အိပ်မက်မှ နိုးထခြင်း။
Vol. 175 Ch. 2438
လင်းယွန်က ခေါင်းညိတ်ပြလိုက်သည်။
“ ငါထင်ထားတဲ့ အတိုင်းပါပဲ … ။ ”
တောင်တန်း သခင်က လင်းယွန်ကို ကြည့်ကာ ‘ငါနဲ့ လိုက်ခဲ့ပါ’ -ဟု ပြောကြား လိုက်တော့၏။
မုရွယ်လင်နှင့် လင်းယွန်က သူမနောက် လိုက်ပါ လာခဲ့၏။ ပျံသန်းနေသော ပန်းသင်္ချိုင်း ဓားက တောင်ကြားတစ်ခုအတွင်း ထိုးဆင်းသွားသည်။
ဤသည်မှာ ကောင်းကင်ရနံ့ သင်းသင်း၏ နတ်ဘုရားများနှင့် ဧကရာဇ်များ မြှပ်နှံထားရာ သင်္ချိုင်း ဖြစ်သည်။
“ ဒါက နတ်ဘုရား သင်္ချိုင်းပဲ။ ”
မုရွယ်လင်မှ အံ့သြတကြီး ရှင်းပြသည်။ သူမပြောသည်ကို ကြားပြီး လင်းယွန်၏ မျက်နှာ ပြောင်းသွား၏။
“ တောင်ပိုင်း ဧကရာဇ်ရဲ့ သင်္ချိုင်းဂူက ဒီမှာရှိနေလို့လား။ ”
“ ရောက်ရင် မင်းသိမှာပေါ့။ ”
နတ်တောင် သခင်မှ ပြန်လည် ပြောကြားသည်။ ဤသည်မှာ ကျယ်ဝန်းသော တောင်ကြားတစ်ခု ဖြစ်ပြီး ပတ်ဝန်းကျင်၌ နွေးထွေးသော လေထု ရှိ၏။
“ ဒီမှာ မြှုပ်နှံထားတဲ့ လူတိုင်းဟာ ... အနိမ့်ဆုံး ဧကရာဇ်တွေ ဖြစ်ပြီး သေပြီးတောင် သူတို့ရဲ့ဆန္ဒက လူသားမျိုးနွယ်ကို ကာကွယ်ဖို့ ဝိညာဉ်အဖြစ် ဆက်ရှိနေကြတယ်။ ”
ပန်းသင်္ချိုင်းက ဂူတစ်လုံးပေါ်သို့ ထိုးကျ သွားလေသည်။ အုတ်ဂူပေါ်တွင် ‘တောင်ပိုင်း ဧကရာဇ်နှင့် သူ့ချစ်သူ’ဟု ရေးသားထား၏။
၎င်းတို့ နှစ်ယောက်ကြား အချစ် ဇာတ်လမ်းကို ပြန်လည်တွေးလျက် လင်းယွန် တစ်ယောက် နှလုံးသားများ တင်းတင်း ကျပ်ကျပ် ဖြစ်သွားသည်။
သက်ပြင်းချကာ အုတ်ဂူကို မတ်တပ်ကန်တော့ပြီး ရိုသေလေးစားကြောင်း ဖော်ပြလိုက်၏။
အဆုံးတွင် ပန်းသင်္ချိုင်းသည် သူ့ကို လမ်းတစ်လျှောက်၌ ကြီးမားစွာ အကူအညီ ပေးခဲ့သည်။
“ ပန်းတွေ ဘယ်မှာပွင့်လဲ ... ငါဘယ်က လာတာလဲ ... အဆုံးမဲ့ တောင်တန်းနဲ့ ရေကန် ကြွေကျနေသော သစ်ရွက်နဲ့ လေပြေ ... ၊ ပန်းကလေးတွေက အိမ်မက်တွေလို ...
