ဓားဧကရာဇ် ဟူသည်။
Vol. 177 Ch. 2468
တစ်ဖက်လူ၏ ဓားသည် ရင်သပ် ရှုမောဖွယ်ဖြစ်ပြီး သူတို့အတွက် ဉာဏ်အလင်း ပေးခဲ့၏။
တာအို ဆိုင်းငံ့ခြင်း ဓားသူတော်စင်က၊
“ ပန်းသင်္ချိုင်း ... ဒီပန်းတွေကို ကောင်းကင်ဖျက်ဆီးခြင်းဓားနဲ့ ဖန်တီးခဲ့တာ မဟုတ်လား ... ပြီးတော့ ဒါကို ထိရုံနဲ့ ပေါက်ကွဲ နိုင်တယ်လို့ ငါ ခံစားရတယ်။ ”
-ဟု ပြောကြားလိုက်၏။
“ ငါက ရက်စက်တယ် ... အရမ်း ရက်စက်တယ် ကမ္ဘာပေါ်က ဓားသမား အားလုံး အတွက် ဂုဏ်ယူပါရစေ။ ”
လင်းယွန်က ဝိုင်ခွက်လှမ်းယူပြီး မသောက်ခင် ဝှေ့ယမ်းပြလျက်၊
“ ငါ့ကို ဂုဏ်ပြုလာတဲ့ လူတိုင်းနဲ့ ... လအောက်မှာ သောက်ပြီး ... ငါက လူတိုင်းကို ဂုဏ်ပြုပါတယ်။ ”
-ဟု ပြောကြား လိုက်တော့သည်။
တာအိုဆိုင်းငံခြင်း ဓားသူတော်စင်နှင့် ဂိုဏ်းချုပ်များမှလည်း တစ်ခွက်စီ သောက်ပေး လာကြ၏။
“ ချွင် ချွင် ချွင် ... ။ ”
လင်းယွန်က ကြက်သွေးရောင် ဓားပန်းများကို သိမ်းဆည်းနေစဉ် ဓားမြည်သံ ပဲ့တင်ထပ်လာသည်။
အဖြူရောင် အဝတ်အစားများဖြင့် လူနှစ်ယောက် ကောင်းကင် (၃၆)လွှာကို ခွဲတက် သွားသည်ကို မြင်လိုက်ရ၏။
သူတို့ စွန့်လွှတ်လိုက်သော ဓားရည်ရွယ်ချက်သည် ရင်ပြင်ရှိ ဓားသမား အားလုံးကို ထိတ်လန့်စေ၏။
“ နောက်ဆုံးတော့ တိုက်ကြပြီ။ ”
“ ဒါဆို သူတို့က လင်းယွန်ကို စောင့်ကြည့်နေတာပဲ။ ”
၎င်းတို့နှစ်ယောက်သည် တာအိုနှင့် နီးစပ်နေပြီဖြစ်ရာ တိုက်ပွဲအတွင်း နဝမတန်း ဓားထက် ကျော်လွန်နိုင်မည်လောဟု မျှော်လင့်မိကြသည်။
အကယ်၍သာ ကောင်းကင်ဘုံ မြင့်မြတ်သော တောင်တန်း၌ တိုက်ခိုက်ပါက တောင်ကြီး ပျက်စီးသွားပေမည်။
“ ဝှစ် ... ။ ”
တစ်ချိန်တည်းမှာပင် ဂိုဏ်းအသီးသီးမှ ဧကရာဇ် နယ်ပယ် တန်ခိုးရှင်ပေါင်း များစွာက ကောင်းကင်သို့ ပျံတက်သွားကုန်၏။
“ ဆရာက ဓားဧကရာဇ်ဘွဲ့ကို နှစ်ပေါင်း သုံးထောင်ကြာအောင် ... ထိန်းထားနိုင်ခဲ့တယ် ဒီနေ့ သူဆက်ပြီး ထိန်းထားဦးမလား သိချင်မိတယ်။ ”
တာအို ဆိုင်းငံ့ခြင်း ဓားသူတော်စင်က လေးနက်သော အမူအရာဖြင့် ပြောကြာလာ ခဲ့သည်။
ဤသည်မှာ ယုချင်းဖန်အတွက် ပထမဆုံးအကြိမ် တရားဝင် စိန်ခေါ်ခံရခြင်း ပေပင်။
စိန်ခေါ်သူ သက်တံဓားဧကရာဇ်သည် ဧကရာဇ်ကိုးပါးနှင့် ရင်ဆိုင်လိုသော ပါရမီရှင် ဓားသူတော်စင်တစ်ပါး ဖြစ်သည်။
