← Chapters

အုပ်စိုးရှင် နတ်ရူရ်များ ... ။

Vol. 176 Ch. 2456

အုပ်စိုးရှင် နတ်ရူရ်များ ... ။

Vol. 176 Ch. 2456

“ မင်းအားရင် နတ်တောင်မှာ ... ငါ့ကိုလာရှာပါ။ ”

ခရမ်းငယ် လင်းယွန်ကို ကြည့်ကာ ရေရွတ်လိုက်သည်။ ထိုစကားကိုကြားသောအခါ လင်းယွန်တစ်ယောက် ကူကယ်ရာမဲ့စွာ ပြုံးမိ၏။

ကိုးပါးကောင်းကင် ချပ်ဝတ်သည် ချစ်သူအတွက်သာ တီးခတ်နိုင်သော သီချင်းမျိုး ပေပင်။

“ ကောင်းပြီ ... ဟာသလုပ်တာတွေ ရပ်လိုက်တော့ ... ဧကရာဇ်အဖြူနဲ့ အမည်းက ငါ့အတွက် ရတနာတွေ ယူလာတယ်။ ”

“ ဒါဆို သွားရအောင်။ ”

ခရမ်းငယ်က စိတ်လှုပ်ရှား သွားသည်။ အဝေးမှပင် ကြယ်သွေးရောင် တောင်ထိပ်သည် လူစည်ကား နေသေးသည်ကို သတိထားမိ၏။

ဆရာသခင် ဒုက္ခခံယူနေချိန်တွင် ဤလူများသည် မကူညီကြဘဲ ဧကရာဇ် ဖြစ်လာ ပြီးနောက်မှသာ ထွက်လာဝံ့ကြသည်။

သို့သော် ဓားဂိုဏ်း၏ အနာဂါတ် တပည့်များအတွက် သက်တံဓား ဧကရာဇ်မှ ဆက်ဆံရေးကို အလေးပေးနေရဆဲ ဖြစ်၏။

“ အလျင်မလိုနဲ့ဦး ... ငါ့ဆရာက တစ်ယောက်တည်း ကျင့်ကြံနေရတာ ကြာပြီ သူ့စကားပြောပါစေ။ ”

လင်းယွန်က မြက်ခင်းပြင်ပေါ် လှဲချလိုက်ပြီးနောက် ထိုမြင်ကွင်းထံ မျှော်ကြည့် နေခဲ့သည်။ ခရမ်းငယ်မှလည်း သူ့ဘေးတွင် ဝင်ထိုင်၏။

သူမသည် ယခင်ထက် အနည်းငယ် အရပ်ပိုမြင့်လာသည်။

“ မင်းအရပ် ပိုမြင့်ပြီး ... ပိုလှလာတယ်။ ”

ချီးကျူးစကားသံကို ကြားချိန်၌ ခရမ်းငယ်က ပြုံးလိုက်ပြီး ‘တကယ်လား ... ငါသတိမထား မိဘူး၊’ -ဟု တုန့်ပြန်လာ၏။

“ မင်းဒီလို နှိမ့်ချနေတာ ငါ မမြင်ဖူးဘူး။ ”

“ ငါက အမြဲတမ်း နှိမ့်ချတတ်တဲ့ လူပါ ... နင့်ရဲ့ သူတော်စင်အကြီးအကဲ တစ်ယောက်ထဲ သိမ်သိမ်မွေ့မွေ့ နေတတ်တဲ့ လူလို့ ထင်နေလား ငါက သူ့ထက် အများကြီး ပိုသိမ်မွေ့တယ်။ ”

လင်းယွန်က ပြုံးမိသည်။ အိုင်ရစ်ဓား သူတော်စင်စကားများကြောင့် ခရမ်းငယ်အပေါ် သနားခဲ့၏။ ထို့ကြောင့်သူမကို သည့်ထက်ပို၍ မနာကျင် စေချင်တော့ချေ။

“ ဘာလို့ ငါ့ကိုကြည့်နေတာလဲ။ ”

ခရမ်းငယ်က စိုက်ကြည့် ခံနေရ သဖြင့် စိတ်မသက်မသာ ဖြစ်လာ၏။

“ ကောင်းကင် လွင်ပြင်ကို သွားတဲ့ ခရီးမှာ ငါမင်းကို သတိရတယ် ငါတို့ အချိန်အကြာကြီး အတူနေခဲ့ရတာ မဟုတ်လား။ ”

လင်းယွန်က သူ့အကြည့်များကို ပြန်ရုတ်ကာ သက်ပြင်းချ လိုက်သည်။

“ ရုတ်တရက် အထီးကျန်သွားသလိုပဲ။ ”

