← Chapters

ပိုးဖလံ ... ။

Vol. 176 Ch. 2455

ပိုးဖလံ ... ။

Vol. 176 Ch. 2455

“ မင်္ဂလာပါ ဧကရီ ... ။ ”

ငွေနဂါးဘုရင်နှင့် ဧကရာဇ်များက မြေပြင်ပေါ်တွင် ဒူးတစ်ဖက် ထောက်ကာ လက်သီးများ ယှက်ကိုင်ပြလိုက်၏။

ဓားဂိုဏ်းဘက်မှ လူတိုင်းသည် ဤအပြုအမူမျိုး မပေးလိုသဖြင့် လျစ်လျူရှု ထားကြသည်။ သူတို့က ယုချင်းဖန်ကိုသာ အသိအမှတ်ပြုဟန် လက်သီးဆုပ်ပြ၏။

ဧကရီက လင်းယွန်နှင့် ဆုစီယာတို့ကို တစ်ချက်မျှ လှမ်းကြည့်ကာ အဆုံးတွင် သူမ အကြည့်များက သက်တံဓား ဧကရာဇ်ပေါ် ကျရောက်သွားသည်။

“ သက်တံ ... ဧကရာဇ်နယ်ပယ်ကို ရောက်ရှိလာတဲ့ အတွက် ဂုဏ်ယူပါတယ်။ ”

“ မင်းရဲ့ စိုးရိမ်မှုသာ မရှိရင် ... ငါ့ရဲ့ဒုက္ခက ပိုလွယ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ”

သက်တံဓား ဧကရာဇ်က ချက်ချင်း တုန့်ပြန်သည်။ ဧကရီကိုမျက်နှာသာ မပေးချေ။ ဧကရီက၊

“ မင်းပြောတာ မှန်တယ် ... မင်းက ဉာဏ်ကောင်းတယ် ... မင်းကိုသာ ဧကရာဇ် ဖြစ်မလာအောင် ငါတားဖို့ စိတ်ပိုင်းဖြတ်ထားရင် ငါ့ကို ဘယ်သူမှ တားနိုင်မှာ မဟုတ်ဘူးဆိုတာ သိထားပါ။ ”

“ ဒါက မသေချာသေးပါဘူး။ ”

ယုချင်းဖန်က ပြုံးပြီးဝင်ပြောလိုက်သည်။ သက်တံဓား ဧကရာဇ်သည် သူမကို မျက်နှာသာ မပေးသည် သာမက ယုချင်းဖန်သည်ပင် လှောင်ပြောင်နေခဲ့၏။

ဆိုလိုသည်မှာ ဧကရီသည် သက်တံဓား ဧကရာဇ်ကို ဧကရာဇ်ဘုံသို့ မရောက်ရှိအောင် တားဆီးရန် စိတ်ပိုင်းဖြတ်ထားသော် ဧကရာဇ် နန်းတော်မှ မည်သူမျှ ဧကရာဇ် ဖြစ်လာမည် မဟုတ်ကြောင်း ယုချင်းဖန်က ပြောလိုခြင်း ဖြစ်ချေပြီ။

ဧကရီက မျက်နှာပြောင်းသွားပြီး သတ်ဖြတ်လိုသော အကြည့်ဖြင့် ယုချင်းဖန်ထံ စိုက်ကြည့်သည်။

“ မင်း ... တိုက်ချင်သေးလို့လား ... အမည်ခံနတ်ဘုရား နယ်မြေက ပြိုင်ဘက်ကင်း ပြီလို့ ထင်နေတာလား။ ”

ယုချင်းဖန်က မျက်ခုံးပင့်ကာ မေးလိုက်သည်။ ထိုစဉ် ဓားမော့ဧကရာဇ်နှင့် မီးဧကရာဇ်တို့ ရောက်ရှိလာ၏။

မီးဧကရာဇ်က ဧကရီကို စိတ်သက်သာရာ ရစေရန် ခေါင်းညိတ်ပြသည်။

“ ငါ့ညီလေး ဘယ်မှာလဲ။ ”

သက်တံဓား ဧကရာဇ်က လူသတ်ရန် ရည်ရွယ်ချက်ကို ထုတ်ပြကာ မေးလိုက်သည်။

“ သူ အဆင်ပြေပါတယ်၊ စိတ်မပူပါနဲ့ ... ။ ”

မီးဧကရာဇ်က ပြန်ဖြေသည်။

“ အစ်ကိုကျန့် ... ငါ အဆင်ပြေပါတယ်။ ”

အလင်းမြူ မဟာ သူတော်စင်က အရိယာတောင်ထိပ်မှ ပျံထွက်လာလျက်မှ ပြောကြားလာသည်။

“ နောက်မှ ပြောပြမယ် ... ။ ”

