သွေးမကုန်မခြင်း ... ။
Vol. 176 Ch. 2462
ဧကရီသည် ဧကရာဇ် နန်းတော် အတွင်း ပေါ်လာသည်။ ဆုစီယာက ပန်းဥယျာဉ်အတွင်း ဖျပ်စောင်း ကစားနေ၏။ သူမက ဧကရီကို မြင်သော်မှ ဗျပ်စောင်းကို မရပ်ချေ။
“ ဒင် ... ။ ”
ဧကရီက သူမ အတွက် လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးလိုက်သည်။ သီချင်းပြီးဆုံးသော အခါမှသာ ဆုစီယာက နှုတ်ဆက်စကား ပြောကြားလိုက်၏။
သူမကို နတ်နဂါး အင်ပါယာသို့ ပြန်လည်ခေါ်ဆောင် လာချိန်မှစပြီး အခက်အခဲ တစ်စုံတစ်ရာ မရှိစေခဲ့ဘဲ ချုပ်နှောင်ထားရုံသာ လုပ်ဆောင်ထားသည်။
“ အခမ်းအနား ပြင်ဆင်ပြီးပြီလို့ ကြားမိတယ်၊ ဘာလို့ ရက်ကို မကြေငြာရတာလဲ တစ်ယောက်ယောက်ကို စောင့်နေတာလား။ ”
ဆုစီယာက ပွင့်ပွင့်လင်းလင်း မေးသည်။ ဧကရီမှ ခေါင်းညိတ်ပြလိုက်ပြီး၊
“ သက်တံဓားဧကရာဇ်နဲ့ ... ယုချင်းဖန်က အကြွင်းမဲ့ ကောင်းကင် မြို့တော်မှာ တိုက်ခိုက်ဖို့ ချိန်ဆိုထားတယ် ... ဓားသမား အားလုံး စုဝေးနေကြပြီ။ ”
“ ငါ့ခင်ပွန်းလည်း သွားတယ် မဟုတ်လား။ ”
ဆုစီယာ မေးခွန်းကြောင့် ဧကရီမှ မျက်မှောင်ကြုတ်သွား၏။ ထိုနာမ်စားသည် ခေါင်းကိုက်စေသော အရာ ပေပင်။
“ သွားလိမ့်မယ် ... ခွန်လွန်က ဓားသမားတွေအားလုံးက သက်တံဓားထက် ပန်းသင်္ချိုင်းကို မြင်ချင်နေကြတာ သဘာဝပဲ။ ”
ဧကရီက လှောင်ပြုံး ပြုံးလိုက်၏။
“ ဒါက ပုံမှန်ပါပဲ ... နောက်ဆုံးတော့ တျန်ရွှမ်ဇီကို ငါ့ယောကျ်ားက အနိုင်ယူခဲ့တယ် မဟုတ်လား၊ အခု သူ့ဆရာ ဧကရာဇ် ဖြစ်ပြီ ဆိုတော့ သူ့အတွက် အချုပ်အနှောင် မရှိတော့ပါဘူး။ ”
“ အဲဒါကြောင့် ငါအလျင် မလိုဘဲ ... ပန်းသင်္ချိုင်းကို စောင့်ပြီး ... မင်းတို့ အားလုံး မြင်ချင်နေတဲ့ အခွင့်အရေးမျိုး ပေးမယ် ...
... ဓားဂိုဏ်းမှာ မင်းတောင်းဆိုခဲ့တဲ့ ကတိအပေါ် မတည်နိုင်ရင်တော့ စိတ်ပျက်စရာ ကောင်းသွားလိမ့်မယ်။ ”
ဧကရီ၏လေသံတွင် နာကြည်းမှု အရိပ်အမြွက်ကို ခံစားနိုင်သောကြောင့် ဆုစီယာ မျက်နှာပြောင်းကာ တိတ်ဆိတ်သွား၏။
ဧကရီက မတ်တတ်ထရပ်ပြီး ပန်းဥယျာဉ်ထံ ဝေ့ကြည့်ကာ၊
“ မင်း စိတ်မချမ်းသာဘူး ဆိုတာ ... ငါသိပါတယ် ... အခု ယဇ်ပူဇော်တဲ့ အခမ်းအနား အတွက် ... ဘယ်သူက စပြီး ကြံရွယ်ခဲ့လဲ ဆိုတာ မင်းသိလား ... ။ ”
ဆုစီယာက ပြန်မဖြေနိုင်ချေ။
“ မင်းတို့အားလုံး ဇာတ်ကောင်အဖြစ် ပြောဆိုနေတဲ့ ... တန်ခိုးကြီးတဲ့ ... သူရဲကောင်း ဆိုတဲ့ ... အဲဒီလူ တောင်ပိုင်း ဧကရာဇ်ပဲ ...
