← Chapters

မင်းနဲ့ ဘာဆိုင်လဲ ... ။

Vol. 176 Ch. 2461

မင်းနဲ့ ဘာဆိုင်လဲ ... ။

Vol. 176 Ch. 2461

“ စီနီယာ ဒဏ္ဍာရီ အဆင့်ကို ပြန်ယူဖို့ နည်းလမ်း မရှိဘူးလား။ ”

ဤသည်မှာ ဧကရာဇ်နက်ကို သာမန်ဧကရာဇ် အဆင့်သို့ လျော့ကျစေသည်။

“ မင်းသာ အုပ်စိုးရှင် နတ်ရူရ်တွေကို သုံးလိုက်ရင် ... ငါ ဧကရာဇ် နယ်ပယ်ကနေ ပြုတ်ကျမှာ သေချာတယ် အရေးမကြီးဘူး။ ”

ဧကရာဇ်နက်က ခေါင်းညိတ်သည်။ လင်းယွန်၏ စကြဝဠာ ကောင်းကင်ဓားသည် ဤမျှ အစွမ်းထက်လိမ့်မည်ဟု မမျှော်လင့် ထားချေ။

တစ်ဖက်တွင် လင်းယွန် သည်လည်း ပင်ပန်းနွမ်းနယ်သွားသည်။ ရုပ်ခန္ဓာ ကြံ့ခိုင်မှု မရှိပါက ပြိုလဲသွားနိုင်၏။

အိုင်းရစ် ဓားသူတော်စင်သည် ထိုအချိန်က အသုံးပြုစဉ် မည်သည့် အကျိုးဆက်မျှ မရှိခဲ့ချေ။ လင်းယွန် အမူအရာကို မြင်သော် ဧကရာဇ်နက်က ပြုံးလျက်၊

“ စိတ်မပူပါနဲ့ ... ကောင်းကင်လမ်းကို ပြုပြင်ပြီးရင် ငါ နတ်ဘုရား ဖြစ်နိုင်ပါသေးတယ် ဒဏ္ဍာရီဆိုတဲ့ အဆင့်အတန်းက ... အိုင်းရစ်ဓား သူတော်စင်က ပေးခဲ့တာပါ ... အခုတော့ မင်းရဲ့ဓားက သူနဲ့ ငါ့ကံကြမ္မာကို ဖြတ်ဖို့ ကူညီပေးလိုက်ပြီ။ ”

-ဟု နှစ်သိမ့်ပေး၏။

ဧကရာဇ်ဖြူက မျက်လုံးပြူး လာပြီး၊

“ ဒီလောက် အကျိုးရှိတာလား ... ဒါဆိုဘာလို့ ငါ့ကို ဓားနဲ့ မ​ခုတ်ရတာလဲ။ ”

-ဟု ပြန်လည် ပြောကြားလိုက်၏။

“ ကောင်းပြီ ... ငါက လက်ရှိဓားကို စမ်းပြီးပြီဆိုတော့ ... မင်းအလှည့်မှာ အုပ်စိုးရှင် နတ်ရူရ်တွေနဲ့ စမ်းကြည့်ရမယ်။ ”

ဧကရာဇ်ဖြူတစ်ယောက် ဒေါသထွက်လာကာ၊

“ ငါ့ကို သေစေချင်နေတာလား။ ”

-ဟု အော်ငေါက်လေသည်။

“ ဟား ဟား ဟား ... ။ ”

ဧကရာဇ်နက်က ရယ်သည်။

“ ဓားဂိုဏ်းကို ပြန်ရအောင်။ ”

လေး​​ယောက်သား ဓားဂိုဏ်းသို့ ပြန်လာလျက် လင်းယွန်က ယခင်နေခဲ့ဖူးသော နေအိမ်သို့ ဦးတည်လိုက်သည်။

အိမ်ရောက်သည်နှင့် ခရမ်းငယ်က သူ့ကို ဓားသေတ္တာထဲ ဆွဲခေါ်ကာ သစ်ပင်အောက်၌ ထိုင်စေခဲ့၏။

ဖီးနစ်သစ်ပင်သည် ယခုအခါ ပေပေါင်း တစ်ထောင်ကျော်နေပြီ ဖြစ်သည်။ သူတော်စင် ရောင်ခြည်နှင့် မွှေးရနံ့သင်းသင်းများပင် ထွက်နေ၏။

“ ဝှစ် ... ။ ”

သူမ လက်ကို ဝှေ့ယမ်းလိုက်သောအခါ ရွှေရောင် အလင်းတန်းများ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့၏။

