← Chapters

ဓားဂိုဏ်းရဲ့ သဘောထားကို ငါတို့ပြရမယ် မဟုတ်လား။

Vol. 176 Ch. 2454

ဓားဂိုဏ်းရဲ့ သဘောထားကို ငါတို့ပြရမယ် မဟုတ်လား။

Vol. 176 Ch. 2454

သက်တံဓား ဧကရာဇ်၏ စကားများသည် လူတိုင်း မျက်နှာများကို ပြောင်းလဲ သွားစေ၏။ အဆုံးတွင် ငွေနဂါးဘုရင်၏ ရည်ရွယ်ချက်ကို သိရှိလာကြသည်။

သူတို့သည် ဂုဏ်ပြုရန် ဆိုသော်လည်း ရည်ရွယ်ချက် အမှန်မှာ နဂါးသွေးပြန်ကြော ဖြစ်သည်။

“ ဒီမှာနေပါ ... ။ ”

သက်တံဓားဧကရာဇ်က အရိယာ ကောင်းကင် တောင်ထိပ်သို့ သွားလိုသောအခါ ငွေနဂါးဘုရင်က သူ့ကို တားလိုက်၏။

၎င်းထံမှ တန်ခိုးကြီးသော ရောင်ဝါတစ်ခု လွင့်ထွက်သွားပြီး လက်မှ ငွေရောင်အဆင်းများ ပွင့်လာ၏။ ဤသည်မှာ ငွေနဂါး လက်သည်း ဖြစ်ချေပြီ။

လင်းယွန်တစ်ယောက် မျက်နှာ ပြောင်းသွားသော်လည်း ဤအတိုင်းအတာ တိုက်ပွဲ၌ သူ ဝင်ရောက် မစွက်ဖက်နိုင်မှန်း သိထားသည်။

ထို့ကြောင့် လူတိုင်းကို နဂါးပြာ နတ်ဆေးအိုးထံခေါ်ပြီး ပြန်ဆုတ်သွားလိုက်၏။ လူတိုင်း နတ်ဆေးအိုးပေါ် ရောက်သည်နှင့် ရောင်ဝါတစ်ခုက ဖုံးအုပ်လာသည်။

ငွေနဂါးဘုရင် ခွန်အားသည် ဒဏ္ဍာရီလာ ဧကရာဇ်များ နောက်တွင် ဒုတိယ လိုက်သည်။ ဤသို့ တိုက်ခိုက်ခြင်းသည် သက်တံဓားအတွက် စိုးရိမ်စရာ ဖြစ်၏။

သို့သော် သက်တံဓား ဧကရာဇ်က ထိုလက်ဖဝါးကို ကြောက်ရွံ့ခြင်း မရှိခဲ့ဘဲ ထိပ်တိုက် ရင်ဆိုင်သည်။

တစ်ချိန်တည်းမှာပင် ဓားရောင်ခြည်များ ကောင်းကင်ပေါ် ပျံတက်သွားပြီး ကောင်းကင် (၃၆)လွှာကို ထိုးဖောက်သွား၏။

ငွေနဂါးဘုရင်သည် သူ့ကိုယ်သူ တည်ငြိမ်မှုမပြမီ ထိုအကျိုးသက်ရောက်မှုဖြင့် ယိမ်းယိုင်ကာ ပြန်ဆုတ်သွားခဲ့သည်။

ရလာဒ်သည် ငွေနဂါးဘုရင်အား အံ့အားသင့်စေ၏။ ဧကရာဇ်နယ်ပယ် ရောက်ရှိ ပြီးနောက် ဤမျှ ပြင်းထန်လိမ့်မည်ဟု မမျှော်လင့်ထားချေ။

ဧကရာဇ်နန်းတော်မှ ဧကရာဇ် အကြီးအကဲနှစ်ဦးသည် မိုးပြာနဂါး မျိုးရိုးနှင့် နတ်ဖီးနစ် တောင်တန်း၏ ဧကရာဇ်များကို ရင်ဆိုင်လိုက်ရ၏။

