စိန်ခေါ်ပွဲ ... ။
Vol. 175 Ch. 2442
လင်းယွန်က ခရမ်း-ရွှေရောင် နဂါးကို လက်ဖြင့် ဆုပ်ကိုင်လိုက်သောကြောင့် လူတိုင်း တုန်လှုပ် ခြောက်ခြားသွားသည်။
အဆုံးတွင် အသူရာ စပါးအုံး၏ မိုးပြာနဂါးသည်ပင် ထိပ်တိုက်ရင်ဆိုင်၍ မရသော နတ်နဂါး ဖြစ်၏။
“ ဝုန်း ... ။ ”
ယခုမူ ထိုနတ်နဂါးသည် မြွေတစ်ကောင် အလား အစွမ်းကုန် ရုန်းကန်လျက် ဓားဂိုဏ်း၏ တောင်ငယ်များစွာကို ထပ်မံ ပြိုလဲသွား စေခဲ့သည်။
ဤအရာက အလင်းနှိမ်နင်းခြင်း မဟာသူတော်စင် မျက်နှာကို ပြောင်းလဲစေပြီး တိုက်ပွဲခဏ ရပ်တန့်သွားသည်။
“ ပြန်လာခဲ့ ... ။ ”
ထိုအချိန်တွင် လင်းယွန်နှင့် ဆုစီယာက တစ်ယောက်ကို တစ်ယောက် ကြည့်မဝ ဖြစ်နေ သဖြင့် နတ်နဂါးက လွတ်မြောက်သွားသည်။
လင်းယွန်က နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို ဖြန့်ကျက်လျက် နဂါးလက်သည်း ကြီးဖြင့် နောက်တစ်ကြိမ် ဖမ်းဆွဲလိုက်သည်။
“ ဝူး ... ။ ”
ဤတစ်ကြိမ်တွင် ကောင်းကင်နဂါး၏ သင်္ကေတ ဖြစ်သော ရွှေရောင် နတ်ရူရ် တစ်လုံး လက်သည်း၌ ပိုပါလာ၏။
ခရမ်း-ရွှေရောင် နတ်နဂါးခမျာ ကောင်းကင်နဂါး၏ အငွေ့အသက်ကြောင့် ချက်ချင်း ကြောက်ရွံ့ငြိမ်သက်သွားသည်။
ဦးခေါင်း တစ်ခုလုံး ဆုပ်ချေခံလိုက်ရ၏။ ဤသည်မှာ နဂါးအစစ်များ မဟုတ်ချေ။ သို့တိုင် ထင်ရှားသော ဖြစ်စဉ်ကို မြင်ရစေသည်။
“ ဟမ့် ... မိုးပြာနဂါးက ဘယ်လိုလုပ်ပြီး နတ်နဂါးကို အနိုင်ယူသွားတာလဲ တစ်ယောက် ယောက် ငါ့ကိုရှင်းပြနိုင်မလား။ ”
“ မင်းကြည့်စမ်း ... မိုးပြာနဂါး လက်သည်းမှာ ထူးဆန်းတာတစ်ခု ပါတယ်။ ”
“ ဟား ဟား ဟား ... ။ ”
ပတ်ဝန်းကျင်မှ ဆွေးနွေးမှုများ ထွက်ပေါ်လာခဲ့သည်။ ဤမြင်ကွင်းကို ကြည့်ပြီး အသူရာ စပါးအုံးမှ ရယ်မောလိုက်၏။
“ ဟား ဟား ဟား ... ဒါက ကျေနပ်စရာပဲ။ ”
သူသည် မိုးပြာနဂါး မျိုးရိုး၏ ဘိုးဘေး ဖြစ်သည်။ သူ့ရှေ့တွင် ခရမ်း-ရွှေရောင် နဂါးကြီး လည်ပင်းညှစ်သတ် ခံရသည်ကို ပျော်ရွှင်မိ၏။
အနှိုင်းမဲ့ ပေပင်။ ဤမြင်ကွင်းသည် ယနေ့အတွက် သူခံစားရသော ဒဏ်ရာများ အတွက် ထိုက်တန်ချေ၏။
