ငါ့ဓားက လူ မရွေးဘူး။
Vol. 176 Ch. 2453
နောက်ဆုံးတွင် အနှစ်သုံးထောင်ကြာ ပိတ်ဆို့နေသော နှလုံးသားနတ်ဆိုးကို ဖြိုခွဲနိုင် ခဲ့ပြီး ဧကရာဇ် ဖြစ်လာသည်။
ယနေ့မှစ၍ သက်တံဓား သူတော်စင် ဟူသည် မရှိတော့ချေ။ သက်တံဓား ဧကရာဇ် သည်သာ ရှိပေမည်။
လူတိုင်းက ဓားဂိုဏ်းထံကြည့်ကာ စိတ်ရှုပ်ထွေးကုန်သည်။ လွန်ခဲ့သော (၇)နှစ်က နဝမမြောက် ကောင်းကင်လမ်း ချန်ပီယံသည် ပန်းသင်္ချိုင်း အဖြစ် ကျော်ကြားခဲ့၏။
ထို့နောက် သက်တံဓားနှင့် ချိတ်ဆက် သွားခဲ့ကာ ဓားဂိုဏ်းတွင် လှုပ်လှုပ် ခတ်ခတ် အသံများ ထွက်ပေါ်လာသည်။
ယနေ့ ထိုပန်းသင်္ချိုင်းသည် မျိုးဆက်သစ် လူငယ်များ ကြားတွင် အသန်မာဆုံး ဖြစ်လာပြီး သူတော်စင်ဘုရင် နယ်ပယ်၌ ပြိုင်ဘက်ကင်း နေချေ၏။
နယ်ပယ်တူသော် မျိုးဆက်ဟောင်း များကိုပင် ဖိနှိမ်နိုင်သည်။ မျိုးဆက်သစ်များ၏ ဒဏ္ဍာရီတစ်ခု ဖြစ်၏။
၎င်းမတိုင်မီ လွန်ခဲ့သော နှစ်(၂၀)၌ ကျန့်ကျင်းရှန်ဟူသည် နယ်ပယ်သုံးပါး ချန်ပီယံ ဖြစ်လာကာ အရှေ့ဘက် ပျက်စီးမြေကို အုပ်စိုးနိုင်ခဲ့သည်။
ထိုထက်ပို၍ လွန်ခဲ့သော နှစ်(၅၀၀)ရာတွင် အရှေ့ဘက် ပျက်စီးမြေ၏ ကြယ်နှစ်ဖော် အဖြစ် ယဲ့ကူဟန်သည် တျန်ရွှမ်ဇီနှင့်အတူ ကျော်ကြား လာဖူးသည်။
ယင်းထက်စောသော လွန်ခဲ့သည့် နှစ်ပေါင်း(၃၀၀၀)ခန့်က ဧကရာဇ် ကိုးပါးသည် အမှောင်ခေတ်ကို နှိမ်နင်းခဲ့သည်။
ဓားဧကရာဇ် ယုချင်းဖန်က ယနေ့ သက်တံဓား ဓားဧကရာဇ်ဖြစ်လာမည့် လူငယ် တစ်ယောက်ကို သွန်းလောင်းပေး၏။
အထက်ပါ အချင်းအရာများထက် စောလျင်သော လွန်ခဲ့သည့် နှစ်ပေါင်း(၁)သိန်း အချိန်၌ အိုင်းရစ် ဓားသူတော်စင် ဟူသည် နတ်ဘုရားသတ် ဓားသူတော်စင် တစ်ပါးကို ခွန်လွန်မြေ၌ မွေးဖွားခဲ့သည်။
သူသည် သူ့ဆရာအတွက် ခွန်လွန်မှ ထွက်သွားခဲ့ပြီး မိုးပြာနဂါးသခင်က ခွန်လွန်ကို စောင့်ကျန်ရစ်ခဲ့သည်။
ထို့ကြောင့် အိုင်းရစ်အမွေသည် ယုချင်းဖန်နှင့် ဧကရာဇ်(၈)ပါးကို မွေးဖွားကာ ခွန်လွန်အပေါ် စောင့်ရှောက်ပေး၏။
