← Chapters

အခန်း (၃၆၈)

Vol. 25 Ch. 368

အခန်း (၃၆၈)

Vol. 25 Ch. 368

"ကျွန်တော်က အဲဒီနာမည်တွေထဲကနေ ကြိုက်တာကို ရွေးချယ်လို့ရတာလား... "

မုန့်ချီက စိတ်ဝင်တစား မေးလိုက်သည်။ ထိုနေရာတွင် တခြားသော အင်မော်တယ်များ ရွေးချယ်ထားခြင်း မရှိသည့်အတွက် အစိမ်းရောင် လင်းမနေသည့် တာအိုဘိုးဘေး (၃)ယောက်၏ နာမည်လည်း ရှိနေသည်။

"ငါ့ရှေ့က တခြားလူတွေက ဘာလို့ အဲဒီနာမည်ကို မရွေးကြတာလဲ..။ ရွေးရတာက ပင်မအဖွဲ့ဝင်တွေနဲ့ ပြင်ပအဖွဲ့ဝင်တွေရဲ့ကြားထဲမှာ ကွဲပြားမှုတွေ ရှိနေသေးတာလား..."

မုန့်ချီက တစ်ယောက်တည်း စဉ်းစားနေခဲ့သည်။

တိမ်တိုက်ပြာဘိုးဘေးက နှာခေါင်းရှုံ့လိုက်၏။

"မင်းက ဘာလို့ ငါ့စကားကို သေချာနားမထောင်ရတာလဲ... "

သူမက ခဏရပ်ပြီး ပြောလိုက်သည်။

“မင်းရဲ့ရှေ့မှာရှိနေတဲ့ နာမည်တစ်ခုချင်းဆီတိုင်းက လူတစ်ယောက်ရဲ့ အခြေခံသိုင်းပညာနဲ့ တခြားအရာတွေ ကိုက်ညီဖို့ လိုအပ်တယ်..။ ကျင့်စဉ်အထွဋ်အထိပ်ကို မရောက်နိုင်တဲ့ နာမည်တွေလည်းရှိတယ်..။ မြင့်မားတဲ့စွမ်းရည်မျိုးသာ မရှိဘူးဆိုရင် အဲဒါက လူတစ်ယောက်ရဲ့စွမ်းရည် တိုးတက်လာဖို့အတွက် သင့်တော်မှာ မဟုတ်ဘူး..။ ဒီတော့ နာမည်တိုင်းက လူတိုင်းနဲ့ သင့်တော်နေတာ မဟုတ်ဘူး..။ ဒါကြောင့် ကျန်နေတဲ့ နာမည်တွေကို မင်းက ရွေးလို့ရတယ်..။ တချို့နာမည် တစ်စိတ်တစ်ပိုင်းက ကျန်နေသေးတယ်ဆိုတာ သူတို့ရဲ့အရင်ပိုင်ရှင်က သေဆုံးသွားလို့ပဲ ။ ဒါကြောင့် လက်ရှိမှာ ထိုက်ယီအရှင်လို နာမည်မျိုးကိုလည်း ရွေးချယ်လို့ရနိုင်တယ်..."

"ထိုက်ယီအရှင် ဟုတ်လား"

ထိုနာမည်ကို မုန့်ချီက ရင်းနှီးနေခဲ့သည်။ သူက ထိုနာမည်ပိုင်ရှင်ကို ကြားခဲ့ဖူး၏။ ထိုအရာက ပင်မကမ္ဘာကြီးထဲတွင် အလွန်ဆိုးသွမ်းသော လူတစ်ယောက်လည်း ဖြစ်သည်။

ရှောင်လင်ကျောင်းတော်၏ ကျောင်းထိုင် ကုံဝမ်က သူ့ကို ဖမ်းဆီးပြီး သတ်ပစ်ခဲ့ခြင်းဖြစ်သည်။ သူ့ခန္ဓာကိုယ်က ပျက်စီးသွားခဲ့ခြင်း မရှိချေ။ မုန့်ချီကတော့ ကံကြမ္မာဆိုးကြောင့် ထိုနာမည်ကို ရွေးချယ်မည် မဟုတ်ချေ။

မုန့်ချီက ထိုက်ယီအရှင်ဟူသော နာမည်ကို စဉ်းစားနေကြောင်း တွေ့လိုက်ရသည့်အခါ မုန့်ချီက ထိုနာမည်ကို စိတ်ဝင်စားနေသည်ဟု တိမ်တိုက်ပြာဘိုးဘေးက မှားယွင်းယူဆသွားခဲ့သည်။

