ဖီးနစ်နှင့် လူငယ်။
Vol. 176 Ch. 2458
လင်းယွန်ကို ကောင်းကင်နဂါးအရိုး သန့်စင်ပေးရန်အတွက် နေရာတစ်ခု ရှာရပေ ဦးမည်။
“ ဝှစ် ... ။ ”
နှစ်ယောက်သား ကောင်းကင်ပေါ် ပျံတက်သွားကာ ကောင်းကင် (၃၆)လွှာထံ ရောက်ရှိလာ၏။
“ ကောင်းကင်လမ်းက ကောင်းကင် (၃၆)လွှာမှာ ရှိတာ မဟုတ်လား။ ”
လင်းယွန်က မေးသည်။ သူ၏ လက်ရှိခွန်အားဖြင့် ကောင်းကင် (၃၆)ထိတိုင် စူးစမ်းနိုင်နေပြီ ဖြစ်၏။
“ မှန်တယ် ... ကောင်းကင် (၃၆)လွှာမှာ ခွန်လွန်မြေကို ကာကွယ်ပေးတဲ့ အတားအဆီး တစ်ခု ရှိတယ်၊ ...
... ကောင်းကင်လမ်းကို ပြန်လည် ပြုပြင်နိုင်ရင် (၃၆)လုံး ခွန်လွန်နဲ့ ပေါင်းစည်း သွားလိမ့်မယ်။ ”
ဧကရာဇ်နက်က ခေါင်းညိတ်ပြီး ပြန်ဖြေသည်။
“ သူ့ရဲ့ အထွတ်အထိပ် အခြေအနေမှာ၊ ခွန်လွန်မြေဟာ အဆပေါင်း ထောင်ဂဏန်းအထိ ပိုကြီးတယ် ... ကောင်းကင်လမ်းသာ ပြန်ချိတ် နိုင်ရင် ဝိညာဉ်စွမ်းအင်တွေ သိပ်သည်းပြီး ရှေးဟောင်း တားမြစ်နယ်မြေတွေနဲ့ အမွေအနှစ်တွေ ပေါ်လာလိမ့်မယ် ...
... ဒါကြောင့် ကောင်းကင်လမ်းကို ပြုပြင်ပြီးတဲ့အခါ ခွန်လွန်ကလူတိုင်း နတ်ဘုရား ဖြစ်နေဖို့လိုတယ်၊ မဟုတ်ရင် အပြင် လူတွေ အတွက် ရတနာသိုက်ပဲ။ ”
“ ဧကရာဇ် မျိုးနွယ်စု ရှစ်ပါးက ဘာလဲ။ ”
“ ဧကရာဇ် မျိုးနွယ်စု ရှစ်ပါးက ... တစ်ချိန်က ဘိုးဘေး နတ်ဘုရား ရှစ်ပါးရဲ့ အဆက်အနွယ်တွေပဲ သူတို့က ကောင်းကင် (၃၆) ထပ်မြောက်မှာ နေထိုင်ကြတယ် ... ။ ”
ထိုအရပ်သည် ခွန်လွန် နယ်မြေ၏ အကာအကွယ် အလွှာ တစ်ခု ဖြစ်ချေပြီ။
“ သူတို့မှာ နက်နဲပြီး ... နားမလည် နိုင်လောက်တဲ့ အခြေခံအုတ်မြစ်တွေ ရှိပေမယ့် သူတို့ရဲ့ သီးသန့်နေထိုင်မှုကြောင့် ထိပ်တန်း အဆင့် ပါရမီရှင်တွေ မွေးထုတ်ပေးဖို့ မဖြစ်နိုင်ခဲ့ဘူး။ ”
“ ကျွန်တော့်ဆရာက ကျန့်မျိုးရိုးကလို့ ကြားမိတယ်။ ”
“ ဟုတ်တယ် ... သူ့ကို မျိုးနွယ်စုကနေ နှင်ထုတ်ထားတာ ... အခုတော့ နောင်တရနေကြပြီလို့ ထင်ပါတယ်။ ”
