ဓားနှစ်လက် ... ။
Vol. 177 Ch. 2466
တာအို ဆိုင်းငံခြင်း ဓားသူတော်စင်သည် စိုးရွံ့မှုကြောင့် အနည်းငယ် တုန်ယင် နေသည်။ ကျန့်ကြွယ်၊ ချူးလျန့်နှင့် မဟာသူတော်စင် လေးပါးကို ဓားမဆွဲဘဲ အနိုင်ယူခဲ့၏။
“ ငါမင်းကို အနိုင်ကျင့်ရာ မကျဘူး မဟုတ်လား။ ”
လင်းယွန်က ပြန်မဖြေ သဖြင့် ပို၍ စိုးရိမ်စွာ ထပ်မေးလိုက်သည်။
“ ဘယ်သူမဆို ငါ့ကို စိန်ခေါ်နိုင်ပါတယ် ... ဒါက မိတ်ဖြစ်ဆွေဖြစ်မို့ ... စီနီယာ မင်းငါ့ကို သက်ညှာပေးရမယ်။ ”
သို့မှသာ တာအို ဆိုင်းငံခြင်း ဓားသူတော်စင်က သက်ပြင်းချ မိလေသည်။
“ ပန်းသင်္ချိုင်း၊ မင်းက နှိမ့်ချလွန်းပါတယ် ... ။ ”
တစ်ဖက်တွင် ကျန်ကြွယ်၏ ဓားသည် လျင်မြန်ခြင်းနှင့် နှေးကွေးခြင်းကို နားမလည် သေးသော်လည်း တာအိုကို ထိနေကြောင်း လင်းယွန် ပြောနိုင်သည်။
ချူလျန့် ထွက်လာသော အခါ အနည်းငယ် ခြိမ်းခြောက်မှုပေးသည့် အရိပ်အမြွက်မျိုး ခံစား ရသည်။
ထို့နောက် မဟာသူတော်စင် လေးပါး ထွက်လာချိန်၌ သူ့ဓားရောင်ဝါ အစွမ်းအပေါ် စမ်းသပ်ခွင့် ရခဲ့၏။
ဆိုလိုသည်မှာ ဤလူများသည် တျန်ရွှမ်ဇီထက်များစွာ အားနည်းချေပြီ။ လက်ရှိ သူ့ခွန်အားသည် ကောင်းကင်ချပ်ဝတ် မလိုဘဲ တျန်ရွှမ်ဇီကို တိုက်နိုင်နေပြီ ဖြစ်၏။
“ အဲဒါဆို ကြိုပြီး တောင်းပန်ပါတယ်။ ”
တာအို ဆိုင်းငံခြင်း ဓားသူတော်စင်က ရင်ပြင်အလယ် ပေါ်လာပြီး၊
“ ပန်းသင်္ချိုင်းက မင်းရဲ့ဓားကို ဆွဲဖို့ အလျင်စလို မရှိတဲ့အတွက် ငါတို့ လက်သီးခြင်း ဖလှယ်ရအောင်။ ”
စူ့လူများကို လင်းယွန်သည် ဓားမသုံးဘဲ အနိုင်ယူသည့်အပေါ် မကျေနပ်ချေ။ ထို့ကြောင့် လက်ဗလာဖြင့် ဓားဆွဲသည်အထိ ဖိအားပေးလိုခဲ့၏။
“ ဝှစ် ... ။ ”
စကားဆုံးသည်နှင့် လင်းယွန်ထံသို့ ရုတ်ချည်း ချဉ်းကပ်သွားသည်။ ဤသည်မှာ အာကာသ တာအို ဖြစ်၏။
တစ်ဖက်တွင် လင်းယွန်က ယင်ယန် တာအိုကို ကောင်းကင် ဖျက်ဆီးခြင်းဓားနှင့် ပေါင်းစပ်ကာ ယင်-ယန်ဓားဒိုမိန်း ဖွဲ့စည်း ထားခဲ့သည်။
ပြိုင်ဘက်သည် အာကာပြင်ကို ခွဲလာသော်လည် ယင်ယန်ဓားဒိုမိန်းကြောင့် များစွာ နှေးကွေးသွား၏။
“ ဟိတ် ... ။ ”
နှစ်ယောက်သား လက်သီးချင်း ယှဉ်ထိုးချ လိုက်၏။ လက်ဗလာဖြင့် တိုက်ခိုက်သော်လည်း အဓိက ပြိုင်ဆိုင်မှုမှာ ‘ဒိုမိန်း’ ဖြစ်သည်။
“ ဘုန်း ... ။ ”
