← Chapters

စကြာဝဠာ ကောင်းကင်ဓား။

Vol. 176 Ch. 2460

စကြာဝဠာ ကောင်းကင်ဓား။

Vol. 176 Ch. 2460

“ ဘာလဲ ... အနက် ဒါကို မင်း မျှော်လင့်ထားပြီးသားပဲလား ... ဝါကြွားခြင်းကို ရပ်လိုက်ပါ။ ”

ဧကရာဇ်ဖြူက မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးလာသည်။ ဧကရာဇ်နက်မှ ရှင်းမပြ လိုသောကြောင့် ပြန်မပြောချေ။

“ ဝှစ် ... ။ ”

လင်းယွန်က အသက်ပြင်းပြင်းရှူလျက် အိုင်းရစ်ဓားသေတ္တာ ယူလိုက်၏။ သိုင်းကြိုးမှာ သူ့ပခုံးထံ ချိတ်ဆက်လာသည်။

သူတော်စင် ရောင်ဝါများ ချက်ချင်း စိမ့်ဝင်လာပြီးနောက် နတ်ရူရ်များ လင်းလက် လာတော့၏။

ကောင်းကင်နဂါးအရိုးမှ ကျန်ရစ်ခဲ့သော အကြွင်းအကျန်စွမ်းအင်များက ရုန်းကြွလာကာ ၎င်းဖြင့် ပေါင်းစည်းလျက် ပိုမိုအားကောင်းသော ရောင်ဝါအဖြစ် ထွက်ပေါ်လာပြန်သည်။

“ ဟမ့် ... ဘယ်လိုနေထိုင်ရမလဲ သင်ယူပါ။ ”

ပန်းသင်္ချိုင်းဓားကို အသုံးပြုလျက် တံဆိပ်တစ်ခုဖန်တီးကာ ကောင်းကင်နဂါးအရိုး အပေါ် ဖိနှိမ်ပစ်လိုက်သည်။

သို့သော် အံ့သြစရာ ကောင်းသည်မှာ ဓားသေတ္တာမှ စွမ်းအင်နှင့် ကောင်းကင်နဂါး အရိုး၏ စွမ်းအင်သည် ပေါင်းစည်းသွားကာ စွမ်းအင်သံသရာကို စတင်တော့၏။

သွေးကြောများမှ တဆင့် ဓားသေတ္တာအတွင်း စီးဝင်သွားကာ တစ်ပါတ် ပြည့်သည်နှင့် သူ့ခန္ဓာကိုယ်ဆီသို့ ပြန်လည် စီးဝင်လာသည်။

“ စီနီယာ ဒါက အလုပ်ဖြစ်ပုံရတယ် ... ဓားသေတ္တာက အရမ်းမှော်ဆန်တယ် ကိုယ်စား လေ့ကျင့် ပေးနေတဲ့ ... ငါ့ကိုယ်ပွား တစ်ယောက်လိုပဲ။ ”

လင်းယွန်က အဖြူနှင့် အနက်ထံ ပြန်ကြည့်ကာ ပြောကြား လိုက်လေသည်။

“ တကယ်ကြီး ဖြစ်နိုင်တာလား ... ။ ”

ဧကရာဇ်နက်က အံ့ဩသွား၏။ ဧကရာဇ်ဖြူမှလည်း၊

“ အိုင်းရစ်ဓားသူတော်စင်က မင်းအတွက် အကောင်းဆုံး အမွေကို ထားခဲ့တာပဲ ... မင်းရဲ့ ကျင့်ကြံမှုအတွက် ဓားသေတ္တာက တာဝန်ယူပြီး သူတော်စင် တာအိုနှင့် ဓားရည်ရွယ်ချက် အပေါ်သာ ... မင်းအာရုံစိုက်နိုင်ပြီ။ ”

ဧကရာဇ်နက် မှလည်း၊

“ ဒါဆို စမ်းကြည့်ပါဦး။ ”

