← Chapters

လျှို့ဝှက်အကြံအစည်

Vol. 012 Ch. 1184

လျှို့ဝှက်အကြံအစည်

Vol. 012 Ch. 1184

ကောင်းချီးနန်းတော်၏ နန်းတော်သခင် အသတ်ခံလိုက်ရပြီး ထိုနေရာ တစ်ခုလုံးမှာလည်း အပျက်အစီးများ အဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။

သူတို့ရှေ့တွင် ဖြစ်ပျက်ခဲ့သည့် အရာများက အားလုံးကို တုန်လှုပ်စေခဲ့သည်။ အဖြစ်အပျက်ကား ကြမ်းရမ်းလွန်း၏။

ပိုင်ကျဲက သူ ရန်မစသင့်သည့် သူများကို ရန်စခဲ့ပုံရ၏။

ချန်ယဲ့မြို့တွင် ကောင်းချီးနန်းတော် သခင်ကဲ့သို့ စွမ်းအားမြင့်သူများမှာ လက်တစ်ဆုပ်စာသာ ရှိသည်။

ကောင်းချီးနန်းတော်သခင်သည် အမည်မသိ လူတစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံရမည်ဟု မည်သူတို့ ထင်မှတ်မှားမိကြမည်နည်း။

သတ်ဖြတ်သူ မိန်းကလေးသည်လည်း အသက်အရွယ် ငယ်ရွယ်သူတစ်ဦး ဖြစ်နေ၏။ အမြင်အရဆိုလျှင် သူမသည် နှစ်ဆယ်ကျော်ရုံမျှသာ ရှိပုံပေါ်သည်။

သို့သော်လည်း သူမ၏ဓားက လောကတစ်ခွင်အား တုန်လှုပ်စေနိုင်၏။ ချန်ယဲ့မြို့ရှိ ဓားသမား တစ်ဝက်ခန့်မှာ သူမဓားထံမှ အန္တရာယ်၏အငွေ့အသက်များအား ခံစားမိကြရသည်။

ကောင်းချီးနန်းတော်ရှိ ရှန့်ထိုများမှာ ဆွံ့အစွာဖြင့် အဖြစ်အပျက်များကို ကြည့်နေကြသည်။ သူတို့သည် အလွန်အမင်း ဒေါသထွက်နေသော်လည်း ထိုဒေါသများ၏ မြစ်ဖျားခံရာကား ပိုင်ကျဲ ဖြစ်ပေ၏။

ဒီခွေးကောင်က ဘယ်လိုဖြစ်လို့ ဘေးဒုက္ခကို အိမ်တံခါးဝသို့ ခေါ်လာရတာလဲ…

ကောင်းချီးနန်းတော်မှာ အဆုံးသတ်သွားပြီ ဖြစ်သည်ကို မည်သူမှ သံသယဝင်စရာ မလိုတော့ပေ။ နန်းတော်တစ်ခုလုံးမှာလည်း ပြားပြားဝပ် ပျက်စီးသွားခဲ့ပြီ။ ဆံပင်ဖြူလူငယ်က လူတိုင်းကို သတ်ရန် ရည်ရွယ်ချက်မရှိဟု ကြေညာခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ကောင်းချီး နန်းတော်သည်တော့ ဆက်လက် တည်ရှိရန် အခွင့်မရှိတော့။

ရီဖူရှင်းက တစ်ဦး တစ်ယောက်ကိုမှ ဂရုမစိုက်သည့် အမူအရာနှင့် ကြည့်သည်။ နတ္ထိဘုံတိုက်ပွဲ ပြီးကတည်းက ရာရာသည် သူမ၏ မူလစွမ်းအားများကို ပြန်ရရန် ကြိုးစားနေခဲ့သည်။ သူမသည် တစ်ချိန်က ပြန်လည် မွေးဖွားခြင်းအဆင့် တန်ခိုးရှင်ဖြစ်၏။ မူလစွမ်းအား အထွတ်အထိပ်သို့အထိ ပြန်မရရှိသေးလျှင်ပင် သူမသည် လက်ရှိအဆင့်ထက် ပိုသည့် စွမ်းရည်များကို တိုက်ပွဲ၌ ထုတ်သုံးနိုင်စွမ်း ရှိပေသည်။ ထို့အပြင် သူမသည် တိုက်ပွဲ စကတည်းက သူမကျွမ်းကျင်ရာ ဓားဝင်္ကပါကို ထုတ်သုံးခဲ့၏။