သူမက ထပ်ရှင်းပြလိုက်၏။

"ထိုက်ယီအရှင်ဆိုတာက တာအိုသခင် (၉) ယောက်ထဲက တစ်ယောက်ပဲ ။ ငါက မင်းကို သူ့ရဲ့ဒဏ္ဍာရီတွေအကြောင်း ပြောပြလို့ရတယ်..။ ငါတို့က သူနဲ့ ပတ်သက်တဲ့အရာတွေကိုလည်း လေ့လာလို့ရနိုင်တယ်... "

မုန့်ချီကတော့ ကံဆိုးသောနာမည်ကို စိတ်မဝင်စားပေ။ သို့သော် သူက ပါးစပ်ကို တင်းတင်းစေ့လိုက်ပြီး စိတ်ဝင်စားချင်ယောင်ဆောင်၍ တိမ်တိုက်ပြာဘိုးဘေးကို ပြောလိုက်၏။

"ဆက်ပြောပါဦး ဘိုးဘေး... "

"ရှေးဟောင်းပညာရှင်တွေ ချန်ထားခဲ့တဲ့ အမွေအနှစ်တွေက သင့်တော်တဲ့ ကံကြမ္မာတွေ သယ်ဆောင်ထားတယ်..။ ကံကြမ္မာတွေရဲ့ လွှမ်းမိုးမှုကတော့ ထင်ထားသလောက် မကြီးဘူး..။ ဒါပေမယ့် မင်းရဲ့အနာဂတ်ကို သက်ရောက်စေနိုင်တယ်...။ မင်းရဲ့နာမည်နဲ့ ပတ်သက်ပြီး မင်းရဲ့ကျင့်ကြံမှုတွေက ပိုပြီးအစွမ်းထက်လာတာနဲ့အမျှ လွှမ်းမိုးမှုတွေက ပိုပြီးတော့ ကြီးမားလာနိုင်တယ်..။ ဒါကြောင့် သိုသိုသိပ်သိပ်နဲ့ အစွမ်းထက်တဲ့ ရှေးဟောင်းနာမည်တွေက ပိုပြီးတော့ လူကြိုက်များတယ်... ။ အဲဒါက ကံကြမ္မာပျက်စီးမှုနည်းပါးနိုင်ပြီး သံသရာနဲ့ ကံကြမ္မာဝဲကတော့ အပေါ်မှာလည်း သက်ရောက်မှု နည်းသွားနိုင်တယ်..။ ရှေးဟောင်းအင်မော်တယ်နာမည်တွေက အကျိုးအမြတ်ရနိုင်တဲ့ အမွေအနှစ်တွေ ၊ ထူးခြားဆန်းကြယ်တဲ့ ပဟေဠိပုစ္ဆာတွေကိုလည်း သေချာပေါက် သယ်ဆောင်ထားတယ်... ။ ကြီးလေးတဲ့ ဆုလက်ဆောင်တွေရှိနေပေမယ့် စွန့်စားမှုမရှိဘဲ ဘာကိုမှ မရနိုင်ဘူး... "

တိမ်တိုက်ပြာဘိုးဘေးက မုန့်ချီကို စိုက်ကြည့်နေခဲ့ပြီး သူမ၏မျက်လုံးများကတော့ သူ၏အပြုအမူကို ရယ်ချင်နေပုံရသည်။ မုန့်ချီက တိမ်တိုက်ပြာဘိုးဘေး၏ ရည်ရွယ်ချက်ကို နားလည်သွားခဲ့၏။ သူမက အမှန်တရားကို ပြောပြနေခြင်း ဖြစ်သည်။

"ဒီလိုဆိုရင် ကံဆိုးမှုတွေကလည်း လူတစ်ယောက်ကို ချုပ်နှောင်ထားနိုင်သေးတာပဲ…"

မုန့်ချီက တိမ်တိုက်ပြာဘိုးဘေး၏ လှောင်ပြောင်မှုများကို စိတ်မဝင်စားချေ။ ထို့ကြောင့် သူမက ခြောက်ကပ်စွာ ထပ်ဖြည့်ပြောလိုက်၏။

"ထိုက်ယီအရှင်ရဲ့ ကျင့်ကြံမှုကိုကြည့်လိုက် ။ သူက ရှေးဟောင်းပညာရှင် တစ်ယောက်လို အစွမ်းမျိုးရှိနေတာကို သတိထားမိလား... "

