လာ ... ။
Vol. 174 Ch. 2436
လက်တစ်ဖက်ကို ဖြတ်လိုက်သည်နှင့် မြင့်မြတ်သော မီးတောက်ခမျာ ချက်ချင်းပင် အသစ် ပြန်ပေါက် စေလိုက်သည်။
မျက်နှာ ဖြူဖျော့လျက် လက်မောင်းမှ သွေးများစီးကျကာ ပျော့ပြောင်းသော လက် အသစ် ပြန်ထွက်လာ၏။
သို့သော် ဒဏ်ရာကို ဖုံးအုပ်ထားသည့် တောက်ပသော ရောင်ခြည်တော်ဓားကြောင့် ပြန်၍ ပြတ်ကျသွားသည်။
“ အား ... ။ ”
ဤအရာက မြင့်မြတ်သော မီးတောက်ကို ရူးသွပ်စေ၏။ ယဲ့ကူဟန်နှင့် တိုက်ခိုက်နေသော မဟာသူတော်စင် နှစ်ပါး သည်ပင် တုန်လှုပ် သွားကြသည်။
သူတို့သည် မြင့်မြတ်သော မီးတောက် မဟာသူတော်စင်နှင့် တူညီသော ကျင့်ကြံမှုတွင် ရှိကြသည်။ ထို့ကြောင့် ဤအရာက ကြောက်စရာ ကောင်းချေ၏။
မဟာ သူတော်စင်နယ်ပယ်ကို မြင့်မြတ်သောအဆင့်၊ အဆုံးမဲ့ အဆင့်နှင့် တန်ခိုးရှင် အဆင့် ဟူ၍ ခွဲခြားထားသည်။
မြင့်မြတ်သော မီးတောက် မဟာ သူတော်စင်သည် တန်ခိုးရှင် အဆင့်၌ နှစ်ပေါင်း ရာဂဏန်းခန့် နေထိုင်ခဲ့သည်။
ထိုအရာသည် ကျန့်ကျင်းရှန် ယှဉ်နိုင်သည့် အရာမျိုး မဟုတ်ချေ။ သို့သော် လက်တစ်ဖက် တည်းဖြင့် ဖြေရှင်းနေခဲ့သည်။
ဤသည်မှာ တောက်ပသော ရောင်ခြည်တော်ဓား အထွတ်အထိပ် ပေပင်။ မူရွှမ်ကောင်သည်ပင် နတ်အလင်း ဓားမျှသာ ရှိသည်။
မြင့်မြတ်သော မီးတောက်ကို ဦးရေပြားများ ထုံကျင်သွားစေသည်။ အသက်ကြီးလာသည်နှင့် သေရမည်ကို ပိုကြောက်လာ၏။
ထို့ကြောင့် တန်ခိုးရှင် အဆင့် ခန္ဓာကိုယ်ကိုထုတ်ဖော်ကာ တောက်ပသော ရောင်ခြည်တော် ဓားအပေါ် ခုခံလိုက်ရသည်။
ထိုလုပ်ရပ်သည် ဓားကို တားထားနိုင် သော်လည်း အသက်သွင်းချိန်တိုင်း သက်တမ်း ပေးဆပ်ရချေ၏။
သူ အကြောက်ဆုံး အရာ ပေပင်။ သက်တံဓားမျိုးရိုးသည် မည်သို့သော ဘီလူးများ မွေးဖွားခဲ့သည်ကို စတင် တွေးတောလာမိ၏။
“ ဝှစ် ... ။ ”
ကျန့်ကျင်းရှန်က မြင့်မြတ်သော မီးတောက်ထံ ဆက်မလိုက်ဘဲ နဂါး မျောက်ဝံ ပခုံးပေါ် ခုန်တက်လိုက်သည်။
“ ညီလေးကျန့် မင်းထွက်လာနိုင်ပြီ။ ”
မုချွမ်က ကျန့်ကျင်းရှန်ကို ဂုဏ်ယူစွာ ကြည့်ပြီး ပါးပြင်ပေါ်၌ မျက်ရည်များ စီးကျလာ ခဲ့သည်။
ကျန့်ကျင်းရှန်သည် ဤမတိုင်မီနှစ်များ တစ်လျှောက် များစွာ ခံစားခဲ့ရသည်။ နဂါးသွေး လွှတ်ကြောများနှင့် သူ့ဓားမှာ ကန့်သတ်ချက် ကျော်လွန်နေ၏။
ကျင့်ကြံမှုအရာ၌ မအောင်မြင်သော် ပေါက်ကွဲပြီး သေဆုံးရ ပေမည်။ ထို့ကြောင့် ကျန့်ကျင်းရှန်ကို သေလူအဖြစ် လူတိုင်းမှ သတ်မှတ်ထားကြ၏။ ယခုမူ ရုန်းထွက် လာနိုင်ချေပြီ။
