← Chapters

ပန်းချီကား တစ်ချပ် ... ။

Vol. 175 Ch. 2448

ပန်းချီကား တစ်ချပ် ... ။

Vol. 175 Ch. 2448

ထိုသို့ အရေးကြီးသော အခိုက်တွင် လင်းယွန်ထံမှ တောက်ပသော သူတော်စင် ရောင်ဝါများ ထွက်ပေါ်လာသည်။

ကောင်းကင်ချပ်ဝတ် အသက်ဝင်လာခြင်း ဖြစ်၏။ ဤအရာက လင်းယွန် ပုံရိပ်ကို မှုန်ဝါး သွားစေသည်။

သူ့အနားတစ်ဝိုက် အလင်းစက်လုံးများ ပေါ်လာပြီး၊ ၎င်းတို့သည် သက်ရှိများ ရှင်သန် နေထိုင်ရာ ကမ္ဘာကြီးတစ်ခုစီ ဖြစ်သည်။

ထို့ကြောင့် ကျင့်ကြံမှုတွင် အားနည်းချက်များ ပြေလည်သွားကာ တျန်ရွှမ်ဇီကို ရင်ဆိုင်လာနိုင်၏။

“ ဖပ် ... ။ ”

လက်ဖဝါး နှစ်ဖက် တိုက်မိသောအခါ ကြက်သွေးရောင် တောင်ထိပ် မှတပါး အခြား တောင်ထိပ်များအားလုံး ကြီးမားစွာ ပျက်စီးသွားရသည်။

တျန်ရွှမ်ဇီသည် ခရမ်း ရွှေရောင် နဂါးပလ္လင်သို့ ပြန်သွားလျက် ‘ဒါက ပိုတူတယ်’ -ဟု ပြုံးကာ ချီးကျူးလိုက်သည်။

“ ဟိတ် ... ။ ”

သို့သော် လင်းယွန်ခမျာ သတိ လက်လွတ်မနေဝံ့ဘဲ သူနှင့် နောက်တစ်ကြိမ် ထိပ်တိုက်တွေ့သည်။

ဤတစ်ကြိမ်တွင် ၎င်းတို့သည် အသက်နှင့်သေခြင်း အဆင့်သို့ ကျရောက် သွားခဲ့သည်။

မည်သူမျှ ဝင်ရောက် စွက်ဖက်နိုင်ခြင်း မရှိတော့ချေ။ ကောင်းကင် ချပ်ဝတ်ကို ၀တ်ဆင် ထားသော်လည်း လင်းယွန်က စကြာဝဠာ ကောင်းကင်ကြီးအပေါ် ထိပ်တိုက် ရင်ဆိုင်နိုင်ခြင်း မရှိချေ။

သူ့အနေဖြင့် တျန်ရွှမ်ဇီကို သတ်ချင်ပါက ပုံရိပ်ယောင်နှင့် အစစ်အမှန် ပြောင်းချိန်ကြား၌ တိုက်ခိုက်ရပေမည်။

ထို့ထက် ပို၍ အရေးကြီးသည်မှာ တျန်ရွှမ်ဇီသည် လင်းယွန်၏ အတွေးများကို သိရှိနေခြင်း ဖြစ်သည်။

ယင်းကြောင့် သူ့ကိုယ်သူ ငါးစာချကာ ချို့ယွင်းချက်တစ်ခုကို အကြိမ်ပေါင်းများစွာ ရည်ရွယ်ချက်ရှိရှိ ချပြနေခဲ့သည်။

တစ်ဖက်တွင် ထိုမြင်ကွင်းအရ နတ်ဖီးနစ်တောင်တန်းသခင်မှ ဦးရေပြားများ ထုံကျင်လာ၏။

သူ့ အချက်အလက်များနှင့်ပင် လင်းယွန်အတွက် ရုန်းကန် နေရပြီး တိုက်ပွဲ တစ်လျှောက် အားအာချက် မရှိခဲ့ချေ။

ဤဖိအားအောက်တွင် လင်းယွန် ထုတ်လွှတ်သော ဓားရောင်ဝါသည် အဋ္ဌမတန်း ဓား၏ ကန့်သတ်ချက်ကို ဖြတ်ကျော်သွား တော့သည်။

“ ချွင် ... ။ ”

“ နဝမတန်း ဓားရည်ရွယ်ချက်။ ”

