← Chapters

ခင်ပွန်းနှင့် ဇနီး ... ။

Vol. 175 Ch. 2441

ခင်ပွန်းနှင့် ဇနီး ... ။

Vol. 175 Ch. 2441

ယဲ့ဇီလင်က သူမ ကိုယ်လုံးကိုယ်ထည်ကို ကန့်သတ်ချက်သို့ တွန်းပို့ခဲ့ပြီး ကျွားချင်းယန်နှင့် ရင်ဆိုင်နေခဲ့သည်။

ဤလူသည် သူတော်စင်များ အောက်၌ ပြိုင်ဘက်ကင်း ဖြစ်ခဲ့ဖူး၏။ သွေရော်ကျွန်းတွင် ဖုန်းကျွယ်ကို အရှက်ခွဲခဲ့သည်။

လက်ရှိအချိန်၌ သူတော်စင် ဘုရင် ကျင့်ကြံမှုကို ရရှိထား၏။ ထို့ကြောင့်တောင်များ ပြိုကျပြီးနောက် ယဲ့ဇီလင်အပေါ် ကောင်းစွာ ဖိအားပေး နိုင်လာသည်။

ကျောက်ယန်၊ ကုန်းစွန်ယန်၊ မူရွှယ်ချင်းနှင့် မူချင်းချင်း သည်လည်း ဒဏ်ရာများဖြင့် ဖုံးလွှမ်း နေခဲ့သည်။

“ ဆုစီယာက ကြောက်စရာ ကောင်းပြီး ကြက်သွေးရောင် တောင်ထိပ် တည်ငြိမ်အောင် ကူညီပေးတယ်... ဒါ​ပေမယ့်​ အားလုံး အဆင်​​ပြေတယ်​လို့ မဆိုလိုပါဘူး ... ။ ”

ကျွားချင်းယန်က ပြောသည်။ သူ့နောက်၌ လပေါင်းများစွာ လှည့်ပတ်​​နေပြီး ယဲ့ဇီလင်ထံမှ ဓားရောင်ဝါကို ဝါးမြိုနေ၏။

“ ဝှစ် ... ။ ”

ထို့နောက် လများက နာရီလက်တံ လားရာကို ဆန့်ကျင်ဘက် လှည့်သွားသောအခါ ဝါး​မြိုထား​သော ဓားရည်ရွယ်ချက်များက ရီဇီလင်ထံသို့ ပြန်သွား​တော့၏။

“ ..... ။ ”

ယဲ့ဇီလင်တစ်ယောက် အဝေးသို့ လွင့်စဉ် သွားသည်။ ကျောက်ယန်တို့မှ ကျွားချင်းယန်ကို တားဆီးရန် လှမ်းတက်လိုက်ရ၏။

“ ပုရွက်ဆိတ်တွေ ... ။ ”

“ ရွှပ် ... ။ ”

ကျွားချင်းယန်က လှောင်ပြောင်သည်။ သို့သော် သူ့အသက်ကို ခြိမ်းခြောက်နိုင်သည့် ဓားရောင်ခြည် တစ်စင်း ပြုတ်ကျလာသဖြင့် ချက်ချင်း နောက်ဆုတ်လိုက်ရ၏။

သို့တိုင် ဓားရောင်ခြည်က ပါး​ပြင်ကို အဖျားခတ် သွားသည်။ သွေးများ စီးကျလာ သည်ကို လျစ်လျူရှုလျက် ထိုဓားပိုင်ရှင်ထံ မော့ကြည့်လိုက်၏။

“ ကျွားချင်းယန် ... ငါတို့ မတွေ့တာ ကြာပြီနော်။ ”

ဤအသံရှင်သည် ဓားဂိုဏ်းမှ လူတိုင်း အတွက် ရင်းနှီးနေသောကြောင့် လှည့်ကြည့် လာကြ၏။

အပြာရောင် ၀တ်စုံဖြင့် ရတနာ ဓားတစ်လက်ကဲ့သို့ ထက်ရှသော လူငယ် တစ်ယောက် ဖြစ်ချေပြီ။

“ အစ်ကို လင်း ... ။ ”

