စည်းကမ်းကို လိုက်နာသင့်တယ်။
Vol. 176 Ch. 2463
လင်းယွန်က လျှပ်စီး ရေကန်အတွင်း တစ်ဝက် နစ်မြုပ်နေပြီး မျက်လုံးများမှိတ်ကာ ခန္ဓာကိုယ်၌ လျှပ်များလက်နေ၏။
အနန္တလျှပ်စီးကန်သည် ခန္ဓာကိုယ်ကို သန့်စင်သောအရပ် ဖြစ်သည်။ အတိတ်တွင် အပျက်အစီးများ ရှိခဲ့သော်လည်း ပြန်လည် ထိန်းသိမ်းနိုင်ချေ၏။
ရေကန်အတွင်းရှိ လျှပ်စီးသည် အလွန်သိပ်သည်းနေကာ ကောင်းကင် နဂါး နတ်ဘုရားခန္ဓာကို သန့်စင်ပေးသည်။
ဆရာသခင်နှင့် လမ်းခွဲပြီး ကတည်းက ကျင့်ကြံနေခြင်း ဖြစ်၏။ နေ့ဘက်၌ ဓားပညာကို လေ့ကျင့်ပြီး ကျန်အချိန်များတွင် လျှပ်စီးကန် အတွင်း စိမ်နေမိသည်။
မဟာ သူတော်စင် နယ်ပယ်သည် တည်ငြိမ်လာပြီး ကြီးထွားမှု နှုန်းမှာ မြန်ဆန်၍ အကန့်အသတ်မဲ့နေ၏။
“ ဟိတ် ... ။ ”
တန်ခိုးရှင်အဆင့်သည် ခန္ဓာကိုယ် တည်ဆောက်ခြင်းဖြစ်သည်။ တစ်နာရီ ကုန်လွန် ပြီးနောက် လျှပ်စီးကန်မှ ခုန်ထွက်ကာ ကောင်းကင် နဂါး ရောင်ဝါကို ထုတ်လွှတ် လိုက်သည်။
ကောင်းကင် နဂါးဓားပညာသည် ပို၍ နက်နဲလာ၏။ ကောင်းကင်နဂါး တန်ခိုးအာဏာ အောက်တွင် ဓားရောင်ခြည်များ တောက်ပ နေသည်။
ဓားချက်တိုင်းသည် ကောင်းကင် နဂါးကြီး တိုက်ခိုက်မှုတစ်ခုနှင့် တူပြီး ကြောက်မက်ဖွယ် ကောင်းသော ဖိအားမျိုး ထုတ်ပေး၏။
နိဗ္ဗာန် ဓားပညာကို လွှတ်တင်လိုက်ရာ ဓားရောင်ခြည်များသည် ကောင်းကင် နဂါး၏ ခြေသည်းနှင့် တူလာ၏။
“ စိတ်ဝင်စားစရာပဲ … ။ ”
လင်းယွန်က ပြုံးလိုက်သည်။ ဓားကို လွှဲရမ်းနေစဉ် ရေထဲ၌ ရှိနေသကဲ့သို့ ခံစားရပြီး လေဆင်နှာမောင်းကြီး ထွက်ပေါ်လာကာ အချိန်များ နှေးကွေးသွားတော့၏။
အုပ်စိုးရှင် နတ်ရူရ် ခုနစ်လုံးသည်လည်း ဤဒေသနှင့် ပေါင်းစည်းသွားပြီး လေဟာနယ် တုန်ခါလျက် ပြိုပျက်ကျလာသည်။
“ သေစမ်း ... ငါ့အိမ်ကို နင်ခွဲနေတာလား။ ”
ခရမ်းငယ်က ဖီးနစ်သစ်ပင်ပေါ်မှ ခုန်ဆင်းလျက် လင်းယွန်ခေါင်းကို ခေါက်လိုက် လေသည်။
“ အ ... နာတယ်။ ”
လင်းယွန်က ပြုံးလျက် သူ့ခေါင်းကို ပြန်ကိုင်လိုက်၏။
“ ဒီနေရာက ခွန်လွန်နဲ့ မယှဉ်နိုင်ဘူး ... ဒါကြောင့် နင့် စွမ်းအားကို ခံနိုင်မှာ မဟုတ်ဘူး အုပ်စိုးရှင် နတ်ရူရ် ခုနစ်လုံးကို ... ခက်ခက်ခဲခဲ စုဆောင်းပြီးမှ ခွဲပစ်ချင်နေတာလား။ ”
“ စိတ်အေးအေးထားပါ ... ။ ”