ထို့ကြောင့် လူတိုင်းသည် ဒဏ္ဍာရီလာ ကောင်းကင် ဖျက်ဆီးခြင်း ဓားကို မြင်ခွင့်ရ လာကြ၏။

“ မဟာ တာအို သုံးထောင်မှာ ငါ့ဓားသည်သာ အမြင့်မြတ်ဆုံးပဲ။ ”

စိတ်ဝိညာဉ်အတွင်းမှ ဓားပင်လယ် ပွက်ပွက်ဆူလျက် ရွှေကြာပန်း ပွင့်လာစဉ် ထာဝရ တာအိုကို ယှဉ်နိုင်သော ဓား ရောင်ခြည်များ ပေါ်လာသည်။

“ ရွှပ် ... ။ ”

ထို့နောက် တျန်ရွှမ်ဇီကို ခုတ်ချပစ်လိုက်၏။ တျန်ရွှမ်ဇီမှ လျင်မြန်စွာ ရှောင်တိမ်းသော်လည်း ပါးပြင်၌ ပြတ်ရှရာများ ကျန်ရစ်ခဲ့သည်။

ယင်းသည် လက်တွေ့ဘဝနှင့် ပုံရိပ်ယောင်ကြားတွင် ပြောင်းလဲနေသော ထူးခြားချက်ကို ချက်ချင်း မြင်စေ၏။

သို့သော် တျန်ရွှမ်ဇီသည် သူ့ညာဖက် ပခုံးပေါ်ရှိ ခရမ်းရောင် ပန်းပွင့်ကို လင်းစေကာ ပြုံးပြလာသည်။ ထို့နောက် လင်းယွန် ခမျာ ချက်ချင်း နောက်ပြန်ဆုတ် လိုက်ရသည်။

“ ချွင် ... ချွင် ... ချွင် ... ။ ”

အမျိုးမျိုးသော ဖြစ်စဉ်များ ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကြား ခေါင်းလောင်းသံ တစ်ခု ညံလာ၏။

သူတော်စင်တစ်ပါးသည် သူတို့နှစ်ဦး၏ တိုက်ပွဲဝင်ပုံစံများကို လေ့လာခွင့် ရနေသည်မှာ ကံကောင်းခြင်း ပေပင်။

ဤတိုက်ပွဲသည် လူတိုင်း၏ မျှော်လင့်ချက်များထက် အဆပေါင်းများစွာ ကျော်လွန်နေသည်။

“ ဒါ ... ကောင်းကင် တာအို သီချင်းပဲ။ ”

“ သူတို့ရဲ့ တိုက်ပွဲက ... ကောင်းကင်တာအိုကိုတောင် ဆန္ဒထုတ်ဖော် စေနိုင်တယ်။ ”

“ ဧကရာဇ် နယ်ပယ်အောက်က လူနှစ်ယောက်ကြား တိုက်ပွဲလို့ ထင်တောင် မထင်ရဘူး။ ”

“ ပန်းသင်္ချိုင်းနဲ့ တျန်ရွှမ်ဇီက အားကောင်းတယ် ... နှစ်ပေါင်း တစ်ထောင် အတွင်း သူတို့နဲ့ ယှဉ်နိုင်တဲ့လူ ... မရှိမှာ ငါကြောက်မိတယ်။ ”

ထိုအချိန်တွင် တျန်ရွှမ်ဇီ ပခုံးပေါ်ရှိ ပွင့်နေသောပန်းက ကောင်းကင် ဖျက်ဆီးခြင်း ဓားကို ပျက်ပြယ်စေခဲ့သည်။

ထို့ကြောင့် လင်းယွန်သည်လည်း အနီရောင်ပင့်ကူ လီလီကို ထုတ်ဖော်လိုက်ရ၏။ တျန်ရွှမ်ဇီခမျာ အိပ်မက်ထဲ နစ်မျောသွား တော့သည်။

“ ဝှစ် ... ။ ”

လင်းယွန်မှ ပန်းသင်္ချိုင်းကို ဆွဲကာ နစ်မျောနေသော တျန်ရွှမ်ဇီထံ ပြေးတက်သွား လေသည်။

“ မိုင်ကိုးသောင်း လွှမ်းခြုံထားသော ငါတို့ရဲ့ထီးတော်က နန်းစံနှစ်ပေါင်း ရှစ်ထောင် ... လမင်း တည်ရှိနေသရွေ့ ... ဓားဂိုဏ်း ဘယ်တော့မှ မသေ။ ”

