← Chapters

ငါ ... လမ်းမှား လာပြန်ပြီ ထင်တယ်။

Vol. 175 Ch. 2445

ငါ ... လမ်းမှား လာပြန်ပြီ ထင်တယ်။

Vol. 175 Ch. 2445

လင်းယွန်၏ အသံနှင့်အတူ ဒဏ္ဍာရီလာ နဝမတန်း ဓားရည်ရွယ်ချက် အရိပ် အယောင် ထွက်ပေါ်လာသည်။

အပြာရောင်ဝတ်ရုံကို ၀တ်ဆင်ထားပြီး ဓားသေတ္တာတစ်လုံး ထမ်းပိုးလျက် ဓားဂိုဏ်း၏ ထောင့်တိုင်းမှ မြင်စေ၏။

သူ့ကိုယ်ပိုင် ဒဏ္ဍာရီဆန်သော အဖြစ်အပျက်များက ကောင်းကင် ဂီတနှင့်အတူ ထွက်ပေါ်လာ၏။

တိုက်ပွဲဝင်နေသော သူတော်စင်များ အားလုံးသည် သူ့ဦးတည်ရာထံသို့ လှည့်ကြည့် လိုက်လေသည်။

ကောင်းကင်ယံ ဂိုဏ်းမှ မဟာ သူတော်စင်များက မျက်နှာများ ပြောင်းသွားကာ ဆုတ်ခွာ ကုန်၏။

သူတို့သည် ကြီးမားသော ဆုံးရှုံးမှုကို ကြုံတွေ့ နေရသည်။ မဟာ သူတော်စင်များ အားလုံးနီးပါး ဒဏ်ရာရခဲ့ကြပြီး၊ တန်ခိုးရှင် အဆင့် မဟာ သူတော်စင်များပင် အလွန်ပင်ပန်း နွမ်းနယ်နေ၏။

ဆန့်ကျင်ဘက်အနေနှင့် ဓားဂိုဏ်းအဖွဲ့တွင် အများအပြား ထိခိုက် ဒဏ်ရာရရှိခြင်း မရှိခဲ့ချေ။ ထူးဆန်းလှ၏။

အမှန်တွင် သူတို့ တိုက်ပွဲ စတင်ချိန် ကတည်းကပင် မုရွယ်လင်သည် ​မြင့်မားသော တောင်ထိပ်ပေါ်၌ ဗျပ်စောင်း ကစားနေသည်။

အသံလှိုင်းသည် ဓားဂိုဏ်းဝင် မဟာ သူတော်စင်များထံ ရောက်ရှိလာသောအခါတွင် မည်သည့် ဖြစ်စဉ်မျှ မပြချေ။

ယင်းအစား ဂီတ၏ စွမ်းဆောင်မှု အောက်တွင် ပုံမှန်ထက် ပို၍ အားကောင်း နေခဲ့၏။

သို့သော် တိုက်ပွဲရပ်လိုက်သည်နှင့် ဂီတသံမှု ပျောက်ကွယ်သွား သောကြောင့် မည်သူမျှ သတိမထားမိချေ။

“ ဘာတွေဖြစ်နေတာလဲ ... မူလ နတ်ဘုရားသန့်စင်ခြင်း အစီရင်က ဘာလို့ သူတို့ကို မနှိမ်နင်းနိုင်ရတာလဲ ...

အရိုးဖြူ ဓားသူတော်စင် ဒဏ်ရာ ရခဲ့ရင်တောင် အစီရင်က မဟာ သူတော်စင် တွေကို အလွယ်တကူ နှိမ်နင်းနိုင်သင့်တယ် မဟုတ်လား။ ”

ကောင်းကင်ခွဲ မဟာ သူတော်စင်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီး အံ့ဩ နေခဲ့သည်။ ဓားဂိုဏ်းမှ မဟာ သူတော်စင်များ အားလုံး ဒဏ်ရာ မရရှိကြချေ။

“ ဟိတ် ... ။ ”

