← Chapters

မဟာ သူတော်စင် နယ်ပယ်။

Vol. 176 Ch. 2459

မဟာ သူတော်စင် နယ်ပယ်။

Vol. 176 Ch. 2459

အနန္တနဂါး ဆေးအိုးမှ နဂါးဟောက်သံ ပေါ်လာပြီး တောင်ကြီးတစ်ခုလုံး တဆတ်ဆတ် တုန်ခါလျက် ရွှေရောင် အလင်းတန်းများ ဖြာထွက်လာ၏။

“ အား ... ပူတယ်။ ”

လင်းယွန်တစ်ယောက် ရာဝင်အိုးထဲ၌ ပူလောင်မှုကို ခံစားနေရ၏။ သွေးကြောများ အတွင်း အဆိပ်များ စီးဆင်းနေကဲ့သို့ ခံစားရလေသည်။

အကြိမ်ပေါင်း မရေမတွက်နိုင်အောင် အသွင်ပြောင်းမည့် ဖြစ်စဉ်ကြောင့် နာကျင်မှုမှာ သဘာဝအတိုင်း ပြင်းထန်၏။

“ အား ... ။ ”

“ ဝှစ် ... ။ ”

“ ဘုန်း ... ။ ”

ခန္ဓာကိုယ်သည် နေမင်းအလား ပူလောင်နေပြီး အဆုံးမရှိ စွမ်းအင်များ ပြန်၍ ထုတ်လွှတ်နိုင်ရန် ရာဝင်အိုးနံရံကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။

ခုနစ်ရောင်ရှိသော နတ်နဂါးသူတော်စင် သွေးရည်ကြည်သည် ရာအိုးထဲ၌ ကုန်ဆုံးလာပြီး မျက်လုံးများတွင် ရွှေရောင် မီးတောက်များ လျှံတက်လာ၏။

“ တိုးတက်မှုက အရမ်းများလွန်းတယ်၊ ငယ်တော့ ငယ်ပါသေးတယ်… ဒါပေမယ့် ဒါက သူ လျှောက်ရမယ့်လမ်းပဲ။ ”

“ ဘုန်း ... ။ ”

ဧကရာဇ်နက်က လေးနက်သော အမူအရာနှင့် ပြောလိုက်သည်။ ရုတ်တရက် ရာဝင်အိုးကြီးထံမှ ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာ၏။

အနန္တနဂါးဆေးအိုး တစ်ခုလုံး မီးတောက်စပြုလာစဉ် လင်းယွန်က ခုန်ထွက် လာသည်။ မြေပြင်သည် အက်ကြောင်းများ ပေါ်လာပြီး ချက်ချင်း ခန်းခြောက်သွား၏။

မြစ်ပြင်မှ မြူခိုးများ ထွက်လာကာ မြစ်ရေများ လျှင်မြန်စွာ အငွေ့ပျံကုန်၏။

တောင်တန်းများ သည်လည်း မီးလျှံများဖုံးလွှမ်းလျက် အိုးပတ်လည်တွင် လှည့်ပတ်နေသော နဂါးများက လင်းယွန်ထံ ဦးညွှတ်လာကြသည်။

“ ထွက် သွား ... ။ ”

လင်းယွန်၏ အသိစိတ် မှုန်ဝါးသွားကာ ခန္ဓာကိုယ်အတွင်းရှိ ပြင်းထန်သော စွမ်းအင်များ ထွက်လာ၏။

ရွှေရောင် ကောင်းကင်နဂါးဝိညာဉ် ပေါ်လာပြီး နတ်နဂါးများ အားလုံးကို ကွဲအက် သွားစေသည့် အစွမ်းထက်သော ရောင်ဝါ ဖြာကျလာသည်။

“ ကောင်းလိုက်တာ ... ။ ”

“ ရွှပ် ... ။ ”

“ ဘုန်း ... ။ ”

ဧကရာဇ်နက်က လင်းယွန်ထံ စွမ်းအင် အလင်းတန်းတစ်ခုဖြင့် တောက်ထုတ်လိုက်ရာ ခန္ဓာကိုယ်ကို ထိမှန်လျက် မီးတောက်များ အဖြစ် လောင်ကျွမ်းလာလေသည်။

