တစ်ကြိမ် လှုပ်ရှားခွင့်ပေးမယ်။
Vol. 174 Ch. 2426
လင်းယွန်က နိဗ္ဗာန်တာအိုနှင့် ယင်ယန် တာအိုကို နားလည်မှု ရယူနေချိန်တွင် ခွန်လွန်၌ လူအများ စုဝေးနေကြသည်။
သက်တံဓားသူတော်စင်၏ ဒုက္ခဖြစ်ရပ်ပေါ်ပေါက်ပြီး တစ်ရက်အကြာတွင် အမျိုးမျိုးသော အင်အားစုများက တစ်နေရာထဲ စုရုံးနေခဲ့သည်။
ယင်းသည် ကောင်းကင်ယံ ဂိုဏ်း၏ ပင်မခန်းမ ရင်ပြင်တွင် ဖြစ်၏။ များပြားလှသော သူတော်စင်များ ပေပင်။ သူတော်စင် သခင်များ အတွက်ပင် ထိုင်စရာနေရာ မရှိချေ။
တျန်ရွှမ်ဇီက ပင်မထိုင်ခုံတွင် မထိုင်ဘဲ အဘိုးကြီး တစ်ယောက်ကို ပေးထိုင်ထားသည်။ ငွေချည်ဖြင့် အနားကွပ် ထားသည့် ရွှေဝါရောင် ၀တ်ရုံကို ဆင်မြန်းထား၏။
ရင်ဘတ်တွင် ရွှေကျီးကန်းနှင့် ငွေခြင်္သေ့တစ်ကောင် ပါရှိပြီး ၎င်းမှာ နေ-လကို ကိုယ်စားပြုချေပြီ။
ငွေချည်များက လရောင်ဖြစ်ပြီး ရွှေဝါရောင်များက နေရောင်ခြည်ဖြစ်၏။ ၎င်းကို ကြည့်ရုံဖြင့် မင်ဂိုဏ်းမှ ‘အုပ်စိုးရှင် အဆင့် နေလ သူတော်စင် ချပ်ဝတ်’ ဖြစ်ကြောင်း မည်သူမဆို ပြောနိုင်သည်။
သူတော်စင် ရတနာများ ကြားတွင် အဝတ်အစားများသည် သဘာဝအားဖြင့် အဖိုးတန်ဆုံး ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အရေးကြီးသော အခိုက်အတန့်တွင် အသက်ကို ကာကွယ် ပေးနိုင်သောကြောင့် ပေပင်။
အဖိုးကြီး အမည်မှာ အလင်းနှိမ်နင်းခြင်း မဟာသူတော်စင် ဖြစ်၏။ အသက်အရွယ်အရ သက်တံဓား သူတော်စင်နှင့် တူသည်။
တျန်ရွှမ်ဇီသည် ကောင်းကင် တာအိုဂိုဏ်း အပေါ် အနိုင်ယူပြီးနောက် အရှေ့ဘက် ပျက်စီး မြေ၏ ဇာတ်ကောင် ဖြစ်လာ၏။
အလားအလာသည် အကန့်သတ်မဲ့ကာ ဧကရာဇ်ဖြစ်ရန် အခွင့်အလမ်း များလေသည်။ ထိုကြောင့် အဖိုးအိုက ဤထိုင်ခုံကို မယူချင်ချေ။ တျန်ရွှမ်ဇီမှ အတင်းအကြပ်ပေးခြင်း ကြောင့်သာ ထိုင်နေရခြင်း ဖြစ်၏။
ပင်မထိုင်ခုံ၏ တစ်ဖက်တစ်ချက်တွင် ကောင်းကင်မီးလျှံဂိုဏ်းနှင့် အနန္တလျှပ်စီးဂိုဏ်းမှ မဟာသူတော်စင်များ ရှိသည်။