မုန့်ချီက ကျောက်စိမ်းဝါးသိုင်းကျမ်းပေါ်တွင် ရှိနေသော စာများကို သတိထားမိခဲ့သည်။

"ထိုက်ယီသက်တော်ရှည်လျှို့ဝှက်ချက် ၊ ထိုက်ယီကယ်တင်ခြင်းကျင့်စဉ်နဲ့ ချင်းဟွာမှော်ကျင့်စဉ်...။ ထိုက်ယီသက်တော်ရှည်လျှို့ဝှက်ချက်က ထိုက်ယီအရှင်ရဲ့ အခြေခံကျင့်စဉ်တစ်ခုပဲ ။ ထိုက်ယီကယ်တင်ခြင်းကျင့်စဉ်နှင့် ချင်းဟွာမှော်ကျင့်စဉ်တို့ကတော့ သိုင်းပညာနဲ့ လှုပ်ရှားမှုကို အလေးထားရတဲ့ ကျင့်စဉ်တွေပဲ ။ အဲဒီအရာတွေက ရှေးဟောင်းပညာရှင်တွေရဲ့အစွမ်းနဲ့ တူညီနေတယ်ဆိုတာ မင်း သတိထားမိလား... "

တိမ်တိုက်ပြာဘိုးဘေးက ထိုမေးခွန်းကို ထပ်မေးလိုက်သည်။

"သက်တော်ရှည်…ချင်းဟွာ... "

မုန့်ချီက တစ်ယောက်တည်းရေရွတ်ပြီး ခေါင်းထဲတွင် စဉ်းစားနေခဲ့သည်။

"ဒါဆိုရင် သူတို့က အသူရာအင်ပါယာနဲ့ တူညီနေတာပေါ့... "

"ခစ်..ခစ်…ခစ်…မဆိုးပါဘူး... ။ နင်က လုံးဝနားမလည်တာတော့ မဟုတ်ဘူးပဲ…"

"ကယ်တင်ရှင်ဘိုးဘေးဆိုတာက အသူရာအင်ပါယာလူဝင်စားပဲလေ... "

"အသူရာအင်ပါယာလူဝင်စား ဟုတ်လား... ။ ဒါဆိုရင် ကျန်းဝူအင်ပါယာကရော နတ်ဆိုးသုတ်သင်ရေးဘိုးဘေးပဲလား... "

မုန့်ချီက ထိုအချက်ကို နားလည်သွားသည့်အတွက် အလွန်ထိတ်လန့်သွားခဲ့သည်။

"မဟုတ်ဘူး... "

တိမ်တိုက်ပြာဘိုးဘေးက ခေါင်းခါပြလိုက်သည်။

"အဲဒီလိုအတိအကျ တူတာတော့ မဟုတ်ဘူး။ ကျန်းဝူအင်ပါယာက အစစ်အမှန် တာအိုသခင်တစ်ယောက်ပဲ။ နတ်ဆိုးသုတ်သင်ရေးဘိုးဘေးဆိုတာကတော့ သူ့ရဲ့နာမည်ဂုဏ်ပုဒ်တစ်ခုပဲ ။ ကျန်းဝူနဲ့ အမှောင်အင်ပါယာဆိုတဲ့နာမည်က ကောင်းကင်ခုံရုံး ပေးထားခဲ့တဲ့ နာမည်တွေလေ…”

“အသူရာအင်ပါယာကတော့ ကမ္ဘာကြီးကို ထိန်းချုပ်နိုင်တဲ့ ဝိညာဉ်တစ်ခုလို့ ပြောလို့ရတယ်။ ဒါပေမဲ့ အဲဒီအရာတွေအားလုံးကလည်း တော်တော်လေးကို ခေါင်းစားဖို့ကောင်းတယ်..။ သူက ကောင်းကင်ဧကရာဇ်ကိုတော့ လုံးဝမယှဉ်နိုင်ခဲ့ဘူး။ ဒါကြောင့် သူက အစစ်အမှန်ခန္ဓာကိုယ်ကို တိတ်တဆိတ် စွန့်လွှတ်လိုက်ပြီး တာအိုလမ်းစဉ်ထဲကို ဝင်ရောက်လာခဲ့တယ်..။ ပြီးတော့ သူက ထိုက်ယီကို မွေးစားခဲ့တယ်…”

“အဲဒီထင်မြင်ချက်တွေမှာ တူညီတဲ့အရာတွေကတော့ နေရာတိုင်းမှာ ရှိနေတာပဲ ။ အဲဒါက အမှန်ဟုတ်မဟုတ်ဆိုတာတော့ ဘယ်သူမှ မသိကြဘူး..။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ ရှေးအချိန်တုန်းက သူတို့(၂) ယောက်လုံး ရှိခဲ့ကြတယ်..။ အသူရာအင်ပါယာ သေဆုံးသွားတဲ့အချိန်မှာ ထိုက်ယီအရှင်က ကျန်နေပြီး ငရဲကြီး (၉)ထပ်မှာ ပုန်းနေခဲ့တယ်... "

