← Chapters

ဗလာစာရွက်။

Vol. 174 Ch. 2424

ဗလာစာရွက်။

Vol. 174 Ch. 2424

အိုင်းရစ်က လွှတ်ပေးလိုက်သောအခါ လင်းယွန်မှ ပန်းသင်္ချိုင်းကို ကောက်ကိုင်နေပြီ ဖြစ်သောကြောင့် အသူရာ ကောင်းကင်မှ ချက်ချင်း ရပ်လိုက်ရသည်။

အိုင်းရစ်ထားခဲ့သော ကန့်သတ်ချက်သည် သံကြိုးများအဖြစ်ပေါ်လာပြီး ပန်းသင်္ချိုင်းအပေါ် ရစ်ပတ်လာတော့၏။

သို့သော် ကြောက်စရာ ကောင်းသည်မှာ ထိုသံကြိုး မဟုတ်ချေ။ ကောင်းကင် တာအို အမိန့် ဖြစ်သည်။

“ နောက်ကျသွားပြီ။ ”

အသူရာ ကောင်းကင်က အိုင်းရစ်နှင့် စကားပြောရန် လာမိသည့်အတွက် နောင်တရ သွားတော့သည်။

“ ဂျိန်း ... ။ ”

ကောင်းကင်တာအို စွမ်းအားအပေါ် ခုခံရန် အသူရာ ချပ်ဝတ်မှ နတ်ရူရ်နှင့် နတ်နဂါး ဘုရင် ခန္ဓာကိုယ်ကို လင်းယွန်မှ ထုတ်ဖော်လိုက်၏။

ဓားနှစ်ပါး သုတ္တန်ကို ဖြန့်ကျက်ကာ ထာဝရတာအိုပန်း နှစ်ပွင့် ပွင့်စေပြီး နက္ခတ် နှစ်လုံး ထပ်ခေါ်မိသည်။

နောက်ဆုံးတွင် ကောင်းကင် တာအို အမိန့်တော်၏ တန်ခိုးကို ခံနိုင်ရည် ရှိလာကာ ရှေ့တစ်လှမ်း တိုးလိုက်၏။

“ သေစမ်း ... ။ ”

သူ့ခန္ဓာကိုယ်ပေါ် လျှပ်စီးများ ကူးစက်လာသဖြင့် အဝေးမှ ကြည့်နေသော အသူရာကောင်းကင်မှ ထိတ်လန့်သွားသည်။

“ သူသေသွားမှာ မင်းမကြောက်ဘူးလား။ ”

အသူရာ ကောင်းကင်က အိုင်းရစ်ကို လှည့်ကာမေးသည်။ အိုင်းရစ်က ပြန်မဖြေချေ။ လင်းယွန်ကို ဤနေရာ၌ သေစေရန် မဟုတ်ဘဲ နေမဝင်မီ သူ့ဓားကို မယူစေရုံသာ ဖြစ်သည်။

ဆိုလိုသည်မှာ ကောင်းကင် တာအို အမိန့်သည် ပြင်းထန်သော ဒဏ်ရာများကိုသာ ရစေပြီး သတ်မိမည် မဟုတ်ချေ။

မတော်တဆ သေသွားလျှင်ပင် မိနစ် အနည်းငယ်အတွင်း ပြန်ခေါ်နိုင်သည်။ သို့သော် လင်းယွန်သည် ကောင်းကင် တာအို အမိန့်၏ တန်ခိုးကို ခံနိုင်ရည်ရှိသဖြင့် သူသည်လည်း အံ့ဩသွားရသည်။

ပန်းသင်္ချိုင်းပေါ်ရှိ သံကြိုးများ ဖြည်းညှင်းစွာဖြင့် ပြတ်တောက်ပြီး နတ်နဂါး ဘုရင်၏ ကိုယ်လုံးကိုယ်ပေါက်၌ ဒဏ်ရာများ ရရှိလာသည်။

အနှောင်အဖွဲ့များ အားလုံး ပြတ်တောက် သွားသော အခါတွင် ကောင်းကင် တာအိုသည် ခပ်ဝါးဝါးသာ ကျန်ရစ်ခဲ့တော့သည်။