လင်းယွန်က တောင်းပန်ပြီး နှစ်သိမ့်ခဲ့သည်။ သူက ဆက်ပြီး
“ အဲဒီစွမ်းအားရှင်တွေက ဘာကြောင့် ထာဝရတာအိုအပေါ် ... အစွဲအလမ်း ကြီးနေလဲ ဆိုတာ ... အခု ငါ နားလည်သွားပြီ ... ထာဝရ တာအိုရဲ့ ကန့်သတ်ချက်က မယုံနိုင်စရာ အမြင့်ပါပဲ။ ”
“ နောင်တရ နေပြီလား ... ။ ”
ခရမ်းငယ်မှ မေးသည်။
“ မရပါဘူး ... နဝမတန်းဓားက ထာဝရတာအိုကို ယှဉ်နိုင်ပါတယ် မဟုတ်ရင် တောင်မှ ယင်-ယန်ဓားနဲ့ နိဗ္ဗာန်ဓားက စွမ်းပါသေးတယ်။ ”
လင်းယွန်က ပြုံးကာ ပြောလိုက်သည်။
“ ဓားသမား တစ်ယောက်ရဲ့ လမ်းကြောင်းက မလွယ်ပေမယ့် ... ချီလင် ဓားကျမ်းကို ဖတ်ပြီး ... ငါ့အတွက် ရှင်းလင်းသွားတယ်။ ”
“ အိုး ဟုတ်သားပဲ ... နင်အပြင်မှာ ဘိုးဘေးနတ်ဘုရားနဲ့ တွေ့တယ်မဟုတ်လား နင့်သိုင်းဝိညာဉ်နဲ့ ပတ်သက်တဲ့ တစ်စုံတစ်ရာ ပြောခဲ့လား ... ထုတ်လို့ရမလား။ ”
ခရမ်းငယ်မှ သတိတရ မေးသည်။ လင်းယွန်က ပန်းသင်္ချိုင်းဓားကို သိမ်းဆည်း လျက်မှ၊
“ သူ ရှင်းပြပါတယ် ... ငါ့ဝိညာဉ်ကို နှစ်ပိုင်းခွဲထားခဲ့တာ သူပဲ ... အဲဒီဓားက ငါ့ကို အခုလို ပြန်ပေါင်းစည်းပေး လိုက်တာ ... ။ ”
“ ဒါဆို ဓားဆွဲထုတ်လို့ ရမလား။ ”
“ ဆွဲရင် လူတွေ သေလိမ့်မယ် … ။ ”
သုံးရက်ကုန်လွန်ပြီးနောက်တွင် မူရွှမ်ကောင်မှ ဆက်သွယ်လာ၏။ ထို့နောက် သူတို့ သိုင်းညီအစ်ကို ခြောက်ယောက်ကို ဦးဆောင်ကာ သက်တံဓား ဧကရာဇ်ထံ ထွက်ခွာလာခဲ့သည်။
သို့သော် အချိန်အတော်ကြာ သည့်တိုင် ဆရာသခင်မှ ထွက်လာခြင်း မရှိသေးသဖြင့် စောင့်ဆိုင်း နေမိ၏။
“ တစ်ယောက် ယောက်ကို စောင့်နေတာလား။ ”
-ဟု လင်းယွန်မှ မေးမိသည်။
“ ဟုတ်တယ် ... သူတို့က မင်းရဲ့ အသိအကျွမ်းတွေပဲ။ ”
ယဲ့ကူဟန်က ပြုံးပြီး ပြန်ဖြေ၏။ ထိုစဉ် တာအိုသားတော်နှင့် ပိုင်ရှုရင်တို့ ဆရာသခင် အိမ်ထဲမှ ထွက်လာသည်။
“ အစ်ကိုတာ့ရန်နဲ့ အစ်မပိုင် ... ငါတို့ မတွေ့တာ ကြာပြီနော် ... အစ်မပိုင် မင်းက ပိုလှလာတယ်။ ”
လင်းယွန်က ဝမ်သာအားရ နှုတ်ဆက်လိုက်၏။
“ တကယ်ပဲ ... မင်းက ယဲ့ချင်းရှန်လား။ ”
ပိုင်းရှုရင် စကားကြောင့် လူတိုင်း ပြုံးမိကုန်သည်။ လီတာ့ရန်က
“ နာမည်ကြီး သန့်ရှင်းသော သမီးတော်သတ်သူက ပန်းသင်္ချိုင်းလို့ ဘယ်သူ ထင်မှာလဲ ... အခုတော့ အဲဒီလူက ဧကရာဇ် နယ်ပယ်အောက်မှာ အသန်မာဆုံး ဖြစ်ပြီ။ ”
