မိုးပြာ နဂါး ဘိုးဘေး။
Vol. 174 Ch. 2434
နတ်ဖီးနစ် တောင်တန်းသခင်က မဟာသူတော်စင်များ အားလုံးကို ဓားတစ်ချက် တည်းဖြင့် ဆုတ်ခွာရန် ဖိအားပေးခဲ့သည်။
အချိန်မီ ဆုတ်ခွာရန် ပျက်ကွက်ခဲ့သော မဟာ သူတော်စင်များ အတွက်မူ ၎င်းတို့၏ ဒိုမိန်းများ၌ အက်ကြောင်းများ ပေါ်လျက် ညည်းတွားလိုက်ရ၏။
မီးကျီးကန်း မဟာ သူတော်စင်နှင့် ကောင်းကင် ကျက်သရေ တို့သာလျှင် ဤဓားကို ဖြေရှင်းနိုင်ခဲ့သည်။
သို့တိုင် ဖိအားက ခရမ်း-ရွှေရောင် နဂါးပလ္လင်သို့ ဆုတ်ခွာရန်အထိ ပြင်းထန်နေဆဲ ဖြစ်၏။
“ ဖြန့် ထွက် စမ်း ... ။ ”
တျန်ရွှမ်ဇီက သူ့လက်ညှိုးကို ပွတ်ဆွဲလိုက်ပြီး ရွှေနဂါး ဓားရောင်ဝါဖြင့် ပြန်လည် ချေဖျက်လိုက်ရသည်။
မီးကျီးကန်း မဟာ သူတော်စင်နှင့် ကောင်းကင် ကျက်သရေ မဟာ သူတော်စင် တို့၏ မျက်နှာများ ပျက်ယွင်းသွားသည်။
တျန်ရွှမ်ဇီနှင့် နတ်ဖီးနစ်တောင်တန်း သခင်သည် ဓားသူတော်စင်များ မဟုတ်ကြ သော်လည်း ဓားရည်ရွယ်ချက်မှာ ကြောက်စရာကောင်း၏။
ရွှေနဂါး ဓားရောင်ခြည်သည် တုန်ခါမှုများဖြင့် ပလ္လင်ပေါ် ဖုံးလွှမ်းကာ နဂါး အဖြစ်သို့ ပြောင်းလဲသွားသည်။
“ သက်တံဓားကို ယှဉ်နိုင်တဲ့ နတ်ဖီးနစ် တောင်တန်းသခင် ... မျှော်လင့်ထားသလို ပါပဲ၊ ဒီဓားကို ငါ ကြုံဖူးပါပြီ။ ”
တျန်ရွှမ်ဇီက ပြောသည်။ အခြားသော မဟာသူတော်စင်များ ကလည်း နဂါးပလ္လင်သို့ ချက်ချင်း ဆုတ်ခွာလိုက်ကြ၏။
“ ကောင်းကင်ယံ မဟာ သူတော်စင် မင်းလည်း ... တကယ့်ကို အထင်ကြီးစရာပါပဲ။”
နတ်ဖီးနစ် တောင်တန်း သခင်က တျန်ရွှမ်ဇီကို ကြည့်ကာ တုန့်ပြန် စကားဆို၏။ မထီမဲ့မြင် ပြုရန် မဝံ့တော့ချေ။
“ မြင့်မြတ်သော သခင် ... သူနဲ့အတူ အချိန်ဖြုန်းနေစရာ မလိုပါဘူး သူက အချိန်ကို ဝယ်ယူဖို့ ကြိုးစားနေတတာ ...