၎င်းတို့အမည်မှာ မီးကျီးကန်း မဟာ သူတော်စင်နှင့် ကောင်းကင်ဘုံ ကျက်သရေ မဟာ သူတော်စင် ဖြစ်၏။ နှစ်ယောက်စလုံးက သက်ဆိုင်ရာဂိုဏ်း၌ ဂိုဏ်းချုပ်များ ပေပင်။
သူတို့နောက်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသော တောင်နက် သူတော်စင် ခုနစ်ပါး ရှိသည်။
၎င်းတို့ အနောက်၌ မြင့်မြတ်မြေ သုံးပါးမှ ခေါ်ယူလာသော မဟာသူတော်စင်များ ဖြစ်၏။ ထိုပုဂ္ဂိုလ်များ ရှေ့တွင် အင်အားစုအသီးသီးမှ သူတော်စင်ဘုရင်များ ထိုင်နေကြသည်။
သူတော်စင် သခင်များ အတွက်မူ လူအုပ်ကြီးအဆုံး၌ နာခံမှုရှိစွာ မတ်တပ်ရပ် နေခဲ့ရ၏။
ကောင်းကင်ယံ ဂိုဏ်း၏ မဟာ သူတော်စင်များ အပါအဝင် မဟာသူတော်စင် (၂၅)ပါး ရှိသည်။
သူတော်စင်ဘုရင်မှာ (၄၀)ခန့် ရှိ၏။ တျန်ရွှမ်ဇီ၏ အမြီးကိုးချောင်းမြေခွေးကဲ့သို့သော အထူးကျွမ်းကျင်သူများကို ထည့်တွက်ပါက သူတော်စင်သခင်များ အတွက် နေရာ မပေးနိုင်သည်မှာ သဘာဝပေပင်။
လူအင်အားအရ ဧကရာဇ် တစ်ပါး ရောက်လာလျှင်ပင် ပြန်လည် ဆုတ်ခွာအောင် ဖိအားပေးနိုင်သည်။
အဘယ်ကြောင့်ဆိုသော် ဤနေရာရှိ သူတော်စင်များသည် ဂိုဏ်းချုပ်ကြီးများ၊ မဟာ အကြီးအကဲများနှင့် ကျွမ်းကျင် မိစ္ဆာ ကျင့်ကြံ သူများ ဖြစ်ကြသောကြောင့် ဖြစ်သည်။
ရုတ်တရက် တျန်ရွှမ်ဇီက မြောက်ဘက် ကောင်းကင်သို့ လှမ်းကြည့်ကာ ပြုံးလိုက်ပြီး၊
“ ဒီဓားရောင်ခြည်က ပိုလို့တောင် တောက်ပလာပြီ။ ”
-ဟု မှတ်ချက်ပြုလိုက်သည်။
လူတိုင်း ခေါင်းလှည့်လိုက်သောအခါ ဓားဂိုဏ်း၏ ဦးတည်ရာအရပ်၌ တိမ်များပေါ် ဖြတ်၍ ဓားအလင်းတန်းတစ်ခု ထိုးဖောက် ထွက်နေသည်ကို မြင်လိုက်ရသည်။
နောက်ဆုံးတွင် တျန်ရွှမ်ဇီသည် အဓိက အကြောင်းအရာထံသို့ ဦးတည်ပြီမှန်း လူတိုင်း သိလိုက်ကြ၏။
ထို့ကြောင့် အားလုံး စိတ်လှုပ်ရှားမိသည်။ သူတို့သည် သက်တံဓားကို ဧကရာဇ် ဖြစ်ခြင်းမှ တားဆီးရန် ဤနေရာ၌ ရှိနေခြင်း ဖြစ်၏။
