← Chapters

လေပြေတိုးသံ ... ။

Vol. 174 Ch. 2433

လေပြေတိုးသံ ... ။

Vol. 174 Ch. 2433

ဓားဂိုဏ်းဆီသို့ ဦးတည်သွားနေသည့် လူအုပ်ကြီးက ရွှင်လန်းစွာဖြင့် တျန်ရွှမ်ဇီနောက် လိုက်ပါလာသည်။

နေထွက်လာသော အခါ ဓားဂိုဏ်းနှင့် မိုင်တစ်ထောင်အကွာသို့ ရောက်ရှိလာပြီ ဖြစ်၏။ နဂါးပလ္လင်ပေါ်တွင် မြင့်မြတ်မြေ ဂိုဏ်းချုပ် သုံးပါးနှင့် တောင်နက် သူတော်စင် ခုနစ်ပါး လိုက်ပါလာသည်။

နဂါးပြာမှတ်တမ်း မတိုင်မီ သူတော်စင် တစ်ပါးကို တွေ့ရန် ခက်ခဲချေ၏။ ယခုမူ ဝိညာဉ် စွမ်းအင်များ သိပ်သည်းလာပြီး သူတော်စင် များကို နေရာတိုင်း၌ မြင်လာရသည်။

“ ဧကရာဇ် တစ်ပါးတောင် ... ဒီလောက်များတဲ့ သူတော်စင်တွေနဲ့ ရင်ဆိုင် ရရင် ဖြေရှင်းရ ခက်လိမ့်မယ်။ ”

“ ဧကရာဇ်တွေက သာမန် သူတော်စင်တွေကို အလွယ်တကူ သတ်နိုင် ပေမယ့် ကောင်းကင်ယံ ဂိုဏ်းမှာ မဟာ သူတော်စင် အထွတ်အထိပ်တွေ ပါတယ်၊ ...

... တောင်နက် သူတော်စင် ခုနစ်ပါးထဲက ဘယ်သူမဆို မဟာ သူတော်စင် အထွတ်အထိပ် ရောက်နေကြပြီ။ ”

“ ကောင်းကင်ခွဲ မဟာ သူတော်စင်က ဧကရာဇ်နဲ့ လှုပ်ရှားမှု ဆယ်ကြိမ်တိုင် ဖလှယ်ပြီး လွတ်မြောက်ခဲ့ဖူးတယ် ... ဒါကြောင့် တောင်နက် ဂိုဏ်းရဲ့ ...

... ခေါင်းဆောင် ဖြစ်လာရတာပဲ ... မြင့်မြတ်မြေသုံးပါးရဲ့ သခင်တွေနဲ့ ပတ်သက် ရင်တော့ ပြောစရာ မရှိပါဘူး။ ”

“ တျန်ရွှမ်ဇီကိုလည်း မမေ့နဲ့ ... ဧကရာဇ်နယ်ပယ် အောက်မှာ အသန်မာဆုံးပဲ ဧကရာဇ်ကိုးပါးက လွဲပြီး သာမန် ဧကရာဇ်က သူ့ကို ဘာမျှ မလုပ်နိုင်ဘူး။ ”

ဤတိုက်ပွဲသည် ရက်စက် ကြမ်းကြုတ်နေမည် ဖြစ်ပြီး သတိ မပြုမိသော် အသ​က် ဆုံးရှုံးနိုင်ပေမည်။

အရှေ့ဘက် ပျက်စီးမြေမှ ကျင့်ကြံသူများသာမက အခြား​သော ဒေသများ မှလည်း စောင့်ကြည့်ရန် လာကြ၏။

အမှောင်ခေတ်ကို အဆုံးသတ်သွား ပြီးနောက် အကြီးမားဆုံး သူ​တော်စင် တိုက်ပွဲ တစ်ပွဲ ပေပင်။ ဤတိုက်ပွဲသည် ဧကရာဇ်များ အထိပင် ပါဝင်လာနိုင်ဖွယ် ရှိ၏။

“ မူရွှမ်ကောင် ... ဘယ်မှာလဲ ဓားဂိုဏ်းထဲက ထွက်လာဝံ့သလား။ ”

တျန်ရွှမ်ဇီ အသံက ပဲ့တင်ထပ်လာ၏။ သူ့အသံလှိုင်းသည် ဓားဂိုဏ်းထံ ရောက်ချိန်၌ မြင်သာသော လှံများသဖွယ် အစီရင်ထံ ပြေးဝင်လာသည်။

