အားလုံးအတွက် တစ်ခွက် သောက်ပါရစေ။
Vol. 176 Ch. 2464
“ ချွင် ချွင် ချွင် ... ။ ”
သက်တံ ဓားဧကရာဇ် တစ်ယောက် ချဉ်းကပ်သွားသည်နှင့် တောင်တန်း တစ်ဝိုက် ဓားမြည်သံများ ပဲ့တင်ထပ်လာသည်။
ထို့နောက် ကောင်းကင်ရှိ အလင်းအလွှာ မျက်နှာပြင်အပေါ် ဖြိုခွဲလိုက်ပြီး တောင်ထိပ်ပေါ် ဆင်းသက်လိုက်၏။
“ အခု ငါတို့ ဘယ်လို တက်ကြမှာလဲ။ ”
ဖုန်းကျွယ်က မေးသည်။ လက်သီး တစ်ထောင် မဟာ သူတော်စင်မှ ပြုံးပြီး၊
“ ခဏ စောင့်ရအောင် ... မကြာခင် တစ်ယောက်ယောက် ရောက်လာပါ လိမ့်မယ်။ ”
သက်တံ ဓားဧကရာဇ်၏ လုပ်ရပ်သည် လူတော်တော် များများကို သတိ ထားမိစေ၏။
“ ဒါ ပန်းသင်္ချိုင်း မဟုတ်လား ... အိုး ... သက်တံဓားဧကရာဇ်ရဲ့ တပည့်တွေ အားလုံး ရောက်လာကြပြီ ... ။ ”
“ ဧကရာဇ် နယ်ပယ်အောက်မှာ အသန်မာဆုံး ဓားသမားဆိုတဲ့ဘွဲ့ကို သူ ပြိုင်ချင် နေတယ်လို့ ငါကြားတယ်။ ”
“ သူ့မှာ ကောင်းကင် နဂါးအရိုးကို သန့်စင်ထားတယ် ဆိုတဲ့ ... ကောလဟာလ တွေလည်း ရှိပါတယ် ...
... ဆရာနဲ့တပည့်က ယုချင်းဖန်ရဲ့ အကြွင်းမဲ့ကောင်းကင်မြို့တော်ကို စိန်ခေါ်ဖို့ ရောက်လာကြတာပဲ။ ”
“ ပန်းသင်္ချိုင်းက သူ ဧကရာဇ်ဖြစ်ရင် ပထမဆုံး သုတ်သင်မဲ့ မြို့တော်က ... အကြွင်းမဲ့ ကောင်းကင် မြို့တော်လို့ ပြောနေတာ ငါ ကြားခဲ့တယ်။ ”
ထိုလူအုပ်ကြီး၏ စကားများကို ကြားပြီးနောက် လင်းယွန်မှ တုန်လှုပ်သွား၏။
“ အဲဒါ ချဲ့ကားနေတာပဲ ... ငါ လုပ်ချင်တယ်လို့ ဘယ်တုန်းက ပြောမိလို့လဲ ရယ်စရာ ကောင်းလိုက်တာ။ ”
“ ဟား ဟား ဟား ... ။ ”
ယဲ့ကူဟန်နှင့် အဖွဲ့သည် လင်းယွန် စကားကြောင့် ရယ်မော လိုက်ကြလေသည်။ ကျန့်ကျင်းရှန်က ပြုံးပြီး၊
“ ညီလေး ... မင်းစီစဉ်ထားတဲ့ အတိုင်း အရာအားလုံး ဖြစ်လာမှာ မဟုတ်ဘူး၊ သတ်မှတ် ထားတဲ့ အမြင့်ရောက်လာရင် လူတိုင်းက မင်းကို အတင်းအကြပ် ...