ယင်းကြောင့် လင်းယွန်ခမျာ ပြင်းထန်သော စွမ်းအားသက်ရောက် ခံရကာ မီတာတစ်ရာ အကွာသို့ လွင့်ဝဲ သွားခဲ့သည်။
တစ်ဖက်တွင် တာအို ဆိုင်းငံခြင်း ဓားသူတော်စင်က အဝတ်အစားများနှင့် ဆံပင် များသာ လွင့်ပျံသွား၏။
လင်းယွန်လက်သီး သက်ရောက်မှုသည် သူ့အာကာသ ဓားဒိုမိန်းအတွင်း ပျောက်ကွယ် သွားခဲ့သည်။ ကြောက်စရာ ကောင်းသော အခြေခံအုတ်မြစ်မျိုး ပေပင်။
သူ့ခန္ဓာကိုယ်အနား အာကာပြင် တွန့်ခေါက်လျက် မရွေ့လျားဘဲ စွမ်းအင်များကို ရေကဲ့သို့ လွင့်ပါးသွားစေခဲ့သည်။
ဤအရာက လက်သီးတစ်ထောင် မဟာသူတော်စင်ကို မျက်လုံးပြူး သွားစေ၏။ ယဲ့ကူဟန်က ပြုံးပြီး၊
“ စီနီယာ တာအို ဆိုင်းငံခြင်းက နည်းနည်းတော့ အမြင်ကျဉ်းလွန်းတယ်။ ”
-ဟု မှတ်ချက် ပေးလိုက်သည်။
တစ်ဖက်လူသည် လင်းယွန်ကို လက်စားချေလိုနေ၏။ သူ့လူများကို လေထဲ အရုပ်လို ကစားပြခဲ့သည့်အပေါ် ပြန်ပေးရန် ကြံရွယ်နေချေပြီ။
တာအို ဆိုင်းငံ့ခြင်း ဓားသူတော်စင် ထံမှ အာကာသ လေဆင်နှာမောင်းကြီးက ပျံထွက် လာ၏။ လင်းယွန် ပြုံးလိုက်သည်။
ယင်နှင့်ယန်သည် အချင်းချင်း လိုက်ဖမ်းနေသော ငါးနှစ်ကောင်ကဲ့သို့ သူ့ခြေ အောက်၌ ပေါ်လာ၏။
ထိုပုံကြမ်းပေါ်လာသောအခါ လင်းယွန်ရုပ်သွင်သည် မတုန်မလှုပ် တောင်ကြီး တစ်လုံးကဲ့သို့ ခိုင်မာလာသည်။
“ ဘုန်း ... ။ ”
ထို့ကြောင့် စုပ်ယူလိုသော အာကာသ လေဆင်နှာမောင်းခမျာ နောက်ပြန် ကန်ထွက် သွားတော့၏။
ဤသည်မှာ ထာဝရ တာအိုများ အချင်းချင်း ပြိုင်ဆိုင်မှုတွင် လင်းယွန်တစ်ယောက် အသာစီး ရသွားခြင်းမျိုး ပေပင်။
ရလာဒ်အပေါ် လူတိုင်း ထိတ်လန့် သွား၏။ လင်းယွန်က ရယ်မောလျက်၊
“ ဟား ဟား ဟား ... ဒါဆို မြည်းစမ်း ကြည့်ပါဦး ... ။ ”
-ဟုဆိုကာ လေဟာနယ်ကို လှမ်းဆွဲ ပစ်သည်။
သူ့နောက်၌ ယင်ယန် ငါးနှစ်ကောင် လည်ပတ်လာပြီး ပေါက်ကွဲ စွမ်းအားများ ထွက်ပေါ်လာ၏။
ထာဝရတာအို၏ အမြင့်ဆုံး စွမ်းအားများ ပေပင်။ တာအိုဆိုင်းငံခြင်း ဓားသူတော်စင်ခမျာ အငိုက်မိ ဖမ်းဆုပ်ခြင်း ခံလိုက်ရ၏။
ချက်ချင်း မျက်နှာသည် ပြောင်းသွားပြီး အဆုံးမဲ့ မဟာ သူတော်စင် ကျင့်ကြံမှု ခွန်အား ထုတ်ဖော်လိုက်သည်။
ဓားရောင်ခြည်များ ပွင့်ထွက်လျက် ကနဦး ကျွမ်းကျင်မှုသို့ ရောက်ရှိနေသော ကောင်းကင် ဖျက်ဆီးခြင်းဓားကို ထုတ်ဖော်မိသည်။
