← Chapters

မင်းကို အနိုင်ကျင့်ရာ မကျဘူး မဟုတ်လား။

Vol. 177 Ch. 2465

မင်းကို အနိုင်ကျင့်ရာ မကျဘူး မဟုတ်လား။

Vol. 177 Ch. 2465

တာအို ဆိုင်းငံ့ခြင်း ဓားသူတော်စင်က လင်းယွန်အတွက် တစ်ခွက် သောက်ပေးပြီး မြင့်မြတ်မြေ ဆယ်ပါးမှ ဂိုဏ်းချုပ်များကို တစ်ခွက် သောက်ပြသည်။

တစ်ဦးချင်း သောက်ပြရန် အချိန် မရှိချေ။

“ ဒါက ရှားရှားပါးပါး အခွင့်အရေးပဲ ... ယနေ့ခေတ် နာမည်ကြီး ဓားသူတော်စင် အားလုံး စုဝေးနေကြပြီ စလိုက်ကြရအောင် ...

... ပန်းသင်္ချိုင်း မင်းက စိန်ခေါ်ဖို့ ရောက်လာတာ မဟုတ်လား စည်းမျဉ်းတွေကို ဘာလို့ မသတ်မှတ် ရတာလဲ။ ”

လင်းယွန်က ခေါင်းညိတ်လိုက်၏။

“ ကောင်းကင် နဂါးအရိုးကို ... ငါ သန့်စင်ထားတယ်ဆိုတဲ့ ကောလဟာလတွေ ရှိတယ် ... ။ ”

ထိုစကားကြောင့် လူတိုင်း အသက် အောင့်ထားမိ ကြ၏။ အထူးသဖြင့် ကောင်းကင် နဂါးကျောင်းတိုက်၏ ဘုန်းကြီးများ ပေပင်။

“ ဒါဟာ ... ကောလဟာလ မဟုတ်ဘူး ဆိုတာ ပြောထားပါရစေ ... ဒါကြောင့် လူတိုင်း ထိန်းထားစရာ မလိုပါဘူး။ ”

လင်းယွန်မှ ပြုံးကာ၊

“ စည်းကမ်းချက် မရှိဘူး ... လူတိုင်း ထွက်လာပြီး ငါ့ကိုသတ်နိုင်တယ် ကောင်းကင် နဂါးအရိုးက ရိုက်နှက်ခံရတာကို ကြိုက်တယ်။ ”

-ဟု ပြောကြားလိုက်၏။

မောက်မာလွန်းသော စကားဖြစ်သဖြင့် ဓားသမား အားလုံးက အံ့အားသင့် သွားသည်။ တာအိုဆိုင်းငံ့ခြင်း ဓားသူတော်စင် သည်ပင် တုန်လှုပ်သွား၏။

“ ပန်းသင်္ချိုင်း ... ။ ”

ယုချင်းဖန်၏ အငယ်ဆုံးတပည့် ကျန့်ကြွယ်က မတ်တပ်ထရပ်ပြီး၊

“ ငါ လွန်ခဲ့တဲ့ ဆယ်နှစ်က ... မဟာ သူတော်စင် ဖြစ်လာခဲ့တယ် စည်းမျဉ်းတွေ မရှိဘူး ဆိုတော့ ငါတို့ဘာလို့ မပြိုင်ရတာလဲ။ ”

-ဟု ပြောကြားလာ၏။

ပတ်ဝန်းကျင်ရှိ ဓားသမားများ အားလုံး၏ မျက်ဝန်းများ တောက်ပလာသည်။ ဤနေရာ၌ ကျန့်ကြွယ် အကြောင်း မကြားဖူးသော လူ မရှိချေ။

လွန်ခဲ့သော နှစ်ပေါင်း များစွာက မျိုးဆက်သစ် လူငယ်တွေကြား ပြိုင်ဘက်ကင်း ချေပြီ။

ယခု အသက် ခုနစ်ဆယ်ကျော် နေပြီ ဖြစ်သော်လည်း အသက် တစ်ထောင်ကျော် မဟာ သူတော်စင်များ၏ အမြင်၌ လူငယ် တစ်ဦးသာ ဖြစ်သည်။