ရာရာအနေဖြင့် ပြန်လည်မွေးဖွားခြင်းအဆင့်မှ လူများကိုရင်ဆိုင်ရန် ခက်ခဲကောင်း ခက်ခဲမည် ဖြစ်သော်လည်း ထိုအဆင့်အောက်မှ သူများကိုတော့ အသာအယာပင် ကိုင်တွယ်နိုင်စွမ်း ရှိပေသည်။

နန်းတော်သခင်၏ သေဆုံးမှု အတွက်တော့ ရီဖူရှင်းက စိုးစဉ်းမျှ စိတ်မပူ။

ပိုင်ကျဲက မိစ္ဆာတစ်ကောင် ဖြစ်သည်မှာ ယုံမှားဖွယ်မရှိပေ။ သူသည် ကျင့်ကြံရာတွင် အဆင်ပြေချောမွေ့စေရန် မိန်းကလေးများအား အသုံးပြုနေသည်မှာ ထင်ရှား၏။ ဤသို့သောလူကား ငရဲသို့သွားရန် ထိုက်တန်ပေသည်။

နန်းတော်သခင်သည် ပိုင်ကျဲ၏ ဆရာဖြစ်ကာ ပိုင်ကျဲကို နန်းတော်သခင်ငယ်၏ အခွင့်အာဏာများ ပေးထား၏။ နန်းတော်သခင်၏ စရိုက်သဘာဝတို့၏ လွှမ်းမိုးမှုကြောင့်သာ ပိုင်ကျဲသည် မိုက်ရိုင်း ရမ်းကမ်းနေခြင်းလည်း ဖြစ်ပေသည်။

ရီဖူရှင်းက ပိုင်ကျဲကို စူးရဲစွာ ကြည့်၏။ ပိုင်ကျဲကလည်း ရီဖူရှင်းကို ပြန်ကြည့်နေ၏။ အရာအားလုံးမှာ အိပ်မက်ဆန်လွန်းလှသည်။

“မင်း စိတ်ပျော်ဖို့အတွက် တခြားလူတွေရဲ့ အသက်ကို စိတ်ကြိုက်ဆော့ကစား နိုင်တယ်လို့ တွေးထားမှတော့ အခု မင်းအသက်ကို ငါ လိုချင်တဲ့အခါမှာလည်း ဒါဟာ ကျိုးကြောင်း မဆီလျော်ဘူးလို့ မင်းမတွေးသင့်ဘူး” ရီဖူရှင်းက ပြောကာ ရှေ့သို့ လှမ်းသည်။ ပြင်းထန်သောဓားများ သူ့အနီးတွင် ဆက်လက် ဖြစ်ပေါ်လာနေ၏။

ပိုင်ကျဲ၏မျက်လုံးများထဲ မယုံကြည်နိုင်သော၊ ကြောက်လန့်သော အရိပ်များ ပြေးလွှားနေ၏။ မိန်းကလေး တစ်ယောက်၏ ကံကြမ္မာကို ဆော့ကစားမိခြင်းက ဤသို့သော ဘေးအန္တရာယ်နှင့် တွေ့ကြုံရမည်ဟု မည်သူတို့ ထင်မှတ်မိမည်နည်း။

ဘုန်း…

အလွန်စွမ်းအား ပြည့်ဝလှသည့် ရှန့်ထိုအသိတို့သည် အပြင်ထန်ဆုံးသော အရှိန်အဝါ အားထုတ်လွှတ်ကြ၏။ ဓားအသိများက လေတိုးသံပေးကာ ရီဖူရှင်း ညွှန်ပြရာသို့ တန်းတန်းမတ်မတ် သွားကြသည်။ အဆုံးမဲ့သော ဓားသဏ္ဌာန်များက ခွဲဖြာထွက်သွားကာ ပိုင်ကျဲထံသို့ လာရောက်တိုက်ခိုက်၏။