“ ပန်းသင်္ချိုင်း ... ။ ”

“ ပန်းသင်္ချိုင်း ပြန်လာပြီ ... ။ ”

ဓားဂိုဏ်း၏ တပည့်များအားလုံး စိတ်လှုပ်ရှား သွားသည်။

“ ညီလေး ... နောက်ဆုံးတော့ မင်း ပြန်လာပြီ ... သူတို့က ငါ့ကို ဆိုးဆိုးရွားရွား အနိုင်ကျင့်တယ်။ ”

ဖုန်းကျွယ်က ပါးပြင်ပေါ် မျက်ရည်များ စီးကျလာသည်။ သူသည် အမည်ခံ သူတော်စင် ဖြစ်ပြီး သူတော်စင်များကြား တိုက်ပွဲတွင် သဘာဝအတိုင်း မပါဝင်နိုင်ခဲ့ချေ။

ထို့ကြောင့် ဆရာသခင်ကို အရှက်ခွဲလို လူတိုင်းက သူ့အပေါ် ရိုက်နှက်လျက် ပြက်ရယ် ပြုလာကြသည်။

“ အစ်ကိုဖုန်း ... မင်းကို ဘယ်သူက အနိုင်ကျင့်တာလဲ။ ”

“ သူ ... သူ ... သူ ... သူတို့ အားလုံးပဲ ... ငါကဆရာရဲ့ တပည့် မဖြစ်ထိုက်ဘူးလို့ ပြောပြီး ဆရာ့ကို အရှက်ရစေဖို့အတွက် ငါ့ကို အသုံးချ ခဲ့ကြတယ်။ ”

ဖုန်းကျွယ်က မကျေမနပ်ဖြင့် လက်ညိုးထိုးပြလိုက်သည်။ ထိုစကားကို ကြားသောအခါ လင်းယွန် မျက်လုံးများ အေးစက်လာ၏။

“ အထူးသဖြင့် အဲဒီလူ ကျွားချင်းယန်ပဲ ... ငါ့ကို မသတ်ပဲ နှိပ်စက်ဖို့ လူတိုင်းကို ပြောတယ်၊ ငါက ဆရာသခင်ရဲ့ အရှက်ရဖွယ် လူတဲ့။ ”

“ ဟား ဟား ဟား ... ငါပြောတာ မှားလို့လား။ ”

ကျွားချင်းယန်က ရယ်မောလိုက်သည်။

“ လင်းယွန် ... နင် နဝမမြောက် သမီးတော်နဲ့ ... လက်ထပ် ထားတာလား။ ”

ယဲ့ဇီလင်မှ လှမ်းမေးသည်။ ဤကိစ္စသည် အရေးကြီးချေ၏။

“ ဟမ် ... စီနီယာအစ်မ ဒါကို မင်းဘယ်လို သိသလဲ။ ”

လင်းယွန်မှ အံသြသွားသည်။

“ နဝမမြောက် သမီးတော်က ကြက်သွေးရောင် တောင်ထိပ်မှာ ရှိနေတယ် ... သူက နင့်ဇနီးဆိုပြီး ကြေငြာခဲ့တယ်။ ”

လင်းယွန် မျက်နှာ ပြောင်းသွားပြီး လက်သီးတင်းတင်းဆုပ်ကာ ကြက်သွေးရောင် တောင်ထိပ်ထံ လှည့်ကြည့်လိုက်မိ၏။

ဆိုလိုသည်မှာ ဤအကျပ်အတည်းမှ လွတ်မြောက်ခဲ့လျှင်ပင် ဧကရီသည် သူမကို စွန့်ပစ်နိုင်မည်။

