← Chapters

သူသေရင် ငါ့သမီးက ငါ့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး။

Vol. 174 Ch. 2423

သူသေရင် ငါ့သမီးက ငါ့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး။

Vol. 174 Ch. 2423

ဗောဓိပင်အောက်တွင် ရပ်ပြီး သူ့ဓားကို အဝေးကနေ ထိန်းချုပ်ရန် လင်းယွန်က ကြိုးစား နေခဲ့သည်။

“ ဘရူး ... ။ ”

ပန်းသင်္ချိုင်းသည် တုန်ခါသွား သော်ငြားလည်း သူ့ခေါ်သံကို နားမထောင်ချေ။

“ သူရဲကောင်း ဝိညာဉ် မရှိဘဲ ... ခေတ်အဆက်ဆက် ရပ်တည်နေချင်လို့ မရဘူး ထောင်နဲ့ချီတဲ့ ဆန့်ကျင်မှု ရှိနေရင်တောင်မှ ဖိအားအောက်မှာ ...

... ဆုံးဖြတ်ချက် ချမှတ်နိုင်ရမယ် ... ဓားကိုမထိပဲ ဓားတာအိုရဲ့ လွှမ်းမိုး ချုပ်ကိုင်မှု အရှိန်အဝါကို တာအိုသုံးထောင်အထက် ရောက်အောင် အားလုံးကို ပေးပါ။ ”

အိုင်းရစ်၏ စကားသံက စိတ်ဝိညာဉ်ကို တုန်လှုပ်စေသော မိုးခြိမ်းသံကြီးနှင့် တူချေပြီ။ ၎င်းက ဒေါသဖြင့်၊

“ လင်းယွန် ... မင်းက ဓားကို မလေးစားဘူး။ ”

-ဟု ပြောကြားလိုက်၏။

ထိုမှတ်ချက်အပေါ် လင်းယွန်က ချေပချင်သည်။ သူသည် ဓားအပေါ် မည်သည့် အချိန်မှ စပြီး မလေးစား သနည်း။

တစ်လျှောက်လုံး ဓားသည် သူဖြစ်ပြီး သူသည် ဓားဖြစ်၏။ တစ်စုံတစ်ယောက်သည် ဤအရာကို ဝေဖန်ဝံ့ သည်လော။

“ ဟွား ... ။ ”

ဒေါသကြောင့် ဓားပင်လယ်က အဟုန် ပြင်းပြင်းဖြင့် ဆူပွက်လာကာ တောက်ပသော ရောင်ခြည်တော်ဓားကို ကန့်သတ်ချက်သို့ တွန်းပို့တော့သည်။

တောင်ကြီးတစ်ခုလုံး တုန်ခါလာသည်။ သို့သော် ပန်းသင်္ချိုင်းက မရွေ့ချေ။

“ နေမ၀င်ခင် ဓားကို လုံးဝ မထိနဲ့ ... ။ ”

“ ..... ။ ”

အိုင်းရစ် အမိန့်က သူ့ကို ရှက်ရွံစေသည်။ ကျွန်းတစ်ခုလုံး ပဲ့တင်ထပ်စေသည့် ဟောက်သံ ပြုလိုက်၏။

ပင်လယ်ပြင်၌ပင် အက်ကြောင်းများ ပေါ်လာပြီး ကြီးမားသော လှိုင်းလုံးများ ဖြစ်ပေါ် လာခဲ့သည်။

ဓားကြိုးကိုးထောင် ကောင်းကင်သို့ လွင့်တက်နေစဉ် သုံးထောင်က နတ်ဖီးနစ်အဖြစ် ပြောင်းလဲလျက် သုံးထောင်မှ ကောင်းကင် နဂါး ဖြစ်လာ၏။

ကျန်သုံးထောင်သည် ဓားကြီး တစ်လက်အဖြစ် ကောင်းကင်ကို ခွဲထုတ်ရန် ကြိုးစားတော့သည်။

“ ဘာတွေ ဖြစ်နေတာလဲ ... ။ ”