-ဟု ချီးကျူးစကား ဆိုလိုက်၏။
ဖုန်းယွီက ပြုံးလျက်၊
“ လင်းယွန် ... မင်းက သန့်ရှင်းသော သမီးတော် ရေချိုးနေတာကို ချောင်းကြည့်ပြီး ယဲ့ချင်းရှန်အပေါ် ... အားလုံး ပုံချလိုက်တာ မဟုတ်လား။ ”
“ ဟား ဟား ဟား ... မှန်တယ် ... ၊ အရာအားလုံး ယဲ့ချင်းရှန်တော့ မဟုတ်လောက် ပါဘူး။ ”
လင်းယွန်က လူတိုင်းကို လျစ်လျူရှုလျက်၊
“ အစ်ကိုတာ့ရန် ဧကရာဇ်ဓားကို တွေ့ပြီလား။ ”
-ဟု မေးမြန်းလိုက်၏။
“ တွေ့တယ် ဒါပေမယ့် ငါကြိုးစားတိုင်း အကြိမ်ကြိမ် ကန်ထုတ်ခံရတယ် ... ပြီးတော့ ရည်ရွယ်ချက် ရှိရှိနဲ့ ငါ့အနားမှာ ရစ်ဝဲပြီး ... ငါ့ကို ကစားနေသေးတယ်။ ”
လီတာ့ရန်မှ သက်ပြင်းချကာ ပြန်ဖြေ၏။
ထိုစဉ်က ဧကရာဇ်ဓားသည် လင်းယွန်ကို ကြောက်ပြီး ဆုတ်ခွာသွားခဲ့ဖူးသည်။ ထို့ကြောင့် ဤသို့ တခြားလူ တစ်ဦးအပေါ် ကစားနေ လိမ့်မည်ဟု လင်းယွန်မှ မထင်မိချေ။
“ ဒါဆို နောက်တစ်ကြိမ် ထပ်ကြိုးစား ကြည့်ရမယ်။ ”
လင်းယွန်မှ ပြောလိုက်သည်။
“ ကောင်းပြီ ... ဒီစကားကို ကြားဖို့ ငါစောင့်နေခဲ့တာ ပန်းသင်္ချိုင်း ... ။ ”
ထိုစဉ် လက်သီး တစ်ထောင် မဟာ သူတော်စင်နှင့် သက်တံဓားဧကရာဇ် အိမ်ထဲမှ လှမ်းထွက်လာသည်။
လက်သီး တစ်ထောင် မဟာ သူတော်စင်က ပြုံးရယ်လျက်၊
“ ကောင်းကင် တာအိုဂိုဏ်းနဲ့ ... ဓားဂိုဏ်းကို ပေါင်းစည်းပြီး အနာဂတ်မှာ အရှေ့ဘက် ပျက်စီးမြေကို ကာကွယ်ဖို့ ဧကရာဇ်ဓားကို ပြန်ယူရမယ်။ ”
-ဟု လှမ်းပြောလာ၏။
“ အဲဒါကို အလျင်လို မနေပါနဲ့ ... အကြွင်းမဲ့ကောင်းကင် မြို့တော်ကို အရင် သွားရအောင်။ ”
သက်တံဓား ဧကရာဇ်မှ ပြုံးကာ ဝင်ပြော လိုက်သည်။ အကြွင်းမဲ့ ကောင်းကင် မြို့သည် အလယ်ပိုင်းလွင်ပြင် ဒေသ၌ တည်ရှိ၏။
အရှေ့ဘက် ပျက်စီးမြေနှင့် ဝေးကွာ လှချေပြီ။ သူတော်စင်တစ်ပါးသည်ပင် လပေါင်း အနည်းငယ် ပျံသန်းရ၏။
အကြောင်းအရင်းမှာ အန္တရာယ်ရှိသော တားမြစ်နယ်မြေများကို ရှောင်ကွင်း နေရသော ကြောင့် ဖြစ်သည်။
သို့သော် ဧကရာဇ်များ အတွက် အန္တရာယ်မရှိချေ။ သက်တံဓား ဧကရာဇ် စွမ်းအားဖြင့် နှစ်ရက်သာ အချိန်ယူခဲ့ရ၏။
သူတစ်ဦးတည်းသာ ဆိုက သည့်ထက် ပိုမြန်နိုင်မည်။ အလယ်ပိုင်း လွင်ပြင်ဒေသတွင် ကောင်းကင်ဘုံတောင်တန်းဟု ခေါ်ဆိုသော နတ်တောင်တစ်လုံး ရှိ၏။
