သက်တံဓား သူတော်စင်ကို အရှက်ခွဲလို့ မရဘူး။
Vol. 174 Ch. 2435
ပတ်ဝန်းကျင်ရှိ စွမ်းအင်များက မူရွှမ်ကောင်၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင် လာ၏။ မြေစွမ်းအင်သည် ဓားဂိုဏ်း၏ သူတော်စင် သွေးပြန်ကြောမှ အလုံးစုံ မဟုတ်ချေ။
နှစ်ပေါင်း တစ်သိန်းကျော် စုထားသော နောင်တော်များ၏ ဆန္ဒများဖြစ်၏။ ထို့ကြောင့် ၎င်းမှ ခွန်အားပေးပြီးနောက် မဟာ သူတော်စင် သုံးပါးကို တိုက်ခိုက်နိုင်ခဲ့သည်။
ဤအရာသည် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းမျိုး ပေပင်။ အသူရာ စပါးအုံးမှ တောင်ကို ရစ်ခွေလျက် မဟာ သူတော်စင် လေးပါးအပေါ် ကန့်သတ်ပစ်သည်။
ယဲ့ကူဟန်က အရိယာ တောင်ထိပ်ကို ကာကွယ်ရသည်။ သူ့ပြိုင်ဘက်မှာ မင်ဂိုဏ်း၏ မဟာ သူတော်စင် နှစ်ပါး ဖြစ်၏။
၎င်းတို့ နှစ်ဦးသည် သန်မာပြီး နေ-လ သူတော်စင် ကျန်းကို မြင့်မားသော အဆင့်သို့ ရောက်ရှိ ထားခဲ့သည်။
အရေးအကြီးဆုံးမှာ တစ်ပါးသည် မဟာနေမင်းကို ကျွမ်းကျင်ပြီး ကျန်တစ်ပါးမှာ မဟာလမင်း ကျွမ်းကျင်၏။ နှစ်ယောက်ကြား ဆက်ဆံရေး ကောင်း ရှိပေသည်။။
သို့သော် ယဲ့ကူဟန်သည် အာကာသ တာအို၊ မဟာ တော်ဝင် ဓားကျမ်းနှင့် ကောင်ကင်ကျမ်း တို့ကြောင့် အဆင်ပြေ၏။
အခွင့်ကောင်း အချို့ပင် ရရှိထားသည်။ နောက်ထပ် မဟာ သူတော်စင် နှစ်ပါးလည်း ရှိနေသေးသည်။
၎င်းတို့သည် တောက်နက် ဂိုဏ်းနှင့် ကောင်းကင် မီးလျှံဂိုဏ်းမှ ဖြစ်၏။ တောင်နက် ဂိုဏ်းမှ မဟာ သူတော်စင် အမည်မှာ သွေ့ရော် အဖိုးအို ဖြစ်ပြီး မဟာ သူတော်စင် အထွတ် အထိပ် နယ်ပယ် ဖြစ်သည်။
ဘဝ-မရဏ တာအိုကို ဆုပ်ကိုင်ထားပြီး သွေ့ရော် ဓားမော့ ပညာရပ်သည် ကိုင်တွယ်ရ ခက်ခဲချေပြီ။
ခရမ်းငယ်မှ ဓားသေတ္တာ အားကိုးပြီး ၎င်းအပေါ် ဟန့်တားခဲ့သည်။ အုပ်စိုးရှင် နတ်ရူရ် လေးလုံးကြောင့် သာမန် မဟာ သူတော်စင် များကို သူမ အလွယ်တကူ ရင်ဆိုင်နိုင်၏။
သို့သော် သွေ့ရော် အဖိုးအိုသည် သာမန် မဟုတ်ချေ။ ထို့ပြင် သူမသည် သူတော်စင်သခင် အဆင့်သာ ရှိသည်။
