← Chapters

လင်းယွန်က ငါ့ယောကျ်ားပဲ။

Vol. 175 Ch. 2439

လင်းယွန်က ငါ့ယောကျ်ားပဲ။

Vol. 175 Ch. 2439

လီဝူယုနှင့် မိန်ဇီ​ဟွာက နတ်ဘုရား သင်္ချိုင်းတောင်ခြေ တောအုပ် အတွင်း စောင့်နေ ကြဆဲ ဖြစ်သည်။

လက်ရှိအချိန်၌ တံဆိပ် ပြေလျော့နေပြီ ဖြစ်သဖြင့် သူတော်စင်များ အန္တရာယ် ကင်းစွာ ဝင်ထွက်သွားလာနိုင်၏။

သို့သော် အတွင်း၌ အနက်ရောင်မြူများ ဖုံးလွှမ်းနေပြီး လမ်းကြောင်းရှိ အရာအားလုံးကို ယို့ယွင်းစေမည်။

မည်သူမဆို ရွေးချယ်ခွင့်သာ ရှိသော် ဝင်ရောက်ချင်မည် မဟုတ်ချေ။

“ ဘာလို့ ထွက်မလာသေးတာလဲ ... ။ ”

လီဝူယုက စိုးရိမ်လာသည်။ သူမ၏ ခွန်အားနှင့် ကံကြမ္မာသည် တောင်တန်းပေါ်၌ သေဆုံးရမည် လူ မဟုတ်ကြောင်း ယုံကြည်၏။ သို့သော် စိတ်ပူမြဲ ဖြစ်သည်။

“ တစ္ဆေ သခင် ... မင်းဘာလို့ ဝင်မကြည့်တာလဲ။ ”

မိန်ဇီဟွာက အနက်ရောင် ခေါင်းစွပ် အင်္ကျီဝတ်ထားသော အမျိုးသားကို ကြည့်ကာ မေးလိုက်၏။ ဤလူသည် မဟာ သူတော်စင် ဖြစ်သည်။

“ တံဆိပ်က မဟာ သူတော်စင် မဝင်နိုင်သေးဘူး ဒါပေမယ့် တစ်နှစ်အတွင်းမှာ ဝင်ခွင့်ရမှာပါ ... ဒါက ခွန်လွန်ကို ကမောက်ကမ ဖြစ်စေလိမ့်မယ်။ ”

“ မင်းလို နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူ တစ်ယောက်က ခွန်လွန် နယ်မြေကို စိတ်ပူနေဖို့ ငါ မမျှော်လင့်ထားဘူး။ ”

လီဝူယုက ပြုံးကာ မှတ်ချက်ပေးလိုက်သည်။

“ ဝိညာဉ် နတ်မိစ္ဆာတွေက မင်းကို ဖြောင့်မတ်သလား ... နတ်ဆိုးလား ဆိုတာမျိုး ဂရုမစိုက်ပါဘူး ... ဧကရာဇ်ကိုးပါးက အမှောင်ခေတ်ကို အနိုင်ယူပြီးတာ နှစ်ပေါင်း သုံးထောင်ပဲ ရှိသေးတယ် ...

... လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်က ခွန်လွန်မြေမှာ သူတို့ကြောင့် ပရမ်းပတာတွေ ဖြစ်ခဲ့တယ် ... မြင့်မြတ်မြေတွေက လွဲပြီး နေရာတိုင်းက ငရဲတစ်ခုလိုပဲ။ ”

တစ္ဆေသခင်က ရှင်းပြ၏။

“ မင်းက မျက်မြင်တွေ့သလိုပဲ ပြောနေတာ ... ။ ”

မိန်ဇီဟွာက ပြောသည်။ တစ္ဆေ သခင်မှ ပြုံးရုံသာ ပြုံး၏။ ပြန်လည် ငြင်းခုံခြင်း မပြုချေ။ ရုတ်တရက် တောင်တန်းအတွင်းမှ တုန်ခါလှိုင်း တစ်ခု ပျံ့ကားလာပြီး ရွှေရောင်အလင်း တစ်စ ကောင်းကင်ပေါ် လျှံထွက်လာ၏။