“ ချွင် ... ချွင် ... ချွင် ... ။ ”

ကျယ်လောင်သော ကြွေးကြော်သံနှင့် အတူ ကောင်းကင် ဖျက်ဆီးခြင်း ဓား ရည်ရွယ်ချက်ကို ထုတ်ဖော်လိုက်ရာ ဓားမြည်သံများ ညံလာ တော့သည်။

ဆူညံသံ များကြောင့် တျန်ရွှမ်ဇီ တစ်ယောက် အိပ်မက်မှ နိုးလာ၏။ ဓားဒဏ်ရာ (၁၀)ချက် ရရှိသွားသည်။ ၎င်းက ချက်ခြင်းပင် စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး၊

“ ဒါ ... အိပ်မက်ကောင်းပဲ ... ဒီလို အိမ်မက်ထဲကို ... အနှစ် တစ်သောင်းလောက် ပြုတ်ကျရင်တောင် နောင်တရမယ် မထင်ဘူး။ ”

-ဟု ဆိုလျက် သက်ပြင်းချလိုက်ပြီး လင်းယွန်၏ တိုက်ခိုက်မှုကို ပေါ့ပေါ့ပါးပါး ပြန်လည် ဖြေရှင်းတော့သည်။

“ ပန်းသင်္ချိုင်း ... မင်းရဲ့ ဓားပညာကို မေ့သွားပြီလား၊ ကောင်းကင်နဂါးနဲ့ နတ်ဖီးနစ်ပဲ သုံးနေတယ် ... ပိုးစုန်းကြူးနတ်ဓားရော ဘယ်မှာလဲ။ ”

ကောင်းကင် ဖျက်ဆီးခြင်းဓား လောင်းထည့်ထား သည့်တိုင် တျန်ရွှမ်ဇီအပေါ် ဖိအား မပေးနိုင်ခဲ့ချေ။ ၎င်းက လျင်မြန်စွာ ဖြေရှင်းသွားသည်။

ဤအရာက လင်းယွန်ကို စိတ်ပူပန်စေ သော်လည်း ၎င်းနှင့် ပတ်သက်၍ သူ တတ်နိုင် သည်များ မရှိချေ။

“ ငါ မင်းကို သင်ပေးပါရစေ။ ”

တျန်ရွှမ်ဇီက ပြုံးကာ ပြောလာသည်။

“ ငါတို့ နှလုံးသားက ဖြူစင်ပြီး မာနတရား ရှိသင့်တယ် ... ဂုဏ်သိက္ခာ ကြီးမြတ် ပြီးတော့ ရက်စက်တတ်ဖို့လည်း လိုတယ်။ ”

တျန်ရွှမ်ဇီက ပြောပြီးသည်နှင့် တော်ဝင်ဓားကျမ်းနှင့် ကောင်းကင်ယံ ကျမ်းကို ကြာပန်းမီးအိမ်အဖြစ် ပေါင်းစပ်သည်။

ကြာပန်း မီးအိမ် လောင်ကျွမ်းသော အခါတွင် သူ့မျက်ဝန်းများ၌ ကောင်းကင်နှင့် မြေကြီးကို လောင်ကျွမ်းနိုင်သည့် မီးလျှံများ တောက်လောင်လာ၏။

“ နေနဲ့လ ရောင်ခြည်တော်က ... ဘာများမိုလို့လဲ ... ပိုးစုန်းကြူး အလင်းရောင်နဲ့ သူတို့ကို ငြိမ်းသတ် နိုင်စွမ်းရှိပါတယ် ... ဟား ... ဟား ... ဟား ... ။ ”

“ ရွှပ် ... ။ ”

“ ဘုန်း ... ။ ”

တျန်ရွှမ်ဇီမှ ရယ်သည်။ သူ့လက်ချောင်း ထိပ်ဖျားမှ ဓားရောင်ခြည်တစ်စင်း ထွက်လာပြီး လင်းယွန်ကို လွင့်ပျံသွားစေခဲ့၏။

“ ဝှစ် ... ။ ”

ထို့နောက် လက်ဝှေ့ယမ်းကာ ဝိုင်အိုးကို ထုတ်ယူပြီး မော့သောက်လိုက်သည်။

“ ကောင်းလိုက်တဲ့ ဝိုင် ... ဟား ... ဟား ... ဟား ... ပန်းသင်္ချိုင်း မင်းအခု နားလည်ပြီလား။ ”