“ မင်း ... သေချင်နေတာပဲ။ ”

လင်းယွန်က အသိစိတ်လွတ်သွားပြီး ဒေါသတကြီး အော်ငေါက်လျက် ဧကရာဇ်နက် ထံသို့ ပြေးဝင် တိုက်ခိုက်လိုက်၏။

ဧကရာဇ်နက်က ပြုံးသည်။ လင်းယွန်၌ မရေမတွက်နိုင်သော လက်သီးရိပ်များဖုံးလွှမ်း နေကာ မိုင်တစ်သောင်း ဧရိယာ အတွင်း ကျောက်တုံးများ ပျံတက်လာ၏။

“ မလုံလောက်ဘူး ... ။”

သို့တိုင် ဧကရာဇ်နက်က သရော်လှောင်ပြောင်သော အရိပ်အမြွက်ဖြင့် လှမ်းကြည့်လိုက်သည်။

ယင်းသည် လင်းယွန်ကို ကျိုးကြောင်းဆီလျော်မှု ထပ်မံ ပျောက်ဆုံး သွားစေ၏။

ဆယ်မိနစ်အကြာတွင် လင်းယွန်၏ ကျင့်ကြံမှု မြင့်တက်လာပြီး သူတော်စင်ဘုရင် အဆင့်သို့ ရောက်ရှိ လာခဲ့သည်။

“ ဟိတ် ... ။ ”

ယင်းသည် အဆုံးမဟုတ်ချေ။ ကောင်းကင်နဂါးရောင်ဝါသည် ပိုအားကောင်း လာပြီး မျက်လုံးများ၌ ရွှေရောင်အလင်းတန်း နှစ်စင်း ပြေးထွက်လာ၏။

“ ရွှပ် ... ။ ”

၎င်း၏ လမ်းကြောင်းတွင် အပိုင်းပိုင်း ဖြတ်တောက်လျက် အရာအားလုံးကို ကြေမွှ ပျက်စီးကုန်စေသည်။

“ အား ... ။ ”

အဆုံးတွင် လင်းယွန်က ကျောက်ဆောင် တစ်ခုပေါ် ဆင်းသက်လျက် လက်နှစ်ဖက်ကို ဖြန့်ထုတ် အော်ငေါက်လိုက်သည်။

“ ဒါက စိတ်ဝင်စားဖို့ ကောင်းတယ်။ ”

ဧကရာဇ်နက်က ပြုံးသည်။ မျက်စိတစ်မှိတ်အတွင်း တိုက်ခိုက်မှု များစွာကို ထပ်မံ ဖလှယ်လိုက်ကြ၏။

လှုပ်ရှားမှု ဆယ်ကြိမ် ပြည့်ပြီးနောက် လင်းယွန်၏ ကန်ချက်ဖြင့် ဧကရာဇ်နက်က တစ်ယောက် ပျံသန်းသွားသည်။

“ အဟမ်း ... ဒါက နည်းနည်းနာတယ် …”

ဧကရာဇ်နက်က ပြုံးပြီး သူ့ရင်ဘတ်ကို ပွတ်သပ်လိုက်၏။ ထိုစဉ် လင်းယွန်ကျောရိုးများ မီးတောက်လောင် လာခဲ့သည်။

“ ကျာ့ ... ။ ”

ကောင်းကင်ပေါ် ပျံတက်လျက် ဧကရာဇ်နက်ကို နတ်နဂါးတစ်ကောင်ကဲ့သို့ စိုက်ကြည့်တော့၏။

သူ့ ကျင့်ကြံမှုသည် သူတော်စင်ဘုရင် အထွတ်အထိပ် နယ်ပယ်ထံသို့ နီးကပ်နေပြီ ဖြစ်သည်။

“ ဒါဆို မင်းကို သင်ခန်းစာတစ်ခု သင်ပေးဖို့ အချိန်တန်ပြီ။ ”

ဤတစ်ကြိမ်တွင် ဧကရာဇ်နက်မှ စတင် တိုက်ခိုက်လေရာ လင်းယွန်က လူသားသဲအိတ် ဖြစ်လာခဲ့သည်။

“ ဘုန်း ... ဘုန်း ... ဘုန်း ... ။ ”

“ အား ... ။ ”