“ နဝမမြောက် သမီးတော်။ ”

ကြည့်နေဆဲမှာပင် ရွှေရောင် အလင်းတစ်ချက် လက်လာကာ ဆုစီယာ ပေါ်လာသည်။

“ နဝမမြောက် သမီးတော်ကို နှုတ်ဆက်ပါတယ်။ ”

နှစ်ယောက်သား အလျင်အမြန် ဦးညွှတ် လိုက်ကြသည်။ ဆုစီယာက ခေါင်းညိတ်ပြပြီး၊

“ သူက ဘယ်သူလဲ။ ”

-ဟု မေးမြန်းတော့၏။

“ လီနဲ့ မိန်မျိုးရိုးက ... သက်တံဓားကို ကူညီဖို့ဆန္ဒမရှိကြပါဘူး ဒါကြောင့် ကြီးမားတဲ့ စျေးနှုန်းနဲ့ သူ့ကို ဖိတ်ခေါ်လိုက်ရတယ်။ ”

လီဝူယုမှ ပြန်ဖြေသည်။

“ နတ်နဂါး အင်ပါယာ အတွင်းက ... ဖြောင့်မတ်တဲ့ ကျင့်ကြံသူ မှန်သမျှ မလာဝံ့ဘူး နတ်ဆိုး ကျင့်ကြံသူတွေ ကြားမှာတောင် တစ္ဆေသခင်ကသာ သဘောတူဝံ့ပါတယ်။ ”

မိန်ဇီဟွာကလည်း ဝင်ပြောသည်။

“ တရားမျှတမှု မရှိရင် ... အားလုံး သေကြရလိမ့်မယ် သက်တံဓားကို ကူညီချင်တဲ့ လူတိုင်းက သေလူပဲ ...

... ဖြောင့်မတ်တဲ့ လူတွေတောင် မလာရဲကြတာ နတ်ဆိုးတွေလည်း မလာတာ ပုံမှန်ပဲ၊ တစ်စုံတစ်ဦးက လာဝံ့တယ် ဆိုရင် အဲဒါက အိမ်မက် မက်နေတာပဲ။ ”

ဆုစီယာ၏ အဓိပ္ပါယ်ရှိသော စကားကို အေးစက်စွာ ဆိုသည်။ လီဝူယုနှင့် မိန်ဇီဟွာမှာ ချက်ချင်း တစ္ဆေ သခင်ထံ သံသယဖြင့် လှည့်ကြည့်မိ၏။

“ နဝမမြောက် သမီးတော် ပြောတာ မှန်ပါတယ် ... ဒီအရေးမှာ ဖြောင့်မတ်တဲ့ လူတွေ မလာဝံ့ကြသလို ... မောက်မာ ရိုင်းဆိုင်းတဲ့ နတ်ဆိုး ကျင့်ကြံသူတွေလည်း မလာဝံ့ဘူး ဧကရီကို ဘယ်သူ လွန်ဆန်ရဲလဲလို့ ...

... တစ်ယောက်ယောက်က ... ငါ့ကို မေးခဲ့တယ် ... ဒါကြောင့် ငါသေဖို့ ပြင်ဆင်ပြီး လာခဲ့တာပါ ... ငါ့ကို ခေါ်သွားလို့ရတယ်။ ”

တစ္ဆေသခင်က ပြန်ဖြေ၏။ လီဝူယု တစ်ယောက် တုန်လှုပ်သွားပြီး၊

“ ဒါဆို ... မင်းက ငါတို့ မဆက်သွယ်ခင်တည်းက လာဖို့ အကြောင်း ပြချက် ရှိနေတာပေါ့။ ”

“ မင်းတို့နှစ်ယောက် ပေးခဲ့တဲ့ တန်ကြေးထက် သာလွန်တဲ့ ရတနာတွေ ငါ့မှာ တောင်တစ်လုံး နီးနီး ရှိတယ်။ ”

“ လူမိုက် ... အနှစ်တစ်သောင်း ရှိတဲ့ သူတော်စင်စွမ်းအင် သစ်သီးက ရှာရလွယ်တယ် လို့များ မင်းထင်နေလား။ ”