အမျိုးမျိုးသော အတားအဆီးများနှင့် ရင်ဆိုင်ရသော်လည်း သူမသည် သူ့ဇနီးကောင်း ဖြစ်ကြောင်း ကြေငြာရန် တွန့်ဆုတ် မနေချေ။

ခင်ပွန်းသည် ဒုက္ခရောက် နေချိန်၌ ရောက်ရှိလာသည်။ သူမအပေါ် အကြွေးများစွာ တင်နေပြီ ဖြစ်သည်။

“ ကောင်းကင်ယံကျမ်း ... အပြန်အလှန် စကြဝဠာကြီး။ ”

ကျွားချင်းယန်က လင်းယွန် အာရုံ ပျံ့လွင့်နေချိန်တွင် ခိုးဝင်တိုက်ခိုက်ရန် ကြံရွယ် လိုက်သည်။

“ အစ်ကိုလင်း ... သတိထား။ ”

လင်းယွန်က အန္တရာယ်ကို သိရှိထားပြီး ဖြစ်ရာ နဂါးဟောက်သံနှင့်အတူ နတ်နဂါး ခန္ဓာ ကိုယ်ကို ထုတ်ဖော်လိုက်သည်။

“ ဟိတ် ... ။ ”

“ ဘုန်း ... ။ ”

သူ့လက်သီး တစ်ချက်သည် စကြာဝဠာကြီးကို ဖြိုခွဲနိုင်၏။ ကျွားချင်းယန် တစ်ယောက် သွေးတစ်လုတ် ထွေးထုတ်လျက် အနည်းငယ် နောက်ပြန် ဆုတ်သွားသည်။

“ တျန်ရွှမ်ဇီ တပည့်က ခိုးဝင်တိုက်ဖို့ပဲ သိတာလား ... တခြား လုပ်တတ်တာ မရှိတော့ ဘူးလား။ ”

လင်းယွန်က ဒေါသထွက်လာပြီး နတ်နဂါးဘုရင် ခန္ဓာကိုယ်ကို ဆက်၍ အသက် သွင်းလိုက်၏။

“ ဘာတွေ ဖြစ်နေတာလဲ။ ”

ကျွားချင်းယန်က နောက်ဆုတ် ချင်သော်လည်း ထိုနဂါးရောင်ဝါအောက်တွင် မလှုပ်ရှား နိုင်သည်ကို သတိပြုမိ၏။

“ အား ... ။ ”

ရုတ်တရက် သူ့ပခုံးပေါ်သို့ လင်းယွန်၏ လက်ငါးချောင်း စိုက်ဝင်လာကာ သွေးစီးကျ လာသည်။

“ ငါ့ဆရာကို အရှက်ခွဲဖို့ ငါ့အစ်ကိုကို အသက်ရှင် စေချင်တာလား ... ကောင်းပြီ ဒါဆို မင်းဆန္ဒအတိုင်းပဲ။ ”

“ ဘုန်း ... ။ ”

လင်းယွန်က မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက် လာပြီး လက်သီးဖြင့် ထိုးချလိုက်၏။

ကျွားချင်းယန်ခမျာ သူတော်စင်မူလ ကြေမွှလျက် နောက်သို့ လွင့်စဉ်သွားလေသည်။ ချက်ချင်းပင် သူတော်စင်ဘုရင်မှသည် လောက နိယာမ နယ်ပယ်သို့ ကျဆင်းသွား၏။

နဂါး သွေးလွှတ်ကြောနှင့် စွမ်းအင် လမ်းကြောင်းများ ပျက်စီးသွားပြီး ဒုက္ခိတ ဖြစ်သွားချေပြီ။

မျက်စိတစ်မှိတ်အတွင်း အရာ အားလုံး ဖြစ်ပျက်သွား သောကြောင့် လူတိုင်း မျက်လုံး ပြူးကုန်၏။

“ ငါက သူတော်စင် ဘုရင် နယ်ပယ်မှာ ပြိုင်ဘက်ကင်းပဲ။ ”

