← Chapters

စကြဝဠာ ကောင်းကင်ကြီး ... ။

Vol. 174 Ch. 2427

စကြဝဠာ ကောင်းကင်ကြီး ... ။

Vol. 174 Ch. 2427

တျန်ရွှမ်ဇီသည် ဤသို့ ပြတ်သားစွာ စိန်ခေါ်လိမ့်မည်ဟု မျှော်လင့် မထားခဲ့ကြသဖြင့် လေထုက ရုတ်တရက် တင်းမာလာ၏။

မီးကျီးကန်း မဟာ သူတော်စင်က အသက်ပြင်းပြင်းရှူပြီး၊

“ မြင့်မြတ်သော သခင် ... မင်းက ကောင်းကင် တာအိုဂိုဏ်းကို အနိုင်ယူပြီး အရှေ့ဘက် ပျက်စီးမြေရဲ့ မြင့်မြတ်မြေ တွေကို အနိုင်ယူ နိုင်ခဲ့ပါတယ် ဒါက သဘာဝအတိုင်း မင်းကို ငါယှဉ်နိုင်မှာ မဟုတ်ဘူး။ ”

-ဟု ငြင်းဆန်လိုက်သည်။

“ ကိစ္စမရှိပါဘူး ... ငါတို့က အချင်းချင်း တွေပဲ ... မင်းစိုးရိမ်နေသေးရင် သုံးကြိမ်တိတိ လှုပ်ရှားခွင့် ပေးပါ့မယ်။ ”

တျန်ရွှမ်ဇီက ပြုံးကာ ထပ်တိုးပေး၏။ ထိုစကားကြောင့် ဤတိုက်ပွဲကို ရှောင်၍မရ နိုင်တော့မှန်း သွေးကျီးကန်း မဟာ သူတော်စင်က သိလိုက်သည်။

သူသည် မြင့်မြတ်မြေ၏ ဂိုဏ်းချုပ် ဖြစ်သဖြင့် ဒေါသ ဖြစ်လာ၏။ ဝါစဉ်အရ တျန်ရွှမ်ဇီမှာ ဂျူနီယာ ပေပင်။

သူ့ကို သုံးကြိမ်တိတိ လှုပ်ရှားခွင့် ပေးခြင်း ဟူသည် အရှက်ခွဲခြင်း မည်၏။ မျက်လုံးများ၌ အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာ တော့သည်။

“ ဝှစ် ... ။ ”

မတိုက်ချင်သော်လည်း ဤသို့ အတင်းအကြပ် တွန်းပို့ခံရသဖြင့် ဒေါသလည်း ထွက်လာခဲ့သည်။ ချက်ချင်း ကောင်းကင်ပေါ် ခုန်တက်လိုက်၏။

“ ဒါဆို ကြိုပြီး တောင်းပန်ပါတယ်။ ”

“ ဝုန်း ... ။ ”

သူ့နောက်တွင် ရွှေရောင်ပန်း တစ်ပွင့် ပေါ်လာပြီး စားပွဲများ အားလုံး ပေါက်ကွဲသွား တော့သည်။

လူတိုင်းသည် သူတော်စင်များ ဖြစ်သောကြောင့် သဘာဝအတိုင်း ဒဏ်ရာ မရကြချေ။

မီဂကျီးကန်း ကောင်းကင်ပေါ် ခုန်တက်စဉ်ကပင် လူတိုင်း ​ဆုတ်ခွာလျက် နေရာ ရှင်းပေးခဲ့ကြသည်။

စားပွဲများ လွင့်ထွက်လာသောအခါ အရာအားလုံးသည် ရုတ်တရက် နှေးကွေးသွား တော့၏။

ဤသည်မှာ မီးကျီးကန်း မဟာ သူတော်စင်၏ တာအို ဖြစ်ပြီး ထူးထူးဆန်းဆန်း ပန်းချီကားတစ်ချပ်အဖြစ် အချိန်နှင့် အာကာသကို နှေးပစ်ခဲ့သည်။

“ ဝှစ် ... ။ ”