မိန်ဇီဟွာက တစ္ဆေသခင်၏ လှောင်ပြောင်မှုကို မခံနိုင်တော့ဘဲ ပြန်လည် ဟစ်အော်လိုက်သည်။

“ မင်း ... ပြန်သွားနိုင်ပြီ။ ”

ဆုစီယာက သွားခွင့်ပြုလိုက်တော့သည်။ ရှေ့တွင် သေရှင် တိုက်ပွဲ တစ်ခု စီးကြိုနေခဲ့၏။ သန်မာသော သံသယရှိ သူထက် ရှင်းလင်းပြီး အားနည်းသော လူတစ်ယောက်သာ အလိုရှိသည်။

“ ဂီး ... ။ ”

ထိုအချိန်တွင် သားရဲများ စီးနင်းလျက် ပိုင်လိရွှမ်နှင့် လွင့်မျောနေသော ရေခွက်တို့ ရောက်ရှိလာ၏။

“ နတ်ဘုရား သင်္ချိုင်း တောင်တန်းမှာ ထူးခြားတဲ့ အခြေအနေ တစ်ရပ် ရှိနေတယ် ... မင်းတို့ နှစ်ယောက် ဒီမှာ စောင့်နေပါ။ ”

“ နားလည်ပါပြီ။ ”

“ သွားရအောင် ... ။ ”

ဆုစီယာ အမိန့်ပေးပြီး ထွက်ခွာ သွားတော့သည်။ သို့သော် တစ္ဆေ သခင်က လိုက်ပါလာပြီး၊

“ နဝမမြောက် သမီးတော် မင်းငါ့ကို မစောင့်တော့ဘူးလား။ ”

-ဟု ​မေးမြန်းလိုက်၏။

“ ငါက မရဏ နဂါးသခင်ရဲ့ အမိန့်နဲ့ လာတာပါ ... ငါ့မှာသာ ဆန္ဒမရှိရင် ဒီအမိန့်ကို ငြင်းနိုင်ပေမယ့် သဘာဝအတိုင်း လာတယ်။ ”

မရဏ နဂါး သခင်သည် အန်းလျူယွင်၏ ဘွဲ့အမည်ဖြစ်၏။ ဆုစီယာမှ ချက်ချင်းပြန်လှည့် ကြည့်ကာ၊

“ ငါ မင်းကို ဘယ်လို ခေါ်ရမလဲ။ ”

-ဟု မေးမြန်းလိုက်သည်။

“ တစ္ဆေသခင်လို့ ခေါ်နိုင်ပါတယ်။ ”

“ ကောင်းပြီ သွားရအောင်။ ”

ထိုအချိန်တွင် ဓားဂိုဏ်းသည် အခြေအနေ ပို၍ ဆိုးရွားလာ၏။ ကံကောင်းထောက်မစွာဖြင့် ကျန့်ကျင်းရှန်မှ ကြံ့ကြံ့ခံနိုင်ခဲ့သည်။

ကောင်းကင်ခွဲ မဟာ သူတော်စင်၏ နည်းလမ်းကြောင့် အခြား ပင်မ တောင်ထိပ် များကို မကူညီနိုင်ခဲ့ချေ။

“ ဝုန်း ... ၊ ဝုန်း ... ။ ”

ဆေးကောင်းကင် တောင်ထိပ် ပြီးနောက် မြစိမ်းရောင် တောင်ထိပ် ပြိုကျသွားလေသည်။ ထို့နောက် မိုးပြာ တောင်ထိပ် ဖြစ်၏။

ကြက်သွေးရောင်၊ မရဏနှင့် အရိယာ တောင်ထိပ်သာ ကျန်ရှိနေတော့သည်။ မရဏ တောင်ထိပ်တွင် ပြိုင်ဘက် ခြောက်ယောက်ကို မူလနဂါး မဟာသူတော်စင်မှ ရင်ဆိုင်နေရ၏။

အလင်း နှိမ်နင်းခြင်း မဟာ သူတော်စင်သည် ခွန်အား အပြည့်အဝ ထုတ်လွှတ်လိုက်သောအခါ နတ်မိစ္ဆာမျိုးရိုးမှ ဖုန်ယွီခင်ပွန်းနှင့် အသူရာ စပါးအုံးခမျာ ဆက်ပြီး မထိန်းနိုင်တော့ချေ။