ဧကရာဇ်နက်မှ ပြုံးပြီး တောင်ကြီး တစ်လုံးပေါ် ဆင်းသက်ကာ ရာဝင်အိုးတစ်လုံး ထုတ်ယူလိုက်၏။
အိုးသည် နဂါးမျိုးရိုး၏ ရတနာ ဖြစ်သည်။ အနန္တ နဂါး ဆေးမီးဖိုဟု ခေါ်၏။
“ မင်းရဲ့လက်ရှိ ကျင့်ကြံမှုနဲ့ ကောင်းကင် နဂါးအရိုးကို မသန့်စင်နိုင်သေးဘူး၊ ဒါကြောင့် ပြင်ပ အကူအညီ တချို့ကို သုံးရမယ်။ ”
ဧကရာဇ်နက်က စကားပြောနေစဉ် ကျောက်စိမ်းပုလင်း ထုတ်ယူကာ နတ်နဂါး သူတော်စင် သွေးရည်ကြည်ကို အိုးထဲ လောင်းထည့် လိုက်သည်။
“ အူး ... ဝူး ... ။ ”
နတ်နဂါး သူတော်စင် အရည်များ ထွက်ကျလာသောအခါ အော်မြည်သံများ ထွက်လာ၏။
ခုနစ်ရောင်အဆင်း ရှိသဖြင့် လင်းယွန် တစ်ယောက် ထိတ်လန့်သွား၏။ ယခင်အချိန်က သန့်စင်ခဲ့ဖူးသော်လည်း ခုနစ်ရောင် မဟုတ်ချေ။
နတ်နဂါး သူတော်စင် သွေးရည်ကြည် တစ်မျိုးတည်း သည်ပင် တန်ဖိုးရှိချေသည်။ ခုနစ်ရောင်ရှိပါက ဆိုဖွယ် မရှိချေ။
“ မင်း ခွန်လွန်ကနေ ထွက်သွားခဲ့တာ မဟုတ်ဘူးလား ... ဘာလို့ ရတနာကို မမြင်ဖူး သလို ကြည့်နေရတာလဲ။ ”
ဧကရာဇ်နက်က လှည့်ကြည့်ကာ ပြောလာသဖြင့် လင်းယွန်ခမျာ ကူကယ်ရာမဲ့စွာ ပြုံးမိလေသည်။
ခွန်လွန်ရှိ ဧကရာဇ် တစ်ထောင်ကို ပေါင်းစည်းလိုက်လျှင်ပင် ခုနစ်ရောင် နတ်နဂါး သူတော်စင် သွေးရည်ကြည်နှင့် ယှဉ်နိုင်သော စည်းစိမ်ဥစ္စာမျိုး မရှိဟု လောင်းကြေး ထပ်နိုင်၏။
“ နည်းနည်းတော့ မယုံနိုင်စရာ ဖြစ်နေတုန်းပဲ။ ”
လင်းယွန်က ရိုးရှင်းစွာ ပြန်ဖြေ၏။
“ တောင်ပိုင်း ဧကရာဇ်က ဒါကို ပြင်ဆင်ထားခဲ့တာ ... သူက မရေမတွက်နိုင်တဲ့ မြင့်မြတ်မြေတွေကို ဖျက်ဆီးပစ်ခဲ့တဲ့အပြင် သွေးလဂိုဏ်းဆီကနေ အရင်းအမြစ်တွေ အများကြီး ရခဲ့တယ်။ ”
ဧကရာဇ်နက်က သက်ပြင်းချကာ ရှင်းပြသည်။
“ တောင်ပိုင်း ဧကရာဇ်နဲ့ ဓားဧကရာဇ် ယုချင်းဖန် ယှဉ်ရင် ဘယ်သူနိုင်မလဲ။ ”
သူ့မေးခွန်းကြောင့် ဧကရာဇ်နက်က ပြုံးသည်။
“ သွေးလဂိုဏ်းချုပ်က နတ်ဘုရား နယ်ပယ်မှာရှိတယ် ... သူက အထူးနည်းလမ်းနဲ့ နတ်ဘုရား နယ်ပယ်ကို ရောက်ရှိသွားပေမယ့် ဒါက နတ်ဘုရားတစ်ပါး ဖြစ်နေဆဲပဲ ...