လင်းယွန်က မြေပြင်ပေါ်သို့ ဆင်းသက် လိုက်သော အခါတွင် အလင်းနှိမ်နင်းခြင်း မဟာ သူတော်စင်က ကောင်းကင်ပေါ် ပျံတက်ပြီး လက်ဖဝါးကို လွှတ်လိုက်သည်။

ဤသည်မှာ နေ-လ နတ်မိစ္ဆာ လက်ဖဝါးဟူသည့် နေလကျမ်း၏ တားမြစ် နည်းစနစ် ဖြစ်သည်။

“ ဖပ် ... ။ ”

သို့သော် လင်းယွန်က ဂရုမစိုက်ချေ။ ဓားသေတ္တာ မပါခင်ကပင် မကြောက်လေရာ ယခုမူ ဆိုဖွယ်မရှိဘဲ၊ လက်ဖဝါးကို ဓားဖြင့် လှမ်းထိုးပစ်လိုက်သည်။

“ သေမျိုး တစ်ယောက်က ပန်းသင်္ချိုင်းကို ထိပ်တိုက် ရင်ဆိုင်ဝံ့သလား။ ”

ဘုန်းဝိညာဉ် ခုနစ်ပါး ချက်ချင်း တောက်ပလာ၏။ တစ်ချိန်က တောင်ပိုင်း ဧကရာဇ်၏ ဘုန်းတန်ခိုးမျိုး ထွက်ပေါ် လာသည်။

“ စွပ် ... ။ ”

“ ဘောင်း ... ။ ”

“ အား ... ။ ”

ဓားက လက်ဖဝါး အတွင်း ဖောက်ဝင်သွားသည်။ ဓားရိုးကို အနည်းငယ် လှည့်လိုက်သောအခါ လက်မောင်းတစ်လျှောက် အသားကြိတ်စက်ထဲ ဝင်ရောက်သွားသလို ပေါက်ကွဲသွား၏။

သူ့အဖော်များက တိုက်မိမည်ကို ကြောက်ရွံ့လာပြီး အလင်း နှိမ်နင်းခြင်း မဟာ သူတော်စင်ကို မဖမ်းပဲ အမြန်ဆုတ်ခွာ သွားကြသည်။

“ ဟား ဟား ဟား ... အလင်းနှိမ်နင်းခြင်း မဟာ သူတော်စင် မင်းက အကြိမ်ပေါင်းများစွာ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့ပြီးတာတောင် သင်ခန်းစာ မရသေးဘူးလား။ ”

“ ဝေါ့ ... ။ ”

ကျန့်ကျင်းရှန်က အထင်အမြင် သေးစွာ ရယ်မော လှောင်ပြောင် လိုက်သည်။ အလင်း နှိမ်နင်းခြင်း မဟာ သူတော်စင်က စကားပြန် မပြောနိုင်သေးဘဲ သွေးတစ်လုတ် အန်၏။

သူ၏ တန်ခိုးရှင်အဆင့် ကိုယ်လုံး ကိုယ်ပေါက်ဖြင့်ပင် ပြင်းပြင်းထန်ထန် နာကျင် စေသည်။

ဓားရည်ရွယ်ချက်သည် ကြီးထွားခြင်းကို ရပ်တန့်စေသဖြင့် လက်မောင်း အသစ် မပေါက် နိုင်တော့ဘဲ ရပ်သွား၏။

အခြားတစ်ဖက်တွင် ကောင်းကင် ကျက်အသရေမဟာ သူတော်စင်နှင့် မီးကျီးကန်း မဟာ သူတော်စင်မှ ဖြူဖျော့သော မျက်နှာဖြင့် ပြန်ထရပ်လာသည်။

ခန္ဓာကိုယ်အတွင်း တောက်ပသော ရောင်ခြည်တော် ဓားကို နှိမ်နင်းရန် အတွက် သူတော်စင်တာအို လှည့်ပတ်လိုက်ရ၏။

