← Chapters

ခွန်လွန်၏ စစ်နတ်ဘုရား။

Vol. 175 Ch. 2440

ခွန်လွန်၏ စစ်နတ်ဘုရား။

Vol. 175 Ch. 2440

ဆုစီယာ၏ ခိုင်မာသော ရပ်တည်ချက်သည် ကြက်သွေးရောင် တောင်ထိပ်၏ အခြေအနေကို တည်ငြိမ်သွားစေသည်။

ဤမြင်ကွင်းကို မြင်သောအခါ အလင်းနှိမ်နင်းခြင်း မဟာ သူတော်စင်မှ အော်ငေါက် လိုက်၏။

“ လမ်းမှာ ရပ်ဝံ့တဲ့ လူတိုင်းကို ... သတ်ပစ်လိုက်ဖို့ မြင့်မြတ်သော သခင်ဆီက အမိန့်ရှိတယ် ... နဝမမြောက် သမီးတော်လည်း ခြွင်းချက် မဟုတ်ဘူး။ ”

သို့မှသာ ကောင်းကင်ခွဲ မဟာ သူတော်စင်၊ မီးကျီးကန်း မဟာ သူတော်စင်နှင့် ကောင်းကင် ကျက်သရေ မဟာ သူတော်စင်တို့က စိတ်သက်သာရာ ရသွားသည်။

သူတို့သည် ထိုအတည်ပြုချက် မပါဘဲ နဝမမြောက် သမီးတော်ကို ဆန့်ကျင်ရန် သတ္တိ မရှိကြချေ။

“ နဝမမြောက် သမီးတော် ... မင်း ငါ့ရဲ့ဒိုမိန်းကို ချိုးဖျက်နိုင်တာ သဘောကျတယ် ... ငါတို့ ဘာလို့ ထပ်မတိုက်ရတာလဲ။ ”

ကောင်းကင်ခွဲ မဟာ သူတော်စင်က ပြောကြားလိုက်သည်။

“ ကောင်းကင်ခွဲ မဟာ သူတော်စင် ... မင်းသတ္တိရှိရင် ငါ့ဆီလာ နဝမမြောက် သမီးတော်ကို အနိုင်ကျင့်ရအောင် မင်းက ဘယ်လို သူတော်စင်လဲ။ ”

ကျန့်ကျင်းရှန်မှ ဒေါသတကြီး အော်ငေါက်တော့သည်။

“ ငါမဝံ့ဘူး ထင်နေလား ... အဋ္ဌမတန်း ဓားအထွတ်အထိပ်ကို ဆုပ်ကိုင် ထားရင်တောင် မင်းကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းတွေ ရှိပါသေးတယ် ...

... ဒါပေမယ့် လောလောဆယ် မင်းကို စိတ်မဝင်စားဘူး ... နဝမမြောက် သမီးတော် မင်းငါနဲ့ တိုက်ဖို့ သတ္တိရှိလား။ ”

ပြိုကျသွားသော ပင်မတောင်များ၏ မဟာသူတော်စင်များက ကြက်သွေးရောင် တောင်ထိပ်သို့ စုရုံးလာသည်။

သူတို့ အားလုံး၏ မျက်နှာများ ဖျော့တော့လျက် ဒဏ်ရာ ပြင်းထန်စွာ ရရှိထား ခဲ့ကြ၏။

သူတို့သည် ယဲ့ကူဟန် ကဲ့သို့သော ထူးချွန်သူများ မဟုတ်သဖြင့် အဆင့်ဖြတ်ကျော် တိုက်ခိုက်နိုင်ခြင်း မရှိကြချေ။

“ နဝမမြောက် သမီးတော် ... မင်းငါ့ကိုတိုက်ဖို့ သတ္တိရှိလား ... ။ ”

ကောင်းကင်ခွဲ မဟာ သူတော်စင်က ထပ်မေးသည်။ သူ့ဒိုမိန်းအပေါ် ဖျက်ဆီးလိုက် သောကြောင့် အလွတ်မပေးလိုချေ။

သည့်အပြင် သူမကို ဖမ်းဆီးနိုင်ပါက ဓားဂိုဏ်းအပေါ် တောင်းဆိုမှုများ ပြုလုပ်နိုင် ပေမည်။