အတွင်းသို့ ဖြတ်ကျော် ပြီးနောက် တောင်ငယ်တစ်ရာ့ရှစ်လုံးကို တုန်လှုပ် သွားစေ ခဲ့၏။

အလွန်လျင်မြန်သော အဟုန်ဖြင့် တောင်ငယ်တစ်ရာ့ရှစ်လုံးမှ ဓားရောင်ခြည်များ ပွင့်ကာ အသံလှိုင်းကို ချေဖျက်လိုက်သည်။

မူရွှမ်ကောင်က၊

“ ကျေးဇူးကန်းတဲ့ တိရိစ္ဆာန်ကောင် ... မင်းဆန္ဒရှိရင် လာခဲ့ပါ ... ဓားဂိုဏ်းမှာ ဘယ်သူမှ မရှိဘူးလို့ မထင်လိုက်နဲ့။ ”

-ဟု ပြန်လည် အော်ဟစ်လိုက်သည်။

“ မူရွှမ်ကောင် ... ဓားအစီရင်ကို ဖယ်ပေးချင်တယ်ဆိုရင် မင်းအသက် ချမ်းသာ ပေးမယ် ... မဟုတ်ရင် ဓားဂိုဏ်းတစ်ခုလုံးကို သက်တံဓားနဲ့အတူ မြှပ်နှံရလိမ့်မယ်။ ”

တျန်ရွှမ်ဇီက လှောင်ပြောင်၏။ ထို့နောက် လက်ဝှေ့ယမ်းကာ၊

“ သူတော်စင် သခင်တိုင်း လှုပ်ရှားပါ ... ဧကရာဇ်ကိုတောင် ရပ်တန့်နိုင်တဲ့ အစီရင်ကို ဘယ်လောက်စွမ်းလဲ ကြည့်ရအောင်။ ”

“ နားလည် ပါပြီ ... ။ ”

သူတော်စင် သခင်ငါးရာသည် ကြယ်များကဲ့သို့ တန်ခိုးကြီးသော ရောင်ဝါများ ထုတ်ဖော်ကာ ကောင်းကင်ပေါ် တက်လာ ကြသည်။

“ ခရစ် ... ။ ”

ကောင်းကင်ကြီး အက်ကွဲကာ ကြယ်ရောင်များ လင်းလက် လာသော အခါတွင် ဓားဂိုဏ်းကို တိုက်ခိုက်မှု စတင်ပြီ ဖြစ်၏။

၎င်းတို့၏ တိုက်ခိုက်မှုများသည် အာကာသကို ကမောက်ကမ ဖြစ်စေခဲ့သည်။ ထိတ်လန့် တုန်လှုပ်စရာ ဖြစ်၏။

သူတော်စင် သခင်တိုင်းနောက်၌ မရေမတွက်နိုင်သော ဖြစ်စဉ်များ ထွက်ပေါ် လာခဲ့သည်။

“ ဝုန်း ... ဝုန်း ... ။ ”

တစ်ချက် ထိမှန်သည်နှင့် တောင်တစ်လုံး ကြေမွှရန်လုံလောက်၏။ ထို့ကြောင့် ဓားအစီရင် ပေါ်တွင် ပေါက်ကွဲမှုများ ဖြစ်ပွားလာသည်။

သို့သော် ၎င်းတို့သည် အတားအဆီးကို မဖျက်ဆီးနိုင်ခဲ့ဘဲ လှိုင်းဂယက်များ အဖြစ်သာ ပျံ့ကားသွား၏။

ကြက်သွေးရောင် တောင်ထိပ်ပေါ်တွင် မူရွှမ်ကောင်က နတ်ဖီးနစ် တောင်တန်း သခင်၊ အသူရာ စပါးအုံး တို့နှင့်အတူ ရပ်နေသည်။

“ ဒီအတားအဆီးက ဘယ်လောက် ကြာကြာ ခံနိုင်လဲ။ ”

“ တစ်ချိန်လုံး တိုက်ခိုက်နေမယ်ဆိုရင် သုံးရက် ... ဒါပေမယ့် တခြား နည်းလမ်းတွေ ပိုင်ဆိုင်ထားရင်တော့ ဒီထက် နည်းသွား နိုင်တယ် ... ။ ”