... မူရွှမ်ကောင် ဒဏ်ရာ ရရှိပြီး၊ ဓားဂိုဏ်းက ပရမ်းပတာ ဖြစ်နေပါပြီ ဒါက အရမ်းကောင်းတဲ့ အခွင့်အရေးပါပဲ။ ”
ကောင်းကင်ခွဲ မဟာ သူတော်စင်က ကြက်သွေးရောင် တောင်ထိပ်ပေါ် ကြည့်ပြီး ပြောကြားလိုက်သည်။
တျန်ရွှမ်ဇီက သူ့လက်ကို ဝှေ့ယမ်းလျက်၊
“ ကိစ္စ မရှိတော့ပါဘူး ...အတားအဆီး ကျိုးသွားပြီ ... သူတော်စင် သွေးပြန်ကြောက အနှေးနဲ့ အမြန် ပျက်စီးရလိမ့်မယ် ...
... သူ အချိန်ကို ဝယ်ဖို့ ကြိုးစားနေရင် တောင်မှ ... ငါ့ကိုတားဖို့ အရည်အချင်း ပြည့်မီ ပါတယ်။ ”
“ စိတ်ဝင်စား စရာပဲ ... ။ ”
ထိုစကားကြောင့် နတ်ဖီးနစ် တောင်တန်း သခင်မှ ပြုံးသည်။ တျန်ရွှမ်ဇီသည် စိတ်ဝင်စား စရာ ပေပင်။
“ လင်းယွန်က ... မင်းကို ဘယ်လို ဆွဲဆောင်ခဲ့တာလဲ ငါသိချင်တယ် တောင်တန်း သခင် ... မင်းမလာခဲ့ဘူးဆိုရင် ဓားဂိုဏ်းက လွယ်လွယ်နဲ့ ပျက်စီးသွားမှာပါ။ ”
“ နတ်ဖီးနစ်တောင်ရဲ့ နှစ်ပေါင်းများစွာ တောင့်တတဲ့ ဆန္ဒကို သူ ဖြည့်ဆည်းပေးခဲ့တယ် ဒါပေမဲ့ အဲဒီလိုမျိုး ... မလုပ်နိုင်ခဲ့ရင်တောင် နတ်မီးတောက်အတွက် ငါလာရမယ်။ ”
နတ်ဖီးနစ် တောင်တန်းသခင်၏ စကားကြောင့် တျန်ရွှမ်ဇီမှ လေးလေးနက်နက် တွေးတောကာ နဂါး ဧကရီ အမိန့်ကို အလင်း နှိမ်နင်းခြင်း မဟာ သူတော်စင်ထံ ပစ်ပေးလိုက်သည်။
“ ငါမင်းကို နဂါးဧကရီအမိန့် ခဏငှားလိုက်မယ် မဟာ သူတော်စင် အားလုံး မင်းရဲ့ အမိန့်ကို နားထောင်ခိုင်းပါ ... ဆန့်ကျင် သူတိုင်း ဧကရီကို မရိုမသေပြုခြင်းပဲ ...
... ငါ နတ်ဖီးနစ် တောင်တန်း သခင်နဲ့ တိုက်နေတုန်း မင်းက ဓားဂိုဏ်းကို ဖျက်ဆီး ပစ်နိုင်တယ်။ ”
“ နားလည်ပါပြီ ... ။ ”
အလင်း နှိမ်နင်းခြင်း မဟာ သူတော်စင်က ချက်ချင်း လှုပ်ရှားတော့သည်။
“ ကောင်းကင်ခွဲ ... ၊ ကောင်းကင် ကျက်သရေ ... မီးကျီးကန်း ... မင်းသုံးယောက် ငါနဲ့အတူ တိုက်ပြီး ... ကျန်တဲ့ လူတွေက အခြား ပင်မ တောင်တန်းတွေဆီ သွားပါ ...