ဤတောင်သည် ခွန်လွန်နယ်မြေတွင် အမြင့်ဆုံး ဖြစ်သည်။ ဧကရာဇ်များပင် တက်ရန် ခဲယဉ်းပေ၏။
သူတော်စင်များမှာ တောင်ခါးပန်းသို့သာ ရောက်နိုင်၏။ ၎င်းသည် ယုချင်းဖန်၏ ကျင့်ကြံ နယ်မြေဖြစ်ပြီး တောင်ထိပ်တွင် စူးရှသော ဓားရောင်ခြည်များ ရှိနေသည်။
ထိုဓားရောင်ခြည်သည် ဤနှစ်ပေါင်းသုံးထောင် အတွင်း တစ်ငြိမ်မျှပင် မငြိမ်းကြောင်း သတင်းပြေးနေခဲ့၏။
အဝေးမှ ကြည့်သော် ကောင်းကင်တွင် နေနှစ်စင်း လင်းနေပြီး အကြွင်းမဲ့ ကောင်းကင် မြို့တော်တစ်ခုလုံး ထူးထူးဆန်းဆန်း မြင်ကွင်းကြီး ဖြစ်နေချေပြီ။
အလယ်ပိုင်း လွင်ပြင်ဒေသ အဝင်တွင် ညာလက်ဖြင့် ဓားကိုညွှန်ပြနေပြီး ဘယ်လက်က မြို့တော်ထံ ပြထားသည့် ရုပ်တုကြီး ရှိသည်။
ထိုဓားသည် ရံဖန်ရံခါ ဓားမြည်သံများ ပေးပေလိမ့်မည်။ ဤသည်မှာ ယုချင်းဖန် ရုပ်တု ဖြစ်၏။
“ ဝှစ် ... ။ ”
သက်တံဓား ဧကရာဇ်က ထိုရင်ပြင်ထံ ဆင်းသက်လျက် ရုပ်တုထံ မော့ကြည့်သည်။ သူမှ လွဲပြီး လူတိုင်း ထိတ်လန့်သွားကြ၏။ လင်းယွန်ပင် ခြွင်းချက် မရှိချေ။
“ ဒါက ... အကြွင်းမဲ့ ကောင်းကင် မြို့တော်ပဲ။ ”
လက်သီးတစ်ထောင် မဟာ သူတော်စင်မှ ရေရွတ်လိုက်သည်။
“ ငါ ငယ်ငယ်တုန်းက ... ဒီကို တစ်ခေါက်ရောက်ဖူးပါတယ် အခုချိန်အထိ ခမ်းနားနေတုန်းပဲ။ ”
ကျန့်ကျင်းရှန် မှလည်း၊
“ ဓားရောင်ခြည်က မလိုလားအပ်တဲ့ အကြံအစည် ရှိသူတွေကို မျက်စိကွယ်စေတယ် လို့ ကြားဖူးပါတယ် ... ရုန်းကန်ရင် မြေကြီး ပေါ်မှာ ဒူးထောက်ရလိမ့်မယ်။ ”
အနားတွင် မြေပြင်ပေါ် ညွှတ်ကျနေသော လူအချို့နှင့် သွေးများ ထွက်နေသည့် မျက်ဝန်း ပိုင်ရှင်များကို မြင်လာရသည်။
“ နေနှစ်စင်း ရှိတယ် ... ။ ”
ပိုင်ရှုရင်မှ ကောင်းကင်ဘုံ တောင်တန်းထိပ်တွင် တောက်ပသော နေမင်း နှစ်စင်းထံ ညွှန်ပြလိုက်သည်။
တောင်တန်းကြီးပေါ်တွင် တိမ်များ ဖုံးလွှမ်းထားသော လမ်းတစ်ခုကို လှမ်းမြင် နေရလေသည်။
“ ဒီနေရာမှာ ထူးဆန်းတာတစ်ခု ရှိတယ် ... မင်းဘယ်ကိုပဲ ဦးတည်သွားနေပါစေ ဓားဖျားက မင်းထံ ချိန်ရွယ်နေလိမ့်။ ”
လက်သီးတစ်ထောင် မဟာ သူတော်စင်မှ ပြောကြားလိုက်သည်။
“ ရုပ်တု အနောက်ကနေ သွားရင်ရော။ ”
လီတာ့ရန်မှ မေး၏။
“ အနောက်ဘက် ဒေသက တားမြစ်နယ်မြေပဲ ... အတိတ်က ခွန်လွန်မြေရဲ့ အကြီးမားဆုံး ဓားသင်္ချိုင်းပါ ... ဓားသမား တော်တော် များများက ...