ရှုံးနိမ့် သွားပြီမှန်း နားလည်လိုက် သောကြောင့် ကောင်းကင်ခွဲ မဟာ သူတော်စင် တစ်ယောက် မျက်နှာ ပျက်သွားသည်။

သူ မော့ကြည့် လိုက်ချိန်၌ တောင်နက် ညီအစ်ကိုများထံမှ ဆုတ်ခွာရန် ဆန္ဒများဖြင့် လှမ်းကြည့်နေသည်ကို မြင်လိုက်ရ၏။

“ မင်းတို့ အားလုံး အခု ထွက်သွားရင် ... ငါတို့ရန်ငြိုးတွေကို မေ့ပစ်ပေးလိုက်လို့ရတယ် မဟုတ်ရင် တစ်ဘက်တည်းကသာ အသက် ရှင်လိမ့်မယ်။ ”

ဓားဂိုဏ်း တစ်ခုလုံးကို ကိုယ်စားပြုပြီး မူရွှမ်ကောင်မှ ပြောကြားခဲ့၏။ ဓားဂိုဏ်းသည် လက်ရှိ အားသာချက် ရရှိထားသော်လည်း တိုက်ပွဲ ဆက်ဖြစ်သော် ခက်ခဲပေမည်။

“ "မင်းတို့ အားလုံး အခု ထွက်သွားရင် အနှစ်တစ်ရာ အတွင်း မင်းတို့မျိုးရိုး နောက်ကို ငါလိုက်လာမှာ မဟုတ်ဘူး။ ”

ကျန့်ကျင်းရှန်မှလည်း အေးစက်စွာ ဝင်ပြောလိုက်၏။

“ ဟား ဟား ဟား ... ကျန့်ကျင်းရှန် ... နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ... မင်းရဲ့ ဒေါသက မပြောင်းလဲ သေးပါလား ... ဓားသမား တစ်ယောက်အနေနဲ့ ...

... အစုလိုက် အပြုံလိုက် သတ်ပွဲတွေ များလွန်းလာရင် ဧကရာဇ် နယ်ပယ် ရောက်ဖို့ မင်းအတွက် မလွယ်ဘူးလို့ သက်တံဓားက သတိပေးဖူးတယ် မဟုတ်လား။ ”

ရုတ်တရက် ရယ်မောသံနှင့်အတူ ကောင်းကင်မှ ဥက္ကာပျံကဲ့သို အလင်းတန်းတစ်ခု ဆင်းသက်သည်။

ရွှေရောင်ဆံပင် ရှည်များနှင့် အဖြူရောင် အဝတ်အစားများ တဖျပ်ဖျပ်ခတ်ကာ ညာဘက် ပခုံးပေါ်၌ ပန်းတစ်ပွင့် ပွင့်နေ၏။

ယောက်ျားတစ်ယောက် အတွက် မိန်းမဆန်အောင် လှလွန်းချေပြီ။ ဓားဂိုဏ်းဝင် များ၏ မျက်နှာများ ပြောင်းကုန်၏။

ဤသည်မှာ တိုက်ပွဲပြီးဆုံးခြင်း လက္ခဏာပေပင်။ စိုးရိမ်စိတ်များဖြင့် နတ်ဖီးနစ် တောင်တန်း သခင်ထံ မော့ကြည့်လိုက်မိသည်။ သို့သော် မည်သည့် နေရာတွင်မှ မတွေ့ရချေ။

“ အရှေ့ဘက် ပျက်စီးမြေရဲ့ ပြိုင်ဘက်ကင်း ကောင်းကင်ယံ မဟာ သူတော်စင်။ ”

“ အရှေ့ဘက် ပျက်စီးမြေရဲ့ ပြိုင်ဘက်ကင်း ကောင်းကင်ယံ မဟာ သူတော်စင်။ ”

“ အရှေ့ဘက် ပျက်စီးမြေရဲ့ ပြိုင်ဘက်ကင်း ကောင်းကင်ယံ မဟာ သူတော်စင်။ ”