ထို့ကြောင့် ဝင်လာသော တိုက်ခိုက်မှုများ ကိုသာ ခုခံ ကာကွယ်နိုင်ပြီး လက်တုံ့ ပြန်ခြင်း မပြုနိုင်ခဲ့ချေ။ ယင်းက သဘာဝအတိုင်း သူမကို ဒေါသထွက်စေသည်။
“ သနားစရာ ကောင်းလိုက်တာ ... ငါ့မှာ အုပ်စိုးရှင် နတ်ရူရ် ခုနစ်ခုလုံးသာ ရှိရင် အဆင်ပြေမှာ … ။ ”
အကယ်၍သာ အုပ်စိုးရှင် နတ်ရူရ် ခုနစ်လုံး ပြည့်စုံပါက သူမသည် သူတော်စင် ဘုရင်ထက် အဆပေါင်းများစွာ သာလွန်ပေလိမ့်မည်။
ထိုအချိန်က နတ်ဘုရားများနှင့်ပင် ယှဉ်နိုင်၏။ အိုင်းရစ် ဓားသူတော်စင်မှ ၎င်းကို လင်းယွန်အတွက် ပေးခဲ့ပြီး ဓားကျမ်းနှင့် နိဗ္ဗာန် တာအိုသုံးကာ ထိန်းချုပ်ရပေသည်။
“ အဘိုးကြီး အစား မစားဘူးလား ... နင်ဘာလို့ ဒီလောက် အားနည်း နေရတာလဲ ... ငါအရင်တုန်းက နင့်လို လူအိုဆယ်ယောက်ကို လွယ်လွယ်နဲ့ တိုက်နိုင်တယ်၊ ...
... နင့် အသက်အရွယ်အရ ဧကရာဇ် နယ်ပယ်ကို ဝင်ရောက် နိုင်တော့မှာ မဟုတ်ဘူး၊ ညတိုင်း မအိပ်ခင် ဘယ်နှစ်ရက် ကျန်သေးလဲ ရေတွက်ကြည့်နေသင့်တယ် ... ဘာလို့များ ကိုယ့်ကိုယ်ကို တျန်ရွှမ်ဇီဆီ ...
... ရောင်းစားရတာလဲ ... နင်ငါ့ကို ဘိုးဘေးလို့ခေါ်ရင် အသက်ရှည်မဲ့ နည်းလမ်း ပေးဖို့ ငါစဉ်းစားနိုင်တယ်။ ”
သွေ့ရော် အဖိုးအိုခမျာ ခရမ်းငယ် စကားကြောင့် ဒေါသတကြီး ဖြစ်လာသည်။ ဒဏ်ရာကို ဆားပွတ်ခြင်း မည်၏။
သို့သော် ပြိုင်ဘက်သည် ဓားသေတ္တာဖြင့် မမြင်ဖူးသော နည်းလမ်းပေါင်းစုံ သုံးနေလေရာ စိတ်အနှောင့်အယှက် ဖြစ်လာရသည်။
“ မင်းက ဘယ်သူလဲ ... ။ ”
သွေ့ရော်အဘိုးအိုက မေးလိုက်သည်။ သွေ့ရော်ဟူသည် တစ်စုံတစ်ဦး၏ အသက်နှင့် သေဆုံးခြင်းကို ထိန်းချုပ်နိုင်သော ဘွဲ့တစ်ခု မျှသာ မဟုတ်ချေ။
ဝိညာဉ် ဖြစ်သွား လျှင်ပင် မည်သူမျှ သူ့လက်မှ လွတ်မြောက်မည် မဟုတ်ကြောင်း အဓိပ္ပါယ်ပေပင်။
“ ဟား ဟား ဟား ... သိချင်လား ဒါဆိုသေချာနားထောင် ငါ့နာမည်က သမုဒ္ဒရာ (၄)စင်း၊ ပျက်သုန်းမြေ (၈)ပါး ကောင်းကင် (၃၆)လွှာနဲ့ ကမ္ဘာမြေ (၇၂)ထပ်ကို အုပ်စိုးတဲ့ ကောင်းကင်ဘုံ တရားစီရင်ရေး ဧကရီပဲ။ ”