တျန်ရွှမ်ဇီက ပေါ့ပေါ့ပါးပါး ကြည့်နေပြီး ပြုံးပြလိုက်၏။ မီးကျီးကန်း မဟာသူတော်စင်က လက်ဖဝါးဖြင့် ရိုက်ချလာသည်။

လက်ဖဝါးပေါ်တွင် ရေးထိုးထားသော မဟာနေမင်းနတ်ရူရ်က နေမင်းကဲ့သို့ တောက်ပ လာသည်။ ပတ်ဝန်းကျင်ကို ရွှေရောင် အဆင်းများ လွှမ်းခြုံလာ၏။

“ ဝှစ် ... ။ ”

သို့သော် တျန်ရွှမ်ဇီက သူ့လက်ဖဝါးကို တွန်းထုတ်ပြီး ထိုရွှေရောင် အဆင်းသဏ္ဍာန်ထံ ဖျက်ဆီးပစ်လိုက်သည်။

“ ဝှစ် ... ဝှစ် ... ။ ”

သွေးကျီးကန်း မဟာ သူတော်စင်က ပို၍မြန်ဆန်သော အရှိန်ဖြင့် လက်ဖဝါးချက်များ ရိုက်ချပြန်၏။ တန်ခိုးကြီးပြီး ကြောက်စရာ ကောင်းချေပြီ။

တစ်ချိန်တည်းမှာပင် မဟာ နေမင်း ဒိုမိန်း ပွင့်လာသည်။ ဒုတိယလက်ဖဝါးသည် တျန်ရွှမ်ဇီ အပေါ် သုံးလှမ်း ပြန်ဆုတ်စေ၏။

တတိယ လက်ဖဝါးက ခြေလှမ်း ဆယ်လှမ်းတိုင်အောင် ဆုတ်ခွာစေခဲ့သည်။ တျန်ရွှမ်းဇီ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျ လာပြီး မျက်နှာ ဖြူဖျော့လာ၏။

မီးကျီးကန်း မဟာ သူတော်စင်က မြေပြင်ပေါ် ဆင်းသက်ပြီး လေးနက်သော အမူအရာကို ထုတ်ဖော်လိုက်သည်။

“ အခု ... ငါ့အလှည့်ရောက်ပြီ ထင်တယ်။ ”

တျန်ရွှမ်ဇီက သူ့နှုတ်ခမ်းမှ သွေးများကို သုတ်လိုက်ပြီး အပြုံးဖြင့် ပြော၏။ ထိုအရာက မီးကျီးကန်း မဟာသူတော်စင်ကို တုန်လှုပ် ခြောက်ခြားစေသည်။

တျန်ရွှမ်ဇီက ရုတ်တရက် ပန်းချီကားအတွင်းမှ လှမ်းထွက်လာ သကဲ့သို့ အချိန်နှင့်အာကာသ ထပ်လာသည်။

“ ဖပ် ... ။ ”

“ အွတ် ... ။ ”

မတုံ့ပြန်နိုင်မီ တျန်ရွှမ်ဇီ လက်ဖဝါးက သူ့ရင်ဘတ်ပေါ် ကျရောက်လာသည်။ တျန်ရွှမ်ဇီ နောက်၌ နဂါးငွေ့တန်းတစ်ခု ပေါ်နေ၏။

ထိုနဂါးငွေ့တန်းသည် ကြယ်ရောင်စုံ ကောင်းကင်ကြီး အဖြစ် ပြောင်းလဲသွားသည်။ မီးကျီးကန်း မဟာ သူတော်စင်က ပါးစပ်မှ သွေးများ စီးကျလာသည်။

ခေါင်းမော့ကြည့် လိုက်သောအခါ တျန်ရွှမ်ဇီသည် မလှုပ်ရှားခဲ့သည့် အလား မူလ နေရာ၌ ရပ်နေချေ၏။