မုန့်ချီက စိတ်ဝင်စားနေသည်ကို သတိထားမိသည့်အခါ တိမ်တိုက်ပြာဘိုးဘေးက ရယ်လိုက်၏။

"ဘာလဲ မင်းက အဲဒါကို စိုးရိမ်နေတာလား..။ အသူရာအင်ပါယာက သူ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်းကို ချန်ထားပြီး ဗုဒ္ဓလမ်းစဉ်ကို ရောက်သွားတယ်ဆိုတဲ့ ကောလာဟလမျိုးလည်း ရှိသေးတယ်..။ သူက ဗုဒ္ဓ (၃)ပါးထဲက တစ်ပါးဖြစ်တဲ့ ဆေးဝါးဗုဒ္ဓပုံစံယူထားပြီး အရှေ့ဘက်မှာရှိတဲ့ သန့်စင်နယ်မြေကို အုပ်စိုးတယ်လို့ ကြားဖူးတယ်... "

"သေစမ်း ။ အသူရာအင်ပါယာမှာ ဒီလိုစွမ်းရည်မျိုးတောင် ရှိနေတာပဲ ။ ရှေးဟောင်းအင်အားစုတွေက တစ်ယောက်ထက် တစ်ယောက် ပိုပြီးတော့ အစွမ်းထက်မယ် ထင်တယ်... "

မုန့်ချီကတော့ အလွန်ထိတ်လန့် အံ့ဩနေမိသည်။

"အင်မော်တယ်လမ်းစဉ် ၊ တာအိုလမ်းစဉ်နဲ့ ဗုဒ္ဓလမ်းစဉ်ကို ကျော်လွန်သွားတဲ့ အင်ပါယာတွေကတော့ ဒီနေ့အထိ ရှိနိုင်သေးတယ်... ။ ဒါဆိုရင် မင်းက ထိုက်ယီအရှင်ကို ရွေးချယ်တော့မှာလား... "

တိမ်တိုက်ပြာဘိုးဘေးက မေးလိုက်သည်။ မုန့်ချီက အလွန်ကြောက်လန့်နေကြောင်း သူမက သိနေ၏။

"ကျွန်တော်က ထိုက်ယီအရှင်ကို ရွေးဖို့ လုံးဝစိတ်ကူးမရှိဘူး..။ ကျေးဇူးအများကြီးတင်ပါတယ်... "

မုန့်ချီက အပြုံးနှင့် ငြင်းပယ်လိုက်သည်။

"တာအိုသခင်(၉) ယောက်ထဲက တစ်ယောက်ရဲ့ကျင့်စဉ်တွေက တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းပါတယ်... ။ ဒါပေမယ့် အသူရာအင်ပါယာရဲ့စွမ်းရည်က ကျွန်တော့်အကြိုက် မဟုတ်သေးဘူး..။ ဒီတော့ ကျွန်တော်က ဝေးဝေးနေတာ ပိုကောင်းမယ်...”

“ဒါက မကောင်းတဲ့ ကံတရားရှိနေတဲ့ နာမည်တစ်ခုပဲ ။ အရင်ဒီနာမည်ပိုင်ရှင်က အဆိုးရွားဆုံး သေဆုံးခြင်းမျိုးနဲ့ သေခဲ့ရတာ..။ အသူရာအင်ပါယာကလည်း ဗုဒ္ဓလမ်းစဉ်ကို လုံးဝပြောင်းသွားခဲ့တယ် ။ ဒါက ငါ့အတွက် သင့်တော်တဲ့ရွေးချယ်မှု မဟုတ်ဘူး... "

သူက တစ်ယောက်တည်း တွေးနေမိသည်။

"တကယ်ဉာဏ်ကောင်းတဲ့ ဆုံးဖြတ်မှုပဲ ။ မင်းမှာ အမြင်ရှိနေတာပဲ…"

တိမ်တိုက်ပြာဘိုးဘေးက ရယ်ကာမောကာနှင့် ပြန်ပြောလိုက်၏။ သူမ၏ရယ်သံထဲတွင် ရင့်ကျက်တည်ငြိမ်မှုများ ပြည့်နှက်နေသည်။

