ငါ မင်းကို သင်ပေးနိုင်တယ်။
Vol. 175 Ch. 2443
လင်းယွန်၏ စိန်ခေါ်မှု အပေါ် အလင်း နှိမ်နင်းခြင်း မဟာသူတော်စင်က ပြုံးလျက် သဘောတူသည်။
“ ဂိုဏ်းချုပ် သူ့လိုလူကို ဆက်ဆံဖို့ မလိုပါဘူး။ ”
ရုတ်တရက် လူတစ်ယောက် ထွက်ပေါ် လာ၏။ ယင်းမှာ မင်ဂိုဏ်းမှ တော်ဝင် မိုးကြိုး မဟာ သူတော်စင် ဖြစ်သည်။
သူသည် မဟာ သူတော်စင် ပထမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး မဟာနေမင်း တာအိုကို အထူးကျွမ်းကျင်၏။
“ ဟိတ် ... ။ ”
ထို့ကြောင့် မဟာနေမင်း ဒိုမိန်းဖွင့်ကာ လင်းယွန်ထံ ပြေးဝင်လိုက်တော့သည်။ အကြိမ် အနည်းငယ်ဖြင့် လင်းယွန်ကို ခြေလှမ်း ဆယ်လှမ်း ပြန်ဆုတ်စေခဲ့၏။
“ မဆိုးပါဘူး။ ”
တော်ဝင် မိုးကြိုး မဟာ သူတော်စင်က ပြုံးလိုက်သည်။ သူသည် လင်းယွန် ခွန်အားကို စမ်းသပ်နေခြင်း ဖြစ်၏။
“ လာဦးမယ်။ ”
ဤတစ်ကြိမ်၌ ကျော်ကြားလှသော မင်ဂိုဏ်း၏ မဟာနေမင်း လက်ဖဝါးကို အသုံး ပြုလိုက်သည်။
သူ့လက်ဖဝါးချက်တိုင်းသည် ရွှေရောင် အလင်းများဖြင့် တောက်ပနေ၏။ ထောင်ပေါင်း များစွာသော သူတော်စင် တာအို များက ၎င်းအပေါ် ဖုံးအုပ်ထားသည်။
ကောင်းကင်ခွဲ မဟာသူတော်စင်နှင့် အလင်းနှိမ်နင်းခြင်း မဟာသူတော်စင် တို့က ပြုံးပြီး ကြည့်နေ၏။
“ အလင်း နှိမ်နင်းခြင်း မဟာ သူတော်စင် မင်းလို မြင့်မြတ်မြေ ဂိုဏ်းချုပ် တစ်ယောက်က စက်ဆုပ်ဖွယ် နည်းလမ်းတွေကို အသုံးပြု နေတာပဲလား။ ”
ကျန့်ကျင်းရှန်က အော်ငေါက်၏။ လင်းယွန်၏ ခွန်အားကို စမ်းသပ်ရန် မဟာ သူတော်စင်တပါး တစ်ဖက်လူမှ အသုံးပြုနေခြင်း ဖြစ်သည်။
အလင်းနှိမ်နင်းခြင်း မဟာ သူတော်စင်က၊
“ တော်ဝင် မိုးကြိုး မဟာ သူတော်စင်က အရမ်း အလျင်လို နေတာပဲ ... နောက်မှ သူ့ကို ငါ အပြစ်ပေးရဦးမယ်။ ”
-ဟု ပြန်လည် ပြောကြားလာ၏။
“ ဟား ဟား ဟား ... မင်းတို့ အားလုံး ဘာလို့ ဒီလောက် အလျင်လို နေကြတာလဲ ... ပန်းသင်္ချိုင်းက ငါ့ကို အနိုင် မယူနိုင်ရင် ... သူ ဂိုဏ်းချုပ်ကို ဘယ်လိုလုပ် တိုက်မလဲ။ ”