ကောင်းကင်ယံ ဂိုဏ်း၏ မဟာ သူတော်စင်များက ဝမ်းမြောက်ဝမ်းသာ ဦးညွှတ် လိုက်ကြသည်။

တျန်ရွှမ်ဇီက အလင်း နှိမ်နင်းခြင်း မဟာ သူတော်စင်ထံ လှည့်ကြည့်ပြီး ပြုံးကာ ပခုံးပေါ် လက်တင်လိုက်၏။

၎င်းခန္ဓာကိုယ်အတွင်းမှ တောက်ပသော ရောင်ခြည်တော်ဓား ပြန်ထွက်လာပြီး လက် အသစ် ပေါက်လာသည်။

“ ဝှစ် ... ။ ”

ကောင်းကင် ကျက်သရေ မဟာ သူတော်စင်နှင့် မီးကျီးကန်း မဟာ သူတော်စင် တို့ထံလည်း စွမ်းအင်အလင်းဖြင့် ပစ်ခတ်ကာ ဓားကို ဖယ်ရှားပေးခဲ့၏။

အလင်း နှိမ်နင်းခြင်း မဟာ သူတော်စင် တစ်ယောက် ကျေးဇူးတင်ကြောင်း ဖော်ပြပြီး နဂါး ဧကရီ အမိန့်ကို ပြန်လည် ပေးအပ် လိုက်လေသည်။

ထိုအချိန်တွင် ကောင်းကင်မှ နောက်ထပ် အလင်းတန်းတစ်ခု ဆင်းသက်လာ၏။ ၎င်းမှာ နတ်ဖီးနစ် တောင်တန်း သခင် ဖြစ်သည်။

သူ့ခန္ဓာကိုယ်၌ ဒဏ်ရာများဖြင့် ဖုံးလွှမ်းထား၏။ တစ်ချက် ကြည့်လိုက်ရုံဖြင့် တိုက်ပွဲတွင် ရှုံးနိမ့်သွားကြောင်း သိရှိနိုင်သည်။

“ တောင်တန်း သခင် ... ။ ”

ယဲ့ကူဟန်နှင့် အဖွဲ့က ရှေ့လှမ်းတက် လိုက်ကြသည်။

“ တောင်းပန်ပါတယ် ... ငါ သူ့ကို တားဖို့ ပျက်ကွက်ခဲ့တယ်။ ”

နတ်ဖီးနစ် တောင်တန်းသခင်က အပြစ်ရှိသဖြင့် ခါးခါးသီးသီး ပြုံးပြ လိုက်၏။ လင်းယွန်က နတ်ဖီးနစ် တောင်တန်းသခင်၏ ညာဘက် လက်မောင်းကို ကိုင်ကာ နဂါးပြာ စွမ်းအင်များ လောင်းထည့်လိုက်သည်။

“ ငါ ... အဆင်ပြေပါတယ် ... ဒါ​ပေမယ့်​ ငါ့ရဲ့တာအို ပျက်​စီးသွားတယ်​။ ”

ထိုစကားကို ကြားသောအခါ ဤသည်မှာ ဒုက္ခဖြစ်မှန်း သိရှိလိုက် သဖြင့် လင်းယွန်ခမျာ အသက်ပြင်းပြင်း ရှူလိုက်မိသည်။

“ ပြိုင်ဘက်ကင်း ကောင်းကင်ယံ မဟာသူတော်စင်။ ”

ဓားဂိုဏ်းမှ လူတိုင်း လေးနက်သော အမူအရာများ ထုတ်ဖော် ထားသောကြောင့် ကောင်းကင်ယံဂိုဏ်းမှ ရွှင်လန်းကုန်၏။

“ ဝှစ် ... ။ ”

တျန်ရွှမ်ဇီသည် ခရမ်း-ရွှေရောင် နဂါးပလ္လင်ပေါ် ပျံတက်သွား​ကာ ပြုံးပြီး ပြန်ငုံ့ ကြည့်သည်။