မုန့်ချီက ပြန်လှည့်လိုက်ရာ သန့်စင်မှော်အရှင်ဟူသော နာမည်ကို မြင်လိုက်ရ၏။ ထိုအရာက သူလိုချင်နေခဲ့သော နာမည်တစ်ခု ဖြစ်သည်။ သို့သော် ထိုအရာကို တခြားတစ်ယောက်က ရွေးချယ်ထားသည်။

"ငါက တာအိုသခင်ဝတ်ရုံ ၊ ခေါင်းဆောင်းနဲ့ ပိုးခါးပတ်ကို ပတ်ပြီး မြက်ဖိနပ်နဲ့ ကမ္ဘာလောကကြီးထဲမှာ လျှောက်သွားချင်တာ... "

ထိုနာမည်က အနာဂတ်တွင် ဝေ့ကျင်းအဆင့် အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်ကို အသုံးပြုရာ၌ အကျိုးအမြတ်များ ရှိလာနိုင်သည်။

"ဒီနာမည်ကိုတော့ ယူပြီးသွားပြီလို့ ငါ ပြောခဲ့ဖူးတယ် မဟုတ်လား... ။ သန့်စင်မှော်အရှင်ရဲ့ အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်သာ မရှိရင် ငါတို့က သူ့ရဲ့စွမ်းရည်တွေကို ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ... ။ ငါတို့က ချီစွမ်းအင်လမ်းကြောင်းတွေ ၊ စွမ်းအားစုစည်းရမယ့် နည်းလမ်းတွေနဲ့ အသုံးဝင်မှုတွေကိုရော ဘယ်လိုလုပ်ပြီး ဖော်ထုတ်နိုင်မှာလဲ..။ မင်းသုံးလိုက်တဲ့ ကောင်းကင်ဖျက်လက်ဝါး သိုင်းကွက်ရဲ့ အနှစ်သာရတွေက အလွယ်တကူ သိနိုင်မယ်လို့ ထင်နေတာလား... "

တိမ်တိုက်ပြာဘိုးဘေးကပြောလိုက်သည်။

မုန့်ချီကတော့ သူ၏ရည်မှန်းချက် မပြည့်သည့်အတွက် နာကျင်နေရသည်ကို သူမက နားမလည်နိုင်ပေ။

မုန့်ချီက ချောင်းဟန့်လိုက်သည်။

"ဘိုးဘေး …

သန့်စင်မှော်အရှင်နဲ့ ပတ်သက်နေတဲ့အကြောင်းတွေကိုလည်း ပြောပြလို့ရနိုင်မလား... "

တိမ်တိုက်ပြာဘိုးဘေးက အေးစက်စွာ ပြန်ဖြေလိုက်သည်။

"ရှေးအချိန်တုန်းက မရေမတွက်နိုင်တဲ့ အင်မော်တယ်တွေ ရှိခဲ့တယ်။ ဒါပေမဲ့ အရမ်းကို များလွန်းတဲ့အတွက် အနည်းစုကိုပဲ သိနိုင်တယ်... "

မုန့်ချီက မယုံကြည်နိုင်သလို ဖြစ်နေမှာစိုးသည့်အတွက် သူမက ထပ်ဖြည့်ပြောလိုက်သည်။

"ဘိုးဘေးလင်းပေါင်ကတော့ ရှေးဟောင်းသမိုင်းကြောင်းနဲ့ ပတ်သက်တဲ့အရာတွေက ပျောက်ဆုံးသွားတယ်လို့ ပြောခဲ့ဖူးတယ်... ။ အဲဒီအရာတွေနဲ့ ပတ်သက်တဲ့ ခြေရာလက်ရာတွေကို သံသရာကမ္ဘာကြီးထဲမှာပဲ ပြန်တွေ့နိုင်တယ်... ။ ဒီတော့ မင်းက တိကျတဲ့ သမိုင်းကြောင်းတွေကို သိဖို့မဖြစ်နိုင်ဘူး... "

"ကျွန်တော် နားလည်ပါတယ်... "

မုန့်ချီက ခေါင်းထဲတွင် စဉ်းစားနေရင်း ပြန်ဖြေလိုက်သည်။

ထို့နောက် တိမ်တိုက်ပြာဘိုးဘေးက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ပြီး ပြောလိုက်သည်။