... သူတော်စင် ဘုရင်တွေနဲ့ ... သူတော်စင်သခင်တွေ အားလုံးက တောင်ငယ် (၁၀၈) လုံးကို တာဝန်ယူ။ ”
“ နားလည်ပါပြီ ... ။ ”
လူတိုင်းက အမိန့်ကို လက်ခံကြသည်။ ဤအစီအစဉ် အောက်တွင် ဓားဂိုဏ်းသည် ကြာကြာ ခံနိုင်မည် မဟုတ်ချေ။
ကြက်သွေးရောင် တောင်ထိပ်တွင် မူရွှမ်ကောင်နှင့် အသူရာ စပါးအုံး တို့သာ ရှိပြီး ကျန်ပင်မ တောင်ထိပ်ခြောက်ခုတွင် မဟာ သူတော်စင် နှစ်ပါးသာ ရှိသည်။
ထို့ကြောင့် ပင်မ တောင်ထိပ်တိုင်းသည် မဟာသူတော်စင်သုံးပါးမှ လေးပါးအထိ ရင်ဆိုင် ရမည် ဖြစ်၏။
တောင်ငယ် (၁၀၈)လုံး အတွက်မူ သူတော်စင် ဘုရင် အလုံအလောက် မရှိသဖြင့် ဆိုဖွယ် မရှိတော့ချေ။
သို့သော် တျန်ရွှမ်ဇီက သူ့ကို စောင့်ကြည့် နေသောကြောင့် နတ်ဖီးနစ် တောင်တန်းသခင်မှ ဝင်ပါနိုင်ခြင်း မရှိ ဖြစ်နေခဲ့သည်။
တျန်ရွှမ်ဇီက ပြုံးပြီး၊
“ မင်းဆန္ဒအတိုင်း ... ငါ့ကို တားထားနိုင်ပြီ။ ”
-ဟု ပြောကြားလိုက်၏။
နတ်ဖီးနစ် တောင်တန်း သခင်က မျက်မှောင်ကြုတ်လျက် တစ်ခုခု မှားယွင်း နေကြောင်း ခံစားမိသည်။
“ နတ်ဖီးနစ် တောင်တန်း သခင် ... မင်း ငါ့ကို ချုပ်နှောင်ထားချင်ပေမယ့် ... ငါကတော့ မင်းကို သတ်ပစ်ချင်တယ် ... အခု မင်းရဲ့ အချိန်တာအိုကို ခံစားပါရစေ။ ”
တျန်ရွှမ်ဇီက ကောင်းကင် သုံးဆယ့်ခြောက်လွှာကို ခွဲကာ ပျံတက်သွား တော့သည်။
နတ်ဖီးနစ် တောင်တန်း သခင်က ပလ္လင်ပေါ်ကျန်ခဲ့သည့် ကြောင်ဖက်တီးထံ လှမ်းကြည့်သည်။ ကြောင်ဖက်တီးမှလည်း သူ့ထံ ပြန်စိုက်ကြည့်၏။
“ ဝှစ် ... ။ ”
အဆုံးတွင် နတ်ဖီးနစ် တောင်တန်း သခင်က ကောင်းကင်ပေါ် ခုန်တက်သွားတော့သည်။
ဤနည်းဖြင့် ဧကရာဇ် နယ်ပယ်အောက် အပြင်းထန်ဆုံးသော မဟာသူတော်စင် နှစ်ပါး၏ တိုက်ပွဲ စတင်လာခဲ့၏။
တစ်ဖက်တွင် ဓားဂိုဏ်းရှိ ပင်မ တောင်ထိပ်များတွင်လည်း တိုက်ပွဲများ ဖြစ်ပွား လာခဲ့သည်။
တောင်ငယ် (၁၀၈)လုံးသည် သူတော်စင်ဘုရင်နှင့် သူတော်စင် သခင်တို့၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေခဲ့ရပြီး ပရမ်းပတာ ဖြစ်သွား၏။