အင်အားနှစ်ခု ထိခတ်မိပြီး ကွဲအက်သံ အချို့နှင့်အတူ ပိုင်ကျဲ၏ခံစစ်သည် အလျင်အမြန်ပင် ချိုးဖျက်ခံလိုက်ရသည်။ ဓားများက ကြောက်သွေးတို့ဖြင့် တုန်ယင်နေသည့် သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။ နောက်ထပ် ဓားတစ်လက်က လျှပ်တစ်ပြက် ရောက်လာကာ ချက်ချင်းပင် သူ့နဖူးကို ထိုးဖောက်သွားသည်။ ထိုခဏ၌ ပိုင်ကျဲသည် လုံးဝ လှုပ်ရှားမှုကင်းမဲ့လျက် သူ့မျက်လုံးများ အသက်မဲ့သွားကာ လောကကြီးမှ အပြီးအပိုင် ထွက်ခွာသွားပြီး မြေပြင်သို့ ပြိုလဲကျသွားတော့သည်။

ကောင်းချီးနန်းတော်၏ နန်းတော်သခင် နှစ်ယောက်လုံး သေကျေပျက်စီးခဲ့ရပေပြီ။

ကောင်းချီးနန်းတော်ဟု ကျော်ကြားသည့် ဤနေရာသည် ရာရာနှင့် နန်းတော်သခင်တို့ တိုက်ပွဲကြီးအတွင်း၌ လုံးဝ ပျက်စီးခဲ့လေသည်။

ရီဖူရှင်း အနီးရှိ ဓားအသိများမှာ ပျက်ပြယ်သွားပြီး သူက ရှားရှင်းယွန်နှင့် အခြားလူများဘက်ကို လှည့်ကာ ပြောသည် ... “သွားကြစို့”

သူတို့အုပ်စုက အပျက်အစီးများကို ကျောခိုင်းကာ ထိုနေရာမှ ထွက်ခွာ သွားကြတော့သည်။

ချန်ယဲ့မြို့၏ ထိပ်တန်း အင်အားစုများထဲမှ တစ်ခုဖြစ်ခဲ့သည့် ကောင်းချီးနန်းတော်သည် အချိန်ခဏအတွင်း ပျက်စီးပျောက်ကွယ် သွားခဲ့ပြီဖြစ်သည်။

ကောင်းချီးနန်းတော်မှ တန်ခိုးရှင်များမှာ ဘာဖြစ်သွားမှန်းပင် သေသေချာချာ မသိလိုက်ကြပေ။ တစ်ခဏအတွင်း၌ နန်းတော်မှာ အပျက်အစီးများ အဖြစ်ဖြင့် ကျန်ရစ်ခဲ့သည်။ များမကြာမီမှာပင် ကောင်းချီးနန်းတော်မှ လူများသည် အချင်းချင်း ကြောက်မက်ဖွယ် တိုက်ပွဲအား ဆင်နွှဲကြ၏။ တိုက်ပွဲဖြစ်ပွားရသည့် အကြောင်းအရင်းမှာ နန်းတော်သခင် ချန်ရစ်ခဲ့သော အရင်းအမြစ်များအား ကျန်သောလူများက အပိုင်စီးလိုခြင်းကြောင့်  ဖြစ်ပေသည်။

အကျိုးဆက်အဖြစ် သူတို့သည် တိုက်ပွဲအတွင်းတွင် အဖွဲ့များ ကွဲထွက်သွားကာ ရှန့်ထိုအများအပြား သေကျေပျက်စီးခဲ့ရသည်။

လူအများအတွက်မူ ထိုကိစ္စမှာ ကောင်းချီးနန်းတော်အား ပိုမိုပြက်ရယ်ပြုစရာ ဖြစ်လာခဲ့၏။

အချို့လူများက ငွေရောင်ဆံပင်နှင့် လူငယ်သည် ပိုင်ကျဲနှင့် မည်သို့သော ကတောက်ကဆမျိုး ဖြစ်ခဲ့သည်ကို ရှာဖွေစုံစမ်း ကြည့်ကြသည်။

ပြဿနာ၏ရင်းမြစ်ကို တူးဆွဲကြည့်လျှင် ပဋိပက္ခသည် ချန်ယဲ့မြို့စားသောက်ဆိုင် တစ်ခု၌ အစပျိုး၏။

