← Chapters

ဧကရီ ... ။

Vol. 175 Ch. 2449

ဧကရီ ... ။

Vol. 175 Ch. 2449

လင်းယွန်ကို ပို၍ တုန်လှုပ်စေသည်မှာ ပန်းချီကားအတွင်းမှ လူရွယ်သည် တောင်ပိုင်း ဧကရာဇ် ဖြစ်နေခြင်း ဖြစ်သည်။

မိုးပြာနယ်မြေတွင် ပန်းသင်္ချိုင်းအတွင်းမှ ထွက်လာသော တောင်ပိုင်း ဧကရာဇ်၏ ဝိညာဉ် အကြွင်းအကျန်ကို သူ မြင်ထားဖူး၏။

ထို့ကြောင့် ခဏတာ မြင်လိုက်ရချိန်၌ပင် မှတ်မိနေခဲ့သည်။ သို့သော် တောင်ပိုင်း ဧကရာဇ် ဟူသည် အနက်ရောင် ဆံပင်များ ရှိနေပြီး တျန်ရွှမ်ဇီသည် ရွှေရောင် ဆံပင် ကောက်ကောက်များ ဖြစ်၏။

“ မိုးရေနဲ့ နှင်းတွေက တံတားပေါ် ရွာကျ နေတဲ့ အချိန် ... ကောင်းကင်မှာ လမင်းတစ်စင်း တောက်ပနေတယ်၊ ...

... ငါ့နှလုံးသားက လမင်းလိုပဲ ပန်းချီကား ထဲမှာ ဘယ်သူ မိုလို့ ... ဘယ်သူက ပျက်ရယ်ပြု တာလဲ ... ။ ”

ဤသည်မှာ တိမ်လွှာဓားဂိုဏ်းတွင် တျန်ရွှမ်ဇီနှင့်တွေ့စဉ် ယုချင်းဖန် ရွတ်ဆိုခဲ့သော ကဗျာကို ဖြစ်သည်။

ဓားဧကရာဇ် ယုချင်းဖန်သည် တျန်ရွှမ်ဇီလက္ခဏာကို စောလျင်စွာ ကတည်း ကပင် သိထားပြီး ဖြစ်ချေသည်။

ထုတ်ဖော် ပြောဆိုရန် အဆင်မပြေ သောကြောင့်သာ လွန်လွန်ပြင်၌ ပြန်တွေ့စဉ် တတ်နိုင်သမျှ မသတ်ရန် တောင်းဆိုခြင်း ဖြစ်ပေမည်။

“ ဧကရာဇ် နယ်ပယ်အောက်က အသန်မာဆုံးသော ပြိုင်ဘက်ကင်း ပါရမီရှင် လူတစ်ယောက်ဆိုတာ ပန်းချီကားတစ်ချပ် တဲ့လား။ ”

ကောင်းကင်ယံ ဂိုဏ်းမှ မဟာ သူတော်စင်များက မယုံကြည်နိုင်စွာ မျက်လုံး ပြူးကုန်သည်။

“ ဝှစ် ... ။ ”

သူတို့ သတိပြန်ဝင်ချိန်၌ မျက်နှာ ပြောင်းသွားပြီး ကောင်းကင်ပေါ် ခုန်တက်ကာ ချက်ချင်း ထွက်ခွာကုန်၏။

ယဲ့ကူဟန်က ပန်းချီကားကို မျှော်ကြည့်နေရာမှ နှလုံးသားထဲရှိ မေးခွန်းများ အားလုံး ပြေလည်သွားတော့သည်။

“ ညောင် ... ။ ”

ခရမ်း-ရွှေရောင် နဂါးပလ္လင်ပေါ်ရှိ ကြောင်ဖြူက ပန်းချီကားကို ငေးကြည့်နေသော ယဲ့ကူဟန်ဆီ ပြေးဝင်လာသည်။

“ ဝှစ် ... ။ ”

ထို့နောက် ရင်ခွင်ထဲ ခုန်ဝင်လျက် ရွှေကျောက်စိမ်းတုံး တစ်တုံးကို အန်ချပေး လေသည်။

တော်ဝင် ဓားကျမ်းနှင့် ကောင်းကင်ကျမ်းတို့ကို ပေါင်းစပ် ထားသော ပညာရပ်အသစ် ဖြစ်သည်။

သို့သော် မပြီးဆုံးသေးသည့် အတွက် ယဲ့ကူဟန်ကိုယ်တိုင် ပြီးဆုံးအောင် လုပ်ဆောင် ရပေမည်။