"သန့်စင်မှော်အရှင်ကိုတော့ တခြားနာမည်တစ်ခုနဲ့လည်း လူသိများသေးတယ်... ။ အဲဒါကတော့ အာလန်သူတော်စင်လို့ခေါ်တယ်..။ တကယ်လို့ မင်းကသာ ဒဏ္ဍာရီအဖွဲ့ထဲကို သွားမယ်ဆိုရင်တော့ အဲဒီနာမည်ကို ရွေးချယ်လို့ရသေးတယ်... ။ အသူရာအင်ပါယာဆိုတဲ့နာမည်ကို ဒဏ္ဍာရီတွေထဲမှာ အရှေ့ပိုင်းသခင်လို့ ခေါ်သလိုမျိုးပေါ့။ သူတို့ဆီမှာ အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်တော့ မရှိသေးဘူး။ ဒါကြောင့် မင်းက အဲဒါကို ရွေးနိုင်တယ်ဆိုရင်တောင် အသုံးမဝင်ဘူး... "

"ဒါဆိုရင် ဒဏ္ဍာရီနဲ့ အင်မော်တယ်ထဲမှာရှိတဲ့ အဆင့်မြင့်ပညာရှင်တွေ သေဆုံးသွားတာက အသူရာအင်ပါယာနဲ့ တစ်ခုခုပတ်သက်နေနိုင်တယ် ဒါက တိုက်ဆိုင်မှုတစ်ခုသက်သက်ပဲလား... "

မုန့်ချီက သံသယဝင်နေသော်လည်း မျက်နှာအမူအရာတွင် ပြသခဲ့ခြင်း မရှိချေ။ သူက ခေါင်းညိတ်ပြီး ဘိုးဘေးကို လှည့်ကြည့်လိုက်၏။

"တပည့်က အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်ကို ကျွမ်းကျင်သွားတယ်ဆိုတော့ ဆရာလည်း ရှိသင့်တာပေါ့...၊ လှည့်စားခြင်း (၉) သွယ်သိုင်းပညာလား... ။ ယုတင်အင်မော်တယ်များလား... "

မုန့်ချီက အတော်လေး အံ့သြသွားခဲ့သည်။

"ဘာဖြစ်လို့လဲ... "

မုန့်ချီ အံ့သြသွားသည့်အရာကို နားမလည်နိုင်သည့်အတွက် တိမ်တိုက်ပြာဘိုးဘေးက မေးလိုက်သည်။

မုန့်ချီက သက်ပြင်းချပြီး ပြောလိုက်၏။

"အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်နဲ့ တော်တော်လေးတူတဲ့ နာမည်တွေကိုကျွန်တော်က စဉ်းစားနေတာပါ... "

"မင်းက တော်တော်အမြင်စူးရှတာပဲ။ အဲဒီ (၂) ခုလုံးက တာအိုမှော်လမ်းစဉ် ကျင့်စဉ်တွေပဲလေ။ ငါပြောဖို့ မေ့နေတာ... ။ အင်မော်တယ်ယုတင်ဆိုတာက သန့်စင်မှော်အရှင်ရဲ့ဆရာပဲလေ။ ဒါကြောင့် တကယ်လို့ မင်းက အဲဒါကို ရွေးလိုက်မယ်ဆိုရင် ချင်းရန်က တော်တော်လေး မကျေမနပ်ဖြစ်သွားနိုင်တယ်... "

တိမ်တိုက်ပြာဘိုးဘေးက အပြုံးနှင့် ပြောလိုက်သည်။

"ငါကတော့ အဲဒီလိုအရာမျိုးကို ပိုပြီးတော့ စိတ်ဝင်စားတယ်... "

မုန့်ချီက တစ်ယောက်တည်း စဉ်းစားပြီး ရယ်လိုက်သည်။

"တကယ်လို့ ကျွန်တော်က အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်ကို လေကျင့်ထားမယ်ဆိုရင် ဆရာအနေနဲ့ရော မဖြစ်နိုင်ဘူးလား... "

တိမ်တိုက်ပြာဘိုးဘေးက ခဏကြာစဉ်းစားပြီး ပြန်ဖြေလိုက်၏။

"ကောင်းကင်ဘိုးဘေးက အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်ကို အင်မော်တယ်ယုတင်ဆီကနေတဆင့် သန့်စင်မှော်အရှင်ဆီကို လက်ဆင့်ကမ်းပေးခဲ့တယ်။ အဲဒီစွမ်းရည်တွေက ကောင်းကင်နှောင့်ယှက်ခြင်း ကျင့်စဉ်ကိုတောင် ယှဉ်နိုင်တယ်။ ဒါပေမယ့် သူ့ရဲ့မူလဇစ်မြစ်ကို ဘယ်သူကမှ သေချာမသိကြဘူး…”