... တွန်းအားပေး လာကြလိမ့်မယ် မပြိုင်ချင်ဘူး ဆိုရင်တောင်မှ ... မင်းရွေးချယ်ခွင့် ရှိလာမှာ မဟုတ်ဘူး။ ”
-ဟု ပြောကြားလိုက်သည်။
“ ဒါက ပုံမှန်ပါပဲ ... နဝမမြောက် ကောင်းကင်လမ်း ချန်ပီယံအပြင် အင်ပါရီယန်၊ ပင်မနတ်ဘုရား၊ နဂါးသွေးလွှတ်ကြောနဲ့ လောကနိယာမ နယ်ပယ်တွေမှာ ...
... မင်းက ပထမ မဟုတ်လား၊ နဂါးပြာမှတ်တမ်းမှာလည်း ကောင်းကင် နဂါး သခင်ဖြစ်ပြီ ... ဓားဂိုဏ်းရဲ့ ကပ်ဘေးအပြီးမှာ ဘယ်သူက မင်းကိုမသိပဲ နေတော့မလဲ။ ”
လက်သီး တစ်ထောင် မဟာ သူတော်စင်က ချစ်မြတ်နိုးစွာ ပြောသည်။ သူသည် လင်းယွန်ကို ယဲ့ချင်းရှန်သာ ဖြစ်စေချင်၏။
“ ကြည့်ရတာ ရှောင်လွှဲလို့ မရတော့ဘူး ထင်တယ်။ ”
သူ့ညီအစ်ကိုများနှင့် လက်သီး တစ်ထောင် မဟာ သူတော်စင် ပြောသည်မှာ မမှားချေ။ သတ်မှတ် ထားသော အမြင့်သို့ရောက်ရှိ ပြီးနောက် လူတိုင်းက သူ့ကို တွန်းပို့ကြ ပေလိမ့်မည်။
ထိုစဉ် လူတစ်စု ရောက်ရှိလာ၏။ ဦးဆောင်သူသည် ထက်ရှသော ဓားကို ပိုင်ဆိုင် ထားသည့် လူငယ်တစ်ဦး ဖြစ်သည်။
ဤလူသည် အကြွင်းမဲ့ ကောင်းကင် မြို့တော်၏ သခင် Dao Suspend ပေပင်။ ယုချင်းရှန်၏ ဒုတိယတပည့် ဖြစ်၏။
မဟာ သူတော်စင် အထွတ်အထိပ် နယ်ပယ်ဖြစ်ပြီး ဧကရာဇ်ဘုံသို့ အချိန်မရွေး ရောက်ရှိနိုင်မည်။
၎င်း၏ခွန်အားသည် နတ်ဖီးနစ် တောင်တန်းသခင်နှင့်အတူ ကျော်ကြားသော ဓားသူတော်စင် ဖြစ်၏။
သူ့အနားတွင် ယုချင်းဖန်၏ ကျန်တပည့်များ ရှိသည်။ သက်တံဓား ဧကရာဇ်နှင့် ၎င်းတို့ကြား ကောင်းမွန်သော ဆက်ဆံရေး ရှိသော်လည်း ဖော်ရွေပုံ မပြကြချေ။
တိုက်ပွဲတစ်ခု စောင့်ကြိုနေသည်ကို သိလိုက်သဖြင့် ယဲ့ကူဟန်မှ ပြုံး၏။ လက်သီး တစ်ထောင် မဟာ သူတော်စင်က ပြုံးကာ၊
“ အစ်ကို တာအိုဆိုင်းငံ့ခြင်း ... ငါတို့ နောက်ဆုံးတွေ့တာ ကြာပြီနော် ... မင်းဘာတွေ လုပ်နေလဲ။ ”
“ အစ်ကိုကြီး လက်သီးတစ်ထောင် မင်းရဲ့ကောင်းကင်တာအိုဂိုဏ်းက ဓားဂိုဏ်းနဲ့ ပေါင်းစည်းတော့ မှာလား ... အဲဒီလိုဆိုရင် ဓားသမားတွေ အတွက် ...