အလင်း နှိမ့်နင်းခြင်း မဟာ သူတော်စင်က မျက်နှာ ပြောင်းသွားပြီး မြေပြင်ပေါ် ပြန်ဆင်း လိုက်ရသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ခွဲ မဟာသူတော်စင်မှလည်း သူ့လက်ဖဝါးများ တွန်းထုတ်ကာ ပြန်ဆုတ်လာ၏။
“ ဝှစ် ... ။ ”
လင်းယွန်က ကောင်းကင်မှ ခုန်ဆင်း လိုက်သည်။ ဆုစီယာသည် ဧကရာဇ်တာအိုကို စုစည်းလျက် စောင့်ကြည့်ပေးနေ၏။
“ အစ်ကိုကြီး ... အစ်မနှစ် ... အစ်ကိုငါး ... ဂိုဏ်းချုပ် ... ။ ”
လူတိုင်းကို လှည့်ပတ် ကြည့်ပြီးနောက် ကြက်သွေးရောင် ဓားအလင်းတိုင်ထံ မော့ကြည့် လိုက်သည်။
သူတော်စင် သွေးပြန်ကြောများ ကျန်ရှိနေသေးသဖြင့် သူ့နှလုံးသား ငြိမ်သက် သွား၏။ ဆရာသခင် အဆင်ပြေပေမည်။
သူ နောက်မကျ သေးချေ။ တစ်ချိန်တည်းမှာပင် ဆုစီယာ ခေါင်းပေါ်မှ ပန်းသရဖူကို သတိထားမိသွားသည်။
“ မင်း ... နဂါး သရဖူကို ဆောင်းသင့်တယ်။ ”
“ ငါ ... ဒီသရဖူကို ပိုကြိုက်တယ်။ ”
နှစ်ယောက်သား ပြောစရာ စကား အများကြီး ရှိချေပြီ။ သို့သော် စကားပြောရမည့် အချိန်မဟုတ်သဖြင့်၊
“ ငါတို့ မင်္ဂလာပွဲကို အခုပွဲမှာ ကြေငြာ လိုက်ပြီးပြီ နင်ငါ့ကို စွန့်ပစ်လို့ မရတော့ဘူး။ ”
-ဟု ဆုစီယာမှ သတိပေးမိ၏။
“ ငါ မလုပ်ပါဘူး ... ။ ”
“ အဟွတ် ... အဟွတ် ... ။ ”
ကျန့်ကျင်းရှန်က မပျော်မရွှင်ဖြင့် ချောင်းဆိုးပြ လိုက်သည်။
“ အဟဲ ... အစ်ကိုငါး ... ။ ”
လင်းယွန်က ရှက်ရွံ့စွာ ပြုံးပြီး လူတိုင်းကို ခေါင်းညိတ် ပြလိုက်သည်။
“ အားလုံးစုကြ ... ။ ”
အလင်း နှိမ်နင်းခြင်း မဟာ သူတော်စင်က နဂါး ဧကရီ အမိန့်ကို မြှောက်ပြပြီး အမိန့်ပေး လိုက်သည်။
မူလအစီအစဉ်မှာ ကြက်သွေးရောင် တောင်ထိပ်ကို မတိုက်မီ အခြားသော ပင်မ တောင်ထိပ်များအပေါ် ဖြည်းညှင်းစွာ ဖျက်ဆီးပစ်ရန် ဖြစ်သည်။
အဆုံးတွင် အပြင်ဘက် တောင်တန်းအများစုနှင့် ပင်မတောင်ထိပ် သုံးလုံး ဖျက်ဆီးနိုင်ခဲ့သည်။
လက်ရှိအချိန်၌ ဓားဂိုဏ်းသည် အစီရင်၏စွမ်းအားတစ်ဝက်ကို ဆုံးရှုံးသွားပြီ ဖြစ်၏။
ထို့ကြောင့် လူတိုင်းကို ဤနေရာသို့ ခေါ်ယူကာ အမြစ်ပြတ် ချေမှုန်းရန် ဆုံးဖြတ် လိုက်ခြင်း ဖြစ်သည်။
လူတိုင်းက တိုက်ပွဲများ ရပ်တန့်ကာ ကြက်သွေးရောင် တောင်ထိပ်ထံ စုရုံးလာ၏။ မဟာသူတော်စင် နှစ်ဆယ်ကျော် ပါဝင်သည်။