“ တတိယ အစ်ကို ... မင်းရဲ့ ဒဏ်ရာကို ကုပါရစေ ... ငါတို့က သက်တံဓားမျိုးရိုးပဲ ဒီနေ့ ဘယ်သူမှ မသေရဘူး ဆရာအပါအဝင်။ ”
ကျန့်ကျင်းရှန်က မြင့်မြတ်သော မီးတောက်၏ သူတော်စင်တာအိုကို ဖယ်ရှားရန် မုချွမ်ခန္ဓာကိုယ်ထဲ သူ့ဓားလောင်းထည့်ပေး လိုက်သည်။
တစ်ဖက်တွင် မြင့်မြတ်သော မီးတောက်သည် သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ယူကာ လက်ပြန်ပေါက်ရန် မကြိုးစား တော့ချေ။ နာကျင်မှုကို အံကြိတ်ထားရ၏။
“ ဟိတ် ... ။ ”
ဒေါသများဖြင့် နဂါးမျောက်ဝံ ပေါ်ရှိ ကျန့်ကျင်းရှန်ထံ ပြေးဝင်လိုက်သည်။ မုချွမ်ကို ကုသပေးနေသော ကျန့်ကျင်းရှန်မှ ပြန်လှည့် ကြည့်ကာ လက်ဖဝါး တစ်ဖက်ရိုက်ထုတ် လိုက်တော့၏။
“ အွတ် ... ။ ”
မြင့်မြတ်သော မီးတောက်ခမျာ ယိမ်းယိုင်လျက် ခြေလှမ်းများစွာ ပြန်ဆုတ်သွား ရသည်။
သွေ့ရော် အဖိုးအိုက ခရမ်းငယ်ကို ဆုတ်ခွာခိုင်းပြီး ၎င်းအနား ချဉ်းကပ်သွားကာ ပုခုံးပေါ် လက်တင်လိုက်၏။
မရဏတာအိုဖြင့် ဓားကိုထုတ်လျက် ဘဝတာအိုမှတဆင့် သွေးသား စွမ်းအင်များ ပြန်လည် လောင်းထည့် ပေးခဲ့သည်။
“ အား ... ။ ”
မြင့်မြတ်သော မီးတောက်ခမျာ အော်ဟစ်လျက် လက်အသစ် ပြန်ထွက်လာ ခဲ့၏။
ယဲ့ကူဟန်ကို မျက်နှာချင်းဆိုင် နေသော မဟာသူတော်စင် နှစ်ဦးက သက်ပြင်းချလျက် ဆုတ်ခွာသွား တော့သည်။
သူတို့နှစ်ဦးသည် ယဲ့ကူဟန်ထက် မြင့်မားသော အဆုံးမဲ့ မဟာ သူတော်စင် အဆင့်တွင် ရှိကြ၏။
သို့သော် ယဲ့ကူဟန်၏ ထာဝရ တာအိုကို ရင်ဆိုင်ရသောအခါ ကြီးမားသည့် ဖိအားများ ခံစားခဲ့ရသည်။
ခရမ်းငယ်က ယဲ့ကူဟန် အနားသို့ ပြန်၍ ဆုတ်ခွာလိုက်သည်။ သွေ့ရော် အဖိုးအိုကို သူမ တစ်ယောက်တည်း ကိုင်တွယ်ရန် ခက်ခဲ လွန်း၏။
“ အစ်ကိုကြီး မတွေ့တာ ကြာပြီနော်။ ”
“ ဝှစ် ... ။ ”
ကျန့်ကျင်းရှန်က နဂါးမျောက်ဝံ ပခုံးပေါ်မှ ခုန်ဆင်းကာ နှုတ်ဆက်လိုက်သည်။
“ မင်းဘာလို့ နောက်ကျနေတာလဲ။ ”
“ အစ်ကိုကြီး ... မင်း ငါ့အကြောင်း သိသင့်တယ်။ ”
ကျန့်ကျင်းရှန်က ယဲ့ကူဟန် မေးခွန်းကို ကောက်ကျစ်စွာ ပြုံးပြလေသည်။ ယဲ့ကူဟန်မှ ဖြစ်နိုင်ချေတွက်ဆကာ အံ့အားသင့်သွား၏။
“ မင်း ... ။ ”
ကျန့်ကျင်းရှန်က သူ့ရှေ့မှ မဟာ သူတော်စင် လေးပါးထံ လှည့်ကြည့်ကာ၊
“ အစ်ကိုကြီး မင်းထင်တာ မှန်တယ် ... ငါကောင်းကင်ယံဂိုဏ်းကို သုတ်သင်ပစ်လိုက်ပြီ ငါ့ဓားက ဓားဂိုဏ်းက လူတိုင်းကို ...