တော်ဝင် မိုးကြိုး မဟာ သူတော်စင်မှ ရယ်မောလျက် လှမ်းပြော၏။ လင်းယွန်သည် သူတော်စင်ဘုရင် မျှသာ ဖြစ်သည်။ ထို့ကြောင့် ကောင်းစွာ ဖိနှိမ်ထားနိုင်၏။
“ ပန်းသင်္ချိုင်း၊ ဒါ မင်းလုပ်နိုင်တာ အကောင်းဆုံးလား ... မင်းအရင်က အရမ်း မာနကြီးတယ် မဟုတ်ဘူးလား ။ ”
လင်းယွန်မှ ဝှက်ဖဲများ သုံးလာစေရန် စကားများဖြင့် ရန်စနေခဲ့သည်။ လင်းယွန်က ပြုံး၏။ ဝှက်ဖဲများ အသုံးမပြုဘဲ တစ်ဖက်လူနှင့် သူ့ကြား ကျင့်ကြံမှု ခြားနားချက်ကို သိလိုခြင်း ဖြစ်သည်။
ကြည့်ရသည်မှာ သူ တွေးသလောက် ကွာခြားချက် ကြီးကြီးမားမား ရှိနေပုံမချေ။ နတ်နဂါးဘုရင် ခန္ဓာကိုယ်မှာ အံ့သြစရာ ဖြစ်သည်။ နဂါးပြာအရိုးပင် မသုံးဘဲ ဒဏ်ရာ များကို ပြန်၍ ကုသနိုင်သည်။
ထို့ကြောင့် တော်ဝင် မိုးကြိုး မဟာ သူတော်စင်၏ တိုက်ခိုက်မှုကို ခံယူကြည့်မိ၏။ ရှောင်တိမ်းခြင်း မရှိချေ။
“ ဘုန်း ... ။ ”
လက်ဖဝါးက သူ့ရင်ဘတ်ပေါ် ကျရောက်လာပြီး မီးတောက်များ ကူးစက်လာ ခဲ့သည်။
“ ငါ့တိုက်ခိုက်မှုက ဘယ်လောက်တောင် အစွမ်းထက်တယ်ဆိုတာ မင်းသိလား ဒီမီးလျှံက မဟာနေမင်းမီးလျှံပဲ ... အရိုးတောင် ကျန်မှာ မဟုတ်ဘူး။ ”
တော်ဝင်မိုးကြိုး မဟာ သူတော်စင်က ရယ်သည်။ သို့သော် မီးတောက်သည် မည်မျှပင် တောက်လောင် စေကာမူ လင်းယွန် အပေါ် လောင်ကျွမ်းနိုင်ခြင်း မရှိချေ။
၎င်း၌ဓားတာအို ပန်းတစ်ပွင့် ထင်ရှား လာသောအခါ ထာဝရတာအိုနှင့် ယှဉ်နိုင်သည့် ခံစားချက်မျိုး ပေးစွမ်းလေသည်။
ဆိုလိုသည်မှာ သူ့တာအိုသည် ထိုဓားတာအိုကို မယှဉ်နိုင်သဖြင့် ပြာချပစ်ရန် ရည်ရွယ်ချက် ပျက်ကွက်သွားသည်။
“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
မယုံကြည်နိုင်စွာဖြင့် တုန်လှုပ်သွား၏။ အခြားသော မဟာ သူတော်စင်များ သည်လည်း သူတို့ရှေ့တွင် ဖြစ်ပျက်နေသည့် အရာများကို နားမလည်နိုင်အောင် ဖြစ်လာကြသည်။