“ အဲဒီလို မထင်ပါနဲ့ ... ငါ နင်နဲ့အတူ ရှိပါတယ် ... အခုနင်က အရူး တစ်ယောက်လို ဖြစ်နေပြီ ... ပြောပါဦး နင့်ခရီးစဉ်အကြောင်း အိုင်းရစ်နဲ့တွေ့ခဲ့လား။ ”

“ အင်း ... ။ ”

လင်းယွန်က ငုတ်တုတ် ထထိုင်ပြီး သူ့အတွေ့အကြုံများကို သူမနှင့် မျှဝေခဲ့သည်။ ထာဝရ တာအိုထက် ဓားတာအိုကို ရွေးချယ်ခဲ့ သည်ဟု ဆိုလိုက်ချိန်၌ ခရမ်းငယ်မှ စိတ်လှုပ်ရှားလာ၏။

“ ဒါဆို ဓားတာအိုကိုပဲ ရွေးလိုက်တာလား။ ”

လင်းယွန်က ခေါင်းညိတ်ပြကာ တုံ့ပြန်လိုက်သည်။

“ နင်က နတ်ဘုရား မဟုတ်ဘဲ ... ဓားတန်ခိုးရှင် နယ်ပယ်ကို တက်လှမ်း ရတော့ မှာပေါ့။ ”

“ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ဒါပေမယ့် ဓားတန်ခိုးရှင်တစ်ပါး ဖြစ်တာလည်း မဆိုးပါဘူး ငါ့အတွက် လမ်းဖွင့်လို့ မရဘူးလို့ ဘယ်သူ ပြောရဲလဲ။ ”

ဤသည်မှာ လမ်းဆုံတစ်ခု ဖြစ်သည်။

“ အရေးကြီးဆုံးက ငါ့နှလုံးသားမှာ မြူတွေမရှိတော့ဘူး ... ဒါကြောင့် ကောင်းကင် ဖျက်ဆီးခြင်း ဓားကို ဖမ်းဆုပ်ဖို့ အရမ်း လွယ်သွားခဲ့တာ။ ”

မိုးပြာ နယ်မြေရှိ ဗောဓိပင်ကို ဖြိုခွဲပစ် လိုက်သောအခါ ဓားကိုင်ခြင်း၏ ရည်ရွယ်ချက် အပေါ် ရှင်းလင်းသွားသည်။

ထာဝရတာအိုဖြင့် နတ်ဘုရားလမ်းကို လျှောက်ရခြင်းထက် ဓားတန်ခိုးရှင်လမ်းအပေါ် ရွေးကာ လမ်းဖောက်ရပေမည်။

အနာဂါတ်တွင် ထိုဒသမတန်းဓားကို ဖြတ်ကျော်နိုင်ပါက ဓားနတ်ဘုရား ဖြစ်နိုင် ချေပြီ။

ထိုအချိန်၌ လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းက အိုင်းရစ်ဓားသူတော်စင်နီးပါး အားကောင်း လာနိုင်၏။

လက်ရှိအချိန်၌ သူ့ဓားသည် အစ်ကို ကျန့်ကျင်းရှန်ထက်ကျော်လွန်ရန် အလားအလာ ပြနေသည်။

သို့သော် ချန်မထား နိုင်သေးချေ။ ကံကောင်းပါက ကျန့်ကျင်းရှန်မှ လိုက်မီလာ နိုင်မည်။

“ ခွန်လွန်မှာ တန်ခိုးရှင်တွေ ရှိနိုင်မယ် ထင်တယ်။ ”

ခရမ်းငယ်က မေ့စေ့ကို ကိုင်ကာ တွေးတွေးဆဆဖြင့် ပြောသည်။

“ မှန်တယ် ... နဂါးပြာ ဘိုးဘေးက ဖျက်ဆီးခြင်းနတ်ဘုရားသခင် လူပြန်ဝင်စား တာလို့ ငါ့ကိုပြောတယ် ... အခု ဆုစီယာက အဲဒီ နတ်ဘုရားလက်နဲ့ ပေါင်းစပ်ထားတယ် ...