ယင်းက ပင်ပန်း နွမ်းနယ်နေသော ခွန်အားများစွာကို ပြန်လည် ရရှိစေသည်။

“ ဝိုး ... ဒါက တကယ်ကို မှော်ဆန်တာပဲ ... ငါ့သွေးသားစွမ်းအင် တစ်ဝက်နီးပါး စောစောက ကုန်ဆုံးခဲ့ရတယ် ပြန်ကောင်းလာဖို့ အနည်းဆုံး (၁၅) ရက်လောက် အချိန်ယူရဦးမယ်။ ”

လင်းယွန်တစ်ယောက် ချက်ချင်း စွမ်းအင်များ ပြန်လည် ပြည့်ဝလာသဖြင့် ဝမ်သာ သွားသည်။

“ ဒါ ... ဖီးနစ်သစ်ပင်က ပေးခဲ့တဲ့ ဆုလာဘ်ပါပဲ ... အဲဒီတုန်းက နင် ခက်ခက်ခဲခဲ ရခဲ့တဲ့ နတ်နဂါး သူတော်စင် သွေးရည်ကြည်ကို သူ့ပေးခဲ့တာ မဟုတ်လား ထိုက်တန်ပါတယ်။ ”

“ ဖီးနစ် သစ်ပင် အတွက် ဘေးထွက်ဆိုးကျိုး မရှိဘူး မဟုတ်လား။ ”

ထိုမေးခွန်းကြောင့် ခရမ်းငယ်က ဖီးနစ်သစ်ပင်ထံ မော့ကြည့်လိုက်ကာ ပြုံးရယ် လျက်၊

“ ကောင်းပါတယ် ... နင့်ကို ကူညီပေးနိုင်လို့ သူ ဝမ်းသာနေတယ်။ ”

-ဟု ဘာသာ ပြန်ပေးလိုက်သည်။

“ ဒါဆို ... ငါ လမ်းလျှောက် ထွက်တော့မယ်။ ”

ခရမ်းငယ်က ခေါင်းညိတ်ပြ၏။ လင်းယွန်အတွက် သိုင်းမောင်နှများနှင့် တွေ့ဆုံရန် အချိန်လိုသည်။

ထို့နောက် ယဲ့ဇီလင်၊ ကျောက်ယန်၊ မူရွယ်ချင်း၊ ကုန်းစွန်းယန်တို့နှင့်အတူ စကား စမြည်များ ပြောနေမိ၏။

အထူးသဖြင့် လင်းယွန် ဓားဂိုဏ်းမှ ထွက်ခွာပြီးနောက် သူ့အတွေ့အကြုံများ မျှဝေ ပေးခြင်း ပေပင်။

“ အစ်ကိုလင်း ... ယဲ့ချင်းရှန်ရဲ့ အတွေ့အကြုံကို ပြောပြပါ ... သန့်ရှင်းသော သမီးတော် ရေးချိုးတာကို မင်း ... တကယ် ချောင်းကြည့် ခဲ့တာလား။ ”

“ ဟား ဟား ဟား ... ။ ”

ကုန်းစွန်းယန် မေးခွန်းကြောင့် လူတိုင်း ရယ်မောလိုက်ကြသည်။ အဆုံး၌ သန့်ရှင်းသော သမီးတော် သတ်သူဘွဲ့မှာ ကျယ်လောင်ခဲ့၏။

“ ယဲ့ချင်းရှန်ကို ငါမသိဘူး ... ငါက ပန်းသင်္ချိုင်းပဲ။ ”

“ ဟား ဟား ဟား ... ။ ”

လင်းယွန်တစ်ယောက် ဓားဂိုဏ်းသို့ ဝင်ရောက်ခဲ့သည့် အချိန်ကို ပြန်ပြောင်းသတိ လာမိသည်။ ထိုစဉ်က သူအပါအဝင် ဤလူ များသည် လူငယ်များ ဖြစ်ချေ၏။

“ အခု နင့်ရဲ့ ခွန်အားက ဘယ်အဆင့်လဲ။ ”

ယဲ့ဇီလင်က မေးသည်။ သူမသည် ထက်ရှသော အမြင်ရှှိသော်လည်း လင်းယွန် အပေါ် နားလည်နိုင်စွမ်း မရှိဟု ခံစားနေရ၏။

လင်းယွန်သည် သူ့ခွန်းအားကို သိုဝှက်ထားလျှင်ပင် ထူးထူးခြားခြား ဖြစ်နေ ချေပြီ။

“ မသေချာဘူး။ ”