ရင်ပြင်တစ်ခုလုံး တုန်ဟည်းလျက် နဂါးလက်သည်းကြီး ကွဲထွက်သွား၏။ လက်ရှိ မြင်ကွင်းအရ ကျန့်ကြွယ်၏ ရှုံးနိမ့်မှုသည် ထိုက်တန်ချေပြီ။
တာအို ဆိုင်းငံ့ခြင်း ဓားသူတော်စင် သည်လည်း ဤအရာအပေါ် သတိပြုမိပြီး ဖြစ်သည်။
“ ပန်းသင်္ချိုင်း ... မင်းက တကယ့်ကို ထူးထူးခြားခြားပါပဲ ... အခုငါ အလေးအနက် ထားတော့မယ်။ ”
“ ဒါဆို လာ ... ။ ”
ထို့နောက် တာအို ဆိုင်းငံခြင်း ဓားသူတော်စင်က လင်းယွန်ကို ပြိုင်ဘက်အဖြစ် သတ်မှတ်ကာ ရုတ်ချည်း ရွေ့လျားလိုက်သည်၊
လင်းယွန်ရှေ့ ရောက်ရှိသွားပြီး လက်ဖဝါးဖြင့် ရိုက်ချပစ်၏။ လင်းယွန်က အတာအဆီးအလွှာတစ်ခု ထုတ်ဖော်ကာ နောက်ပြန်ဆုတ်သည်။
“ လာဦးမယ် ... ။ ”
လက်ဖဝါးတိုင်းက နှလုံးခုန်သားကို ညှစ်ထုတ်နေ သကဲ့သို့ လင်းယွန်၏ ကိုယ်တွင်း အင်္ဂါများ အပေါ် တုန်ယင်လျက် သွေးများ ထွေးထုတ်မိစေသည်။
သို့သော် ကောင်းကင် နဂါးအရိုးမှ အကြွင်းအကျန် စွမ်းအင်များသည် လက်ဖဝါး အောက်၌ သန့်စင်ပေးနေသဖြင့် လင်းယွန်က အံ့ဩသွားတော့၏။
အံကြိတ်လျက် လက်ဖဝါးလှိုင်းများကို ထိမှန်ခံလိုက်လေသည်။ ဤမြင်ကွင်းက တာအို ဆိုင်းငံခြင်း ဓားသူတော်စင်ကို ရှုပ်ထွေးလာ စေ၏။
တစ်ဖက်လူသည် သွေးအန်ပြီး နာကျင်မှုကို ပြသသော်လည်း ဒဏ်ရာရပုံ မပေါ်ချေ။ ယင်းက နားမလည်နိုင် ဖြစ်စေ၏။
သူသည် လင်းယွန်ထက် ကျင့်ကြံမှု သာလွန်သောကြောင့် ခွန်အားကို ထိန်းထား နေရသည်။
“ စီနီယာ ထိန်းထားစရာ မလိုဘူး။ ”
လင်းယွန်က သွေးများ စီးကျလျက်မှ အော်သည်။ တစ်ခုခု မှားယွင်း နေချေပြီ။ ယခု အတိုင်း ဆက်သွားသော် လင်းယွန်ခန္ဓာကိုယ် ပျက်စီးသွားနိုင်မည်။
ကြည့်နေဆဲမှာပင် လင်းယွန် မျက်နှာက နီရဲလာကာ၊
“ စီနီယာ ... ငါ့ကို ရိုက် ... ။ ”
-ဟု အော်ဟစ်လာပြန်၏။
ဤမျှ အရိုက်ခံလိုသည့် လူမျိုး မမြင်ဖူးချေ။ ထို့ကြောင့် အဆုံးမဲ့ မဟာ သူတော်စင် ခွန်အား အကုန် ထုတ်လွှတ်လိုက်သည်။
“ မင်းဆန္ဒ အတိုင်းပဲ။ ”
“ ဘုန်း ... ။ ”
“ ဘုန်း ... ။ ”
ရိုက်ချက်တိုင်းက အာကာပြင်ကို ဖြိုခွင်းလျက် တဘုန်းဘုန်း ကျရောက် သွားလေ သည်။
ဆယ့်ငါးမိနစ် အကြာတွင် တာအို ဆိုင်းငံခြင်း ဓားသူတော်စင် တစ်ယောက် နဖူး၌ ချွေးများဖြင့် အသက်ရှူ ကြပ်လာ၏။
“ မင်းငါ့ကို ရှုပ်နေတာလား ... မင်းရဲ့ ဓားကိုဆွဲ ... ။ ”