ဤအခိုက်တွင် ပန်းသင်္ချိုင်းကို ထိန်းချုပ်ရန် မကြိုးစားတော့ဘဲ ဓားရည်ရွယ်ချက် အပေါ်သာ အာသီသ ထားမိသည်။

“ နေမဝင်ခင် ဓားကို ထိခွင့် မရှိလို့ ... ကောင်းကင် တာအိုနဲ့ တစ်စုံတစ်ယောက်က အမိန့်ပေးချင်တာလား ... ကောင်းပြီ ငါ့ဓားကိုမကိုင်ဘူး။ ”

လင်းယွန်ခန္ဓာကိုယ်၌ သွေးချင်းချင်း ရဲလာတော့သည်။ ဒွါရခုနစ်ပါးမှ အဆက်မပြတ် စီးကျနေခြင်း ဖြစ်၏။

“ သူ ဆက်မထိန်းနိုင်တော့ဘူး။ ”

အသူရာ ကောင်းကင် သခင်က ကူညီရန် ပြင်လိုက်သည်။

“ ကောင်းကင် တာအို အမိန့်ကို ငါချန်ထားခဲ့တဲ့ အတွက် သူ တောင့်မခံနိုင်တာ သဘာဝပါ ... ဒါပေမယ့် မသေပါဘူး။ ”

အိုင်းရစ်က ရှင်းပြသည်။ ပန်းသင်္ချိုင်း ကိုယ်ထည်သည် သတ္တုကိုယ်ထည်တစ်ခုကဲ့သို့ ရုတ်တရက် တောက်ပလာ၏။

ဤသည်မှာ ဘုန်းဝိညာဉ်များ ဖြစ်သည်။ ကောင်းကင် တာအို အမိန့် ဖိအားအောက်တွင် ဘုန်းဝိညာဉ် ခုနစ်ပါးအဖြစ်သို့ ပြောင်းလဲသွား တော့သည်။

“ ဒီဓားက မရိုးရှင်းဘူး ... မယုံနိုင်စရာပဲ။ ”

အသူရာ ကောင်းကင်က မှတ်ချက်ပေး လိုက်သည်။

“ မရိုးရှင်းတော့ ဘာဖြစ်လဲ ... ဒါက ကောင်းကင်တာအို အမိန့်ကို ဘာများ လုပ်နိုင် ဦးမှာ မို့လဲ။ ”

အိုင်းရစ်က ငြိမ်သက်စွာ မှတ်ချက်ပြု လိုက်သည်။ ထိုစဉ် ပန်းသင်္ချိုင်းမှ ကောင်းကင် သင်္ချိုင်း နက္ခတ်နှင့် ချိတ်ဆက်တော့၏။

“ ခရစ် ... ။ ”

ထို့ကြောင့် အုပ်စိုးရှင် လက်ရာ အဆင့် ရောက်ရှိလာပြီး ရောင်ဝါက ကောင်းကင် တာအို အမိန့်ကို တွန်းလှန်တော့သည်။

“ ဝှစ် ... ။ ”

တစ်ဆက်တည်းမှာပင် ပန်းသင်္ချိုင်း အတွင်းမှ လူတစ်ယောက် ဓားကိုင်လျက်ဖြင့် ပြေးထွက် လာသည်။

“ စီနီယာ တောင်ပိုင်း ဧကရာဇ်။ ”

လင်းယွန်က မော့ကြည့်ကာ အံ့ဩ သွားသည်။ ဤသည်မှာ တောင်ပိုင်း ဧကရာဇ် ဝိညာဉ် ဖြစ်၏။ ၎င်းကို ပထမဆုံး အကြိမ် တွေ့မြင်ဖူးခြင်း ပေပင်။

ချောမောလှပသော ၎င်းမျက်နှာသည် အမျိုးသမီးတစ်ယောက်နှင့် ပိုတူသည်။ ဘုရင် တစ်ပါးကဲ့သို့ ကြီးစိုးသော ရောင်ဝါလည်း ပေးစွမ်း၏။