လင်းယွန်က အနည်းငယ် စဉ်းစား လိုက်သည်။ မဟာ သူတော်စင် အစောပိုင်း အဆင့်သာ ဖြစ်သော်လည်း အချိန်မရွေး အထွတ်အထိပ် ခွန်အားကို ပြသနိုင်၏။

အရေး အကြီးဆုံးမှာ ဓားသေတ္တာကို ထမ်းပိုးနေခြင်းဖြင့် ကျင့်ကြံရန် မလိုတော့ခြင်း ပေပင်။ ယဲ့ဇီလင်က ပြုံးပြီး ဆက်မမေးချေ။ သူမသည် လင်းယွန်ကို အမီလိုက်ချင် သော်လည်း လက်လျှော့ လိုက်ရ၏။

“ လင်းယွန် ... မိန်းကလေး လောဟွာက နင့်ကို စောင့်နေလိမ့်မယ် ... သူ့ကို ပြန်ခေါ်လာ ပေးပါ။ ”

“ ဒါတော့ သေချာတယ် ... ။ ”

လင်းယွန်မှ ပြုံးပြီး ကတိပေးလိုက်သည်။

( ညီလေး၊ ဆရာ ... မင်းကို တွေ့ချင်နေတယ်။ )

ယဲ့ကူဟန်၏ အသံပေးပို့မှုကြောင့် လင်းယွန်က လူတိုင်းကို နှုတ်ဆက်လိုက်သည်။

သက်တံဓားဧကရာဇ် နေအိမ်သို့ ရောက်ရှိသောအခါတွင် စီနီယာ ညီအစ်ကို မောင်နှမများ အားလုံး ရှိနေခဲ့ကြ၏။

“ ညီလေး ...မင်းကို ဆရာက သင်ကြားပေးချင်လို့ စောင့်နေတယ် ငါတို့ အားလုံး ... ပြီးသွားပြီ။ ”

ယဲ့ကူဟန်မှ ပြောကြား၏။ လင်းယွန်က ခေါင်းညိတ်လျက် လျှို့ဝှက်နယ်မြေထဲ ဝင်လိုက် တော့သည်။

“ တပည့်လင်းယွန် ... ဆရာ့ကို လေးစားပါတယ်။ ”

သက်တံဓားဧကရာဇ်က ပြုံးလျက်၊

“ မင်း ကျင့်ကြံရာကနေ ထွက်လာမဲ့ အချိန်ကို ငါစောင့်နေခဲ့တာ ... ထိုင်ပါ ဧကရာဇ် နက်က မင်းအခြေအနေကို ပြောပြပြီးပြီ၊ ...

... မင်းကို ငါသင်ပေးနိုင်တာ ဘာမှ မရှိတော့ဘူး ... ငါတို့ ဓားတာအိုကိုပဲ ဆွေးနွေး နိုင်မယ်။”

“ တပည့် မထိုက်တန်ပါဘူး။ ”

လင်းယွန်မှ ချက်ချင်း တုန့်ပြန်၏။

“ မထိုက်တန်ဘူးလား ... မင်းရဲ့ဓားတာအို အောင်မြင်မှုက အခု ငါ့ထက်အားနည်းတော့တာ မဟုတ်ပါဘူး။ ”

လင်းယွန်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။

“ ဆရာ ... နဝမတန်းဓား အထက်မှာ ဘာရှိလဲ။ ”

“ နဝမတန်း ဓားအထက်မှာ ... ဘာရှိလဲဆိုတဲ့ မှတ်တမ်းမျိုး ခွန်လွန်သမိုင်းမှာ မရှိဘူး ... ဒါပေမယ့် ဓားဘိုးဘေးကတော့ အဲဒီအဆင့်ကို ရောက်ခဲ့လိမ့်မယ်...

... အရင်က​​တော့ ယုချင်းဖန်ကို နဝမတန်းဓားထက် ကျော်လွန်နေလောက်ပြီလို့ ထင်ခဲ့ဖူးတယ် ... အခု သူ့ကို မေးကြည့်တော့ အဖြေအတိအကျ မပေးခဲ့ဘူး။ ”

သက်တံဓားက ရှုပ်ထွေးသည့် အမူအရာဖြင့် ပြန်ဖြေ၏။ ချီလင်ဓားကျမ်းတွင်ပင် နဝမတန်း ဓားထက် ကျော်လွန်​သော အဆင့်ကို မပြောထားချေ။

သူတော်စင် တာအိုသည် ကိုယ်ခံပညာအတွက် မြှောက်ဖော်ကိန်း ဖြစ်ပြီး သိုင်းရည်ရွယ်ချက်မှာ ခွန်အား ဖြစ်၏။