လင်းယွန်သည် တော်ဝင် မိုးကြိုး မဟာ သူတော်စင်၏ လက်ဖဝါးကို ဒဏ်ရာ မရှိဘဲ ခံယူ နိုင်လေသည်။
“ ဟား ဟား ဟား ... ဒါက ဘာလို့လဲ ဆိုတော့ ... ငါ့ခန္ဓာကိုယ်က သူတော်စင် အဆင့် မဟုတ်တော့လို့ပဲ။ ”
လင်းယွန်က ရယ်မောလျက် လက်ဖဝါးနှစ်ဖက် ဖြန့်ကာ မြှောက်လိုက်သည်။ နတ်နဂါး၏ တန်ခိုးကြီးသော ရောင်ဝါများ ထွက်လာပြီး မီးတောက်များကို ဖယ်ရှား ပေးတော့၏။
ဤအရာက တော်ဝင် မိုးကြိုး မဟာ သူတော်စင်ကို တုန်လှုပ်စေ၏။
“ မင်း ... ငါ့ရဲ့ ခွန်အားကို အပြည့်အ၀ မခံစားချင်ဘူးလား။ ”
လင်းယွန်က ပြုံးလျက်မေးလိုက်သည်။ ငယ်ရွယ်သော ဘုရင်တစ်ပါးကဲ့သို့ ကြီးစိုးသော အငွေ့အသက်များ ပေးဆောင်နေ၏။
“ ဒါ နဂါးမိသားစုရဲ့ နတ်နဂါး ခန္ဓာပဲ ... ပြိုင်ဘက်ကင်း ခန္ဓာကိုယ် သန့်စင်တဲ့ ပညာရပ် တစ်ပါးပါ ... ခွန်လွန်မှာ ပျောက်ကွယ်သွားတာ ကြာပြီ မင်းဘယ်လိုလုပ် အောင်မြင်ခဲ့တာလဲ။ ”
နတ်နဂါး ကိုယ်ခန္ဓာသည် ရှေးခေတ်က ကျော်ကြားသော ခန္ဓကိုယ် သန့်စင် နည်းစနစ် ဖြစ်ပြီး အောင်မြင်ရန် ခက်ခဲချေ၏။
တစ်စုံ တစ်ယောက်သည် လေ့ကျင့် အောင်မြင်သွားခဲ့သော် ဤလောက၌ မည်သည့် မွေးရာပါ နတ်ခန္ဓာမျှ ယှဉ်၍ မရတော့ချေ။
“ ဒါ ... နတ်နဂါး ဘုရင် ခန္ဓာကိုယ်ပဲ ... အုပ်စိုးရှင် နတ်နဂါး တံဆိပ်တောင် အသုံးမပြု ရသေးဘူး။ ”
လင်းယွန်၏ အထင်အမြင် သေးစွာဖြင့် ပြန်ပြောလိုက်သော စကားများကြောင့် လူတိုင်း အံ့ဩသွားကြသည်။
အသူရာ စပါးအုံး မဟာ သူတော်စင်က လင်းယွန်ကို မနာလိုစွာ ပြန်ကြည့်လိုက်မိ၏။ နတ်နဂါးဘုရင် ခန္ဓာသည် နဂါးမျိုးရိုး မဟာ သူတော်စင်များ၏ အိမ်မက်ဖြစ်သည်။
“ တော်ဝင် မိုးကြိုး၊ ပြန်လာခဲ့ ... ။ ”
အလင်းနှိမ်နင်းခြင်း မဟာသူတော်စင်က လေးနက်သော အမူအရာမျိုးဖြင့် ပြန်ခေါ်သည်။ သို့သော် တော်ဝင် မိုးကြိုးမဟာ သူတော်စင်က အံကြိတ်လျက်၊
“ ဒါဆို ... နတ်နဂါး ဘုရင် ခန္ဓကိုယ် ဖြစ်တော့ရော ဘာဖြစ်လဲ မင်းက သူတော်စင် ဘုရင်ပါ ... ဒီထက် ဘာများလုပ်နိုင်မှာလဲ။ ”