အကျိုးအမြတ် အနေဖြင့် တျန်ရွှမ်ဇီ နောက်တွင် နတ်နဂါး အင်ပါယာရှိနေခဲ့သဖြင့် လက်ရှိရာထူးကို နောက်ထပ် ခြေတစ်လှမ်း တိုးနိုင်မည် ဖြစ်သည်။
တဖန် အချို့သည် ဤနှစ်ပေါင်း သုံးထောင်အတွင်း သက်တံဓား သူတော်စင်မှ သင်ခန်းစာ ပေးခံရသူများ ဖြစ်၏။ ပုဂ္ဂိုလ်ရေး အရ လက်စားချေလိုကြသည်။
ကောင်ကင်ခွဲ မဟာသူတော်စင်က၊
“ မြင့်မြတ်သော သခင် စိတ်အေးအေး ထားပါ ... သက်တံဓားက ဧကရာဇ်ကိုးပါးကို ပြိုင်လိုမှတော့ သေမှာ သေချာပါတယ်။ ”
“ မှန်တယ် ... သက်တံဓားက သေချင်နေတာပဲ ... လွန်ခဲ့တဲ့ နှစ်တစ်ရာကသာ သူ ဧကရာဇ် ဖြစ်လာခဲ့ရင် ... အခုချိန်ဆို သူ့ကို ဘယ်သူမှ တားနိုင်တော့မှာ မဟုတ်ဘူး။ ”
“ ဒီအဆင့်ရဲ့ ဒုက္ခကို ... ဘယ်သူမှ မကျော်ဖြတ်နိုင်ဘူး။ ”
“ ရှေးဟောင်း ပျက်သုဉ်းမြေမှာ ဧကရာဇ် တစ်ပါးပေါ်ရမယ်ဆိုရင် အဲဒါက ကောင်းကင်ဘုံ မြင့်မြတ်သောသခင်ပဲ ဖြစ်ရမယ် ... ရှေးဟောင်း ပျက်သုဉ်းမြေကို ဘွဲ့အမည် အဖြစ် သုံးနိုင်ပြီ။ ”
ကောင်းကင်ဘုံ မြင့်မြတ်သော သခင် ဟူသည်မှာ တျန်ရွှမ်ဇီကို မြောက်ပင့် ခေါ်ဝေါ် လိုက်ခြင်း ဖြစ်၏။
တျန်ရွှမ်ဇီက ပြုံးပြီး၊
“ ဒီလို ထင်ရပေမယ့် ... သက်တံဓားက သူ့ဒုက္ခအပေါ် အောင်မြင်ဖို့ အခွင့်အရေး ရှိတယ် ဘာပဲဖြစ်ဖြစ် ငါတို့ ဖျက်ဆီးပစ်ရမယ် ဓားဂိုဏ်းနဲ့ ငါက ရန်ငြိုးရှိတယ် ...
... ပြီးတော့ ရှေးဟောင်း စစ်မြေပြင်မှာ တုန်းက သက်တံဓား သူတော်စင်ကို ကျင့်ကြံရာ ကနေ ထွက်ဖို့တောင် တွန်းအားပေးမိတယ် ...
... အဲဒီလိုပဲ မင်းတို့ မြင့်မြတ်မြေ သုံးပါးလည်း ဓားဂိုဏ်းနဲ့ ရန်ငြိုးတွေ ရှိတယ် မဟုတ်လား၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ကိုးရာခန့်က ရှေးဟောင်း ပျက်သုဉ်းမြေကို မင်းတို့တွေ ကျူးကျော်ခဲ့တယ်၊ ...
... သက်တံဓားက မင်းတို့ရဲ့ သူတော်စင်တွေကို မရေမတွက်နိုင်အောင် သတ်ပစ်ခဲ့တယ် ဒါကြောင့် သူသာ ဧကရာဇ် ဖြစ်လာခဲ့ရင် မြင့်မြတ်မြေ သုံးပါးလည်း ဆုံးခန်းတိုင်သွားနိုင်မယ် ...