ဧကရာဇ်များသည် ထာဝရတာအိုကို လိုက်စားခြင်းဖြင့် နတ်ဘုရားများဖြစ်လာနိုင်၏။ သို့သော် ဓားသမားသည် နဝမတန်းဓားဖြင့် လမ်းဆုံးသွားသည်။

“ ဓားဘိုးဘေးက နဝမတန်းဓားကို ကျော်လွန်ပြီး ထာဝရတာအိုနဲ့ တူညီတဲ့အဆင့် ရောက်ခဲ့တယ်ဆိုတဲ့ ကောလဟလ ရှိပါတယ် ...

... ဒါပေမယ့် ကောင်းကင် တာအိုက လက်မခံတဲ့အတွက် ဒီလိုလျှို့ဝှက်ချက်တွေကို မှတ်တမ်းတင်လို့ မရဘူး။ ”

ဤသတင်းသည် လင်းယွန်အတွက် ထိတ်လန့်ဖွယ် ဖြစ်၏။ အုပ်စိုးရှင် တာအိုသည် ထာဝရတာအိုနှင့် တူညီသော အဆင့်သို့ ရောက်နိုင်သည်လော။ မယုံနိုင်စရာပင်။

“ ဒါ တကယ်ပဲလား ဆရာ။ ”

“ မသေချာဘူး ... ငါနဲ့ ယုချင်းဖန်ကြားက တိုက်ပွဲနီးလာပြီဆိုတော့ မင်းရဲ့သိုင်းညီအစ်ကို မောင်နှမတွေနဲ့ အတူ ... လိုက်နိုင်တယ်၊ ဒီပွဲမှာ ငါ့ရဲ့ ရည်ရွယ်ချက်က အနိုင်ရဖို့ထက် အဖြေ ရှာဖို့ပဲ။ ”

လင်းယွန်က မျှော်လင့်ချက်များ တောက်လောင်လာပြီး၊

“ ဆရာ ... အနိုင်ရဖို့ အလားအလာက ဘယ်လောက်လဲ။ ”

“ အလေးသာမှုက မများပေမယ့် ဒီတိုက်ပွဲပြီးရင် နောင်တရစရာ မရှိတော့ပါဘူး ဒီဓားနဲ့တိုက်ဖို့ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင် တည်းက ... ငါအမြဲ အိပ်မက်မက်ခဲ့ရတယ် အခု အချိန်ကျပြီ။ ”

သက်တံ ဓားဧကရာဇ်မှ ပြုံးကာ ပြန်ဖြေလေသည်။ ထိုအပြုံးတွင် တစ်စုံတစ်ရာ စွဲလမ်းမှု မရှိတော့ကြောင်း မြင်လိုက်ရ၏။

ခွန်လွန်နယ်မြေ တစ်ခုလုံးသည် ဤတိုက်ပွဲအပေါ် စောင့်မျှော်နေကြလေသည်။ သက်တံဓား ဧကရာဇ်၏ အစွမ်းသတ္တိကို လူများစွာက အထင်ကြီး၏။

သို့သော် ဧကရာဇ် ဖြစ်သည်နှင့် ယုချင်းဖန်အပေါ် ချက်ချင်း စိန်ခေါ်ရန် မည်သူမျှ မမျှော်လင့် ထားချေ။

ထို့အတွက်ကြောင့် ဓားတာအိုကို အာရုံစိုက်သော ဂိုဏ်းများစွာ၏ ဂိုဏ်းချုပ်များ သည်ပင် ၎င်းတို့၏ တပည့်များနှင့်အတူ အကြွင်းမဲ့ ကောင်းကင် မြို့တော်သို့ ဆိုက်ရောက်လာကြ၏။

တစ်ချိန်တည်းမှာပင် ဧကရီသည်လည်း ယဇ်ပူဇော်မည့် အခမ်းအနား ကျင်းပမည်ဟု သတင်းများ ပျံ့နှံ့လာသည်။

ဤအနှစ်သုံးထောင်အတွင်း နတ်ဘုရား နယ်ပယ် တက်ရောက်ရန် ပထမဆုံးအကြိမ် ကြိုးပမ်းသူ ဖြစ်လာခဲ့၏။ သို့သော် ရက်အတိအကျ မရှိသေးချေ။

ဓားမော့ဧကရာဇ်က၊

“ ချန်ယန် ... အခမ်းအနားအတွက် ပြင်ဆင်ပြီးပြီ မဟုတ်လား ... ကျင်ပမဲ့ရက်ကို မင်းဘာလို့ မသတ်မှတ်သေးတာလဲ။ ”

