← Chapters

အခန်း (၂၄၃၀)

Vol. 174 Ch. 2430

အခန်း (၂၄၃၀)

Vol. 174 Ch. 2430

“ ဝိုး ... နတ်ဖီးနစ်တောင်နဲ့ နိဗ္ဗာန် နန်းတော်တို့ ရောက်ရှိလာပြီ ... ကောင်းကင်ယံ ဂိုဏ်းကို ကြောက်စရာ မလိုတော့ဘူး။ ”

ဓားဂိုဏ်း၏ တပည့်များ မျက်နှာမှာ ရွှင်မြူးကုန်သည်။ ကောင်းကင်တာအို ဂိုဏ်း၏ မဟာ သူတော်စင် လေးပါးဖြင့်ပင် သတ္တိကို ပေး၏။

နတ်ဖီးနစ်တောင်နှင့် ကောင်းကင် နိဗ္ဗာန် နန်းတော်တို့ ရောက်ရှိ လာပြီးနောက် ဆိုဖွယ် မရှိတော့ချေ။

“ မျှော်လင့်ထားတဲ့ အတိုင်းပါပဲ ... စီနီယာအစ်ကိုလင်းက ဓားဂိုဏ်းရဲ့ တပည့် အဖြစ် သူ့ကိုယ်သူ လုံးဝ မမေ့ဘူး။ ”

“ ငါက အစ်ကိုလင်းနဲ့ ဓားဂိုဏ်းကို တစ်ချိန်တည်း ဝင်လာခဲ့တာ ... အဲဒီတုန်းက ဂိုဏ်းချုပ်က ဘယ်လောက်အထိ သူ့ကို လိုလားတယ် ဆိုတာ မှတ်မိသေးတယ်။ ”

ဓားဂိုဏ်း၏ တပည့်များစွာက လင်းယွန် အပေါ် လေးစားမှုအပြည့်ဖြင့် စကားစမြည်ပြော လာကြသည်။

ယဲ့ဇီလင်နှင့် အခြားသော သူတော်စင် တပည့်များက အကြည့်ချင်း ဖလှယ် လိုက်မိ၏။

“ အစ်ကိုကြီးလင်းက နတ်ဖီးနစ်တောင်နဲ့ ပါမလာဘူးလား။ ”

မူချင်းချင်းက စိတ်ဝင်တစား မေးသည်။ လင်းယွန်သည် ကျိကျစ်ရှီနှင့် လိုက်ပါ သွားမှန်း သူတို့ သိထား၏။

ဓားဂိုဏ်းမှ လူတိုင်းသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသော်လည်း မူရွှမ်ကောင်က မပြုံးနိုင် သေးချေ။

“ ဧည်သည်ကောင်းတွေပဲ ငါတို့ ကြိုဆိုရအောင်။ ”

ယနေ့ ရောက်ရှိလာ သူတိုင်းသည် နာမည်ကြီးများ ဖြစ်၏။ သို့သော် အားလုံးကို မယုံရဲ သေးချေ။

“ သူတို့ … ။ ”

ရွှေရောင် ကောင်းကင် တောင်ထိပ် သခင်က ဓားဂိုဏ်း၏ တပည့်များထံ လှည့်ကြည့်သည်။ မူရွှမ်ကောင်က အသက်ပြင်းပြင်း ရှူပြီး၊

“ ယဲ့ဇီလင် ... နားထောင်ပါ။ ”

“ ဟုတ်ကဲ့ ... နားထောင်နေပါတယ်။ ”

“ မင်း ... ကောင်းကင်နဂါး တောင်ထိပ်ကို စောင့်ကြပ်ပါ မတတ်နိုင်ရင် ပင်မတောင်တွေဆီ ပြန်ဆုတ်လာခဲ့ ... ကျန်တဲ့လူတွေ အားလုံး သူ့စကားကို နားထောင်ပြီး တောင်ငယ် (၁၀၈)လုံးကို စောင့်ရှောက်ပါ။ ”

ယခုအချိန်တွင် မဟာ သူတော်စင် များစွာ အကူအညီဖြင့် ရှင်သန်ရန် အခွင့်အရေး မြင့်မား လာပြီ ဖြစ်သောကြောင့် မူရွှမ်ကောင်က ဆက်နေခွင့် ပြုလိုက်တော့၏။

“ မင်းတို့ သေမှာ မကြောက်ဘူးဆိုတာ ငါသိတယ် ဒါပေမယ့် ငါတို့ အသက်ရှင်နေရမယ် ဒီနေ့ သေရမယ့် အချိန် မဟုတ်သေးဘူး၊ ...