... လွင့်မျောပြီး ... ဝမ်းနည်းခြင်းက မိုးရေစက်တွေနဲ့အတူ ... မျောပါနေကြတယ် ဒီလောကကို ဘယ်သူမှ မပိုင်ဘူး ... ဘုရား သခင်ထံ နှင်းပန်းဖြူတစ်ပွင့် ငါပေးပါရစေ။ ”
အထိမ်းအမှတ် ကျောက်တိုင်ပေါ်ရှိ ကဗျာစာသားကို ဝမ်းနည်းစွာဖြင့် လင်ယွန်းမှ ဖတ်ရှုနေမိသည်။
“ အပြင်မှာရှိတဲ့ သင်္ချိုင်းက အတုပဲ။ ”
မုရွယ်လင်က ပြင်ပရှိ နာမည်ကြီး တောင်ပိုင်းဧကရာဇ်၏ အုတ်ဂူအကြောင်း သိထားသဖြင့် ရှင်းပြသည်။
“ တောင်ပိုင်း ဧကရာဇ်ရဲ့ ... စစ်မှန်တဲ့ တကယ့် ရတနာတွေက ကောင်းကင် နဂါးအရိုး၊ ငရဲပန်းချီနဲ့ ကောင်းကင်ဘုံ ကံကြမ္မာ အဆောင် တွေပဲ ... သူတို့အားလုံးကို ကောင်းကင် ရနံ့ နတ်တောင်မှာ အပ်ထားခဲ့တယ် ... ။ ”
နတ်တောင် သခင်က ပြောကြားသည်။
“ သူ့မှာကြားချက် အရ ... ဇနီးသည်ရဲ့ ဓားနဲ့ လာတဲ့လူကို ရတနာတွေ ပေးလို့ရတယ်။ ”
ဆိုလိုသည်မှာ ကောင်းကင် ရနံ့ သင်းသင်း နတ်တောင်သည် အခြားသော မည်သူ့ကိုမျှ ရတနာများ ပေးမည် မဟုတ်ချေ။
တောင်ပိုင်းဧကရာဇ် အမွေဆက်ခံ သူသည်သာ ဤရတနာများကို ပိုင်ဆိုင်မည် ဖြစ်သည်။ ထိုသူသည် နတ်တောင်၏ အသိအမှတ် ပြုမှုကိုလည်း ခံယူရမည်။
“ ကောင်းကင်ဘုံ လမ်းကို ပြုပြင်ပြီး နတ်ဆိုးမျိုးနွယ်ရဲ့ နတ်ဘုရားတွေကို ဖယ်ရှား ပစ်ချင်ရင် ... ကောင်းကင် နဂါး အရိုးရဲ့ အကူအညီကို လိုအပ်မယ်။ ”
နတ်တောင် သခင်က လင်းယွန်ကို လှည့်ကြည့်ကာ ပြောသည်။ ကောင်းကင် နဂါး ဓားကို ဖန်တီးပြီးနောက် ကောင်းကင် နဂါးမှာ မည်မျှ အစွမ်းထက်ကြောင်း လင်းယွန်က သိခဲ့သည်။
ကောင်းကင် နဂါးသည် နတ်နဂါး ခုနစ်ကောင်နှင့် အုပ်စိုးရှင် နက္ခတ် ဖြစ်သော မိုးပြာနဂါးတို့၏ အထက်တွင် ရှိသည်။
၎င်းတန်ဖိုးသည် စိတ်ကူး မယဉ်နိုင်ဘဲ သူ့ကျင့်ကြံမှု အားနည်းချက်ကို ဖြည့်စည်းပေး နိုင်မည်။
နတ်တောင် သခင်က၊
“ နတ်တောင်က မင်းကို မပေးနိုင်စရာ အကြောင်း မရှိပါဘူး ... တောင်ပိုင်း ဧကရာဇ်ရှိ နေခဲ့ရင်တောင် မင်းကို ပေးမှာသေချာတယ်၊ ...
... အဲဒီတုန်းက ဇနီးကို အသက် ပြန်သွင်းယူဖို့ အာရုံစိုက်ခဲ့တယ် မဖြစ်နိုင်ဘူး ဆိုတာ သိလိုက်တဲ့ အချိန်မှာတော့ သူ အချိန် နှောင်းသွားပြီ ... ဒါကြောင့် သက်တမ်း ကုန်ဆုံးသွားတဲ့ အတွက် ...