ခရမ်းငယ်က ဓားသေတ္တာပေါ်တွင် ရပ်ကာ ပြုံးပြီး ကြေငြာလိုက်သည်။ သွေ့ရော် အဘိုးအို မျက်နှာ မည်းမှောင်သွား၏။
ဤကလေးမသည် သူနှင့် လာရှုပ်နေချေပြီ။ ယဲ့ကူဟန်က ပြိုင်ဘက်နှစ်ယောက်နှင့် ရင်ဆိုင် နေရာမှ ပြုံးမိ၏။
တစ်ဖက်တွင် မုချွမ်သည် ကောင်းကင် မီးလျှံဂိုဏ်းမှ မဟာသူတော်စင် မြင့်မြတ်သော မီးတောက်ကို ကာကွယ်ရန် ဒုက္ခရောက် နေခဲ့သည်။
မြင့်မြတ်သော မီးတောက် မဟာ သူတော်စင်သည် သွေ့ရော် အဖိုးအို ကဲ့သို့ သန်မာခြင်း မရှိချေ။
သို့သော် မုချွမ်၏ ကျင့်ကြံမှုသည် ခရမ်းငယ်ထက်ပင် နိမ့်ပါးသဖြင့် နဂါးလေးသာ အနားတွင် မရှိသော် ရှုံးနိမ့်သွားမည်မှာ သေချာသည်။ ယခုပင် ဆယ်ကြိမ် အကြာ၌ မုချွမ်တစ်ယောက် လွင့်ပျံသွားရ၏။
“ သက်တံဓားရဲ့ တပည့်က ... အထင်ကြီးစရာ ဘာမှမရှိပါဘူး ... မြေစွမ်းအင် အထောင်အပံ့သာ မရှိရင် လက်ဖဝါးတစ်ချက်နဲ့ အသားပြား လုပ်နိုင်တယ်။ ”
မြုင့်မြတ်သော မီးတောက်က လှောင်ပြောင်းဖြင့် လက်ဖဝါး တစ်ချက် ရိုက်ထုတ် လာ၏။
နဂါးလေးခမျာ အန္တရာယ်ကို ခံစားမိပြီး ချက်ချင်းပြေးသွားကာ မုချွမ် အင်္ကျီကော်လာထံ ပါးစပ်ဖြင့် ကိုက်ကာဆွဲဖယ်လိုက်ရသည်။
“ ဟား ဟား ဟား ... သက်တံဓား သူတော်စင် တပည့်က ... ကြောင်တစ်ကောင် နဲ့တောင် ယှဉ်လို့ မရပါလား။ ”
မြင့်မြတ်သော မီးတောက်က ခရမ်းငယ်နှင့် ယဲ့ကူဟန်ကို လှည့်ကြည့်သည်။ သူ ကူညီသည့် လူသည် အနိုင်ရမည် ဖြစ်၏။
“ မီးတောက် ဒီကောင်မလေးကို ကူညီဖြေရှင်းပေးပါဦး ... အဲဒီ ဓားသေတ္တာက ရတနာပဲ။ ”
သွေးရော် အဖိုးအိုက တောင်းဆို၏။ ခရမ်းငယ်နှင့် ယဲ့ကူဟန်ခမျာ အနည်းငယ် စိုးထိတ်သွားသည်။
“ ခဏလေး ဒီကောင် မသေသေးဘူး ... သူ့တပည့်သေရင် ... သက်တံဓား သူတော်စင်ရဲ့ နှလုံးသား ထိခိုက်သွားမလားလို့ သိချင်တယ်။ ”
မြင့်မြတ်သော မီးတောက်က ကောက်ကျစ်စွာ ပြုံးလျက် မုချွမ်ကို လွှတ်ရန် ရည်ရွယ်ချက် မရှိခဲ့ချေ။
“ ဝှစ် ... ။ ”
မုချွမ်မှာ ပြန်မထနိုင်တော့ သဖြင့် လက်ဖဝါးတစ်ချက်နှင့် သတ်နိုင်ပေတော့မည်။ သို့သော် ဓားအလင်းတစ်ခု လွင့်ပျံလာပြီး သူ့လက်ဖဝါးကို ထိုးဖောက်လာ၏။
