သက်တံဓား၏ အပြစ်များ။
Vol. 174 Ch. 2431
မူရွှမ်ကောင် တစ်ယောက် နတ်ဖီးနစ် တောင်တန်းသခင် စကားကို ကြားပြီးနောက် သက်သာရာ ရသွားသည်။
တစ်ဖက်လူ၏ အရည်အချင်းများနှင့် စွမ်းအားသည် အပြင်းထန်ဆုံးဖြစ်ပြီး စစ်သူကြီး ဖြစ်လိုပါက ကန့်ကွက်စရာ မရှိချေ။
“ ဒါဆို အချိန် ဖြုန်းမနေတော့ဘူး ... ရထားတဲ့ အချက်အလက်အရ လူအင်အားမှာ ငါတို့က နိမ့်ကျနေသေးတယ် ဒါကြောင့် ကာကွယ်ဖို့ပဲ အာရုံစိုက်ကြပါ။ ”
ထိုစကားကို လူတိုင်းက အသိအမှတ်ပြု ခေါင်းညိတ်ကြသည်။ အဆုံး၌ တျန်ရွှမ်ဇီသည် မြင့်မြတ်မြေသုံးပါးနှင့် တောင်နက် သူတော်စင် ခုနစ်ပါးကို ဖိတ်ခေါ်ထား၏။
မမြင်သာသော နောက်ထပ် ပြင်ဆင်မှုများလည်း ရှိနေနိုင်သည်။ ဓားဂိုဏ်း၏ တော်ဝင်ဓားကျမ်းသည် အဆင့်သုံးဆင့်ရှိ၏။
ဂိုဏ်းတစ်ခုလုံးသည် အလွှာတစ်ခု အတွင်းဖြစ်ပြီး တောင်ငယ်(၁၀၈)လုံးသည် ဒုတိယအလွှာ ဖြစ်သည်။
ပင်မတောင်ထွတ် ခုနစ်လုံးသည် တတိယအလွှာ ဖြစ်ကာ ကြက်သွေးရောင် တောင်ထိပ်သည် အဓိက ဖြစ်၏။
၎င်းကို မဖျက်ဆီးသရွေ့ ကမ္ဘာမြေကြီး၏ အဆုံးမရှိသော စွမ်းအင် စီးဆင်းမှုကို ထုတ်ယူ နိုင်ပေမည်။ ထို့ပြင် သူတော်စင် သွေးကြောကို ဖျက်ဆီးခြင်းမှလည်း ကာကွယ်ပေးမည် ဖြစ်၏။
ဤနည်းဖြင့် သက်တံဓား သူတော်စင်ကို အနှောက်အယှက် ကင်းကင်းဖြင့် ဒုက္ခ ခံယူစေ နိုင်မည်။
“ ငါတို့က ကြက်သွေးရောင် တောင်ထိပ်ကို ကာကွယ်နိုင် သရွေ့ အဆင်ပြေတယ်။ ”
ကျင့်ကြံ သူတိုင်းသည် ဒုက္ခခံယူစဉ် ဝိညာဉ်စွမ်းအင်များ စုပ်ယူရပေသည်။ ဧကရာဇ် ဒုက္ခအတွက် ဝိညာဉ်စွမ်းအင်မှာ အခြားသော အဆင့် များထက် ပိုမိုလိုအပ်၏။
ဓားဂိုဏ်းသည် တစ်ချိန်က မြင့်မြတ်မြေ ဖြစ်ခဲ့ဖူးသည်မှာ ကံကောင်းချေပြီ။ မဟုတ်သော် ဤဒုက္ခအတွင်း သက်တံဓားကို ထောက်ပံ့ရန် ဝိညာဉ် စွမ်းအင် မလုံလောက်ချေ။ ထို့ကြောင့် သူတော်စင် သွေးကြောကို ဖျက်ဆီးခြင်းမှ ကာကွယ်ရပေမည်။
“ ဒါကြောင့် ... ကြက်သွေးရောင် တောင်ထိပ်ကို ကာကွယ်ဖို့ ဖီးနစ်တောင်တန်း သခင်နဲ့ စီနီယာ အသူရာ စပါးအုံးကို နှောင့်ယှက်ရတော့မှာပဲ ...
