← Chapters

တိုက်ပွဲ ... ။

Vol. 176 Ch. 2457

တိုက်ပွဲ ... ။

Vol. 176 Ch. 2457

“ ရေခဲ နတ်ရူရ်နဲ့ ... သံသရာ နတ်ရူရ်လား ... ။ ”

ခရမ်းငယ်က ဧကရာဇ်နက်ကို စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။ ဧကရာဇ် နက်မှ ခေါင်းညိတ်ပြပြီး၊

“ ငါသာ မမှားရင် နိဗ္ဗာန် နတ်ရူရ်က ပန်းသင်္ချိုင်း လက်မှာ ရှိသင့်တယ် မဟုတ်လား အတိတ်က တောင်ပိုင်း ဧကရာဇ်ရဲ့ အုတ်ဂူကို ကောင်းကင်ရနံ့သင်းသင်း နတ်တောင်မှာ ငါစီစဉ်ပေးခဲ့တယ်။ ”

“ ဒီလိုလား ... ဒါကြောင့်လည်း ဒီကိစ္စကိုဘယ်သူမှ မသိလိုက်တာ အံ့သြစရာ မဟုတ်တော့ပါဘူး။ ”

လင်းယွန်မှ ခေါင်းညိတ်လိုက်၏။

“ ဒီကောင်က ငါ့ကိုတောင် မပြောတာ ... ဒါနဲ့ပတ်သက်ပြီး ... ဘယ်သူမှ မသိတာ မဆန်း ပါဘူး။ ”

ဧကရာဇ်ဖြူက ဝင်ပြောသည်။

လင်းယွန်က ပန်းချီကားကို ထုတ်ယူ လိုက်စဉ် ခရမ်းငယ်တစ်ယောက် စိတ်လှုပ်ရှား စွာဖြင့် လှမ်းယူလိုက်၏။

“ ဒါက အရမ်းကောင်းတယ် ... ငါ့ဖီးနစ်သစ်ပင်က အုပ်စိုးရှင် နတ်ရူရ် ခုနစ်လုံး ပြည့်လာရင် ပိုကြီးထွားလာလိမ့်မယ် ဒါဆို အိုင်းရစ် လျှို့ဝှက်နယ်မြေက မြင့်မြတ်မြေ အဆင့် ရောက်သွားပြီ။ ”

သူမ၏ ခွန်အားနှင့် ဖီးနစ်သစ်ပင်သည် အလွန်ဆက်စပ်သဖြင့် ခရမ်းငယ်တစ်ယောက် ပျော်ရွှင်နေခဲ့သည်။

“ အခုတော့ မြင့်မြတ်မြေ တစ်ခုလုံးကို နင့်ကျောပေါ်မှာ ထမ်းခွင့်ရပြီဆိုတဲ့ အဓိပ္ပါယ်က ဘာကို ဆိုလိုတာလဲ သိလိမ့်မယ်။ ”

ထိုလျှို့ဝှက်ချက်ကို မသိသော ဧကရာဇ်နက်က ထိတ်လန့်သွား၏။ ဧကရာဇ်ဖြူ သည်သာ မှန်းဆထားပြီး ဖြစ်သောကြောင့် ခေါင်းညိတ်ပြသည် ။

အိုင်းရစ်သည် လင်းယွန်အတွက် အကောင်းဆုံး အမွေကို ချန်ထားခဲ့ခြင်း ပေပင်။ မနာလိုစရာ ကောင်းချေ၏။

“ အိုင်းရစ်ဓားသူတော်စင်က နတ်ဘုရားတွေကို သတ်ဖို့ လျှို့ဝှက် နည်းစနစ် သင်ပေးခဲ့တယ် မဟုတ်လား။ ”

ဧကရစ်ဖြူမှ သတိတရ မေးသည်။ လင်းယွန်က ခေါင်းညိတ် ပြလိုက်၏။

“ ကောင်းလိုက်တာ ... ။ ”

ဧကရာဇ်ဖြူ၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက် လာလေသည်။ သူက သက်တံဓား ဧကရာဇ်ထံ ပြန့်လှည့်ကြည့်ကာ၊

“ ငါ့မှာ အကြံအစည်တစ်ခု ရှိတယ် ဧကရီ အခမ်းအနား ကျင်းပတဲ့နေ့မှာ ... လင်းယွန်နဲ့ တိုက်ခိုင်းရင် ဘယ်လိုလဲ ...