လင်းယွန်က ကြွေးကြော်လျက် ကောင်းကင်ပေါ် ပျံတက်သွားပြီး အခြားသော သူတော်စင်ဘုရင်များကို အမှည့်ချွေ ချွေနေခဲ့သည်။

နတ်နဂါးဘုရင် ခန္ဓာကိုယ်ကြောင့် သူတော်စင်ဘုရင် အများအပြား၏ ဝိုင်းရုံ တိုက်ခိုက်မှုအပေါ် ဖြေရှင်းနိုင်ခဲ့၏။

သူတော်စင် ဘုရင်များကို ခွေးသတ်၊ ကြက်သတ် သတ်ပစ်နေခဲ့သည်။ ဤသည်မှာ ရက်စက်ကြမ်းကြုတ်သော မြင်ကွင်းတစ်ရပ် ပေပင်။

သူတော်စင်ဘုရင်များသည် မည်သည့်အချိန်မှစ၍ ဤမျှ အားနည်းကုန်ကြ သနည်း။

ပြိုင်ဘက် သူတော်စင် ဘုရင်များမှာ အမဲလိုက် ခံနေရသော ယုန်သူငယ်များအလား တိုက်ပွဲဝင်ဆန္ဒများ ပျောက်ဆုံးကုန်၏။

“ စီနီယာ အစ်မ ... မင်းအခု မြေပြင် ရှင်းလင်းရေးလုပ်တော့ ... ငါကြက်သွေးရောင် တောင်ထိပ်ကို သွားလိုက်မယ်။ ”

ယဲ့ဇီလင်အား မှာကြားလျက် လက်ဝှေ့ယမ်းပြီး ဖဲကြိုးသုံးထောင်ဖြင့် မိုးပြာ နဂါးကို ဖွဲ့စည်းလိုက်သည်။

ထို့နောက် ဦးခေါင်းပေါ် ခုန်တက်ကာ ပင်မတောင်ထိပ်များထံ ပျံသန်းလိုက်တော့၏။

“ ပန်းသင်္ချိုင်း ... ။ ”

“ ပန်းသင်္ချိုင်း ... ။ ”

“ ပန်းသင်္ချိုင်း ... ။ ”

ကုန်းစွန်းယန်နှင့် အခြားသော သူတော်စင်တပည့်များက စိတ်လှုပ်ရှားစွာ အော်ဟစ် အားပေးလိုက်ကြသည်။

ဤလူငယ်သည် ကောင်းကင် နဂါးသခင်ဖြစ်ပြီး ဓားဂိုဏ်း၏ ဂုဏ်ကျက်သရေ ပေပင်။

“ ဟား ဟား ဟား ... ပန်းသင်္ချိုင်း နောက်ဆုံးတော့ မင်းရောက်လာပြီ ငါမသေခင် မင်းကို နောက်ဆုံး မြင်ခွင့်ရပြီ၊ ...

... ငါဆန္ဒတွေ ပြည့်ဝပြီ ... ငါ့ဘဝ တစ်လျှောက်လုံး သက်တံဓား သူတော်စင်နဲ့ တိုက်ပွဲဝင်ခဲ့တာတွေ ... ရုပ်ခန္ဓာ ကျင့်ကြံဖို့ ရွေးချယ်ခဲ့တာတွေ ...

... ပြီးတော့ ဓားဂိုဏ်းကို လာပြီး အသေခံတာတွေ ... ဘာဖြစ်ဖြစ် ငါ နောင်တမရ တော့ဘူး။ ”

မူလနဂါး မဟာသူတော်စင်မှ မိုးပြာနဂါး စီးနင်းလာသည့် သူ့တပည့်ထံ မော့ကြည့်ကာ ပြုံးရယ် ညည်းတွားလိုက်တော့သည်။

သူ့စကားကို ပြိုင်ဘက် မဟာသူတော်စင် ခြောက်ပါး ကြားမိသောအခါတွင် မျက်နှာများ ပြောင်းလဲသွားခဲ့၏။