... မကာကွယ်နိုင်ပေမယ့် ... ရန်သူရဲ့ တပည့်တိုင်းကို သတ်နိုင်တယ် ငါ့ကို ရက်စက် တယ်လို့ မမြင်ဘူး မဟုတ်လား။ ”
သူ့စကားကြောင့် မဟာ သူတော်စင် လေးပါးခမျာ တုန်လှုပ်ခြောက်ခြား သွားကုန်၏။ ဤကျန့်ကျင်းရှန်သည် ဓားသမားဖြစ်သည် သာမက မဟာသူတော်စင်လည်း ဖြစ်၏။
ထို့ကြောင့် ကောင်းကင်ယံ ဂိုဏ်းရှိ လူတိုင်းအပေါ်သတ်ရန် မည်မျှ လျင်မြန်မည်ကို မည်သူမဆို တွေးကြည့်နိုင်မည်။
ယဲ့ကူဟန် တစ်ယောက် ပါးစပ် အဟောင်းသား ဖြစ်သွားလေသည်။ လမ်းခရီး၌ ကောင်းကင်ယံဂိုဏ်းသို့ ဝင်ကာ လူတိုင်းကို သတ်ဖြတ်ခဲ့သည်ဟု အဓိပ္ပါယ်ရ၏။
ဤသည်မှာ မည်မျှ ရက်စက်လှသနည်း။ ယနေ့မှစ၍ ခွန်လွန်တွင် ကောင်းကင်ယံဂိုဏ်း ဟူသည် ရှိတော့မည် မဟုတ်ချေ။
“ တျန်ရွှမ်ဇီက သူတော်စင် ဘုရင် နှစ်ယောက်ပဲ ထားခဲ့တယ် ဒါပေမယ့် သူတို့က ငါ့ဆီက ဓားဆယ်ချက်တောင် မခံနိုင်ဘူး။ ”
ကျန့်ကျင်းရှန်မှ သူ့ရှေ့က မဟာ သူတော်စင်လေးပါးကို တစ်ချက် ကြည့်ကာ ပြုံးပြလျက်၊
“ မြင့်မြတ်မြေ သုံးပါးကတော့ မဟာ သူတော်စင်တွေ စောင့်ကြပ်နေလို့ သနားစရာပဲ ဒါပေမယ့် အနှေးနဲ့အမြန်တော့ အခွင့်အရေး တစ်ခု ရှာတွေ့မှာပါ ... ငါမသေသရွေ့ ငါ့ဓားဂိုဏ်းရဲ့ တပည့်တွေကို ...
... သတ်ခဲ့တဲ့ လူတိုင်း ကျားမ-မရွေး အသက်အရွယ် မရွေး ပြန်သတ်မယ် ငါ့ဓားက ဘယ်သူ့ကိုမှ ခွင့်မလွှတ်ဘူး။ ”
-ဟု ကြောငြာ လိုက်တော့သည်။
“ ကျန့်ကျင်းရှန် ... မင်းလို ဓားသမားက ဂျူနီယာတွေကို သတ်ဝံ့လား မင်းမိစ္ဆာလမ်းစဉ် ကျင့်ကြံသူတွေနဲ့ ဘာများ ကွာခြားလို့လဲ။ ”
မဟာ သူတော်စင် လေးပါးက လက်တုန်တုန်ယင်ယင်ဖြင့် ဟိန်းဟောက် လိုက်၏။
“ ဟား ဟား ဟား ... သွေ့ရော် အဖိုးကြီး မင်းက ကျော်ကြားတဲ့ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူ မဟုတ်ဘူးလား ... သွေ့ရော်ကျမ်းအတွက် အသက်ပေါင်း ဘယ်လောက် အထိ ...