... ကျန်တဲ့ ပင်မ တောင်ထိပ်တွေ အတွက်တော့ မဟာ သူတော်စင် နှစ်ပါးဆီနေဖို့ စီစဉ်ထားတယ်။ ”
မူရွှမ်ကောင်က ရှည်လျားစွာ ပြောကြားခဲ့သည်။
“ ဒါပေမယ့် ငါတို့မှာ လူအလုံအလောက် ရှိပုံမရဘူး .. နောက်ထပ် မဟာ သူတော်စင်တွေ လိုနေသေးတယ်။ ”
အသူရာ စပါးအုံးက ဝင်ပြောသည်။ အတိအကျ ဆိုရပါမူ သူတို့၌ မဟာ သူတော်စင် (၁၃)ပါးသာ ရှိ၏။
“ ဟမ့် ... ။ ”
ပျံဝဲနေသော ဓားသေတ္တာပေါ်တွင် ထိုင်နေသည့် ခရမ်းငယ်က နှာခေါင်းရှုံ့ပြ လိုက်သည်။
သူမသည် ကလေးမလေး တစ်ယောက်နှင့်တူနေသဖြင့် သဘာဝအတိုင်း လျစ်လျူရှု ခံနေရ၏။
နတ်ဖီးနစ် တောင်တန်းသခင်က ပြုံးပြီး၊
“ သခင်ဖီးနစ်က မဟာ သူတော်စင်ကို ရင်ဆိုင်နိုင်ပါတယ် ... ဒါကြောင့် စိတ်မပူပါနဲ့။ ”
-ဟု အသိပေးလိုက်သည်။
“ ငါ့ညီ ကျန့်ကျင်းရှန်ကိုလည်း မမေ့နဲ့ .. လျှပ်စီးတိမ်လွှာဂိုဏ်းကနေ သူ ထွက်လာနေပြီ သူက မဟာသူတော်စင်ကို ရင်ဆိုင်နိုင်တယ်။ ”
ယဲ့ကူဟန်က ပြုံးပြီး ဝင်ပြောသည်။ ကျန့်ကျင်းရှန်သည် အဆင့် သုံးဆင့် ချန်ပီယံ ဖြစ်၏။
လျှပ်စီးတိမ်လွှာဂိုဏ်း ၌သာ အကျဉ်းချ မခံရပါက မည်မျှ ကြီးထွားနေမည်ကို မခန့်မှန်း နိုင်ချေ။
ဓားသမား တစ်ယောက် အနေနှင့် ဓားတာအိုအရည်အချင်းအရ ပန်းသင်္ချိုင်းပင် သူ့ကို မနှိမ်နှင်းနိုင်ချေ။
“ ဒါ အရမ်းကောင်းတယ်။ ”
အသူရာ စပါးအုံးက ပြုံးသည်။ သူသည် ဝှက်ဖဲကို ထုတ်မပြောခဲ့ချေ။ မဟာ သူတော်စင် သုံးပါးနှင့် မိုးပြာနဂါးဘိုးဘေးကို အပြင်၌ စောင့်ကြပ်ရန် သူ ထားခဲ့၏။
အန္တရာယ် ဖြစ်သော် လင်းယွန်ကို ခေါ်ငင်ကာ ထွက်သွား ကြပေလိမ့်မည်။
“ တောင်ထိပ်တွေကို မကာကွယ် နိုင်တော့ရင် လူတိုင်း ... ကြက်သွေးရောင် တောင်ထိပ်ဆီ ဆုတ်လာပါ ...