လင်းကျန်းရှန်က ကျင့်ကြံနေရာမှ မော့ကြည့်ပြီး အံ့အားသင့် သွားသည်။ သူမ၏ ဓားရည်ရွယ်ချက်မှာ ထက်ရှမှုနှင့် မနာလိုဖွယ် ဆန္ဒကြောင့် တုန်ယင်လာ၏။

“ သူ့ကို မနှောက်ယှက်နဲ့ ... တာအို နားလည်ဖို့ အရေးကြီးတဲ့ အခိုက်အတန့်ကို သူ ရောက်နေပြီ။ ”

အသူရာ ကောင်းကင် အသံက နားထဲ ဝင်လာတော့သည်။ ထိုအချိန်တွင် လင်းယွန်၏ ဓားရောင်ဝါမှာ ကန့်သတ်ချက်သို့ ရောက်ရှိ သွား၏။ သို့တိုင် ပန်းသင်္ချိုင်းက လျစ်လျူရှု ထားဆဲ ဖြစ်သည်။

“ ဓားကို မထိနဲ့ ... ။ ”

အိုင်းရစ် ချန်ခဲ့သော ကန့်သတ်ချက်က ပန်းသင်္ချိုင်းပေါ်တွင် ရွှေရောင် အလင်းအဖြစ် တောက်ပနေသည်။

တစ်ဖက်တွင် လင်းယွန်တစ်ယောက် ဓားရောင်ဝါ ပြိုကျပြီး ပါးစပ်မှ သွေးထွက်ကာ မျက်နှာ ဖြူဖျော့လာ၏။

“ ဒါက ... အတင်းအကြပ် လုပ်လို့ မရဘူး ထင်တယ်။ ”

ထို့ကြောင့် အဝေးမှ လှမ်းခေါ်ခြင်းကို ရပ်နားလျက် ဗောဓိပင်ထံ လှည့်ကြည့်လိုက်မိ တော့သည်။

ဗောဓိပင်၌ ဒေါင်းအမြီး သဏ္ဍာန် ရွှေရောင်အဆင်းများ ပေးဆောင်နေပြီး အလင်း တစ်ခုစီသည် ကနဦးတာအိုများ ဖြစ်နေ၏။

၎င်းတို့သည် အလျင်တာအို၊ အေးစက်မှု တာအို၊ ထိုးထွင်းသိမြင်ခြင်း တာအိုနှင့် အခြား တာအိုငယ်များ ဖြစ်သည်။ အရေအတွက် အားဖြင့် တစ်သောင်း ရှိနေ၏။

ဓားရောင်ဝါသည် မည်မျှပင် ထက်ရှ စေကာမူ ထိုစုပေါင်းရောင်ဝါကို မယှဉ်နိုင်ခဲ့ချေ။ ဗောဓိပင်ပေါ်တွင် မဟာတာအိုကို ကိုယ်စား ပြုသည့် သစ်သီး (၃၀၀၀) ရှိ၏။

၎င်းတို့တွင် အကန့်အသတ် မရှိသော စွမ်းအားများ ပါ၀င်နေသကဲ့သို့ ခံစားရစေသည်။ ရောင်စဉ် ကိုးသွယ် တောက်ပနေသော သစ်သီး (၃၆)လုံးက ထို(၃၀၀၀) အထက်တွင် ရှိ၏။

ထိုသစ်သီးများမှာ အုပ်စိုးရှင် တာအိုကို ကိုယ်စားပြုချေပြီ။ ၎င်းအထက် သစ်ပင်အဖျား၌ အလင်းများ လွှမ်ခြုံထားသည့် ပန်းပွင့်(၉)ပွင့် ရှိသည်။

“ ငါ ဘာကို ရွေးသင့်လဲ။ ”

သစ်သီးများသည် စွဲမက်ဖွယ် ကောင်းလှသည်။ ထို့ကြောင့် သစ်သီးနှင့် ပန်း မည်သည့်အရာကို ရွေးရမည်မှန်း ဝေခွဲမရ ဖြစ်လာ၏။

တနည်းအားဖြင့် ပြိုင်ဘက်ကင်း နှလုံးသားကို ထိန်းသိမ်းခြင်းသည် ခက်ခဲပြီး ကျရှုံးနိုင်ခြေ မြင့်မားသည်။