... သူ့မှာ အမည်ခံနတ်ဘုရား နယ်ပယ်ကို ရောက်ရှိနေပြီး ယုချင်းဖန်တောင် နောက်ဆုတ် လိုက်ရတယ် ဒါက လူတိုင်းရဲ့ နှလုံးသားကို သူ ရသွားပြီ ...

... လင်းယွန်သာ ဆိုရင် ... သူမရဲ့ နတ်ဘုရားကံကြမ္မာကို ဖြတ်ပြီး ... လူတိုင်းရဲ့ ထောက်ခံမှု ပြန်ယူနိုင်တယ်။ ”

အမည်ခံ နတ်ဘုရား နယ်ပယ်သည် ထိလွယ်ရှလွယ် အဆင့်တစ်ခု ဖြစ်ပြီး ၎င်းသည် နတ်ဘုရား ဖြစ်လာရန် ခြေတစ်လှမ်းမျှသာ လိုတော့၏။

ဧကရာဇ်သည် နတ်ဘုရား များကို မသတ်နိုင်ချေ။ ဤသည်မှာ ခွန်လွန်၏ အမြင် ဖြစ်သည်။

လင်းယွန် အတွက်မူ ခွန်လွန် ပြင်ပ၌ နတ်ဘုရားများကို သတ်နိုင်သော ချီလင်ဓား တန်ခိုးရှင်ကို မြင်ထားဖူး၏။ ဧကရီကို မကြောက်ချေ။

သက်တံဓားဧကရာဇ်က တွန့်ဆုတ် သွားသည်။ ဤသည်မှာ ကောင်းမွန်သော အစီအစဉ် ဖြစ်၏။

သို့သော် လင်းယွန်သည် သူ့ မျှော်လင့်ချက်ထားသော တပည့်တစ်ဦး ဖြစ်ပြီး ဧကရီနှင့် တိုက်ခိုက်ခြင်းသည် အန္တရာယ် များချေပြီ။

“ ငါတို့ လင်းယွန်ကို ... ဧကရာဇ် ဖြစ်လာတဲ့အချိန်အထိ ... ဘာလို့ မစောင့်တာလဲ ယဲ့ကူဟန် ပြောသလို ...

... ငါ့ဓားဂိုဏ်းနဲ့ ကောင်းကင် တာအို ဂိုဏ်းကို ပေါင်းစပ်ပြီး လောလောဆယ် သူမနဲ့ ထိပ်တိုက်တွေ့မှုကို ရှောင်ရှားနိုင်မယ်။ ”

သက်တံဓားဧကရာဇ်မှ ပြောသည်။ ရှေးဟောင်းပျက်သုဉ်းမြေရှိ နဂါးသွေးပြန်ကြော အပေါ် လက်လွှန်ရန် ဆုံးဖြတ်လိုက်၏။ သို့သော် ဧကရာဇ်နက်က သဘောမတူချေ။

“ မရဘူး ... လင်းယွန်က ဧကရာဇ် ဖြစ်လို့မရဘူး။ ”

“ ဘာလို့လဲ ... ။ ”

လင်းယွန်နှင့် ခရမ်းငယ်ခမျာ ဧကရာဇ်နက်၏ ကန့်ကွက်စကားကြောင့် စိတ်ရှုပ် သွားလေသည်။

“ ငါ့ကို မကြည့်နဲ့ ... ပန်းသင်္ချိုင်း ဧကရာဇ်ဖြစ်သွားရင် ... နတ်ဘုရား သင်္ချိုင်း တောင်တန်းကို ဝင်လို့မရဘူး အဲဒီတံဆိပ်က သူတော်စင် အဖြစ်နဲ့သာ ဝင်ခွင့်ရတယ်။ ”

ဤအရာသည် အရေးကြီးသောကြောင့် ၎င်းကို သဘာဝကျကျ ရှင်းပြရမည် ဖြစ်ချေ၏။ ဧကရီသည် တောင်တန်းအတွင်း မဝင်နိုင်သဖြင့် နတ်ဘုရားနယ်ပယ်သို့ ဦးစွာ တက်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။

ပြီးနောက်မှသာ ကောင်းကင်လမ်းကို ပြုပြင်မည် ဖြစ်၏။ ထိုအချိန်၌ တောင်တန်းမှ နတ်ဘုရားများ လွတ်မြောက်လာလျှင်ပင် သူမဖြေရှင်းနိုင်ပေမည်။