မြင့်မြတ်မြေ သုံးပါးမှ ဧကရာဇ်များ အတွက်မူ ငွေနဂါးဘုရင်နှင့်အတူ ဝင်ရောက် တိုက်ခိုက်တော့သည်။ ငွေနဂါးဘုရင်က၊

“ သူ့ကို ဧကရာဇ် နယ်ပယ်ထဲ ... အခုမှ ရောက်လာတဲ့ လူလို မဆက်ဆံပါနဲ့။ ”

-ဟု အော်ဟစ် သတိပေး၏။

ဤသည်မှာ အရေးကြီးသော အခိုက်အတန့်ဖြစ်ပြီး အုပ်စုဖွဲ့နေခြင်းဖြင့်ပင် သက်တံဓားဧကရာဇ်ကို မခံနိုင်ချေ။

တစ်ချိန်တည်းမှာပင် မိုးကုပ်စက်ဝိုင်း အစပ်ထံမှ ဓားမြည်သံနှင့် နဂါးဟောက်သံများ ထွက်ပေါ်လာသည်။

ခရမ်း-ရွှေရောင် နတ်နဂါးနှင့် တိုက်ခိုက်နေသော အဖြူဝတ် ဓားသမားကို ဖျတ်ခနဲ မြင်နိုင်မည်။

ဤသည်မှာ ယုချင်းဖန်နှင့် ဧကရီတို့ ဖြစ်သည်။ သို့သော် ခရမ်း-ရွှေရောင် နတ်နဂါးမှ မှေးမှိန်သော နတ်ဘုရား ရောင်ဝါကို ခံစားရ သဖြင့် လင်းယွန်တစ်ယောက် မျက်ဝန်းများ မှေးစေးသွား၏။

“ အမည်ခံ နတ်ဘုရား ... ။ ”

နတ်ဖီးနစ် တောင်တန်း သခင်မှ လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။ လင်းယွန်က အသက် ပြင်းပြင်းရှူကာ၊

“ ယုချင်းဖန်ကို ယုံတယ် ... ။ ”

-ဟု အံကြိတ်ကာ ပြောမိသည်။

ခွန်လွန်အပြင်တွင် သူ မြင်ခဲ့ရသော ယုချင်းဖန်သည် ချီလင်ဓားတန်ခိုးရှင် ကိုပင် တိုက်ခိုက်ဝံ့သူ ဖြစ်၏။

အမည်ခံ နတ်ဘုရား နယ်ပယ်ဖြင့် နှိမ်နှင်းနိုင်မည်ဟု ထင်နေပါက ဧကရီအတွက် ဆုံးရှုံးမှုကို ခံစားရပေမည်။

“ ဝှစ် ... ။ ”

ထိုအချိန်၌ အရိယာ တောင်ထိပ်သို့ ဓားမော့နှင့် မီးဧကရာဇ် ဆင်းသက်လာသည်။ သူတို့လှုပ်ရှားတော့မည့် အချိန်တွင် ဧကရာဇ်နက် ပေါ်လာ၏။

“ ဧကရာဇ်နက် ... မင်း သစ္စာဖောက်ပဲ၊ ဧကရာဇ်ဖြူနဲ့ ပူးပေါင်းတာ ... မင်းအတွက် ဒုက္ခထက် ဘာမှ ပိုရလာမှာ မဟုတ်ဘူး။ ”

ဓားမော့ဧကရာဇ်မှ ပြောသည်။

ဧကရာဇ်နက်က သက်ပြင်းချလိုက်၏။ ဤနှစ်ယောက်ကို မတားနိုင်မှန်း သူ သိသည်။

“ ငါအရင် ဝင်လိုက်မယ် ... မင်းတို့နှစ်ယောက် စကားစမြည် ပြောနေခဲ့ကြဦး။ ”