“ မင်း ငါ့ကို အနိုင်ယူဖို့ သေချာလား။ ”

ဆုစီယာက အေးစက်စွာ မေး၏။

“ မင်းကို လက်တစ်ဖက်တည်းနဲ့ ချေမှုန်းနိုင်တယ်လို့ မပြောဝံ့ပေမယ့် ... အနိုင် ယူဖို့တော့ ယုံကြည်မှု ရှိပါသေးတယ်။ ”

“ ဒါဆို လာ ... ။ ”

ဆုစီယာသည် သူတော်စင် ဘုရင် တစ်ပါးသာဖြစ်သည်။ တန်ခိုးရှင် အဆင့် မဟာ သူတော်စင်နှင့် တိုက်နိုင်စရာ အကြောင်း မရှိချေ။

“ မလုပ်နဲ့ ... ။ ”

ကျန့်ကျင်းရှန်က လှမ်းအော်သည်။ မြင့်မြတ်သော မဟာသူတော်စင် အဆင့် ဖြင့်ပင် ဓားဂိုဏ်း၏ စွမ်းအင်နှင့် ဓားရည်ရွယ်ချက်ကို အားကိုးကာ ထိန်းထားနိုင်ရုံသာ ရှိ၏။

ကောင်းကင်ခွဲ မဟာ သူတော်စင်က သူ့ကို သွားခွင့် မပြုချေ။ ဆုစီယာက ကျန့်ကျင်းရှန်ထံ လှမ်းကြည့်ကာ၊

“ ငါသူ့ကို တားနိုင်ပါတယ် ... လက်ရှိ ဓားဂိုဏ်း အခြေအနေက အန္တရာယ်များလှတဲ့ အတွက် ... ငါ့ခင်ပွန်း ရောက်လာတာကို စောင့်ရမှာပဲ ... စိတ်မပူနဲ့ ... ။ ”

-ဟု ပြောကြားလာသည်။

သူမ အသံသည် ကျယ်လောင်ခြင်း မရှိသော်လည်း လင်းယွန်ကို ခင်ပွန်းအဖြစ် လူတိုင်း သိစေခဲ့၏။

“ ဟား ဟား ဟား ... လူမိုက်တွေ ... လင်းယွန်ရောက်လာရင်တောင် ဘာများလုပ် နိုင်မှာမို့လဲ ... သူက သူတော်စင် ဘုရင်ပဲ။ ”

ကောင်းကင်ခွဲ မဟာ သူတော်စင်က ရက်စက်ကြမ်းကြုတ်သော အကြည့်ဖြင့် ပြုံးကာ ပြောကြားလာ၏။ သူသည် မဟာ သူတော်စင် ဖြစ်သော်လည်း သူတော်ကောင်း မဟုတ်ချေ။

အသေးအဖွဲမှ စပြီး လက်စားချေတတ်၏။ နဝမမြောက်သမီးတော် ဖြစ်လျှင်ပင် သူ့ဒိုမိန်းကို ဖျက်ဆီးခဲ့သဖြင့် အဖိုးအခ ပြန်လည် ရယူရ ပေမည်။

“ ဝှစ် ... ။ ”

အတွေးတစ်ချက်ဖြင့် ဆုစီယာ ရှေ့၌ ပေါ်လာသည်။ ဆုစီယာက ထိတ်လန့် သွားဟန် မပြဘဲ တာအိုပန်းကို ခေါ်လိုက်၏။

၎င်းသည် အုပ်စိုးရှင် ဧကရာဇ် တာအို ဖြစ်သည်။ ဂုဏ်ကျက်သရေ ကြီးမားလှသော ရောင်ဝါသည် လူတိုင်း၏ နှလုံးသားကို လွှမ်းမိုးလာ၏။

ယင်းမှာ အကုန် မဟုတ်ချေ။ မရေမတွက်နိုင်သော ခရမ်း-ရွှေရောင် နဂါးများ နှင့်အတူ နဂါးငွေ့တန်းတစ်ခု ပွင့်လာသည်။

ကောင်းကင်ခွဲ မဟာ သူတော်စင်က လှောင်ပြုံးဖြင့် အုပ်စိုးရှင် နတ်နဂါး နတ်က္ခတ် နှင့် ဧကရာဇ်တာအိုကို ကြည့်သည်။