ပိုင်ကျဲ၏စီးတော်သတ္တဝါက မိန်းမငယ်လေးတစ်ဦးအား နင်းသတ်မိတော့မလို ဖြစ်သွားခြင်းမှ ပြဿနာ အစပျိုးခဲ့၏။ ထိုအဖြစ်အပျက်သည် ချန်ယဲ့မြို့ထဲတွင် အတော်လေး အုတ်အော်သောင်းနင်း ဖြစ်သွားကာ ကောင်းချီးနန်းတော်ကို ပြားပြားဝပ် ပျက်စီးသွားစေသည့် အကြောင်းရင်းလည်း ဖြစ်သည်။ နန်းတော်သခင်သည် သံသယကင်းစင်ခြင်း အဆင့်ရှန့်ထို ဖြစ်သော်လည်း တိုက်ပွဲတွင် သေခဲ့ရသည်။

တခြားဘုံမှ ရောက်လာသည့် ဆံပင်ဖြူလူငယ်သည် အတော်ပင် ရက်စက် ကြမ်းကြုတ်သည့် စရိုက်ရှိပေသည်။

လူရိပ်တစ်ခုက အလျင်အမြန်ပင် အဝေးမှ ရောက်ရှိလာခဲ့သည်။ ယင်းလူရိပ်သည် စစ်ထိုရန်ပင် ဖြစ်သည်။ သူမက မိန်းမငယ်လေးကို သူမ၏ကလန်သို့ ပို့ဆောင်ပြီးပြီးချင်း ပြန်လာခဲ့ခြင်း ဖြစ်သည်။

သူမက ကောင်းချီးနန်းတော်၏ အပျက်အစီးပုံကြီးကို မြင်သည်အခါ အေးစက်တောင့်တင်း သွားတော့သည်။

သူမ၏ ဆံနွယ်များက လေအလျင်ဖြင့် မျောလွင့်နေပြီး အရှုပ်အထွေးပုံကြီးကို ကြည့််ရင်း ထိုခဏ၌ သူမသည် အနက်ရှိုင်းဆုံးသော ချောက်ကြီးထဲသို့ ထိုးကျသွားသလို ခံစားလိုက်ရသည်။

ရီဖူရှင်းက ကောင်းချီးနန်းတော်ကို ဖျက်ဆီးပစ်လိုက်တာလား။

***

ထိုသတင်းက ချန်ယဲ့တစ်မြို့လုံးကို ပျံ့နှံ့သွားခဲ့ပြီး မြို့စားလေးကလည်း သတင်းကို ရရှိခဲ့သည်။

ဆန်းဇွန်က မြို့တော်ဝန်အိမ်တော်တွင် ရပ်ကာ သတင်းပို့လာသည်ကို နားထောင်နေရင်း သူ့အမူအရာက တင်းမာနေသည်။

“ကောင်းချီး နန်းတော်သခင်က သေသွားပြီလား” ဆန်းဇွန်က သူနားကြားမှားသည်ဟုပင် ထင်လိုက်မိသည်။

“အမှန်ပါပဲ” သတင်းပို့လာသူက ခေါင်းညိတ်လိုက်သည်… “သူဟာ အဲဒီအဖွဲ့ထဲက အမျိုးသမီးငယ်လေး တစ်ယောက် သတ်တာကို ခံခဲ့ရတာပါ။ သူမက ဓားဝင်္ကပါကို ကျွမ်းကျွမ်းကျင်ကျင် သုံးပြီး အရမ်းစွမ်းအားကြီးတယ်။ ချန်ယဲ့မြို့တစ်ဝက်လောက်က သူမရဲ့ ဓားဝင်္ကပါကနေ ထွက်ပေါ်လာတဲ့ အားလှိုင်းတွေကို သိရှိခံစားလိုက်ကြတယ်”

ဆန်းဇွန်၏စိတ်ထဲတွင် ရာရာ၏ပုံရိပ် ပေါ်လာသည်။ သူက သူမနှင့်တွေ့ဆုံချိန်၌ ထိုအမျိုးသမီးငယ်လေးထံမှ မည်သည့် အာရုံခံစားမှုမှ မတွေ့ခဲ့ရပေ။