... ကြက်သွေးရောင် တောင်ထိပ် တည်ရှိနေသရွေ့ သူတော်စင် သွေးပြန်ကြော ပျက်စီးသွားမှာ မဟုတ်ဘူး၊ ဒါက သိုင်းဦးလေး အတွက် အထော်ကအကူ ရပါလိမ့်မယ်။ ”
မူရွှမ်ကောင်က ပြောကြားခဲ့သည်။ ၎င်းမှပင် ဆက်လက်ပြီး၊
“ တျန်ရွှမ်ဇီ အပြင် ... သတိထားရမဲ့ လူသုံးယောက် ရှိတယ် ... ကောင်းကင်ခွဲ မဟာ သူတော်စင် ... အလင်းနှိမ်နင်းခြင်း မဟာ သူတော်စင်နဲ့ အရိုးဖြူဓား သူတော်စင်ပဲ ... ။ ”
-ဟု ပြောကြားလိုက်သည်။
“ မှန်တယ် ... မင်ဂိုဏ်းချုပ်ဆိုတာ မြင့်မြတ်မြေ သုံးပါးရဲ့ ... ခေါင်းဆောင် ဖြစ်ပြီး နေလ သူတော်စင်ကျမ်းကို ပြီးပြည့်စုံထားတယ်၊ သူက ဧကရာဇ် ဖြစ်နိုင်ချေ ရှိတယ်လို့ သတင်း ပြေးနေတယ် ... ။ ”
နတ်ဖီးနစ် တောင်တန်း သခင်က ဝင်ရောက် ဆွေးနွေးလာသည်။
“ ငါ သူ့ကို ဖြေရှင်းလိုက်မယ်။ ”
အသူရာ စပါးအုံးက လှောင်ပြုံးဖြင့် တာဝန်ယူလိုက်၏။
“ ငါသူ့ကို အရင်က တိုက်ခဲ့ဖူးပါတယ် ... သူ့ရဲ့ အပြေးစွမ်းရည်က ... ချီးကျူးထိုက်သလို အရေလည်း ထူတယ်။ ”
“ ဒါဆို ... အရိုးဖြူဓားကို ငါနဲ့ထားခဲ့လိုက်။ ”
ကျောက်စိမ်းဓား သူတော်စင်က ဝင်ပြောလိုက်၏။ သူမ ဟူသည် အရှေ့ဘက် ပျက်စီးမြေ ဓားသူတော်စင် သုံးပါးအနက်မှ တစ်ပါးဖြစ်ပြီး အရိုးဖြူဓားအတွက် အသင့်တော်ဆုံး ပေပင်။
မူလ နဂါး မဟာ သူတော်စင်က၊
“ ကောင်းကင်ခွဲ မဟာ သူတော်စင်ကို ငါတာဝန်ယူမယ် ... ငါသူနဲ့ တိုက်ဖူးပါတယ် တောင်နက် သူတော်စင် ခုနစ်ပါးက ဘာမှ မဟုတ်ပါဘူး။ ”
ထိုစကားကြောင့် သတ်ဖြတ်ခြင်း မဟာ သူတော်စင်က မျက်လုံးများ မှေးစင်းသွားသည်။ ထိုစဉ်က ကောင်းကင်ခွဲ မဟာ သူတော်စင်ကို အဓိက ရင်ဆိုင်သူမှာ သက်တံဓား ဖြစ်၏။
နတ်ဖီးနစ် တောင်တန်းသခင်က၊
“ တျန်ရွှမ်ဇီကို ငါနဲ့ထားခဲ့ ... ဧကရာဇ် နယ်ပယ်အောက်မှာ အသန်မာဆုံးဆိုတဲ့ ... အဲဒီ လူရဲ့ ခွန်အားကို ငါမြင်ချင်တယ်။ ”
ထို့နောက်တွင် ပြိုင်ဘက်ခွဲဝေမှု ပြီးဆုံးသွားကာ မဟာ သူတော်စင်များက ပင်မ တောင်ထိပ် (၇)လုံးတွင် စခန်းချပြီး သူတော်စင် ဘုရင်နှင့် သူတော်စင်သခင်များက တောင်ငယ် (၁၀၈)လုံးတွင် နေရာယူသည်။
ညရောက် လာချိန်၌ မနက် မိုးသောက်ချိန်တွင် ဆင်နွှဲရမည့် တိုက်ပွဲအတွက် အနားယူ နေခဲ့ကြ၏။
ရွှေရောင် ကောင်းကင် တောင်ထိပ်တွင် သတ်ခြင်း မဟာသူတော်စင်နှင့် ကျောက်စိမ်း ဓားသူတော်စင်တို့က ကောင်းကင်ပေါ် ထိုးတက်နေသော ဓားရောင်ခြည်ထံ ငေးမောနေကြသည်။
ညချမ်း အချိန်အခါသမယ ဖြစ်သဖြင့် ကြက်သွေးရောင် အလင်းမှာ ပို၍ တောက်ပ၏။ ကျောက်စိမ်းဓား သူတော်စင်ကဲ့သို့ သန်မာသူ တစ်ဦးသည်ပင် သူ့ကိုယ်သူ သေးနုပ်သည်ဟု ခံစားရစေသည်။
“ ပိုင်ဇီယွမ် ... သူ ... ဒါကို ကျော်ဖြတ်နိုင်မယ်လို့ ... နင်ထင်လား။ ”
သတ်ဖြတ်ခြင်း မဟာ သူတော်စင်က စိတ်မသက်မသာဖြင့် မေးသည်။ လူများစွာသည် ဤအဆင့်ဒုက္ခကို ဖြတ်ကျော်နိုင်ခြင်း မရှိချေ။
“ ငါတို့ ကံကြမ္မာ အတွက်သာ ထားခဲ့နိုင်တယ် ... သူ့ကို ကောင်းကောင်း ကာကွယ်ပါ။ ”
“ ပိုင်ဇီယွမ် ... ဒီအခြေအနေကို ရောက်နေတာတောင် နင်က အေးစက်နေတုန်း ပါလား ဟမ့် ... ။ ”
“ ဘာလို့လဲ ... နင်က စိတ်မပူဖူးလို့ ထင်နေတာလား ... ငါ့မှာ နာကြည်းစရာ မရှိဘူး ထင်နေလား ... အဲဒီတုန်းက ...