... အပြင်းထန်ဆုံး မြင့်မြတ်မြေက အကြွင်းမဲ့ကောင်းကင်မြို့တော်ဆီ ပြောင်းမှာ ငါကြောက်တယ်။ ”
“ အဲဒါက ကောလဟာလတွေပါ။ ”
တာအိုဆိုင်းငံ့ခြင်း ဓားသူတော်စင်က ပြုံးကာ ပြန်ပြောသည်။ လက်သီး တစ်ထောင် မဟာသူတော်စင်မှ ကူကယ်ရာမဲ့စွာ ပြုံးလိုက် တော့၏။
“ မင်းက ပန်းသင်္ချိုင်း မဟုတ်လား ... ငါတို့ကိုစိန်ခေါ်ဖို့ ရောက်လာတယ် ကြားတယ် မင်းအတွက် မြင့်မြတ်မြေရဲ့ ဓားသမား အားလုံး စုဝေး ရောက်ရှိနေကြပြီ။ ”
တာအိုဆိုင်းငံ့ခြင်း ဓားသူတော်စင်ဘေးမှ လူငယ်သည် ရန်လိုသည့် အရိပ်အမြွက် မပါရှိဘဲ လင်းယွန်ထံ ပြုံးလျက် ကြည့်နေခဲ့၏။
စကားများသည် သဘာဝ အတိုင်းပင် လူအုပ်ကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သည်။ တာအို ဆိုင်းငံ့ခြင်း ဓားသူတော်စင်က၊
“ သူ့နာမည်က ကျန့်ကြွယ်ပဲ ... အကြွင်းမဲ့ ကောင်းကင် မြို့တော်ရဲ့ ပါရမီရှင်တစ်ပါး ဖြစ်ပြီး နတ်နဂါးအင်ပါယာက မျိုးဆက်သစ် လူငယ် ကြားမှာ ပြိုင်ဘက်ကင်းတယ်။ ”
-ဟု မိတ်ဆက်ပေးလာ၏။
“ အိုး ... ဒါဆို သူက ဓားဧကရာဇ် မျိုးရိုးရဲ့ ရတနာ တစ်ပါးပေါ့၊ ညီလေးလင်း သူက မင်းနဲ့ တူတယ်။ ”
ကျန့်ကျင်းရှန်မှ လင်းယွန်ကို လှည့်ကြည့်ပြီး ပြောလိုက်သည်။
“ ဒါဆို သခင်လေး ကျန့်ကြွယ်ပေါ့။ ”
လင်းယွန်က ပြုံးလိုက်သည်။ တာအို သားတော်နှင့် ပိုင်ရှုရင်က ရယ်လိုသောအသွင် မျိုးဖြင့် ဘေးချင်းကပ် ရပ်လိုက်၏။
လင်းယွန်သည် ဤလူ အကြောင်းကို မသိကြောင်း သိလိုက်ကြသည်။ ယင်းသည် အထင် လွဲစရာ ပေပင်။
ကျန့်ကြွယ်မှ လင်းယွန်သည် သူ့ကို မသိသောကြောင့် အံ့သြသွားသည်။ သို့သော် သူက ပြုံးပြီး၊
“ နဂါးပြာပွဲ အပြီးမှာ ... မင်းနာမည်ကို ငါကြားပါတယ် ... မင်းက ကောင်းကင်လမ်းရဲ့ ချန်ပီယံကိုးယောက် ကြားမှာ ပြိုင်ဘက်ကင်း မဟုတ်လား ... ။ ”
-ဟု ပြန်၍ နှုတ်ဆက်လိုက်သည်။
တာအို ဆိုင်းငံ့ခြင်း ဓားသူတော်စင်က ပတ်ဝန်းကျင်အပေါ် ဝေ့ကြည့်ကာ ပြုံးလျက်၊