ဤနည်းလမ်းသည် ခွန်လွန်ကို နတ်ဘုရားများကြား စစ်မြေပြင်အဖြစ် ထပ်မံ သက်ရောက်စေမည် ဖြစ်၏။ လူတိုင်း တိတ်ဆိတ်သွားကြသည်။

“ အဲဒီတုန်းက မိုးပြာ နဂါးသခင်က ခွန်လွန်ကို နတ်ဘုရားတွေကြား စစ်မြေပြင် မဖြစ်စေချင်တဲ့ အတွက် ... ကောင်းကင်လမ်း ဖျက်ဆီးပစ်လိုက်တာ ...

... ဒါကြောင့် ဧကရီရဲ့ နည်းလမ်းက သူ့ဆန္ဒကို ဆန့်ကျင်နေတယ်၊ ငါတို့ အနိုင်ရရင် ကောင်းပါတယ် ... မဟုတ်ရင် အတွင်းအပြင် ရန်သူတွေကြောင့် အကျပ်အတည်း ဖြစ်လာလိမ့်မယ် ...

... ဒီလို လောင်းကြေးမျိုး ငါတို့ရဲ့ သားစဉ်မြေးဆက်တွေ အပေါ် မထပ်ဝံ့ပါဘူး ... ဒါကြောင့် ကောင်းကင်လမ်းကို မပြုပြင်ခင် ...

... နတ်ဘုရားသင်္ချိုင်း တောင်တန်းကို အရင် ဖြေရှင်းရမယ် .. ဒီနည်းနဲ့ ခွန်လွန်မှာ နတ်ဘုရား အသစ်တွေ မွေးဖွားပေးပြီး ... ပြင်ပရန်သူကို ငါတို့ အနိုင်ရနိုင်ခြေ ပိုများမယ်။”

ဧကရာဇ်နက်မှ ရှင်းပြသည်။ မဟုတ်သော် ကောင်းကင်လမ်းကို ပြန်လည် ပြုပြင်ခြင်းသည် အဓိပ္ပါယ်မဲ့ သွားပေလိမ့်မည်။

သက်တံဓား ဧကရာဇ်သည် ဤယုတ္တိဗေဒအပေါ် နားလည်သဖြင့် တုံ့ဆိုင်း မနေတော့ဘဲ၊

“ ဒါဆို ဒီအတိုင်းပဲ သွားရအောင်။ ”

-ဟု သဘောတူလိုက်သည်။

“ ကောင်းပြီ ... အုပ်စိုးရှင် နတ်ရူရ်တွေကို သန့်စင်ဖို့ ငါ့တာဝန်ထားလိုက်၊ အဖြူက ငါ့ကို ကူညီပါ။ ”

ခရမ်းငယ်မှ ဝမ်းသာအားရ ဝင်ပြော၏။ ထိုစကားကို ကြားသောအခါ ဧကရာဇ်ဖြူခမျာ မျက်လုံးပြူးသွားပြီး၊

“ ဟမ့် ... ခဏနေပါဦး၊ မင်းဘယ်သူ့ကို အဖြူလို့ ခေါ်လိုက်တာလဲ။ ”

-ဟု ပြန်မေးတော့၏။

ကလေးမလေး တစ်ယောက်သည် သူ့ကို အဖြူဟု ခေါ်သည်လော။ ဧကရာဇ်နက်သည် သူ့မေးခွန်းထံ လျစ်လျူရှုကာ၊

“ ဒါဆို ကောင်းကင်နဂါးအရိုး သန့်စင်ဖို့ ငါကူညီပေးမယ် ... ။ ”

-ဟု ကတိပေးသည်။

“ ကောင်းပြီ ... သွားရအောင် ။ ”

လင်းယွန်က ခေါင်းညိတ်လိုက်သည်။ ဤအစီအစဉ်နှင့် ပတ်သက်၍ ပြဿနာမရှိချေ။ ထို့နောက် လူတိုင်း ပြင်ဆင်မှုများ ပြုလုပ်ရန် ခွဲခွာလိုက်ကြသည်။

ဧကရာဇ်နက်နှင့် လင်းယွန်က ကောင်းကင်နဂါးအရိုး သန့်စင်ရန် သွားခဲ့ပြီး ခရမ်းငယ်က ဧကရာဇ်ဖြူနှင့်အတူ လျှို့ဝှက် နယ်မြေထဲ ဝင်ရောက်သွား၏။