အသူရာ စပါးအုံး၏ မေးခွန်းကို မူရွှမ်ကောင်မှ ပြန်ဖြေသည်။ ပြီးနောက် ကောင်းကင်ပေါ် မော့ကြည့်ကာ၊

“ တျန်ရွှန်ဇီ လှုပ်ရှားလာတဲ့ အခါ ရပ်တန့်ဖို့ကို နတ်ဖီးနစ် တောင်တန်း သခင် အပေါ်ပဲ ဒုက္ခပေး ရတော့မယ်။ ”

-ဟု ပြောကြားလိုက်သည်။

“ ငါ နားလည်ပါတယ်။ ”

နတ်ဖီးနစ် တောင်တန်းသခင်မှ ခေါင်းညိတ်သည်။ တျန်ရွှမ်ဇီကို ဆန္ဒအတိုင်း လုပ်ခွင့်ပေးပါက ဓားအစီရင်မှာ ကြာရှည် ခံနိုင်မည် မဟုတ်ချေ။

တျန်ရွှမ်ဇီက အဝေးမှ ဓားဂိုဏ်းထံ ကြည့်ကာ ပြုံးပြီး၊

“ သူတော်စင် ဘုရင်တွေ အားလုံး ... မင်းတို့ရဲ့ ဘုန်းဝိညာဉ် လက်နက်ကို အသုံးပြုပြီး တိုက်ပါ ... နောက်ဆုတ် မနေနဲ့။

-ဟု အမိန့်ပေးလိုက်သည်။

“ ဝှစ် ... ။ ”

ကောင်းကင်နှင့် မြေကြီးကို ပြင်းစွာ တုန်လှုပ်စေသော ရောင်ဝါနှင့်အတူ သူတော်စင် ဘုရင် လေးဆယ်က အစီရင်ထံ ပျံသန်း သွားကြသည်။

ဤတစ်ကြိမ်တွင် ဓားဂိုဏ်း တစ်ခုလုံး တုန်ယင်ကာ အတားအဆီး၌ အက်ကြောင်းများ ပေါ်လာ၏။

သို့သော် မူရွှမ်ကောင်က ဓားကို ကောင်းကင်ပေါ် မြှောက်လိုက်သော အခါတွင် ငြိမ်သက်သွားကုန်သည်။

မြေစွမ်းအင်များက အသီးသီးသော တောင်ထိပ်များထံမှတဆင့် ကြက်သွေးရောင် တောင်ထိပ်၌ စုရုံးလာ၏။

မြေစွမ်းအင် ရောင်ဝါ မြင့်တက်လာကာ ဓားရောင်ခြည်များ ပျံ့ကားလျက် ဝင်လာသော တိုက်ခိုက်မှုများ အားလုံးကို ပယ်ဖျက် ပစ်လိုက်လေသည်။

အလင်း နှိမ်နင်းခြင်း မဟာသူတော်စင်နှင့် ကောင်းကင်ခွဲ မဟာ သူတော်စင်ကို လှုပ်ရှားရန် တျန်ရွှမ်ဇီက အချက်ပြ၏။

“ ခရစ် ... ။ ”

ထိုနှစ်ယောက်က မဟာ သူတော်စင် အကြီးအကဲများကို တပြိုင်နက်တည်း လှုပ်ရှား စေလိုက်သော အခါ လေထုအတွင်း အက်ကွဲ ကြောင်းများ ပေါ်လာသည်။

ဓားဂိုဏ်း တစ်ဝိုက်ရှိ ရှုခင်းများသည် ၎င်းတို့၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့၏။

“ လမင်း တည်နေသရွေ့ ... ဓားဂိုဏ်း ဘယ်တော့မှ မရွေ့ ... ။ ”

တောင်ငယ် (၁၀၈)လုံးတွင် စခန်းချ နေထိုင်သော တပည့်များ အားလုံး မူရွှမ်ကောင် နှင့်အတူ လိုက်ပါ အော်ဟစ်တော့သည်။

“ လမင်း တည်ရှိသရွေ့ ... ဓားဂိုဏ်း ဘယ်တော့မှ​ မရွေ့ ... ။ ”

ယဲ့ဇီလင်က တံဆိပ်ထုတ်ပြီး ‘ဓား’-ဟု အော်ဟစ်လိုက်သည်။ သူမ၏ ဓားအပါအဝင် တပည့်များ၏ ဓားရည်ရွယ်ချက်များက ကောင်းကင်ပေါ်ပျံတက်လာ၏။