“ ငါနဲ့အတူ မြို့ထဲလိုက်ခဲ့ပါ ... ဒီလိုမျိုး စကားဆက်ပြောနေရင် ငါတို့က ရိုင်းတယ်လို့ လူတွေ ပြောကြလိမ့်မယ်။ ”
-ဟု ဆိုပြီး လူတိုင်းကို ကျောက်စိမ်း သင်္ကေတ တစ်ခု ထုတ်ပေးလာသည်။
“ ဝှစ် ... ။ ”
သူတော်စင် ရောင်ဝါများ သွင်းလျက် လူတိုင်းက ကောင်းကင်ပေါ် ပျံတက်လိုက်ကာ ၎င်းနောက် လိုက်လာခဲ့ကြသည်။
ဧရာမဓားကြီး၏ ဖိအားမျိုး မရှိတော့ဘဲ မျက်စိတစ်မှိတ်အတွင်း ပေတစ်သောင်း ခရီးနှင် နိုင်ခဲ့ကြ၏။ အကြွင်းမဲ့ ကောင်းကင် မြို့တော်ထံ ရောက်သည်နှင့် ရင်ပြင်ပေါ် ဆင်းသက် လိုက်ကြသည်။
“ အားလုံး ကျေးဇူးပြု၍ ထိုင်ပါ ... အသီးသီးသော မြင့်မြတ်မြေ ဂိုဏ်းချုပ်တွေ မကြာမီ ရောက်လာပါလိမ့်မယ်။ ”
တာအို ဆိုင်းငံ့ခြင်း ဓားသူတော်စင်က ပင်မထိုင်ခုံတွင် နေရာယူလိုက်၏။ များမကြာမီ လူအများ စုရုံးလာကြသည်။ သူတော်စင် နယ်ပယ် မဟုတ်သော် ထိုင်ရန် အရည်အချင်းပင် မရှိချေ။
မရေမတွက်နိုင်သော အကြည့်များက လင်းယွန်အပေါ် စူးစမ်းချင် စိတ်ဖြင့် ကျဆင်း နေကြသည်။
သူတို့၏ ပထမဆုံး အမြင်သည် ငယ်ရွယ်ခြင်း ဖြစ်ချေ၏။ ဒုတိယ အမြင်မှာ အဘိုးကြီးတစ်ဦး ကဲ့သို့ မမြင်နိုင်ချေ။
“ နှင်းရေခဲ နန်းတော်ရဲ့ ဂိုဏ်းချုပ် ... နှင်းခဲတိမ် ဓားသူတော်စင် ရောက်ရှိလာပါပြီ။ ”
မြင့်မြတ်မြေ အသီးသီးမှ ဂိုဏ်းချုပ်များ စတင်ရောက်ရှိလာသည်။
“ အနန္တဓားခန်းမရဲ့ ... ဂိုဏ်းချုပ် တောင်တန်းဓားသူတော်စင် ရောက်ရှိ လာပါပြီ။ ”
“ အနက်ရောင် ငှက်မွေး နန်းတော်ရဲ့ ဂိုဏ်းချုပ် ကောင်းကင် ငှက်မွှေးဓားသူတော်စင် ရောက်ရှိလာပါပြီ။ ”
“ ကောင်းကင် နဂါးကျောင်းတိုက်ရဲ့ ဆရာတော် ... တော်ဝင် နဂါးဓားသူတော်စင် ရောက်ရှိ လာပါပြီ။ ”
“ လျှို့ဝှက် ဓားစံအိမ်ရဲ့ ... ဝိညာဉ် ဓားသူတော်စင် ရောက်ရှိလာပြီ။ ”
“ သူတော်စင် လျူမိသားစုရဲ့ ... မီးတောက် ဓားသူတော်စင် ရောက်ရှိလာပါပြီ။ ”
ဓားတာအို ကျင့်သုံးသော မြင့်မြတ်မြေများနှင့် မျိုးနွယ်စုအသီးသီး၏ သခင်နှင့် ဘိုးဘေးများ ပေပင်။
