အခန်း (၂၄၃၂)
Vol. 174 Ch. 2432
မူလ နဂါး မဟာ သူတော်စင်က အတွေးများဖြင့် ဝိုင်သောက်နေစဉ် ယဲ့ကူဟန်မှာ အရိယာ ကောင်းကင် တောင်ထိပ်သို့ ရောက်ရှိ သွားသည်။ သူ့ကို တောင်ထိပ်သခင် မုချွမ်နှင့် ဖုန်းကျွယ်က ကြိုဆို၏။
“ စီနီယာ အစ်ကို ... ။ ”
ဖုန်းကျွယ်မှာ ပျော်ရွှင်လာသည်။ တိမ်လွှာဓားဂိုဏ်း၌ ကျန့်ကျင်းရှန်နှင့်အတူ အချိန်အနည်းငယ် နေထိုင်ခဲ့ရ သောကြောင့် ယဲ့ကူဟန်ဖြင့် မဆုံဖြစ်ချေ။
တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်လိုက်ကြ ပြီးနောက် ဖုန်းကျွယ်က သက်ပြင်းချကာ၊
“ အစ်ကိုကြီး၊ စီနီယာ အစ်မနဲ့ ညီလေးအကြောင်း သတင်း တစ်ခုခု ရှိလား ... ငါ သူတို့ကို လွမ်းလာပြီ။ ”
-ဟု မေးမြန်းလိုက်သည်။
စီနီယာ အစ်မသည် လျှို့ဝှက်ဓားစံအိမ် သခင်ငယ် ဖြစ်၏။ သူမ ဖခင်ကို ဆန့်ကျင်ပြီး နတ်ဆိုးဂိုဏ်းမှ မဟာ သူတော်စင် တစ်ပါးနှင့် လက်ထပ်ခဲ့သည်။
ထို့ကြောင့် ဓားစံအိမ်နှင့် သက်တံဓားမှ စွန့်လွှတ်ခြင်း ခံခဲ့ရ၏။ သူမ ဂိုဏ်းတွင် ရှိခဲ့စဉ် သူ့အပေါ် အလွန် ဂရုစိုက်သည်။
လင်းယွန် ရောက်ရှိလာသော အခါ ၎င်း၏အုပ်ထိန်းသူအဖြစ် အချိန်အတော်ကြာ သူ ကာကွယ် ပေးခဲ့ရ၏။ ထို့ကြောင့် ဖုန်ယွီကို လွမ်း သလို လင်းယွန်ကိုလည်း သတိရချေပြီ။
“ ဒုတိယညီမ ဒီကို ရောက်နေပါပြီ ... ဒါပေမယ့် သူ့ခင်ပွန်းရဲ့ ဖြစ်တည်မှုကြောင့် ဂိုဏ်းထဲကို ၀င်နိုင်မှာ မဟုတ်ဘူး။ ”
“ အစ်ကိုကြီး ... အစ်မက မင်းကို သတင်းပို့ခဲ့လား။ ”
ဖုန်းကျွယ် တစ်ယောက် ရွှင်မြူးသွား၏။ ယဲ့ကူဟန်မှ ခေါင်းညိတ်သည်။ ဖုန်ယွီခင်ပွန်းမှာ နတ်မိစ္ဆာ မျိုးနွယ်မှ ဖြစ်၏။
ထို့ကြောင့် သူမသည် ဓားဂိုဏ်းအတွင်း ဝင်မလာဝံ့ချေ။ သူမ သည်သာ ဓားဂိုဏ်းအတွင်း ရှိနေပါက နတ်နဂါး အင်ပါယာ အတွက် အကြောင်းပြချက် ဖြစ်လာနိုင်မည်။
ထို့ကြောင့် ဖုန်ယွီခမျာ သူမ ရောက်ရှနေိကြောင်း ယဲ့ကူဟန်ထံ ဆက်သွယ် ရုံသာ လုပ်နိုင်ချေပြီ။
“ ဒါဆို ညီလေးရော ဘယ်မှာလဲ ... သူ နတ်ဖီးနစ်တောင်မှာ တကယ်ပဲ အဆင့်ချိုးဖြတ် နေတာလား။ ”
မုချွမ်က ဝင်မေးသည်။
“ အဲဒါက မသေချာဘူး ... ဒီကောင်က နတ်ဖီးနစ် တောင်တန်း သခင်ကို ... ဆွဲဆောင် နိုင်ခဲ့တယ် ဆိုတော့ ... အပေးအယူ တစ်ခု ရှိနေပုံရတယ် ...