... အမည်ခံ နတ်ဘုရားသာ ဖြစ်တဲ့ ချန်ယန်လို မဟုတ်ဘူး ... ဒါတောင် သွေးလ ဂိုဏ်းချုပ်က တောင်ပိုင်း ဧကရာဇ်ကို ရှုံးနိမ့်ခဲ့ရတယ်။ ”
“ နှမျောစရာ ကောင်းလိုက်တာ ... ။ ”
လင်းယွင် သက်ပြင်းချလိုက်သည်။
“ ဟုတ်တယ် ... နှမျောစရာ အရမ်း ကောင်းတယ် … ။ ”
ဧကရာဇ်နက်က ခေတ္တရပ်သွားပြီး နာကျင်သော အမူအရာဖြင့်၊
“ လူတစ်ယောက်ကို အသက် ပြန်ရှင်ဖို့ မဖြစ်နိုင်မှန်း သိလိုက်ချိန်မှာ နောက်ကျသွားပြီ သူသာ ရှိနေရင် ယုချင်းဖန်နဲ့ ဧကရီလည်း သူ့စကားကို နားထောင်လိမ့်မယ် ...
... သူက ငါတို့ ကိုးယောက်ထဲမှာ အထူးချွန်ဆုံးပဲ အိုင်းရစ် အမွေ မရရင်တောင် ဒဏ္ဍာရီလာ ဧကရာဇ် ဖြစ်နိုင်တယ်။ ”
ဧကရာဇ်နက်က ဖန်ပုလင်း တစ်လုံးကို သတိကြီးစွာဖြင့် ထုတ်ယူ လိုက်လေသည်။
“ အဲဒါ ဘာလဲ ... ။ ”
လင်းယွန်က မေး၏။
“ ဒါ ကောင်းကင် နဂါး ဝိညာဉ်ပဲ ... ကောင်းကင်နဂါးအရိုးကို သန့်စင်ဖို့ သော့ချက်ပဲ မင်းရဲ့ လက်ရှိ ကိုယ်လုံးကိုယ်ပေါက်က ကောင်းကင် နဂါးအရိုးကို ...
... မခံနိုင်သေးဘူး ... ကွဲသွားလိမ့်မယ် ဒီခုနစ်ရောင် နတ်နဂါး သူတော်စင် သွေးရည်က မင်းကို ကူညီပေးပြီး ... ကောင်းကင် နဂါး ဝိညာဉ်က ပြီးပြည့်စုံသော ...
... ကောင်းကင် နဂါး ခန္ဓာကို ရရှိ စေလိမ့်မယ် ... ဒါမှ ကောင်းကင်နဂါး အရိုးနဲ့ ... ပေါင်းစပ်နိုင်မှာ ... လုပ်ငန်းစဉ်က အကြိမ်ပေါင်း များစွာ လုပ်ရမှာမို့ သတိထားပါ။ ”
“ ဘယ်နှစ်ကြိမ်လောက်လဲ။ ”
“ အကြိမ် တစ်ထောင် ... ဒါမှမဟုတ် အကြိမ်တစ်သောင်းလည်း ဖြစ်နိုင်တယ် ဒီလိုမှ မဟုတ်ရင် ဒီခုနစ်ရောင်ရှိတဲ့ နတ်နဂါး သူတော်စင် သွေးရည်ကြည်ကို ငါ ပြင်ဆင်လာမှာ မဟုတ်ဘူး ...
... သူက ပျက်စီးသွားတဲ့ ခန္ဓာကိုယ်ကို ချက်ချင်း ပြုပြင်ပေးနိုင်တယ် ကံကောင်းစွာနဲ့ပဲ မင်းမှာ နတ်နဂါးဘုရင် ကိုယ်လုံးကိုယ်ပေါက် ရှိတယ် ...