... ဒီလိုရက်စက် ကြမ်းကြုတ်တဲ့ အသက်ပေါင်းများစွာကို စတေးရမဲ့ အစီရင်ကို သူပဲ တည်ဆောက်ခဲ့တာ ... လူအများအမြင်မှာ သူသာနတ်ဘုရား ဖြစ်လာရင် ...
... ခွန်လွန်ရဲ့ နဂါးသွေးပြန်ကြောကို နတ်ဘုရားအဆင့်ထိ မြှင့်တင်ပေးဖို့ သူ့ကိုယ်သူ စတေးလိမ့်မယ်လို့ ယူဆကြတယ်။ ”
“ ဒါဆို မင်းကရော ... ။ ”
“ ငါလား ... ငါကတော့ သူ့လောက် သဘောထား မကြီးနိုင်ဘူး ... နတ်ဘုရားအဆင့် နဂါးသွေးပြန်ကြောရဖို့ ... ငါကိုယ်ငါ ဘာလို့ စတေးရမှာလဲ။ ”
ထိုဆုံးဖြတ်ချက်အပေါ် ဆုစီယာမှ အပြစ် မတင်ချေ။ သူမသည်ပင် တောင်ပိုင်း ဧကရာဇ် ကဲ့သို့ ကိုယ်ကိုယ်ကို စတေးပေးမည် မဟုတ်ကြောင်း ပြောနိုင်၏။
ထိုအတွေးကို မြင်ဟန်ဖြင့် ဧကရီက၊
“ မင်းလည်း ငါနဲ့ တူညီတဲ့ အမြင်ရှိတယ် မဟုတ်လား ... ငါတို့ ရွှေနဂါးမျိုးရိုးရဲ့ လူအများ အပြားကို ... ဧကရာဇ်ရောင်ဝါ ရရှိဖို့ ...
... အောက်တန်း နယ်မြေဆီ ... ငယ်ရွယ်စဉ်က ပို့ခဲ့ကြတယ် အဲဒီထဲမှာ မင်းသာ အောင်မြင်တယ် ... ။ ”
ဆုစီယာက တုန့်ပြန်ခြင်း မရှိချေ။ ဧကရီသည် တစ်စုံတစ်ခုကို ပြောကြားချင်၍ ရောက်ရှိလာမှန်း သူမ သိသည်။
“ ငါက ကိုယ့်ကိုယ်ကို စတေးမှာ မဟုတ်ဘူးလို့ အဲဒီလူက ဟောကိန်းထုတ်ပြီး အရန်အစီအစဉ် ဖြစ်တဲ့ ...
... ဧကရာဇ်နက်ကို ငါ့အနားထားခဲ့တယ်၊ သူတို့က ငါမသိနိုင်ဘူးလို့ ... ထင်နေတဲ့အတွက် ငါလည်း စိတ်တိုင်းကျ နေပေးလိုက်တယ် ...