“ သက်တံဓား သူတော်စင်က သန်မာတယ် ဒါပေမယ့် သူက ဧကရာဇ်ဖြစ်ရုံပဲ ရှိပါသေးတယ် ဘယ်လိုလုပ် အနိုင်ရမှာလဲ။ ”
ကောင်းကင် ငှက်မွှေး ဓားသူတော်စင်က နှစ်သိမ့်ပေးသည်။ အခြားသော ဓားသူတော်စင် များ သည်လည်း ယုချင်းဖန်နှင့် ပတ်သက်၍သာ အကောင်းမြင်ကြသည်။
တစ်ဖက်တွင် လင်းယွန်က ပြုံးရုံသာ ပြုံးမိ၏။ တာအို ဆိုင်ငံ့ခြင်း ဓားသူတော်စင်မှ ခေါင်းယမ်းလျက် သက်ပြင်းချ လိုက်သည်။
“ ငါ့ဆရာရဲ့ ... ပင်ကိုယ်စရိုက်ကို ငါအသိဆုံးပါ ... ဓားဧကရာဇ်ဆိုတာ သူ့အတွက် ဘွဲ့တစ်ခုပဲ ... သူ ဒါကို ငြီးငွေ့နေပြီ ... တစ်စုံ တစ်ယောက်က အရည်အချင်း ရှိနေသရွေ့ သူ စွန့်လွှတ်လိုက်မှာ သေချာတယ်။ ”
ထိုစကားကို ကြားသောအခါ လင်းယွန်၏ မျက်လုံးများ တောက်ပလာပြီး တစ်စုံတစ်ရာကို ချက်ခြင်း မှန်းဆနိုင်လိုက်၏။
“ ဒီနေ့ စုဝေးပွဲကို ... ဒီမှာပဲ ရပ်လိုက်ကြရအောင် ... အားလုံး ယုံကြည်မှု ရှိမယ်ဆိုရင် တိုက်ပွဲကို လိုက်ကြည့်လို့ရတယ် ဒါမှမဟုတ် ... ဒီမှာ နေနိုင်တယ်။ ”
စကားဆုံးသည်နှင့် တာအို ဆိုင်းငံ့ခြင်း ဓားသူတော်စင်က ကောင်းကင်ပေါ် ပျံတက် သွားတော့၏။ အခြားသော ဓားသူတော်စင် များလည်း လိုက်ပါသွားကုန်သည်။
သို့သော် အများစုမှာ သန်မာခြင်း မရှိသောကြောင့် စိတ်ပျက်လက်ပျက် ကျန်ရစ်ခဲ့ ကြသည်။ နီးကပ် လွန်းပါက စွမ်းအင်လှိုင်းဖြင့် သူတို့ ဒုက္ခ ရောက်နိုင်၏။
“ ညီလေး... ငါတို့တွေ တိုက်ပွဲကို သွားကြည့်ကြမို့ ... မင်း လိုက်ချင်လား။ ”
ကျန့်ကျင်းရှန်က အခြားသော သိုင်းညီအစ်ကို မောင်နှမများ နှင့်အတူ ရောက်ရှိ လာသည်။
“ ကောင်းပါတယ် ... အရင်တိုက်ပွဲမှာ ထိုးထွင်းသိမြင်မှုတွေ ... အများကြီး ရခဲ့တယ် ဒါကြောင့် နေခဲ့ပါရစေ။ ”
လင်းယွန်က ပြုံးကာ ပြန်ဖြေသည်။ ဓားသူတော်စင် (၁၁)ပါးနှင့် တိုက်ပွဲတွင် သူ့ဓား ရည်ရွယ်ချက်မှာ ပိုမို အားကောင်းလာ၏။
မေ့သွားသော ပိုးစုန်းကြူး နတ်ဓားကို ကိုယ်ပိုင် နားလည်မှုများဖြင့် ပြန်လည် သတိ ရလာသည်။
အရေးကြီးဆုံးမှာ သူ့ဓားသည် ကောင်းကင်နှင့် ချိတ်ဆက်နိုင်သည်ဟု ခံစား ရခြင်း ဖြစ်၏။
သူ့လက်သည် ဓားဖြစ်ပြီး ဓားသည် ကောင်းကင်ဖြင့် ပေါင်းစပ်နေသည် ဟူသော ခံစားချက် ရရှိထားသည်။
ထို့ပြင် ဆရာသည် သူ့အတွက် အလေးစားဆုံး လူတစ်ယောက် ဖြစ်ပြီး ယုချင်းဖန်သည်လည်း သူ့ကို ကာကွယ် ပေးခဲ့ဖူး၏။