ယခုအချိန်တွင် အမှန်တကယ်ပင် ဒေါသထွက်လာပြီးဖြစ်သည်။ အထွတ်အထိပ် အဆုံးမဲ့ မဟာ သူတော်စင် ခွန်အားကို အပြည့်အဝ ထုတ်ဖော် လိုက်သည်။
“ ဝှစ် ... ။ ”
ဤတစ်ကြိမ်၌ လက်သီး ထိမှန်တော့မည့် အချိန်တွင် လင်းယွန်က လက်ကောက်ဝတ်ကို လှမ်းဆွဲတော့၏။
နဂါးဟောက်သံများ ပဲ့တင်ထပ်လျက် ပြိုးပြက် လင်းလက်နေသော ရောင်ဝါများ ပွင့်ထွက်လာသည်။
ဤသည်မှာ မဟာ သူတော်စင် နယ်ပယ် အဆုံးမဲ့အဆင့် ဖြစ်ချေ၏။
“ ပြန်သွား ... ။ ”
ကောင်းကင် နဂါး ခန္ဓာကို ထုတ်ဖော်ကာ တာအိုဆိုင်းငံ့ခြင်း မဟာ သူတော်စင်အား ပြန်၍ တွန်းထုတ်လိုက်သည်။
“ ဟား ဟား ဟား ... စီနီယာ ကောင်းကင် နဂါး အရိုးကို သန့်စင်ဖို့ ... ငါ့ကို ကူညီပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ”
တာအို ဆိုင်းငံခြင်း ဓားသူတော်စင်က မြေပြင်ပေါ် ဆင်းသက်ချိန်တွင် လင်းယွန်မှ အော်ဟစ် လိုက်တော့သည်။
ထို့နောက် အဓိပတိ နဂါးလက်သီးဖြင့် ပြေးဝင်လိုက်သည်။ ၎င်းသည် အပြင်းထန်ဆုံး လက်သီးနည်းစနစ် အဖြစ် လူသိများ၏။
“ ဟိတ် ... ။ ”
တာအို ဆိုင်းငံခြင်း မဟာ သူတော်စင် တစ်ယောက် လက်တုံ့ပြန်နိုင်ခြင်း မရှိတော့ဘဲ မိမိကိုယ်မိမိ ကာကွယ်ရသည်အထိ ဖိအားပေး ခံလိုက်ရသည်။
တစ်ဖက်တွင် လင်းယွန် ကျင့်ကြံမှုသည် ဆက်လက် မြင့်တက်နေပြီး အဆုံးမဲ့ အဆင့်၏ အထွတ်အထိပ် ရောက်ရှိလာသည်။
“ ဓား ... ။ ”
တာအိုဆိုင်းငံ့ခြင်း ဓားသူတော်စင်က အော်ငေါက်လိုက်၏။ သူ့ဓားသည် အကြွင်းမဲ့ ကောင်းကင် မြို့တော်၏ ဓားမဏ္ဍပ်တွင် ချိတ်ဆွဲထားသည်။
၎င်းက ဆင့်ခေါ် ခံရသောကြောင့် စင်မြင့်ပေါ်၌ မြည်သံပြုလျက် ချက်ချင်း ပျောက်ကွယ် သွားတော့သည်။
ဤသည်မှာ နာမည်ကျော် ကောင်းကင်ဘုံ ချွယ်ဓား ဖြစ်၏။ ၎င်းသည် တာအို ဆိုင်းငံ့ခြင်း ဓားသူတော်စင် အနားတွင် လေဟာနယ် ခွဲလျက် ပြန်ပေါ်လာသည်။
“ ဒါကို ... ကောင်းကင်ဘုံ ချွယ်ဓားလို့ ခေါ်တယ် ဓားအိမ်ထဲကနေ ... မထုတ်ခဲ့တာ နှစ်ပေါင်း ကိုးရာ ရှိနေပြီ။ ”
“ ဘယ်လောက်တောင် ထက်ရှလိုက်တဲ့ ဓားလဲ။ ”
ကောင်ကင်ဘုံ ချွယ်ဓားကို မြင်သော အခါတွင် လူတိုင်း တုန်လှုပ်ခြင်းကို ခံစားလိုက် ရလေသည်။
“ ငါ့မှာလည်း ဓားတစ်လက် ရှိတယ်။ ”
လင်းယွန်က ရင်ဘတ်ထဲမှ ဓားကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ဓားနှစ်လက်ကို ကောင်းကင်ပေါ် ပျံတက်သွားစေပြီး အချင်းချင်း ထိုးနှက်စေ၏။
***