ဓားအစီရင် ဖျက်ဆီးလိုက်ခြင်းဖြင့် မူရွယ်ကောင်တွင် မြေစွမ်းအင် အလုံအလောက် မရှိတော့ချေ။
“ ဒီမှာ ... မင်းတို့ နှစ်ယောက်တည်းလား။ ”
အလင်း နှိမ်နင်းခြင်း မဟာ သူတော်စင်က အံ့သြသွားသည်။ သူက ပြုံးပြီး၊
“ ဒါမှမဟုတ် ... ဂိုဏ်းချုပ်မူက နှစ်ယောက်တည်းနဲ့ ကာကွယ်နိုင်မယ်လို့ ထင်နေတာများလား ... ဒါဆို မင်းက ငါတို့ကို အရမ်းကြီး နှိမ့်ချနေပြီ။ ”
“ ဝုန်း ... ။ ”
သူတို့ စကားပြောနေစဉ် တောင်ငယ် (၁၀၈)လုံးမှ တောင်ငယ် တစ်လုံး ပြိုကျကာ သူတော်စင် သွေးကြော ပျက်စီးသွား၏။
မြေပြင်မှ သူတော်စင် ရောင်ဝါများ ပေါက်ထွက်လျက် ပတ်ဝန်းကျင်အနှံ့ ပျံ့ကား ပျောက်ကွယ်နေသည်။
“ ဝှစ် ... ။ ”
ထိုတောင်ကို ကာကွယ်နေသည့် တပည့်များက မူလ အစီအစဉ်များ အတိုင်း ကောင်းကင်နဂါး တောင်ထိပ်ထံသို့ ပြန်၍ ဆုတ်ခွာသွားကြ၏။
သူတို့သည် ရဲရင့်သဖြင့် အချို့မှာ အသတ်ခံခဲ့ရသည်။ မူရွှမ်ကောင် မျက်နှာသည် ကြောက်မက်ဖွယ် ကောင်းလာသည်။
မဟာ ကောင်းကင် အုပ်စိုးရှင် အမိန့်ဖြင့် ဝိညာဉ်ကို ပေါင်းစပ်ထားသောကြောင့် အနား၌ ဝိညာဉ်စွမ်းအင်များ လျော့နည်းသွားသည်ကို ခံစားမိ၏။
“ ငါတို့ တိုက်ဖို့တောင် မလိုတော့ဘူး ထင်တယ် ... ဓားဂိုဏ်းက တဖြည်းဖြည်း ပြိုကျ သွားတော့မယ်။ ”
အလင်း နှိမ်နင်းခြင်း မဟာ သူတော်စင် သည်လည်း အပြောင်းအလဲအချို့ကို ခံစားမိကာ ပြုံးပြီး မှတ်ချက်ပေးလိုက်သည်။
ကောင်ကင်ခွဲ မဟာ သူတော်စင်က ကောင်းကင်ပေါ် မော့ကြည့်လျက် တျန်ရွှမ်ဇီတို့ တိုက်ပွဲထံ အာရုံရောက်သွား၏။
ဤအဆင့်တိုက်ပွဲသည် ပြင်းထန်ပြီး အဝေးမှပင် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးများ ခံစားရ၏။
“ အမြန် အဆုံးသတ် ရအောင် ... မြင့်မြတ်သောသခင် နှစ်ပါးက တိုက်နေကြပြီ ... ရလာဒ်က ငါတို့ မသိနိုင်ဘူး ... သူတော်စင် သွေးကြောတွေကို အရင်ဆုံး ... ဖျက်ဆီးပစ်ရမယ် ...