... ကောင်းကင်လမ်း ပြန်လည် ပြုပြင်ပြီးတဲ့အခါ ... ခွန်လွန်ရဲ့ အထွတ်အထိပ် အချိန်တွေ ပြန်ရနိုင်မလား တွေးမိပါတယ်။ ”

“ ဒါပေမဲ့ ဧကရီက ကြောက်စရာ ကောင်းတယ်။ ”

“ အဲဒါကို စိတ်မပူပါနဲ့ ... ဒါက ဘာလဲဆိုတာ ကြည့်လိုက်ပါဦး။ ”

လင်းယွန်က ပြုံးပြီး ကောင်းကင် နဂါးအရိုးကို အရိုးချပ်ဝတ်အဖြစ် ညာလက်၌ ထင်ရှားစေလိုက်သည်။

“ ဒါက တောင်ပိုင်း ဧကရာဇ် ငါ့အတွက် ချန်ထားခဲ့တဲ့ ကောင်းကင်နဂါးအရိုးပဲ ဧကရီကို သင်သန်းစာပေးဖို့ ရည်ရွယ်ထားတယ် ...

... တောင်ပိုင်း ဧကရာဇ်က သူ့ဇနီးကို ကယ်တင်ဖို့ သက်တမ်း ကုန်ခဲ့ရပေမယ့် ... အရာ အားလုံးကို လျစ်လျူမရှုဘဲ အရန်အစီအစဉ်ကို ချန်ထားခဲ့တယ် ...

... အခု ငါ သန့်စင်မှု မလုပ်ရသေးဘူး ... ငါသန့်စင်ပြီးရင် အုတ်မြစ်က ကြောက်စရာ ကောင်းလာလိမ့်မယ်။ ”

ကောင်းကင် နဂါး ဟူသည် နတ်နဂါးများထက် တန်ခိုးထွားကာ နဂါးများ အားလုံး၏ ဘုရင် ဖြစ်သည်။

“ ပြီးတော့ ... ဒီကို ပြန်မလာခင် အိုင်းရစ်ဓားသူတော်စင်က နတ်ဘုရားသတ် နည်းကို သင်ပေးခဲ့တယ် ...

... ငါ့မှာ အုပ်စိုးရှင် နတ်ရူရ်လေးလုံးပဲ ရှိတယ်ဆိုရင်တောင်မှ ဧကရီကို သေစေတဲ့ ဒဏ်ရာ ပေးနိုင်ပါသေးတယ်။ ”

သို့မှသာ ခရမ်းငယ်တစ်ယောက် စိတ်သက်သာရာ ရသွားသည်။ ထိုအချိန်တွင် ခရမ်း-ရွှေရောင် နဂါးရောင်ဝါများ လွင့်လာ၏။

ယဲ့ကူဟန်က နဂါးပလ္လင်နှင့်အတူ ကြောင်နှစ်ကောင်ကို ပွေ့ကာ ပျံသန်းလာခြင်း ဖြစ်လေသည်။

“ အစ်ကိုကြီး ... ဧကရီက မယူသွားဘူးလား။ ”

လင်းယွန်က စိတ်ဝင်တစား မေးသည်။ ခရမ်းရွှေရောင် နဂါးပလ္လင်သည် ရတနာတစ်ပါး ဖြစ်ချေ၏။

၎င်းသည် အုပ်စိုးရှင် လက်ရာထက် ကျော်လွန်သော နဂါးမျိုးရိုး၏ ဓားခုနစ်လက်ကို သူ့နောက်၌ တပ်ဆင်ထားသည်။ နေလထီး သည်ပင် မယှဉ်နိုင်ချေ။

“ ငါတိတ်တိတ်လေး ယူထားလိုက်တာ ငါတို့ဆရာနဲ့ ယုချင်းဖန်ကြောင့် အရှက်ကွဲပြီး သူမ ချက်ချင်း ထွက်သွားခဲ့တယ်။ ”

ထိုစကားအရ ညီအစ်ကို နှစ်ယောက် ရယ်မောလိုက်သည်။ အဆုံးတွင် ယဲ့ကူဟန်က သက်ပြင်းချပြီး၊

“ ဘာပဲ ဖြစ်ဖြစ် ... ဒီနဂါးပလ္လင်ကို ငါစောင့်ရှောက်သင့်တယ် တျန်ရွှမ်ဇီ ရှိရင်လည်း သဘောတူမယ်လို့ ယုံကြည်တယ်။ ”

-ဟု ပြောကြားလိုက်၏။

လင်းယွန်က အပြုံးမပျက် ကြည့်နေ ခဲ့လေသည်။ ထိုလူသည် ဇာတ်ပွဲ တစ်ခုလုံးတွင် နယ်ရုပ်တစ်ရုပ် ဖြစ်၏။

အကယ်၍ သူသည်သာ ဆရာသခင်၏ ဒုက္ခကို ဖျက်ဆီးရန် စိတ်ပိုင်းဖြတ် ထားပါက အောင်မြင်နိုင်မည်။