သက်တံဓားဧကရာဇ်နှင့် ယုချင်းဖန်က ငရဲနန်းတော်သို့ သွားသည်။ နှစ်ဦးသား နဂါး နှိမ်နင်းရေး ကျောက်တိုင်ထံ ကြည့်ကာ စိတ်ပျက်လက်ပျက် ဖြစ်ကုန်၏။

ဧကရီတစ်ယောက် စိတ်ချလက်ချ ထွက်ခွာသွားသည့်နောက် နဂါး နှိမ်နှင်းရေး ကျောက်တိုင်၏ ကန့်သတ်ချက်ကို မည်သူမျှ မဖြေရှင်းနိုင်သည်မှာ သဘာဝပေပင်။

၎င်းသည် နဂါးသွေးပြန်ကြောနှင့် လုံးလုံးလျားလျား ရောယှက်နေပြီး ခွန်အားသုံး ဖယ်ရှားခြင်းဖြင့် နဂါးသွေးပြန်ကြော ပျက်စီး သွားပေမည်။

“ အဲဒါနဲ့ ပတ်သက်ပြီးတော့ ငါတို့ ဘာမှမလုပ်နိုင်ပါဘူး ... အခမ်းအနားမှာ သူမကို အနိုင်ယူဖို့ပဲ မျှော်လင့်နိုင်မယ်။ ”

ယုချင်းဖန်က သက်ပြင်းချကာ ပြောကြားသည်။ ထို့နောက် အဖြူနှင့် အနက်၏ အစီစဉ်ကို ပြန်လည် ဆွေးနွေးမိ၏။

“ မင်းငါ့ကို ဓားဧကရာဇ်လို့ ခေါ်စရာ မလိုဘူး၊ အစ်ကိုချင်းဖန်လို့ ခေါ်နိုင်ပါတယ် ... ။ ”

“ ကောင်းပြီ လင်းယွန်က သူမကို အနိုင်မယူနိုင်မှာကို ကြောက်မိတယ် ... အစ်ကို ချင်းဖန် ... မင်းရော ဘယ်လိုထင်လဲ။ ”

သက်တံဓား ဧကရာဇ်က လင်းယွန်အတွက် စိတ်ပူနေ၏။

“ ဧကရာဇ်ကိုးပါးဆိုတာ အိုင်းရစ် ဓားသူတော်စင်ရဲ့ အမွေနဲ့ နဂါးပြာ ဘိုးဘေး ကနေ ဆင်းသက်လာတာပဲ ... ငါတို့မှာ အမွေ မရှိရင် ဧကရာဇ် ကိုးပါးလည်း ရှိလာမှာ မဟုတ်ဘူး ...

... အဖြူနဲ့ အနက်က ... အရမ်း ယုံကြည်နေတဲ့အတွက် လင်းယွန်ရဲ့ အမွေက အကောင်းဆုံး ဖြစ်လိမ့်မယ်ဆိုတာ ယုံကြည်ရမယ်။ ”

သက်တံဓား ဧကရာဇ်က ခေါင်းရမ်းလျက်၊

“ ဒီလိုပြောပြန်ရင် ... သူ့ကို နှိမ့်ချရာ ရောက်လိမ့်မယ် သူ့မှာ အိုင်းရစ် ဓားသူတော်စင် အမွေချည်းပဲ မဟုတ်ဘူး ... ပြီးတော့ သူက ဘယ်သူနဲ့မှ မတူဘူး။ ”

-ဟု သုံးသပ်လိုက်သည်။

ယုချင်းဖန်က မျက်လုံးများ တောက်ပလာပြီး ပြုံးလျက်၊

“ ငါလည်း ဒီလိုပဲ တွေးမိပါတယ် ... အိုင်ရစ်ဓားသူတော်စင် ဆီကနေ ဧကရီရခဲ့တဲ့ အမွေကို ငါတို့ ရုတ်သိမ်းရမယ် ... ဒါက အဖြူနဲ့ အမည်း မလုပ်နိုင်တဲ့ အရာပဲ ... လင်းယွန်သာ ဒီကိစ္စကို ဆောင်ရွက်နိုင်မယ် ... ။ ”