ယင်းသည် လင်းယွန်ကို ကောင်းကင် နဂါးအရိုးနှင့် ရောယှက်စေရန် သံတူဖြင့် ထုနှက် နေခြင်းမျိုး ပေပင်။

ထိုးနှက်ချက် တစ်ရာပြည့်ပြီးနောက် လင်းယွန်ခမျာ လွင့်စဉ်လျက် ကျောက်တောင် အတွင်း နစ်မြုပ်သွားတော့၏။

“ ဝုန်း ... ။ ”

ဧကရာဇ်နက်က ကျောက်တုံးပုံ အနား လျှောက်လှမ်းလာစဉ် လင်းယွန်က ထိုအောက်မှ ပျံထွက်လာပြန်သည်။

သူ ထုတ်လွှတ်လာသော ရောင်ဝါသည် သူတော်စင်ဘုရင် အထွတ်အထိပ်သို့ ရောက်ရှိ သွားတော့၏။

“ မဟာ သူတော်စင် ဖြစ်ဖို့ မလုံလောက်သေးဘူးလား။ ”

ဧကရာဇ်နက်က မျက်မှောင်ကြုတ် လိုက်သည်။ လင်းယွန်သည် ကောင်းကင်နဂါး အရိုး၏ စွမ်းအားအပေါ် ဆယ်ပုံ တစ်ပုံခန့်သာ သန့်စင်နိုင်ကြောင်း ပြောနိုင်၏။

“ ဒါက အန္တရာယ်များတယ် ... သူ မဟာသူတော်စင် နယ်ပယ်သာ မရောက်ရင် ပေါက်ကွဲ သေသွားလိမ့်မယ်။ ”

ယင်းကြောင့် ဧကရာဇ်နက်၏ မျက်နှာ ညှိုးနွမ်းသွားပြီး၊

“ ငါတို့ အလေးအနက်ထားဖို့ အချိန်တန်ပြီ။ ”

-ဟု ရေရွတ်လိုက်တော့သည်။

အတွေးတစ်ခုဖြင့် ဒဏ္ဍာရီလာ ဧကရာဇ်ဖြစ်စဉ်နှင့် သူ့ရောင်ဝါ အသွင်အပြင်ကို ထုတ်လွှတ်လိုက်၏။ တောင်ကြီး တစ်ခုလုံး တုန်လှုပ် လာတော့သည်။

လင်းယွန် ပေးခဲ့သော ရွှေရောင် အဆင်းသည် ဧကရာဇ်နက်၏ ရောင်ဝါများ အောက်၌ မှိန်ဖျော့သွားခဲ့၏။

“ ဂျိန်း ... ။ ”

ကောင်းကင်၌ မိုးကြိုးတိမ်တိုက်များ ဖုံးလွှမ်းလာပြီး ကောင်းကင် နဂါး ဝိညာဉ်က လင်းယွန် ခန္ဓာအတွင်း ရူးသွပ်သွား၏။

“ ဝှစ် ... ။ ”

ထို့နောက် ရိုင်းစိုင်းကြမ်းကြုတ်သော နဂါးကြီးတစ်ကောင်ကဲ့သို့ ဧကရာဇ်နက် ရှေ့သို့ ရောက်ရှိလာကာ ထိုးနှက်လေသည်။

“ ဘုန်း ... ဘုန်း ... ဘုန်း ... ။ ”

သို့သော် သူ့တိုက်ခိုက်မှုတိုင်းသည် သမုဒ္ဒရာအနှံ့ ပျံကားသွားသော လှိုင်းများကဲ့သို့ ပျောက်ကွယ်ကုန်၏။

“ ကောင်းပြီ ... မင်းကို ဒဏ္ဍာရီလာ ဧကရာဇ်တစ်ပါးရဲ့ အစွမ်းသတ္တိကို ခံစားခွင့် ပေးလိုက်မယ် ... ။ ”

ဧကရာဇ်နက်က လူသတ်ရန် ရည်ရွယ်ချက်များဖြင့် လက်သီးကို ဆုပ်လိုက် လေသည်။

သူ့ဝန်းကျင်ရှိ အရာအားလုံးသည် ရုတ်တရက် မရဏမြေအဖြစ် ပြောင်းသွားကာ အဖျက်စွမ်းအားတစ်ခု ပေါ်လာ၏။