... မင်းသတ်ခဲ့လဲ ... ငါ့ကို မင်းလို အမှိုက်တစ်စများ ထင်နေလား ငါ့ဓားနဲ့ သတ်ခဲ့ သမျှကို ... ဘယ်တော့မှ နောင်တ မရဘူး ... ငါ လုပ်ခဲ့တာတွေက အပြစ်ကင်းတယ်။ ”
ထိုစကားကြောင့် ကျန့်ကျင်းရှန် တစ်ယောက် နှောင်ကြိုးမှ မည်သို့ ရုန်းထွက် လာနိုင် သည်ကို နားလည်လိုက်၏။
ထိုစဉ်က ရှေးဟောင်း စစ်မြေပြင်တွင် တျန်ရွှမ်ဇီသည် ဓားဂိုဏ်း၏ ရွှေမျိုးဆက်ကို သတ်ရန် လှည့်ကွက်များ အသုံးပြုခဲ့သည်။
၎င်းကို အပြစ်တင်ရန် အထောက်အထား တစ်ခုမျှ ရှာမတွေ့ချေ။ ထိုကြောင့် ဒေါသတကြီး ကောင်းကင်ယံဂိုဏ်းမှ လူတစ်ထောင်ကျော်ကို သူ သတ်ဖြတ်ခဲ့သည်။
သက်တံဓားမှ ၎င်းအသက်ကို ကာကွယ် လိုသဖြင့် အကျဉ်းချခဲ့သည်။ ဒေါသကြောင့် သူ အမှားလုပ်မိသည်ဟု ခံစားသွားရကာ လျှပ်စီး တိမ်လွှားဓား ဂိုဏ်း၌ ပိတ်မိသွားခဲ့၏။
လင်းယွန် ရောက်လာ ပြီးနောက် သူ့ဓားသည် အပြစ်မရှိဟု နားလည်လာခဲ့ကာ နှောင်ကြိုးကို ဖြတ်ပစ်နိုင်ခဲ့၏။ ယဲ့ကူဟန်က၊
“ အပြစ်မရှိတဲ့ ဂျူနီယာတွေကို သတ်ရင် ... မင်းအပြစ်တွေ ခံရလိမ့်မယ်။ ”
-ဟု စိတ်မကောင်းစွာ ပြောကြား လိုက်မိသည်။
ထိုလူများ၏ အသက်ကို ဂရုမစိုက် သော်လည်း ၎င်းတို့အတွက် အပြစ်များ ခံစားရ သည့် အပေါ် ဝမ်းနည်းနေမိသည်။
အဘယ်ကြောင့် ဆိုသော် သွေ့ရော် အဘိုးအိုသည် ဧကရာဇ်ဘုံသို့ တက်ရောက်ရန် အခွင့်အရေး မရှိချေ။ ဧကရာဇ်ဒုက္ခကို ခံဝံ့ပါက သူသတ်ခဲ့သော အပြစ်များကြောင့် သေမည်မှာ သေချာ၏။
“ အစ်ကိုကြီး စိတ်မပူနဲ့ ... ငါ့အပြစ်တွေ အားလုံးကို ငါခံနိုင်ပါတယ် ... ဒါက ဓားသမားပဲ ဆုံးဖြတ်ချက်ချပြီးရင် နောင်တ မရဘူး။ ”
ဤသည်မှာ ကျန့်ကျင်းရှန် ခံယူချက် ဖြစ်သည်။ သူနောင်တ မရသော်လည်း သူ့ရှေ့မှ မဟာသူတော်စင် လေးပါးခမျာ နောင်တ ရပြီး ကျောရိုးများ အေးစက်ကုန်၏။
ယနေ့ကျန့်ကျင်းရှန်ကို မသတ်နိုင်သော် သူတို့ မြင့်မြတ်မြေသုံးပါးသည် ငြိမ်းချမ်းနိုင်မည် မဟုတ်ကြောင်း နားလည်လာ၏။
မြင့်မြတ်သော မီးတောက် မဟာ သူတော်စင်က အံကြိတ်လျက်၊
“ သူ့ကို သတ်လိုက်ပါ ... သက်တံဓား သူတော်စင်ဟာ သေရမှာ ဖြစ်သလို သူလည်း သေရမှာပဲ။ ”