... ဒါဆို နတ်ဖီးနစ် တောင်တန်းသခင် အနိုင်ရခဲ့ရင်တောင် ဓားဂိုဏ်းက ကစားပွဲကို ပြောင်းနိုင်တော့မှာ မဟုတ်ဘူး။ ”
ကောင်းကင်ခွဲ မဟာ သူတော်စင်က အာရုံပြန်ရလာပြီး အသူရာ စပါးအုံး မဟာ သူတော်စင်ကို ကြည့်ကာ၊
“ မင်းတို့ သုံးယောက်က မူရွှမ်ကောင်နဲ့ ရင်ဆိုင်ပါ ... ဒီအဖိုးကြီးကို ငါဖြေရှင်းလိုက်မယ် ပြဿနာ မရှိဘူး မဟုတ်လား။ ”
-ဟု ပြန်လည် မေးမြန်းလိုက်၏။
“ အဘိုးကြီးတဲ့လား ... ။ ”
အသူရာ စပါးအုံးက လှောင်ပြုံးဖြင့် ကြည့်နေခဲ့သည်။ သူ မလှုပ်ရှားသည်မှာ အချိန် အတော်ကြာပြီဖြစ်၏။ ထို့ကြောင့် လူတိုင်းက မေ့နေကြပုံရသည်။
ကောင်းကင်ခွဲ မဟာ သူတော်စင်က အုပ်စိုးရှင်တာအို ဖြစ်သော မရဏနှင့် သတ်ခြင်း တာအိုကို ဆုပ်ကိုင်ထားသည်။
၎င်းကို နတ်မိစ္ဆာ သုတ်သင်ခြင်း ကျမ်းဖြင့်ပေါင်းစပ်ထား၏။ ဒိုမိန်း လွှတ်လိုက်သော အခါ ငရဲကြီး(၁၈)ထပ် ပေါ်လာသည်။
တောင်နက်သူတော်စင် များသည် အားနည်းသူများ မဟုတ်ကြောင်း လူတိုင်း သိရှိ ထားကြ၏။
ဤတိုက်ခိုက်မှုကို ရင်ဆိုင်ရန် အသူရာ စပါးအုံးပင် ခြေလှမ်း အနည်းငယ် ပြန်ဆုတ် လိုက်ရသည်။
“ ဟား ဟား ဟား ... ။ ”
ကောင်းကင်ခွဲ မဟာ သူတော်စင်က ရယ်သည်။
“ အဖိုးကြီး ... မင်းရဲ့အရိုးတွေက တော်တော်မာတယ် ... နတ်မိစ္ဆာ သုတ်သင်ခြင်း ကျမ်းကနေလာတဲ့ ငါ့ရဲ့ အဖျက်စွမ်းအင်ကို မင်း ဘယ်လောက်ထိ ခံနိုင်မလဲ ငါသိချင်တယ် ... ။ ”
အခြား တစ်ဖက်တွင် မဟာ သူတော်စင်သုံးပါးသည် မူရွှမ်ကောင်ကို တိုက်ခိုက်လာခဲ့၏။
မူရွှမ်ကောင်နှင့် အသူရာစပါးအုံး တို့ကို ဖယ်ရှားနိုင်သရွေ့ တောင်အောက်ရှိ သူတော်စင် သွေးပြန်ကြောကို ဖြတ်တောက်ကာ တိုက်ပွဲကို အဆုံးသတ် နိုင်မည် ဖြစ်သည်။
မူရွှမ်ကောင် နောက်တွင် ဓားခုနစ်လက် ပေါ်လာပြီး မဟာ သူတော်စင် သုံးပါးကို အငိုက် မိစေ၏။
မဟာ တော်ဝင် ဓားကျမ်း အပေါ် ကန့်သတ်ချက်သို့ တွန်းထုတ်ပြီး ကောင်းကင် ကျက်သရေနှင့် မီးကျီးကန်း မဟာ သူတော်စင် တို့ကို ဆုတ်ခွာခိုင်းနိုင်ခဲ့သည်။
“ ဘာတွေ ဖြစ်နေတာလဲ။ ”
အသူရာ စပါးအုံးက မျက်လုံးများ တောက်ပလာ၏။
“ မိုးပြာ နဂါး ဒေါသ ... ။ ”
“ ဝုန်း ... ။ ”
ပတ်ဝန်းကျင် တစ်ခုလုံး တုန်ခါလျက် နက္ခတ် ပွင့်လာသည်။ ပေါက်ကွဲသံကြီး နှင့်အတူ ကောင်းကင်ခွဲ မဟာ သူတော်စင် တစ်ယောက် နှုတ်ခမ်းမှ သွေးများစီးကျကာ လွင့်ပျံသွား၏။
အသူရာ စပါးအုံး၏ အဝတ်အစားများ ပေါက်ကွဲသွားကာ အသက်ဝင်လာသော မိုးပြာ နဂါးကဲ့သို့ ကြွက်သားများ ဖောင်းကြွလာ၏။
“ ဟား ဟား ဟား ... ။ ”
၎င်းက မျက်လုံးများအတွင်းတွင် ဝိညာဉ် မီးလျှံများ တောက်လောင်လျက်မှ ရယ်မောကာ၊
“ အဘိုးကြီးတဲ့လား ... တောင်ပိုင်း ဧကရာဇ်တောင်မှ တစ်ချိန်က ငါ့လက်ထဲမှာ ဒုက္ခ ရောက်ခဲ့ဖူးတယ် ... မင်းက မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ ...