အရိယာ တောင်ထိပ်ရှိ ခရမ်းငယ်နှင့် ယဲ့ကူဟန်က အကြည့်ချင်း ဖလှယ်လိုက်ကြ လေသည်။
“ ဝူး ... ။ ”
ထိုစဉ် ဆံပင်များ ဆွတ်ဆွတ်ဖြူနေသော အဖိုးအိုတစ်ဦး ရုတ်တရက် ထွက်ပေါ် လာ၏။ ဤသည်မှာ သက်တံဓား ညီဖြစ်သည်။
“ သိုင်းအန်ကယ် ... ။ ”
ယဲ့ကူဟန်က လျင်မြန်စွာ ဦးညွှတ် လိုက်သည်။
“ ဆက်လုပ်ပါ ... ငါ ဒီမှာ စောင့်ကြည့်နေမယ်။ ”
ယဲ့ကူဟန်က သက်ပြင်းချလျက် ခေါင်းညိတ်ပြပြီး ကြက်သွေးရောင် တောင်ထိပ် ထံသို့ ခရမ်းငယ်နှင့်အတူ ပြေးလွှား လိုက်တော့သည်။
“ ဝှစ် ... ။ ”
သူ ဆင်းသက်လိုက်သောအခါ သတ်ဖြတ်ခြင်း မဟာ သူတော်စင်၊ ကျောက်စိမ်း ဓားသူတော်စင်နှင့် မူလနဂါး မဟာ သူတော်စင် တို့သည်လည်း ရောက်ရှိလာ၏။
အလင်း နှိမ့်နင်းခြင်း မဟာ သူတော်စင်တစ်ယောက် မျက်နှာ ပျက်ယွင်း သွားလေသည်။
မဟာ သူတော်စင် များစွာ နှင့်အတူ ဓားဂိုဏ်းကို အလွယ်တကူ ဖြုတ်ချ နိုင်မည်ဟု ထင်ခဲ့၏။
သို့သော် သတိထား ယခုကြည့်မိချိန်၌ ကျန့်ကျင်းရှန်၊ ယဲ့ကူဟန်၊ ကျောက်စိမ်းဓား သူတော်စင်၊ သတ်ဖြတ်ခြင်း မဟာ သူတော်စင်၊ မူလ နဂါး မဟာ သူတော်စင်၊ နတ်မိစ္ဆာမျိုးရိုးမှ ဖုန်ယွီခင်ပွန်းနှင့် နတ်မိစ္ဆာတံခါးမှ တစ္ဆေသခင်တို့ ရှိနေသည်။
ဆိုလိုသည်မှာ မဟာ သူတော်စင် ခုနစ်ပါးရှိပြီး လင်းယွန်နှင့် ဆုစီယာတို့သည် မဟာသူတော်စင်များနှင့် ရင်ဆိုင်နိုင်၏။
သူ့ဘက်တွင် မဟာ သူတော်စင် (၁၂)ပါးမျှသာ ကျန်ရှိပြီး ကျန်မဟာ သူတော်စင် များမှာ ဒဏ်ရာ ရရှိနေခဲ့သည်။
ကျောက်စိမ်းဓား သူတော်စင်ကြောင့် အရိုးဖြူဓား သူတော်စင်သည် ခွန်အား တစ်ဝက် မျှသာ ထုတ်နိုင်တော့၏။
ယဲ့ကူဟန်မှ မဟာ သူတော်စင် သုံးပါးနှင့် မူလနဂါး မဟာသူတော်စင်က သုံးပါး ဒဏ်ရာ ပေးခဲ့သည်။
ဤအင်အားဖြင့် အချိန်မရွေး ဖြုတ်ချ နိုင်တော့မည် မဟုတ်ကြောင်း နားလည်လိုက် မိသည်။
ဓားဂိုဏ်း လူစာရင်း၌ ခရမ်းငယ်ကိုပါ ထည့်တွက်သော် သူတို့၏ အားသာချက်မှာ ပို၍ လျော့ကျသွားနိုင်မည်။
“ ငါ့မှာ အကြံတစ်ခုရှိတယ် ... ငါတို့ ဆက်တိုက်နေရင် သူတော်စင် သွေးကြောကို ထိခိုက်စေလိမ့်မယ် ...
... ပန်းသင်္ချိုင်း မင်းငါနဲ့ တိုက်ရဲလား ... ငါရှုံးခဲ့ရင် ဒီကနေ ထွက်သွားမယ် ... မင်းရှုံးရင် ဓားဂိုဏ်း လက်နက်ချပါ ...