“ သွားကြရအောင် ။ ”
လူတိုင်းက ၎င်းတို့၏ ဗျူဟာများကို ပြောင်းလဲလိုက်ကြသည်။ သွေ့ရော် အဘိုးအိုက ကျန့်ကျင်းရှန်နှင့် ရင်ဆိုင်မည် ဖြစ်၏။
ယဲ့ကူဟန်သည် မင်ဂိုဏ်း၏ မဟာသူတော်စင် နှစ်ပါးနှင့် ဆက်ဆံမည် ဖြစ်သည်။
ခရမ်းငယ် အတွက်မူ မြင့်မြတ်သော မီးတောက် မဟာသူတော်စင်နှင့် ရင်ဆိုင်ရ ပေမည်။ ဤနည်းဗျူဟာ အသစ်သည် သက်ရောက်မှု ရှိ၏။
ဓားဂိုဏ်း၏ ပင်မတောင်ထိပ် ခုနစ်ခုတွင် တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည်။ မူရွှမ်ကောင်က အသူရာ စပါးအုံးနှင့် လက်တွဲပြီး တိုက်ပွဲကို အသာစီး ယူထား၏။
တစ်ချိန်တည်းမှာပင် သတ်ဖြတ်ခြင်း မဟာသူတော်စင်နှင့် ကေျာက်စိမ်းဓားတို့က ရွှေရောင်တောင်ထိပ်ကို ကာကွယ်နေ၏။
မရဏ တောင်ထိပ်တွင်မူ အဆင်မပြေချေ။ မူလနဂါး မဟာ သူတော်စင် တစ်ဦး တည်းဖြင့် ပြိုင်ဘက် လေးဦးကို ရင်ဆိုင်နေခဲ့ရ၏။
သူ့ပြိုင်ဘက်မှာ အဆိပ်ကို ကျွမ်းကျင်စွာ အသုံးပြုတတ်သော တောင်နက်ဂိုဏ်းမှ တစ္ဆေ အရိပ် မဟာသူတော်စင် ဖြစ်သည်။
ကောင်းကင်ဘုံ နိဗ္ဗာန်နန်းတော်မှ မိုးပြာနဂါးမျိုးရိုး မဟာသူတော်စင်သည် ဒဏ်ရာ အပြင်းအထန် ရရှိသွားပြီး တိုက်ပွဲမဝင် နိုင်တော့ချေ။
ဆိုလိုသည်မှာ မူလနဂါး မဟာ သူတော်စင်သည် အသက်ပေးပြီး တောင်ထိပ်ကို ကာကွယ်ရ ပေတော့မည်။
အခြားသော ပင်မ တောင်ထိပ်များ သည်လည်း အန္တရာယ်ရှိသည့် အခြေအနေတွင် ရှိနေသည်။
တောင်ငယ် (၁၀၈)လုံးသည် အဆိုးဆုံး ဖြစ်သည်။ တောင်ငယ် (၇၀)ကျော် ပျက်စီးကာ တပည့်နှင့် သင်းထောက်များက ကောင်းကင် နဂါး တောင်ထိပ်သို့ ဆုတ်ခွာခဲ့သည်။
ယင်းက ယဲ့ဇီလင်ကို ဖိအားများ တဖြည်းဖြည်း တိုးလာစေသည်။
“ မူရွှမ်ကောင် ... ငါ့မှာ ဒေါသ မရှိဘူးလို့ ... မင်း ထင်နေတာလား။ ”
အလင်း နှိမ်နင်းခြင်း မဟာ သူတော်စင်မှ အော်ငေါက်လိုက်၏။ ၎င်းတို့ လေးပါးစလုံးသည် မိုးပြာနဂါးအတွင်း ပိတ်မိနေသဖြင့် ဒေါသ ထွက်လာခဲ့သည်။
နောက်ဆုံးတွင် နေလ သူတော်စင် ချပ်ဝတ်ကို အသုံးပြု လိုက်သည်။ သူ့နောက်၌ ထာဝရ တာအိုပန်းတစ်ပွင့် ပေါ်လာ၏။