မီးဧကရာဇ်က သူတို့နှစ်ဦးကြား မပါဝင်လိုသဖြင့် ငရဲနန်းတော်ထံ လျှောက်လှမ်း သွားခဲ့၏။

ဓားမော့ဧကရာဇ်သည် သူ့ထံ စိုက်ကြည့် နေသဖြင့် ဧကရာဇ်နက်ခမျာ ဟန့်တားနိုင်ခြင်း မရှိတော့ချေ။

“ ဒါက အဓိပ္ပါယ် မရှိပါဘူး ... ဒီနေရာက နဂါးသွေးပြန်ကြောကို ချိုးနှိမ်နိုင်ရင်တောင် သူ နတ်ဘုရား ဖြစ်နိုင်မှာ မဟုတ်ဘူး။ ”

ဧကရာဇ်နက်က ခေါင်းယမ်းကာပြောသည်။

“ ဒီကိစ္စ အဓိပ္ပါယ်ရှိ-မရှိ သိနိုင်ဖို့ ကြိုးစားကြည့်ရမယ် ... ယုချင်းဖန်တောင် ဒီအရေးကို ပြောင်းလဲလို့ မရပါဘူး။ ”

“ ဒါဆို စောင့်ကြည့်ရအောင်။ ”

ဧကရာဇ်နက်က ပြုံးလိုက်သည်။ အချင်းချင်းက အစွမ်းသတ္တိကို သိနေကြသဖြင့် နှစ်ယောက်သား ထိုင်နေလိုက်ကြသည်။

မီးဧကရာဇ်က ငရဲနန်းတော်သို့ ဝင်လိုက် သည်နှင့် စောင့်ကြပ်နေသော အလင်းမြူ မဟာ သူတော်စင်ကို မြင်လိုက်ရ၏။

အလင်းမြူ မဟာသူတော်စင်ကလည်း မီးဧကရာဇ်ထံ ပြန်ကြည့်ပြီး စိတ်ပျက်သွာ ခဲ့ လေသည်။

သာမန် ဧကရာဇ် တစ်ပါးသာ ဆိုသော် တိုက်ခိုက်ရန် အခွင့်အရေး ရနိုင်၏။ ဒဏ္ဍာရီလာ ဧကရာဇ်များအတွက်မူ မျှော်လင့်ချက် မရှိချေ။

“ မင်း ဒီမှာနေတာ ... ဘယ်လောက်ကြာပြီလဲ။ ”

မီးဧကရာဇ်က ပြုံးလျက် ထိုင်စရာနေရာ ရှာလိုက်သည်။ အလင်းမြူ မဟာ သူတော်စင်က ထိုမေးခွန်းကို မည်သို့ဖြေရမည်မှန်း မသိချေ။

“ စိတ်မပူပါနဲ့ ... ငါဘယ်သူကိုမှ မသတ်ပါဘူး။ ”

“ မင်း နဂါးသွေးပြန်ကြော အတွက် လာခဲ့တာ မဟုတ်လား ငါမင်းကို မတားနိုင်ဘူး ဆိုတာ ငါသိပါတယ်။ ”

“ အလျင်မလိုပါဘူး ... ခဏ စောင့်ရအောင်။ ”

မီးဧကရာဇ်က ခေါင်းယမ်းလိုက်ပြီး အလင်းမြူ မဟာသူတော်စင် အနား ဝင်ထိုင် လိုက်သည်။ အလင်းမြူ မဟာသူတော်စင်က အံ့သြသွား၏။

“ ယုချင်းဖန်နဲ့ ချန်ယန်ရဲ့ တိုက်ပွဲကို စောင့်ရမယ်။ ”

မီးဧကရာဇ်က ပြုံးကာ ရှင်းပြသည်။

“ ချန်ယန် နိုင်ရင် နဂါးသွေးကြောကို ငါ ယူသွားမယ် ... ယုချင်းဖန် နိုင်ရင်တော့ မင်းနဲ့ စကားပြောဖို့ ... ငါဒီမှာ ရှိခဲ့တယ်။ ”