ယဲ့ကူဟန်က မျက်ရည်များ စီးကျ လာတော့သည်။ တျန်ရွှမ်ဇီသည် အစီစဉ်များ ချမှတ်ထားခဲ့ပြီး သေရန် အသင့် ဖြစ်နေခဲ့ ချေပြီ။

လင်းယွန်က နဂါးပြာအိုးကို ထမ်းကာ မြေပြင်ပေါ်သို့ ဆင်းလျက် စင်မြင့်ပေါ် လှမ်းတင် လိုက်သည်။

နတ်ဆေးအိုး အလေးချိန်ကြောင့် ကြက်သွေးရောင် တောင်ထိပ်ကြီး တုန်လှုပ် သွားလေသည်။

“ တျန်ရွှမ်ဇီက တစ်ချိန်လုံး ... သေဖို့ အကြောင်းပြချက် ရှာနေတာပဲ ... ကျွန်တော့်ကို သတ်ဖို့ စိတ်ကူး မရှိဘူး ... ဒါက အစ်ကိုကြီး ကြောင့်ပဲ နေမယ်။ ”

ယဲ့ကူဟန်နှင့် တျန်ရွှမ်ဇီတို့၏ မြင်ကွင်းကိုကြည့်ပြီး လင်းယွန်က ပြောကြား လိုက်သည်။

တိုက်ပွဲအတွင်း လင်းယွန် သုံးနေသော ဝှက်ဖဲများသည် ၎င်းသတ်သေရန် လုံလောက် သွားအောင် အစွမ်းထက်ခြင်း မရှိခဲ့ချေ။

ထို့ကြောင့် တိုက်ပွဲကို အဆုံးထိ ဆွဲခေါ်လိုက်ကာ သူ့အားနည်းချက် အပေါ် ထုတ်ပြော ပြခြင်း ဖြစ်သည်။

လင်းယွန်မှ ကောင်းကင်ချပ်ဝတ်ကို ရုတ်သိမ်းပြီး မျှားခေါ်လိုက်ချိန်၌ အခွင့်အရေး ဖြစ်သွားကာ အသေခံခဲ့သည်။

သို့တိုင် နောက်ဆုံး လက်ဖဝါးသည် သူ့အပေါ်ရိုက်ရန် ဆန္ဒရှိခဲ့ပါက နတ်နဂါးဘုရင် ခန္ဓာသည်ပင် ပေါက်ကွဲ သွားနိုင်မည်။

“ မင်းကိုယ်မင်း ... အပြစ်တင် မနေပါနဲ့ တစ်စုံတစ်ယောက်ရဲ့ အမိန့်အရ ... သူလာတာ ဆိုပေမယ့်လည်း ဓားဂိုဏ်းကို ရန်ပြုခဲ့တယ်၊ အခု ဂိုဏ်းတစ်ခုလုံး ပျက်လုနီးပါးပဲ ...

... သနားစရာ ကောင်းသလို ... မုန်းစရာလည်း ကောင်းပါတယ် ... မင်းမလုပ် ရင်တောင် ငါသူ့ကို သတ်ရမှာပါပဲ။ ”

ယဲ့ကူဟန်က လင်းယွန်ထံ ပြန်လှည့်ကြည့်ကာ ပြောကြားလိုက်သည်။

“ ကျွန်တော့်ဓားအောက်မှာ သေသွားတဲ့ လူတွေအတွက် ဘယ်တော့မှ နောင်တမရပါဘူး ဒါပေမယ့် ဒီတစ်ကြိမ် နိုင်ပွဲက တရားမျှတမှု မရှိဘူးလို့ ခံစားရလို့ပါ။ ”

လင်းယွန်က သက်ပြင်းချကာ ပြောသည်။

“ ဒါက အရေးမကြီးပါဘူး ... အခုချိန်က ငါတို့ဆရာအတွက် အရေးအကြီးဆုံး အချိန်အခါ ပါပဲ ... ဧကရီက လွယ်လွယ်နဲ့ ထားလိုက်မယ် မထင်ဘူး။ ”

“ ဆရာရဲ့ ဒုက္ခလား ... အခုဘာတွေ ဖြစ်နေလို့လဲ။ ”