ထို့ကြောင့် ဤသို့ တာအိုကို အဆင့်ခွဲခြင်းသည် သူ့အမြင်၌ စိတ်ဝင်စားစရာ မကောင်းတော့ချေ။

“ ဒီလို ရွေးချယ်နေတာက အဓိပ္ပါယ် မရှိပါဘူး။ ”

ရွေးချယ်မှု ပြုရန် မကြိုးစားတော့ဘဲ ဗောဓိပင်အောက်တွင် ထိုကာ ချီလင်ဓားကျမ်း ထုတ်၍ ကြည့်လိုက်သည်။

ဓားကျမ်း၏ အချက်အလက်ထက် အတွေ့အကြုံများ အပေါ်သာ အာရုံစိုက်ခဲ့သည်။ အမျိုးမျိုးသော ပြိုင်ဘက်များနှင့် တွေ့ဆုံမှုများ အပြင် နားလည် တိုးတက်မှုများ အပေါ် အလေးပေးမိ၏။

ချီလင် ဓားတန်ခိုးရှင်သည် ထာဝရ တာအိုအပေါ် နားလည် သဘောပေါက်ထားကာ နတ်ဘုရား နယ်ပယ်ကို တက်လှမ်းနိုင်သည်။

သို့သော် သူသည် ဓားတာအိုကို လက်မလွှတ်ချေ။ ထို့ကြောင့် နတ်ဘုရား မဖြစ် သေးခြင်းဖြစ်၏။

ဆိုလိုသည်မှာ သူ့ဓားတာအိုသည် ထာဝရတာအိုကို မယှဉ်နိုင်သော် နတ်ဘုရား ဖြစ်ခြင်းကို စွန့်မည် ဖြစ်သည်။

ဤသည်မှာ ဓားသမားတိုင်း မရွေးချယ်နိုင်သောအရာပေပင်။ ဓားနတ်ဘုရား လမ်းစဉ် ဖြစ်၏။ သာမန် နတ်ဘုရားများပင် မော်မကြည့်ဝံ့သော တည်ရှိမှု ဖြစ်သည်။

အဝေးတွင် အိုင်းရစ်ဓား သူတော်စင်က နတ်မီးတောက်များဖြင့် ကောင်းကင်ချပ်ဝတ်ကို အိုးတစ်လုံးထဲ ထည့်ပြုတ်နေခဲ့သည်။

၎င်းကို အုပ်စိုးရှင် လက်ရာအဖြစ် လျော့ချပစ်ရန် ဖြစ်၏။ သို့သော် အိုင်းရစ်က မျက်မှောင်ကြုတ် သွားသည်။

“ ဒါက ဒုက္ခပဲ … သူက တစ်ကြိမ် ပြုပြင်ထားပြီးပြီ။ ”

ချပ်ဝတ် အတွင်းပိုင်းရှိ နတ်ရူရ်များ ပျက်စီးနေသည်ကို မြင်လိုက်ရခြင်း ဖြစ်သည်။ ဤသည်မှာ လင်းယွန်ကြောင့် မဟုတ်ချေ။

မိုးပြာ နဂါးသခင်သည် ထိုစဉ်တိုက်ပွဲ၌ ဒဏ်ရာ ရရှိခဲ့ပုံ ပေပင်။ စိတ်ဝိညာဉ် အတွင်းသို့ မိုးပြာနဂါးသခင်နှင့် နတ်ဘုရားများကြား တိုက်ပွဲများ စီးဝင်လာသည်။

အဆုံးတွင် မျက်လုံးကို ပြန်ဖွင့်ပြီး၊

“ငါ မင်းကို ယှဉ်လို့ မရပါလား။ ”

-ဟု ရေရွတ်လိုက်သည်။

တစ်ယောက်သည် နဂါးပြာ ဘိုးဘေး နတ်ဘုရား၏ တပည့်ဖြစ်ပြီး တစ်ယောက်မှာ နဂါးတံခါးကို အုပ်ချုပ်ရန် ခန့်အပ်ခြင်း ခံထားရသူ ဖြစ်သည်။