“ သရေ ဆိုရင်ရော ... ။ ”

“ တကယ်လို့ သရေကျရင် နဂါး သွေးပြန်ကြောကို မယူတော့ဘဲ တံဆိပ်ခတ်ဖို့ နဂါးနှိမ်နှင်းရေး ကျောက်တိုင်ကို ထားခဲ့မယ်။ ”

အလင်းမြူ မဟာသူတော်စင်က မျက်မှောင်ကြုတ်သွားသည်။

“ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်က နဂါးနှိမ်နင်းရေး ကျောက်တိုင်ကိုးခုကို သန့်စင်ခဲ့ တယ်လို့ ကြားတယ် ...

... ဒါက အခမ်းအနားကျင်းပတဲ့ အခါ အဲဒီကျောက်တိုင်ကနေ နဂါးသွေးပြန်ကြောရဲ့ စွမ်းအားကို ထုတ်ယူနိုင်တယ် မဟုတ်လား။ ”

အလင်းမြူ အဟာ သူတော်စင်မှ မေးမြန်းလိုက်သည်။

“ မှန်ပါတယ် ... ဒါပေမယ့် ယူသွားတာနဲ့ တံဆိပ်ခတ်တာ မတူပါဘူး ပန်းသင်္ချိုင်းအတွက် ဒါမှမဟုတ် ဓားဂိုဏ်းအတွက် အချိန် ဝယ်ယူ နိုင်ပါတယ်။ ”

မီးဧကရာဇ်က ခေါင်းညိတ်ပြသည်။ ၎င်းကပင်၊

“ အခမ်းအနားမှာ ဧကရီကို အနိုင်ယူဖို့ ခွန်အား ရှိနေသရွေ့ ... နဂါး သွေးပြန်ကြောကို ကာကွယ်နိုင်မှာပါ ... အဲဒီအချိန် ...

... မင်းရဲ့ ဓားဂိုဏ်းကတောင် အစီရင်ကိုသုံးပြီး နဂါးသွေးပြန်ကြောတွေကို ... အသုံးပြု နိုင်ပါသေးတယ်။ ”

ထိုစကားအပေါ် အလင်းမြူ မဟာ သူတော်စင်မှ ပြန်၍ချေပရန် အကြောင်းပြချက် ရှာမတွေ့ခဲ့ချေ။

ထို့ကြောင့် သူက၊

“ ဒီလိုလုပ်ဖို့ တကယ် ဆုံးဖြတ်ပြီးပြီလား။ ”

-ဟု ပြန်မေးမိ၏။

မီးဧကရာဇ်က ခေါင်းညိတ်ပြီး၊

“ ကမ္ဘာကြီးက အဖြူနဲ့အမည်း နှစ်မျိုးတည်းရှိနေတာ မဟုတ်ပါဘူး ... ငါက အစွန်းရောက်တာ မကြိုက်ဘူး၊ ဘယ်သူ့ကို မှလည်း မနှိမ့်ချဘူး ... ဘာပဲဖြစ်ဖြစ် မင်းရဲ့ အကူအညီလိုတယ် ...

... ဒီလိုမှ မဟုတ်ရင် တံဆိပ်တွေ ချိုးဖျက်ဖို့ ငါ့ခွန်အားကို သုံးရလိမ့်မယ့် အဲဒါက ဓားဂိုဏ်းရဲ့ အပြစ်မဲ့ အသက်ပေါင်း များစွာကို ပျက်စီးစေတယ်။ ”

မီးဧကရာဇ် ပြောသော စကားသည် အမှန်တရား ဖြစ်သောကြောင့် အလင်းမြူ မဟာ သူတော်စင်က အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

“ မင်း ကတိတည်မှာလား။ ”

“ ငါက ဧကရာဇ်ပါ ... လွန်ခဲ့တဲ့ အနှစ်သုံးထောင် အကျပ်အတည်း အတွင်းမှာ အသက်ပေါင်းများစွာ ကယ်တင်ခဲ့တယ်။ ”