ယင်းသည် ဆုစီယာကို မြင့်မြတ်သော မဟာသူတော်စင် အဆင့် ရောက်ရှိလာစေခဲ့ သော်လည်း သူသည် တန်ခိုးရှင်အဆင့် အထွတ်အထိပ်၌ ဖြစ်၏။

“ ဘယ်လောက်တောင် သနားစရာ ကောင်းလိုက်လဲ ... ဒူးထောက်စမ်း ... ။ ”

ကောင်းကင်ခွဲ မဟာ သူတော်စင်က အစွမ်းထက်သော ရောင်ဝါများ ထုတ်ဖော်ကာ အော်ငေါက်ပြီး သူ့ဒိုမိန်း ပြန်ခေါ်၏။

“ ဝုန်း ... ။ ”

သို့သော် လက်သီး တစ်စုံက နဂါးအလား ဟန့်တားသွားလေသည်။

“ ဘာတွေ ဖြစ်နေတာလဲ။ ”

ဆုစီယာ နောက်တွင် နောက်ထပ် ပွင့်လာသည့် တာအိုပန်းသည် သစ္စာတရားကို ကိုယ်စားပြုလေသည်။ ၎င်းသည် ထာဝရတာအို ကိုးပါးအနက်မှ တစ်ပါး ဖြစ်၏။

တစ်ချိန်တည်းမှာပင် သူမ၏ အတိတ်ငယ်ဘဝ အကြောင်း ပုံရိပ်များပါသော သီချင်းသံများ ပျံ့လွင့်လာသည်။

ခွန်လွန်မှ မှတ်တမ်း တင်ထားသော သူမ၏ ဒဏ္ဍာရီဖြစ်စဉ်များပေပင်။ ဧကရာဇ်ကိုးပါးကဲ့သို့ သက်ရှိ ဒဏ္ဍာရီ တစ်ပုဒ် ဖြစ်ချေပြီ။

“ သစ္စာတရားကို ကိုင်ဆွဲပြီး ... ငါက ဒီလောကရဲ့ ဘုရင်ပဲ။ ”

ဆုစီယာက ဧကရာဇ် နဂါး လက်သီးကို ထပ်မံထုတ်ဖော်သည်။ လက်သီးနှင့် လက်ဖဝါး တိုက်မိသောအခါ ပြိုကျခြင်း မရှိခဲ့ခေျ။

ကောင်းကင်ခွဲ မဟာ သူတော်စင်ပင် အနည်းငယ် နောက်ပြန် ဆုတ်သွားခဲ့ရသည်။ ဒဏ်ရာရခြင်း မရှိသော်လည်း အရှက်ရ၏။

“ ခွန်လွန်မှာ ... သစ္စာတရားကို ဆုပ်ကိုင်နိုင်တဲ့ ဂျူနီယာတစ်ယောက် ရှိလာ ပြီလား ... ကမ္ဘာကြီးက အများကြီး ပြောင်းလဲ သွားပုံပါပဲ ... မင်းငါ့ကို ရင်ဆိုင်ဖို့ အရမ်း ယုံကြည်ချက်ရှိနေတာ မဆန်းပါဘူး။ ”

ပိုမြန်သော အရှိန်ဖြင့် တံဆိပ် တစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက် နှစ်ယောက်သား လက်သီးခြင်း ဖလှယ်တော့၏။

ဆုစီယာသည် ဧကရာဇ် တာအိုကြောင့် နောက်ပြန် မဆုတ်နိုင်ချေ။ နောက်ဆုတ်မိပါက ဧကရာဇ် တာအို၏ စွမ်းအား ကျင်ဆင်း ပေလိမ့်မည်။

သူမပေါ်သို့ ရွှေမှုန်များ ကောင်းကင်မှ ကျဆင်းပြီး သူတော်စင်ဂီတက ကောင်းကင်နှင့် မြေကြီးကြား ပဲ့တင်ထပ်နေသည်။

ထိုရွှေမှုန်များ အတွင်း ဆုစီယာ၏ ဒဏ်ရာများက လျင်မြန်စွာ ပြန်၍ပျောက်ကင်း သက်သာနေသည်။

“ ဒါက သက်ရှိ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ပဲ ... ကောင်းကင်ဘုံက နတ်ဘုရားတွေတောင် သူ့ကို ချီးမွမ်းရတယ်။ ”