... ဘာပဲဖြစ်ဖြစ် သူ လုံခြုံမှာပါ ... နောက်ဆုံးတော့ သခင်ဖီးနစ်က အားနည်းသူမှ မဟုတ်တာ။ ”
ယဲ့ကူဟန်မှ ပြန်ဖြေ၏။ သူ့အနေဖြင့် ဤနေရာသို့ မလာခင် လင်းယွန် သတင်းကို မေးမြန်းရန် ခရမ်းငယ်ထံ သွားခဲ့သည်။
ခရမ်းငယ်က ယေဘူယျ အဖြေမျိုးသာ ပေးခဲ့၏။ ထို့နောက် လင်းယွန် နေခဲ့ဖူးသည့် ယခင်အိမ်သို့ ဝင်သွားသည်ကို မြင်ခဲ့ရသည်။
သူ့စကားကြောင့် ဖုန်းကြွယ်က တွေးတွေးဆဆဖြင့်၊
“ အဲဒီကောင်မလေးက ညီလေးကို ကာကွယ်နေတာ ဖြစ်မယ် ... ကြည့်ရတာ ဒီတိုက်ပွဲမှာ ညီလေးကို မပါဝင်စေလိုပုံပဲ။ ”
-ဟု သုံးသပ် ပြောကြားလိုက်၏။
“ ဟမ့် ... ဒါကို ငါတစ်ခါမှ မတွေးမိဘူး ... မင်းပြောတာ ဖြစ်နိုင်ခြေ များတယ်။ ”
ယဲ့ကူဟန်က ပြုံးသွားသည်။
ထိုအချိန်တွင် ကြက်သွေးရောင် တောင်ထိပ်၌ နတ်ဖီးနစ် တောင်တန်းသခင်နှင့် အသူရာ စပါးအုံးတို့က စစ်တုရင် ကစား နေကြသည်။
သို့သော် အာရုံစူးစိုက်မှု မရှိကြချေ။ ၎င်းတို့သည် အခြားသော မဟာ သူတော်စင်များ ကဲ့သို့ ဆုတ်ခွာရန်လမ်း မရှိသည်ကို နားလည် ထားသည်။
ကျိကျစ်ရှီသည် သူ့ဆန္ဒအတိုင်း ကောင်းကင်ဘုံ ဖျက်ဆီးခြင်း ဘိုးဘေး နတ်ဘုရား၏ တပည့် ဖြစ်လာခဲ့သည်။
ထို့ကြောင့် နတ်ဖီးနစ် တောင်တန်း သခင်သည် ဤနေရာ၌ အသက်ပေး ရလျှင်ပင် နောင်တရစရာ မရှိချေ။
အသူရာ စပါးအုံး အတွက်မူ လင်းယွန်ဟူသည် ဓားဂိုဏ်းထက် ပို၍ အရေးပါ လှသည်။ အဆုံးတွင် ခေါ်ဆောင် သွားရန် ရည်ရွယ်ထား၏။
“ လင်းယွန်က ... သူတော်စင် ဘုရင် နယ်ပယ်အတွက် အဆင့် ချိုးဖြတ်နေတာလား။ ”
ထို့ကြောင့် သေချာအောင် ထပ်မေးမိသည်။
“ ခန့်မှန်းချက် အရတော့ ... သူဟာ သူတော်စင်ဘုရင်တောင် ဖြစ်နေလောက်ပါပြီ။ ”
နတ်ဖီးနစ် တောင်တန်း သခင်က ပြုံးပြီး ပြန်ဖြေ၏။ သူ့အတွေးကို မြင်နေသလို ပေပင်။
“ အချိန်ဆိုတာ အုပ်စိုးရှင် အာကာသက ဘုရင်ပဲ ... ဒါဆို မင်းရဲ့ ကျင့်ကြံမှုအရ သူ့ထက် သာလွန်တာမို့ ... နှိမ်နင်းနိုင်သင့်တယ် မဟုတ်လား။ ”
အသူရာ စပါးအုံးက စစ်တုရင် အရုပ်ကို ရွေ့ကာ မေးမြန်းလိုက်သည်။
“ အချိန်နဲ့ အာကာသက ... အချင်းချင်း အားဖြည့်ပေးနိုင်တယ် ဆိုပေမယ့် အချင်းချင်း ထိန်းချုပ်လို့ မရပါဘူး ... တစ်စုံတစ်ဦးရဲ့ နားလည်မှု အပေါ် မူတည်တယ်။ ”
နတ်ဖီးနစ် တောင်တန်း သခင်က ပြန်လည်ဖြေကြားသည်။ သူစကား ပြောနေစဉ် မျက်မှောင်ကြုတ်လျက်၊
“ ယုတ္တိဗေဒ နည်းအရ ပြောရရင် ... တျန်ရွှမ်ဇီက ဂျူနီယာ တစ်ယောက် ဖြစ်ပြီး ငါ အလွယ်တကူ နှိပ်စက်နိုင်သင့်တယ် ... ဒါပေမယ့် သူက လင်းယွန်လို ...