-ဟု ပြောကြား လိုက်တော့၏။

လင်းယွန်က ခေါင်းညိတ်ပြပြီး ယင်ယန်တာအိုကို လွှတ်တင်ကာ ယင်ယန် လက်သီး ထုတ်ဖော်သည်။

ခြေဖဝါးအောက်၌ ယင်-ယန် ပုံသဏ္ဍာန် ဖြစ်ပေါ်လျက် ဖြစ်ရပ်ဆန်းများ ပေါ်ပေါက်လာ ခဲ့၏။

“ စွမ်းအားက တကယ်ပဲ ... လက်ရှိ ကျင့်ကြံမှုနဲ့ လိုက်လျောညီထွေ ဖြစ်သွားခဲ့ တာပဲ ... ။ ”

ဧကရာဇ်နက်က လင်းယွန်၏ အသွင်အပြင်ကိုကြည့်ကာ စိတ်သက်သာရာ ရသွား၏။

လင်းယွန်သည် မဟာသူတော်စင် ဖြစ်လာပြီးနောက် အုတ်မြစ်တည်ငြိမ်ရန် အချိန် အနည်းငယ်သာ လိုအပ်ခဲ့သည်။

သုံးယောက်သား မိုင်တစ်သောင်း အကွာထိတိုင် ပြန်ဆုတ်လိုက်၏။ လင်းယွန်၏ ကျင့်ကြံမှုသည် လျင်မြန်လွန်းသောကြောင့် သူတို့တတ်နိုင်သည်များ မရှိချေ။

ရှေးယခင်ကတည်းကပင် မည်သူ တစ်ဦးတစ်ယောက်မျှ ဤအဟုန်မျိုးမရှိသည်မှာ သေချာသည်။

ကောင်းကင် နဂါးအရိုးကို သန့်စင်ပြီး လျှင်ပင် နောက်တစ်ဆင့်သို့သာ တက်နိုင်သည်။ အဖြူနှင့် အနက်က စိတ်ပူပင်နေသော်လည်း ခရမ်းငယ်က တည်ငြိမ်နေ၏။

ဧကရာဇ်ဖြူက ‘သခင်ဖီးနစ်၊ မင်း စိတ်မပူဘူးလား၊’ -ဟု မေးလိုက်သည်။

“ လူသား ကျင့်ကြံသူတွေအတွက် အထူးအဆန်း ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် နတ်သားရဲတွေ အတွက်တော့ ဒါက ဖြစ်ရိုးဖြစ်စဉ်ပါ။ ”

ခရမ်းငယ်က ပြုံးကာ ပြန်ဖြေခဲ့၏။ နတ်သားရဲများသည် သန်မာသော ခွန်အားဖြင့် မွေးဖွားလာကြသည်။

ခွန်အားသည် အသက်အရွယ်နှင့်အမျှ ကြီးထွားလာနိုင်သောကြောင့် ကျင့်ကြံရန်ပင် မလိုအပ်ခဲ့ချေ။

“ ဒါပေမယ့် လင်းယွန်က နတ်သားရဲမှ မဟုတ်တာ။ ”

ဧကရာဇ်နက်က လေးနက်သော အမူအရာဖြင့် ပြန်လည် ပြောကြား လိုက်သည်။

“ သူက ကောင်းကင်နဂါး အရိုးကို သန့်စင်ပြီး ... မိုးပြာနဂါး နက္ခတ်ရဲ့ အသိအမှတ် ပြုမှုကို ရရှိထားတယ် ... သူ့ခန္ဓာကိုယ်က နတ်ဘုရားနဲ့ ယှဉ်နိုင်နေပြီ ...

ကောင်းကင်နဂါး ခန္ဓာက ...မွေးရာပါ တာအိုခန္ဓာ၊ နဂါး-ဖီးနစ် နတ်ခန္ဓာ၊ မဟာနေမင်း နတ်ခန္ဓာနဲ့ မဟာလမင်း နတ်ခန္ဓာ တွေထက် ပိုအားကောင်းတယ် ...