ထိုဓားရည်ရွယ်ချက် အားလုံးကို မူရွှမ်ကောင်က တံဆိပ်ဖြင့် လမင်းကဲ့သို့ စုစည်း လိုက်သည်။ တောက်ပသော ငွေဓား ရောင်ခြည်များ ပျံ့ကားလာ၏။

ငွေဓားရောင်ခြည်က ဓားအစီရင်မှတဆင့် ထက်ရှသော ဓားရည်ရွယ်ချက် အဖြစ် ထွက်ပေါ် လာကာ မဟာ သူတော်စင် (၂၀)ကို ပြန်လည် ဆုတ်ခွာစေခဲ့သည်။

ဓားရောင်ခြည်က ထိုမျှဖြင့် မရပ်တန့်ဘဲ ၎င်းတို့ကို ရှောင်တိမ်းရန် အထိ ဆက်၍ ဖိအား ပေးခဲ့၏။

အဝေးမှ ရပ်ကြည့် နေသူများက ဓားအစီရင်ကို အသုံးပြု၍ မဟာ သူတော်စင် (၂၀)နှင့် ရင်ဆိုင်နေသော မူရွှမ်ကောင်ထံ ထိတ်လန့်စွာ ကြည့်နေသည်။

မဟာ သူတော်စင်ဟူသည် အားနည်းသူ မဟုတ်ချေ။ သူတော်စင် ဘုရင် တစ်ပါးတည်းမှ ဆုတ်ခွာစေသည်မှာ မယုံနိုင်စရာ ဖြစ်၏။

မီးကျီးကန်း မဟာ သူတော်စင်နှင့် ကောင်းကင်ကျက်သရေ မဟာ သူတော်စင်တို့မှ ဦးဆောင်လျက် ဓားရောင်ဝါကို ပိတ်ဆို့ လိုက်ကြသည်။

ဤသည်မှာ သူတို့နှစ်ဦး အတွက် ပထမဆုံးအကြိမ် လက်တွဲခြင်း ဖြစ်သော်လည်း ခိုင်မာသော နားလည်မှုရှိချေ၏။

ရှေးဟောင်းသော့ မဟာ သူတော်စင်သည် ကောင်းကင်​ အဆင့် ဝိညာဉ် ရေးရာ ဆရာသခင် တစ်ဦးဖြစ်ပြီး လေထဲ သူတော်စင် ရူရ်များ ရေးဆွဲသည်။

မူရွှမ်ကောင် မျက်လုံးများ ရွှေရောင် သန်းလာပြီး အထွတ်အထိပ် နတ်အလင်းဓား ရည်ရွယ်ချက်ကို ပြသလိုက်၏။

ဤဓားရည်ရွယ်ချက်သည် ဓားအစီရင် ပံ့ပိုးကူညီမှုဖြင့် မဟာ သူတော်စင် (၂၀)ကို ကောင်းစွာ ဆန့်ကျင်နိုင်၏။

“ ရွှပ် ... ။ ”

ဓားအစီရင်က အားကောင်းလာပြီး မီးကျီးကန်နှင့် ကောင်းကင် ကျက်သရေ မဟာ သူတော်စင်သည်လည်း အားမနည်းချေ။

၎င်းတို့ထဲမှ တစ်ဦးသည် ကောင်းကင် မီးလျှံဂိုဏ်း၏ ကြယ်ခွဲဓားကို သရုပ်ဖော်ကာ မဟာနေမင်းဒိုမိန်းကြီး ဖန်တီး၏။

ကျန်တစ်ယောက်သည် နတ်ရူရ်ဖြင့် ရေးထားသော အလံငယ်များ အသုံးပြုလျက် လျှပ်စီးများ ဆင့်ခေါ်ထားသည်။

တိုက်ပွဲမြင်ကွင်းကို ခရမ်း-ရွှေရောင် နဂါးပလ္လင်ပေါ်တွင် ထိုင်နေသည့် တျန်ရွှမ်ဇီမှ စိတ်ဝင်တစား ကြည့်သည်။

အလင်းနှိမ်နင်းခြင်း မဟာ သူတော်စင်က၊

“ မြင့်မြတ်သော သခင် မျှော်လင့်ထားတဲ့အတိုင်း ... ငါတို့ရဲ့ မဟာ သူတော်စင် အယောက် နှစ်ဆယ်က ဓားအစီအရင်ကို မခွဲနိုင်ဘူး။ ”

-ဟု သတင်းပို့၏။ ကောင်းကင်ခွဲ မဟာ သူတော်စင်က၊

“ ဒါပေမယ့် အတားအဆီးက ဒီလို ဆက်တိုက် တိုက်ခိုက်မှုတွေကို ကြာကြာ မခံ နိုင်ပါဘူး ...