... ယုတ္တိဗေဒတွေကို ကျော်လွန်နေတယ် လင်းယွန်က ရိုးရှင်းတဲ့ မူလရှိတယ် ... တျန်ရွှမ်ဇီ မှာတော့ ငါမသိနိုင်ဘူး ... သူနဲ့ငါ့ကြား မြူတွေ ရှိနေပြီး တစ်ခုခု ခြားနား နေသလိုပဲ။ ”
-ဟု ဖြည့်စွက် ပြောကြားသည်။
“ တကယ်တော့ သူက ချင်မျိုးနွယ်ထဲက မဟုတ်ဘူး အဲဒါက ဧကရီအတု လုပ်ပေးထားတဲ့ အထောက်အထားပဲ။ ”
အသူရာ စပါးအုံးကလည်း သူ သိသမျှကို ဆွေးနွေးလာခဲ့သည်။
“ ဧကရာဇ် ကိုးပါးသာ သူ့ရဲ့ဇာစ်မြစ်ကို သိနိုင်တယ် ... ဒါပေမယ့် သက်တံဓားကတော့ နည်းနည်း သိလိမ့်မယ် ... ဒါကြောင့် သူ့ကို အဲဒီတုန်းက မသတ်ခဲ့တာနေမယ်။ ”
နတ်ဖီးနစ် တောင်တန်း သခင်က သူ့အမြင်ကို ထုတ်ဖော် ပြောကြားလိုက်သည်။ အသူရာ စပါးအုံးမှ သက်ပြင်းချပြီး၊
“ သက်တံဓားက ... စိတ်ပျော့လွန်းပါတယ်။ ”
-ဟု မှတ်ချက်ပေးလာ၏။
ထိုမှတ်ချက် စကားကို နတ်ဖီးနစ် တောင်တန်း သခင်မှ ပြုံးသည်။ သက်တံဓား သူတော်စင်သည် ပျော့ညံ့သူ မဟုတ်ကြောင်း သူသိ၏။ သို့သော် ငြင်းခုန်ခြင်း မပြုချေ။
တျန်ရွှမ်ဇီကို မသတ်ရသည့် အကြောင်းရင်း ၎င်းတွင် ရှိနိုင်မည်။ ထို့နောက် ကောင်းကင်ပေါ် မော့ကြည့်လိုက်ပြီး၊
“ ဒီည နည်းနည်းအေးတယ်။ ”
-ဟု ပြောကြားတော့၏။
“ မုန်တိုင်း လာနေပြီ။ ”
အသူရာ စပါးအုံးက ပြန်ပြောသည်။ ထိုအချိန်တွင် ကောင်းကင်ယံ ဂိုဏ်းသည် ဝိုင် သောက်ပွဲဖြင့် စည်ကားလျက် ရှိနေ၏။
ဂိုဏ်း၏ အနောက်ဘက်သည် ဥယျာဉ်အတွင်းတွင် ကြောင်ဖက်တီးက အိပ်ပြီး တျန်ရွှမ်ဇီက တစ်ယောက်တည်း စစ်တုရင် ကစားနေသည်။
ထိုဝိုင်သောက်ပွဲနှင့် ပြင်ပ အရာများအားလုံးသည် သူနှင့် မသက်ဆိုင်ချေ။ စားပွဲခုံပေါ်ရှိ အနက်ရောင် အရုပ်များသည် နဂါးနက် တစ်ကောင် ကဲ့သို့ ပိတ်မိနေ၏။
အကြိမ်ကြိမ် ကစားပြီး အကြိမ်တိုင်း ရှုံးနိမ့်ခဲ့သည်။ များမကြာခင် စစ်တုရင် ခုံပေါ်၌ နဂါးနှစ်ကောင် တိုက်ပွဲ ဖြစ်လာတော့၏။
“ ဒီပွဲ ကစားပြီးရင် ... မင်း ငါ့အနားမှာ အမြဲနေလို့ ရပါပြီ။ ”