မိုးပြာနဂါးသည် ကောင်းကင်ချပ်ဝတ် ချန်ရစ်ကာ ကောင်းကင်လမ်းကို ပြုပြင်နိုင်ရန် မျှော်လင့်ခဲ့သည်။
ဆိုလိုသည်မှာ ၎င်းတို့ နှစ်ဦးလုံးသည် ခွန်လွန်နှင့် မပြတ်နိုင်ဘဲ သူတို့၏ အမွေများနှင့် ကံကြမ္မာကို ဓားဂိုဏ်းအပေါ် ပုံအောလျက် ဖြတ်တောက်ရန် ကြံရွယ်ထားပုံရသည်။
“ မလွယ်ဘူး … ။ ”
နတ်ဖီးနစ် တောင်တန်း သခင်က ထိုအတွေးကြောင့် သက်ပြင်းချပြီး လင်းယွန်ထံ ကြည့်လိုက်မိသည်။
လင်းယွန်မှလည်း သူ့အကြည့်ကို သတိပြုမိကာ ပြုံးပြီး ခေါင်းညိတ်ပြ၏။ သူက ပြန်လည် ပြုံးပြလျက် သတိရသွားသည်။
လင်းယွန်၊ ကျန့်ကျင်းရှန်၊ ယဲ့ကူဟန်၊ တျန်ရွှမ်ဇီ၊ ဧကရာဇ်ကိုးပါး၊ သက်တံဓား စသည့် မည်သူမဆို တကယ် မလွယ်ကြချေ။
( ဘယ်သူက ဉာဏ်ကြီးရှင် မဟုတ်လို့လဲ။ )
ထိုစကားမှာ ပို၍ အဓိပ္ပါယ် ပြည့်စုံ သွားချေပြီ။ ရုတ်တရက် ကောင်းကင်နှင့် မြေကြီး တုန်ခါလျက် ပြိုကျနေသော တောင်များ ပြန်၍ စုစည်းလာ၏။
ထိုမြင်ကွင်းသည် အချိန်များ နောက်ပြန် သွားနေသည်နှင့်တူ၏။ ဤနည်းဖြင့် ယုချင်းဖန် ဖြတ်ချထားခဲ့သော တောင်ထိပ် နှစ်လုံးကို ပြန်ရစေသည်။
သက်တံဓားဧကရာဇ်သည် ဓားဂိုဏ်းမှ သူ့အပေါ် စိုက်ထုတ်ခဲ့သော အရင်းအမြစ်များ အပေါ် ပြန်လည်ပေးဆပ်ခြင်း ဖြစ်၏။
ယခုအခါတွင် ဓားဂိုဏ်းသည် နဂါးပြာ နတ်ဆေးအိုး၊ တောင်တန်းကိုးလုံးနှင့် ဧကရာဇ် တစ်ပါးကို ပြန်လည်ရရှိခဲ့သည်။
ဤပမာဏသည် ဓားဂိုဏ်းကို မြင့်မြတ်မြေအဖြစ် သတ်မှတ်နိုင်ပြီ ဖြစ်သည်။
“ ဆရာ ... အခု ဘာလုပ်နေတာလဲ။ ”
သူတော်စင် သွေးပြန်ကြောများကို ပြုပြင်ပြီးသည့်တိုင် ပတ်ဝန်းကျင်ပြောင်းလဲမှုက မရပ်တန့် သေးသဖြင့် လင်းယွန်မှမေးမိသည်။
နတ်ဖီးနစ် တောင်တန်းသခင်က လေထဲရှိ ပြောင်းလဲနေသော ပတ်ဝန်းကျင် တောတောင် ရေမြေများကို လိုက်ပါ ကြည့်ရှုနေလျက်မှ၊
“ ဓားဂိုဏ်းရဲ့ အုတ်မြစ်ကို မြင့်မြတ်မြေ ဖြစ်အောင် သူတော်စင်သွေးပြန်ကြော အပေါ် အဆင့် မြှင့်တင်ဖို့ ကောင်းကင် တာအိုကို အသုံးပြုနေတာ ...