လင်းယွန်သည်သာ ကျန့်ကြွယ်ကို အနိုင် မယူနိုင်ခဲ့ပါက အသန်မာဆုံး ဓားသမားဘွဲ့ဖြင့် ထိုက်တန်မည် မဟုတ်ချေ။

“ ဝမ်းသာစရာပဲ။ ”

လင်းယွန်က ကောင်းကင်ပေါ် ခုန်တက်လိုက်ကာ ရင်ပြင်၏ အလယ်ဗဟိုသို့ ဆင်းသက်သည်။

“ ဝှစ် ... ။ ”

ကျန့်ကြွယ်သည်လည်း အလားတူ ပြုမူလာသည်။ သူ့ဓားသည် လင်းယွန်ကို ဖိအား မပေးနိုင်ကြောင်း ကျန့်ကြွယ်မှ သတိပြုမိ လိုက်သည်။

“ ချွင် ချွင် ချွင် ... ။ ”

သို့တိုင် ကျန့်ကြွယ်က နောက်ပြန် မဆုတ်တော့ဘဲ ဓားရည်ရွယ်ချက်ကို ထုတ်ဖော် လာသည်။ ယင်းကြောင့် လူတိုင်း၏ ဓားများ အားလုံး တုန်လှုပ်လာ၏။

၎င်းမှာ အဋ္ဌမတန်း ဓားရည်ရွယ်ချက် ဖြစ်သည်။ မဟာ နေမင်းတာအိုကို ပေါင်းစပ် လိုက်သဖြင့် ကန့်သတ်ချက် မဟုတ်သေးချေ။

“ ဝှစ် ... ။ ”

အဆုံးတွင် နဝမတန်း ဓားနှင့် ယှဉ်လာနိုင်ခဲ့သည်။ ၎င်းက လက်ဝှေ့ယမ်းပြီး ဓားတစ်လက် ခေါ်ယူ၏။

ထို့နောက် ကျော်ကြားသော မဟာ နေမင်း ဓားပညာရပ်ကို ထုတ်ဖော်လေသည်။ ခွန်လွန်၌ ထိပ်တန်းဓားရေး သုံးရပ်အဆင့်တွင် ရှိ၏။

ဧကရာဇ် နယ်ပယ်မှ တစ်စုံတစ်ယောက် သည်ပင် ဤဓားပညာ၏ စွမ်းအား အပြည့်ကို ထုတ်လွှတ်နိုင်မည် မဟုတ်ချေ။

သို့သော် လင်းယွန် အမြင်တွင် အားနည်းနေပုံ ပေါက်သောကြောင့် မျက်မှောင် ကြုတ်မိ၏။

“ ဝှစ် ... ။ ”

မှားယွင်းစွာ အာရုံ ခံစားမိခဲ့ချေပြီ။ ထိုသို့ ခဏမျှ အာရုံပျံလွင့်မှုသည် ဓားကို ရှောင်ရှားရန် ခက်ခဲသွားစေ၏။

“ ရွှပ် ... ။ ”

ဓားသွားက ပါးပြင်ကို ဖြတ်သွားကာ ဒဏ်ရာတစ်ခု ချန်ရစ်ခဲ့သည်။ ဆံပင်များစွာ လှီးဖြတ်ခံလိုက်ရပြီး မြေပြင်ပေါ် လွင့်ဝဲကျ သွား၏။

တာအို ဆိုင်းငံ့ခြင်း ဓားသူတော်စင်မှ ကျေနပ်စွာ ပြုံးသည်။

“ သတိထားပါ ... ငါ့ဓားက မြန်တယ်၊ ဒါက အစပဲ ရှိသေးတယ်။ ”

ကျန့်ကြွယ်မှ ပြုံးပြီး မဟာ နေမင်း ဓားပညာရပ်ကို ပို၍ မြန်သွားအောင် ကြိုးစား လိုက်ပြန်၏။