“ နေနှင့်လ တစ်သားတည်း ... ။ ”

စိတ်ကူး မယဉ်နိုင်သော စွမ်းအားများ ဖြာထွက်လျက် ‘မင်’-ဟူသော စကားလုံးဖြစ် ပေါ်လာသည်။

၎င်းပေါ်လာသည်နှင့် ဓားဂိုဏ်းအနှံ့ လှိုင်းလုံးများ ရိုက်ခတ်သွားတော့၏။ ခရမ်း ရွှေရောင်နဂါးအပေါ် ထိန်းချုပ်လျက် နဂါးဧကရီ အမိန့်ဖြင့် မိုးပြာနဂါးကို ချိုးနှိမ်လိုက်သည်။

မိုးပြာနဂါးသည် ကြက်သွေးရောင် တောင်ထိပ် နန်းတော်သို့ ပြန်လည်ကျဆင်းကာ လူ့ပုံစံ ပြန်ရောက်သွား၏။

“ အဲ့ဒီ အဖိုးကြီးရဲ့ ယင်-ယန်တာအိုက အစွမ်းထက်လွန်းတယ်။ ”

လူပုံစံ ပြန်ဖြစ်လာသည့် အသူရာ စပါးအုံးက အံကြိတ်ကာ မှတ်ချက်ပေး လိုက်သည်။

“ ပြီးတော့ ခရမ်းရွှေရောင် နဂါးရောပဲ။ ”

“ ထွီ ... ။ ”

ကောင်းကင်ရှိ ခရမ်း-ရွှေရောင် နဂါးထံ မော့ကြည့်လိုက်ကာ ဒေါသတကြီး သွေးများ ထွေးထုတ်တော့သည်။

ပထမအကြိမ် ထိုးနှက်ချက်ကို ထိန်းထားနိုင်ခဲ့သော်လည်း ဒုတိယ အကြိမ်၌ ချက်ချင်း ရှုံးနိမ့်သွားခဲ့သည်။

“ ဝူး ... ။ ”

ဖုန်ယွီ ခင်ပွန်းက ကောင်းကင် ဝံပုလွေ ခန္ဓာကိုယ်ကို ပြောင်းလဲလိုက်၏။ ဤသည်မှာ ၎င်းအတွက် အန္တရာယ်ရှိသော အခြေအနေ ဆိုက်ရောက်နေသည်ဟု ပြောနိုင်သည်။

တောင်ထိပ် သုံးခု ပြိုကျပြီးနောက် မြေစွမ်းအင် ကျဆင်းသွားကာ ကျန့်ကျင်းရှန် သည်လည်း ရောင်ဝါ အားနည်းလာ၏။

“ အလျင် လိုနေစရာ မလိုပါဘူး ... အသက်ရှူနိုင်သေးသရွေ့ ... ဓားသမားက အန္တရာယ် ရှိတယ် ... ဒါကြောင့် ဖြည်းဖြည်းချင်း ကစားကြရအောင်။ ”

ကောင်ကင်ခွဲ မဟာ သူတော်စင်က ကောင်းကင် ကျက်သရေနှင့် မီးကျီးကန်းကို သတိပေး ပြောကြားလိုက်သည်။

“ တောင်နက် သူတော်စင် ခေါင်းဆောင်ကြီးက သတ္တိနည်းလိုက်တာ ... ဒါကြောင့်လည်း ကြွက်တွေလို ရှင်သန် နေခဲ့ရတာကိုး။ ”

“ ဓားသမားတွေက အရူးတွေပဲ ... မင်းအတွက်နဲ့ ဘာလို့များ ငါ့အသက်ကို ပေးပြီး တိုက်ရမှာလဲ ဟား ဟား ဟား ... ။ ”

ကျန့်ကျင်းရှန်တစ်ယောက် ထောင်ပေါင်းများစွာသော ဝိညာဉ်ဆိုးများကို ဖြိုခွဲပစ်လိုက်သည်။