... ကောင်းကင်လမ်းကို ပြုပြင်လို့ မရတော့ဘူး ... သူ့အမွေ ဆက်ခံသူမှာ အဲဒီ ကံကြမ္မာကို ခံနိုင်ရည် ရှိ-မရှိ ... စောင့်ကြည့် ပေးဖို့ ငါတို့နတ်တောင်ကို အကူအညီ တောင်းခဲ့တယ်၊ ...
... ငါတို့က မင်းကို ကောင်းကင် နဂါး အရိုး ပေးမယ်ဆိုရင်တောင် ဆိုးကျိုးနဲ့ ကောင်းကျိုး တွဲလျက် ပါတယ်ဆိုတာ သတိရပါ။ ”
“ တောင်တန်း သခင် ... ငါ့ခွန်အားကို စမ်းသပ်ချင်လား ... အချိန်မရွေးပါ ... ။ ”
လင်းယွန်က ယုံကြည်မှု အပြည့်ဖြင့် ပြောကြားလိုက်သည်။
“ ကောင်းပြီ ... ။ ”
တောင်တန်း သခင်က လက်ဖဝါး တစ်ချက်ဖြင့် လင်းယွန်ထံ ရိုက်ချတော့သည်။ လက်သီးနှင့် လက်ဖဝါး ထိပ်တိုက်တွေ့သော အခါ လင်းယွန် နောက်၌ ထာဝရပန်း နှစ်ပွင့် ပေါ်လာ၏။
သူတော်စင် ဂီတသံများ ကြားလာရသည်။ ဆိုလိုသည်မှာ တောင်တန်းသခင်မှ သူတော်စင် စွမ်းအင်ပင် မသုံးချေ။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
လင်းယွန်တစ်ယောက် အံ့အားသင့်သွားပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် မလုပ်မီ နောက်သို့ ခြေလှမ်း သုံးလှမ်း ဆုတ်လိုက်ရသည်။
အသူရာ ကောင်းကင် နယ်မြေတွင် ကြီးမားသော ခွန်အား တိုးလာခြင်းကြောင့် သူ့ကိုယ်သူ ယုံကြည်မှု ရှိခဲ့၏။ သို့သော် ခွန်အားကို အပြည့်အဝ မထိန်းချုပ် နိုင်သေးချေ။
“ ကောင်းကင် ရနံ သင်းသင်း နတ်တောင်သခင် မျှော်လင့်ထား သလိုပါပဲ။ ”
လင်းယွန်က လက်ချောင်းများကို တွဲယှက်လျက် အရိုအေသ ပေးလိုက်သည်။
တောင်တန်းသခင်သည် နက်နဲပြီး နားမလည် နိုင်လောက်အောင် ပေပင်။ သူမက ဧကရာဇ် ကိုးပါးနှင့် တူညီသောအဆင့်တွင် ရှိနေသည် ။
တောင်တန်း သခင်က၊
“ တောင်ပိုင်း ဧကရာဇ်တောင် မင်းအရွယ်တုန်းက ဒီလောက် သန်မာဦးမှာ မဟုတ်ဘူး ... ကောင်းပြီ ရတနာတွေ မင်း ရထိုက်တယ် သွားရအောင်။ ”
လင်းယွန်က ပန်းသင်္ချိုင်းကို ကြည့်ကာ လက်ဝှေ့ယမ်းပြီး နှလုံးသားဆီ ပြန်ခေါ်လိုက်၏။ ပြီးနောက် သုံးယောက်သား နန်းတော်သို့ ပြန်လာခဲ့သည်။
အုပ်စိုးရှင် နတ်ရူရ်ကို ဦးစွာပေး၏။ ယင်းသည် ပန်းချီကားတစ်ချပ်တွင် ရေးထွင်း ထားသည်။ အုပ်စိုးရှင် နတ်ရူရ်များအနက် အရေးအပါဆုံး ဖြစ်၏။
“ ဒါက မိုးပြာ နဂါး နေ-လထီး။ ”
မုရွယ်လင်က ကမ်းပေးလာသည်။