... မဟုတ်ရင် ကောင်းကင် နဂါးအရိုးနဲ့ ပေါင်းစပ်မယ့် ကိစ္စအပေါ် စွန့်လွှတ် ရနိုင်တယ် မင်း မကြောက်ဘူးလား မဟုတ်လား။ ”
“ မကြောက်ပါဘူး ... ။ ”
လင်းယွန်က ပြန်ဖြေလေသည်။ ဧကရာဇ်နက်၏ မျက်လုံးများတွင် ချီးမွမ်းခြင်း အရိပ်အမြွက်များ ထင်ဟပ်လာ၏။
“ ကောင်းပြီ ... ငါသာဆို ခွန်အားကို အများကြီး မြှင့်တင်ပေးနိုင်မယ် သိရင်တောင် သတ္တိရှိမှာ မဟုတ်ဘူး၊ မင်းလို လူငယ်တွေသာ ဒီလိုလုပ်ရဲတဲ့ သတ္တိရှိတယ် ... ဒါက အရမ်း တန်ဖိုးရှိတဲ့ အရာပဲ။ ”
ဧကရာဇ်နက် စကားကြောင့် လင်းယွန်က ပြုံးကာ၊
“ စီနီယာရဲ့ စကားအရ ဆိုရင် ... လူငယ်တွေနှလုံးသားက အနန္တနဂါး ဆေးအိုးနဲ့ ကောင်းကင် နဂါးအရိုးထက် ပိုပြီး ... တန်ဖိုးရှိနေသလိုပဲ။ ”
-ပြောလိုက်လေသည်။
“ လူသား တစ်ယောက်ရဲ့ သက်တမ်းက ရှည်လျားပေမယ့် လူငယ်ဘဝဆိုတာ ကုန်ဆုံးဖို့ မြန်လွန်းတယ် ...
... အဲဒီအချိန်က ငါတို့ဘဝအတွက် အတောက်ပဆုံး ကာလ မဟုတ်သော်မှ မြတ်နိုး သင့်တဲ့ အချိန်ပါပဲ။ ”
ဧကရာဇ်နက်မှ ပြန်လည် ပြောကြား လာခဲ့သည်။ လင်းယွန်က သိပ်နားမလည်ချေ။
“ ဆင်းလိုက်တော့ ... ။ ”
ဧကရာဇ်က လင်းယွန်ကို ဆင်းစေ လိုက်သည်။ ကောင်းကင် နဂါး ဝိညာဉ်နှင့် သူတော်စင် သွေးရည်ကြည်များက ခန္ဓာထဲသို့ စိမ့်ဝင်လာပြီး နတ်နဂါးဘုရင် ခန္ဓာကိုယ်ကို တဖြည်းဖြည်း ပျက်စီးသွားစေ၏။
ထိုဖြစ်စဉ်သည် ထပ်ခါ တလဲလဲ ဖြစ်နေခဲ့ကာ နာကျင်မှုများကြောင့် လင်းယွန်၏ ဝိညာဉ် တုန်လှုပ်လာသည်။
အဆုံးတွင် လင်းယွန် ခန္ဓာကိုယ်သည် နတ်နဂါး သူတော်စင် သွေးရည်ကြည် အတွင်း နစ်မြုပ် သွားတော့၏။
မရေမတွက်နိုင်သော နဂါးများ အိုးပတ်လည်တွင် ရစ်ပတ်လျက် နဂါးရူရ်များ အသက်ဝင်လာသည်။
မျက်စိတစ်မှိတ်အတွင်း (၈)ရက် ကုန်လွန်သွားသည်။ ထိုအချိန်တွင် ခရမ်းငယ်က နိဗ္ဗာန်နတ်ရူရ်၊ သံသရာနှင့် ရေခဲနတ်ရူရ်တို့ကို ဓားသေတ္တာနှင့် ပေါင်းစပ်ခဲ့၏။
အုပ်စိုးရှင် နတ်ရူရ် ခုနစ်လုံးဖြင့် လျှို့ဝှက်နယ်မြေ အတွင်းရှိ အာကာသမှာ ပို၍ ကျယ်ပြန့်လာသည်။
ဒေသတစ်ခုလုံး အသက်ဝင်လာပြီး ဝိညာဉ်စွမ်းအင်များ ပြည့်ဝလာတော့၏။ ဖီးနစ် သစ်ပင်သည် ပေတစ်ထောင်အထိ ကြီးထွား လာကာ မြင့်မြတ်သော ရောင်ခြည်တော်ကို ထုတ်ပေးသည်။