ရီဖူရှင်း၏ အဖွဲ့တွင် ထိုကဲ့သို့ စွမ်းအားကြီးမားသူများ ပါဝင်နေမည်ဟု သူမထင်ထား။

“ပိုင်ကျဲက ရီဖူရှင်း လက်နဲ့ သေသွားတာဆိုတော့ သူ့စွမ်းအားကရော ဘယ်လိုလဲ” ဆန်းဇွန်က မေးသည်။

“ဓားကိုသုံးတယ် ” သတင်းလာပို့သူက ​ဖြေလိုက်၏။ ဆန်းဇွန်က ခေါင်းညိတ်သည်။ သူက ထိုကိစ္စများကို ဆင်ခြင်လျှင် အတွေးတချို့ မရေမရာ ဝင်လာခဲ့သည်။ အကယ်၍ သူ့ထင်မြင်ချက်သာ မှန်ကန်လျှင် ထိုလူများသည် အင်ပါယာရှားဘုံမှ ဓားပညာလေ့ကျင့်သည့် ထိပ်တန်းအင်အားစု တစ်ခု၏မျိုးဆက်များ ဖြစ်ပုံရသည်။ ထို့အပြင် ရီဖူရှင်းသည် ထိုတော်ဝင်မြေမှ ဆရာသခင် တစ်ယောက်ယောက်၏ သား (သို့မဟုတ်) တိုက်ရိုက်တပည့်တစ်ဦး ဖြစ်ပေလိမ့်မည်။

နန်းတော်သခင်ငယ် ပိုင်ကျဲသည် သူ့နေရာနှင့်သူတော့ အရည်အချင်းရှိသူတစ်ဦး ​ဖြစ်၏။ မဟုတ်လျှင် သူက နန်းတော်သခင်၏ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့မည် မဟုတ်ပေ။ တစ်ဖက်တွင် ရီဖူရှင်းက ပိုင်ကျဲကို သတ်ဖြတ်ခဲ့ရာ သူလည်း မခေပေ။

ရီဖူရှင်းနှင့် ရာရာတို့ နှစ်ယောက်လုံးက ထိုမျှ စွမ်းအားကြီးသည် ဆိုလျှင် အခြားလူများလည်း ဆိုးလှမည်မဟုတ်ပေ။

သူက ရီဖူရှင်းကို မြို့စားအိမ်တော်သို့ ဖိတ်ခေါ်စဉ်က အငြင်းခံရသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ ရီဖူရှင်း၏နေရပ်မှ သူ၏အကြီးအကဲဆရာသခင် သို့မဟုတ် သူ့မိဘများမှာ ပြန်လည် မွေးဖွားခြင်းအဆင့် ဖြစ်ရပေမည်။

“သူတို့ကို သေချာ စောင့်ကြည့်ထား။ ချန်ယဲ့မြို့ကနေ ထွက်မသွားစေနဲ့” ဆန်းဇွန်က ပြောသည်။

“နားလည်ပါပြီ” သတင်းလာပို့သူက ခေါင်းညိတ်၏။

***

ရီဖူရှင်းက ပိုင်ကျဲကို သတ်ဖြတ်ပြီးသည့်နောက် သူတို့သည် ချန်ယဲ့မြို့၌ နေရန် တည်းခိုခန်းတစ်ခု တွေ့ရှိခဲ့သည်။

ကောင်းချီးနန်းတော်ကို ဖျက်ဆီးခဲ့ခြင်းကြောင့် သူတို့သည် ချန်ယဲ့မြို့တွင် သွားလေရာတိုင်း၌ လူတိုင်း၏ အာရုံစိုက်ခြင်းကို ခံရ၏။ နေရာတိုင်းတွင် လူတိုင်းက သူတို့အ​ကြောင်းများကိုသာ ပြောနေကြသည်။ သူတို့နေထိုင်သည့် တည်းခိုခန်းတွင်လည်း သူတို့အကြောင်း ပြောသည့်သူများနှင့် ပြည့်နှက်နေသည်။

တည်းခိုခန်း၏ ခြံဝင်းမှာ ကြီးမားလှပြီး တည်းခိုဆောင်ကို သီးသန့်ဆန်စွာ ဆောက်လုပ်ထားသည်။