ရုတ်တရက် အမျိုးသမီး အသံ ထွက်ပေါ် လာသည်။ တျန်ရွှမ်ဇီက ရွှင်လန်းမှု မရှိခဲ့ချေ။ သို့တိုင် ခေါင်းညိတ်ပြပြီး၊
“ ဒီလိုပဲ ဖြစ်မှာပါ။ ”
-ဟု တုန့်ပြန်သည်။
ထို့နောက် လေဟာနယ်လှိုင်းတွန့်များ ပျောက်ကွယ်ကာ အမျိုးသမီးက ထွက်ခွာသွား တော့သည်။
“ ဝှစ် ... ။ ”
ကြောင်ဖက်တီးက စားပွဲပေါ် ခုန်တက်လာပြီး မျက်မှောင်ကြုတ်လျက် စစ်တုရင် အရုပ်များကို နမ်း၏။
တျန်ရွှမ်ဇီက သူ့ကို လျစ်လျူရှုကာ ကျောက်တုံးပေါ်မှ ခုန်ဆင်းပြီး ဥယျာဉ် အလယ် ဗဟိုသို့ လျှောက်လှမ်းသွားလေသည်။
“ ချွင် ... ချွင် ... ချွင် ... ။ ”
လည်ပင်းရှိ ချူသံများနှင့် အတူ ကြောင်ဖက်တီးက သူ့နောက် လိုက်လာ၏။ မပျော်မရွှင် ဖြစ်နေသော သူ့ကို မော့ကြည့်ပြီး ‘လမ်းမှား ပြန်ပြီ’ဟု ပြောချင်ဟန် မကျေမနပ် ကြည့်လေသည်။
ထို့ကြောင့် ပြုံးကာ၊
“ ကိုးငယ် ... ငါလမ်းမှား ပြန်ပြီလား ... အကြိမ်တိုင်း မှားတဲ့ လမ်းကိုဘဲ ငါ ရွေးမိနေပုံ ရတယ်။ ”
-ဟု ညည်းတွားလိုက်မိသည်။
ထိုအပြုံးသည် ပန်းခင်းကြီးကိုပင် အရောင်ဖျော့သွားစေ၏။ သူက ကိုးငယ်ကို ကောက်ပွေ့ကာ ထွက်ခွာသွားတော့သည်။
“ ဝှစ် ... ။ ”
အဆုံးတွင် လက်ဝှေ့ယမ်းလိုက်ရာ ပိတ်စတစ်ထည် လွင့်သွားပြီး ပလ္လင်တစ်လုံး ပေါ်လွင်လာသည်။
ပလ္လင် အနောက်တွင် တန်ခိုးကြီး ရောင်ဝါများ ထုတ်လွှတ်နေသော ဓား(၇)လက် ပါရှိနေ၏။
ဤပလ္လင်သည် ခရမ်း-ရွှေရောင် နဂါးပလ္လင်ဟုခေါ်ပြီး နတ်နဂါး အင်ပါယာ၏ ရတနာ ဖြစ်သည်။
နတ်နဂါးကို ဆင့်ခေါ်နိုင်၏။ ၎င်းနှင့် ဓားခုနစ်လက်လုံးသည် အုပ်စိုးရှင် သူတော်စင် လက်ရာများ ဖြစ်သည်။
မိုမျိုးနွယ်မှ သွန်းလုပ်ထားသော နဂါးမျိုးနွယ်လက်ရာ ဖြစ်ပြီး ဓားတစ်လက်စီက နတ်နဂါးကို ကိုယ်စားပြု၏။
“ ဝှစ် ... ။ ”
ကိုးငယ်ကပလ္လင်ပေါ် ခုန်တက်လိုက်သော အခါတွင် ရောင်ဝါများ ချက်ချင်း တောက်ပလာ ခဲ့သည်။
တျန်ရွှမ်ဇီက ၎င်းကို မတားဘဲ ထိုင်ချလိုက်၏။ ကိုးငယ်သည်သာ ပတ်ဝန်းကျင် အပေါ် စူးစူးစိုက်စိုက် လေ့လာနေသည်။