... ပြီးတော့ သူတို့ရွေးချယ်ထားတဲ့ လူက ဘယ်လောက် အထိ အရည်အချင်းရှိလဲဆိုတာ ငါလည်း သိချင်တယ်။ ”
ဤတစ်ကြိမ်၌ ဆုစီယာက တိတ်ပြီး မနေနိုင်တော့ချေ။
“ အမည်ခံ နတ်ဘုရား နယ်ပယ်ရဲ့ ... တစ်စုံ တစ်ယောက်က မဟာ သူတော်စင်ကို တိုက်ချင် နေတာလား ... ဒါ တရားမျှတမှု ရှိရဲ့လား။ ”
“ ဆုစီယာ ... မင်းမှာ ထင်သလောက် ယုံကြည်မှု မရှိဘူးပဲ ... မင်း တစ်စုံတစ်ယောက် အတွက် ကျရှုံးသွားတာကို ဝန်ခံလိုစိတ် မရှိရင် ဒါက မင်းအတွက် အားနည်းချက် ဖြစ်လာပြီး မင်းနှလုံးသား ပူလောင်ရလိမ့်မယ်။ ”
ဆုစီယာက နှုတ်ခမ်းကို ကိုက်လျက် မငြင်းခဲ့ချေ။ လင်းယွန်အတွက် စိတ်ပူပင်နေဆဲ ဖြစ်၏။
“ မင်းငါ့ကို ကတိတစ်ခု ပေးရမယ်။ ”
ဧကရီက သူမထံ စိုက်ကြည့်ကာ ပြောသည်။
“ ပြောပါ ... ။ ”
“ ငါ ... သူ့အသက်ကို မယူဘူး ... ငါ့ကို အနိုင်ယူနိုင်ရင် အရှုံးပေးမယ် ... ဒါ မင်းအတွက် ငါလုပ်ပေးနိုင်တာ အကုန်ပဲ။ ”
“ ဒီအတွက် ဘာပြန် လုပ်ပေးရမှာလဲ။ ”
ဧကရီမှ ရေနွေးကြမ်းကို ကောက်သောက်ကာ၊
“ ငါနိုင်နိုင် ... ရှုံးရှုံး ... ငါ့ကိုယ်စား ခွန်လွန်ဘုံကို မင်းစောင့်ရှောက်ပါ ဘာလို့လဲဆို ကောင်းကင် ကံကြမ္မာ အဆောင် တံဆိပ်ကို ...
... သေချာပေါက် မင်းဆီကို သူ ပေးလာလိမ့်မယ် ... မင်းက ငါ့ထက် ခွန်လွန်ကို အုပ်စိုးဖို့ ပိုထိုက်တန်သွားပြီ။
“ အချိန် ကန့်သတ်ချက် ရှိလား။ ”
“ မရှိဘူး ... ဆန္ဒရှိတဲ့ အချိန်တိုင်း မင်းထွက်သွား နိုင်ပါတယ် ... ဒါပေမယ့် ငါ့ကို ယုံပါ ... မင်းဧကရီ ဖြစ်လာတဲ့ တစ်နေ့ ဒီလို တွေးဖြစ်မယ် မထင်ဘူး။ ”
ဆုစီယာက ဧကရီထံ ပြန်ကြည့်ကာ၊
“ ငါဧကရီ ဖြစ်လာရင်တောင် မင်းလို လုပ်နိုင်မှာ မဟုတ်ဘူး ... အားလုံးပြီးသွားရင် နတ်နဂါးအင်ပါယာကို ငါ ... ဖျက်သိမ်း ပစ်လိုက်မယ်။ ”
“ ဒါဆို မင်းလုပ်နိုင်မလား ကြည့်ရအောင်။ ”
သူမ စကားအပေါ် ဧကရီက အံ့အားသင့် သွားသော်လည်း ထိတ်လန့်ခြင်းမရှိဘဲ ပြုံးလိုက် လေသည်။ ထို့နောက် မဆိုင်းမတွ ထွက်ခွာ သွားတော့၏။
“ တကယ်တော့ ... ငါ့ဆီက ကတိ မရရင်လည်း ... မင်းသူ့ကို သတ်မှာ မဟုတ်တာ ငါသိပါတယ်။ ”
ဆုစီယာ လှမ်းအော်သည်။