တျန်ရွှမ်ဇီတစ်ယောက် ချက်ချင်း မူးဝေသွားသည်။ သူ့ ရယ်မောသံ အောက်တွင် သူတော်စင်များ အားလုံး နားကို အုပ်လျက် ပါးစပ်မှ သွေးများ စီးကျလာသည်။

“ ပန်းသင်္ချိုင်း၊ ပိုစုန်းကြူး နတ်ဓားမှာ ငါမင်းထက် အားမနည်းဘူး မဟုတ်လား။ ”

ထိုမေးခွန်းကြောင့် လင်းယွန်က တျန်ရွှမ်ဇီကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်မိသည်။

ဤလူသည် အမှန်ပင် ဒေါသထွက်စရာ ကောင်းသော်လည်း မယုံနိုင်ဖွယ်အပြစ်ကင်းစင် နေချေပြီ။

“ မင်းက ထက်မြက်ပြီး ... ခွန်လွန်ရဲ့ လူအနည်းငယ်သာ မင်းကို ပြိုင်နိုင်တယ် ... အခု နောင်တ ကင်းကင်းနဲ့ ငါသေနိုင်ပြီ။ ”

တျန်ရွှမ်ဇီက ပြုံးပြီး ထပ်သောက် လိုက်ပြန်သည်။ လင်းယွန်ခမျာ သတိမပေါ့ဆ ဝံ့ဘဲ၊

“ ဓားဂိုဏ်းကို ဘာလို့ ခွင့်မပြုတာလဲ ... ငါ့ဆရာဒုက္ခကို ဘာလို့ ... မင်းက ရပ်တန့်ချင် နေရတာလဲ ... ဟမ့်။ ”

-ဟု အော်ငေါက်လိုက်၏။

ဤတျန်ရွှမ်ဇီသည် နတ်ဖီးနစ် တောင်တန်း သခင်ကိုပင် ခွင့်လွှတ်နိုင်၏။ ဓားဂိုဏ်းနှင့် ဆရာ သခင်အပေါ် ပစ်မှတ်ထားနေသည်မှာ အဓိပ္ပါယ် မရှိချေ။

တျန်ရွှမ်ဇီက ပြုံးပြီး ဝိုင်အိုးကို ဘေးသို့ လွှင့်ပစ်လျက် ထိုမေးခွန်းနှင့် မသက်ဆိုင်သော စကားများ ပြောကြားလာ၏။

“ ငါ့ကို သတ်လိုက်ပါ ... ဒီကမ္ဘာကြီးမှာ အမှန်တကယ် ပြီးပြည့်စုံတဲ့ လူဆိုတာ ... မရှိဘူး ရှိခဲ့ရင်လည်း အဲဒီလူက လူသားမဟုတ်ဘူး ... ပန်းသင်္ချိုင်း ... မင်းသေချာ စဉ်းစားပါ။ ”

တျန်ရွှမ်ဇီ၏ အဖြူရောင် ဝတ်ရုံများ တဖျတ်ဖျတ် လွင့်ဝဲလျက် လင်းယွန်ထံသို့ ပြေးဝင် လာတော့သည်။

သူ့နောက်တွင် ကြာပန်းများ ပွင့်နေ၏။ သူ့စကားများကို တွေးတောလျက် လင်းယွန်က ဝင်လာသော တိုက်ခိုက်မှုများကို ရှောင်ဖယ် နေမိသည်။

တိုက်ပွဲသည် ယခင်ထက် ပို၍ ပြင်းထန် လာ၏။ လှုပ်ရှားမှု တစ်ရာခန့် ပြည့်ပြီးနောက် ကောင်းကင်ချပ်ဝတ် မှိန်ဖျော့လာသည်။

လင်းယွန်က ရုတ်တရက် တစ်ခုခုကို တွေးမိလာခဲ့​ပြီး တျန်ရွှမ်ဇီထံ မော့ကြည့်လိုက် လေသည်။

“ မှန်တယ် ... မင်း ခန့်မှန်းထားသလိုပဲ။ ”

တျန်ရွှမ်ဇီက ပြုံးကာ ပြောလိုက်သည်။ လင်းယွန်က စကား ပြန်မပြောဘဲ ကောင်းကင် ချပ်ဝတ်ကို ရုတ်သိမ်းမိ၏။