ထို့နောက် ကိုးငယ်၏ လက်သည်းအပေါ် အုပ်ကိုင်လိုက်၏။ ကိုးငယ်က ရုန်းထွက်ကာ သူ့လက်ထံ ပြန်၍ အုပ်မိုးသည်။
ဤနည်းဖြင့် နှစ်ယောက်သား စော့ကစား နေခဲ့စဉ် ရောင်နီအလင်းများ ရောက်ရှိလာခဲ့၏။
မိုးကုပ်စက်ဝိုင်း အစပ်မှ တက်လာသော ရောင်ခြည်များထံ မော့ကြည့်ကာ ကိုးငယ်ကို ကောက်ပွေ့လျက် ခရမ်း-ရွှေရောင် နဂါး ပလ္လင်ဖြင့် ပျံသန်းတော့၏။
“ ဝှစ် ... ။ ”
ပလ္လင်၏ အရှေ့ခြမ်းတွင် ရွှေကျီးကန်း သုံးကောင်ပါရှိပြီး ၎င်းတို့မှ တောက်ပသော အဆင်းများ ထုတ်ဖော်ကာ စတင် ရွေ့လျား လေသည်။
နံနက်ခင်း အလင်းရောင်နှင့် အတူ ရွေ့လျားလာသော ပလ္လင်ထံ သူတော်စင်များ အားလုံးက တလေးတစား မော့ကြည့်ကာ ချက်ချင်း တိတ်ဆိတ်ကုန်တော့၏။
မဟာ သူတော်စင် နှစ်ဆယ်ကျော်၊ သူတော်စင်ဘုရင် လေးဆယ်နှင့် သူတော်စင် သခင် ရာပေါင်းများစွာ ရှိသည်။
ဤမျှ ကြီးမားသော ဖွဲ့စည်းမှုနှင့်အတူ၊ ၎င်းတို့ စွန့်လွှတ်ထားသည့် ရောင်ဝါများသည် ကြောက်စရာ ကောင်းချေပြီ။
တျန်ရွှမ်ဇီက ခရမ်း-ရွှေရောင် နဂါးပလ္လင်ပေါ်တွင် ထိုင်လျက် ပခုံး၌ မရဏ ပန်းကို ပွင့်စေလိုက်၏။
သူ့အသွင်သည် စစ်ထွက်လာသော သူရဲကောင်း တစ်ယောက်နှင့် မတူဘဲ တစ်စုံ တစ်ရာ လွမ်းဆွတ်ဖွယ် ကောင်းနေ၏။
ရွှေရောင် ဆံပင်ကောက်ကောက်များ ပြန့်ကျဲလျက် ခံစားချက် မဲ့နေသော အသွင်က ပန်ချီကားတစ်ချပ်လို တင့်တယ်သည်။
“ အရှေ့ဘက် ပျက်စီးမြေရဲ့ ... ပြိုင်ဘက်ကင်း ကောင်းကင်ယံ မဟာ သူတော်စင်။ ”
“ အရှေ့ဘက် ပျက်စီးမြေရဲ့ ... ပြိုင်ဘက်ကင်း ကောင်းကင်ယံ မဟာ သူတော်စင်။ ”
“ အရှေ့ဘက် ပျက်စီးမြေရဲ့ ... ပြိုင်ဘက်ကင်း ကောင်းကင်ယံ မဟာ သူတော်စင်။ ”
သူတော်စင်များ အားလုံးက တျန်ရွှမ်ဇီ၏ ပြိုင်ဘက်ကင်း အသွင်အပြင်ကို ငေးကြည့်ကာ လက်သီးဆုပ် ကြွေးကြော်လိုက်ကြသည်။
တျန်ရွှမ်ဇီအတွက်မူ ကိုးငယ်ကို ဖြည်းညှင်းစွာ ငုံ့နမ်းလျက်၊
“ သွားရအောင် ... ဒီနေ့ ခရီးစဉ်က ဓားဂိုဏ်းကို သုတ်သင်ပြီး ... သက်တံဓားနဲ့ အဆုံးသတ်ရမယ်။ ”
-ဟု တိုးတိုးလေး ရွတ်ဆိုလိုက်တော့သည်။
***