← Chapters

ပန်းသင်္ချိုင်းဓား။

Vol. 175 Ch. 2437

ပန်းသင်္ချိုင်းဓား။

Vol. 175 Ch. 2437

ကျန့်ကျင်းရှန်၏ ကျင့်ကြံမှု၊ ဓားရည်ရွယ်ချက် သို့မဟုတ် တော်ဝင် ဓားကျမ်း စသည့် မည်သည့်အရာမဆို မူရွှမ်ကောင်ထက် သန်မာချေပြီ။

သူတော်စင်ဓားနှင့် မဟာ ကောင်းကင် အုပ်စိုးရှင်အမိန့်တံဆိပ်ကို အသုံးပြု ပြီးနောက် မြင့်မြတ်မြေသုံးပါးအပေါ် ထိန်းထားနိုင်၏။

အလင်း နှိမ်နင်းခြင်း မဟာ သူတော်စင်၏ နေ-လ သူတော်စင် ချပ်ဝတ်သည် အားကောင်း လွန်းသည်။

၎င်းက နဂါးဧကရီ အမိန့်နှင့် ပေါင်းစပ် ပြီးနောက် ခရမ်း-ရွှေရောင် နတ်နဂါး ဝိညာဉ်၏ တန်ခိုးဖြင့် ပေါင်းစည်း၏။

“ သူ့ကို ထိပ်တိုက် ရင်မဆိုင်နဲ့ ... ထာဝရတာအိုနဲ့ အလင်း နှိမ်နင်းခြင်း မဟာ သူတော်စင်က ... အသူရာ စပါးအုံးကို အရင် ဖြေရှင်းလိမ့်မယ်။ ”

ကောင်းကင်ခွဲ မဟာ သူတော်စင်က ပြောကြားလိုက်၏။ ကောင်းကင် ကျက်သရေ မဟာ သူတော်စင်နှင့် မီးကျီးကန်း မဟာ သူတော်စင်က အံ့သြသွားကြသည်။

ကောင်းကင်ခွဲ မဟာ သူတော်စင်သည် တောင်နက် သူတော်စင် ခုနစ်ပါး၏ အကြီးအကဲ ဖြစ်သည်။

၎င်းတို့ နှစ်ဦးထက် သဘာဝအားဖြင့် သန်မာ၏။ သို့သော် ဤသို့ ထက်မြက်သော အမြင်ဖြင့် အမိန့်ပေး လိမ့်မည်ဟု မထင်ထားချေ။

သူ့စကားများသည် မမှားချေ။ ထာဝရတာအိုအပေါ် ဆုပ်ကိုင်ထားသူများသည် ၎င်းတို့ထက် ပို၍ မြင့်မားသော ကျင့်ကြံမှုကို တွန်းလှန်နိုင်သည်။

အလင်း ချိုးနှိမ်ခြင်း မဟာ သူတော်စင်က သူတို့ကြား၌ ဧကရာဇ်ဖြစ်လာရန် အမြင့်မားဆုံး အခွင့်အရေး ရှိသည်။

၎င်းတွင် ယုံကြည်မှု လုံလုံ လောက်လောက်ရှိသော် ဧကရာဇ်ဒုက္ခကို အချိန်မရွေး ဖြတ်ကျော်နိုင်မည်။

ဤသူတော်စင် နှစ်ပါးကို မဖြုတ်ချ နိုင်ခဲ့ရသည့် အကြောင်းရင်းမှာ သန်မာလွန်း၍ မဟုတ်ချေ။ အချိန် တစ်ခုသာ လိုနေခြင်း ကြောင့်သာ ဖြစ်သည်။

“ ကောင်းပြီ ... ။ ”

ကောင်းကင် ကျက်သရေ မဟာ သူတော်စင်နှင့် မီးကျီးကန်း မဟာ သူတော်စင်မှ ခေါင်းညိတ် သဘောတူသည်။

ကျန့်ကျင်းရှန်က ၎င်းတို့ သုံးယောက်ကို ရည်ရွယ်ချက်ရှိရှိ စိန်ခေါ်ခြင်းဖြစ်၏။ ထို့ကြောင့် ဤလူများမှ သူနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ရည်ရွယ်ချက် မရှိသော် ခက်ပေမည်။

“ ဂိုဏ်းချုပ်လို့သာ ပြောတယ် ... အထင်ကြီးစရာလည်း ဘာမှ မရှိဘူး ... မင်းတို့ မလာရဲရင် ငါလာခဲ့မယ်​။ ”