“ ဒါက ကောင်းကင်ဘုံနဲ့ တူတယ်။ ”
ဧကရာဇ်ဖြူသည် ဤမြင်ကွင်းကြောင့် တုန်လှုပ်သွား၏။ အိုင်းရစ် လျှို့ဝှက်နယ်မြေမှာ အဖြူ-အမည်း နန်းတော်ထက် သေးငယ် သော်လည်း အရည်အသွေး မြင့်မားသည်။
လျှပ်စီး ရေကန်သည် ကိုယ်လုံးကိုယ်ပေါက်ကို သန့်စင်နိုင်၏။ မနာလို စရာ ပေပင်။
ဆေးဘက်ဝင် စိုက်ခင်းများ သည်လည်း အလိုရှိသော သူတော်စင် စွမ်းအင် သစ်သီးများ မှန်သမျှကို ရရှိနိုင်၏။
နေနှင့်လ နတ်ရူရ်သည် ပြင်ပကမ္ဘာရှိ အချိန်များအတိုင်း လည်ပတ်နေပြီး နယ်မြေ တစ်ခုလုံး လင်းယွန်၏ ကျင့်ကြံမှုအပေါ် ထောက်ပံ့ ပေးနေသည်။
“ အိုင်ရစ် ဓားသူတော်စင်က ဘက်လိုက်တယ်။ ”
“ ဝှစ် ... ။ ”
ဧကရာဇ်ဖြူက သက်ပြင်းချကာ ဝေဖန်မိသည်။ ခရမ်းငယ်မှ ဖီးနစ်သစ်ပင်ပေါ်က ခုန်ဆင်းပြီး၊
“ မင်း ဘာသိလို့လဲ ... သူ အရင်ဘဝက နဂါးပြာဘိုးဘေးရဲ့ သူငယ်ချင်းပဲ ... အိုင်းရစ်ဓား သူတော်စင် ဆိုတာ ... သူ့သူငယ်ချင်းရဲ့ တပည့်တစ်ယောက်ပါ ... ။ ”
-ဟု ဝါစဉ်ကို ပြောပြလိုက်သည်။
“ အရင်ဘဝက ဘာလုပ်လို့ ရမှာလဲ ... လက်ရှိဘဝအရ ငါက အိုင်းရစ်ဓားသူတော်စင်ရဲ့ တပည့်ကြီး ... လင်းယွန်ဆိုတာ ဂျူနီယာ။ ”
ဧကရာဇ်ဖြူက ဝမ်းနည်းစွာပြောသည်။
“ ဟမ့် ... ဒါဆို မင်းလည်း ... ငါ့ကို သခင်ဖီးနစ်အဖြစ် ရိုသေလေးစားမှု ပြသင့်တယ် မဟုတ်လား။ ”
သူမ စကားကြောင့် ဧကရာဇ်ဖြူက ပြုံးသည်။ ခရမ်းငယ်၏ မူလကို အကြမ်းဖျင်း သိထားပြီး ဖြစ်၏။
“ ကောင်းပြီ ... သခင်ဖီးနစ် ... အခု ငါ့အတွက် ဘာများ ညွှန်ကြားချက် ရှိပါသလဲ။ ”
ခရမ်းငယ်က မျက်ဝန်းများ အမှေးစင်းလျက်၊
“ အဲဒီလူယုတ်မာကို သွားကြည့်ရအောင် ... အခု သူ ဒုက္ခရောက်နေရမယ် ... ဘာပဲ ဖြစ်ဖြစ် အိုင်းရစ် လျှို့ဝှက်နယ်မြေ ပြန်ရပြီဆိုတော့ သူ ကျေနပ်မှာပါ။ ”
“ ကောင်းပြီ ... ။ ”
ဧကရာဇ်ဖြူက ပြုံးလိုက်လေသည်။ သူမသည် ဤအိုင်းရစ် ဓားသေတ္တာထက် ပို၍ တန်ဖိုးရှိသူ ဖြစ်၏။
ဖီးနစ်တစ်ကောင် နောက်ပါးသို့ လိုက်ခွင့်ရသော် သေလျှင်ပင် နောင်တရမိမည် မဟုတ်ချေ။
ထိုအတွေးဖြင့် ဧကရာဇ်ကိုးပါးအနက် တစ်ပါးဖြစ်သော သူ့ဒဏ္ဍာရီလာ ဖြစ်စဉ်သည် ရုတ်တရက် မှုန်ဝါးသွားတော့၏။
***