... အရေးအကြီးဆုံးကတော့ သူ့မှာ နုပျိုတဲ့နှလုံးသားရှိပြီး အကြောက်တရား ကင်း ပါတယ် ... ရဲရင့်တယ် ... အပြောင်းအလဲအပေါ် လိုက်လျောညီထွေ လုပ်နိုင်တယ်။ ”

“ ဒါတော့ မှန်တယ် ... လူငယ် တစ်ယောက်ရဲ့ နှလုံးသားက မယုံနိုင်စရာ ကောင်းအောင် လေးနက်တယ်။ ”

ဧကရာဇ်နက်က ခရမ်းငယ် စကားကို ပြုံးပြီးထောက်ခံ၏။ လင်းယွန်သည် လူငယ် တစ်ယောက်ဖြစ်သည်။

နှလုံးသားကို ပိုင်ဆိုင်ထားရုံသာမက ကြိုးစားမှုနှင့် မယိမ်းမယိုင်သော စိတ်ဆန္ဒမျိုး ရှိချေပြီ။

“ ရွှပ် ... ။ ”

လင်းယွန်က ဓားဆွဲထုတ်ကာ ကစားတော့သည်။ ယခု တစ်ကြိမ်တွင် ချို့ယွင်းချက် များစွာကို ပြုပြင်ထား သောကြောင့် ကွဲပြားသွား၏။

ကောင်းကင်နဂါးဓားသည် ကောင်းကင်နဂါးခန္ဓာ အောက်၌ ပို၍ ကြောက်စရာ ကောင်း လာသည်။

တျန်ရွှမ်ဇီရှိလျှင်ပင် သူ့ဓားရေးအပေါ် ချို့ယွင်းချက်များ ရှာတွေ့နိုင်မည် မဟုတ်ချေ။ ထိုစဉ် တျန်ရွှမ်ဇီ တစ်ယောက် သူ့ရှေ့ ပေါ်လာ၏။

“ ပန်းသင်္ချိုင်း ... ငါသင်ပေးပါရစေ ငါတို့ရဲ့နှလုံးသားက ဖြူစင်ပြီး မာနရှိသင့်တယ် ရဲဝံ့ပြီး ... အကြင်နာတရား ကင်းရမယ်။ ”

ထိုစကားအတိုင်း ကောင်းကင် နဂါးဓား၊ ဖီးနစ်ဓား၊ နဂါး-ဖီးနစ်ဓား၊ ပိုးစုန်းကြူး နတ်ဓား၊ ယင်ယန်ဓားနှင့် နိဗ္ဗာန်ဓားတို့ကို ကစားလိုက်၏။

သူ ရပ်လိုက်သောအခါတွင် တျန်ရွှမ်ဇီမှ ပြုံးရွှင်စွာ ကြည့်နေခဲ့သည်ကို မြင်လိုက်ရသည်။

“ ဘယ်လိုလဲ ... ငါမှန်တယ် မဟုတ်လား ... ဟား ဟား ဟား ... ။ ”

ထို့နောက် ရယ်မောလျက် တျန်ရွှမ်ဇီပုံရိပ် ပျောက်ကွယ် သွားတော့သည်။

“ ဒါဆို သူက ပိုးစုန်းကြူး နတ်ဓားကို အောင်မြင် သွားခဲ့တာပေါ့ ... ။ ”

လင်းယွန်က အံ့ဩစွာ ရေရွတ်လိုက်၏။ ခရမ်းငယ်နှင့်အတူ ဧကရာဇ်နှစ်ပါး ရောက်ရှိ လာပြီး၊

“ ပန်းသင်္ချိုင်း ... မင်းဘာတွေ တွေးနေတာလဲ။ ”

-ဟု မေးလေသည်။

“ တျန်ရွှမ်ဇီကို သတိ ရလာလို့ပါ ... အစကတည်းက သူ ... ကျွန်တော့်ကို သတ်ဖို့ ရည်ရွယ်ချက် မရှိဘူး။ ”

“ ဘာများလဲလို့ ... သူက ခွေးတစ်ကောင်ပါပဲ။ ”

ဧကရာဇ်ဖြူက ပြုံးကာ ပြန်ပြော၏။

“ တျန်ရွှမ်ဇီက ပန်းချီကား ဖြစ်ပေမယ့် ... တောင်ပိုင်း ဧကရာဇ်ကနေ ဖန်တီးထားတာပါ အဲဒါကြောင့် ... ဧကရီ လက်ကနေ လွတ်မြောက် သွားခဲ့တာ။ ”