-ဟု ဆိုကာ ထပ်မံ တိုက်ခိုက်လိုက်တော့သည်။
“ မဟာ နေမင်း မိစ္ဆာလက်ဝါး ... ။ ”
ဤသည်မှာ လူတစ်ဦး၏ ဒိုမိန်းကို အပြည့်အဝ ထိန်းချုပ်ပေးနိုင်သော တားမြစ် ပညာရပ်တစ်ခု ဖြစ်၏။
နဂါးဝိညာဉ် ပညာရပ်များထက် အဆပေါင်းများစွာ သန်မာသော လျှို့ဝှက် ပညာရပ် ပေပင်။
ကြီးမားသော လက်ဖဝါးကြီး တစ်ခု မပေါ်ထွက်မီ ကောင်းကင်တွင် တိမ်ညိုများ စုရုံးလာ၏။
လင်းယွန်က ရွှေကြာပန်းကို ထုတ်ဖော်လိုက်ရာ ထိုတိမ်ညိုများ ရွှေရောင် ပြောင်းကုန်သည်။
ဤသည်မှာ အဋ္ဌမတန်း ဓား ဖြစ်၏။မိုးပြာနဂါး ဒေါသနှင့်အတူ ထိုလက်ဖဝါးကြီးထံ ဦးတည် လိုက်သည်။
“ ဝုန်း ... ။ ”
ဧရာမ လက်ဖဝါးကြီးမှာ တဖြည်းဖြည်း ပြန်လည် ပျောက်ကွယ်သွားသောအခါ မိုးပြာ နဂါးက မဟာနေမင်းဒိုမိန်းကို ဝါးမြို၏။
တော်ဝင် မိုးကြိုး မဟာသူတော်စင် တစ်ယောက် ကောင်းကင်မှ ပြုတ်ကျသွားတော့ သည်။ အလင်း နှိမ်နင်းခြင်း မဟာသူတော်စင် ခမျာ ထိတ်လန့်သွား၏။
လင်းယွန်သည် မဟာ သူတော်စင်ကို သတ်ရန် ကြံရွယ်နေကြောင်း သတိပြုမိပြီး ‘ရပ်’ -ဟု အော်ဟစ် လိုက်မိသည်။
“ ဝှစ် ... ။ ”
မင်ဂိုဏ်း၏ မဟာသူတော်စင်များက တော်ဝင်မိုးကြိုး မဟာသူတော်စင်ကို ကူညီရန် ကောင်းကင်ပေါ် ခုန်တက်လာကြသည်။
သို့သော် လင်းယွန်က မြန်၏။ နဂါး လက်သည်းကြီးဖြင့် တော်ဝင် မိုးကြိုး မဟာ သူတော်စင်၏ ဦးခေါင်းကို လုံးချေပစ် လိုက်သည်။
“ ဘောင်း ... ။ ”
တစ်ဆက်တည်းမှာပင် ဦးခေါင်း မပါသော အလောင်းက အစိတ်စိတ် အမွှာမွှာ ပေါက်ကွဲ သွားတော့၏။
သူတော်စင် မူလသာ ကျန်ရှိခဲ့သည်။ တန်ခိုးရှင်အဆင့် မရောက်မီ မဟာ သူတော်စင် များကို သတ်ရန် ခဲယဉ်း၏။
ယင်းက လင်းယွန်နှင့် မတွေ့ခင် ဖြစ်ပေမည်။ ကူညီရန် မဟာ သူတော်စင် သုံးပါး ရောက်ရှိလာသောအခါ လင်းယွန်က မော့ကြည့် လိုက်၏။
လက်ထဲ၌ မိုးပြာနဂါးနေ-လထီးကို ထုတ်ယူထားပြီး ဖြစ်သည်။ နတ်နဂါး ဘုရင် ခန္ဓာဖြင့် အုပ်စိုးရှင်နက္ခတ် ပေါ်လာ၏။