နောက်ဆက်တွဲ ပုံရိပ်ပေါင်း တစ်ရာကျော် လာနှင့် မဟာ နေမင်းဓားဒိုမိန်း အသက်ဝင်ပြီး ပတ်ဝန်းကျင် တစ်ခုလုံး ပူလောင်လာသည်။

“ ဝှစ် ... ။ ”

သို့သော် လင်းယွန်က ညာလက်ကို ရှေ့ တွန်းလိုက်ရာ တိုက်ခိုက်မှုများ အားလုံး ပြိုကွဲ သွားတော့၏။

အားပြင်းသော လေလှိုင်းကြီးက ကျန့်ကြွယ်ကို ဆုတ်ခွာရန် တွန်းအားပေးသည်။ သူ့ဓားရည်ရွယ်ချက်မှာ သမုဒ္ဒရာအတွင်းရှိ ဖောင်ငယ်လေး တစ်စင်းကဲ့သို့ ပေပင်။

ဤအရာက ကျန့်ကြွယ်ကို မြေပြင်ပေါ် ဆင်းသက်စေ ပြီးနောက် ထိတ်လန့်တကြီးဖြင့် ပြန်ကြည့် မိစေသည်။

“ ငါ့ဓားမှာ အလျင် မလိုတော့ဘူး ... မြန်မြန် ... နှေးနှေး အတူတူပါပဲ။ ”

လင်းယွန်က ပြုံးကာ ပြောလိုက်၏။ ယင်ယန်တာအိုကို နားလည်လာ ပြီးနောက် မြန်သည် ဖြစ်စေ၊ နှေးသည် ဖြစ်စေ အတူတူ ပေပင်။

ကျန့်ကြွယ်နှင့် သူကြား ကျင့်ကြံမှု ကွာခြားချက်များစွာ မရှိသော်လည်း ဓားတာအို နားလည် သဘောပေါက်မှုတွင် ကြီးမားသော ကွာဟချက် တစ်ခု ရှိနေသည်။

ကျန့်ကြွယ်က ရှုံးနိမ့်မှုကို လက်မခံနိုင်ဘဲ၊

“ မင်းငါ့ကို ရှုပ်နေတာလား ... ငါ့ခွန်အား အပြည့်အစုံ ထုတ်မပြရသေးဘူး … ။ ”

-ဟု ပြန်အော်၏။

“ ဘာမှ ထူးလာမှာ မဟုတ်ပါဘူး။ ”

လင်းယွန်က ပျင်းရိစွာ ပြောသည်။ ထို့နောက် လက်ကိုမြှောက်လျက် ကျန့်ကြွယ်ထံ လှမ်းဆွဲလိုက်၏။

ကျန့်ကြွယ်က အလိုက်သင့် ဆွဲယူခံပြီး အနားရောက်ချိန်၌ အငိုက်ဖမ်းရန် ကြံရွယ်နေ ခဲ့သည်။

သို့သော် လင်းယွန်က အနား အရောက် မခံတော့ဘဲ ပြန်၍ တွန်းထုတ်ပစ်၏။ ထို့နောက် ပြန်ဆွဲယူသည်။ ဤနည်းဖြင့် ကျန့်ကြွယ်ကို ဆွဲ၍-တွန်း၍ ကစားနေခဲ့၏။

“ ဟား ဟား ဟား ... ။ ”

အကြွင်းမဲ့ ကောင်းကင် မြို့တော်၏ တပည့်များ ခမျာ မျက်နှာများ မည်းသွားသည်။ ကျန့်ကျင်းရှန်က ရယ်မောတော့၏။ ယဲ့ကူဟန်က မနေနိုင်တော့ချေ။

“ လင်းယွန် ... မင်း ဘာလုပ်နေတာလဲ ... သူ့ကို လွှတ်လိုက်စမ်း။ ”

“ ဟုတ်ကဲ့ ... ။ ”