ဧကရာဇ်နက်က ကောင်းမွန်သော အမြင်မျိုးဖြင့် ပြောကြားလာခဲ့၏။ ပန်းသင်္ချိုင်း ဓားကို ကိုင်လျက် လင်းယွန်မှ၊

“ ငါအခု ဓားဂိုဏ်းဆီ ပြန်လို့ရပြီလား။ ”

“ အလျင်လို မနေနဲ့ ... မင်းအတွက် လုပ်စရာတစ်ခု ရှိသေးတယ် နတ်ဘုရားတွေကို သတ်နိုင်တဲ့ လျှို့ဝှက် နည်းပညာကို မသုံးရသေးဘူး မဟုတ်လား။ ”

“ ဟုတ်တယ် ... အဲဒါက စမ်းသပ်လို့ အဆင်မပြေဘူး ... ပစ်မှတ်လည်း မရှိဘူး။ ”

“ ငါကို ပစ်မှတ်ထားပါ။ ”

“ မင်း ... ။ ”

ထိုစကားကြောင့် ဧကရာဇ်ဖြူခမျာ မျက်နှာ ပြောင်းလဲသွားပြီး၊

“ အနက် ... အလျင်မလိုနဲ့။ ”

-ဟု ချက်ချင်း ဟန့်တားလိုက်၏။

“ မလုပ်နဲ့ ... ။ ”

ခရမ်းငယ်မှလည်း ခေါင်းညိတ်ကာ သတိပေးသည်။

“ သူ စမ်းကြည့်ရမယ် ... မဟုတ်ရင် ... ဧကရီနဲ့ တိုက်မှ ဒါကို စမ်းကြည့်စေချင်လို့လား။ ”

-ဟု ပြန်လည် မေးခွန်းထုတ်လိုက်၏။

“ လျှို့ဝှက်နည်းစနစ်ကို စကြာဝဠာ ကောင်းကင်ဓားလို့ ခေါ်တယ် ... ဓားပျံ၊ တာအို ရှာခြင်းနဲ့ နတ်ဘုရား သတ်ခြင်းဆိုပြီး ... ပုံစံ သုံးမျိုး ပါရှိတယ် ... စီနီယာ စမ်းကြည့်ချင်ရင်တော့ ...

... အုပ်စိုးရှင် နတ်ရူရ်တွေ မသုံးဘဲနဲ့ ... ကြိုးစားနိုင်တယ် ... ဒီနတ်ရူရ်တွေ သုံးရင် ငါ့ရဲ့ ပင်ပန်းနွမ်းနယ်မှု ကြီးမားလာလိမ့်မယ်။ ”

“ ကောင်းပြီ ... ။ ”

လင်းယွန် စကားကို ဧကရာဇ်နက်က ခေါင်းညိတ် သဘောတူသည်။ ဧကရာဇ်နက်ကို မဆွဲဆောင်နိုင်သဖြင့် ခရမ်းငယ်နှင့် ဧကရာဇ် ဖြူမှ ဘေးဘက်သို့ ဆုတ်ခွာသွား၏။

လင်းယွန်က ဓားပျံတံဆိပ်ကို ဖန်တီးကာ ဓားရည်ရွယ်ချက်နှင့် သွေးသားစွမ်းအင်များအား မြေကြီးဖြင့် ပေါင်းစပ်လိုက်သည်။

တံဆိပ် ပွင့်လာသောအခါ ကောင်းကင် ဖျက်ဆီးခြင်း ဓားရည်ရွယ်ချက်က ရောင်ခြည် တစ်ထောင်အဖြစ် ဖြန့်ကားလာ၏။

ဒုတိယတံဆိပ်ကို ဆက်၍ ဖန်တီးချိန်၌ နဖူးမှ ချွေးများကျလာသည်။ လက်ဆယ်ချောင်း တုန်ယင်လျက် မျက်နှာ အမူအရာမှာလည်း ဖျော့တော့လာ၏။