“ ဒါတော့ သေချာတယ် ... ငါ့ဘဝမှာ လူတစ်ယောက် အတွက်သာ ကျဆုံးခဲ့ရပြီး သူ ရွေးချယ်ခဲ့တဲ့ လူတစ်ယောက်ကို ဒုက္ခမပေးချင် ပါဘူး ... မင်းရဲ့လူကသာ အနိုင်ယူနိုင်ရင် ငါအရှုံးပေးနိုင်တယ်။ ”
ဧကရီက ကျောခိုင်းလျက်မှ ပြန်ဖြေ၏။ ဆုစီယာတစ်ယောက် အတွေးထဲ နစ်မျောသွား တော့သည်။
ဧကရာဇ်ဖြူနှင့် ဧကရာဇ်နက်သည် တောင်ပိုင်းဧကရာဇ်၏ အရန်အစီအစဉ်များ ဖြစ်သည်။
ဧကရာဇ်နက်သည် တံခါးကို စောင့်ကြပ် နေချိန်တွင် ဧကရာဇ်ဖြူသည် လှံတစ်စင်း ဖြစ်ခဲ့ ခေျ၏။
***
အနောက်သဲကန္တာရတွင် မီးခိုးရောင် ၀တ်စုံကို ၀တ်ဆင်ပြီး တောင်ဝှေးတစ်ချောင်း ကိုင်ဆောင်ထားသော အဖိုးအို တစ်ဦး ခရီးသွားနေ၏။
ဤသည်မှာ ‘ဘဝ၏ ခါးသီးမှု ပင်လယ်’ - အဖြစ် လူသိများသော သဲကန္တာရကြီး ဖြစ်သည်။ ဗုဒ္ဓတရားတော်များ ရှာဖွေရန် အတွက် အကောင်းဆုံး အရပ် ပေပင်။
ဘုန်းကြီးအိုကြီး ဘေးတွင် အမျိုးသမီး တစ်ယောက် ပါ၏။ လမ်းခရီး၌ ရှာတွေ့ခဲ့သဖြင့် ဂိုဏ်းသို့ ခေါ်ဆောင်လာခြင်း ဖြစ်သည်။
ဘုန်းကြီးအို၏ ဂိုဏ်းသည် ဒဏ္ဍာရီလာ မိုးကြိုးခတ်သံ ကျောင်းတိုက် ဖြစ်ပြီး သူသည် ထိုကျောင်းတိုက်၏ လမ်းညွှန်ဆရာ ဖြစ်၏။
“ ဝှစ် ... ။ ”
“ ဝှီး ... ။ ”
ရုတ်တရက် သင်္ကန်းဝတ် ဓားသမား ဘုန်းတော်ကြီးများက အလျင်လိုနေခဲ့သော အသွင်ဖြင့် ကန္တာရကိုဖြတ်ကာ ခရီးနှင် နေသည်ကို မြင်လိုက်ရ၏။
“ သူတို့ ဘယ်သူတွေလဲ ... ဘယ်သွား နေကြတာလဲ။ ”
အမျိုးသမီးက စိတ်ဝင်စား သွားသည်။
ဤနေရာသည် ကြမ်းတမ်းသော ရာသီဥတုမျိုး ရှိသောကြောင့် ကောင်းကင်၌ ပျံသန်းခြင်းသည် အန္တရာယ်ရှိချေ၏။
“ သူတို့က ကောင်းကင် နဂါး ကျောင်းတိုက်ရဲ့ဓားသမား ဘုန်းကြီးတွေပဲ ... သက်တံဓားဧကရာဇ်နဲ့ ယုချင်းဖန်တို့ တိုက်ပွဲဆီ သွားနေကြတာ ...
... သခင်ငယ် ပန်းသင်္ချိုင်းလည်း ဒီပွဲမှာ ပါဝင်လာနိုင်တယ် ... အဲဒါကြောင့် ကောင်းကင် နဂါး ကျောင်းတိုက်က ပန်းသင်္ချိုင်းကို ကြည့်ဖို့ အလျင်လိုနေကြတာပဲ။ ”
ဘုန်းကြီးအိုက ပြန်ဖြေသည်။ ထို့နောက် သူကပင်၊
“ ပန်းသင်္ချိုင်းက ကောင်းကင်နဂါးအရိုး ရခဲ့တယ် ကြားတယ် ... ဒါဟာ ကောလဟာလ တစ်ခုဖြစ်မှာပါ ... သူ ဘယ်ကရမှန်း ဘယ်သူမှ မသိကြဘူး ...