... ဓားသမား တစ်ယောက် အနေနဲ့ သေရမှာကို မကြောက်တာ မှန်တယ် ဒါပေမယ့် ဓားဂိုဏ်းရဲ့ အမွေနဲ့ စိတ်ဓာတ်ကို ဆက်ထိန်းဖို့ မင်းတို့ကို ငါလိုအပ်နေသေးတယ် ...

... ရန်သူတွေ များလာရင် ပြန်ဆုတ်ပါ ... ဒါသေမှာကြောက်လို့ မဟုတ်ဘူး ... မထိုက်တန် သေးလို့ပဲ ... မင်းတို့ အားလုံးက ဓားဂိုဏ်းရဲ့ ဉာဏ်ကြီးရှင်တွေပဲ မသေစေနဲ့။ ”

ထို့နောက် ရွှေတံဆိပ်တစ်ခုကို ပစ်ပေးလိုက်၏။ ကောင်းကင်နဂါး တောင်သည် တောင်ငယ် (၁၀၈)လုံးအနက် ပင်မတောင် ဖြစ်သည်။

ဤသည်မှာ ကနဦး ကောင်းကင် အုပ်စိုးရှင်အမိန့် ဖြစ်၏။ ၎င်းနှင့်အတူ တောင် (၁၀၈)လုံး၏ မြေစွမ်းအင်ကို စုစည်းနိုင်သည်။

မြေစွမ်းအင်သည် ယဲ့ဇီလင်ကို သူတော်စင်သခင်များထက် သာလွန်သော စွမ်းအားများ ပေးစွမ်းချေမည်။

“ သွား ရ အောင် ... ။ ”

ယဲ့ဇီလင်ကို လေးနက်စွာ ကြည့်ပြီး လက်ဝှေ့ယမ်းပြကာ ဓားအစီရင် ဝင်ပေါက်ထံသို့ လျှောက်လှမ်း သွားလိုက်သည်။

ထို့နောက် မဟာ ကောင်းကင် အုပ်စိုးရှင် အမိန့်ကို သုံးကာ ဓားအစီရင်ကို ဖွင့်လိုက်သည်။ ဖုံးအုပ်ထားသည့် ဓားရောင်ဝါ ပွင့်သွားပြီး လူများစွာ ဝင်လာ၏။

သို့တိုင် မူရွှမ်ကောင်က တံဆိပ်ကို သတိကြီးစွာ ကိုင်ထားမိသည်။ ဤတံဆိပ်သည် ဓားဂိုဏ်း၏ နဂါးသွေးကြောနှင့် ဆက်စပ်နေပြီး အပြောင်းအလဲတိုင်းကို သူ ခံစားနိုင်၏။

မည်သူမဆို မရိုးမသား လုပ်ရန် ဖုံးကွယ်ထားဝံ့ပါက၊ ကောင်းကင် ကိုးပါး မဟာ တော်ဝင် ဓားအစီရင်၏ တုံ့ပြန်မှုကို ခံရကြပေလိမ့်မည်။

“ ဝှစ် ... ။ ”

အလင်းတန်း တစ်ခုလို ကောင်းကင် တာအိုဂိုဏ်း၏ မဟာသူတော်စင် လေးပါးက ပထမဆုံး ရောက်ရှိလာသည်။

သူတို့ ဝင်လာသည်နှင့် ဓားဂိုဏ်းမှ သူတော်စင် အကြီးအကဲများက သက်ပြင်းချပြီး ကြိုဆိုရန် ထွက်လာကြ၏။

သူတို့နောက်တွင် မဟာ တန်ခိုးကြီး ဂိုဏ်းခြောက်ဂိုဏ်း၏ သခင်များ ဝင်လာသည်။ အခြားသူများ ပါမလာ ကြချေ။

အဘယ်ကြောင့် ဆိုသော် ၎င်းတို့၏ မဟာသူတော်စင်များသည် ဂိုဏ်းကို စောင့်ရန် ​ထားခဲ့ရသည်။

ဂိုဏ်းချုပ်များမှာ သူတော်စင် ဘုရင် အထွတ်အထိပ်တွင် ရှိနေပြီး အားကောင်းသည့် ဖြည့်စွက်မှုအဖြစ် ယူဆနိုင်၏။

ဆိုလိုသည်မှာ ဤခြောက်ဦးသည် အသက်ပေးရန် ပြင်ဆင်ထားသည်။ ၎င်းတို့သာ သေဆုံးပါက ဂိုဏ်းရှိ ထိုမဟာ သူတော်စင် များမှ အထက်တန်းစား တပည့်နှင့်အတူ အဝေးသို့ ထွက်ပြေးနိုင်ပေမည်။