သူတို့သည် သိုင်းညီအစ်ကိုများ မဟုတ်သော်လည်း သူတို့၏ ဆက်ဆံရေးသည် သိုင်းညီအစ်ကိုများထက် ပိုကောင်း၏။

တစ်ယောက်သည် လွန်ခဲ့သော နှစ်တစ်သိန်းက ကောင်းကင်လမ်းကို ဖြတ်ခဲ့ပြီး ကျန်တစ်ယောက်သည် ခွန်လွန်မှ ထွက်ခွာ သွားခဲ့သည်။

မိုးပြာနဂါးသခင်က သူ့ကို အပြစ်တင်ခဲ့သော်လည်း သူသည် ကံကြမ္မာကို ထမ်းထားရသဖြင့် မတတ်နိုင်ခဲ့ချေ။

ဆိုလိုသည်မှာ သူတို့တွင် အကြောင်းတရားများ ရှိနေသည့်အတွက် ရွေးချယ်စရာ မရှိခဲ့ခြင်း ဖြစ်သည်။

“ ဘာကို ရွေးမယ်လို့ မင်းထင်လဲ။ ”

အသူရာ ကောင်းကင်က ပြုံးလျက် အိုင်းရစ်အနားသို့ ရောက်လာသည်။ အိုင်းရစ်က အသူရာ ကောင်းကင်ထံ လှည့်ကြည့်ကာ၊

“ မင်းက ငါ့ထက် ဒီကောင်လေးကို ပိုစိတ်ပူနေပုံရတယ်။ ”

-ဟု ပြောကြားလိုက်သည်။

“ သူက ... ဒီလောက် ကြီးမားတဲ့ ရုန်းရင်းဆန်ခတ်မှုတွေကို လုပ်ထားတဲ့အတွက် ငါဘယ်လိုလုပ် မစိုးရိမ်ပဲ နေမလဲ။ ”

အသူရာ ကောင်းကင်က စောဒက တက်လေသည်။ အိုင်းရစ်က စားပွဲအနားသို့ လျှောက်လှမ်းသွားပြီး ရေနွေးပူပူကို ကောက်သောက် လိုက်သည်။

ပြီးနောက်၊

“ နေဝင်ခါနီးရင် သူဆုံးဖြတ်လိမ့်မယ် ... အခု မဟုတ်သေးဘူး။ ”

“ ဘာလို့ နေဝင်ချိန်မှလဲ။ ”

“ သူက ဓားကို ရွေးဖြစ်ဖို့များတယ် ... သူ့အရိုးထဲမှာ မာနကြီးပြီး လွယ်လွယ်နဲ့ အရှုံး မပေးတတ်ဘူး။ ”

ထိုအဖြေကြောင့် အသူရာ ကောင်းကင်က သက်ပြင်းချလိုက်ပြီး၊

“ သနားစရာ ကောင်းလိုက်တာ ... ဒီကမ္ဘာပေါ်မှာ နောက်ထပ် ဓားတန်ခိုးရှင် တစ်ယောက် ရှိလာတော့မယ့်ပုံပဲ။ ”

ဓားတန်ခိုးရှင်များသည် အစွမ်းထက် သော်လည်း အထွတ်အထိပ် ဧကရာဇ်များသာ ဖြစ်သည်။

၎င်းတို့ လုပ်ဆောင်နိုင်သမျှသော အကောင်းဆုံးမှာ သာမန် နတ်ဘုရားများကို အနိုင်ယူခြင်း ဖြစ်၏။ ပြီး အမည်ခံ နတ်ဘုရား အဖြစ် အဆုံးသတ်သွားကြသည်။

ဆိုလိုသည်မှာ အဆုံးတွင် သက်တမ်း ကုန်လွန်လျက် ဓားနှင့်အတူ သူတို့ကိုယ် သူတို့ မြုပ်နှံလိုက်ခြင်းဖြစ်သည်။