ဖြစ်ပျက်ခဲ့သမျှ လက်တွေ့မကျဘဲ အိမ်မက်လို ခံစားရသည်။ ရင်ဘတ်ပေါ်ရှိ လက်ဝါးရာကြောင့်သာလျှင် အိမ်မက် မဟုတ်ကြောင်း ပြောနိုင်ခြင်း ဖြစ်၏။

“ အဲဒါ စကြာဝဠာ ကောင်းကင်ပဲ ... ကောင်းကင်ယံကျမ်းရဲ့ နောက်ဆုံး အဆင့်ပါ ... ဒီကျမ်းကို ဖန်တီးသူတောင်မှ မအောင်မြင်ခဲ့ဖူးဘူး။”

“ ဒါက မယုံနိုင်စရာပဲ ... တာအိုကို အသုံးမပြုဘဲနဲ့တောင် တကယ် ကြောက်စရာ ကောင်းနေပြီ။ ”

လူတိုင်း တုန်လှုပ်ကုန်သည်။ တျန်ရွှမ်ဇီ ဟူသည် အာကာသတာအိုကို ဆုပ်ကိုင်ထား ခဲ့ကြောင်း လူတိုင်းသိ၏။

၎င်းတာအိုဖြင့် မီးကျီးကန်း မဟာ သူတော်စင်ကို ရင်ဆိုင်မည်ဟု တွေးထင်ထား မိသည်။

လက်ရှိအချိန်၌ ဤလူသည် နားမလည်နိုင်လောက်အောင် ဖြစ်နေပြီဟု လူတိုင်း ခံစားလာမိစေ၏။

အရှေ့ဘက် ပျက်စီးမြေအပေါ် စိန်ခေါ်စဉ်ထက် ပိုသန်မာနေသည်။ လက်ဖဝါး တစ်ချက်ဖြင့် ပေးစွမ်းသော ဒဏ်ရာမှာ ကြောက်မက်ဖွယ် ကောင်းနေ၏။

“ ငါ့ကို သက်ညှာပေးလို့ ကျေးဇူးတင်ပါတယ်။ ”

မီးကျီးကန်း မဟာ သူတော်စင်က ရုပ်ဆိုးသော အမူအရာဖြင့် လက်သီးဆုပ်ကာ ဦးညွှတ်လိုက်သည်။

“ ဟား ဟား ဟား ... ။ ”

တျန်ရွှမ်ဇီက ရယ်သည်။

“ မီးကျီးကန်း မဟာ သူတော်စင် ... တကယ်တော့ မင်းက ဓားမော့သမား ဆိုတာ လူတိုင်းသိပါတယ် ... မဟာနေမင်း တာအိုက မင်းရဲ့ စစ်မှန်တဲ့ ခွန်အား မဟုတ်ပါဘူး ...

... ငါတို့ လက်နက်တွေ သုံးကြမယ် ဆိုရင်တော့ ... မင်းကို လှုပ်ရှားမှု သုံးကြိမ်ပေး ဖြစ်မှာ မဟုတ်ဘူး ... အလွန်ဆုံး တစ်ကြိမ်။ ”

တျန်ရွှမ်ဇီ၏ တင်းမာသော အကြည့်များအစား နွေးထွေးသော အပြုံးဖြင့် အစားထိုးလာသည်။

“ မြင့်မြတ်သော သခင် ... မင်းက အရမ်းနှိမ့်ချပါတယ် သက်တံဓား သူတော်စင် ဧကရာဇ် ဖြစ်လာရင်တောင် ... မင်းဧကရာဇ် ဖြစ်တဲ့တစ်နေ့ သူ့ကို ရင်ဆိုင်နိုင်ပါတယ်။ ”

မီးကျီးကန်း မဝါ သူတော်စင်က ကူကယ်ရာမဲ့စွာဖြင့် ချော့မော့လိုက်ရလေသည်။

“ သက်တံဓား သူတော်စင်က ... ငါ့ကို ဒီလိုအခွင့်အရေးမျိုး မပေးမှာ ကြောက်မိတယ်။ ”