“ ဒီထီးကို ငါ ပြုပြင်ပေးထားပြီးပြီ တောင်တန်းသခင်က နဂါး ဝိညာဉ် ကိုးပါးကို ပြန်လည် သန့်စင်ပေးခဲ့တယ် အရင်ကထက် အများကြီး ပိုအားကောင်းလာပါပြီ။ ”
“ ကျေးဇူးတင်ပါတယ် တောင်တန်း သခင်။ ”
လင်းယွန်တစ်ယောက် ဝမ်းသာသွား၏။ မိုးပြာနဂါး နေလထီးသည် သူနှင့် အရင်းနှီးဆုံး ပေပင်။ ဗုဒ္ဓဧကရာဇ် ရွှေကြာပန်းလှံကို အသုံးပြု ရသည်ထက် ပို၍ အားရ၏။
“ လောက သံသရာ နတ်ရူရ်က ဘယ်မှာ ရှိနိုင်မလဲ။ ”
လင်းယွန်က မေးသည်။ (၇)လုံး ပြည့်ရန် ထိုနတ်ရူရ်နှင့် ရေခဲနတ်ရူရ်သာ လိုတော့သည်။ ရေခဲနတ်ရူရ်သည် ရေခဲဧရာဇ် နန်းတော်တွင် တည်ရှိသည်။ ၎င်းကို မသိချေ။
“ အဖြူအမည်း ... နန်းတော်။ ”
တောင်တန်း သခင်က ပြန်ဖြေ၏။ ဤသည်မှာ ရေခဲဧကရာဇ်ထက်ပင် တန်ခိုးကြီး လှသော ဧကရာဇ် နှစ်ပါး ပေပင်။
ထို့ကြောင့် လင်းယွန်မှ မျက်မှောင်ကြုတ် လိုက်မိသည်။ သူတို့ နှစ်ယောက်တွင် ရှိနေသော် ပြန်ယူဖို့အတွက် ဒုက္ခဖြစ်ပေမည်။
“ ဒီမှာ ကောင်းကင် နဂါး အရိုး ... ။ ”
တောင်တန်းသခင်က ရွှေရောင် တံဆိပ်တစ်ခုနှင့်အတူ နဂါးအရိုး တစ်ခုကို ဆင့်ခေါ်လိုက်သည်။
ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်များ ကျဆင်းလာကာ လင်းယွန် နှင့် မုရွယ်လင်ကို ဒူးထောက်ကျသွားစေ၏။
ဤသည်မှာ မီတာ တစ်ထောင်ကျော် ရှည်လျားသော ကျောရိုးကြီး တစ်ခု ဖြစ်ချေပြီ။ အစွမ်းထက်သော ရောင်ဝါကို ပေးစွမ်း၏။
မုရွယ်လင်က ထွက်ရှိလာသော ဖိအားကို မခံနိုင်တော့ဘဲ နှုတ်ခမ်းမှ သွေးများ စီးကျကာ မျက်နှာ ဖြူဖျော့သွားသည်။
လင်းယွန်ကသာ နဂါးဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို လှည့်ပတ်ပြီး ဖြည်းဖြည်းခြင်း ထရပ်လိုက်သည်။
သူ့ကောင်းကင် နဂါး အရှိန်အဝါသည် ကောင်းကင်နဂါးအရိုး ဖိအားကို ခုခံပေးနိုင်ရန် သူ့ခန္ဓာကိုယ်မှ လွင့်ထွက်လာ၏။
တောင်တန်းသခင် လက်၌ ကောင်းကင် နဂါးကျောရိုးကြီးက အရွယ်အစား ကျုံ့ဝင်လျက် သေးငယ်သွားသည်။
“ ဝှစ် ... ။ ”
တစ်ချက် လှုပ်လိုက်ရုံဖြင့် လင်းယွန် လက်ဖဝါးထံ လာရောက် တွယ်ကပ်၏။ သတ္တု လက်တံများ ကဲ့သို့ ညာဘက်လက်နှင့် ပေါင်းစပ် သွားတော့သည်။
“ ကောင်းကင် နဂါးအရိုးကို မင်းရဲ့ ညာလက်မောင်းမှာ ချိတ်ထားပေးတယ် ဒါက ကြာကြာခံမှာ မဟုတ်ဘူး ... မြန်မြန် သန့်စင်ဖို့ကြိုးစားရမယ် ...