... မဟာ သူတော်စင်တွေရဲ့ စွမ်းအားကို ပြန့်ကားအောင် မူရွှမ်ကောင် လှုပ်ရှားနေရတယ် မဟုတ်လား။ ”

-ဟု တုန့်ပြန်ဆွေးနွေးလာ၏။

မဟာသူတော်စင်များ ဦးဆောင်ခြင်းဖြင့် သူတော်စင်ဘုရင်နှင့် သူတော်စင်သခင်များက ဆက်လက် တိုက်ခိုက်နေသော်လည်း သက်ရောက်မှု မမြင့်မားပေ။

“ ဒီအခင်းအကျင်းက ... ဧကရာဇ်ရဲ့ တိုက်ခိုက်မှုကိုတောင် ခံနိုင်ရည်ရှိတယ် ဆိုတာ ငါသိတယ် ... ဒါပေမယ့် ဒါဟာ ချဲ့ကားမှု တစ်ခုပဲလို့ ထင်မိခဲ့ဖူးတယ် ...

... ကံကောင်းတာက ဓားအစီရင်မှာ မပြည့်စုံဘူး ရှေးဟောင်းသော့ကို လှုပ်ရှားဖို့ ပြောလိုက်တော့ ... ဒါကို ဆက်လုပ်နေတာ အဓိပ္ပါယ် မရှိပါဘူး။ ”

တျန်ရွှမ်ဇီက အမိန့်ပေး၏။ ကောင်းကင်ခွဲ မဟာ သူတော်စင်က ခေါင်းညိတ်ပြီး သူ့အသံကို လွှင့်လိုက်သည်။

သတင်းစကားကို လက်ခံရရှိသော ရှေးဟောင်းသော့က ရက်စက်စွာ ပြုံးလိုက်ပြီး အလံငယ် (၇၂)လက်ကို ထုတ်ယူ၏။

“ ဝှစ် ... ။ ”

လက်ညှိုး တစ်ချက်ထိုး လိုက်ရုံဖြင့် အလံများက တောင်ထွတ်များထံသို့ ဦးတည် ကုန်သည်။

“ မကောင်းတော့ဘူး။ ”

နတ်ဖီးနစ် တောင်တန်း သခင်နှင့် အသူရာစပါးအုံးက မျက်နှာများ ပြောင်းသွားပြီး အလံများကို ရပ်တန့်ရန် စတင် လှုပ်ရှား လိုက်ရ၏။

အလံငယ်များထံမှ သူတော်စင် ရူရ်များ ထွက်လာပြီး အသွင်အပြင်တစ်ခုသဏ္ဍာန် စတင် ဖွဲ့စည်းလာ၏။

သို့သော် ဓားအစီရင်မှ ငွေဓားရောင်ခြည်က ချက်ချင်း ဖျက်ဆီးလိုက်သည်။ ယင်းအချိန်သည် ရှေးဟောင်းသော့ အတွက် လုံလောက်၏။

“ ဝှစ် ... ။ ”

လက်ဝှေ့ယမ်းလျက် နဂါးတံဆိပ်ကို ငွေရောင် အတားအဆီးထံ ပျံသန်းစေခဲ့သည်။ တံဆိပ်မှ နဂါးနှစ်ကောင်ထွက်လာပြီး လမ်း၌ ကတ်ကြေးအသွင် ပြောင်းကုန်၏။

ဓားအစီရင်သည် အလံငယ် ပုံကြမ်းကို ဖျက်ဆီးနေစဉ် ထိုကတ်ကြေးကြီးမှ ညှပ်ချပစ် တော့၏။ ထို့ကြောင့် တုန့်ပြန်ချိန် မရတော့ဘဲ အပေါက်ကြီး တစ်ခု ပေါ်လာသည်။

“ နဂါးသတ် ကတ်ကြေး ... ။ ”

“ ဒါ နတ်တာအို ခန်းမရဲ့ နဂါးသတ် ကတ်ကြေးပဲ။ ”