တျန်ရွှမ်ဇီက ပြုံးပြီး လူတိုင်းထံ ကြည့်ကာ၊

“ ငါတို့ ဓားဂိုဏ်းကို သုတ်သင်ပြီး သက်တံဓား သူတော်စင်ကို သတ်ဖို့ အတူတူ လုပ်ဆောင်ရမယ်။ ”

-ဟု ဆော်ဩလိုက်သည်။

“ ဓားဂိုဏ်းကို သုတ်သင်ပြီး သက်တံဓားကို သတ်မယ်။ ”

“ ဓားဂိုဏ်းကို သုတ်သင်ပြီး သက်တံဓားကို သတ်မယ်။ ”

“ ဓားဂိုဏ်းကို သုတ်သင်ပြီး သက်တံဓားကို သတ်မယ်။ ”

လူတိုင်းက သူနှင့်အတူ သံယောင်လိုက် ကြွေးကြော်မိတော့သည်။ ၎င်း၏ခွန်အားသည် အားလုံးကို အနိုင်ယူ သွားချေ၏။

ကြွေးကြော် သံများမှာ ကျယ်လောင် လွန်းသဖြင့် ကောင်းကင် တစ်ခုလုံး လှိုင်းအဖြစ် ပဲ့တင်ထပ် နေခဲ့သည်။

“ ဓားဂိုဏ်းကို သုတ်သင်ပြီး သက်တံဓားကို သတ်မယ်။ ”

အလင်းနှိမ်နင်းခြင်း မဟာသူတော်စင်နှင့် ကောင်းကင် ကျက်သရေ မဟာသူတော်စင်က အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

တစ်ယောက် အတွေးကို တစ်ယောက် သိနေသည် ။ တျန်ရွှမ်ဇီသည် သူတို့ ထင်ထား သည်ထက် ပို၍ ကြောက်စရာ ကောင်းချေ၏။

သူတို့ မြင့်မြတ်မြေ သုံးပါး အနေဖြင့် သက်တံဓားကို ဖယ်ရှားပစ်ရန် ဤလူငယ်ကို အသုံးပြုခြင်း ဖြစ်သည်။

ယခု ခွန်အားကို မြင်ပြီးနောက် ထိုသို့ လုပ်ဆောင်ရန်မှာ အလွန် ခက်ခဲ သွားပြီမှန်း နားလည်လိုက်၏။

တျန်ရွှမ်ဇီကို ထိန်းထားနိုင်သည့် နည်းလမ်းမရှိတော့ချေ။ ထိုအချိန်၌ ဓားဂိုဏ်းဆီ အပြေးအလွှား သွားနေသော မဟာ သူတော်စင် လေးပါး ရှိနေသည်။

၎င်းတို့က ကောင်းကင်ယံ ဂိုဏ်းအနီးမှ ဖြတ်သွားသောအခါ ကြွေးကြော်သံများကြောင့် ရပ်တန့်ပြီး မျှော်ကြည့် လိုက်မိ၏။

မဟာ သူတော်စင်များ၊ သူတော်စင် ဘုရင်များနှင့် သူတော်စင်သခင် အများအပြား ထိုနေရာ၌ စုဝေးနေသည်ကို ဝိုးတဝါး မြင်လိုက်ရသည်။

“ နင်တို့ တစ်ခုခု ကြားလား။ ”

သတ်ဖြတ်ခြင်း မဟာ သူတော်စင်က မေးသည်။

“ ဓားဂိုဏ်းကို သုတ်သင်ပြီး သက်တံဓားကို သတ်မယ်။ ”

ယဲ့ကူဟန်က ပြန်လည် ရေရွတ်ပြလိုက်၏။ မူလ နဂါး မဟာသူတော်စင်မှ၊

“ သက်တံ ဒုက္ခ ခံယူနေချိန်မှာ ဒီအမှုကို စဉ်းစားဝံ့တယ် သူတော်စင် နှလုံးသား မရှိတဲ့ လူယုတ်မာပဲ။ ”

-ဟု အပြစ်တင်လိုက်သည်။

မဟာ သူတော်စင်များသည် ကီလိုမီတာ အနည်းငယ် အကွာမှ အရာခပ်သိမ်းကို မြင်နိုင် ကြားနိုင်သည်။