... ပြီးတော့ တောင်နက် သူတော်စင် သူတော်စင် ခုနစ်ပါး ... သက်တံဓား သူတော်စင် ကြောင့်သာ မဟုတ်ရင် အခုလို ပုန်းအောင်း နေစရာ ဘယ်လိုတော့မလဲ ငါပြောတာ ဟုတ်တယ် မလား။ ”
မြင့်မြတ်မြေ သုံးပါးမှ သူတော်စင်များက အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့တွင် ပြန်၍ ချေပရန် စကားမရှိချေ။
တောင်နက် သူတော်စင် ခုနစ်ပါးသာ ခေါင်းညိတ်သည်။ ထိုစဉ်က မူလ နဂါး မဟာ သူတော်စင် ကဲ့သို့သော လူများစွာကို သက်တံဓားက ဦးဆောင်ခဲ့၏။
ယင်းက မိစ္ဆာအဆင့် သတ်မှတ်ချက်မှ ကျင့်ကြံသူတိုင်းကို သုတ်သင် ရှင်းလင်းခဲ့သဖြင့် တောင်နက်သို့ ဝင်ရောက် ပုန်းကွယ်ခဲ့ရသည်။
သူတို့သည် နာမည်ဆိုးဖြင့် ကျော်ကြား သော်လည်း အခြေခံအုတ်မြစ်အရ မြင့်မြတ်မြေ မဟာ သူတော်စင်များကို ယှဉ်၍ မရခဲ့ချေ။
ထို့ကြောင့် ရွေးချယ်စရာ မရှိဘဲ တောင်နက်အတွင်း တစ်ချိန်လုံး ပုန်းနေရသည်။ မင်ဂိုဏ်း၏ အလင်း နှိမ်နင်းခြင်း မဟာ သူတော်စင်က၊
“ မြင့်မြတ်သော သခင် ... ဒါတွေ ပြောစရာ မလိုပါဘူး ... ငါတို့ မင်းအတွက် လာခဲ့တာ ဒါဆို မင်းပဲ အမိန့်ပေးလို့ရပါတယ်။ ”
-ဟု ပြောဆိုလိုက်၏။
ကောင်းကင်သော့ မဟာ သူတော်စင်က၊
“ ငါ့ဆန္ဒအရ ဆိုရင်တော့ ... ဓားဂိုဏ်းတစ်ခုလုံးကို အမြစ်ကနေ ဖယ်ရှားဖို့ လူတိုင်းကို သတ်ပစ်သင့်တယ်။ ”
-ဟု အဆိုပြုလိုက်သည်။
“ ဟုတ်တယ် ... ဓားဂိုဏ်းကို ချေမှုန်းပါ မြင့်မြတ်သော သခင် ... ၊ ငါတို့ ဓားသမားကို အရမ်း မုန်းတယ်။ ”
တောင်နက် သူတော်စင် ခုနစ်ပါးမှ အစပြုကာ နတ်ဆိုး ကျင့်ကြံသူ အားလုံးက ဓားဂိုဏ်းကို သုတ်သင်ရှင်းလင်းရန် ကြွေးကြော် လိုက်ကြသည်။
ယင်းက မြင့်မြတ်မြေ သုံးပါးကို သဘာဝအတိုင်း မျက်မှောင်ကြုတ် စေသည်။ သို့သော် ကန့်ကွက်ခြင်း မပြုချေ။
ကောင်းကင် မီးလျှံဂိုဏ်း၏ မီးကျီးကန်း မဟာ သူတော်စင်က၊
“ ဓားဂိုဏ်းက ဘာမှ မဟုတ်ပါဘူး ... အဲဒါကို ရှင်းပစ်လိုက်တာလည်း ကောင်းပါတယ် ဒါပေမယ့် ဓားဧကရာဇ် ယုချင်းဖန်အတွက် စိတ်ပူမိတယ် ...
