန်းတော်ကြီးဓမ္မကပင် ထိုအရာကို အောင်အောင်မြင်မြင် လေ့ကျင့်နိုင်ခဲ့ခြင်း မရှိချေ။ မုန့်ချီကတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။
လက်ရှိအချိန်တွင် သူကတော့ ‘ငါ ၊ ထူးခြားမှုနှင့် အမှန်တရား’ဟူသော ကျင့်စဉ်ကို လေ့ကျင့်ရန် လက်လျှော့ထားသည်။ သူက ထိုအရာကို တခြားနည်းလမ်းနှင့် သင်ယူနိုင်သော်လည်း အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်က တံခါး (၉) ပေါက်အဆင့်ကို ရောက်သည့်အချိန်တွင်တော့ သူ့ကို တစ်စုံတစ်ခုက လှုံ့ဆော်ပေးနိုင်ပါလိမ့်မည်။
ထို့နောက် သူက ကံကြမ္မာအမှတ် (၉၉၀) သုံးပြီး စွမ်းအားပြန်ဖြည့်ဆေးတစ်လုံး ဝယ်လိုက်သည်။ ကျန်းကျိဝေက သူ၏စွမ်းအားပြန်ဖြည့်ဆေးကို သောက်လိုက်ကြောင်း မသိသည့်အတွက် သူ့ကို အစားပြန်ပေးရန် ပြောဆိုခဲ့ခြင်း မရှိချေ။
သူက ကျန်ရှိနေသော ကံကြမ္မာအမှတ် (၄၃၀) ကိုတော့ နောက်ထပ် သံသရာတာဝန်နှင့် ပတ်သက်သော အချက်အလက်များ လဲယူရန် စဉ်းစားထားသည်။ ထို့နောက် သူက ရွာ (၉) ရွာကမ္ဘာကြီးသို့ ခရီးသွားရန် ပြင်ဆင်ထားခဲ့၏။
မုန့်ချီက လဲလှယ်မှု ယာယီပြီးဆုံးသွားသည်ကို မြင်လိုက်ရသည့်အခါ ချီကျန်းရန်က ပြောလိုက်သည်။
"ငါက နောက်ထပ်တာဝန်မှာ ငါ့ရဲ့ဖရိုဖရဲကျင့်စဉ်ကို ဖုံးကွယ်ရလိမ့်မယ်... "
သူ၏အဆင့်အတန်းက ပင်မကမ္ဘာကြီးထဲတွင် ပေါ်သွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူလည်း သံသရာတာဝန်များထဲတွင် သူ့ကိုယ်သူ ဖုံးကွယ်ရန် စဉ်းစားထား၏။
မုန့်ချီက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ဉာဏ်အလင်းပွင့်မှုအဆင့်မှာ ဖရိုဖရဲကျင့်စဉ်က ကမ္ဘာမြေကြီးရဲ့စွမ်းအားတွေကို လှုံ့ဆော်နိုင်တယ်..။ ဒါကြောင့် အဲဒါက မကောင်းဆိုးဝါးဝိညာဉ်ကျင့်ကြံမှု၊ အင်မော်တယ်လမ်းစဉ်ကျင့်ကြံသူတွေနဲ့ အတူတူပဲ ။ အစ်ကိုချီ … အဲဒါတွေကို စဉ်းစားကြည့်လို့ရတယ်လေ...”
“မကောင်းဆိုးဝါး ဝိညာဉ်ကျင့်ကြံမှုကတော့ တော်တော်ဆိုးတဲ့ရွေးချယ်မှုပဲ ။ တကယ်လို့ အင်မော်တယ်လမ်းစဉ်ကျင့်စဉ်တစ်ခုကို လေ့ကျင့်လိုက်မယ်ဆိုရင်တော့ အကူအညီဖြစ်နိုင်တယ်..။ ဒါကြောင့် အဖိုးတန်လက်နက်လို ရေရှည်တွဲသုံးလို့ရမဲ့ အရာမျိုးကို ရွေးချယ်တာ ပိုကောင်းမယ်... "
ကျန်းကျိဝေက အကြံပေးလိုက်သည်။
ကျန်းကျိဝေ၏စကားကို ကြားသည့်အခါ ကျိုးဟမ်က အပြုံးနှင့် ပြောလိုက်သည်။
"ဒါဆိုရင်တော့ ငါ တစ်ခုသိတယ်.။ ငါ့ရဲ့အဖွဲ့သားတွေက အမှန်တရားရှာဖွေခြင်းဆိုတဲ့ မျက်လုံးတစ်ခုကို လဲခဲ့ဖူးတယ်... ။ အင်မော်တယ်လမ်းစဉ်မှာရှိတဲ့ အဖိုးတန်လက်နက်တစ်ခုလိုပဲ အဲဒါက မျက်ခုံးကြားထဲမှာ ဖုံးကွယ်လို့ ရတယ်... ။ မင်းက နောက်ပိုင်း ဖရိုဖရဲကျင့်စဉ်ကိုသုံးတဲ့အချိန်မှာ အဲဒီအရာကို မြင်ရအောင် လုပ်လိုက်နိုင်တယ်လေ.. ။ ဒါဆိုရင်တော့ မင်းကို အင်မော်တယ်လမ်းစဉ်ကျင့်စဉ် ကျင့်ကြံသူတစ်ယောက်လို့ ယူဆကြလိမ့်မယ်... "
လမ်းညွှန်မှုများကြောင့် သိပ်မကြာခင် ချီကျန်းရန်က အမှန်တရားရှာဖွေခြင်းမျက်လုံးကို တွေ့လိုက်ရသည်။ ထိုအရာ၏ အကျိုးသက်ရောက်မှုကလည်း သူ၏လိုအပ်ချက်နှင့် တိတိကျကျ ကိုက်ညီနေခဲ့၏။
"အင်မော်တယ်လမ်းစဉ် အဖိုးတန်လက်နက်တစ်ခု ဖြစ်တဲ့အတွက် အမှန်တရားရှာဖွေခြင်းမျက်လုံးကို လူတစ်ယောက်ရဲ့မျက်ခုံးကြားထဲမှာ သိမ်းဆည်းနိုင်တယ်..။ အဲဒါက စိတ်ဝိညာဉ်တိုက်ခိုက်မှုတွေကို ခုခံဖို့ ၊ မကောင်းဆိုးဝါးတွေကို ခွဲခြားဖို့နဲ့ ကမ္ဘာမြေကြီးကို ဆက်သွယ်ဖို့ အသုံးပြုနိုင်တယ်... ။ ပြီးတော့ ပုံရိပ်ယောင်တွေလည်း ဖန်တီးနိုင်တယ်... ။ အဲဒါက မီးတောက်တွေ ဖန်တီးနိုင်ပြီး ရေခဲတွေ မိုးကြိုးတွေကိုလည်း ဆင့်ခေါ်နိုင်တယ်... ။ တကယ်လို့ ပြည့်ပြည့်ဝဝ အသုံးချလိုက်မယ်ဆိုရင်တော့ ကမ္ဘာမြေပြောင်းလဲမှုကြီးတွေ ဖြစ်ပေါ်လာနိုင်တယ်..။ စိတ်ဝိညာဉ်လှုပ်ရှားမှုတွေတောင် ဖြစ်လာစေနိုင်တယ်... ။ ကံကြမ္မာအမှတ် (၂၃၀၀) တန်ကြေးရှိတယ်... "
Translated by Hein Htet