သူနှင့်အတူ ဧကရာဇ်များ ဝင်ရောက် စွက်ဖက်ခြင်း မပြုနိုင်ဘဲ ဧကရီသည်လည်း ရပ်ကြည့်နေရုံပေပင်။

“ သူ့ကို ပန်းချီကား တစ်ချပ် ဖြစ်နေ လိမ့်မယ်လို့ မမျှော်လင့်ထားဘူး၊ အရမ်း အံ့သြဖို့ ကောင်းတယ်။ ”

“ ငါလည်း မမျှော်လင့်ဘူး ... အခုတော့ သူ့လုပ်ရပ် အားလုံးကို နားလည်နိုင်နေပြီ သူ့မှာ ရွေးချယ်စရာ မရှိလို့ စိတ်မဆိုးတော့ပါဘူး ... သေခြင်းတရားဟာ သူ့အတွက် အကောင်းဆုံးပါပဲ။ ”

“ အစ်ကိုကြီး၊ သူနဲ့ ဆက်ဆံရေးက ဘယ်လိုလဲ။ ”

“ ငါလည်း မသိဘူး ... သူငယ်ချင်းလား ... ညီအစ်ကိုလား ... ရန်သူများလား ... ။ ”

ယဲ့ကူဟန်က ခေါင်းခါယမ်းလျက်၊

“ အရာရာက အခု အတိတ် ဖြစ်သွားပါပြီ၊ မင်းကိုဆရာ တွေ့ချင်နေတယ် ... နဂါးပလ္လင်ကို ယူသွားလိုက်။ ”

လင်းယွန်က ခေါင်းညိတ်လျက် ခရမ်းငယ်နှင့်အတူ ခုန်တက်ကာ ထွက်ခွာ သွားတော့သည်။

နဂါးလေးမှာမူ ကြောင်ဖြူရှေ့တွေ နှစ်ပေါင်းများစွာ စုဆောင်းထားသော ရတနာ များကို အန်ထုတ်ကာ ဆော့ကစားပြပြီး ဖျားယောင်း ကျန်ရစ်ခဲ့သည်။

သို့သော် ကြောင်ဖြူသည် ခပ်ခွာခွာနေပြီး သူ့ကို ဂရုမစိုက်ချေ။

“ ညီလေး ... ပန်းချီကားကို ပြန်ယူဖို့ ကူညီပေးပါ။ ”

ယဲ့ကူဟန်က တောင်ပေါ်ကနေ လှမ်းအော်၏။ လင်းယွန်တစ်ယောက် လည်ပြန် လှည့်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် ခရမ်း ရွှေရောင် နဂါးပလ္လင် နှင့်အတူ အလင်းတန်းအသွင် ပြောင်းလဲကာ သက်တံဓား ဧကရာဇ်ရှိရာ အရပ်သို့ ရောက်လာ၏။

ဧကရာဇ်ဖြူနှင့် ဧကရာဇ်နက်လည်း အနားတွင် ရှိနေသည်။

“ မင်္ဂလာပါ စီနီယာတို့ ... ။ ”

လင်းယွန်က နှုတ်ဆက် လိုက်သည်။ ဧကရာဇ်ဖြူက ဝိုင်သောက် နေရာမှ ပြုံးပြသည်။

“ ဆုစီယာရဲ့ လုံခြုံရေးအတွက် မင်း စိတ်ပူနေစရာ မလိုပါဘူး နတ်နဂါးအင်ပါယာမှာ သူမကို အကာအကွယ်ပေးဖို့အတွက် ရွှေနဂါးနဲ့ ငွေနဂါးမျိုးရိုးကလွဲပြီး ကျန်နဂါးဘုရင်တွေက သဘောတူထားတယ်။ ”

ဧကရာဇ်နက်က အရေးကြီးသည်ကို ဦးစွာပြောသည်။ ထို့နောက် ဧကရာဇ်ဖြူ မှလည်း၊

“ နိဗ္ဗာန် နတ်ရူရ် မင်းမှာ ရှိတယ် မဟုတ်လား ... ကျန်တဲ့နတ်ရူရ်တွေ ငါတို့ယူလာ ပေးတယ် ... ပြီးတော့ ကောင်းကင် နဂါးအရိုးကို ဘယ်လို သန့်စင်ရမလဲ သင်ပေးမယ် ...

-ဟု ပြောကြား လာတော့သည်။

“ အုပ်စိုးရှင် နတ်ရူရ်ခုနစ်လုံး။ ”

ထိုစကားကို ကြားသောအခါ ခရမ်းငယ် တစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် နဂါးပလ္လင် ပေါ်မှ ခုန်ဆင်းလာလေသည်။

***

All Chapters