... နောက်ဆုံးတော့ သူက ရှေးဟောင်း ပျက်သုဉ်းမြေရဲ့ ... အရှေ့ဘက် စစ်မြေပြင်မှာ ထွက်ပေါ်လာဖူးတယ် မဟုတ်လား။ ”
သူ ပြောသောအခါတွင် လူတိုင်းက ကြောက်လန့်တကြားဖြင့် တိတ်ဆိတ်သွားကာ တျန်ရွှမ်ဇီကို မကြည့်ဝံ့တော့ချေ။
ထိုနေ့က လင်းယွန်ကို တျန်ရွှမ်ဇီမှ ဒုက္ခပေးချင်ခဲ့သည်။ သို့သော် သက်တံဓား သူတော်စင် ရောက်ရှိလာသည်။
ထို့နောက် ယုချင်းဖန် ရောက်လာကာ အခြားသော ဧကရာဇ်များ ရှေ့၌ပင် သင်ခန်းစာ သင်ကြားခံလိုက်ရသည်။
ယုချင်းဖန်သည် အလွန်ဖိအား ပေး၏။ မြင့်မြတ်မြေများ၌ ဧကရာဇ်များ ရှိသော်လည်း အားလုံးပေါင်းလျှင်ပင် ၎င်းပြိုင်ဘက် မဟုတ်ချေ။
တျန်ရွှမ်ဇီက ထိုအကြောင်းအရာ၏ အတိမ်အနက်ကို သဘာဝကျကျ သိထားသည့် အတွက် သူက ပြုံးပြီး၊
“ မီးကျီးကန်း မဟာ သူတော်စင် ... မင်းအဲဒီအတွက် ... စိတ်ပူနေစရာ မလိုပါဘူး ယုချင်းဖန်သာ တကယ် သန်မာတယ် ဆိုရင် သူငါ့ကိုဘာလို့ ပါးရိုက်သတ်ဖို့ သတ္တိ မရှိရတာလဲ။ ”
-ဟု ပြန်လည် မေးခွန်းထုတ်သည်။
မီးကျီးကန်း မဟာ သူတော်စင်က သူ့ဒဏ်ရာကို ဆားပွတ်ရန် ကြိုးစားနေခြင်း ပေပင်။
ထို့ကြောင့် လှောင်ပြုံးဖြင့် လူတိုင်း မြင်သာလာအောင် တံဆိပ်တစ်ခု ထုတ်ပြ လိုက်သည်။
“ နဂါး ဧကရီ အမိန့်။ ”
ဆိုလိုသည်မှာ ဧကရီသည် ဓားဂိုဏ်းနှင့် ထိပ်တိုက်တွေ့ခြင်းကို ထောက်ခံနေသည်ဟု အဓိပ္ပါယ်ရသည်။
“ ဧကရီကို နှုတ်ဆက်ပါတယ်။ ”
“ ဧကရီကို နှုတ်ဆက်ပါတယ်။ ”
“ ဧကရီကို နှုတ်ဆက်ပါတယ်။ ”
အလင်းနှိမ်နင်းခြင်း မဟာ သူတော်စင် အပါအဝင် လူတိုင်းက ဦးညွှတ် လိုက်ကြသည်။ နဂါး ဧကရီအမိန့်သည် ဧကရီ ဖြစ်သည်။ ၎င်းကို ကိုင်ဆောင်သူသည် နတ်နဂါး အင်ပါယာ၏ ကိုယ်စားလှယ် ဖြစ်၏။
ဧကရီသည် ဒဏ္ဍာရီလာ ဧကရာဇ်ကိုးပါး အနက်မှ တစ်ပါးဖြစ်ပြီး နတ်နဂါး အင်ပါယာ၏ ဘုရင် ဖြစ်သည်။
သူမ၏ အစွမ်းသည် ခွန်လွန်နယ်မြေ၌ ပထမအဆင့် ပေပင်။ ဒေါသဖြစ်သော် သွေးမြစ် ပေါ်ပေမည်။ သူမ ယုံကြည်သော လူများကိုသာ ဤအမိန့်ကို ပေးအပ်မည် ဖြစ်သည်။
“ အဆင်ပြေပါတယ် ... ။ ”