၎င်းက မဟာနေမင်းနှင့် မဟာလမင်း တာအိုဖြစ်သည်။ ယင်းကို ပေါင်းစပ်ပြီး ယင်-ယန် စက်ဝိုင်း ဖြစ်လာစေ၏။ နက္ခတ် ကိုလည်း ထုတ်လိုက်သည်။
“ ဝုန်း ... ။ ”
ထာဝရတာအို စွမ်းအားကြောင့် မိုးပြာနဂါးနှင့် မူရွှမ်ကောင်တို့ကို အလွယ်တကူ ခွဲထုတ်ပစ်နိုင်လိုက်သည်။
အကျိုးဆက် အနေဖြင့် ပင်မ တောင်ထိပ် ခုနစ်လုံးမှာ ပြင်းစွာ တုန်ရီသွားသဖြင့် လူတိုင်း ထိတ်လန့်သွားကြသည်။
“ ဟမ့် ... တစ်ချိန်က သက်တံဓား သူတော်စင်တောင်မှ ငါနဲ့တိုက်ချိန်မှာ ဒီလောက် မောက်မာဖို့ မဝံ့ခဲ့ဘူး ... ဒါဆို မင်းလို ဂျူနီယာ တစ်ယောက်က ယုံကြည်မှု ဘယ်က ရလာတာလဲ။ ”
အလင်း နှိမ်နင်းခြင်း မဟာ သူတော်စင် နဂါး ဧကရီ အမိန့်ကို ထုတ်ကာ၊
“ နတ်နဂါး၊ ငါ့ကို ကူညီပါ ... ။ ”
-ဟု ဆင့်ခေါ် လိုက်တော့သည်။
တံဆိပ်ပျံထွက်သွားပြီး ခရမ်း-ရွှေရောင် နတ်နဂါးကြီး ပေါ်လာ၏။ အသူရာ စပါးအုံး၏ မိုးပြာနဂါး ရောင်ဝါမှာ ဖြိုခွင်းခံလိုက်ရသည်။
သုံးကြိမ် ဖလှယ်ရုံမျှဖြင့် မူရွှမ်ကောင် တစ်ယောက် လေထဲမှ ပြုတ်ကျ သွားတော့၏။
“ ဂိုဏ်းချုပ် ... ။ ”
ဓားဂိုဏ်း၏ တပည့်များ အားလုံး စိုးရိမ်သွားသည်။
“ သေ လိုက် တော့ ... ။ ”
ဤအခွင့်အရေးဖြင့် မူရွယ်ကောင် အသက်ကို ယူနိုင်သဖြင့် အလင်း နှိမ်နင်းခြင်း မဟာ သူတော်စင်က လိုက်ပါလာခဲ့သည်။
“ ဝှစ် ... ။ ”
အခြားသော မဟာ သူတော်စင် သုံးဦးတို့သည်လည်း မူရွှမ်ကောင်ထံသို့ ပြိုင်တူ ရွေ့လျား လိုက်ကြသည်။
ထိုစဉ် အနက်ရောက် အခိုးအငွေ့များ ချက်ချင်း စုရုံးလာပြီး ဝံပုလွေကြီး တစ်ကောင် ကောင်းကင်၌ ပေါ်လာ၏။
အနက်ရောင် ခေါင်းစွပ် စွပ်ထားသော အမျိုးသားတစ်ဦးက အလင်းနှိမ်နင်းခြင်း မဟာ သူတော်စင် လမ်း၌ ထွက်ပေါ်လာသည်။
ဤလူစိမ်းတွင် မူလဖရိုဖရဲ တာအို ပန်းတစ်ပွင့်ပါရှိ၏။ ၎င်းနှင့်အတူ အမျိုးသမီး တစ်ယောက် ပေါ်လာပြီး မူရွှမ်ကောင် အနား ပျံသန်းလာသည်။
“ ဝှစ် ... ။ ”
သူမက ပြေးဝင်လာသော ကျန်မဟာ သူတော်စင် သုံးပါး၏ တိုက်ခိုက်မှုကို ခွဲပစ် လိုက်တော့၏။
“ ဖုန် ယွီ ... ။ ”