... တကယ်တော့ ကောင်းကင် တာအို စွမ်းအင်ကို လွယ်လွယ် မရနိုင်သလို လွယ်လွယ် ဖြုန်းတီးဖို့လည်း မတတ်နိုင်ကြဘူး။ ”
“ ဧကရာဇ် ဖြစ်လာတဲ့ ... ဆရာ့ရဲ့ ခွန်အားက ဘယ်အဆင့်မှာလဲ။ ”
လင်းယွန်က အရေးကြီးသည့် အချက်ကို မေးသည်။
“ မင်းဆရာရဲ့ ဒုက္ခဖြစ်စဉ်ကို အခြေခံပြီး အဲဒါက ဒဏ္ဍာရီလာ ဧကရာဇ်အဖြစ် သတ်မှတ် နိုင်ပါတယ် ... ကောင်းကင်လမ်းကို ပြုပြင်ပြီး တာနဲ့ သူ နတ်ဘုရား ဖြစ်သွားလိမ့်မယ်၊ ...
... ဒါပေမယ့် ... အခုမှ ဧကရာဇ် ဖြစ်လာတာဆိုတော့ သူ့ကျင့်ကြံမှုကို ငြိမ်အောင် လုပ်ဖို့ အချိန်လိုနေသေးတယ်။ ”
လင်းယွန်က ဝမ်းသာသွားသည်။
“ ဒါ အရမ်းကောင်းတယ် ... ဒါပေမဲ့ အဲဒီဧကရီက ဆရာ့ကို လွယ်လွယ်နဲ့ ခွင့်မပြုမှာ ကြောက်မိတယ်။ ”
“ ဒဏ္ဍာရီလာ ဧကရာဇ် တစ်ပါးရဲ့ ခွန်အားအပေါ် သံသယမရှိနဲ့ ... မင်းဆရာကို ဒဏ်ရာသာ ပေးနိုင်လိမ့်မယ် ... သတ်နိုင်မှာ မဟုတ်ဘူး ...
... ပြီးတော့ အကျိုးဆက်တွေကိုလည်း ထည့်သွင်း စဉ်းစားဖို့လိုတယ် ဧကရာဇ်တစ်ပါး ရူးသွပ်သွားရင် ... ဧကရီက သူ့မျိုးရိုးကို ကာကွယ်နိုင်မှာ မဟုတ်ဘူး။ ”
ထိုစကားကြောင့် လင်းယွန်တစ်ယောက် စိတ်သက်သာရာ ရသွားသည်။ အနည်းဆုံးတော့ သူ့ဆရာအတွက် မစိုးရိမ်ရတော့ချေ။
“ သူ့အစား မင်းကိုယ်မင်း ပိုပြီး စိတ်ပူနေရမယ် သူမရဲ့ ဒဏ္ဍာရီလာ မင်းသမီးကို မင်း ပြန်ပေးဆွဲခဲ့တဲ့ ကိစ္စ မပြီးသေးဘူး ...
... မိန်းကလေးဆုကိုသာ ပြန်ခေါ် သွားချင်ရင် မင်းဆရာတောင် လုပ်ပြနိုင်စရာ ဘာမှ မရှိဘူး ... ဒါက မိသားစု အရေးပဲ။ ”
ဤသည်မှာ ကျိုးကြောင်းဆီလျော် သောကြောင့် လင်းယွန်ခမျာ မျက်မှောင်ကြုတ် လိုက်မိသည်။
“ သူ အောင်မြင်သွားပြီ။ ”
မြင့်မြတ်မြေ သုံးပါးမှ ဧကရာဇ်များက ကျောရိုးများ စိမ့်တက်လာ၏။
ယုချင်းဖန်သည် ပြိုင်ဘက်ကင်း ဓားဧကရာဇ် ဖြစ်သည် မဟုတ်ပါလော။ ဤသို့ ဆိုသော် သက်တံ ဓားသူတော်စင်သည် မည်သို့ဖြတ်ကျော် နိုင်ခဲ့သနည်း။
ရွှေနဂါးဘုရင်က၊
“ ဧကရာဇ်တို့ ... အစီအစဉ်အတိုင်း ဆောင်ရွက်ကြရအောင်။ ”
-ဟု ဆိုလိုက်သည်။