လင်းယွန်က စိုးရိမ်စိတ်ဖြင့် ဓားဂိုဏ်း၏ အလယ်ဗဟိုသို့ ပြန်လှည့် ကြည့်လိုက်မိသည်။ မဟာသူတော်စင်များ သည်ပင် မဝင်ဝံ့သော ဓားရောင်ခြည်ကို မြင်လိုက်ရ၏။

ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါတစ်ခု ပေပင်။ လက်ရှိ ကျင့်ကြံမှုဖြင့် မည်သည့်အရာများ ဖြစ်ပျက် နေသည်ကို မမြင်နိုင်သောကြောင့် မေးမိခြင်း ဖြစ်သည်။

“ ဆရာက ဒုက္ခကို တွန်းလှန်ဖို့အတွက် ဓားဂိုဏ်းရဲ့ သူတော်စင် သွေးကြောကို ထုတ်ယူ ရတော့မယ် ... ဒီအတွက် ...

... နှလုံးသားထဲက နတ်ဆိုးကို အရင် ဖြတ်တောက်ပစ်ရမယ် ... ဒါက အရေးကြီးတဲ့ အခိုက်အတန့်ပဲ။ ”

“ အစ်ကိုကြီး ... ဧကရာဇ်တွေ အနှောင့်အယှက် ပေးလာမှာကို ... မင်းစိုးရိမ် နေတာလား။ ”

ယဲ့ကူဟန်က ခေါင်းငြိမ့်လျက်၊

“ သူတို့တွေ အခုချိန်ထိ ငြိမ်သက်နေတာ တျန်ရွှမ်ဇီကြောင့်ပဲ ... အခု နယ်ရုပ် မရှိတော့တဲ့ အတွက် ... ဘုရင်မနဲ့ စစ်ကဲတွေ ကိုယ်တိုင် ထွက်လာနိုင်တယ်။ ”

“ ဟမ့် ... သူမ ရဲရင် လာပါစေ ... သူမက အသန်မာဆုံး ဖြစ်နိုင်ပေမယ့် ကမ္ဘာပေါ်မှာ ရှိတဲ့ ဧကရာဇ် အားလုံးကို သတ်နိုင်တယ်လို့ မဆိုလို သေးပါဘူး ... ငါတို့မှာ ...

... ဧကရာဇ်တစ်ပါး ပါလာတယ်၊ လင်းယွန်က မိုးပြာနဂါးသခင် ရာထူးကို ယူချင် သရွေ့ ... အဲဒီဧကရာဇ်က လင်းယွန် အမိန့်ကို နားထောင်လိမ့်မယ်။ ”

အသူရာ စပါးအုံးက ဝင်ပြောသည်။ သူ့စကားကြောင့် လူတိုင်း စိတ်လှုပ်ရှားလာ တော့၏။

နတ်ဖီးနစ် တောင်တန်းသခင် မှလည်း၊

“ ငါတို့ နတ်ဖီးနစ် တောင်ရဲ့ ... ဧကရာဇ်လည်း ဒီကိုရောက်နေပါပြီ ... ဧကရီက စည်းမျဉ်းတွေကို လျစ်လျူရှုခဲ့ရင်တောင် ငါတို့ ကြောက်စရာ မလိုပါဘူး။ ”

-ဟု အားပေးစကား ဆိုလာ၏။

တစ္ဆေသခင်မှ ရှေ့လှမ်းတက်လျက်၊

“ မိန်းကလေး အန်းက ... နတ်မိစ္ဆာ ဧကရာဇ်ရဲ့ အမွေကို ဆက်ခံနေပါတယ် သူမက အနာဂတ်မှာ နတ်မိစ္ဆာတံခါးကို အုပ်စိုးပြီး မင်းကို ကူညီပေးပါလိမ့်မယ်။ ”

“ အန်းလျူယွင် ... အခု ဘယ်လိုနေလဲ။ ”

“ နတ်မိစ္ဆာဧကရာဇ်ရဲ့ အမွေကို လက်ခံခြင်းက နာကျင်စရာ ကောင်းတဲ့ လုပ်ငန်းစဉ် တစ်ခုပါ။ ”

တစ္ဆေသခင် စကားကြောင့် လင်းယွန် တစ်ယောက် ငေးငိုင်သွား၏။ အန်းလျူယွင် အပေါ် အကြွေးများ တင်သွားချေပြီ။