“ ဟိတ် ... ။ ”

“ ဘုန်း ... ။ ”

“ အွတ် ... ။ ”

လက်သီးကို ထုတ်ပစ်လိုက်သော အခါ လင်းယွန်တစ်ယောက် ဖွဲအိတ်တစ်လုံးအလား ပြုတ်ကျသွားတော့သည်။။

“ ဟမ့် ... နည်းနည်းလေးတော့ လက်လွန်သွားပြီ ထင်တယ် မသေလောက်ဘူး မဟုတ်လား ။ ”

ကောင်ကင် (၃၆)လွှာ၏ လျှို့ဝှက် နယ်မြေအတွင်း တောင်နှင့်မြစ်များ ပြိုကျကာ လင်းယွန်အပေါ် ဖုံးလွှမ်းသွား၏။

ဤမြင်ကွင်းက ဧကရာဇ်နက်ကို စိုးရိမ်တကြီး ချက်ချင်း ပြေးသွားကြည့်မိ စေသည်။

“ သေစမ်း ... ဒီကောင် ဧကရာဇ်နက် ... လင်းယွန်ကို သတ်ချင်နေတဲ့ သူလျှိုများလား။ ”

ဧကရာဇ်ဖြူနှင့် ခရမ်းငယ်က အဝေးမှ မြင်သောအခါ အံ့အားသင့် တုန်လှုပ်သွားကြ၏။

“ ခဏ နေဦး ... ။ ”

ချက်ချင်း ပြေးလွှားလိုသော ဧကရာဇ်ဖြူကို ခရမ်းငယ်မှ တားလိုက်သည်။

“ စိတ်အေးအေးထား ... လင်းယွန် တစ်ခုခုဖြစ်သွားမှာကို သူ ကြောက်နေတယ် သူလျှို မဟုတ်ပါဘူး။ ”

ထိုအချိန်တွင် လင်းယွန် အဆင်ပြေ နေသည်ကို တွေ့လိုက်ရသဖြင့် ဧကရာဇ်နက်မှ စိတ်သက်သာရာ ရသွား၏။

လင်းယွန်က ကေျာက်တုံးပုံ အတွင်းမှ တိုးထွက်လာကာ သူ့ကိုယ်သူ ပြန်ကြည့်လေ သည်။

“ မင်းရဲ့ ကျိုးကြောင်းဆီလျော်မှုကို ပြန်ရသွားပြီလား။ ”

မျက်လုံးများအတွင်း ယခင်က တောက်လောင်နေခဲ့သော မီးတောက်များ ငြိမ်းသွားသည်။

စွန့်လွှတ်လိုက်သော ရောင်ဝါသည်လည်း မဟာ သူတော်စင် ပထမ အဆင့်သို့ ရောက်ရှိ လာခဲ့၏။

“ စီနီယာ ... ဒီလက်သီးက ငါ့ကို သတ်လုနီးပါးပါပဲ။ ”

လင်းယွန်က ပြုံးကာ ပြန်ပြောလိုက်သည်။

“ ဒါဆို စိတ်နဲ့လူ ပြန်ကပ်လာပြီပေါ့။ ”

“ သတိ ပြန်ဝင်တာ ကြာနေပြီ ... ကျွန်တော့်ခန္ဓာကိုယ်ကို မထိန်းနိုင်ဖြစ်နေတာ။ ”

“ ဒါဆို ငါတစ်ချက်လောက် ကြည့်ပါရစေ။ ”

ဧကရာဇ်နက်က မျက်လုံးများ မှိတ်လျက် လက်ရှိအခြေအနေကို သိရှိနိုင်ရန် လင်းယွန် အပေါ် သူ့လက် တင်လိုက်သည်။

ကောင်းကင် နဂါး အရိုးနှင့် ကောင်းကင်နဂါးဝိညာဉ်က ပေါင်းစပ်သွားပြီ ဖြစ်သည်။

“ ငါမျှော်လင့်ထားတဲ့ အတိုင်း ... မင်း အခုလုံခြုံသွားပြီ။ ”

ဧကရာဇ်နက်က သက်သာရာရသွားသည်။

“ ဒါပေမယ့် တိုက်လို့ မရဘူး၊ ဒေါသထွက်လာရင် ခန္ဓာကိုယ်ထဲက စွမ်းအင် အပေါ် ထိန်းချုပ်နိုင်မှု လွတ်သွားတယ်။ ”