ကျန့်ကျင်းရှန်က အော်ဟစ်ပြီး ချက်ချင်းပြေးဝင်လိုက်သည်။ ကောင်းကင် ကျက်သရေကို ဦးစွာရွေးချယ်၏။

ထိုလူသည် သတ္တမတန်း အထွတ်အထိပ် ဓားမော့ ရည်ရွယ်ချက်ဖြင့် ကျော်ကြားလှသော ဓားမော့ သူတော်စင် ဖြစ်သည်။

“ ထန် ... ထန် ... ။ ”

ဓားနှင့်ဓားမော့တို့ ထိပ်တိုက် တွေ့သောအခါ၌ ကောင်းကင် ကျက်သရေ မဟာ သူတော်စင်ခမျာ အဝေးသို့ လွင့်စဉ် သွားလေသည်။

ကျန့်ကျင်းရှန် နောက်ကျော၌ ဓားရှစ်လက်ပေါ်နေပြီး ၎င်းသည် မူရွှမ်ကောင် ဓားများထက် များစွာ ထင်ရှား၏။

မယုံနိုင်စရာ ပေပင်။ ကောင်းကင်ခွဲ မဟာသူတော်စင်မှ ကျန့်ကျင်းရှန်ကို ချုပ်နှောင် ထားစေချင်သည့် အဓိပ္ပါယ်ကို နားလည် သွားသည်။

၎င်းနှင့် ထိပ်တိုက်ရင်ဆိုင်ရန် တန်ခိုးရှင် မဟာသူတော်စင်အဆင့် ရောက်ရှိမှ သာလျှင် မျှော်လင့်ချက် ရှိနိုင်၏။

ထို့နောက် ကောင်ကင်ခွဲ မဟာ သူတော်စင်က ကျန့်ကျင်းရှန်ဓားကို လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။

သူသည် မြင့်မားသော ကျင့်ကြံမှု ရှိသော်လည်း ထိုဓားကို ထိပ်တိုက် ခံယူရန် မဝံ့ချေ။

ကျန့်ကျင်းရှန်က အသူရာ စပါးအုံးကို ကူညီရန် အလင်းနှိမ်နင်းခြင်း မဟာ သူတော်စင် ထံသို့ လှည့်ကြည့်လိုက်သည်။

သို့သော် ကောင်းကင်ခွဲ မဟာ သူတော်စင်နှင့် ကျန်နှစ်ပါးမှ သူ့ကို ခွင့်မပြုဘဲ ဝိုင်းရံလာပြန်သည်။

“ ဒီလူတွေက ပါးနပ်လွန်းတယ် ... မြေစွမ်းအင် အားနည်းသွားတဲ့အခါ ... ညီလေး ကျန့် ဒုက္ခရောက် လိမ့်မယ်။ ”

မူရွှမ်ကောင်က မျက်မှောင်ကြုတ် လိုက်သည်။ ဖုန်ယွီမှလည်း ထိုခြေအနေကို သဘာဝအတိုင်း သတိပြုမိ၏။

“ ဝုန်း ... ။ ”

တစ်နာရီ အကြာတွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားလာခဲ့ပြီး ဆေးကောင်းကင် တောင်ထိပ် ပြိုကျလာခဲ့သည်။

ထိုအရပ်တွင် တပ်စွဲထားသော မဟာသူတော်စင်များက ​ပြန်လည် ဆုတ်ခွာ လိုက်ရ၏။

တောင်ပြိုကျ သွားသော အခါတွင် သူတော်စင် စွမ်းအင်များ မြေပြင်မှ ပေါက်ထွက် လာပြီး လေထဲ ပျံ့နှံ့သွားသည်။

ဤစွမ်းအင်သည် ဓားဂိုဏ်း၏ အုတ်မြစ် ဖြစ်သောကြောင့် မူရွှမ်ကောင်ကို ခေါင်းကိုက် စေ၏။

ကောင်းကင်ခွဲ၊ ကောင်းကင် ကျက်သရေနှင့် မီးကျီးကန်း မဟာ သူတော်စင်များက ပြုံးရယ် လာကြသည်။

ဓားဂိုဏ်းသည် ဖြိုခွဲရန် ခက်ခဲသော အစေ့အဆန်တစ်ခု ဖြစ်သော်လည်း မကြာမီ ဖြုတ်ချနိုင်တော့မည် ဖြစ်သည်။