“ အဲဒီလောက်ကြီးလည်း ... သေချာ မနေပါနဲ့ဦး သူက အတိတ်ဘဝတုန်းက ငါ့ဆရာ လေးစားရတဲ့ မိတ်ဆွေ တစ်ယောက်ပဲ ... ဒီလို ဖြစ်မယ် မထင်ပါဘူး။ ”

“ အတိတ်ဟာ ... ဘဝတစ်ခု ဖြစ်ပြီး ပစ္စုပ္ပန်က ဘဝတစ်ခုပဲ ... ဘဝနှစ်ခုက ထပ်တူ မကျနိုင်ပါဘူး။ ”

“ မင်း ... ငါ့ကို ငြင်းခုံ စေချင်နေရင် လက်လျော့လိုက်တော့ ... ငါ မင်းပြောတာကို သဘောတူတယ်။ ”

အိုင်းရစ် မငြင်းချေ။ အသူရာ ကောင်းကင် သခင်မှ ပြုံးသည်။ သူ စကား ပြန်ပြောခါနီးတွင် လင်းယွန်က ကျောက်စိမ်းတုံးကို ချလိုက်ပြီး ထရပ်လာသဖြင့် လှည့်ကြည့်လိုက်မိသည်။

လင်းယွန်တစ်ယောက် ပန်းသင်္ချိုင်းထံ ဖြည်းညှင်းစွာ လျှောက်လှမ်းလျက် ကောက်ယူ လိုက်တော့သည်။

“ သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ ... အခုနေမဝင်သေးဘူး မဟုတ်လား မင်းထားခဲ့တဲ့ ကန့်သတ်ချက်က မလုံလောက်လို့လား။ ”

အသူရာ ကောင်းကင် စကားကြောင့် အိုင်းရစ်က လင်းယွန်ထံ လှမ်းချောင်းကြည့်ပြီး အကြောင်းမပြန်ဘဲ အတွေးနက်သွား၏။

“ အိုင်းရစ် မင်းထားခဲ့တဲ့ ... ကန့်​သတ်​ချက်​ ရှိ​သေးတယ် မဟုတ်လား။ ”

အသူရာ ကောင်းကင်က ထပ်မေးသည်။

“ ကန့်သတ်ချက်က ရှိနေတုန်းပဲ ... သူ ဓားကိုထိရင် ပြင်းပြင်းထန်ထန် တုံ့ပြန်လာ လိမ့်မယ်။ ”

“ မင်းထားခဲ့တဲ့ ကန့်သတ်ချက်က ကောင်းကင်တာအို အမိန့်တော့ မဟုတ်ဘူး မဟုတ်လား။ ”

“ မဟုတ်ဘူး ... အဲဒါ ကောင်းကင် တာအို အမိန့်ပဲ။ ”

“ မင်း ... ။ ”

ထိုအဖြေကြောင့် အသူရာ ကောင်းကင် နတ်သခင်ခမျာ ထိတ်လန့်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။

“ ရပ် ... ဓားကို မထိနဲ့ ... ။ ”

အော်ဟစ်လျက် လင်းယွန်ကို တားဆီးရန် ရွေ့လျားတော့၏။

“ ငါ ... သူ့ကို သတိပေးထားတယ်လေ။ ”

အိုင်းရစ်က ခွင့်မပြုဘဲ ​အသူရာ ကောင်းကင်နတ်သခင်၏ အသံနှင့် ရွေ့လျားမှု အပေါ် ကန့်သတ်ပစ်လိုက်သည်။

“ လွတ်စမ်း ... သူသေရင် ငါ့သမီးက ခွင့်လွှတ်မှာ မဟုတ်ဘူး အခုမှ ငါတို့ အဆင်ပြေ လာတာ ... မင်းငါ့ကို မီးတွင်းထဲ ပစ်ချနေတာလား။ ”

အသူရာ ကောင်းကင် နတ်သခင် တစ်ယောက် ရူးသွပ်သွားတော့၏။ အိုင်းရစ် ဓားသူတော်စင်က မျက်မှောင်ကြုတ် လိုက်မိ သော်လည်း ကန့်သတ်ချက်ကို ဖြေပေး လိုက်ရလေသည်။

***

All Chapters