သူတော်စင် မူလ၊ ဓားရည်ရွယ်ချက်နှင့် သွေးသားစွမ်းအင်များ လျင်မြန်စွာ ကုန်ဆုံးသွား လေသည်။

မရေမတွက်နိုင်သော လူများလည်း ဤမြေပေါ်၌ ပေါ်လာ၏။ အချို့က အော်ဟစ် နေကြပြီး၊ အချို့မှာ ကောင်းကင်ကို ကန်တော့ နေသည်။

နိဗ္ဗာန်တာအို ပွင့်လျက် သက်ရှိများ မွေးဖွားကြီးထွားလာကာ အာကာသနှင့် အချိန် ကမောက်ကမ ဖြစ်ကုန်၏။

ဓားရောင်ခြည် တစ်သောင်းမှလည်း ကောင်းကင်၏ အလွှာများကို ကွဲကြေစေခဲ့ပြီး ဖရိုဖရဲ ဖြစ်စဉ်များ ပေါ်လာတော့၏။

ဤဖြစ်စဉ်သည် သက်တံဓား ဧကရာဇ် ဒုက္ခနှင့် ယှဉ်နိုင်၏။ တတိယ တံဆိပ်ဖြစ်သည့် နတ်ဘုရား သုတ်သင်ခြင်းတံဆိပ် ပေါ်လာသော အခါ ဧရာမဓားကြီး ပျံထွက်လာသည်။

“ ဘုန်း ... ။ ”

နောက်တစ်စက္ကန့်တွင် ဧကရာဇ်နက် အပေါ်သို့ ကျရောက်သွားသည်။ ကြီးမားသော ရိုက်ခတ်မှုနှင့်အတူ တောင်ကြီးပြိုကျသွား၏။

ဤအရာက လင်းယွန်ကို အသိစိတ်များ ပျောက်ဆုံးသွားကာ မှင်တတ်သွားစေသည်။

“ အနက် ... ။ ”

ဧကရာဇ်ဖြူက တောင်ပြိုကျမှုထဲ ဧကရာဇ်နက်ကို အပြေးအလွှား ရှာဖွေတော့၏။ သို့သော် မတွေ့သဖြင့် မြေပြင်ပေါ် ဆင်းရှာ လေသည်။

ရှေးဟောင်း ပျက်သုန်းမြေပြင်၏ ချိုင့်ဝှမ်းတစ်ခုအတွင်း ပြန်လည် တွေ့ရှိလိုက် ရ၏။

ဖြူဖျော့လျက် အားနည်းနေသော အသွင်အပြင်ဖြင့် ဧကရာဇ်နက် မျက်နှာမှာ ရွှင်လန်းနေတော့သည်။

“ ဒဏ္ဍာရီအဆင့် ပျက်သွားပြီး ငါ့ကျင့်ကြံမှုက ဧကရာဇ်ဘုံကနေ ပြုတ်ကျလု နီးပါးပါပဲ ... အိုင်းရစ်ဓားသူတော်စင်က မင်းကို လိမ်နေတာ မဟုတ်ဘူး။ ”

ဧကရာဇ်နက်က သူ့ဒဏ်ရာများကို လျစ်လျူရှုလျက် စိတ်လှုပ်ရှားစွာဖြင့် ပြောကြား လိုက်လေသည်။

ထိုမြင်ကွင်းက ဧကရာဇ်ဖြူအတွက် ပါးရိုက်ချင်စရာ ဖြစ်လာသည်။ ဒဏ္ဍာအဆင့် တစ်ခု ပြိုပျက်သွားခြင်းအပေါ် ပျော်ရွှင်စရာ ရှိသည်လော။

“ လင်းယွန် သေချာတယ် ... ဒီနည်းစနစ်က နတ်ဘုရားတွေကို သတ်နိုင်တယ်။ ”

“ စီနီယာ ဒဏ္ဍာရီလာ အဆင့်ကို ပြန်ယူလို့ရမလား။

လင်းယွန်က စိတ်မကောင်း ကြီးစွာ မေးလိုက်သည်။

***

All Chapters