သူတို့အဖွဲ့သည် မြင့်မြတ်မြေသုံးပါး၏ ဧကရာဇ်သုံးပါး၊ ရွှေနဂါးဘုရင်၊ ငွေနဂါးဘုရင် နှင့် ဧကရာဇ်နန်းတော်မှ ဧကရာဇ် အကြီးအကဲ လေးပါးတို့ ပါဝင်၏။
ရွှေနဂါးဘုရင်သည် လေးနက်သော အမူအရာဖြင့် ငွေနဂါးဘုရင်ကို ခေါင်းညိတ်ပြ လိုက်သည်။
“ ငါတို့ ငွေနဂါးဘုရင်ကို အခုပဲ ဒုက္ခပေး ရတော့မယ်။ ”
ငွေနဂါးဘုရင်က ပြန်င ခေါင်းညိတ် ပြလိုက်ပြီး ဧကရာဇ်ငါးပါးနှင့်အတူ ပျံတက်ကာ ဓားဂိုဏ်းထံ ဦးတည်လိုက်သည်။
ဧကရာဇ်ဖြူခမျာ မျက်နှာ ပြောင်းသွားပြီး၊
“ မင်းတို့အားလုံး ဘာလုပ်ဖို့ ကြိုးစား နေကြတာလဲ။” -ဟု မေးမြန်းလိုက်မိသည်။
“ သဘာဝ အတိုင်း ... သက်တံဓား ဧကရာဇ်ကို ဂုဏ်ပြုမလို့ပါ။ ”
ရွှေနဂါးဘုရင်က ပြုံးပြီး ပြန်ဖြေသည်။
“ မင်းတို့တွေ ဓားဂိုဏ်းရဲ့ နဂါးသွေးပြန်ကြောကို သိမ်းပိုက်သွားမှာကို ငါ ကြောက်မိတယ်။ ”
ဤသည်မှာ ဧကရီ၏ အဓိက ပန်းတိုင်ဖြစ်သည်။ ရွှေနဂါးဘုရင်က ပြုံးပြီး၊
“ ဧကရာဇ်ဖြူ ... ငါတို့ ဒီကနေပဲ ပွဲကောင်းကောင်းလေး ကြည့်ရအောင်။ ”
-ဟု ပြန်ပြော၏။
“ ငါမကြည့်ရင် ဘာဖြစ်မလဲ။ ”
ဧကရာဇ်ဖြူက အေးစက်စွာ မေးသည်။ ရွှေနဂါးဘုရင်မှ ခရမ်း-ရွှေရောင် နဂါးနဖူးစည်း အလံငယ် အောက်သို့ လျှောက်လှမ်းသွားပြီး၊
“ ဒါဆို တောင်းပန်ရုံပဲ ရှိတော့တယ်။ ”
-ဟု ပြန်ဖြေလိုက်၏။
နဂါးဘုရင်များသည် ဒဏ္ဍာရီလာ ဧကရာဇ်များထက် အားနည်းပြီး ဒုတိယ တန်းစား များသာ ဖြစ်သည်။
ရွှေနဂါးဘုရင်သည် နဂါးဘုရင်များ အနက် အသန်မာဆုံး ဖြစ်၏။ သို့တိုင် ဧကရာဇ်ဖြူ အတွက် ပြိုင်ဘက် မဟုတ်ချေ။
“ ငွေနဂါးဘုရင် ... ရှိနေတဲ့အတွက် မင်းကိုငါသည်းခံနေတာ အခု မင်းတစ်ယောက် တည်းနဲ့ ငါ့ကိုတားနိုင်မယ် ထင်နေလား ... မင်း သေချင်နေတာပဲ။ ”
ဧကရာဇ်ဖြူက သက်တံဓားဧကရာဇ်၏ ဒုက္ခရောင်ဝါနှင့် ယှဉ်နိုင်သည့် ကြောက်မက်ဖွယ် ရောင်ဝါကို ထုတ်လွှတ်လိုက်သည်။
သို့သော် အတားအဆီးအလွှာ တစ်ခုက သူ့အပေါ် အုပ်မိုးလာ၏။ ဤသည်မှာ ဧကရီ၏ ရောင်ဝါ ပေပင်။ အနားတွင် သူမ ရှိနေသကဲ့သို့ ခရမ်း-ရွှေရောင် နဂါးနဖူးစည်း အလံငယ်မှ ထွက်လာခြင်း ဖြစ်သည်။