မူရွှမ်ကောင်က ရှေးစာအုပ်များမှ မှတ်တမ်းများနှင့် တူနေသော ရွှေမှုန်များထံ ငေးကြည့်ကာ အံ့ဩသွားသည်။

အသူရာ စပါးအုံး ပင်လျှင်၊

“ ဒီကလေးမက ခွန်လွန်ရဲ့ ဧကရီ ဖြစ်ဖို့ မွေးဖွားလာတာပဲ။ ”

-ဟု လေးနက်စွာ ပြောကြားလိုက်၏။

တစ်ဖက်တွင် ကောင်းကင်ယံ ဂိုဏ်းမှ လူတိုင်းသည် မျက်နှာများ ပျက်ယွင်းကုန်တော့ သည်။

ကောင်းကင်ခွဲ မဟာ သူတော်စင် သည်လည်း စိုးရိမ် ထိတ်လန့်သွားတော့သည်။ အနိုင်ယူရန် အလျင်လိုလာ၏။

“ မသန့်ရှင်းသော ဝိညာဉ်များ ... ။ ”

ရုတ်တရက် သူ့ဝန်းကျင်၌ အနက်ရောင် အခိုးအငွေ့များ ရစ်သိုင်းလာသည်။ ဤသည်မှာ နတ်နဂါး သိုင်းပညာကို ကျော်လွန်ချေ၏။

“ ကောင်းလိုက်တာ ... ။ ”

ဆုစီယာက ကောင်းကင်ပေါ် ပျံတက်သွားတော့သည်။ သူမ လက်ဖမိုးတွင် ဖျက်ဆီးခြင်း နတ်ရူရ် ပေါ်လာပြီး လက်ဖဝါး တစ်ချက် ပစ်ထုတ်လိုက်၏။

ဖျက်ဆီးခြင်း နတ်ဘုရားလက် ဖြစ်သည်။ ရွှေမီးလျှံများ ဖုံးလွှမ်းထားသော အရိုး လက်ကြီး ထွက်ပေါ်လာ၏။

အရိုးလက်က ကြီးမားသော သတ္တဝါကြီး အသွင် စုဖွဲ့နေသည့် အနက်ရောင် အခိုးအငွေ့ များထံ ပြုတ်ကျသွားသည်။

“ ဘုန်း ... ။ ”

အခိုးအငွေ့၏ ဦးခေါင်းမှာ ချက်ချင်း ပျက်ပြယ်သွားသဖြင့် ကောင်းကင်ခွဲ မဟာ သူတော်စင်ခမျာ သွေးများ စီးကျလျက် ထိန်လန့်သွားရ၏။

“ ဒါ ... ဖျက်ဆီးခြင်း နတ်ဘုရား လက်တော်ပဲ ... မင်း သူ့အမွေ ရလာတာလား ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... မင်းက သေမျိုးခန္ဓာပါ။ ”

ဤအခိုက်တွင် ကောင်းကင်ခွဲ မဟာ သူတော်စင်သည် နောင်တရ သွား၏။ ဆုစီယာမှ သူ့ဒိုမိန်းကို မည်ကဲ့သို့ ဖျက်ဆီးနိုင်ခဲ့သည်ကို နားလည်လိုက်ပြီ ဖြစ်သည်။

အဆုံးတွင် ၎င်းသည် ခွန်လွန်သမိုင်း၌ ကျော်ကြားလှသော ဖျက်ဆီးခြင်း နတ်ဘုရား ဖြစ်ချေ၏။

ဝိညာဉ် နတ်မိစ္ဆာ မျိုးရိုးမှ နတ်ဘုရားဆယ်ပါးကို သူ တစ်ပါးတည်းဖြင့် သတ်ခဲ့သည်။ ခွန်လွန်၏ ပြိုင်ဘက်ကင်း စစ်နတ်ဘုရား ပေပင်။

“ ငါက သစ္စာတရားကို လက်ကိုင်ထားတဲ့ ဘုရင်ပဲ။ ”

ဆုစီယာက ပန်းသရဖူဖြင့် ဘုရင်မ တစ်ပါးလို ဖျက်ဆီးခြင်း နတ်ဘုရား လက်သည် သူမအတွက် အားသာချက် ရရှိစေ၏။

***

All Chapters