မဟာ သူတော်စင်များ၏ အစောင့်အရှောက်ဖြင့် မည်သည့်နေရာတွင်မဆို ခြေကုပ်ယူနိုင်ပေ၏။

“ လူတိုင်း လာခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ... ဘယ်လောက် ကျေးဇူး တင်ကြောင်း ပြောမပြနိုင်အောင်ပါပဲ။ ”

မူရွှမ်ကောင်က လက်သီးဆုပ်ပြီး လူတိုင်းအပေါ် အရိုအသေ ပေး၏။ ယဲ့ကူဟန်ကို ဓားဂိုဏ်းမှ တပည့်တ၀က်ဟု ယူဆနိုင်သဖြင့် မအံ့သြချေ။

သို့သော် အင်အားကြီး ဂိုဏ်းများသည် မကြာခဏ အချင်းချင်း ပြိုင်ဆိုင်နေပြီး ဤသို့ ပူးပေါင်းလာရန် မမျှော်လင့်မိချေ။

“ ဂိုဏ်းချုပ်မူ ... မင်းက အရမ်း လေးနက်လွန်းပြီ ရှေးဟောင်း ပျက်သုဉ်းမြေမှာ အချင်းချင်း ဂရုစိုက်သင့်တယ် မဟုတ်လား။ ”

“ မှန်တယ် ... စီနီယာ သက်တံဓား သူတော်စင်သာ မရှိရင် ငါတို့ ဒီဒေသမှာ အခုလို အေးအေးချမ်းချမ်း နေနိုင်မှာ မဟုတ်ဘူး။ ”

“ စီနီယာ သက်တံဓားက ငါတို့အပေါ် ရိုးသားတယ် အားလုံးကို ငါတို့နဲ့အတူ ခေါ်မလာ နိုင်ပေမယ့် ငါတို့ အဆုံးထိ ကူညီပေးမှာပါ။ ”

အခြားသော အင်အားကြီး ဂိုဏ်းများ၏ ဂိုဏ်းချုပ်များက ရိုးသားစွာဖြင့် ပြန်၍ လက်သီး ဆုပ်ပြကြသည်။

ဂိုဏ်းတစ်ခု တည်ဆောက်ရာတွင် အချက်များစွာ ထည့်တွက်ရသဖြင့် ၎င်းတို့၏ အင်အားအကုန် ထုတ်သုံးရန် အခြေအနေ မပေးချေ။

“ ကျေးဇူးတင်ပါတယ် ... ။ ”

ထိုစကားများက မူရွှမ်ကောင်၏ နှလုံးသားကို ထိသည်။ ထို့နောက် ခရမ်းငယ်နှင့် နတ်ဖီးနစ်တောင် အဖွဲ့ ရောက်လာ၏။

၎င်းတို့က မိုးပြာငှက်များ စီးနင်းပြီး ခမ်းနားသော ပုံစံဖြင့် ဆင်းသက် လာခဲ့သည်။ ဤအရာက ကောင်းကင် တာအိုဂိုဏ်းနှင့် မဟာ တန်ခိုးကြီး ဂိုဏ်းချုပ်များကို ရွှင်မြူးစေ၏။

နတ်ဖီးနစ်တောင်သည် အင်အားတစ်ဝက်နီးပါး ခေါ်ဆောင်လာခဲ့သည်။ တောင်တန်းသခင် အပါအဝင် မဟာသူတော်စင် (၅)ပါး၊ သူတော်စင်ဘုရင် (၁၀)ပါးနှင့် သူတော်စင် သခင်များစွာ ဖြစ်၏။

ဤနေရာရှိ ကျွမ်းကျင်သူများထက် သာလွန်သော အထက်တန်းစားများ ဖြစ်ချေပြီ။ အထူးသဖြင့် နတ်ဖီးနစ် တောင်တန်း သခင် ဖြစ်၏။ သူ့ကြောင့် လူတိုင်း ယုံကြည်မှု တိုးလာခဲ့သည်။

“ နတ်ဖီးနစ် တောင်တန်း သခင်ကို နှုတ်ဆက်ပါတယ်။ ”

“ နတ်ဖီးနစ် တောင်တန်း သခင်ကို နှုတ်ဆက်ပါတယ်။ ”

“ နတ်ဖီးနစ် တောင်တန်း သခင်ကို နှုတ်ဆက်ပါတယ်။ ”