သက်တံဓား ဧကရာဇ်မှ နဂါးသွေးလွှတ်ကြော အကြောင်း မေးလိုမှန်း သိသဖြင့် အလင်းမြူ မဟာသူတော်စင်က လူအုပ်ထံ ဝေ့ကြည့်ကာ မပြောလိုခဲ့ချေ။

“ ဆုစီယာ ... နင်ငါ့ကို တွေ့ပြီးတာတောင် အမှားကို ဘာလို့ ဝန်မခံရတာလဲ ... ။ ”

ဧကရီက ဒေါသကို ထိန်းလျက် အေးစက်စွာ ပြောလိုက်သည်။

“ ငါ့ဆရာရဲ့ ဒုက္ခမှာ ကူညီဖို့ လာတာ ဘာမှားလို့လဲ ...သူ မမှားပါဘူး။ ”

လင်းယွန်က ဆုစီယာရှေ့ ဝင်ရပ်ကာ ဧကရီကို မကြောက်မရွံ့ ပြန်ကြည့်နေခဲ့သည်။

“ သူ သိတယ် ... ဆုစီယာ နင် ငါနဲ့လိုက်လာမလား ... ဒါမှမဟုတ် နင့်ကို ခေါ်သွားစေချင်လား။ ”

“ လိုက်ခဲ့မယ် ... ။ ”

ဆုစီယာက အသက်ပြင်းပြင်းရှူလျက်၊

“ ဧကရာဇ် နှလုံးသားသုတ္တန်က ... ပိုချစ်လေလေ ... နာကျင်ရ လေလေပဲ ... ဒါပေမယ့် ငါနင်နဲ့အတူ ရှိနေရတာကို ပျော်မိတယ် ...

... ဒီနေ့ ငါ့ကို ခေါ်သွားတဲ့အတွက် ... တစ်နေ့မှာ နင်ငါ့ကို ပြန်လာခေါ် နိုင်ရမယ် ... လင်းယွန် ... နင်ကတိပေးပါ ... ။ ”

“ သေချာပေါက် ငါလာခေါ်မယ်။ ”

“ ငါယုံတယ်။ ”

ဆုစီယာက နူးညံ့သောအပြုံးနှင့် လင်းယွန် နှုတ်ခမ်းကို နမ်းသည်။ ဧကရီမှ ရှုပ်ထွေးသော အကြည့်ဖြင့် စိုက်ကြည့်နေ၏။

“ ဝှစ် ... ။ ”

ထို့နောက် နဂါးပြာ နတ်ဆေးအိုး အပေါ်မှ ခုန်ချကာ ဧကရီနှင့်အတူ ပျံသန်း ပျောက်ကွယ် သွားတော့သည်။

“ နဂါး သွေးပြန်ကြောက ... အခြေအနေ မကောင်းဘူးလို့ ထင်တယ်။ ”

ယုချင်းဖန်စကားက လူအုပ်ကို သတိ ပြန်ဝင်လာစေသည်။ လူတိုင်း လှည့်ကြည့်သဖြင့် အလင်းမြူ မဟာသူတော်စင်က ဖြစ်ပျက်သမျှ ပြန်ပြောပြ လိုက်၏။

ဤသည်မှာ နဂါး သွေးပြန်ကြောကို ထုတ်ယူခြင်းနှင့် ကွာခြားချက် မရှိသောကြောင့် လူတိုင်း၏ မျက်နှာများ ညှိုးနွမ်းသွားသည်။

“ ကိုယ့်ကိုကိုယ် အပြစ်တင် နေစရာ မလိုပါဘူး ... ငါသာ မင်းဆိုရင်လည်း ဒီလိုပဲ ဆုံးဖြတ်မိလိမ့်မယ်။ ”

သက်တံဓားဧကရာဇ်က နှစ်သိမ့်သည်။

“ ဒါက ငါ့အပြစ်ပဲ ... ချန်ယန်ကို အမည်ခံ နတ်ဘုရား ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထား မိဘူး ... အခု သူ့ကို အနိုင်ယူဖို့က ခက်သွားပြီ။ ”

ဓားဧကရာဇ်မှ ကူညီပေးခဲ့သည်မို့ လူတိုင်းသည် ကျေးဇူးတင်ကြပြီး သူ့ကို အပြစ် မတင်ကြချေ။

“ ဒီအတွက် စိတ်ပူနေစရာ မလိုပါဘူး ... နဂါးသွေးပြန်ကြောကို ထုတ်ယူလို့ ဓားဂိုဏ်း ပျက်စီးရင်တောင် ... ဓားဂိုဏ်းရဲ့ အမွေကို ကောင်းကင်တာအို ဂိုဏ်းဆီ ...

... ရွေ့ထားလို့ ရပါတယ် ဂိုဏ်းနှစ်ခုကို ပေါင်းစည်းနိုင်တယ်လို့ ... လက်သီး တစ်ထောင် မဟာ သူတော်စင်က ပြောကြားခဲ့ပါတယ်၊ ...