“ဆန်းကြယ်လှည့်စားခြင်း (၇၂) သွယ် သိုင်းပညာက အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်နဲ့ တူညီနေတဲ့အတွက် အင်မော်တယ်ယုတင်ဆိုတဲ့ နာမည်ကိုတော့ရွေးဖို့ အကြံမပေးချင်ဘူး။ ဒါဆိုရင် တခြားသူတွေက မင်းကို အလွယ်တကူ ခန့်မှန်းမိနိုင်လိမ့်မယ်။ မင်းက လုံးဝမတူညီတဲ့ပုံစံရှိတဲ့ နာမည်တစ်ခုကို ရွေးသင့်တာ..။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်ကို ပြောင်းရမှာပဲ ။ ဒီတော့ မင်းက စွမ်းအားတွေ အလကားဖြစ်မှာကို စိုးရိမ်နေစရာ မလိုဘူး... "

မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး ကောင်းကင်ဘိုးဘေးနာမည်ကို လှည့်ကြည့်လိုက်သည်။ အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်က သူနှင့် ပတ်သက်နေခြင်းပေလော။

"ကောင်းကင်ဘိုးဘေးကတော့ အရာအားလုံးရဲ့ဇစ်မြစ်ပဲ ။ သူ့ရဲ့လက်ထဲမှာ ကမ္ဘာမြေကြီး ပေါ်ပေါက်လာခြင်းရဲ့ လျှို့ဝှက်ချက်တွေကိုတောင် ကိုင်ထားတယ်။ ဒါကြောင့် သူ့ရဲ့စွမ်းရည်တွေက တော်တော်လေးကို အစွမ်းထက်တယ်။ သူက ကောင်းကင်နှောင့်ယှက်ခြင်း စွမ်းရည်ကိုတောင် ယှဉ်ပြိုင်နိုင်တဲ့အစွမ်းမျိုး ပိုင်ဆိုင်ထားတယ်လို့ ပြောကြတယ်...”

“ဒါပေမဲ့ ကောင်းကင်ဘိုးဘေးနဲ့ ပတ်သက်တဲ့အရာတွေက သံသရာကမ္ဘာကြီးထဲမှာတောင် တော်တော်လေး ရှားတယ်။ ငါတို့က သူ့ရဲ့ဝေ့ကျင်းအဆင့် သိုင်းပညာတချို့ကိုပဲ ရှာဖွေနိုင်ခဲ့တယ်။ ဒါကြောင့် ငါတို့တွေအများစုက အဲဒီနာမည်ကလွဲရင် တခြားနာမည်တွေ တခြားအရာတွေကိုပဲ ရွေးချယ်ကြတယ်... "

တိမ်တိုက်ပြာဘိုးဘေးက ရှင်းပြလိုက်သည်။ နာမည်တစ်ခုကိုရွေးချယ်သည်မှာ သူနှင့်ပတ်သက်သော အခွင့်အရေးများကို ရယူလိုခြင်းကြောင့် ဖြစ်သည်။

ထို့နောက် သူမက ထပ်ပြောလိုက်၏။

"ပထမဆုံးဘိုးဘေးလင်းပေါင်နဲ့ သူ့အဖွဲ့တွေက နာမည်အနည်းငယ်နဲ့ပတ်သက်တဲ့ ကျင့်စဉ်တွေကိုပဲ ရှာဖွေနိုင်ခဲ့တယ်။ တခြားကျင့်စဉ်တွေကိုတော့ တာဝန်တွေ လုပ်ဆောင်ရင်း တဖြည်းဖြည်း စုဆောင်းလာခဲ့ကြတာ။ ဒါကြောင့် ငါတို့ဆီမှာ ရွေးချယ်စရာကျင့်စဉ်တွေ အများကြီးရှိနေတာပဲ။ ဒါပေမဲ့ တချို့ကျင့်စဉ်တွေမှာတော့ လိုအပ်နေတဲ့အပိုင်းတွေ ရှိနေသေးတယ်။ ဥပမာအနေနဲ့ ပြောရရင် ကောင်းကင်ဘိုးဘေးရဲ့ အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်။ အဲဒီအရာကတော့ ငါတို့ဆီမှာ ဓမ္မကာရအဆင့် ပထမသိုင်းကွက်ပဲ ရှိနေသေးတယ်။ လူသားဘိုးဘေး၊ ဘိုးဘေးတောင်ပေါင် ၊ နတ်ဆိုးသုတ်သင်ရေးဘိုးဘေးလို နာမည်မျိုးတွေကတော့ ငါတို့ဆီမှာလည်း မရှိဘူး... "