***

ကောင်းကင် ရနံ့ သင်းသင်း နတ်တောင်သည် ပြင်ပကမ္ဘာနှင့် အဆက်ဖြတ် ထားသော ခွန်လွန်၏ အဆန်းကြယ်ဆုံး နေရာ ဖြစ်သည်။

တောင်တန်း၏ အလယ်ဗဟိုတွင် ရှေးဟောင်းတည်နေရာ ရွေ့ပြောင်း အစီရင် တစ်ခု ရှိ၏။

“ ဒင် ... ။ ”

အမျိုးသမီး တစ်ဦးသည် ဗျပ်စောင်း ကစားနေသည်။ သူမ ဝန်းကျင်၌ မြင့်မြတ်သော လေထုကို ဖော်ဆောင်ထား၏။

“ ဖရူး ... ။ ”

ရုတ်တရက် အနားရှိ ငှက်များ ပျံထွက်ကုန်သဖြင့် ဖျပ်စောင်းကို ရပ်လိုက်ကာ တည်နေရာရွေ့ပြောင်း အစီရင်ထံ လှမ်းကြည့် တော့သည်။

“ ပြန်လာပြီလား ... ။ ”

အိုင်းရစ်ဓားသည် သတင်း စကားကို ကောင်းကင် ရနံ့ သင်းသင်း နတ်တောင်ထံ ပေးပို့ထားပြီး ဖြစ်သဖြင့် လင်းယွန်ကို သူမ စောင့်နေခြင်း ဖြစ်၏။

တည်နေရာ ရွေ့ပြောင်း အစီရင်တွင် အလင်းများ တောက်ပလျက် အမျိုးသားတစ်ဦး ဖြတ်ခနဲ ပေါ်လာပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့် တော့သည်။ ဤသည်မှာ လင်းယွန် ဖြစ်၏။

သူ့အတွက် လျှို့ဝှက်ဆန်းကြယ်သော ကောင်းကင် ရနံ့ သင်းသင်း နတ်တောင်ထံသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ပေပင်။

“ သူတော်စင် အကြီးအကဲ။ ”

လင်းယွန်က မုရွယ်လင်ကို တွေ့ကာ နှုတ်ဆက် လိုက်သည်။

“ မင်္ဂလာပါ သူတော်စင် အကြီးအကဲ ... ခွန်လွန်မြေကို ပြန်ရောက်တဲ့ အချိန် ... မင်းကို ပထမဆုံး တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်။ ”

သူ့ကျင့်ကြံမှုသည် မုရွယ်လင်ကို ကျော်လွန်သွားပြီ ဖြစ်သည်။ မုရွယ်လင်က သူ့ကို အနည်းငယ် စစ်ဆေးပြီး မမြင်နိုင် တော့ကြောင်း သိရှိသွား၏။

“ ဓားဂိုဏ်း ဘယ်လိုလဲ ... ။ ”

“ ဝေဝေ နေကောင်းလား ... ။ ”

မေးခွန်းနှစ်ခုက တပြိုင်နက်တည်း ထွက်ပေါ်လာ၏။ လင်းယွန်မှ ပြုံးလျက်၊

“ အဆင်ပြေပါတယ် ဝေဝေ့က ဘိုးဘေးနတ်ဘုရားရဲ့ ... တပည့် ဖြစ်သွားပြီ ... သူ့အတွက် စိတ်ပူ မနေနဲ့တော့ ... ။ ”

သို့မှသာ မုရွယ်လင်က စိတ်သက်သာရာ ရသွားပြီး၊

“ ဓားဂိုဏ်းက အခြေအနေ မကောင်းဘူး မင်းရဲ့ မိုးပြာနဂါး နေလထီးကို ငါ ပြင်ပေးပြီးပြီ အိုင်းရစ် စကားအတိုင်း နိဗ္ဗာန် နတ်ရူရ်ကို ပေးဖို့အတွက် ...