ချပ်ဝတ် ပျောက်ကွယ်သွားသော အခါ လင်းယွန်၏ ရုပ်သွင်သည် ပြန်၍ ကြည်လင်လာ ခဲ့သည်။

၎င်းမရှိသော် တျန်ရွှမ်ဇီကို ရင်ဆိုင်ရန် သူ့အတွက် မဖြစ်နိုင်ချေ။ ထိုအချိန်၌ တျန်ရွှမ်ဇီ မျက်လုံးများ တောက်ပသွားသည်။

“ ဝှစ် ... ။ ”

ပြုံးလျက် အဆုံးသတ်ရန် ရွေ့လျား လိုက်သည်။ သူ့လက်ကို လင်းယွန်ထံသို့ လှမ်း လိုက်စဉ် ထူးခြားသော ဖြစ်ရပ်ပေါ်လာသည်။

“ ရွှပ် ... ရွှပ် ... ရွှပ် ... ။ ”

ခန္ဓာကိုယ်အနှံ့ သွေးပန်းများ ပွင့်ထွက်လာခြင်း ပေပင်။ လင်းယွန် နောက်၌ ထာဝရတာအိုကို ကိုယ်စားပြုသည့် ပန်းတစ်ပွင့်ပွင့်လာသည်။

အချိန်နှင့် အာကာသ အတားအဆီးကို ဖြတ်ကျော်ကာ ကနဦးဓားကို ထုတ်လွှတ်ခဲ့ခြင်း ဖြစ်လေသည်။

“ အလင်း မူလ၊ အဆုံးမဲ့ ... ၊ မူလ ဘုန်းအသရေ ... ၊ မူလ ထာဝရ ကာလ ... ၊ မူလ အမှောင် ... ၊ နိဗ္ဗာန် ... ။ ”

ဓားပုံစံ ခြောက်မျိုး တိတိ ဖြစ်သည်။ ယင်းကိုထုတ်ဖော်ရန် အသက် တစ်ရှိုက်စာပင် မကြာခဲ့ခေျ။

“ ဘာတွေ ဖြစ်နေတာလဲ ... ။ ”

ထို့ကြောင့် တျန်ရွှမ်ဇီ ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်နေသည်ကိုသာ လူတိုင်း မြင်ခဲ့ရသဖြင့် အံ့သြသွားကြသည်။

လင်းယွန်က ဝမ်းသာသွားသည်။ တစ်ဖက်လူသည် သူ့ကို သတ်ရန် လာလိမ့်မည် ဟူသော ထင်ကြေးမှန်ခဲ့၏။

သို့သော် ပုံရိပ်ယောင်ဖြင့် မဟုတ်ဘဲ အစစ်အမှန် ခန္ဓာဖြင့် လာစေရန် ချပ်ဝတ်ကို အသက်မဲ့ဟန် သိမ်းဆည်းကာ ချို့ယွင်းချက် ထုတ်ဖော် ပြလိုက်ခြင်း ဖြစ်သည်။

လင်းယွန် ထိုအခွင့်အရေး၌ နစ်မျော မနေချေ။ နိဗ္ဗာန်တာအိုကြောင့် အချိန်ပိုရလာ သဖြင့် နဂါးပြာတံဆိပ်ကို ဖန်တီးကာ တစ်စုံ တစ်ရာကို ဆင့်ခေါ်လိုက်သည်။

“ ခရစ် ... ။ ”

ကောင်းကင်ကြီး ကွဲထွက်သွားပြီး နဂါးပြာနတ်ဆေးအိုးက အချိန်နှင့် အာကာသကို ဖြတ်သန်းလျက် ခွန်လွန်အပေါ် ဖုံးထားသော အမြှေးပါးထံ ခွဲပြီးဝင်ရောက်လာသည်။

အိုးပေါ်ရှိ မီးတောက်များက ခွန်လွန်၏ ရှေးဟောင်း နယ်မြေ ကိုးပါးကို ရွှေရောင်များ တောက်ပလာစေသည်။

ထူးခြားချက် အနေဖြင့် မရေမတွက် နိုင်သော တောင်တန်းများနှင့် မြစ်များအတွင်း နဂါးဟောက်သံများ ညံလာခဲ့၏။

“ ဘုန်း ... ။ ”

“ ဝေါ့ ... ။ ”

အဆုံးတွင် နဂါးပြာ နတ်ဆေးအိုးက တျန်ရွှမ်ဇီပေါ် ပြုတ်ကျသွားသည်။ ချက်ချင်း သွေးတစ်လုတ် အန်ကာ အသက်ဓာတ်များ မြင်သာသော အရှိန်ဖြင့် စိမ့်ထွက်ကုန်၏။