... သူ့ကို သန်စင်ပြီးရင် အကန့်အသတ်မဲ့ အကျိုးကျေးဇူးတွေ ရရှိပြီး ကောင်းကင်လမ်းရဲ့ ကံကြမ္မာကို မင်း ခံနိုင်ရည် ရှိလာလိမ့်မယ်။ ”
တောင်တန်း သခင် စကားကြောင့် အသားထဲ နစ်ဝင်နေသော ကောင်းကင်နဂါး အရိုးထံ ပြန်ကြည့်ကာ၊
“ ကျွန်တော် အကောင်းဆုံး လုပ်ပါ့မယ်။ ”
-ဟု ကတိပေးလိုက်သည်။
“ ဒီမှာ ကောင်းကင်ဘုံ ကံကြမ္မာ အဆောင်တံဆိပ် မင်း မလိုအပ်ပေမယ့် မင်းကို ငါပေးလိုက်မယ် ... ဒီတံဆိပ်ကို နတ်နဂါး အင်ပါယာက အလိုရှိနေတယ် ...
... ဒီတံဆိပ်မှာ ခွန်လွန်တစ်ခုလုံးရဲ့ အနာဂါတ် ကံကြမ္မာပါတယ် ... နတ်ဘုရား လက်ရာ တစ်ပါးပဲ ... မင်းကိုယ်တိုင် အသုံးပြု နိုင်သလို ... အခြားလူကို ပေးလို့လည်းရတယ် ဒါက မင်းရဲ့ဆန္ဒအတိုင်းပဲ။ ”
လင်းယွန်က လေးနက်သော အမူအရာကို ထုတ်ဖော်မိ၏။ ဤအရာသည် မည်မျှ အရေးပါ လှကြောင်း သူ သိချေပြီ။
တစ်စုံတစ်ယောက်သည် ခွန်လွန်မြေကို အုပ်စိုးပြီး ထာဝရ အင်ပါယာကို တည်ထောင်လို ပါလျှင် ဤအဆောင်မှာ သော့ချက် ဖြစ်၏။
ရည်မှန်းချက် ကြီးမားသော လူများ အတွက်မူ ကောင်းကင်နဂါးအရိုးထက် ပို၍ပင် တန်ဖိုးရှိချေပြီ။
“ မုရွယ်လင် ... သူ့ကို ပြန်ပို့လိုက်။ ”
နှစ်ယောက်သား တောင်တန်းသခင်ကို နှုတ်ဆက်ကာ နန်းတော်မှ ပြန်ထွက်လာခဲ့စဉ် စကားစမြည် ပြောဆို လာမိကြ၏။
လမ်းတစ်လျှောက် နတ်တောင်၏ တပည့်များစွာကို တွေ့နိုင်သည်။ ၎င်းတို့သည် ဂီတကစားခြင်း၊ ငါးဖမ်းခြင်းနှင့် စစ်တုရင် ကစားခြင်းများ ပြုလုပ်နေကြ၏။
လူတိုင်း မြင့်မားသော ကျင့်ကြံမှု ရှိနေကြ သော်လည်း ဆန္ဒများမရှိချေ။ ခွန်လွန်အရေးတွင် နတ်တောင်သည်သာ ပါဝင်လိုက ဧကရာဇ် ကိုးပါးပင် တားနိုင်မည် မဟုတ်ကြောင်း နားလည်လိုက်သည်။
လင်းယွန် အတွေးကို မုရွယ်လင်မှ မြင်၏။ ထို့ကြောင့် ပြုံးပြီး၊
“ ငါတို့က ခရီးသွားတွေပါ တစ်ချိန်က တောင်တန်းသခင်နဲ့ နဂါးပြာဘိုးဘေးတို့ကြား ဆက်ဆံရေး အချို့ရှိခဲ့လို့သာ ဒီမှာ နေနေတာ ... ခွန်လွန်က ငါတို့အိမ် မဟုတ်ဘူး ... ငါတို့က လေလွင့်သူတွေ။ ”
-ဟု ရှင်းပြ လာသည်။
“ တကယ်လို့ ကောင်းကင်လမ်းကို ပြုပြင်နိုင်တဲ့လူ မရှိတော့ရင် နေစရာ နေရာရှာဖို့ မကြာခင် ဒီကနေ ထွက်သွားရတော့မယ်။ ”
“ ဘာဖြစ်လို့လဲ ... ။ ”
လင်းယွန်က စိတ်ဝင်စား သွားသည်။
“ နောင် အနှစ်တစ်ရာ အတွင်း ခွန်လွန်မှာ ပိုပြီး ကျပ်တည်းလာလိမ့်မယ်လို့ တောင်တန်း သခင်က တွက်ချက်ထားတယ် ...