လင်းယွန်နှင့် တျန်ရွှမ်ဇီတို့၏ တိုက်ပွဲကို သူမြင်ခဲ့ရသည်။ မိုးပြာ နယ်မြေတွင် မည်သည့် အရာများ လင်းယွန် တွေ့ကြုံခဲ့ရသည်ကို မသိချေ။

လက်ရှိ လင်းယွန်သည် စာရွက်အလွတ်တစ်ရွက် ဖြစ်နေသည်ကို သတိ ထားမိသည်။ ၎င်းသည် မည်သူမျှ မဟုတ်ဘဲ ပန်းသင်္ချိုင်း လင်းယွန်သာ ဖြစ်၏။

“ သူ လုပ်ချင်တာကို ... လုပ်ခွင့်ပြုလိုက်ပါ ... ငါသူ့ကို ယုံတယ်။ ”

ယုချင်းဖန်မှ ယုံကြည်ခဲ့သည်။ ခွန်လွန် ပြင်ပရှိ ပန်းသင်္ချိုင်း၏ ကျက်သရေအကြောင်း မပြောဖြစ်ချေ။ ထိုစဉ်က နတ်သားတော် အသီးသီးကိုပင် နှိမ်နှင်းနိုင်၏။

“ ငါတို့ကြားမှာ တိုက်ပွဲ ရှိသေးတယ် ဆိုတာ မမေ့နဲ့ဦး။ ”

ရုတ်တရက် သက်တံဓား ဧကရာဇ်မှ ပြောကြားလာသဖြင့် ယုချင်းဖန်က ရှုပ်ထွေးစွာ ပြန်ကြည့် လိုက်သည်။ သူက ပြုံးပြီး၊

“ ကောင်းပြီ ... ငါမင်းကို စောင့်နေတာ ကြာပြီ မင်းဒီအထိ ရောက်လာနိုင်တာ ဝမ်းသာ ပါတယ်၊ ခွန်လွန်မှာ ဓားဧကရာဇ်က တစ်ပါးပဲ ရှိရမယ်ဆိုရင် အဲဒါမင်းပဲ ဖြစ်ရမယ် ...

... လင်းယွန် ကောင်းကင်နဂါးအရိုးကို သန့်စင်ပြီးရင် သူနဲ့အတူ အကြွင်းမဲ့ မြို့တော်ကို လာပါ ... ငါတို့ တိုက်ကြမယ်။ ”

“ ကောင်းပြီ ... ။ ”

“ ဟား ဟား ဟား ... ဒါဆို ငါမင်းကို စောင့်နေမယ်။ ”

ယုချင်းဖန်က ရယ်မောလျက် ထွက်ခွာ သွားသည်။ သက်တံဓား ဧကရာဇ်မှ ထွက်ခွာရာ လမ်းကြောင်းထံသို့ အချိန်အတော် ကြာအောင် ကြည့်နေမိသည်။

သက်တံဓားဧကရာဇ်သည် ဒဏ္ဍာရီလာ ဧကရာဇ်ဖြစ်ရန် အချိန်တစ်ခုသာ လိုပေသည်။ ထို့ကြောင့် သူ့အမြင်သည် မနိမ့်ကျချေ။

ဧကရာဇ်နက်နှင့် ဧကရာဇ်ဖြူ အပေါ် အထင်ကြီးစရာ မရှိသော်လည်း ယုချင်းဖန်သည် ခြားနားသော ဇာတ်လမ်းဖြစ်နေသည်။

အနှစ် သုံးထောင်ကျော် ကြာနေသည့် ထိုဓားသည် မည်သည့် အဆင့်သို့ ရောက်ရှိနေ မည်ကို မသိနိုင်ချေ။

“ ဧကရာဇ် ဖြစ်ပြီးနောက်မှာတောင် ငါ သူ့ကို မမြင်နိုင်သေးဘဲ ကွာဟချက်က တိုးလာ တယ်လို့ ... ဘာလို့ ခံစားနေရတာလဲ။ ”

အတွေးများစွာဖြင့် ခေါင်းယမ်းလိုက်သည်။ ဤနေရာ၌ အသိဉာဏ်မဲ့သော ယင်ကောင်ကဲ့သို့ မှန်းဆ နေမည့်အစား တိုက်ပွဲ၌ အဖြေရှာခြင်း သည်သာ အဓိပ္ပါယ် ရှိချေပြီ။

***

All Chapters