ဤမြင်ကွင်းသည် မဟာ သူတော်စင် သုံးပါးကို ထိတ်လန့်သွားစေသည်။ ချက်ချင်းပင် ပြန်ဆုတ်လိုက်၏။ လင်းယွန်က ထီးကို ဖျတ်ခနဲ ဖွင့်လိုက်သည်။
“ အား ... ။ ”
ကောင်းကင် တစ်ခုလုံး တုန်ယင်ကာ သုံးယောက်သား အရုပ်ကြိုးပြတ် လွင့်စဉ်ကျ ကုန်သည်။
အရိုးများ ကျိုးကြေလျက် နာကျင်စွာ အော်ဟစ်မိ၏။ လင်းယွန်က မိုးပြာ နဂါး နေလ ထီးကို လေထုအလည် လှည့်ပတ်လိုက်ပြီး၊
“ ဟား ဟား ဟား ... အလင်း နှိမ်နင်းခြင်း မဟာသူတော်စင် ငါ့ရဲ့ ခွန်အားကို မင်းထပ်ပြီး စမ်းသပ်ချင်သေးလား။ ”
“ မောက်မာ မနေနဲ့။ ”
အလင်းနှိမ်နင်းခြင်း မဟာ သူတော်စင်က လင်းယွန်ထံ မဆိုင်းမတွ ပြေးဝင်လိုက်၏။ သူ၏ ယင်ယန်တာအိုကို ချက်ချင်းခေါ်သည်။
လင်းယွန်က လည်နေသော ထီးကို မြှောက်လိုက်သည်။ ထီးထံမှ နဂါးကိုးကောင် ပျံထွက်လာပြီး သူ့ကို ရစ်ခွေထားတော့၏။
“ ဘန်း ... ။ ”
သို့တိုင် ပြိုင်ဘက်မှာ ကြောက်မက်ဖွယ် ကောင်းသော ကျင့်ကြံမှုဖြင့် အားကောင်းနေရာ နဂါးများကို ဖြိုခွဲပစ်လိုက်သည်။
ဤသည်မှာ ထာဝရ တာအို၏ အားသာချက် ပေပင်။
“ ယင်ယန် တာအိုလား ... တိုက်ဆိုင်လိုက်တာ ငါလည်း သိတယ်။ ”
လင်းယွန်က ယင်ယန်တာအိုကို ထုတ်ဖော် လိုက်၏။ သူ့ယင်ယန် ပန်းချီကားသည် အလင်း နှိမ်နင်းခြင်း မဟာသူတော်စင်ထက် ပို၍ ရှုပ်ထွေးသည်။
“ ဝှစ် ... ။ ”
လက်ဖဝါး သွားရာလမ်း တစ်လျှောက် အမျိုးမျိုးသော ဖြစ်စဉ်များ ပေါ်လာ၏။ အလင်း နှိမ်နင်းခြင်း မဟာသူတော်စင် ခမျာ နောက်သို့ ဆုတ်လျက်ပြီး စွမ်းအားကို တွန်းဖယ် ပစ်လိုက်ရသည်။
လေထုအတွင်း အမျိုးမျိုးသော ရွှေရောင်ပုံရိပ်များဖြင့် ကောင်းကင် ဂီတသံများ ပဲ့တင်ထပ် လာ၏။ ဤသည်မှာ လင်းယွန်၏ ဒဏ္ဍာရီမှတ်တမ်း ပေပင်။
“ ဒါ ... ယင်ယန် တာအို ... ။ ”
“ ဟား ဟား ဟား ... ဘယ်လိုလဲ ... မင်းသင်ယူချင်လို့လား ... ငါ သင်ပေးနိုင်တယ်။ ”
လင်းယွန်က မျက်ခုံးပင့်ပြီး ပြုံးလျက် ပြောကြားလိုက်သည်။ ထိုအပြုံးသည် အလင်း နှိမ်နင်းခြင်း မဟာ သူတော်စင်ကို အေးခဲ သွားစေတော့၏။
***