... သူသာ ငါနဲ့ ထွက်သွားဖို့ ဆန္ဒရှိခဲ့ရင် ... ဒီလို သက်တမ်း ကုန်သွားတဲ့ အထိ ရောက်စေ လိမ့်မယ် ထင်လား။ ”
ကျောက်စိမ်းဓား သူတော်စင်က မျက်ရည်များ စီးကျကာ ဒေါသဖြင့် ပြန်လည် အော်ဟစ် လိုက်သည်။
“ သူ ... ငါ့ကို ဘယ်လောက် အကြွေး တင်နေတယ် ဆိုတာ နင်မသိဘူး သူ့တစ်သက် ပြန်ဆပ်ရင်တောင် မကျေဘူး ... ငါသူ့ကို အရမ်းမုန်းတယ် ...
... ဒီလို ခေါင်းမာတာကို ပိုမုန်းတယ် ... အခုတောင် သူ့အသက်ထက် ထိပ်ဆုံးရောက်ဖို့ တိုက်ပွဲဝင်နေသေးတယ် ...
... ဒီမှာ ဘယ်လောက်အထိ လူတွေ စိတ်ပူနေကြမှန်း သူ မသိဘူး ... အရမ်း အကြွေး တင်သွားပြီး ငါဘယ်တော့မှ မမေ့ဘူး ... ။ ”
ကြောက်မက်ဖွယ် ကောင်းသော ဧကရာဇ်ဒုက္ခကို ခံစားရသဖြင့် ကျောက်စိမ်းဓား သူတော်စင်၏ နှလုံးသား ပြိုကျသွားသည်။
“ ကျန့်ဝူမင် ... နင်က ဒီထက် ပိုကောင်း လာရမယ် ... မဟုတ်ရင် နင် အေးအေးချမ်းချမ်း သေခွင့်ရမှာ မဟုတ်ဘူးလို့ ... ငါ့ကျိန်ဆိုတယ်။ ”
ကျောက်စိမ်းဓား သူတော်စင် စကားကြောင့် သတ်ဖြတ်ခြင်း မဟာ သူတော်စင်က၊
“ ကျန့်ဝူမင် ... နင်ကြားလား ဒီအရူးမက သူပြောပြီးရင် တကယ် လုပ်တယ် ... နင်သေရင် ဓားဂိုဏ်း တစ်ခုလုံးကို သူ သတ်လိမ့်မယ် ... ငါကတော့ မတားဘူး။ ”
-ဟု လိုက်ပါ ကတိပေး တော့သည်။
ကျောက်စိမ်းဓားက ဒေါသတကြီးဖြင့် ပြန်လှည့်ကြည့်သည်။ သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှလည်း ဒေါသနှင့် ပြန်ကြည့်၏။
“ ဟား ဟား ဟား ... ။ ”
ထို့နောက် နှစ်ယောက်သား ရူးသွပ်စွာ ရယ်မော လိုက်ကြသည်။ မရဏ ကောင်းကင် တောင်ထိပ်တွင် မူလနဂါး မဟာသူတော်စင်က ဓားရောင်ဝါကို ကြည့်ကာ ရပ်နေမိ၏။
ကြက်သွေးရောင် တိမ်တိုက်များတွင် သက်တံဓားနှင့် သူ၏ ငယ်ဘဝကို မြင်စေသည်။ ဝိုင်သောက်လျက် အမျိုးသမီး နှစ်ယောက်နှင့် အတူ ခွန်လွန်အနှံ့ ခြေဆန့်ခဲ့ကြ၏။
အပျော်ဆုံး အချိန်များ ပေပင်။ ငယ်ရွယ်ပြီး မာနကြီးကာ ထက်မြက်သူများ ဖြစ်၏။ သို့သော် သက်တံဓား သူတော်စင်မှ သူ့ကို နတ်ခန္ဓာ လေ့ကျင့်ရန် တိုက်တွန်းခဲ့သည်။