တျန်ရွှမ်ဇီက လက်ယမ်းပြီး လူတိုင်းကို ပြန်ထိုင်စေ၏။ မီးကျီးကန်း မဟာ သူတော်စင်မှ စကားကို ပြင်လိုသောအခါ တျန်ရွှမ်ဇီက ပြုံးပြီး လှမ်းကြည့်လိုက်သည်။
“ ငါမင်းကို ရိုးသားမယ် ... သူမက ကျင့်ကြံရာကနေ ထွက်လာနေပြီ ယုချင်ဖန်ကို ကြောက်စရာ မလိုဘူး ... မီးကျီးကန်း မဟာ သူတော်စင် မင်းမှာ ပြောစရာ ရှိသေးလား။ ”
ထိုမေးခွန်းနှင့် အပြုံးသည် မီးကျီးကန်း မဟာ သူတော်စင်ကို တုန်ယင် သွားစေသည်။ သူ့အတွက် လမ်းဆုံးသွားပြီ ဖြစ်ကြောင်း မည်သူမဆို ပြောနိုင်၏။
အနန္တ လျှပ်စီးဂိုဏ်း၏ ကောင်းကင် ကျက်သရေ မဟာသူတော်စင်ကမင်ဂိုဏ်း၏ အလင်းနှိမ်နင်းခြင်း မဟာ သူတော်စင်ထံ လှည့်ကြည့်သည်။
ထိုကိစ္စကို ပြေလည်သွားအောင် ကူညီပေးရန် ကြည့်ခြင်း ဖြစ်သည်။ သို့သော် အလင်း နှိမ်နင်းခြင်း မဟာ သူတော်စင်က တုန့်ပြန်ခြင်း မရှိချေ။
တောင်နက် သူတော်စင် ခုနစ်ပါးက ဤမြင်ကွင်းကြောင့် လှောင်ပြုံး ပြုံးလိုက်သည်။ တျန်ရွှမ်ဇီသည် မြင့်မြတ်မြေ သုံးပါးအပေါ် လုံးဝ ယုံကြည်ခြင်း မရှိကြောင်း သူတို့ သိ၏။
တျန်ရွှမ်ဇီ အနေဖြင့် ၎င်းတို့အပေါ် သင်ခန်းစာတစ်ခု သင်ပေးရန် စောင့်နေချိန်၌ မီးကျီးကန်း မဟာ သူတော်စင်က ထင်ပေါ် လာခြင်း ဖြစ်သည်။ ကံဆိုးချေ၏။
“ ကောင်းကင်ဘုံ မြင့်မြတ်သော သခင်မှာ အစီအစဉ် ရှိပြီးသားပဲ ... ငါ စိုးရိမ် လွန်သွားမိ ပါတယ် ... တခြား ရည်ရွယ်ချက် မရှိပါဘူး။ ”
မီးကျီးကန်း မဟာ သူတော်စင်က နောက်တစ်လှမ်း ဆုတ်ပေး လိုက်လေသည်။ တျန်ရွှမ်ဇီက ပြုံးပြီး၊
“ ဒါပေမယ့် ... ငါမှာ ပြောစရာရှိတယ် ... မင်းတပည့်အဖြစ် လမ်းညွှန်မှု ခံယူဖို့ အခွင့်ရေး မရှိတာ စိတ်မကောင်း ဖြစ်မိတယ် ... ဒါကြောင့် မင်းရဲ့ခွန်အားကို တွေ့ကြုံခံစားဖို့ အခွင့်အရေး ရှိ မလားလို့ ငါ တွေးမိပါတယ်။ ”
ထိုစကားက လူတိုင်း၏ နှလုံးသားကို တုန်လှုပ်သွားစေပြီး မျက်နှာများ ပြောင်းသွား တော့သည်။
“ စိတ်မပူပါနဲ့ ... ဒီနေ့အတွက် မင်းက ငါဧည့်သည် ဆိုတော့ ... တစ်ကြိမ် လှုပ်ရှားခွင့် ပေးပါ့မယ်။ ”
သို့သော် သူတို့၏ မျက်လုံးများတွင် တျန်ရွှမ်ဇီ၏ လက်ရှိအင်အားကိုလည်း သိလို သဖြင့် စိတ်လှုပ်ရှားလာခဲ့၏။
***