... ပြီးတော့ ညီလေးက ဧကရာဇ်ဓားကို ပြန်ယူပေး နိုင်သရွေ့ ... အချိန်မရွေး ဂိုဏ်းချုပ် ရာထူး ခန့်အပ်မှာပါ။ ”

ယဲ့ကူဟန်က ဝင်ရောက် ပြောကြား လာခဲ့သည်။ ကောင်းကင် တာအို ဂိုဏ်းသည် သွေးလဂိုဏ်းနှင့် ဝိညာဉ်နတ်မိစ္ဆာ မျိုးရိုးကြောင့် အကြီးအကျယ် အကြပ်ရိုက်သွား၏။

သူတို့သည် အရှေ့ဘက် ပျက်စီးမြေ၏ ခေါင်းဆောင် မြင့်မြတ်မြေ မဟုတ်တော့ချေ။ ဓားဂိုဏ်းသည်လည်း အပြင်းအထန် ထိုးနှက်ခံ ခဲ့ရသည်။

ထို့ကြောင့် နှစ်ဦးနှစ်ဖက် လိုအပ်ချက်များ အပေါ် ဖြည့်စည်းကာ ဆက်၍ရှင်သန်ရပေမည်။ အထူးသဖြင့် လင်းယွန်သည် နှစ်ဖက်စလုံး၌ အရေးပါသော နေရာတွင် ရှိနေသည်။

ဤနည်းဖြင့် အဖြစ်အပျက်များ ပြီးဆုံးသွားခဲ့သည်။ ဧကရီ ထွက်သွားပြီးနောက် ချီးကျူး ဂုဏ်ပြုရန် နေရာတိုင်းမှ အင်အားစုများ ရောက်ရှိလာကြသည်။

တစ္ဆေသခင်က လင်းယွန်ကို လူအုပ်အတွင်းမှ ဆွဲထုတ်လိုက်သည်။

“ လင်းယွန် ... နတ်သမီးက နတ်မိစ္ဆာ ဧကရာဇ်ရဲ့ အမွေကို လက်ခံပြီးရင် ... နတ်မိစ္ဆာ တံခါးရဲ့ သခင် ဖြစ်လာလိမ့်မယ် ...

... အဲဒီအချိန် သူမက မင်းနဲ့ဆက်ဆံရေး အပါအဝင် အရာများစွာကို စွန့်လွှတ်ရလိမ့်မယ် ဒါကြောင့် နောက်ဆုံးအနေနဲ့ သူမက မင်း ဆရာကို ကူညီဖို့ ... တောင်းဆိုခဲ့တယ်။ ”

“ ငါ့ဆရာကို ကူညီပေးလို့ ကျေးဇူး တင်ပါတယ်၊ ဒါပေမယ့် သူမ ဆုံးဖြတ်ချက်ကို ငါသဘော မတူဘူးလို့ ပြန်ပြောလိုက်ပါ ...

... တစ်စုံတစ်ယောက်က သူမကို အတင်းအကြပ် လုပ်ခိုင်းရင် နတ်မိစ္ဆာတံခါးကို ငါကိုယ်တိုင် ခရီးထွက်မယ် နတ်မိစ္ဆာ ဧကရာဇ် တောင်မှ သူမကို အမိန့်ပေးခွင့် မရှိဘူး။ ”

တစ္ဆေသခင်က အံ့အားသင့်သွားပြီး မိမိကိုယ်ကို လှောင်ပြောင်သော လေသံဖြင့်၊

“ နတ်မိစ္ဆာ ဧကရာဇ်က လွန်ခဲ့တဲ့ နှစ်ပေါင်းကိုးရာက ကွယ်လွန်သွားခဲ့ပြီးပြီ ... သူ ရှိနေရင်လည်း နတ်သမီးက မင်းနဲ့ အဆက် ဖြတ်ဖို့ မလိုအပ်ပါဘူး ...

... ဒါပေမယ့် အခု သူ မရှိတော့နဲ့အတွက် လူတချို့က နတ်သမီးကနေ နတ်မိစ္ဆာတံခါးကို မင်းချုပ်ကိုင်သွားမှာ ကြောက်နေကြတယ်။ ”

-ဟု ပွင့်ပင့်လင်းလင်း ပြောကြားလိုက်သည်။

“ နားလည်ပြီ ... ပြန်ပြောလိုက်ပါ ... နတ်မိစ္ဆာတံခါးရဲ့ ကိစ္စတွေကို ဝင်မစွက်ဖက်ဘူး နတ်မိစ္ဆာ တံခါးကလည်း အန်းလျူယွင်ရဲ့ ကိစ္စတွေကို မစွက်ဖက်ပါနဲ့ ... ငါ့မှာ လုပ်စရာ ရှိလို့ ခဏလောက် ခွင့်ပြုပါဦး။ ”