သူတို့လူစုမှာလည်း အချိန်တိုင်း တပူးတွဲတွဲ ဖြစ်သည်။ ရှားရှင်းယွန်က မေးလိုက်သည်… “ငါတို့ ချန်ယဲ့မြို့ကနေ ထွက်မသွားဘူးလား”

“ငါတို့က ဘာလို့ ထွက်သွားရမှာလဲ” ရီဖူရှင်းက ပြန်မေးသည်။

“တစ်ခုခုလွဲနေတယ်လို့ မထင်ဘူးလား” ရှားရှင်းယွန်က ရီဖူရှင်းကို ကြည့်ကာ ထပ်မေးသည်။

ရီဖူရှင်းက ရှားရှင်းယွန်၏ မျက်လုံးများကို ကြည့်ကာ မေးသည်… “မင်းသမီး အဲဒီလို ထင်တာလား”

“ဆန်းဇွန်က ချန်ယဲ့မြို့ကို ဖိတ်ခေါ်ပြီး စားသောက်ဆိုင်မှာ ဧည့်ခံတယ်။ ဒါပေမဲ့ သူက ဘာလို့ ပိုင်ကျဲကိုပါ ဖိတ်ရတာလဲ” ရှားရှင်းယွန်က မှတ်ချက်ပြုသည်… “ငါကတော့ သူ တစ်ခုခု ကြံနေတယ်လို့ ထင်တယ်”

ရီဖူရှင်း ခေါင်းညိတ်သည်။ သူ့မျက်လုံးများက အေးစက်နေ၏။

ဆန်းဇွန်က ချန်ယဲ့မြို့၏ မြို့စားငယ်ဖြစ်ကာ ပိုင်ကျဲနှင့်ရင်းနှီးသည်။ ထို့​ကြောင့် သူက ပိုင်ကျဲ မည်သို့သော လူစားမျိုး ဖြစ်သည်ကို မသိစရာ အကြောင်းမရှိပေ။

ပိုင်ကျဲသည် လှပကာ ငယ်ရွယ်သည့် မိန်းကလေးများကို နှစ်သက်တတ်ကာ သူတို့အဖွဲ့တွင်လည်း ရှားရှင်းယွန်၊ မှန်နန်းသခင်မနှင့် ဖီးနစ်ကဲ့သို့သော အလှကလေးများ ပါရှိပေသည်။ ဆန်းဇွန်သာ သူတို့ကို စေတနာထား၍ ဖိတ်ခေါ်သည်ဆိုပါက သူတို့ကို ပိုင်ကျဲနှင့် မတွေ့စေရန် စီမံပေးသင့်သည်။

သို့သော်လည်း ဆန်းဇွန်က ထိုသို့ မလုပ်ခဲ့သည့်အပြင် ပိုင်ကျဲကိုပင် ဖိတ်ခေါ်ခဲ့၏။ ရှန့်ထိုတစ်ပါးဖြစ်သည့် မြို့စားငယ်လေးက မကောင်းသည့် ရည်ရွယ်ချက် ရှိနေသည်လား။

ဆိုလိုသည်က မိန်းကလေးငယ်၏ မတော်တဆမှု မဖြစ်ခဲ့လျှင်ပင် တိုက်ပွဲတစ်ခု မလွဲမသွေ ဖြစ်ပေလိမ့်မည်။

ပိုင်ကျဲက စားသောက်ဆိုင်၌ ရှားရှင်းယွန်နှင့် မှန်နန်းသခင်မကို သူနှင့်အတူသောက်ရန် ရိုင်းစိုင်းစွာ မေးခဲ့သည်။

ထိုကောက်ချက်များ၏ရင်းမြစ်မှာ ဆန်းဇွန်ထံသို့ ဦးတည်နေ၏။

“ဆန်းဇွန်က ပိုင်ကျဲကို သုံးပြီး ငါတို့ကို စမ်းသပ်ချင်တာပဲ။ ဒါပေမဲ့ သူ့တွက်ကိန်းက လွဲသွားပြီ” စုချွဲက ပျင်းရိစွာ ပြောလိုက်သည်တွင် အားလုံးက ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ် လိုက်ကြသည်။