... အချို့က အဖြူအမည်း မြင့်မြတ်သော နန်းတော်ကနေ ရလာတယ် ပြောပြီး .. အချို့က ဧကရာဇ်နန်းတော်က ရတယ် ပြောတယ်။
-ဟု ဖြည့်စွက်လိုက်၏။
“ ပန်းသင်္ချိုင်းက အသန်မာဆုံး ဖြစ်နေပြီလား။ ”
အမျိုးသမီးက တွေးတော ရေရွတ်လေသည်။
“ တျန်ရွှမ်ဇီက ... ဧကရာဇ်နယ်ပယ် အောက်မှာ အသန်မာဆုံးလို့ နာမည်ကြီးနေတာ မကြာသေးပါဘူး ... အခု ပန်းသင်္ချိုင်းက သူ့ကို သတ်လိုက်တော့ ဒီဘွဲ့နဲ့ ထိုက်တန်တယ် ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ”
ဘုန်းကြီးအိုက ပြန်ဖြေသည်။ ထိုစကားကို ကြားသောအခါ အမျိုးသမီး၏ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ပွင့် ပေါ်လာ၏။
“ အကြီးအကဲ ... ငါ သွားကြည့်ချင်တယ်။ ”
“ မင်းက ငါတို့ဗုဒ္ဓနဲ့ ... ကံကြမ္မာပါနေပြီ ဘာလို့ သွားချင်နေရတာလဲ။ ”
ဘုန်းကြီးအိုက ပြန်မေး၏။
“ ဗုဒ္ဓနောက်ကို လိုက်နေပေမယ့် ... စိတ်ခံစားမှု အားလုံးကိုတော့ ... မစွန့်လွှတ်နိုင် သေးပါဘူး စီနီယာ ... ဒါနှလုံးသားရဲ့ ဆန္ဒပါ။ ”
“ ပန်းသင်္ချိုင်းက မင်းရဲ့အသိလား။ ”
“ အသိ မဟုတ်ပါဘူး ... သူက ငါ့မောင်လေးပါ အခု သူ ဘယ်လိုနေလဲဆိုတာ ကြည့်ချင်မိပါတယ်။ ”
ဤသည်မှာ ရှင်းယန်ဖြစ်သည်။ ပယင်းနယ်မြေတွင် ကောင်းကင် ဓားနန်းတော် အတွက် သူမကိုယ်တိုင် ခေါ်ဆောင်လာမိသော လူငယ်လေးသည် သည်မျှ ရောက်လာ လိမ့်မည်ဟု မထင်ထားခဲ့ချေ။
“ ကောင်းပြီ ... ဒါဆိုသွားပါ ... မြန်မြန် ပြန်လာခဲ့ ... မင်းနှလုံးသားအတိုင်း လုပ်ပြီးခဲ့ရင် ဗုဒ္ဓလမ်းစဉ်မှာ ... ပိုမို မပေါက်ရောက်နိုင်ဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ။ ”
“ ကျေးဇူးတင်ပါတယ် အကြီးအကဲ။ ”
ရှင်းယန်က ချက်ချင်း ကောင်းကင်ပေါ် ပျံတက်လျက် ကောင်းကင်နဂါးကျောင်းတိုက်၏ ဓားသမား ဘုန်းတော်ကြီးများ နောက်သို့ လိုက်ပါသွားတော့သည်။
ထိုအချိန်တွင် ကောင်းကင်တာအိုဂိုဏ်း သည်လည်း ပြင်ဆင်မှုများ ပြုလုပ်၏။ လက်သီး တစ်ထောင် မဟာ သူတော်စင်က တာအို သားတော်နှင့် ပိုင်ရှုရင်ကို ခေါ်ပြီး၊
“ လင်းယွန်ကို ကြည့်ဖို့ သွားရအောင် ... မင်းတို့နှစ်ယောက် ... သူနဲ့နောက်ဆုံးတွေ့ခဲ့တာ အချိန်အတော်ကြာနေပြီ မဟုတ်လား။ ”
-ဟု ပြောကြားလိုက်၏။
“ ဆရာ ... သူက ဒီတစ်ကြိမ်မှာ အသန်မာဆုံး ဓားသမား ဖြစ်လာတော့မှာလား။ ”
တာအိုသားတော်မှ စိတ်လှုပ်ရှားလာ၏။
“ အသန်မာဆုံး ဓားသမား ဖြစ်-မဖြစ် အရေးမကြီးပါဘူး ... ဒီလမ်းကို ရွေးလိုက်ပြီးပြီ ဆိုတော့ ... သူ့အတွက် သွေးမကုန်မခြင်း တိုက်ပွဲတွေက ရပ်တော့မှာ မဟုတ်ဘူး။ ”
***