ဆုစီယာက၊

“ လင်းယွန် ... ကောင်းကင်လမ်းကို ပြုပြင်ပေးဖို့ မြင့်မြတ်သော မဟာမိတ်အဖွဲ့မှာ ကတိပေးခဲ့တာယ် မဟုတ်လား ... သူတို့လည်း ရပ်ကြည့်နေမယ် မထင်ပါဘူး။ ”

လင်းယွန်က ခေါင်းညိတ်လျက်၊

“ ဓားဧကရာဇ် ယုချင်းဖန်ကလည်း လိုအပ်ရင် သူ လာမယ်လို့ ကတိပေးခဲ့တယ်။ ”

-ဟု ပြန်လည် ပြောကြားလိုက်သည်။ သူ့စကားကြောင့် လူအုပ်ကြီးမှ သက်သာရာ ရသွား၏။

ယုချင်းဖန်သည် ဓားဂိုဏ်းအတွက် ကျောထောက်နောက်ခံ ဖြစ်သည်ကို ဓားဂိုဏ်းမှ မှန်းဆထားပြီး ဖြစ်သည်။

လင်းယွန်ထံမှ အတည်ပြုချက်ကို ကြားပြီးနောက်တွင် ပို၍ စိတ်ချလာ၏။ သူတို့ အသီးသီးတွင် ဧကရာဇ်များ ရှိသည်။ သို့သော် ဒဏ္ဍာရီလာ ဧကရာဇ်များ မဟုတ်ချေ။

“ ဂိုဏ်းချုပ် ... လူတိုင်း သူတော်စင် သွေးကြောကို ကာကွယ်ဖို့ ကြက်သွေးရောင် တောင်ထိပ်မှာ နေခိုင်းရအောင် ...

... ဧကရာဇ် တစ်ပါး လှုပ်ရှားလာရင် တောင်မှ နဂါးပြာ နတ်ဆေးအိုးအောက်မှာ ပုန်းနေသရွေ့ ... ဘာမှ ဖြစ်မှာ မဟုတ်ဘူး။ ”

လင်းယွန်က အကြံပြုလိုက်သည်။

“ ဒါက ဘိုးဘေး မိုးပြာနဂါး ကျန်ခဲ့တဲ့ ဆေးမီးဖိုလား။ ”

အသူရာ စပါးအုံးက စိတ်လှုပ်ရှားစွာ နတ်ဆေးအိုးထံ ကြည့်၏။ လူတိုင်းက ဘိုးဘေး မိုးပြာနဂါး အကြောင်း သိထားသောကြောင့် တုန်လှုပ် သွားကြသည်။

“ ဟုတ်တယ် ... ဒါ သူ ချန်ထားခဲ့တဲ့ နဂါးပြာအိုးပဲ ဒီအိုးနဲ့ ဓားဂိုဏ်းဟာ မြင့်မြတ်မြေ ဖြစ်လာနိုင်တယ်။ ”

လင်းယွန်က ပြန်လည် ဖြေကြား လိုက်သည်။ ဤဆေးအိုးထဲတွင် မျိုးရိုးစဉ်ဆက် အသုံးပြုနိုင်သည့် မရေမတွက်နိုင်သော အမွေအနှစ်များ ရှိ၏။

“ ကောင်းပြီ၊ ငါတို့ ပန်းသင်္ချိုင်း စကားကို နားထောင်ရအောင်။ ”

မူရွှမ်ကောင်က တိုက်ပွဲအပြီးတွင် လင်းယွန်စကားကို အလေးအနက် ထားလာ ရတော့သည်။

လင်းယွန်မှ ဓားသုတ္တန်ကို လှည့်ပတ်လျက် ကွဲအက်နေသော ကောင်းကင်ချပ်ဝတ်ကို ပြုပြင် ယူလိုက်သည်။

တစ်ချိန်တည်းမှာပင် ပန်းချီကား တစ်ချပ်သည် နတ်နဂါးအင်ပါယာသို့ ပျံသန်း သွားခဲ့၏။

“ ဝှစ် ... ။ ”

ဧကရီက ပန်းချီကားကို ယူလိုက်သည်။ ဓားမော့ဧကရာဇ်၊ လျှပ်စီးဧကရာဇ်၊ မီးဧကရာဇ်၊ ဧကရာဇ်နက်နှင့် ဧကရာဇ်ဖြူ တို့လည်း အနားတွင် ရှိနေသည်။