ထိုစဉ်မှ စကာ အရာအားလုံးသည် ပြောင်းလဲသွားကုန်တော့၏။ ဘဝတစ်လျှောက် ပြိုင်ဘက်များထံမှ ရိုက်နှက်ခံရသည့် အကြိမ် အရေအတွက် အပေါ် မမှတ်မိနိုင်တော့ချေ။
ထိုအကြောင်းကို တွေးတော ပြုံးလျက် ဘူးသီးခြောက်အိုးဖြင့် သယ်လာသော ဝိုင်ကို တစ်ကျိုက် မော့သောက်လိုက်သည်။
ထိုအချိန်မှ စကာ အတိတ်သည် ၎င်းတို့သုံးဦးနှင့်သာ သက်ဆိုင် သွားတော့၏။ သူသည် အရေး မပါတော့ချေ။
ဤအရာကို မည်သည့် အချိန်မှစကာ သူ မည်သို့ ခံနိုင်ရည်ရှိသွားမှန်း မမှတ်မိတော့ချေ။ သတ်ဖြတ်ခြင်း မဟာ သူတော်စင်ကြောင့် ပင်လော။
သူ့ကို အမြန်ထရန် အမြဲ ခေါ်ဆောင်တတ်သည့် အပြုအမူများ ပြန်မြင် လာပြီး မြင်မြင်ချင်း ချစ်မိသွားပုံကို သတိရ လာတော့၏။
ထိုအတွေးက သူ့ကို မျက်ရည်များ စီးကျလာစေသည်။ သက်တံဓားကြောင့် သူအမြဲ နောက်ကောက်ကျ ကျန်ခဲ့ခြင်း ဖြစ်၏။
သို့သော် တစ်ဖက်တွင် ဒုက္ခရောက်သည့် အချိန်တိုင်း သက်တံဓားမှ သူ့ရှေ့မှ ဖြေရှင်းပေး ခဲ့သည်။ အန္တရာယ်နှင့် ကြုံချိန်တိုင်း ၎င်းက သူ့ကို မထားခဲ့ချေ။
ရှေးဟောင်း ပျက်သုန်းမြေ တစ်ခုလုံးကို ဓားတစ်လက်ဖြင့် ကာကွယ်ခဲ့သည်။ ထို့ကြောင့် ပြုံးလိုက်မိပြီး၊
“ မင်းတပည့်က ... မင်းနဲ့ တော်တော် တူတယ် ... သူက အရမ်းတော်တယ်၊ ဒါပေမယ့် အခု ငါ့တပည့် ဖြစ်သွားပြီ။ ”
-ဟု ကျေနပ်စွာ ရေရွတ်လိုက်သည်။
ပါးပြင်ပေါ် မျက်ရည်များ လှိမ့်ဆင်းလာ သော်လည်း ပို၍ပင် ဆုံးဖြတ်ချက် ပြတ်သား လာသည်။
သူ့တွင် သက်တမ်း မကျန်တော့ချေ။ လင်းယွန်၏ နတ်ဘုရား အသွေးတော် သစ်သီး ကျေးဇူးကြောင့်သာ အသက်ရှင် နေခြင်း ဖြစ်သည်။
သေခြင်းတရားကို သူ မြင်နေရချေပြီ။ ထို့ကြောင့် သေရန် စိတ်ကူးဖြင့် ဤအရပ်သို့ ရောက်ရှိလာခြင်း ပေပင်။
“ ကျန့်ဝူမင် ... ငါဒီကို ရောက်ပြန်ပြီ အရင်ကလို ကစားပွဲအပေါ် မင်းပြောင်းနိုင်ရင် ကောင်းပါတယ် ... ဒီဧကရာဇ် ဒုက္ခဆိုတာ မင်းအတွက် ဘာမှ မဟုတ်ပါဘူး။ ”
***