လင်းယွန်က လက်ဝှေ့ရမ်းလျက် ကျန်းကြွယ်ကို ပစ်ထုတ်လိုက်လေသည်။ တာအို ဆိုင်းငံခြင်း ဓားသူတော်စင်က ဒေါသ ထွက်လာ၏။

“ စည်းကမ်းတွေ မရှိလို့ ... ငါနဲ့ ဘာလို့ မသွားရတာလဲ။ ”

ယုချင်းဖန် မျိုးဆက်မှ လူလတ်ပိုင်းတစ်ဦး ထရပ်လာသည်။ သူသည် ကျန့်ကြွယ်၏ စီနီယာ ဖြစ်ပြီး ချူးလျန့်ဟု ခေါ်၏။

သူ့ ကျင့်ကြံမှုသည် အဆုံးမဲ့ မဟာ သူတော်စင် အထွတ်အထိပ် ဓားသူတော်စင် တစ်ပါး ဖြစ်သည်။

“ ငါ့ အသက်က ရှစ်ရာကျော်နေပြီ ... မင်းကိုတိုက်ခိုက်တာ မတရားဘူး ... ဒါပေမယ့် ကောင်းကင်နဂါးအရိုးကို မင်း .. သန့်စင်ထားတဲ့ အတွက် မတရားတာ မရှိတော့ပါဘူး။ ”

“ ဟုတ်တယ် ... ကောင်းကင် နဂါးအရိုးက အရိုက်ခံရတာကို ကြိုက်တယ်။ ”

“ ဒါဆို ငါလာပြီ။ ”

ချူးလျန့် နောက်တွင် ဓားတစ်လက် ပေါ်လာသည်။ သို့သော် လင်းယွန်က လက်ကို ဖြန့်ကာ ၎င်းထံ လှမ်းဆွဲလိုက်ပြန်၏။

ဤသည်မှာ ကျန့်ကြွယ်ကို အရုပ် တစ်ရုပ်ကဲ့သို့ကစားခဲ့သော နည်းလမ်းဖြစ်၏။ ထို့ကြောင့် ချက်ချင်း ဒေါသ ထွက်သွားသည်။

“ ပန်းသင်္ချိုင်း မင်းလွန်မလာနဲ့ ... ဓားဧကရာဇ် မျိုးရိုးမှာ ဘယ်သူမှ မရှိဘူးလို့ မင်းထင်နေတာလား။ ”

ဒေါသဖြင့် ရောင်ဝါကို ထုတ်ကာ လင်းယွန် လက်ဖဝါး၏ စုပ်ယူမှု စွမ်းအားအပေါ် ခြေဖြတ် ပစ်လိုက်သည်။

နှစ်ပေါင်း ရှစ်ရာကျော် အုတ်မြစ်သည် ကျန့်ကြွယ်ပေါင်းများစွာကို ပေါင်းစည်း ထား သကဲ့သို့ ခိုင်မာချေ၏။

“ ဒါက နားလည်မှု လွဲနေတာပါ ... ငါ အဲဒါကို စမ်းကြည့်ရုံပါပဲ ... အလျင်လို မနေပါနဲ့၊ ငါထပ်ကြိုးစားပါရစေ။ ”

ဤတစ်ကြိမ်တွင် ကောင်းကင် နဂါး နတ်ခန္ဓာကို ဖြန့်ကျက်ကာ မိုးပြာနဂါး နက္ခတ် ဆင့်ခေါ်လိုက်၏။

“ မင်းက သေချင်နေတာပဲ။ ”

ချူးလျန့်က လင်းယွန်၏ စမ်းကြည့် ချင်သေးသည် ဟူသော စကားကြောင့် ပို၍ ဒေါသ ထွက်လာခဲ့သည်။

ထိုအချိန်တွင် လင်းယွန်က လက်ကို သူ့ထံ တွန်းထုတ်လာ၏။ ကောင်းကင်နဂါး ရောင်ဝါ နှင့် ဓားရည်ရွယ်ချက် ပေါင်းစပ်ထားသည်။