-ဟု မေးမြန်းလိုက်၏။

အခမ်းအနားအတွက် လိုအပ်သော အရင်းအမြစ်များ အားလုံးကို ပြင်ဆင်ထားပြီး ဖြစ်ချေပြီ။ သူမသာ ဆန္ဒရှိက ယခုပင် ကျင်းပနိုင်၏။ မီးဧကရာဇ်က၊

“ ဧကရီ ... မင်း သူတို့ကို အခွင့်အရေးပေးဖို့ စီစဉ်နေတာလား။”

-ဟု တွေးတွေးဆဆဖြင့် မေးမြန်းလိုက်သည်။ ဧကရီမှ ခေါင်းညိတ်လျက်၊

“ အဖြူ၊ အနက်နဲ့ ဓားဧကရာဇ်က ပန်းသင်္ချိုင်း ... ငါ့အပေါ် အနိုင်ယူ နိုင်မယ်လို့ ယုံကြည်နေကြတယ်၊ ဒါကြောင့် ငါ့ကိုစိန်ခေါ်ခွင့် ပေးမယ် ... သူနဲ့တိုက်ပြီးမှ နတ်ဘုရား နယ်ပယ်ကို တက်မယ် ...

... အိုင်းရစ်ဓားသူတော်စင်နဲ့ ... အဲဒီလူ ရွေးချယ်ထားတဲ့ တစ်စုံတစ်ယောက် ဘယ်အထိ စွမ်းဆောင်နိုင်မလဲ ငါ မြင်ချင်သေးတယ်။ ”

ဧကရီသည် မာနကြီးသူ ဖြစ်ပြီး အဖြူနှင့်အမည်းတို့၏ သစ္စာ ဖောက်မှုကို ဒေါသ ဖြစ်နေပုံရသည်။

“ အဲဒီလူက အရှုပ်အထွေးတွေနဲ့ ငါ့ကို လူဆိုးတစ်ယောက်လို ထင်အောင် ထားခဲ့တယ် တကယ်တော့ ငါသာ မရှိရင် ... ခွန်လွန်က အခုလို တည်တံ့နေဦးမှာလား။ ”

ဧကရီက အေးစက်စွာ ပြောကြား လိုက်လေသည်။ ထိုလူသည် အရာအားလုံးကို အနစ်နာခံကြောင်း သူမ လက်မခံနိုင်ချေ။

ဓားမော့နှင့် မီးဧကရာဇ်က တောင်ပိုင်း ဧကရာဇ်အကြောင်း သူမ ပြောနေမှန်း သိသဖြင့် ငြိမ်သပ်ပြီး နားထောင်နေသည်။

“ ဒါပေမယ့် … ။ ”

ဓားမော့ဧကရာဇ်တစ်ယောက် စိုးရိမ်မှု အရိပ်အမြွက်များဖြင့် တုံ့ဆိုင်းလာတော့သည်။ စကားကို အဆုံးမသတ်နိုင်ခဲ့ချေ။

“ ငါရှုံးရင် အားလုံးကို စွန့်လွှတ်ပြီး ... သူ့သင်္ချိုင်းကို တစ်သက်လုံး စောင့်ရှောက်မယ် ငါ့အပြစ်ကို ငါခံယူမယ်။ ”

“ ဒါဆို ... ငါ မင်းနဲ့အတူရှိမယ်။ ”

ဓားမော့ဧကရာဇ်က ဧကရီကဲ့သို့ပင် ကတိပေးလာသည်။ သူ့စကားကြောင့် ဧကရီမှ တစ်ချက် ပြန်ကြည့်ကာ ချက်ချင်း ပျောက်ကွယ် သွားတော့၏။

မီးဧကရာဇ်က သည်းမခံနိုင်တော့ဘဲ၊

“ တောင်ပိုင်း ဧကရာဇ် သင်္ချိုင်းကို ဧကရီစောင့်ရှောက်တာ ထားပါ၊ မင်းကဘာကိစ္စ စောင့်ရှောက်ချင် နေရတာလဲ။ ”

-ဟု မေးမြန်းလိုက်၏။

“ ဟမ့် ... ငါဘာလို့ တောင်ပိုင်းဧကရာဇ် သင်္ချိုင်းကို မစောင့်နိုင်ရမှာလဲ ... နောက်ပြီးဒါက မင်းနဲ့ဘာဆိုင်လဲ။ ”

***

All Chapters