“ ကောင်းပြီ ငါယုံတယ်။ ”

အလင်းမြူ မဟာ သူတော်စင်က ခေါင်းညိတ်ပြလိုက်သည်။ သို့မှသာ မီးဧကရာဇ် သက်ပြင်းချသွား၏။

“ မင်းသဘော မတူရင် ... ငါ ဘာဆက်လုပ်ရမှန်း မသိတော့ဘူး ... မင်းငါ့ကို အများကြီး ကူညီပေးလိုက်တာပဲ။ ”

ထို့နောက် မီးတောက် နတ်ဘုရားဝိုင်ကို ထုတ်ကာ အလင်းမြူမဟာသူတော်စင်အတွက် တစ်ခွက် လောင်းထည့် ပေးလိုက်၏။

အလင်းမြူ မဟာ သူတော်စင်က တစ်ငုံသောက် လိုက်ပြီး သူ့တစ်ကိုယ်လုံး နွေးထွေးမှုကို ခံစားလိုက်ရသည်။

ခန္ဓာကိုယ်ရှိ ဖုံးကွယ်ထားသော ဒဏ်ရာများပင် ပြန်လည် သက်သာပျောက်ကင်း သွားတော့၏။

“ ကောင်းလိုက်တဲ့ ဝိုင် ... ။ ”

မဆိုင်းမတွ ချီးမွှမ်းလိုက်သည်။

“ မင်းဒီမှာ စောင့်နေတာ ဘယ်လောက်ကြာပြီလဲ။ ”

အလင်းမြူ မဟာ သူတော်စင်က သက်ပြင်းချလျက်၊

“ ငါ မမှတ်မိဘူး ... အရင်တုန်းကတော့ ငါတို့ဆရာ မသေခင်အထိ ဒီနေရာကို ဧကရာဇ် တွေက စောင့်ကြပ်ရတယ်၊ အနည်းဆုံး အနှစ် နှစ်ထောင်လောက် ရှိပြီ ထင်တယ် … ။ ”

“ သနားစရာပဲ ... တကယ်တော့ ယုချင်းဖန်နဲ့အတူ ရှေးဟောင်း ​ပျက်သုဉ်းမြေရဲ့ နဂါးသွေးပြန်ကြောကို ဘယ်သူ လိုက်ဝံ့မှာလဲ အခု မင်းအတွက် အနှစ် ...

... နှစ်ထောင်လောက် ဖြုန်းတီးမိပြီ ... ဒီကာလက ဧကရာဇ်ဘုံ ရောက်ဖို့ အခွင့်အရေး ​ရနိုင်တယ်။ ”

မီးဧကရာဇ်က ပြောကြားခဲ့သည်။ ထိုရလာဒ်အပေါ် အလင်းမြူ မဟာသူတော်စင်မှ ဂရုမစိုက်ဘဲ ပြုံးလျက်၊

“ ဒါပေမယ့် ဓားဂိုဏ်းရဲ့ သဘောထားကို ငါတို့ပြရမယ် မဟုတ်လား။ ”

-ဟု တုန့်ပြန်လိုက်၏။

နှစ်ယောက်သား အေးအေးလူလူ စကားစမြည် ပြောနေကြသည်။ တစ်နာရီ အကြာ၌ မီးဧကရာဇ်က၊

“ ရလဒ် ထွက်လာပြီ။ ”

-ဟု ဆိုလေသည်။

“ ဘယ်လိုလဲ ... ။ ”

အလင်းမြူ မဟာ သူတော်စင်က စိတ်လှုပ်ရှားလာ၏။

“ ငါ့ကို ကြည့်ခွင့်ပြုပါ ... ။ ”

မီးဧကရာဇ်က မျက်လုံးများ မှိတ်လျက် ရှေးဟောင်း ပျက်သုဉ်းမြေ နယ်နိမိတ်ဆီသို့ သူ့အာရုံများ ဖြန့်ကျက်လိုက်သည်။