၎င်းတို့သည် ခွန်လွန်၌ အစွမ်းအထက်ဆုံး ဓားသူတော်စင်များ ဖြစ်၏။ ဤမြင်ကွင်းသည် ထိတ်လန့်စရာ ကောင်းသဖြင့် လင်းယွန်မှ စကား မပြောနိုင်ချေ။
“ ညီလေး ... ဒါက အရမ်း ကြီးကျယ် နေတယ် ... နာမည်ကြီး ဓားသူတော်စင်အားလုံး ရောက်ရှိနေပြီ ... ငါတို့ဆရာကို အရှက် မကွဲမိစေနဲ့။ ”
လင်းယွန်မှ ထိုစကားကို ကြားသောအခါ ပြုံးရုံသာ ပြုံးခဲ့ပြီး၊ တည်ငြိမ် ဟန်ဆောင်လျက် ဝိုင်သောက်နေမိသည်။
ရှင်းယန်က ကောင်းကင် နဂါး ကျောင်းတိုက်မှ ဘုန်းကြီးများကြား အဝတ် ပါးပြင်းဖြင့် လှမ်းကြည့်၏။
သူ့မောင်လေး၏ အဘိုးကြီးတစ်ယောက် ကဲ့သို့ တည်ငြိမ်သော အသွင်ကြောင့် ကျေနပ်စွာ ပြုံးမိလေသည်။
“ ဒီနေ့ လာခဲ့ကြတဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ် ... အရင်ဆုံး သက်တံဓား ဧကရာဇ်နဲ့ ပန်းသင်္ချိုင်းအတွက် တစ်ခွက် သောက်ပါရစေ။ ”
တာအို ဆိုင်းငံ့ခြင်း ဓားသူတော်စင်မှ သူ့ခွက်ကို မြှောက်လျက် ယဉ်ကျေးသော အမူအရာ ပြသလိုက်သည်။
“ ငါတို့လည်း သက်တံ ဓားဧကရာဇ်နဲ့ ... ပန်းသင်္ချိုင်း အတွက် ... တစ်ခွက် သောက်ပါရစေ။ ”
ရင်ပြင်ရှိ ဓားသူတော်စင်များ အားလုံး မတ်တပ်ထရပ်ကာ လင်းယွန်အတွက် သောက် ကြလေသည်။
ဓားသူတော်စင်တိုင်း လင်းယွန်အပေါ် လေးစားမှုမျိုး ပြသနေသဖြင့် ရေးနွေးကြမ်း တစ်ခွက် မော့သောက်လျက် ရှင်းယန်က ပျော်ရွှင်လာသည်။
ဤမြင်ကွင်းကြောင့် လင်းယွန်က အံ့အားသင့်ပြီး ပြုံးလျက်၊
“ အရမ်း ယဉ်ကျေးနေဖို့ မလိုပါဘူး ... လူတိုင်းအတွက် သောက်ပါရစေ... ။ ”
-ဟု တစ်ခွက် ပြန်သောက် ပြလိုက်သည်။
ထိုအချိန်တွင် ယုချင်းဖန်နှင့် ကျန့်ဝူမင်က ဝိုင်သောက် နေ၏။ ယုချင်းဖန်မှ ပြုံးလျက်၊
“ သက်တံ ... ငါတို့ပွဲမစခင် လူငယ်တွေကြားက ပြိုင်ဆိုင်မှုကို ဘာလို့ မကြည့်ရတာလဲ။ ”
“ ငါလည်း ဒီလိုပဲ တွေးမိပါတယ်။ ”
“ ဒါဆို ... လာ၊ သောက်ပြီး ဒီနေ့ ပန်းသင်္ချိုင်းရဲ့ ဖျော်ဖြေမှုကို ကြည့်ရအောင်။ ”
ယုချင်းဖန်က ပြုံးရယ်လျက် မြင်ကွင်းကောင်းမွန်သော နေရာသို့ ခေါ်ဆောင် သွားတော့သည်။