“ အား ... ။ ”
နာကျင်စွာ အော်ဟစ်လျက် ခြေလှမ်း အနည်းငယ် နောက်ပြန် ဆုတ်လိုက်မိသည်။ ဒဏ်ရာကို ဓားရည်ရွယ်ချက်များ ဖုံးလွှမ်းနေ သဖြင့် ပြန်၍ ကုသနိုင်ခြင်း မရှိတော့ချေ။
ထိတ်လန့်စွာဖြင့် ပြန်မော့ ကြည့်မိစဉ် ငယ်ရွယ်သော ဓားသမားတစ်ယောက် မုချွမ်ရှေ့ ထွက်ပေါ်လာသည်။
ခရမ်းငယ်က ဝမ်းသာသွား၏။ ဓားသမား လူငယ်မှာ သက်တံဓား၏ ပဉ္စမမြောက် တပည့် ဖြစ်ချေပြီ။
“ ကျန့် ကျင်း ရှန် ... ။ ”
“ ဖီးနစ်လေး ... မင်း ငါ့ကို မှတ်မိနေသေးတာလား ... အံ့သြစရာ ကောင်းလိုက်တာ။ ”
ကျန့်ကျင်းရှန်သည် အသက် ငါးဆယ်ကျော်ခန့်သာ ရှိသေးသောကြောင့် ငယ်ရွယ်သော အသွင်အပြင် ရှိသည်။
ကျန့်ကျင်းရှန်ကို မြင်သောအခါတွင် ယဲ့ကူဟန် တစ်ယောက် စိတ်သက်သာရာ ရသွားလေသည်။ သို့သော် မျက်နှာ ပြောင်းသွားပြီး၊
“ သတိထား ... ။ ”
-ဟု အော်ဟစ်လိုက်ရသည်။
“ မင်းငါ့ကို ဒဏ်ရာ ရစေရဲလား။ ”
မြင့်မြတ်သော မီးတောက်က ဒေါသတကြီး အော်ဟစ်ကာ ပြေးဝင်တိုက်ခိုက်လိုက်သည်။
“ အစ်ကိုကြီး ... ငါ့အတွက် စိတ်ပူနေစရာ မလိုပါဘူး ... သူ့ကို ဘယ်လို ကစားမလဲ ဆိုတာ ကြည့်လိုက်ပါဦး ... ဟားဟား ဟား ။ ”
ကျန့်ကျင်းရှန်က သူ့ဓားကိုင်လက်ကို နောက်ပို့လိုက်ပြီး အခြား လက်တစ်ဖက်နှင့် တံဆိပ်တစ်ခု ဖန်တီးသည်။
ဓားရည်ရွယ်ချက်များ ဆက်လက် မြင့်တက်လာပြီး နေနှင့် နှိုင်းယှဉ်လိုက်လျှင်ပင် နေရောင်ခြည်ကို မှိန်ဖျော့သွားစေ၏။
ဤသည်မှာ တောက်ပသော ရောင်ခြည်တော်ဓား အထွတ်အထိပ် ပေပင်။ ကျန့်ကျင်းရှန်က သူ့လက်ဖဝါးကို တွန်းထုတ် လိုက်သောအခါ အဝေးသို့ လွင့်စဉ်သွား၏။
“ မင်း ... ။ ”
မြင့်မြတ်သော မီးတောက်က မြေပြင် ရောက်သည်နှင့် ခြေလှမ်းများစွာ ဆုတ်ခွာလျက် ကျိန်ဆဲလိုက်သည်။
ကျန့်ကျင်းရှန့်သည် ဓားကိုင်လက် တစ်ဖက်ကို နောက်ပို့လျက် တစ်ဖက်တည်းဖြင့် သူ့အပေါ် တိုက်ခိုက်နေခြင်း ဖြစ်၏။
“ ငါ့ကို အရှက်ကွဲနေတာလား။ ”