လာရောက်ကြည့်ရှု နေသူတိုင်း၏ မျက်နှာများ ပြောင်းသွားသည်။ တျန်ရွှမ်ဇီက ပြုံးရယ်ကာ၊

“ ငါက ကောင်းကင် အုပ်စိုးရှင်ပဲ ... မိုးပြာနဂါး ... ငါ့အမိန့်ကို နာခံပါ။ ”

-ဟု အော်ဟစ်လျက် လက်ဖဝါး တစ်ချက် ရိုက်ချလာသည်။

“ ခရစ် ... ။ ”

ကောင်းကင် သုံးဆယ့်ခြောက်လွှာ ကွဲထွက်ကာ မိုးပြာနဂါး နက္ခတ်က ဧရာမ နဂါး လက်သည်းကြီးနှင့် ငွေဓားအစီရင်အပေါ် လှမ်းကုပ်၏။

ဤမြင်ကွင်းသည် လူများစွာကို မျက်လုံးပြူးစေသည်။ မူရွှမ်ကောင်မှ မျက်နှာ ပြောင်းသွားပြီး ‘ဓား’ဟု ဟောက်၏။

“ ဓား ... ။ ”

“ ဝှစ် ... ။ ”

ဓားဂိုဏ်းရှိ သူတော်စင် တပည့်များ၊ သင်းထောက်ဆရာများနှင့် သက်ကြီးရွယ်အိုများ အပါအဝင် အတွင်းတပည့်များ အားလုံးက ဓားကို မြှောက်လိုက် ကြသည်။

ထို့နောက် ဓားရည်ရွယ် လောင်းထည့် လိုက်သည်။ တုန်လှုပ်ချောက်ချားဖွယ် မြင်ကွင်း တစ်ရပ် ဖြစ်ချေ၏။ ကောင်းကင်ကြီး ပြိုကျလာ လျှင်ပင် ကာကွယ် နိုင်ပုံရသည်။

“ ဘောင်း ... ။ ”

သို့သော် ဓားအခင်းအကျင်းသည် မပြည့်စုံသောကြောင့် ရလဒ်မှာ စိတ်ပျက်စရာ ပေပင်။ နဂါးသတ် ကတ်ကြေးက အတားအဆီး အလွှာကို ဖြတ်ချသွား၏။

နဂါးလက်သည်းနှင့် ဓားရောင်ခြည်များ ထိပ်တိုက်တွေ့သောအခါ မီးပွားများ ပွင့်ကာ ဓား​ရောင်ဝါများ အားလုံး ကွဲကြေကုန်သည်။

ဓားဂိုဏ်း၏ တပည့်များစွာသည် သက်ရောက်မှု ခံခဲ့ရပြီး သွေးများ အန်လျက် မြေပြင်ပေါ် ဒူးထောက်ကျသွား၏။

အဆုံးတွင် အတားအဆီးသည် နဂါး လက်သည်းကို မခံနိုင်ဘဲ တပည့်များစွာကို လွင့်စဉ်စေကုန်သည်။

“ ဝှစ် ... ။ ”

ထိုစဉ် ဓားရောင်ခြည် တစ်စင်း ပျံတက်လာပြီး နဂါး လက်သည်းကို ထိုးဖောက် ဝင်ရောက်သွား၏။

ဤသည်မှာ နတ်ဖီးနစ် တောင်တန်း သခင်ဖြစ်သည်။

“ ကောင်းကင်ယံ မဟာ သူတော်စင်၊ ငါ့မှာမင်းအတွက် ဓားတစ်လက် ရှိတယ်။ ”

နတ်ဖီးနစ် တောင်တန်း သခင်၏ ဓားရောင်ဝါသည် မူရွှမ်ကောင် ထက်ပင် ပို၍ ကြောက်စရာ ကောင်း၏။

“ သူ့နာမည်ကို လေပြေတိုးသံလို့ ခေါ်တယ်။ ”

ဓားလွှဲလိုက်သောအခါ ဓားဂိုဏ်းထံ တိုက်ခိုက်နေသော မဟာ သူတော်စင်များ၏ မျက်နှာများ ပြောင်းလျက် ချက်ချင်း ပြန်ဆုတ်လိုက်ရ၏။

“ ဝှစ် ... ။ ”

သည့်နောက် ဓားရောင်ခြည်သည် နဂါးဟောက်သံ ပုံစံဖြင့် လေပြင်းတိုက်ခတ် နေသကဲ့သို့ ပြေးထွက်လာတော့သည်။

***

All Chapters