“ ငါ့ဓားက ကောင်းကင်ကို ဖြတ်နိုင်တယ်။ ”

တောင်ပိုင်းဧကရာဇ်က ပြုံးလျက် ကြွေးကြော်လိုက်၏။ ပန်းသင်္ချိုင်း ပိုင်ရှင် နှစ်ဦး ပူးပေါင်းကာ ကောင်းကင်တာအို အမိန့်ကို ဖြိုခွဲပစ် လိုက်ကြသည်။

“ ဝုန်း ... ။ ”

ထို့နောက် တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်ကာ တောင်ပိုင်းဧကရာဇ်က ပြုံးပြလာ တော့၏။

“ ငါ့ဓား မင်းလက်ထဲမှာ ရှိနေတဲ့အတွက် ဝမ်းသာပါတယ်။ ”

စကားဆုံးသည်နှင့် တောင်ပိုင်း ဧကရာဇ် ဝိညာဉ်က တဖြည်းဖြည်း ပျောက်ကွယ်သွား လေသည်။

“ ဟား ဟား ဟား ... ဒါဆို ဆန္ဒအတိုင်းပဲ ... ။ ”

လင်းယွန်က ရယ်မောလျက် ပြိုးပြက်နေသော ဓားရောင်ဝါနှင့် ဗောဓိပင်ကို အပိုင်းပိုင်းဖြတ်ကာ သူရဲကောင်း ဝိညာဉ်ကို ပြသလိုက်တော့သည်။

ထောင်နှင့်ချီသော ဆန့်ကျင်မှုများ ကြုံရလျှင်ပင် ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။ ဤဓားရောင်ဝါသည် တာအို သုံးထောင်၌ အမြင့်မြတ်ဆုံး ဖြစ်၏။

အိုင်းရစ်နှင့် အသူရာ ကောင်းကင်က တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်လိုက် မိသည်။

“ ငါ သွားလိုက်မယ်။ ”

အိုင်းရစ်က သက်ပြင်းချကာ ရွေးလျားသွားသည်။ ဤသည်မှာ အိုင်းရစ် အတွက် ပထမဆုံး ရှုံးပွဲ ဖြစ်မှန်း အသူရာ ကောင်းကင်က သိလိုက်၏။

ချောက်ကမ်းပါးပေါ်ရှိ လင်းယွန်ကို ရှုပ်ထွေးနေသော အကြည့်ဖြင့် အိုင်းရစ်မှ ကြည့်သည်။

လင်းယွန်သည် ထာဝရတာအို အစား ဓားတာအိုကို ရွေးချယ်မည်ဟု ခန့်မှန်းနိုင်သည်။ သို့သော် ဤရလဒ်မျိုး မမျှော်လင့်ခဲ့ချေ။

“ စီနီယာ ... ။ ”

လင်းယွန်က လက်ချောင်းများ အချင်းချင်း ယှက်ကိုင်ကာ အရိုအသေပေးလိုက်တော့သည်။ အဝတ်အစားများ ပျက်စီးနေ သော်လည်း ပြုံးနေခဲ့၏။

“ ဂုဏ်ယူပါတယ်။ ”

အိုင်းရစ်က ပြောကြားလိုက်သည်။

“ ဂုဏ်ယူပါတယ် ... ဘာအတွက် ဂုဏ်ယူတာလဲ စီနီယာ ... ဒါက ငါရွေးချယ်မှု တစ်ခုလေး လုပ်ခဲ့တာပါ။ ”

လင်းယွန်မှ ပြန်မေး၏။

“ မင်းရဲ့ ဓားက ပိုကျွမ်းကျင်လာပြီ ... မကြာခင်မှာ ပြီးပြည့်စုံတဲ့ ကျွမ်းကျင်မှုကို ရလိမ့်မယ်။ ”

အိုင်းရစ်က ပြုံးပြီး မေးဆတ်ပြ၏။ ထိုစကားကြောင့် သူ့ကိုယ်သူ ဆန်းစစ်ကြည့် လိုက်သောအခါတွင် ဓားပင်လယ်အတွင်းမှ နေမင်းကြီးမှာ ယခင်ထက် ပိုမို ကြီးမား နေသည်ကို တွေ့ရှိလိုက်ရသည်။