ဧကရာဇ်ဖြူက မျက်မှောင်ကြုတ်ပြီး သူ့လက်ဖဝါးကို ရှေ့သို့ တွန်းပစ် လိုက်တော့၏။ ရွှေနဂါးဘုရင်ခမျာ အသက်ပြင်းပြင်းရှူလျက် ထိပ်တိုက် ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်ရသည်။
“ ဘုန်း ... ။ ”
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ရွှေနဂါးဘုရင်၏ ကလီစာများ ပြောင်းဆန်ကုန် တော့၏။
“ ဧကရာဇ်ဖြူ ...စိတ်အေးအေးထားပါ ဒီအလံငယ်က တစ်နာရီလောက်ပဲ ဒီမှာနေဖို့ လိုတာပါ ... ပြီးရင် မင်းလွတ်လွတ်လပ်လပ် ထွက်သွားနိုင်ပါတယ်။ ”
ခရမ်း-ရွှေရောင် နဂါးနဖူးစည်း အလံငယ်သည် ဧကရာဇ်ဖြူ၏ ဒဏ္ဍာရီ ဖြစ်စဉ် အပေါ် ပွင့်မလာနိုင်အောင် အချိန်ခဏမျှသာ ထိန်းထားနိုင်မည်။
သို့တိုင် ရွှေနဂါးဘုရင်အတွက် ဧကရာဇ်ဖြူထံမှ လက်ဖဝါးကို ခံယူရသည်မှာ သိပ်အဆင်မပြေ လှချေ။
“ ဒါဆို ... တစ်နာရီလောက် မင်းကိုငါ သင်ပေးပါရစေ ... ။ ”
ဧကရာဇ်ဖြူက အော်ငေါက်၏။ ဒေါသထွက်လာပြီး ရွှေနဂါးဘုရင်ကို သင်ခန်းစာ တစ်ခု ပေးရန် ဆုံးဖြတ်လိုက်တော့သည်။
တစ်ချိန်တည်းမှာပင် ငွေနဂါးဘုရင်သည် ဧကရာဇ်ငါးပါးနှင့်အတူ ဓားဂိုဏ်းသို့ ရောက်ရှိ သွား၏။ သူတို့၏ ရောင်ဝါကိုပင် မထုတ် ခဲ့ကြချေ။
“ ငွေနဂါးဘုရင် ... ဧကရာဇ်နန်းတော်၊ မင်ဂိုဏ်း ... ကောင်းကင် မီးလျှံဂိုဏ်းနဲ့ အနန္တ လျှပ်စီးဂိုဏ်းတို့က ... သက်တံဓား ဧကရာဇ်ကို ဂုဏ်ပြုဖို့ ရောက်ရှိလာပါပြီ။ ”
“ ... ... ။ ”
ထိုစဉ် နဂါးဟောက်သံနှင့် ဖီးနစ် အော်မြည်သံများ ပဲ့တင်ထပ်လျက် မိုးပြာနဂါး တစ်ကောင်နှင့် နတ်ဖီးနစ်တစ်ကောင် မြေပြင်ပေါ် ဆင်းသက်လာသည်။
ဤသည်မှာ မိုးပြာနဂါးမျိုးရိုးနှင့် နတ်ဖီးနစ်တောင်၏ ဘိုးဘေး ဧကရာဇ်များ ဖြစ်၏။ နှစ်ဦးစလုံးသည် ဧကရာဇ် နယ်ပယ်မှ ထိပ်တန်း ကျွမ်းကျင်သူများ ပေပင်။
စကားသံများကြောင့် သက်တံဓား ဧကရာဇ်က သူတော်စင် သွေးပြန်ကြောကို ပြုပြင်နေရာမှ သက်ပြင်းချပြီး လှည့်ကြည့်လာသည်။
“ မင်္ဂလာပါ ဆရာ ... ။ ”
“ မင်္ဂလာပါ သိုင်းအန်ကယ် ... ။ ”