“ ဝှီး ... ။ ”

ဤတစ်ကြိမ်တွင် တျန်ရွှမ်ဇီသည် အမှန်ပင် မခံယူ နိုင်တော့ချေ။ သို့တိုင် သူ့လက်ဖဝါးကြီးမှ မရပ်ခဲ့ဘဲ လင်းယွန်ပါးကို ရိုက်ရန် ဆက်လက် ရွေ့လျားလာသည်။

“ ပန်းသင်္ချိုင်း၊ ငါမင်းကို လိမ်ခဲ့တာ။ ”

အဆုံးတွင် ပြုံးလျက် လင်းယွန်ပါးပြင်ကို သူလက်ဖဝါးဖြင့် ပုတ်ရုံ ပုတ်ပြပြီး တျန်ရွှမ်ဇီက ကောင်းကင်မှ ပြုတ်ကျသွားတော့သည်။

ရုတ်တရက် အကြောင်း တစ်ခုခုကြောင့် လင်းယွန်နှလုံးသား နာကျင်လာ၏။ ယဲ့ကူဟန်မှ ပြေးထွက်လာပြီး တျန်ရွှမ်ဇီကို ဖမ်းသည်။

မျက်ရည်များ စီးကျလျက် ၎င်း၏လက်ဖျားကို ဆုပ်ကိုင်ကာ၊

“ မင်းလက်တွေ အရင်အတိုင်း အေးစက်နေတယ်။ ”

-ဟု မှတ်ချက် ပေးလိုက်သည်။

“ ငါ အအေးဒဏ်ကို မကြောက်ဘူး ... ဒါပေမယ့် ယဲ့ကူဟန် ... ။ ”

အဆုံးတွင် ပြုံးပြီး ယဲ့ကူဟန်ကို ပြန်၍ ဆုပ်ကိုင်လျက် စကားပြော လိုခဲ့သော်လည်း အေးခဲသွားတော့သည်။

ယနေ့မှ စ၍ ဤကမ္ဘာကြီးတွင် တျန်ရွှမ်ဇီဟူသော ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် ရှိတော့မည် မဟုတ်ချေ။

“ ..... ။ ”

ယဲ့ကူဟန်က ငုံ့ကြည့်နေဆဲမှာပင် တျန်ရွှမ်ဇီခန္ဓာကိုယ်သည် တွန့်ခေါက်လျက် ပျံဝဲ သွားကာ လေထုအလယ် ပန်းချီကားတစ်ချပ် အသွင် ပြောင်းသွားလေသည်။

“ ဝှစ် ... ။ ”

နူးညံ့သော အပြုံးဖြင့် အပြာဝတ် လူရွယ် တစ်ယောက် ဖြစ်၏။ လက်တစ်ဖက်က ဖျတ်ခနဲ ပန်းချီကားကို လှမ်းဆွဲလိုက်သဖြင့် လူတိုင်း ရှင်းရှင်းလင်းလင်း မမြင်လိုက်ချေ။

လင်းယွန်သည်သာ တုန်လှုပ် မှင်တတ် သွားသည်။ တျန်ရွှမ်ဇီဟူသည် ပန်းချီကားဖြစ် ချေ၏။ ယင်းက သူ့ကို ကျောရိုးတစ်လျှောက် အေးစက်သွားစေတော့သည်။

***

ဒီအခန်းကို ရေးပြီးချိန်မှာ တျန်ရွှမ်ဇီကို လွမ်းမိတယ်။ ကျွန်တော်တို့ ခွန်လွန်ရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်ကို ဆုံးရှုံးလိုက်ရတာပါ။ အမှန်တိုင်း ဝန်ခံရရင် မျက်ရည်ပါ ဝဲရတယ်။

လောကကြီးမှာ ကျွန်တော်တို့ရဲ့ အောင်မြင်မှုတိုင်းကတစ်စုံတစ်ယောက်ရဲ့ ကြိုးဆွဲရာ အတိုင်းသာလို့ သိလိုက်ရရင် ... ဘာတွေ ဆက်ဖြစ်မလဲ။ ဆက်ပြီး ရှင်သန် ဦးမလား။ ဒါမဟုတ် ထွက်သွားမလား။

တျန်ရွှမ်ဇီကို ကျွန်တော် ချစ်တယ်။ လင်းယွန်ထက် ပိုချစ်တယ်။

***

All Chapters