၎င်းတွင် ကမ္ဘာတစ်ခု၏ ကောက်ကြောင်းပင် ပေါ်နေခဲ့သည်။

“ ဒီလောက်အထိ တွေးမထားမိဘူး။ ”

“ မင်းဆုံးဖြတ်ပြီးပြီလား ... ဓားတာအိုနဲ့ ထာဝရတာအို။ ”

“ ဟုတ်ကဲ့ ... ။ ”

လင်းယွန်က ခေါင်းညိတ်သည်။

“ ဓားကို ဆွဲလိုက်တဲ့အခါမှာ ... ခေတ် အဆက်ဆက် ထင်ရှားခဲ့တဲ့ သူရဲကောင်းတွေရဲ့ ဝိညာဉ်ကို ငါရတယ် ... ဘယ်လောက်ပဲ ...

... ဆန့်ကျင်နေပါစေ ငါ့ဓားကို လွှဲရမယ်၊ ဒီနေ့က စပြီး တာအို သုံးထောင်မှာ ဓားကသာ အမြင့်မြတ်ဆုံးပဲ။ ”

လင်းယွန်က သူနားလည်လာသည်ကို ပြောပြလိုက်သည်။ ယခုအချိန်၌ သူတော်စင် ဘုရင် အဆင့်သို့ တက်လှမ်းလိုသော် သူ အောင်မြင်နိုင်ပေမည်။

“ တာအိုတွေကို ခွဲခြားထားပေမယ့် နည်းပညာ အပေါ်တော့ ခွဲခြားလို့မရဘူး ဒါက ဘာကို ဆိုလိုတာလဲ။ ”

အိုင်းရစ်က စစ်မေး၏။

“ တာအိုရဲ့ အဆင့်အတန်းကို ... ကောင်းကင်နဲ့မြေကြီးက ခွဲခြားတယ် ဒါကြောင့် အဲဒါကို ငါစဉ်းစားနေစရာ မလိုပါဘူး ... ရွေးချယ်မှုသာ အရေးကြီးဆုံးပဲ ...

... ငါ့ရွေးချယ်မှုကြောင့် လမ်းဆုံးကို ရောက်သွားခဲ့ရင်တောင် ... ငါ့လမ်းကို ငါဆက် ဖောက်ရမယ်။ ”

လင်းယွန်၏ အဖြေသည် သူ့ထက်ပင် ပို၍သိသာထင်ရှားသော အကျိုးသက်ရောက်မှု ဖြစ်စေသည့် အတွက် အိုင်းရစ်က အံ့အားသင့်သွား၏။

“ ချီလင်ဓားကျမ်းက မင်းကို အဖြေပေးခဲ့တာလား။ ”

“ အဲဒါက ဓားတာအိုကို မျက်စိပွင့်စေတဲ့ မှတ်တမ်းတစ်ခုပါပဲ ... ဒါပေမယ့် အခုသိခဲ့သမျှ ကျွန်တော့ ဘဝရဲ့ ကောက်နုတ်ချက်တွေပါ ... အခု ကျွန်တော် လုပ်ချင်တာကို လုပ်ရမယ် ဆိုတာ သိလာမိတယ်...

... တိုက်ဆိုင်စွာပဲ ဗောဓိပင်ကြည့်ပြီး ရွေးချယ်ဖို့ ခွဲခြမ်းစိတ်ဖြာနေတုန်း အများစုကို မေ့ကုန်ပြီး ... စီနီယာရဲ့ လမ်းညွှန် စကားပဲ နှလုံးသားထဲ ကြားလာတယ်။ ”

“ ဘာတွေ မှတ်မိခဲ့လဲ ... ။ ”

“ မဟာ တော်ဝင်ဓားကျမ်းနဲ့ နဂါး-ဖီးနစ် ကမ္ဘာ့ဖျက် ဓားကျမ်း ပြီးတော့ ဓားရေးမှာ ဆိုရင် ယင်-ယန်ဓားနဲ့ နိဗ္ဗာန်ဓား ... ကျန်တဲ့ အရာတွေ အားလုံး မေ့ကုန်တယ် ...