... ငါ လာစောင့်နေတာ ... တောင်တန်း သခင်က မင်းကို တွေ့ချင်နေတယ် ငါနဲ့လိုက်ခဲ့ လမ်းမှာ စကားပြောရအောင်။ ”

“ နိဗ္ဗာန် နတ်ရူရ်လား ... ။ ”

လင်းယွန်က အံ့သြသွားသည်။ နိဗ္ဗာန် နတ်ရူရ်သည် ကောင်းကင် ရနံ့ သင်းသင်း၌ ရှိနေ လိမ့်မည်ဟု မထင်ထားမိချေ။

နိဗ္ဗာန် နတ်ရူရ်သည် နိဗ္ဗာန်တာအိုကို ဆုပ်ကိုင် မထားသော် ၎င်းအပေါ် ထိန်းချုပ်ရန် မဖြစ်နိုင်ချေ။

ထိုစဉ် လင်းယွန်၏ နှလုံးခုန်သံများ မြန်လာတော့၏။ အဆုံးတွင် ပန်းသင်္ချိုင်းကို ထိန်းချုပ်မှု ဆုံးရှုံးသွားလေသည်။

“ ဘာမှားလို့လဲ ... ။ ”

မုရွယ်လင်မှ မေးသည်။ လင်းယွန်က သူမကို ဖုံးကွယ်မထားဘဲ၊

“ ထူးဆန်းတယ် ... နတ်တောင်ရဲ့ နန်းတော်နဲ့ နီးကပ်လာတိုင်း ငါ့ဓား ဂနာမငြိမ် ဖြစ်လာတယ် ... ဒါပေမယ့် အရေးမကြီးပါဘူး ဓားဂိုဏ်း အကြောင်း ပြောပြပါဦး။ ”

လင်းယွန်၏ မျက်နှာ အမူအရာမှာ အေးစက်သွားသည်။ ဓားဂိုဏ်းသည် အဆိုးဆုံး အခြေအနေ၌ ရှိနေမည်ဟု မျှော်လင့်ထားပြီး ဖြစ်၏။

ထို့ကြောင့် အလျင်လိုနေမိသည်။ တစ်ဖက်တွင် မိုးပြာနဂါးနေလထီးနှင့် နိဗ္ဗာန် နတ်ရူရ်သည် သူ့အတွက် ခွန်အားကို တိုးမြှင့် ပေးနိုင်၏။

“ သူတော်စင် အကြီးအကဲ ... ငါမင်းကို ခေါ်သွားပါရစေ။ ”

နန်းတော်နှင့် နီးကပ်လာ သော်လည်း သည်းမခံနိုင်ဖြစ်ကာ မုရွယ်လင်ပခုံးကို လှမ်း ကိုင်လျက် ပျံသန်းလိုက်သည်။

အာကာပြင် ကျုံ့ဝင်သွားသလို ခံစားလိုက်ရကာ အချိန်များ နှေးကွေးသွား၏။ ဤအရာက သူမကို အံ့အားသင့်စေသည်။

“ ဝှစ် ... ။ ”

အဆုံးတွင် နန်းတော် ရင်ပြင်သို့ ဆင်းသက်လိုက်ကြသည်။ သို့မှသာ အချိန်နှင့် အာကာသ တည်ငြိမ်လာပြီး နန်းတော် ရုပ်လုံး တဖြည်းဖြည်း ပေါ်လာ၏။

လင်းယွန် အသက်သည် (၂၈)နှစ်မျှသာ ရှိသေးပြီး နိဗ္ဗာန်တာအိုအပေါ် ကျွမ်းကျင်လာ သည်မှာ ယုံနိုင်ဖွယ် မရှိချေ။

“ သက်တံဓား သူတော်စင်ရဲ့ တပည့်လင်းယွန်က နတ်တောင်ရဲ့ သခင်ထံ လာရောက် လည်ပတ်ပါတယ်။ ”

တစ်ယောက်တည်း အတွေး လွန်နေစဉ် လင်းယွန်က လက်သီးဆုပ်ကာ အော်ဟစ် သတင်း ပို့လိုက်သည် ။

“ ကျွီ ... ။ ”

နန်းတော်တံခါး ပွင့်လာပြီး အမျိုးသမီး တစ်ယောက် လှမ်းထွက်လာ၏။ တောင်တန်း သခင် ဖြစ်သည်။

သူမသည် ကောင်းကင် ရနံ့ သင်းသင်းခန်းမ၏ သခင်ထက်ပင် ပို၍ လျှို့ဝှက် ဆန်းကြယ်နေသည်။

“ ဝှစ် ... ။ ”

ထိုစဉ် ပန်းသင်္ချိုင်းသည် သူ့နှလုံးသား အတွင်းမှ ပျံထွက်သွားတော့၏။ တောင်တန်း သခင်ပင် အံ့သြသွားသည်။ သူမက၊

“ ဒါက တောင်ပိုင်းဧကရာဇ်ရဲ့ ဓားလား။ ”

-ဟု မေးမြန်း လာတော့သည်။

***

All Chapters