... မသေခင် ဒီဒေသကို ရောက်လာခဲ့ကြတယ် ... ဒါကြောင့် မင်းအဲဒီကို မသွားတာ အကောင်းဆုံးပါပဲ။ ”
လက်သီး တစ်ထောင် မဟာ သူတော်စင်က ပြုံးကာ ပြောပြသည်။
“ ဒါဆို ဘယ်လို တက်ကြမှာလဲ။ ”
ကျန့်ကျင်းရှန်က မေးပြန်၏။
“ ဒီဒေသထဲမှာ ပျံသန်းလို့ မရဘူး၊ ဧကရာဇ်တွေတောင် ဒီဓားရည်ရွယ်ချက်ကြောင့် ရုပ်တုအောက်ကနေသာ လျှောက်လှမ်းရတယ် ... ။ ”
“ စည်းကမ်းတွေက များလိုက်တာ စမ်းကြည့်ရအောင်။ ”
ကျန့်ကျင်းရှန်က အရှုံးမပေးလိုဘဲ သူ့ဓားကို ထုတ်လိုက်ရာ လူများစွာ၏ အာရုံကို ဖမ်းစားနိုင် ခဲ့သည်။
“ နောက်တစ်ယောက်လား ... မာနကြီးလိုက်တာ ... ဒီမှာ ပျံသန်းတာကို တာမြစ်ထားတယ် ... သူ ဘယ်လို သေသွားလဲ ဆိုတာ ... ကြည့်ရအောင်။ ”
ပတ်ဝန်းကျင်မှ ကျင့်ကြံသူများက လှောင်ပြောင်တော့၏။ ကျန့်ကျင်းရှန် မတိုင်မီ စည်းမျဉ်း မလိုက်နာသူများ အားလုံး ခြွင်းချက် မရှိ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။
“ အား ... ။ ”
ထို့ကြောင့် ကျန့်ကျင်းရှန်သည်လည်း ခြွင်းချက်မရှိဘဲ ညည်းတွားလျက် လွင့်စဉ် ပြုတ်ကျ လာသည်။
သက်တံဓား ဧကရာဇ်က အချိန်မီ လှမ်းဆွဲ ယူလိုက်၏။
“ ကျေးဇူးတင်ပါတယ် ဆရာ ... ။ ”
“ မင်း ... တစ်စုံတစ်ယောက် နယ်မြေထဲ ရောက်နေရင် ... စည်းကမ်းတွေကို လိုက်နာတာ အကောင်းဆုံးပဲ။ ”
သက်တံ ဓားဧကရာဇ်က ပြုံးလျက် သတိပေး လိုက်၏။ ကျန့်ကျင်းရှန်က ယုချင်းဖန် ရုပ်တုထံမှ ထွက်လာသောဓားကို ကြည့်ပြီး ခေါင်းညိတ်လေသည်။
“ ယုချင်းဖန် ကတိအတိုင်း ငါရောက်ပြီ။ ”
သို့သော် သက်တံဓားသူတော်စင်မှ အော်ဟစ်လျက် ရုတ်တရက် ကောင်းကင်ပေါ် ပျံတက်သွားတော့သည်။
ထိုအပြုအမူက လက်သီးတစ်ထောင် မဟာသူတော်စင်ကို နှုတ်ခမ်းများ တုန်ခါသွား စေ၏။
ဤလူသည် အခြားသူ၏ နယ်မြေတွင် စည်းကမ်းများကို လိုက်နာရန် သူ့တပည့်အပေါ် ယခုပင် သင်ကြားခဲ့သည် မဟုတ်ပါလော။
***