“သူက ဘာလုပ်ချင်နေတာလဲ” ဂူတုံးလျှိုက အသံနှိမ့်ကာ မေးသည်။

ဆန်းဇွန် သူတို့အားလုံးကို ချန်ယဲ့မြို့ထံသို့ ဖိတ်ခေါ်ရသည့် အကြောင်းပြချက်အား သူတို့အားလုံး သိလိုကြသည်။ ဆန်းဇွန်တစ်စုံတစ်ခု ကြံစည်နေသည်မှာ သေချာ၏။

“အဲဒါက သော့ချက်ပဲ” ရီဖူရှင်းက ပြောသည် ... “ကျွန်တော် ဘာလို့ ဒီနေရာက ထွက်မသွားရသလဲ ဆိုတာလည်း ဒါကြောင့်ပဲ။ ဆန်းဇွန် ဘာလုပ်ဖို့ ကြိုးစားနေလဲ စောင့်ကြည့်ရတာပေါ့”

ရှားရှင်းယွန်က ရီဖူရှင်းကို တစ်ချက် ကြည့်လိုက်ပြီး ရီဖူရှင်းတစ်ယောက်  ပြဿနာများကို မီးထွန်းရှာနေပြီဟု တွေးလိုက်သည်။  သူမကတော့ တခြားတစ်ဖက်တွင် ထိုကဲ့သို့သော ပျင်းစရာကောင်းသည့် ပြဿနာမျိုး၌ မပါဝင်လိုပေ။

သို့သော်လည်း ရီဖူရှင်းလုပ်လိုသည့်ကိစ္စကိုတော့ သူမက မတားဆီးပေ။

“တကယ်လို့ ကျွန်တော် ထင်တာ မှန်ရင် ဆန်းဇွန်က သူ့လူကို ဒီတည်းခိုခန်းဆီ ပို့ထားလောက်ပြီ။ သူမကြာခင် ကျွန်တော်တို့ဆီ ပြဿနာ လာရှာလိမ့်မယ်” ရီဖူရှင်းက ဆက်ပြောသည်။

အကယ်၍ ဆန်းဇွန်တွင် လျှို့ဝှက်ကြံစည်မှုများ ရှိနေပါက သူတို့ ချန်ယဲ့မြို့မှ အလွယ်တကူ ထွက်သွားနိုင်လိမ့်မည် မဟုတ်ပေ။

ရီဖူရှင်း၏ မှန်းဆချက်အရ ဆန်းဇွန်သည် မကြာခင် သူ့လူများဖြင့် တည်းခိုခန်းသို့ ရောက်လာတော့မည် ​ဖြစ်သည်။

လူရိပ်များ တစ်ခုပြီး တစ်ခု ရောက်ရှိလာသည်တွင် တည်းခိုခန်းတစ်ခုလုံးရှိ လူများက ကောင်းကင်ကို မော့ကြည့်ကြသည်။ ဆန်းဇွန်လည်း ရောက်လာပြီး  ရီဖူရှင်းနှင့် အခြားလူများ နေထိုင်ရာ ခြံဝင်းအတွင်းသို့ ခြေချလာ၏။

“မြို့စားလေး” ရီဖူရှင်းက ဆန်းဇွန်လာနေသည်ကို မြင်သည့်အခါ ခေါ်သည်။

“ချန်ယဲ့မြို့က ထိပ်တန်းအင်အားစု တစ်ခုကို ဆရာရီက ဖျက်ဆီးသွားတယ်။ ခင်ဗျားက ကျုပ်ကို ခက်ခဲအောင် လုပ်နေတော့တာပဲ” ဆန်းဇွန်က ရီဖူရှင်းကို ကြည့်ကာ ပြောသည်။ မြို့စားတစ်ယောက် အနေဖြင့်  မြို့အတွင်းမှာ ဖြစ်ပျက်သမျှ အားလုံးကို စစ်ဆေးရန် လိုအပ်သည်။ မြို့၏ ထိပ်တန်းအင်အားစု ဖြစ်သော ကောင်းချီးနန်းတော်မှာ ပြင်ပအင်အားစုတစ်ခု၏ ဖျက်ဆီးမှုအား ခံလိုက်ရသည့်အတွက် မြို့စားတစ်ယောက်အနေဖြင့် သူ့တွင် တာဝန်ရှိပေသည်။

***

All Chapters