မုန့်ချီက ဂရုတစိုက် နားထောင်နေရင်း ကောင်းကင်ဘိုးဘေးနှင့်ပတ်သက်သော အရာများကို လှမ်းကြည့်နေသည်။ ထိုနေရာတွင် ရှေးဟောင်းဒဏ္ဍာရီများအကြောင်း ရေးထားသည့် ကျောက်စိမ်းဝါးသိုင်းကျမ်းတစ်ခု ရှိနေပြီး ထိုအရာကို ဖတ်ကြည့်နိုင်သည်။

"ကောင်းကင်ရွှေကျင့်စဉ် ၊ အဲဒါကို ကျောက်စိမ်းဝိညာဉ် လိုဏ်ဂူစွမ်းအင်လို့လည်း ခေါ်ကြတယ်... ။ ငါတို့ကတော့ ကျောက်စိမ်းဝိညာဉ် ကောင်းကင်ဖွင့်လှစ်ခြင်းစွမ်းရည်လို့ သိကြတယ်... "

တိမ်တိုက်ပြာဘိုးဘေးက မိတ်ဆက်ပေးလိုက်သည်။

ထို့နောက် သူမက ဘိုးဘေးဖန်းဖာ ၊ အင်မော်တယ်ချီဟန်း ၊ ခရမ်းပုံရိပ်ယောင်ဘိုးဘေး ၊ ဘိုးဘေးကျင်းမူ ၊ အနောက်ပိုင်းသခင်မ၏ တာအိုသခင်နာမည်များနှင့် မိတ်ဆက်ပေးနေသည်။

မိတ်ဆက်ပေးပြီးသွားသည့်အချိန်တွင် သူမက ထပ်ပြောလိုက်၏။

"မင်းက ကိုယ်တိုင်စဉ်းစားပြီး ပင်မကမ္ဘာကြီးထဲမှာ မင်းရဲ့သိုင်းပညာနဲ့ လုံးဝမတူတဲ့အရာကို ရွေးချယ်ရမယ်... ။ ဒါဆိုရင် မင်းရဲ့အဆင့်အတန်းက မပေါ်နိုင်တော့ဘူး... "

မုန့်ချီက ရွေးချယ်နေရင်း ခေါင်းညိတ်ပြလိုက်သည်။ သူက ဘိုးဘေးလင်းပေါင်၏ အကြောင်းကို ရှာဖွေကြည့်လိုက်ရာ အစိတ်အပိုင်း (၄) ခုရှိကြောင်း တွေ့လိုက်ရသည်။ အင်မော်တယ်သုတ်သင်ရေးဓားသိုင်း ၊ အင်မော်တယ်ချုပ်နှောင်ခြင်းဓားသိုင်းနှင့် တခြားအရာတစ်ခုရှိသည်။ ထိုအရာထဲတွင် အင်မော်တယ် ဖျက်ဆီးရေးဓားသိုင်းပညာ လည်းပါဝင်နေခဲ့၏။

ထိုအရာကို သံသရာကမ္ဘာကြီးထဲတွင်ပင် မတွေ့ရပေ။ သို့သော် ဓမ္မကာရအဆင့် ဒုတိယသိုင်းကွက် ပျောက်ဆုံးနေသည်ဟူသော စာသားကို မြင်ခဲ့ရသည်။ ထို့နောက် သူက ပျောက်ဆုံးနေသည့် နာမည်များကို စဉ်းစားနေခဲ့၏။

"ငါရွေးချယ်လိုက်တဲ့နာမည်က မိန်းကလေးနာမည်လည်း ဖြစ်လို့မရဘူး။ ဗုဒ္ဓလမ်းစဉ်နဲ့လည်း ပတ်သက်နေလို့မရဘူး။ သိုင်းကျမ်း လိုအပ်ချက် နည်းနည်းပဲ ရှိနေတဲ့အရာမျိုးကို ရွေးချယ်တာက အကောင်းဆုံးပဲ ။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့အဓိကကျင့်ကြံမှုက အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်လေ... ။ ဒီတော့ အဲဒီအရာမှာလည်း ကိုယ်ပိုင်ပုံစံတစ်ခု ရှိသေးတယ်... "

ခဏကြာပြီးနောက် သူက သက်ပြင်းချပြီး ပြောလိုက်သည်။

"ဘိုးဘေး ကျွန်တော် ဆုံးဖြတ်ချက်ချပြီးသွားပြီ…"

"မင်းက ဘယ်နာမည်ကို ရွေးချယ်မှာလဲ... "

တိမ်တိုက်ပြာဘိုးဘေးက မျှော်လင့်တကြီး မေးလိုက်သည်။

မုန့်ချီကတော့ စကား (၂) လုံးသာ ပြောလိုက်၏။

"ကောင်းကင် ဘိုးဘေး... "

Translated by Hein Htet

All Chapters