လက်ဖြန့်လိုက်ချိန်၌ ကြောင်ဖြူက ခုန်တက်သွား၏။ အဝေးကို မျှော်ကြည့်မိချိန်၌ ဓားဂိုဏ်း၏ အနက်ရှိုင်းဆုံး နေရာတွင် ကြောက်မက်ဖွယ် ဓားရောင်ခြည်များ တောက်ပ နေသည်ကို မြင်ရသည်။

ဓားရောင်ခြည်များသည် ပြင်းထန်ပြီး အဖျက်စွမ်းအားကို ပေးစွမ်းနေလေရာ ထိုအရပ် ဟူသည် တားမြစ်နယ်မြေ ဖြစ်ချေ၏။

ဧကရာဇ် နယ်ပယ်သို့ မရောက်ရှိပါက ထိုဓားဖြင့် မည်သူမဆိုသေနိုင်မည်။ တစ်ဖက်၌ ဓားဂိုဏ်းသည် ကြီးမားစွာ ပျက်စီးနေပြီး သူတော်စင် သွေးပြန်ကြောများ ယို့ယွင်းနေချေပြီ။

ဆိုလိုသည်မှာ သက်တံဓား အတွက် လိုအပ်သော စွမ်းအင်သည် အနည်းနှင့် အများ ထိခိုက်နိုင်သည်ဟု အဓိပ္ပါယ်ရ၏။

“ ငါက လူသတ်တာကို ကြိုက်တဲ့လူ မဟုတ်ဘူး ... သက်တံဓားသူတော်စင်ရဲ့ ဒုက္ခကို စောင့်ကြည့်ခွင့်ပြုပါ။ ”

တျန်ရွှမ်ဇီက နူးညံ့သော အပြုံးဖြင့် ပြောကြားလိုက်သည်။ ၎င်း၏ အသွင်အပြင်နှင့် အပြုံးသည် ဤလုပ်ရပ်များနှင့် ချိတ်ဆက်၍ မရနိုင်ချေ။

“ ဒါက ဓားဂိုဏ်းရဲ့ ကိစ္စပဲ ... မင်း ထွက်သွားသင့်တယ်။ ”

ကျန်းကျင်းရှန်က အော်ငေါက်ပြီး တောက်ပသော ရောင်ခြည်တော် ဓားကို ထုတ်ဖော်လိုက်သည်။

လင်းယွန်မှလည်း ကူညီရန် ပြင်မိ၏။ သို့သော် ယဲ့ကူဟန်က ဖမ်းဆွဲ ထားလေသည်။

“ မင်းမှာ အစ်ကို ရှိတယ် ... ။ ”

ထိုစကားက လင်းယွန်ကို နှလုံးသားထဲ နွေးထွေးစေပြီး မျက်ရည်များ ရစ်ဝိုင်း စေသည်။ တစ်ဖက်တွင် တျန်ရွှမ်ဇီက ပြုံးပြီး၊

“ သူတို့ လာပါစေ။ ” -ဟု မည်သူ့ကိုမျှ ကြားဖြတ် ဟန့်တားခြင်း မပြုရန် ပြောကြား လိုက်၏။

“ ဖျောက် ... ။ ”

လက်ဖျစ်တစ်ချက် ခတ်လိုက်ရာ သူထိုင်နေသည့် ပလ္လင်သည် ဓားကဲ့သို့ တုန်ခါ သွားတော့၏။

“ ရွှပ် ... ။ ”

ထို့နောက် ဓားတစ်လက် ထွက်လာပြီး ကျန့်ကျင်းရှန်ထံ နဂါးဖြူအဖြစ် ပြေးဝင်သွား လေသည်။

“ ဝှစ် ... ။ ”

မူလနဂါး မဟာသူတော်စင်၊ ယဲ့ကူဟန်၊ ကျောက်စိမ်းဓား သူတော်စင်၊ သတ်ဖြတ်ခြင်း မဟာ သူတော်စင်၊ တစ္ဆေသခင်နှင့် ဖုန်ယွီ ခင်ပွန်းသည်လည်း ပြေးဝင်သွား၏။