မူရွှမ်ကောင်က အမျိုးသမီးထံ ကြည့်ကာ မှိတ်မိသွားသည်။ ဤသည်မှာ သက်တံဓား၏ ဒုတိယတပည့် ဓားဂိုဏ်း၏ တစ်ချိန်က အဆိပ်ပန်း ဖြစ်၏။
သူမက ပြုံးပြီး၊
“ အစ်ကိုကြီးမူ၊ မတွေ့တာ ကြာပြီနော်။ ”
-ဟု နှုတ်ဆက်လာတော့သည်။
သူမ စကားပြောနေစဉ် ကျန့်ကျင်းရှန်ထံမှ ဓားအလင်းများ ထွက်ပေါ်လာသည်။ အလစ်ဝင် လာသော မဟာသူတော်စင် သုံးပါး ခမျာ ပြန်၍ လွင့်စဉ်ကုန်တော့၏။
“ နံပါတ်ငါး မောင်လေး။ ”
ဖုန်ယွီက ဝမ်းသာသွားသည်။
“ နောက်ဆုံးတော့ မင်းဓားဆွဲပြီပေါ့။ ”
“ ဒုတိယ အစ်မ ... မင်းရဲ့ အမြင်က တော်တော်ကောင်းတယ် ... ငါတို့ဆရာသခင်က မင်းခင်ပွန်းကို လက်ခံနိုင်လား ... မသိပေမယ့် ငါလက်ခံတယ် ဟား ဟား ဟား ။ ”
ကျန့်ကျင်းရှန်မှ အော်ဟစ် ရယ်မော လိုက်လေသည်။ ဖုန်ယွီခမျာ သူ့စကားကြောင့် ပြုံးရွှင်လာပြီး၊
“ မင်းပါးစပ်က အမြဲချိုတယ်။ ”
-ဟု ကေျနပ်သွားတော့၏။
လက်ရှိအချိန်၌ လင်းယွန်မှ လွဲ၍ သက်တံဓား၏ တပည့်များ စုဝေးရောက်ရှိနေပြီ ဖြစ်သည်။ ကျန့်ကျင်းရှန်က မူရွှမ်ကောင်ကို အရိုအသေပေးကာ၊
“ ဂိုဏ်းချုပ်မူ ... ဖြစ်နိုင်ရင် သူတော်စင် ဓားနဲ့ မဟာကောင်းကင် အုပ်စိုးရှင်အမိန့်ကို ခဏ သုံးချင်ပါတယ်။ ”
-ဟု တောင်းဆိုလိုက်သည်။
မူရွှမ်ကောင်က ချက်ချင်း ထုတ်ပေး လေသည်။ သူတော်စင် ဓားသည် ဓားဂိုဏ်း၏ ဘိုးဘေး အမွေအနှစ် ဖြစ်၏။
ကျန့်ကျင်းရှန်က ၎င်းတို့ကို ဆုပ်ကိုင်လိုက်သော အခါတွင် ဓားရှစ်လက် သူ့နောက်၌ ပေါ်လာသည်။
တစ်ချိန်က မဟာ ကောင်းကင် တောင်ထိပ်တည်ရှိရာ အရပ်ထံမှ ထက်ရှသော ဓားရည်ရွယ်ချက်နှင့် သူတော်စင် စွမ်းအင်များ ထွက်ပေါ်လာ၏။
သူတော်စင်ဓားကို ကောင်းကင်ပေါ် ထိုးချိန်မိသောအခါ ထိုစွမ်းအင်များက သူနှင့် လာရောက် ပူးပေါင်းချေပြီ။
ပြိုကျနေသော ဓားအစီရင်သည် ချက်ချင်း ပြန်လည်ကောင်းမွန်လာပြီး လူတိုင်း၏ဖိအားကို ပယ်ဖျက်ပေးလိုက်၏။
ကျန့်ကျင်းရှန်က တောက်လောင်နေသော တိုက်ပွဲဝင်ဝိညာဉ်နှင့်အတူ သူ့ရှေ့မှ သူတော်စင် သုံးပါးထံ ကြည့်ကာ၊
“ လာ ... ။ ”
-ဟု ဖိတ်ခေါ် လိုက်တော့၏။
***