သို့တိုင် ဒဏ်ရာ ရရှိခဲ့သဖြင့် ပြန်ဆုတ်ရန် ပြင်မိ၏။ ယင်းကို ကောင်းကင် ကျက်သရေနှင့် မီးကျီးကန်းမှ ခွင့်မပြုချေ။

ရလဒ်အနေဖြင့် သူ့ဓားဒိုမိန်းကို နတ်ဆိုးရောင်ဝါများက တဟုန်ထိုး သန့်စင်နေ သည်ကို လက်ခံလိုက်ရသည်။

ဤသည်မှာ ကောင်းကင်ခွဲ မဟာ သူတော်စင်၏ ငရဲကြီး ဆယ့်ရှစ်ထပ် ဒိုမိန်း ဖြစ်သည်။

“ ဟား ဟား ဟား ... သက်တံဓား သူတော်စင်ရဲ့ တပည့် မင်းက ငယ်ပါသေးတယ်။ ”

ကောင်းကင်ခွဲ မဟာ သူတော်စင်က လှောင်ပြောင် ရယ်မောတော့၏။။ သို့သော် သူ ရယ်မောနေစဉ် အန္တရာယ် အငွေ့အသက်များ ရရှိလိုက်သည်။

“ ခရစ် ... ။ ”

ရွှေရောင် မီးလျှံများ ဖုံးလွှမ်းနေသော အရိုးလက်က အာကာပြင်ကို ခွဲလျက် သူ့ထံ လှမ်းကုပ်လာခြင်း ဖြစ်၏။

“ ခရစ် ... ။ ”

ထိုအရိုးလက်တွင် ကြီးမားသော စွမ်းအင်များပါ၀င်ပြီး ငရဲကြီး(၁၈)ထပ် နယ်မြေ အတွင်း အက်ကြောင်းများ ဖြစ်ပေါ်စေသည်။

ငရဲကြီးဆယ့်ရှစ်ထပ် ဒိုမိန်းအတွင်းရှိ မကောင်းဆိုးရွား ဝိညာဉ်များ အားလုံးသည် မီးလျှံကြောင့် နာကျင်စွာ အော်ဟစ် နေခဲ့တော့၏။

“ ခရစ် ... ။ ”

“ ဝုန်း ... ။ ”

အဆုံးတွင် ဒိုမိန်း ပြိုကျလာသဖြင့် အရိုးလက်ထံ လက်ဖဝါး တစ်ချက် ပစ်လွှတ် ဟန့်တားလိုက်ရသည်။

“ ဝေါ့ ... ။ ”

သွေးတစ်လုတ် အန်သွား၏။

“ ဘယ်သူလဲ ... ။ ”

ကြောက်လန့်တကြား နောက်ပြန်ဆုတ် လိုက်မိသည်။

ရုတ်တရက် သူတော်စင် ဂီတများ မြည်ဟည်းလာပြီး ပုံရိပ်အမျိုးမျိုးဖြင့် ရွှေရောင် အလင်းများ တောက်ပလာ၏။

ဤသည်မှာ ဒဏ္ဍာရီတစ်ခု ဆင်းသက် ရောက်ရှိလာသည့် နိမိတ် ပေပင်။ ပန်းသရဖူကို ဆောင်းလျက် မိန်းကလေး တစ်ယောက် ဖြည်းညှင်းစွာ ဆင်းသက်လာ၏။

“ နဝမမြောက် သမီးတော် ... ။ ”

ဤစကားလုံးတွင် ထင်ရှားသော ခြိမ်းခြောက်မှုများ ပါဝင်ချေပြီ။ ကောင်းကင် ကျက်သရေနှင့် မီးကျီးကန်းတို့သည်ပင် တိုက်ပွဲကို ချက်ချင်း ရပ်လိုက်၏။

၎င်းတို့က ကောင်းကင်ခွဲ မဟာ သူတော်စင်အနား ပြန်ဆုတ်ပြီး ရှုပ်ထွေးသော အကြည့်ဖြင့် သူမထံ ပြန်ကြည့်သည်။