သူတို့ အားလုံးသည် ထက်မြက်လှပြီး သာမာန် မဟာသူတော်စင်များထက် ပို၍ အားကောင်းချေပြီ။

တူညီသော နယ်ပယ်တွင် ပြိုင်ဘက် နှစ်ယောက်ကို အလွယ်တကူ တိုက်ခိုက်နိုင်၏။ ယဲ့ကူဟန်သည် သုံးယောက် အထိ ရင်ဆိုင်နိုင်သည်။

မဟာ သူတော်စင်များစွာ လက်ချင်းချိတ် လိုက်သောအခါ ကြက်သွေးရောင် တောင်ထိပ် တစ်ခုလုံး တုန်လှုပ်စ ပြုလာ၏။

သို့တိုင် တျန်ရွှမ်ဇီက ကြောင်ဖြူကို ဘယ်လက်ဖြင့် ပွတ်သပ်လျက် ညာဘက်၌ တံဆိပ်များ ဖန်တီးကာ တုန့်ပြန်သည်။

“ ရွှပ် ... ရွှပ် ... ရွှပ် ... ။ ”

ဓားတုန်ခါသောအသံနှင့်အတူ ဓားခြောက်လက် သူ့နောက် ပလ္လင်တော်မှ ထပ်မံ ပျံထွက်လာ၏။

ထိုဓားများက ယဲ့ကူဟန်တို့ အဖွဲ့ကို နတ်နဂါးများအသွင် ပြသလျက် နောက်ကြောင်း ပြန်ခိုင်းတော့သည်။

ဓားခုနစ်လက်သည် နတ်နဂါး ခုနစ်ကောင်ဖြစ်လာ၏။ မဟာ သူတော်စင်များ ခမျာ ရှေ့ဆက် မတိုးနိုင်တော့ချေ။

ဓားဂိုဏ်းအပြင်မှ ရပ်ကြည့်နေသူများ အားလုံး ဤမြင်ကွင်းကြောင့် အံ့အားသင့်သွား ကြသည်။

“ ဧကရာဇ်သာ ပေါ်မလာဘူး ဆိုရင် ဘယ်သူက တျန်ရွှမ်ဇီနဲ့ တိုက်နိုင်မှာလဲ။ ”

ယဲ့ကူဟန်က ရွှေနဂါးဓားကို ရိုက်ဖယ်လျက်ဖြင့် လှမ်းကြည့်လိုက်လေသည်။ တျန်ရွှမ်ဇီ သည်လည်း သူ့ထံ ကြည့်နေ၏။

သူတို့နှစ်ယောက်သည် တစ်ချိန်က အရှေ့ဘက် ပျက်စီးမြေ၏ ကြယ်နှစ်ဖော်အဖြစ် ကေျာ်ကြား ခဲ့ကြသည်။

ထိုစဉ်က သူငယ်ချင်းကောင်းများ ဖြစ်ကြသော်လည်း အချင်းချင်း ဓားဆွဲရသည့် အနေအထားသို့ ဆိုက်ရောက်နေ၏။

“ ငါ ... လမ်းမှား လာပြန်ပြီ ထင်တယ်။ ”

တျန်ရွှမ်ဇီက ချက်ချင်း ဝမ်းနည်းလာပြီး ရွှေနဂါးဓားကို ဖမ်းဆုပ်ကာ ကူကယ်ရာမဲ့ဟန် ညည်းညူလိုက်တော့သည်။

“ တျန်ရွှမ်ဇီ ... မင်း ဓားဂိုဏ်းကို လာဝံ့ရင် မင်းကို ငါ သတ်ပစ်မယ်။ ”

ယဲ့ကူဟန်က သူ့ဓားဖြင့် ထိုးညွှန်လျက် ကြေငြာလိုက်လေသည်။

***

All Chapters