ဓားဂိုဏ်းဝင်များသာမက အခြားသော ဂိုဏ်းချုပ်များမှလည်း ရိုသေစွာ လက်သီးဆုပ် နှုတ်ဆက်လိုက်ကြသည်။

နောက်ဆုံးတွင် ဤပုဂ္ဂိုလ်သည် သူ့ခေတ်သူ့အခါတွင် အရှေ့ဘက် ပျက်စီးမြေ၏ အသန်မာဆုံးဘွဲ့ကို အချိန်အတော်ကြာ ရယူထားနိုင်သူ ဖြစ်၏။

သက်တံဓား သူတော်စင်နှင့် ဤလူ မည်သူပိုသန်မာသည်ကို အချိန်အတော်ကြာ အငြင်းပွား နေခဲ့ကြဖူးသည်။

ဓားဂိုဏ်း၏ အဓိက ရန်သူမှာ တျန်ရွှမ်ဇီ ပေပင်။ ၎င်းကို မတားနိုင်သော် လူမည်မျှ ရှိရှိ ရှုံးနိမ့်နိုင်၏။

နတ်ဖီးနစ်တောင်တန်း သခင်သည် ထိုအားနည်းချက်ကို ဖြည့်ဆည်း ပေးနိုင်မည်။

“ နတ်ဖီးနစ် တောင်တန်း သခင် ရောက်ရှိလာတဲ့ အတွက် ... ဓားဂိုဏ်းကို ဂုဏ်အသရေ တိုးစေပါတယ်။ ”

မူရွှမ်ကောင်က နတ်ဖီးနစ် တောင်တန်းသခင် ရှေ့သို့ ဦးညွှတ်ရန် အထိပင် တိုးသွားလိုက်သည်။

“ အရမ်းယဉ်ကျေးနေဖို့ မလိုပါဘူး။ ”

နတ်ဖီးနစ် တောင်တန်းသခင်က ဖြေလျော့ပေးသည်။

“ ငါက လင်းယွန်နဲ့ ... သဘောတူညီမှု ရထားပြီးပြီမို့ ငါတို့ ကတိပေးထားတဲ့ အတိုင်း လာခဲ့တာပါ ... ဒီလောက်အထိ ကျေးဇူးတင် မနေပါနဲ့ သက်တောင့် သက်သာနေပါ။ ”

“ ညီလေး ဘယ်မှာလဲ ... ။ ”

သူ့စကားကြောင့် ယဲ့ကူဟန်က မေးသည်။ သို့မှသာ လူတိုင်းက သတိရလာပြီး လင်းယွန်ကို လှည့်ပတ် ရှာဖွေမိ၏။

နတ်ဖီးနစ် တောင်တန်းသခင်က စကားပြောရန် ပြင်မိသော်လည်း ခရမ်းငယ်မှ ရှေ့တိုးလျက်၊

“ လင်းယွန်က ... သူတော်စင် ဘုရင် အဆင့်ကို တက်လှမ်းနေတယ် သူ မလာနိုင်ဘူး။ ”

-ဟု ပြန်ဖြေလိုက်သည်။

သူမ နှလုံးသား၌ လင်းယွန်ကို ဤတိုက်ပွဲ အတွင်း မပါဝင် စေလိုချေ။ လွဲသွားခဲ့ လျှင်ပင် အကောင်းဆုံး ဖြစ်သည်။

နတ်ဖီးနစ် တောင်တန်း သခင်က ပြုံးကာ၊

“ လင်းယွန်က ... ငါတို့ နတ်ဖီးနစ် တောင်တန်းမှာ အခွင့်အရေး တစ်ခု ရခဲ့တယ် လဝက်အတွင်း သူတော်စင် ဘုရင် ဖြစ်လာပါလိမ့်မယ်။ ”

-ဟု အတည် ပြုပေးလိုက်ရ၏။

ထိုစကားကြောင့် လူတိုင်း အံ့အားသင့် သွားကြသည်။ ဤသတင်းသည် မယုံနိုင်ဖွယ် ကောင်းချေပြီ။

လင်းယွန်သည်သာ သူတော်စင်ဘုရင် ဖြစ်လာခဲ့သော် ဓားဂိုဏ်း တက်လာနိုင်မည် ဖြစ်၏။

“ ဟား ဟား ဟား ... ကောင်းတယ် ကောင်းတယ် အရမ်း ကောင်းတယ် .. လင်းယွန် သူတော်စင်ဘုရင် ဖြစ်လာရင် ... ဓားဂိုဏ်းကို သုတ်သင် ခံရရင်တောင်မှ ပြန်ထနိုင်ပြီ။ ”