... သတိ မရတော့ဘူး ... လက်သီး နည်းစနစ်အတွက်တော့ ယင်ယန်လက်သီးကို မှတ်မိတယ်။ ”

ဗောဓိပင်ကို ဖြတ်လိုက်သော အခါတွင် ရွေးချယ်မှုတစ်ခု ပြုလုပ်ခဲ့ သည်သာ မကဘဲ နှောင်ကြိုးများပါ ဖြတ်ပစ်နိုင်ခဲ့ချေပြီ။

“ ပိုးစုန်းကြူး နတ်ဓားကိုရော မေ့ခဲ့လား။ ”

“ ဟုတ်ကဲ့ ... ။ ”

လင်းယွန်က ခေါင်းညိတ်ပြသည်။

“ ဒါက ... မင်းရဲ့ ကိုယ်ပိုင် နားလည်မှုတွေကိုပဲ မှတ်မိပြီး သင်ကြားထား သမျှကို မေ့သွားတယ်ဆိုတာ ကိုရော သတိထားမိလား။ ”

အိုင်းရစ်၏ ထောက်ပြမှုကြောင့် လင်းယွန်တစ်ယောက် တုန်လှုပ်သွားရသည်။

“ အမှန်ပဲ ... ။ ”

ယင်ယန်တာအိုကြောင့် ယင်ယန် လက်သီးနှင့် ယင်ယန်ဓားကို သူ နားလည်ခဲ့ခြင်း ဖြစ်သည်။

အပူပင် ကင်သော ဓား(၉)လက်၊ ပိုးစုန်းကြူးနတ်ဓား၊ နတ်ဘုရား ပုံရိပ်ယောင် ဓား၊ အဓိပတိနဂါး လက်သီးနှင့် ရွှေကျီးကန်း ပညာရပ် ကဲ့သို့သော အရာများသည် သူ သင်ယူထားခြင်း ဖြစ်၏။

“ မင်း ... သူတို့ကို မေ့သွားတာ ကောင်းပါတယ် ... သတိရ နေရင်သာ မင်း ပြောင်းလဲ သွားလိမ့်မယ်။ ”

အိုင်းရစ်က ရောင်စဉ်ကိုးသွယ် ဗုဒ္ဓဗောဓိစေ့ကို ထုတ်ကာ ကမ်းပေးလာ၏။

“ ဒီမှာ ... မင်း သူတော်စင် ဘုရင် အထွတ်အထိပ်ကို ရောက်တာနဲ့ ... မှတ်မိတဲ့ အရာအားလုံး ချန်ထားခဲ့ ... ယင်ယန်ဓားနဲ့ နိဗ္ဗာန်ဓားပါ မကျန် ... ။ ”

လင်းယွန်သည် ဗောဓိစေ့ကို ယူကာ ခေါင်းညိတ် လိုက်သည်။ အိုင်းရစ်သည် သူ့ကို စာရွက်အလွတ် တစ်ရွက် ဖြစ်စေလိုပုံရ၏။

ဤသည်မှာ ပို၍ ခိုင်မာသော အခြေခံ အုတ်မြစ်ကို ရေးဆွဲနိုင်စေရန် ဖြစ်သည်။ အရာ အားလုံး လွတ်လပ်စွာဖြင့်။

အတားအဆီးမဲ့ ... ။ အကန့်အသတ်မဲ့။ အတုမဲ့။ လွတ်လွတ်လပ်လပ်။ ကိုယ့်အိမ်မက်ကို ကိုယ်တိုင် ရေးဆွဲနိုင်မည် ဖြစ်၏။

“ ဒီထဲမှာ ယင်ယန် တာအိုနဲ့ ... နိဗ္ဗာန်တာအိုပါတယ် မင်းနားလည်ထားသမျှ ပြည့်စုံအောင် လုပ်လို့ရတယ်။ ”

***

All Chapters