“ သစ္စာဖောက် တျန်ရွှမ်ဇီ ... ငါ့ကို မီခိုပြီးတော့ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့တဲ့ ပန်းချီကား တစ်ချပ်က ခွင့်ပြုချက် မရှိဘဲ အသေခံ ဝံ့တာလား ... ဟမ့် ။ ”

သူမ စကားများသည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေကာ လျှပ်စီးများ တဖျပ်ဖျပ် ခတ်လာစေ၏။

ကျန်ဧကရာဇ်များက အသံမထွက်ချေ။ တျန်ရွှမ်ဇီသည် တောင်ပိုင်း ဧကရာဇ် အသွင်ကို တုပထားသည့် နယ်ရုပ် ဖြစ်သည်။ လူတိုင်းက သူ့အပေါ် စာနာစိတ် ရှိကြ၏။

၎င်းသည် သူ့ကိုယ်သူ မည်သူမည်ဝါ ဖြစ်သည်ကို အချိန် အတော်ကြာသည့်တိုင် မသိချေ။ ဧကရီအပေါ် စွဲလန်းခဲ့သည်။

သူနှင့် ယဲ့ကူဟန်တို့သည် သက်တံဓား သူတော်စင် လက်အောက်၌ ကောင်းမွန်စွာ ရှင်သန်ခွင့် ရကြသည်။

သို့သော် သူ့ကိုယ်သူ သိပြီးနောက်တွင် ဧကရီ၏ ကစားကွက်အတွင်း လိုလိုလားလား လိုက်ပါလာခဲ့သည်။

“ အနက် ... သူမ ဒေါသ ဖြစ်နေတာ တကယ်လား ဟန်ဆောင် နေတာလား ... ဆိုရိုး စကားအတိုင်း ခွေးတစ်ကောင်တောင် အချိန် ကြာလာရင် သံယောဇဉ် ဖြစ်မိကြတာပဲ ...

... တျန်ရွှမ်ဇီက ပန်းချီကားတစ်ချပ် ဖြစ်ပေမယ့် တောင်ပိုင်း ဧကရာဇ် သွေးနဲ့ သူမရဲ့ ကောင်းကင်တာအို စွမ်းအားကို သုံးပြီး ရေးဆွဲ ထားခဲ့တာ ... ဒီလိုမျိုး ဝမ်းမနည်းဘူး ဆိုတာ မဖြစ်နိုင်ပါဘူး ....

... ပြီးတော့ ငါသာ တျန်ရွှမ်ဇီ ဆိုရင်လည်း အလားတူ လုပ်ဆောင်မိ ဦးမှာပဲ ... သူ့ဘဝက သနားစရာ ကောင်းလိုက်တာ ... ဟေ့ ... အနက် မင်းက ဘာလို့ ဘာမှ မပြောရတာလဲ။ ”

ဧကရာဇ်ဖြူက ဧကရီထံ တစ်ချက် ခိုးကြည့်ကာ သံသယများဖြင့် ဧကရာဇ်နက်ထံ အသံကို ပို့လွှတ်လိုက်သည်။

“ မင်း သေချင်နေတာလား မင်းရဲ့ စကားပြော စွမ်းရည်က အခုချိန်ထိ ... လုံးဝကို တိုးတက် မလာသေးဘူး ... အခု မင်းစကားကို ဘယ်သူမှ မကြားဘူးလို့ ထင်လား။ ”

ဧကရာဇ်အနက်က အသံ မထွက်ဘဲ ဟိန်းဟောက် လိုက်သည်။ သို့မှသာ ဧကရာဇ် ဖြူသည် ဧကရီ၏ လူသတ်လိုသော အကြည့်ကို သတိထားမိသွား၏။

“ ငါက နောက်နေတာပါ ... ။ ”

“ မြင့်မြတ်မြေ သုံးပါးရဲ့ ... မြေခွေးအို ကြီးတွေကို လာခိုင်းပါ ယုချင်းဖန်သာ ဆန္ဒရှိရင် ငါကိုယ်တိုင်တားမယ် ပြီးတော့ သူ့ကို ဆက်ပြီး သည်းမခံနိုင်တော့ဘူး။ ”

ဧကရီက အေးစက်သော အသွင်ဖြင့် ဧကရာဇ်ဖြူကို လျစ်လျူရှုကာ ကြေငြာချက် ထုတ်ပြန်လိုက်တော့သည်။

***

All Chapters