လင်းယွန်က တစ္ဆေသခင်ကို နှုတ်ဆက်ကာ သူ့ဆရာထံ လျှောက်လှမ်းသွားပြီး ခွင့်တောင်း လိုက်သည်။ သက်တံဓားက အဝေးသို့ လှမ်းကြည့်ကာ၊

“ မြန်မြန် ပြန်လာခဲ့ ... ဧကရာဇ် အဖြူ၊ အမည်း ရောက်နေပြီ သူတို့က မင်းလိုအပ်တဲ့ အရာတွေ ယူလာတယ် ပြောတယ်။ ”

-ဟု မှာကြားလိုက်၏။

လင်းယွန်က အံ့သြသွားသော်လည်း ခေါင်းညိတ်မိသည်။

“ လူယုတ်မာ ... ဘယ်သွားမလို့လဲ ... ဆုစီယာ လစ်တာနဲ့ ... နောက်တစ်ယောက်နဲ့ ရှုပ်ချင်နေတာလား ငါလည်းလိုက်မယ်။ ”

နှစ်ယောက်သား ကောင်းကင်ပေါ် ပျံတက်လိုက်ကြပြီး ဓားဂိုဏ်းဧရိယာ ပြင်ပရှိ တောင်ထိပ်ပေါ်သို့ ဆင်းသက်လိုက်သည်။

တောင်ပေါ်တွင် တိမ်များကို ငေးကြည့်နေသော မုရွယ်လင်က လှည့်ကြည့် လာလေသည်။

တစ်ဖက်လူသည် မုရွယ်လင်ဖြစ်မှန်း သိလိုက်သဖြင့် ခရမ်းငယ်မှ အမူအရာ ပြေလျော့ သွား၏။

“ မင်းရဲ့ အကူအညီအတွက် ... ကျေးဇူးတင်ပါတယ် သူတော်စင် အကြီးအကဲ။ ”

“ မင်းက ယဉ်ကျေးလွန်းနေပြီ။ ”

မုရွယ်လင်က ပြုံးပြီး ခေါင်းညိတ်သည်။ တစ်ယောက်ကို တစ်ယောက် အချိန်အတော် ကြာသည်အထိ စိုက်ကြည့်ကာ စကားမဆို ဖြစ်ကြချေ။

အဆုံးတွင် လင်းယွန်က တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်ပြီး၊

“ သူတော်စင် အကြီးအကဲ ... မင်း နတ်နဂါးအသံကို ဆုပ်ကိုင်နိုင်ပြီလား ... ။ ”

-ဟု မေးလိုက်၏။

မုရွယ်လင်က အသက်ပြင်းပြင်း ရှူလျက် သတ္တိများစုစည်းကာ၊

“ ကိုးပါး ကောင်းကင် ချပ်ဝတ်ကို တီးမှုတ်နေတဲ့ အချိန်မှာပဲ ... ငါအောင်မြင် သွားတယ်။ ”

-ဟု ဝန်ခံလိုက်၏။

“ မင်း ... ရောက်လာတုန်းက ငါ့ကို အရာအချို့သင်ပေးခဲ့တယ် အခုလည်း ကိုး​ပါး ကောင်းကင် ချပ်ဝတ် အတွက် အဆုံးထိ သင်ပေးခဲ့တယ်။ ”

ခရမ်းငယ်က မုရွယ်လင်စကားများ၏ အဓိပ္ပါယ်ကို နားမလည်နိုင်သဖြင့် ခေါင်းကုတ် လိုက်မိသည်။

ဤနှစ်ယောက်ကြားတွင် တစ်စုံတစ်ရာ ပတ်သတ်ဆက်နွယ်မှု ရှိနေကြောင်း ပြောနိုင်၏။ မုရွယ်လင်ကပင်၊

“ တစ်ချိန်က ပိုးဖလံတွေ မီးလောင်ပြီး သေရတာတောင် ဘာလို့များ မီးတောက်နောက် လိုက်နေရတာလဲလို့ ... ငါနားမလည်ခဲ့ဘူး၊

... ဒါပေမယ့် အခု ငါ အဖြေရသွားပြီ ... ဒီခံစားချက်ကို ငါ သဘောကျတယ် အမြဲတမ်း သိမ်းထားချင်တယ် ... မင်းအားတဲ့အချိန် နတ်တောင်မှာ ငါ့ကိုလာရှာပါ။ ”

​စကားဆုံသည်နှင့် မုရွယ်လင်က ပျံသန်း သွားသည်။ ခရမ်းငယ်ခမျာ မျက်လုံးပြူးလျက် အံ့ဩတကြီး ပြန်ကြည့် လိုက်တော့၏။

***

All Chapters