သူတော်စင်များစွာ စည်းဝေးခြင်းဖြင့် တန်ခိုးကြီးသော စုပေါင်းရောင်ဝါ ဖြစ်ပေါ်နေ ခဲ့၏။

“ မဟာ သူတော်စင် ဆယ်ပါးထက် မနည်းရှိတယ် ပြီးတော့ သူတို့ရဲ့ ရောင်ဝါက ရောထွေးနေတယ် ... ဖြောင့်မတ်ခြင်းနဲ့ နတ်ဆိုး ကိုးကွယ်သူတွေ အကုန်လုံး ပါနိုင်တယ်။ ”

ကျောက်စိမ်းဓား သူတော်စင်က အာရုံခံမိသမျှကို ပြန်လည် ပြောကြားလျက်မှ စိုးရိမ်လာသည်။

ဤသည်မှာ သွေးလဂိုဏ်းနှင့် ဝိညာဉ်နတ်မိစ္ဆာမျိုးရိုးမှ ကောင်းကင် တာအို ဂိုဏ်းအပေါ် တိုက်ခိုက်လာခြင်းထက် ပို၍ ဆိုးရွားချေ၏။

သူမကဲ့သို့ ယုံကြည်မှုရှိသော ဓားသမား တစ်ယောက် သည်ပင် ဖိအားကြီးစွာ ခံစားလာ ရသည်။

မူလနဂါးမဟာ သူတော်စင်က ငြိမ်သက်သွားပြီး၊

“ သူ့ကို ဂရုမစိုက်ဘဲ ... ငါတို့ ဓားဂိုဏ်းဆီ သွားကြရအောင် တော်ဝင်ဓားအစီရင် ... မပြိုကွဲ သရွေ့ ဧကရာဇ် တစ်ပါးတောင် ဓားဂိုဏ်းထဲ မ၀င်နိုင်ပါဘူး။ ”

သို့သော် လူတိုင်း အားမရှိချေ။ တျန်ရွှမ်ဇီ တစ်ယောက် ထိုအစီရင်အတွက် ပြင်ဆင်မှုများ လုပ်ထားမည်ကို သူတို့ သိ၏။

“ ဒီလောက်လည်း စိတ်ပူမနေပါနဲ့ ... ငါ့ညီက နတ်ဖီးနစ်တောင်ကို ရောက်နေတာ ဆိုတော့ စစ်ကူ ရနိုင်ပါတယ် ... နတ်ဖီးနစ် တောင်တန်း သခင်ကသာ ကူညီချင်ရင် အခွင့်အရေး ရှိပါသေးတယ်။ ”

ယဲ့ကူဟန်က မျှော်လင့်ချက် ပေးသည်။ ထို့နောက် လေးယောက်သာ ဓားဂိုဏ်းဆီသို့ ခရီးဆက်လိုက်ကြတော့၏။

ယဲ့ကူဟန်က ပျံသန်းနေလျက်မှ ကောင်းကင်ယံ ဂိုဏ်းထံသို့ လှည့်ကြည့်လိုက် မိသည်။

သူနှင့် တျန်ရွှမ်ဇီသည် ရင်နှီးသော မိတ်ဆွေများ ဖြစ်ခဲ့ပြီး အရှေ့ဘက် ပျက်စီးမြေ၌ ကြယ်နှစ်ဖော် အဖြစ် ကျော်ကြားခဲ့သည်။

ငယ်စဉ်အခါက အချင်းချင်း ကျင့်ကြံမှု နည်းစနစ်များကို မျှဝေနိုင်သော ညီအစ်ကိုများ ဖြစ်ချေ၏။

အတူတူ အရိုက်ခံရကာ၊ အတူတူ စွန့်စားခဲ့ကြသည်။ ထို့ကြောင့် မျက်ဝန်းများ၌ ရှုပ်ထွေးသော ခံစားချက်များ ထင်ဟပ် လာတော့သည်။

***

All Chapters