လင်းယွန်မှ ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။

“ ဒါက ... မဟာသူတော်စင် တန်ခိုးရှင် အဆင့်ကို ရောက်ပြီးရင် မင်းထိန်းချုပ်နိုင်မှာပါ ဒီအတွက် ငါလည်း နည်းလမ်း မရှိသေးဘူး။ ”

ဧကရာဇ်နက်က ခေါင်းညိတ်ကာ နှစ်သိမ့်လိုက်၏။ ထိုအချိန်တွင် ခရမ်းငယ်နှင့် ဧကရာဇ်ဖြူတို့က ကောင်းကင်မှ ဆင်းသက် လာလေသည်။

ထို့ကြောင့် ဧကရာဇ်နက် မျက်ဝန်းများက ဓားသေတ္တာထံ လှမ်းကြည့်ကာ ဝင်းလက်သွား တော့၏။

“ ဒီဓားသေတ္တာက မင်းခန္ဓာကိုယ်ရဲ့ စွမ်းအင်တွေကို ထိန်းထားနိုင်မယ် ထင်တယ် စမ်းကြည့်ပါလား။ ”

“ လူယုတ်မာ ... အဆင်ပြေရဲ့လား။ ”

ခရမ်းငယ်မှ မေး၏။

“ ငါ အဆင်ပြေပါတယ်။ ”

“ ဒါဆို လာ ... အိုင်းရစ် လျှို့ဝှက်နယ်မြေအသစ်ကို လာကြည့်ပါဦး။ ”

ချက်ချင်းပင် လင်းယွန်ကို လျှို့ဝှက် နယ်မြေထဲ ဆွဲခေါ်သွားသည်။ ရပ်ကျန်ခဲ့သော ဧကရာဇ်ဖြူက၊

“ အနက် ... မင်း စောစောက လက်သီးချက်နဲ့ ... သူ သေသွားခဲ့မှာ ငါ ကြောက်နေတာ။ ”

-ဟု ငြီးတွားလိုက်သည်။

“ ကောင်းကင် နဂါးအရိုးနဲ့ ... ကောင်းကင်နဂါး ဝိညာဉ်က ဒီလိုလွယ်လွယ် သေစေမှာ မဟုတ်ဘူး ... သူ့မှာ ကောင်းကင် နဂါး နတ်ဘုရား ကိုယ်လုံးကိုယ်ပေါက်ကို ရရှိထားပြီးပြီ၊ ဧကရာဇ်တစ်ပါးတောင် သူ့ကိုသတ်ဖို့ ကြိုးစားရလိမ့်မယ်။ ”

ဧကရာဇ်နက်က ပြန်ဖြေသည်။

“ ဟမ့် ... ဟန်ဆောင်နေတာကို ရပ်လိုက်စမ်း စောစောက မင်းကြောက်သွားတာ ငါတွေ့လိုက်ပါတယ်။ ”

“ နည်းနည်းလေး လက်လွန်တာပါ ... ဒါပေမယ့် ငါ့တွက်ဆမှု အတွင်းမှာ ရှိနေတုန်း ပါပဲ။ ”

ဧကရာဇ်နက်မှ ပြုံးပြီး ငြင်းဆန်သည်။ နှစ်ယောက်သား စကားစမြည် ပြောနေကြစဉ် လင်းယွန်နှင့် ခရမ်းငယ် ပြန်ထွက်လာ၏။

ထို့နောက် လင်းယွန်က ဧကရာဇ်နက်ကို ကြည့်ကာ၊

“ စီနီယာ ... ငါတို့ အိုင်းရစ် လျှို့ဝှက် နယ်မြေက တကယ့် မြင့်မြတ်မြေနဲ့ ယှဉ်နိုင်ပြီ ကောင်းကင်နဂါးအရိုးရဲ့ ... အကြွင်းအကျန် စွမ်းအင်ကို ထိန်းနိုင်လောက်တယ်။ ”

-ဟု ဆိုလိုက်တော့သည်။

“ ဒါဆို စမ်းကြည့်လိုက် ... ။ ”

***

All Chapters