ခရမ်း-ရွှေရောင် နတ်နဂါးထံမှ ထုတ်လွှတ်သော ရောင်ခြည်က မှိန်ဖျော့လျက် ကြာကြာ မခံတော့သဖြင့် အံ့အားသင့် သွားမိသည်။

ယုချင်းဖန် နှုတ်ခမ်းတွင် သွေးများ စီးကျနေသော်လည်း သူ့ထံ လှည့်ကြည့်ကာ ပြုံးပြလေသည်။

မီးဧကရာဇ်က မျက်လုံးများ ပြန်ဖွင့်လိုက်ပြီး၊

“ ချန်ယန်တောင် ... ယုချင်းဖန်ကို ဒဏ်ရာကြီးကြီးမားမား မပေးနိုင်ဘူးလား ဒါက မယုံနိုင်စရာ ပါပဲ။ ”

“ ယုချင်းဖန် အနိုင်ရခဲ့တာလား ... ။ ”

“ သရေ ... ။ ”

အလင်းမြူမဟာ သူတော်စင် တစ်ယောက် သက်ပြင်းချက်လျက်၊

“ ဒါဆို သဘောတူညီချက် အတိုင်း ဆက်လုပ်ရအောင်။ ”

-ဟု ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းလိုက်တာ ... ။ ”

မီးဧကရာဇ်မှလည်း ခေါင်းညိတ်ကာ လက်သီးဆုပ်လျက် အသိအမှတ် ပြုတော့၏။

“ မင်းရဲ့ ခွန်အားနဲ့ ... ငါ့အမြင်ကို မေးနေစရာ မလိုပါဘူး ... လာပါ။ ”

အလင်းမြူ မဟာ သူတော်စင်က နဂါးနှိမ်နင်းခြင်း ကျောက်တိုင်ကို စိုက်ထူခွင့် ပြုလိုက်သည်။

ကြက်သွေးရောင် တောင်ထိပ်တွင် မြင့်မြတ်မြေသုံးပါးမှ ဧကရာဇ်များ၏ ရင်ဘတ်၌ ဓားရောင်ခြည် ထိုးဖောက်နေကာ ဒူးတစ်ဖက် ထောက်ကျသွားသည်။

ငွေနဂါး ဘုရင် သာလျှင် သက်တံဓား ဧကရာဇ်၏ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည်။ ယုချင်းဖန်ကို တွန်းလှန်နိုင်သည့် ဓားသည် မည်မျှ အစွမ်းထက်သည်ကို မြင်နိုင်၏။

“ အနန္တဓားများ ပေါင်းစည်းခြင်း။ ”

သက်တံဓား ဧကရာဇ်က မရေမတွက်နိုင်သော ဓားရောင်ခြည်များဖြင့် ငွေနဂါးဘုရင် နောက်ကွယ်ရှိ နတ်နဂါးကို ပစ်ချလိုက်သည်။

“ ခရစ် ... ။ ”

ငွေနဂါးဘုရင်ခမျာ ငွေချပ်ဝတ် ချက်ချင်းကွဲကြေလျက် သွေးများဖြင့် ဖုံးလွှမ်း သွားတော့သည်။

“ ဝှစ် ... ။ ”

ဧကရာဇ်နန်းတော်မှ အကြီးအကဲနှစ်ဦး သည်လည်း ငွေနဂါးဘုရင်ကို ထောက်ပံ့ပေးရန် အလျင်အမြန် ရောက်ရှိကြ၏။

“ ဟား ဟား ဟား ... ဒီဓားဟာ ဟိုတုန်းက ငါ့ဓားရဲ့ ထက်ဝက်နီးပါး တန်ခိုး ရှိတယ်။ ”

ရုတ်တရက် ရယ်မောသံများနှင့်အတူ ယုချင်းဖန် ဆင်းသက်လာသည်။ ထို့နောက်တွင် ဧကရီသည်လည်း ရောက်ရှိလာတော့၏။

***

All Chapters