သက်တံ ဓားဧကရာဇ်က ဓားဂိုဏ်းမှ တပည့်များထံ ဝေ့ကြည့်ကာ လူတိုင်းအပေါ် ခေါင်းညိတ်ပြ လိုက်သည်။ ယခု အချိန်သည် စကားပြောရမည့် အချိန် မဟုတ်သေးချေ။
“ သက်တံ ... ဂုဏ်ယူပါတယ်၊ ဧကရီက မင်းရဲ့ဒုက္ခကို အာရုံစိုက်ခဲ့ပြီး မင်းကို ဂုဏ်ပြုဖို့ ငါတို့ရောက်လာတာပါ ... အခု ခွန်လွန်မှာ နောက်ထပ် ထောက်တိုင်တစ်ခု ရှိလာပါပြီ ဟားဟားဟား။ ”
ငွေနဂါးဘုရင်က တိုက်ပွဲအကြောင်း မသိသလို ရယ်မောကာ နှုတ်ဆက်လိုက်သည်။
“ ဟန်ဆောင်နေတာကို ရပ်စမ်း တျန်ရွှမ်ဇီက မင်းတို့ဧကရီရဲ့ အမိန့်နဲ့ဆိုတာ လူတိုင်းသိတယ် ... ဒါကိုတောင် ဂုဏ်ပြုဖို့ လာတယ်လို့ ပြောဝံ့လား ဘယ်လောက် အရှက်မဲ့လိုက်တဲ့ ဧကရာဇ်တွေလဲ။ ”
ကျန့်ကျင်းရှန်မှ ပြန်လည် အော်ဟစ် လိုက်တော့၏။
“ ဧကရီရဲ့လက်ဆောင်က ဘယ်မှာလဲ ... လူတိုင်း လက်ဗလာနဲ့ ... ဒီကိုလာဖို့ အမိန့်ပေး လိုက်တယ်လို့ ... ငါ့ကို မပြောနဲ့။ ”
အသူရာ စပါးအုံး မဟာ သူတော်စင်မှလည်း မကျေမနပ်ဖြင့် မေးမြန်း လိုက်သည်။
“ သက်တံ ...ဧကရီက မင်းကို ရှေးဟောင်း ပျက်သုဉ်းမြေရဲ့ ဓားဧကရာဇ်ဘွဲ့ကို အပ်နှင်းဖို့ စီစဉ်နေပြီး မြင့်မြတ်မြေ အားလုံးကို အုပ်ချုပ် စေချင်နေတယ် ...
... မင်းက အရှေ့ဘက် ပျက်စီးမြေရဲ့ အရှင်သခင် ဖြစ်နေပါပြီ ... ဒီလက်ဆောင်ကို မင်းကျေနပ်ရဲ့လားလို့ ငါသိချင်ပါတယ်။ ”
“ စိတ်မဝင်စားဘူး ... ငါဧကရာဇ် ဖြစ်လာတဲ့အတွက် အတိတ်က ရန်ငြိုးတွေကို ဖယ်ရှားလိုက်ပြီ ... ဒါပေမယ့် ဒီနေ့ကစပြီး ...
... ဓားဂိုဏ်းနဲ့ ငါ့တပည့်ကို အနိုင်ကျင့်ဖို့ သတ္တိရှိနေရင် ငါ့ဓားက လူ မရွေးဘူး ... မင်းတို့ မယုံရင် စမ်းကြည့်နိုင်တယ်။ ”
သက်တံဓားဧကရာဇ်က ဧကရာဇ် နယ်ပယ်သို့ ရောက်ရှိပြီးနောက် ဆက်လက် ယဉ်ကျေး မနေတော့ချေ။
ထို့နောက် အရိယာ တောင်ထိပ်၏ ဦးတည်ရာသို့ မျှော်ကြည့်ပြီး မျက်နှာပျက်ယွင်း ကာ ငွေနဂါးဘုရင်ထံ ပြန်လှည့်ကြည့်လျက်၊
“ ရှေးဟောင်း ပျက်သုဉ်းမြေရဲ့ နဂါးသွေးပြန်ကြောကို မင်းတို့ လိုက်ဝံ့သလား။ ”
-ဟု အော်ငေါက် လိုက်တော့၏။
***