ယင်းကြောင့် ဒေါသတကြီး ဖြစ်လာပြီး သူတော်စင် တာအို ပန်းဖြင့် စွမ်းအားအပြည့်ကို ထုတ်လွှတ်လိုက်သည်။
ထိုရောင်ဝါသည် အရိယာ ကောင်းကင် တောင်ထိပ်တစ်ခုလုံးကို ပြင်းထန်စွာ တုန်လှုပ် သွားစေတော့၏။
“ မဟာ သူတော်စင်လား ... တောင်းပန်ပါတယ် ... ငါလည်း မဟာ သူတော်စင် တစ်ပါးပဲ။ ”
ကျန့်ကျင်းရှန်က မျက်ခုံးပင့်ကာ မြင့်မြတ်သော မီးတောက်ထက် မနည်းသည့် ရောင်ဝါကို ထုတ်လွှတ်ပြလိုက်၏။
“ ဖပ် ... ။ ”
လက်ဖဝါးနှစ်ဖက် ရိုက်မိသောအခါ အားပြင်းသော လှိုင်းလုံးကြီးတစ်ခု ပျံ့ကား ထွက်လာသည်။
ကံကောင်းထောက်မစွာဖြင့် နဂါးလေးက နဂါးမျောက်ဝံပုံစံယူကာ မုချွမ်ကို ဆွဲယူသွားပြီး ဖြစ်သည်။ မဟုတ်သော် ယဲ့ယဲ့မျှသာ ကျန်သော မုချွမ်တစ်ယောက် သေဆုံးသွားနိုင်၏။
“ ညီလေး ကျန့် ... ။ ”
မုချွမ်က နဂါးလေး ပခုံးပေါ်မှ နေပြီး မျက်ရည်များ စီးကျလာခဲ့သည်။ ထို့နောက် ငိုသံကြီးဖြင့်၊
“ ဆရာ ... ညီလေးကျန့် ပြန်လာပြီ ... ဆရာ့ကို စိတ်မပျက်စေဘူး။ ”
-ဟု ရေရွတ်လိုက်သည်။
ကျန့်ကျင်းရှန်သည် သက်တံဓား၏ အဆက်အနွယ် ဖြစ်ခဲ့ပြီး ဓားဂိုဏ်းရှိ လူတိုင်း၏ မျှော်လင့်ချက် ဖြစ်သည်။ ဆရာ့အတွက် ဂုဏ်ယူဖွယ် တပည့်လည်း ဖြစ်၏။
ထူးချွန်သော စွမ်းရည်များ ပိုင်ဆိုင်ကာ အရိယာဓားသုတ္တန်ကို နားလည်ပြီး ဓားဂိုဏ်း၏ အနာဂါတ်ပေပင်။
ထို့ကြောင့် မြင့်မြတ်သော မီးတောက်ကို လက်တစ်ဖက်တည်းဖြင့် ဆက်ဆံပုံ မြင်သော အခါ မုချွမ်တစ်ယောက် ဝမ်းသာ မဆုံး ဖြစ်လာခဲ့သည်။
“ သက်တံဓား သူတော်စင်ရဲ့ တပည့်လား ... ဒါဆို ငါမင်းကို သတ်ပစ်မယ်။ ”
မြင့်မြတ်သော မီးတောက်က အေးစက်စွာ ပြောကြားလိုက်သည်။ သို့သော် သူ့လက်ဖဝါးကို မြှောက်လိုက်ရုံဖြင့် လက်က ပြတ်ကျ သွား၏။
ကျန့်ကျင်းရှန် ဓားသည် သူ့ထက် ပိုမြန်ချေပြီ။
“ သက်တံဓားသူတော်စင်ကို အရှက်ခွဲလို့ မရဘူး။ ”
ထိုအချိန်တွင် ပြတ်ကျသွားသော လက်မောင်းသည် မီးခိုးငွေ့များ ထွက်လျက် ပြာကျသွားသည်။
“ အား ... ။ ”
ဤသည်မှာ တောက်ပသော ရောင်ခြည်တော် ဓား၏ လောင်မြိုက်စွမ်းအား ဖြစ်ချေ၏။
***