... ငါ့နာမည် အသူရာ စပါးအုံး မဟာသူတော်စင်ပဲ နဂါးတံခါး ဖျက်ဆီးခံရပြီး တဲ့နောက် မျိုးဆက်(၂၀၀)မြောက် မိုးပြာနဂါးဘိုးဘေးပဲ။ ”
-ဟု သူ့အမည်ကို ကြွေးကြော် လိုက်တော့သည်။
“ ငါတို့ ... အရင် ထွက်သွားရအောင် ဓားအခင်းအကျင်းရဲ့ စွမ်းပကားအောက်မှာ မူရွှမ်ကောင်ဓားက အားကောင်းနေတယ် တခြား တောင်ထိပ်ကို အရင် ဖြိုချရမယ်။ ”
“ မင်းတို့ ထွက်သွားနိုင်မယ် ထင်လား။ ”
မူရွှမ်ကောင်က ဟစ်အော်လိုက်သည်။ ကြက်သွေးရောင် တောင်ထိပ် တစ်ခုလုံးအပေါ် အကန့်အသတ် မရှိသော ဓားရောင်ဝါများ ဖုံးလွှမ်းလာတော့၏။
တစ်ချိန်တည်းမှာပင် တောင်ကြီး တစ်ခုလုံး တုန်ခါလျက် အသူရာ စပါးအုံးက တောင်ကြီးကို လှည့်ပတ်နေသော မိုးပြာနဂါး အဖြစ် ထင်ရှားလာသည်။
“ ဝှစ် ... ။ ”
မဟာ သူတော်စင် လေးပါး ခမျာ ချက်ချင်းဆုတ်ခွာ လိုက်ရသည်။ မူရွှမ်ကောင်က ကောင်းကင်ပေါ် ပျံတက်သွားပြီး နဂါးခေါင်းပေါ် ရပ်လျက်၊
“ လူကြီးမင်းတို့ ကြက်သွေးရောင် တောင်ထိပ်မှာ သေဖို့ အသင့်ဖြစ်နေပြီလား။ ”
-ဟု မေးမြန်းလိုက်တော့၏။
ဤလေးယောက်သည် တျန်ရွှမ်ဇီ လက်အောက်၌ အပြင်းထန်ဆုံး မဟာ သူတော်စင်များ ဖြစ်သည်။
တခြားသော တောင်ထိပ်များထံ သွားခွင့်ပြုသော် သူတို့ကို မည်သူမျှတားနိုင်မည် မဟုတ်ချေ။
အလင်း နှိမ်နင်းခြင်း မဟာ သူတော်စင်က၊
“ သူက သူတော်စင် ဘုရင်လေပဲ ... ဓားကျမ်းရဲ့ တောင်ထိပ်နှစ်ခုလည်း ပျက်စီး နေပြီဆိုတော့ ကြာရှည်ခံမှာ မဟုတ်ပါဘူး လာတိုက်ရအောင်။ ”
-ဟု ပြန်လည် အားယူလိုက်၏။
မူရွှမ်ကောင်နှင့် အသူရာ စပါးအုံးတို့ ပေါင်းစပ်ခြင်းသည် သူတို့အတွက် အန္တရာယ်ရှိ နေမှန်း သိရှိထား၏။ ရှင်သန်လိုပါက ခွန်အားကို အပြည့်အ၀ ပေးအပ်ရပေမည်။
***