... နဝမမြောက် သမီးတော်တောင် ကောင်ကင်ခွဲ မဟာ သူတော်စင်နဲ့ တိုက်ဝံ့တယ် မင်ငါနဲ့ တိုက်ဝံ့သလား ... ။ ”
ဓားဂိုဏ်းဝင်များ အားလုံး၏ မျက်နှာများ ပြောင်းသွားသည်။ သဘာဝအတိုင်း သူ့အပေါ် မည်သူမျှ မယုံချေ။
ဤလူသည်သည် အရှက် ကင်းမဲ့လှ၏။ ထာဝရ တာအိုကို ဆုပ်ကိုင်ထားသည့် မဟာ သူတော်စင် တစ်ပါး အနေဖြင့် လင်းယွန်ကို တစ်ဦးချင်း တိုက်ချင်နေသည်။
“ ဘယ်လိုလဲ ... နဝမမြောက် သမီးတော်တောင် သတ္တိရှိတယ် မင်းက မဝံ့ဘူးလား။ ”
အလင်း နှိမ်နင်းခြင်း မဟာ သူတော်စင်က ထပ်မေးသည်။
“ မင်းတို့အားလုံးနဲ့ ... အခု ထွက်သွားရင် မင်းတို့ရဲ့ သားစဉ်မြေးဆက်တွေကို မသတ်ဖို့ ငါ ကတိပေးနိုင်တယ် ... အဲဒီအကြောင်း ပြောရရင် ကောင်းကင်ယံ ဂိုဏ်းက နမူနာပဲ။ ”
ရုတ်တရက် လင်းယွန် ပြန်မဖြေခင် ကျန့်ကျင်းရှန်မှ ဝင်ပြောလာသည်။ ယင်းသည် မြင့်မြတ်မြေများကို ထိတ်လန့်သွားစေ၏။
“ မင်း ဘာကို ဆိုလိုတာလဲ။ ”
တစ်စုံတစ်ယောက်မှ ရှင်းအောင် ပြန်မေးလာသည်။
“ ကောင်ကင်ယံဂိုဏ်းရဲ့ တပည့်တွေနဲ့ သားစဉ်မြေးဆက်တွေ အပါအဝင် ပတ်သက်သူ အားလုံးကို ... ငါ သတ်ပစ်လိုက်ပြီ။ ”
“ ဘာလဲ ... ။ ”
“ မင်း ... ။ ”
ကျန့်ကျင်းရှန် စကားကို ကြားသော အခါတွင် လူတိုင်း အသက်ပြင်းပြင်း ရှူလျက် တုန်ယင်ကုန်၏။
နောက်ဆုံးတွင် နတ်ဖီးနစ် တောင်တန်းသခင်နှင့် တျန်ရွှမ်ဇီတို့၏ တိုက်ပွဲမှ ရလဒ်သည် အဖြေဖြစ်သည်။
ဤအတိုင်းသာ ဆိုက နတ်ဖီးနစ် တောင်တန်းသခင် ရှုံးနိမ့်သည့်တိုင် တျန်ရွှမ်ဇီ တစ်ယောက်တည်းသာ ကျန်ရှိပေမည်။
ဆုစီယာက လင်းယွန်၏ ညာဘက် လက်မောင်းကို သတိပြုမိကာ၊
“ နင့်လက် ... ။ ”
-ဟု စကား စလိုက်သည်။
“ ဘာမှ မဖြစ်ဘူး ... ။ ”
ကောင်းကင် နဂါးအရိုးကို မသန့်စင် ရသေးသဖြင့် အရေးကြီးသော အချိန်များတွင် ဝှက်ဖဲအဖြစ်သာ အသုံးပြုနိုင်မည်။
ထို့ကြောင့် ထုတ်မပြောလိုသေးချေ။ ခရမ်းငယ်က သူ့ရှေ့တွင် ရပ်နေသော အဖွဲ့ကို ကြည့်လိုက်ပြီး၊
“ နင်တို့အားလုံး ဘာလို့ လူကြီး လူကောင်းတွေလို ဟန်ဆောင် နေကြတာလဲ ... ဓားဂိုဏ်းကို ချေမှုန်းပြီး သက်တံဓားကို သတ်ဖို့လာတာ မဟုတ်ဘူးလား ... လာတိုက်ကြမယ်။ ”
-ဟု စိန်ခေါ်လိုက်သည်။
“ ဟမ့် ... မင်းက လူတိုင်းကို သတ်စေချင်နေတာလား ... မင်းက ငါတို့ကို ဒီကျန့်ကျင်းရှန်လို ဓားမိစ္ဆာများ ထင်နေလား ... ပါးစပ်ပိတ်ထား ... ငါဒီမှာ လင်းယွန်နဲ့ စကားပြောနေတယ် ... လင်းယွန် မင်းငါနဲ့ တိုက်ရဲလား။ ”
“ ကောင်းပြီ ... ငါတိုက်မယ်၊ ဒါပေမယ့် ငါရှုံးရင်တောင် လက်နက်ချမှာ မဟုတ်ဘူး၊ မင်း ရှုံးရင်လည်း မင်းရဲ့ကတိကို စောင့်ထိန်းမယ်လို့ ငါမယုံဘူး။ ”
လင်းယွန်က စိန်ခေါ်မှုကို လက်ခံလိုက်သည်။ မိုးပြာ ကောင်းကင် နယ်မြေတွင် ဓားနှင့် ထာဝရ တာအိုကြား ရွေးချယ်ခဲ့ခြင်း ပြုပြီးနောက် မဟာ သူတော်စင်များနှင့် ရင်ဆိုင်နိုင်ကြောင်း အိုင်းရစ် ဓားသူတော်စင်မှ ပြောကြားခဲ့သည်။
ထို့ကြောင့် တျန်ရွှမ်ဇီ ပြီးနောက် အသန်မာဆုံး လူနှင့်တိုက်ကာ အဆိုပါခွန်အား အပေါ် စမ်းသပ်ချင်မိ၏။
***