ဤအရာက ထိတ်လန့်စေကာ လေထဲအေးခဲလျက် အဝေးသို့ တွန်းထုတ် ခံလိုက်ရ၏။

“ ခဏနေပါဦး ... ။ ”

လင်းယွန်က ပြုံးလျက် ချက်ချင်း နဂါးထွက်သက်ကို ထုတ်ဖော်ကာ သူ့အပေါ် ပြန်၍ ဆွဲယူလိုက်သည်။

ကောင်းကင် နဂါးများက မြစ်ရေအလား ပြေးဝင်လာသဖြင့် အမြန် ရှောင်တိမ်း လိုက်ရ လေသည်။

သို့သော် ဖမ်းဆုပ်ခံလိုက်ရပြီး သူ့ ရုန်းကန်မှုသည် ဝေဟင်အလယ် အချည်းနှီး ဖြစ်သွားတော့၏။

“ ပြန် သွား ... ။ ”

လင်းယွန်က ပြုံးလျက် သူ့လက်ကို တွန်းထုတ်လိုက်ပြီး ကျန့်ကြွယ်နှင့် ပုံစံတူ ကစားပြလေသည်။

ဓားသမား အားလုံးကို တုန်လှုပ်သွားစေသည့် မြင်ကွင်း ပေပင်။ လင်းယွန်အပေါ် ဤမျှလောက် အစွမ်းထက် လိမ့်မည်ဟု မထင်ခဲ့ကြချေ။

“ လင်းယွန် ... မင်း အရမ်းတော်တယ်။ ”

အကြွင်းမဲ့ ကောင်းကင် မြို့တော်မှ လူတိုင်းဒေါသထွက်နေစဉ် မဟာသူတော်စင် လေးပါး တပြိုင်နက်တည်း ထွက်လာ၏။

၎င်းတို့သည် တန်ခိုးရှင် အဆင့်သို့ မရောက်သေး သော်လည်း စွန့်လွှတ်လိုက်သော ရောင်ဝါမှာ ချူးလျန့်ထက် ပိုမိုပြင်းထန်သည်။

“ မဟာ တာအို သုံးထောင်မှာ ... ဓားသာ အမြင့်မြတ်ဆုံးပဲ။ ”

လင်းယွန်က ရေရွတ်ပြီး လက်နှစ်ဖက်ကို ဆန့်ခွဲလိုက်သည်။ သတ္ထု နတ်ရူရ်ဖြင့် ရေးထွင်း ထားသော ဖဲကြိုးသုံးထောင်က ရေတံခွန်ကဲ့သို့ လွင့်ထွက်သွား၏။

ပျံတက်လာသော မဟာ သူတော်စင် လေးပါးထံ မျက်နှာမူကာ လက်ကို ဆန့်ထုတ် ပစ်လိုက်သည်။

“ ဝှီး ... ။ ”

“ ဝေါ့ ... ။ ”

နောက်တစ်စက္ကန့်တွင် မဟာ သူတော်စင်လေးပါးခမျာ သွေးတစ်လုတ် အန်လျက် လွင့်စဉ်ကုန်၏။

လင်းယွန်အနားပင် မကပ်နိုင်ခဲ့ချေ။ လူတိုင်းထိတ်လန့်စွာဖြင့် ပြန်မော့ကြည့်လျက် ဦးရေပြားများ ထုံကျင်သွားသည်။

ရင်ပြင်တစ်ခုလုံး တိတ်ဆိတ် သွားသောအခါတွင် တာအိုဆိုင်းငံ့ခြင်း ဓား သူတော်စင်က ဖြည်းညှင်းစွာ ထရပ်လာ၏။

၎င်းက လင်းယွန်ထံ ရှုပ်ထွေးသော အကြည့်ဖြင့် လှမ်းကြည့်ပြီး၊

“ ကောင်လေး မင်းကို ငါတိုက်ရင် အနိုင်ကျင့်ရာ မကျဘူး မဟုတ်လား။ ”

-ဟု မေးမြန်း လိုက်တော့သည်။

***

All Chapters