... ငါတို့က ဧကရီကို မကြိုက်ဘူး ... သူသာနတ်ဘုရားမ ဖြစ်လာခဲ့ရင် နယ်မြေကြီး ကိုးခုက ... ဘေးဥပဒ်တွေ ကြုံရလိမ့်မယ် ဒါကြောင့် မင်း အသက် ရှင်ရမယ်။ ”
“ ဘာကို ဆိုလိုချင်တာလဲ သူတော်စင် အကြီးအကဲ ... ဒုက္ခက ဝိညာဉ်နတ်မိစ္ဆာမျိုးရိုး မဟုတ်ဘူးလား။ ”
“ ဒါက ... မင်းရဲ့ အမြင်ပေါ် မူတည်တယ် ... ပုရွက်ဆိတ်တွေရဲ့ အသက်ကို ဘဝလို့ ယူဆရင် သူတို့က မင်းအတွက် ကြီးမားတဲ့ ရန်သူပဲပေါ့။ ”
ပုံမှန် မဟုတ်သော ရနံ့အချို့ကို ခံစားလိုက်ရသဖြင့် လင်းယွန်က လှည့်ကြည့် လိုက်၏။
ပန်းများ ဝေဝေဆာဆာ ပွင့်နေပြီး အသီးအနှံများပါရှိသော သစ်ပင်ကြီး တစ်ပင်မှ ရနံ့ထွက်နေခြင်း ဖြစ်သည်။
ထိုအသီးများ၏ အတွင်းပိုင်းသည် ကလေးငယ်များကဲ့သို့ ဖျတ်လတ်သော အသက် စွမ်းအင်ကို ပေးစွမ်းနေ၏။
“ ဒါက အိမ်မက် လိပ်ပြာပန်းပဲ ... တစ်စုံတစ်ယောက် အိပ်မက်ကနေ နိုးလာရင် သစ်သီးတစ်လုံး သီးပေးတယ် ...
... ကောင်းကင် ရနံ့ သင်းသင်း နတ်တောင်ကို လူများစွာ ရောက်လာပြီးတဲ့ နောက်မှာတော့ ... ဒီလောက်များတဲ့ သစ်သီးတွေ သီးလာတော့တာပဲ။ ”
မုရွယ်လင်က ပြုံးပြီး ရှင်းပြသည်။ လင်းယွန်က ဇဝေဇဝါဖြင့် ပြန်ပြုံးပြမိ၏။ သူမ ပြောသည်ကို မယုံချေ။ ခေါင်းညိတ်ကာ ထွက်ခွာရန် ပြင်တော့၏။
“ ပြန်ဆုံနိုင်မလား မသိပေမယ့် ... အခုလို ဂရုစိုက်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် သူတော်စင် အကြီးအကဲ။ ”
ထိုစကားကြောင့် မုရွယ်လင်ခမျာ ငေးငိုင်သွားသည်။ ဆိုလိုသည်မှာ ဤပွဲတွင် လင်းယွန် သေနိုင်၏။
အဆိုပါအတွေးက သူမကို ကြောက်လန့် စေသည်။ အချိန်အတော် ကြာပြီးနောက် သူမ ငှက်ပြာလေးကို ခေါ်လိုက်မိသည်။
အိမ်မက် လိပ်ပြာပန်းပင်က နောက်ထပ်ပန်းတစ်ပွင့် ပွင့်လာပြီး မွှေးနံ့များ ထုတ်ပေး လာတော့၏။
***