မဟာ သူတော်စင်သည် သေမည်ဟု ကြံရွယ်ထားသော် အနည်းဆုံး သူတို့အတွင်းမှ ငါးယောက်ကို ဆွဲခေါ်သွားနိုင်မည်။

“ အဘိုးကြီး … ။ ”

လင်းယွန်က သတိထားမိသွားကာ မိုးပြာနဂါးကို ချက်ချင်း ပြန်လှည့်စေလျက်၊

“ ဘယ်သူက သေခွင့်ပေး လိုက်လို့လဲ ... မသေနဲ့ဦး ... ရော့ ဖမ်းလိုက်။ ”

-ဟု ဆိုပြီး ရွှေရောင် အလင်းတန်းတစ်ခုကို ပစ်ပေးလိုက်သည်။

ဤသည်မှာ ဗုဒ္ဓဧကရာဇ် ရွှေကြာပန်းလှံ ဖြစ်သည်။ ၎င်းလှံသည် အသက်ဓာတ် ပြည့်ဝပြီး ဗုဒ္ဓတန်ခိုးနှင့် ပြည့်စုံသော ရွှေကြာပန်း မီးတောက်သစ်ပင် ဖြစ်၏။

လှံကို ဖမ်းကိုင် လိုက်သောအခါတွင် သူတော်စင် စွမ်းအင်နှင့်အတူ အကန့်အသတ်မဲ့ အသက်ဓာတ်များ စီးဝင်လာသည်ကို ခံစားလိုက်ရသည်။

စက္ကန့်ပိုင်းအတွင်း ပြန်လည် နုပျိုလာကာ ရောင်ခြည်များ ဖြာထွက်လာ၏။ ဗုဒ္ဓ ရောင်ခြည် တော်၌ မွေ့လျော်နေသည်နှင့် တူသည်။

သေရန် ကြံစည်ထားသော ခံစားချက်များ ချက်ချင်း ပျောက်ကွယ်သွားကာ အံ့ဩလာမိ၏။

“ ဝှီး ... ။ ”

ဗုဒ္ဓဧကရာဇ် ရွှေကြာပန်းလှံကို လှည့်ပတ်လိုက်ရုံဖြင့် မဟာသူတော်စင်တစ်ပါး အလွယ်တကူ လွင့်စဉ်သွားသည်။

“ ဟား ဟား ဟား ... မင်းတို့က ငါ့ကို အရေအတွက်နဲ့ အနိုင်ကျင့်ဝံ့သလား၊ မင်းတို့ရဲ့ အဘိုး မူလနဂါးဆီ လာကြစမ်း။ ”

သို့မှသာ လင်းယွန်တစ်ယောက် သက်ပြင်းချပြီး ကြက်သွေးရောင် တောင်ထိပ်ထံ ပြန်လှည့်သွားမိ၏။

ခရမ်း-ရွှေရောင် နဂါးက ဆုစီယာထံ ပြေးဝင်နေသည်ကို အဝေးမှပင် မြင်လိုက်ရ လေသည်။

“ ငါ့ဇနီးကို အနိုင်ကျင့်ရဲလား ။ ”

မိုးပြာ နဂါး ခေါင်းကို အားယူလျက် ကောင်းကင်ပေါ် ချက်ချင်း ခုန်တက်သွားကာ နဂါးလည်ပင်းထံ ဖမ်းဆုပ်လိုက်၏။

ခရမ်း-ရွှေရောင် နဂါးခမျာ နတ်ရူရ်များ​ ပါရှိသော နဂါးလက်သည်းကြီးဖြင့် ဖမ်းကုပ်ခြင်း ခံလိုက်ရလေသည်။

ဆုစီယာက သူမအနား ရုတ်ချည်း ဆင်းသက်လာသော လင်းယွန်ထံ လှည့်ကြည့် လိုက်၏။ သူမခင်ပွန်း ရောက်လာချေပြီ။

***

All Chapters