မူရွှမ်ကောင်က ရယ်သည်။ လင်းယွန် ရှိနေသရွေ့ ဓားဂိုဏ်းဟူသည် ပျောက်ကွယ် သွားတော့မည် မဟုတ်ချေ။

“ ဟား ဟား ဟား ... ဒါ အရမ်း ကောင်းတယ် လင်းယွန်က သူတော်စင်ဘုရင် ဖြစ်လာတော့မယ်။ ”

အသူရာ စပါးအုံး မဟာသူတော်စင်က မိုးပြာနဂါး မျိုးရိုး၏ မဟာ သူတော်စင် သုံးပါး နှင့်အတူ ဝင်ရောက်လာပြီး ကျေနပ်သွား၏။

မူရွှမ်ကောင်မှ အသူရာ စပါးအုံး ဝင်ရောက်ပြီးသည်နှင့် ဓားအစီရင်ကို ချက်ချင်း ပြန်ပိတ်ပစ်လိုက်သည်။

“ ဒါ သတင်းကောင်းပဲ ... အခု ခွန်လွန်က ဝိညာဉ်စွမ်းအင်များ ပြောင်းလဲနေပြီ အနည်းဆုံး ငါးနှစ်အတွင်း လင်းယွန် မဟာ သူတော်စင် ဖြစ်လာနိုင်တယ် ...

... သူက တျန်ရွှမ်ဇီထက် အများကြီး သန်မာတယ်ဆိုတာ သက်သေပဲ ... ဓားဂိုဏ်းကို ကာကွယ်ဖို့ အစွမ်းကုန် လုပ်ဆောင်ရအောင် ငါတို့ သေသွားရင်တောင် ... လင်းယွန်က လက်စားချေပေးလိမ့်မယ်။ ”

အသူရာ စပါးအုံး မဟာ သူတော်စင်က ပြုံးလျက် လူတိုင်းကို လက်သီးချင်း တိုက်စေ တော့သည်။

သူတို့သည် မှန်ရာကို လုပ်ရမည်ဟူသော စိတ်နှလုံးဖြင့် ဤနေရာသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။

လင်းယွန်သည် နာမည်ကောင်း ရှိကာ သူတို့သားစဉ်မြေးဆက်များအပေါ် ကူညီပေး လိမ့်မည်ဟု ယုံကြည်ပြီး စိတ်ချသွား၏။

ထို့ကြောင့် သူတော်စင် ဘုရင် ဖြစ်လာခြင်းသည် သတင်းကောင်း ပေပင်။ လူတိုင်း စိတ်သက်သာရာ ရကုန်၏။

နတ်ဖီးနစ် တောင်မှ မဟာ သူတော်စင် (၅)ပါး၊ ကောင်းကင်တာအို ဂိုဏ်းမှ(၄)ပါးနှင့် နိဗ္ဗာန် နန်းတော်မှ (၄)ပါး စုစုပေါင်း မဟာ သူတော်စင် (၁၃)ပါး ဖြစ်သည်။

ထို့ကြောင့် တျန်ရွှမ်ဇီကို တိုက်ရန် ယုံကြည်ချက် ရှိနေပြီ ဖြစ်၏။ မူရွှမ်ကောင်က ပြုံးလျက်၊

“ နတ်ဖီးနစ် တောင်တန်း သခင်က ... ငါတို့ကို ဘာလို့ အစီစဉ်အကြောင်း မပြောရ တာလဲ။ ”

-ဟု စကား စပြောလိုက်သည်။

နတ်ဖီးနစ် တောင်တန်း သခင်က လက်ဝှေ့ယမ်းပြီး၊

“ ငါတို့မှာ အချိန် သိပ်မရှိတော့ဘူး ... ဒါကြောင့် ယဉ်ကျေးမေနေပါနဲ့ ဒါကဓားဂိုဏ်း မိုလို့ မင်းသာ ဦးဆောင်သင့်တယ် မဟုတ်လား ငါတို့ မင်းစကားပဲ နားထောင်မယ်။ ”

“ ဟုတ်တယ် ... ငါတို့ မင်းစကား နားထောင်မယ်။ ”

“ ဂိုဏ်းချုပ်မူပဲ စီမံပါ။ ”

နတ်ဖီးနစ် တောင်တန်းသခင်မှ ပြောပြီးဖြစ်သဖြင့် လူတိုင်း ခေါင်းညိတ်လက်ခံ လိုက်ကြတော့သည်။

***

All Chapters