ဤမိန်းကလေးသည် ဧကရီ ဆက်ခံသူ ဖြစ်၏။ လင်းယွန်ကို ယှဉ်ပြိုင်နိုင်သည့် တစ်ဦး တည်းသော မျိုးဆက်သစ် လူငယ်အဖြစ် အသိအမှတ် ပြုကြသည်။

တစ္ဆေသခင်က ဖုန်ယွီခင်ပွန်းနှင့် ပူးပေါင်းကာ အလင်း နှိမ်နင်းခြင်း မဟာ သူတော်စင်ထံ တိုက်ခိုက်လိုက်သည်။

“ မိန်းကလေး လောဟွာ ... မင်း မလာသင့်ဘူး ... ။ ”

ကျန့်ကျင်းရှန်က ရှုပ်ထွေးသော အမူအရာဖြင့် ပြောကြား လိုက်လေသည်။ ဤသည်မှာ တိမ်လွှာဓားဂိုဏ်းသို့ ရောက်ရှိ လာစဉ် သူမ အမည်ဖြစ်သည်။

သူမသည် ဧကရီနှင့် နက်ရှိုင်းသော ဆက်ဆံရေး ရှိ၏။

“ တိမ်လွှာဓား ဂိုဏ်းချုပ် ... လင်းယွန်က ငါ့ခင်ပွန်းပဲ ... ဒါကြောင့် သူ့ဆရာက ငါ့ဆရာပဲ ။ ”

သူမ အဖြေကြောင့် ကျန့်ကျင်းရှန်ခမျာ တုန်လှုပ်သွားတော့၏။ ဖုန်ယွီ၊ မူရွှမ်ကောင်နှင့် အသူရာစပါးအုံးက ချက်ချင်း လှည့်ကြည့် လိုက်ကြသည်။

“ နတ်နဂါးအင်ပါယာရဲ့ ဧကရီက ... နဝမမြောက် သမီးတော်ကို တော်ဝင်မျိုးရိုးနဲ့ လက်ထပ်ထိမ်းမြား ပေးချင်တယ် ...

... နဝမမြောက် သမီးတော်ကတော့ လင်းယွန်ကိုရွေးတယ် ... ဟား ... ဟား ... ဟား ကောင်းတယ် ... ကောင်းတယ် ... အရမ်း ကောင်းတယ်။ ”

အသူရာ စပါးအုံးက ကျယ်လောင်စွာ ရယ်မောတော့သည်။ သူ့စကားနှင့် ရယ်သံတွင် နတ်နဂါးအင်ပါယာ အပေါ် အာဃာတ ရှိကြောင်း မည်သူမဆို မြင်နိုင်၏။

နောက်ဆုံးတွင် မိုးပြာနဂါးမျိုးရိုးသည် နတ်နဂါးအင်ပါယာကို အနိုင်ယူခြင်း သို့မဟုတ် ရန်စခြင်း မပြုနိုင်သောကြောင့် အရာအားလုံးကို စေ့စေ့စပ်စပ် လုပ်ကိုင်ခဲ့ရသည်။

ဆုစီယာ စကားကို ကြားပြီးနောက် ရရှိထားသော ဒဏ်ရာများပင် မနာကျင်တော့ဟု ခံစားလာရ၏။

“ ငါတို့မောင်လေးက ... လက်ထပ်လိုက် ပြီကိုး ... သူ့အတွက် ဆရာက ဝမ်းသာမယ်လို့ ငါယုံကြည်ပါတယ်။ ”

ဖုန်ယွီက ဝမ်းသာလာ၏။ တစ်ဖက်တွင် ဆန့်ကျင်ဘက် မဟာ သူတော်စင် သုံးပါးခမျာ စိတ်ပျက်သွားသည်။

လင်းယွန်သည် အဘယ်ကြောင့် ဤမျှ မှော်ဆန်နေရသနည်း။ ယနေ့ ရောက်ရှိနေသည့် ကျွမ်းကျင်သူများစွာသည် ၎င်းအတွက် လာကြခြင်း ပေပင်။

အဆုံးတွင် နတ်နဂါး အင်ပါယာ၏ အမွေဆက်ခံသူကိုပင် လက်ထပ်ထားခဲ့သေး၏။ မနာလိုဖွယ် ကောင်းချေပြီ။

***

All Chapters