ယင်းကြောင့် တိုက်ပွဲကို မကြည့်ဘဲ နေသည်မှာ အကောင်းဆုံး ပေပင်။
“ ကောင်းပြီ ... မင်း နေခဲ့နိုင်တယ်။ ”
ယဲ့ကူဟန်နှင့် လူတိုင်း ခေါင်းညိတ်ပြီး ကောင်းကင်ပေါ် ခုန်တက် သွားကြတော့သည်။ လူတစ်ဝက် နီးပါး ထွက်ခွာသွား၏။
ကျန်ရှိနေသော ဓားသမားများက ဧကရာဇ်နှစ်ပါး၏ စွမ်းအင် ပျံ့ကားမှု လှိုင်းကို နားလည်ရန် မျက်လုံး မှိတ်ထားကြသည်။
“ လင်းယွန် ဘယ်သူနိုင်မယ် ထင်လဲ။ ”
ခရမ်းငယ်က မေးသည်။
“ ယုချင်းဖန်ကို ငါ့ဆရာက မနိုင်ပါဘူး ... ဆရာ ငါ့ကို ပြောခဲ့ပြီးပြီ ... ဆရာက အဖြေရှာဖို့ သွားတာ။ ”
“ ဘာကို ဆိုလိုတာလဲ ... ။ ”
“ ငါ့ဆရာ အတွက် စိတ်မပူဘူး ... ။ ”
“ ဒါဆို ယုချင်းဖန်အတွက် ပူနေတာလား။ ”
လင်းယွန်က ခေါင်းညိတ် လိုက်သည်။ ခရမ်းငယ်မှ ပြုံးလျက်၊
“ ယုချင်းဖန်ကို ဘာစိုးရိမ်စရာ ရှိလို့လဲ ... သူက ဓားဧကရာဇ်ပဲ ... နင့်ဆရာ သန်မာတယ် ဆိုပေမယ့် ခုမှ ဧကရာဇ် ဖြစ်လာတာပါ။ ”
-ဟု မှတ်ချက်ပေးလိုက်တော့သည်။
လင်းယွန်က ပြုံးပြီး စကား ပြန်မပြောချေ။ လူတိုင်း ဤသို့ မြင်ကြပေလိမ့်မည်။ ရုတ်တရက် ရင်းနှီးသော အကြည့်တစ်ချက်ကို သတိထားမိ လိုက်သည်။
ဤသည်မှာ ကောင်းကင် နဂါး ကျောင်းတိုက်မှ ထွက်ခွာတော့မည့် အမျိုးသမီး သီလရှင် တစ်ပါး ထံမှ ဖြစ်၏။
“ ဝှစ် ... ။ ”
စိတ်လှုပ်ရှားစွာဖြင့် ကောင်းကင်ပေါ် ပျံတက်ကာ ထိုအမျိုးသမီးကို ဓားရောင်ခြည် များနှင့် ပိတ်ဆို့လိုက်သည်။
“ စီနီယာ အစ်မ... မင်းနှုတ်မဆက်ပဲ သွားတော့မို့လား ... အရမ်း ရက်စက်တယ်။ ”
ရှင်းယန်မျက်နှာကို လုံးလုံးလျားလျား မမြင်နိုင်သော်မှ သူမမှန်း ချက်ချင်း သိသည်။ သူမက ခေါင်းစွပ်ကို ချွတ်ကာ၊
“ ငါ့ဗုဒ္ဓဘာသာဝင် ဖြစ်နေပြီ ... အနောက်ဘက် ကန္တာရမှာ ဒီနေ့ စုဝေးပွဲ အကြောင်းကြားလို့ မင်းကို လာကြည့်တာပါ ... မင်းပြိုင်ဘက်ကင်း သွားပြီ။ ”
“ ဟုတ်ကဲ့ ... ။ ”
“ ဒါဆို ... ငါအခု အနားယူတော့မယ် တစ်ယောက်ယောက် ငါ့ကို စောင့်နေတယ်။ ”
“ စီနီယာ အစ်မ ... ဗုဒ္ဓအမွေက ဘယ်မှာလဲ။ ”
“ အဲဒါက ခွန်လွန်မြေ အပြင်ဘက်မှာ ရှိနေတယ် ... ကောင်းကင်လမ်းကို ပြုပြင်ပြီးရင် ငါတို့ ပြန်ဆုံကြမယ်။ ”
လင်းယွန်က လက်ဝှေ့ရမ်း ဦးညွှတ်လျက် ခံစားချက်များ ပြည့်နှက်လာတော့သည်။
“ မောင်လေး ... မင်းကိုယ်မင်း ဂရုစိုက်ပါ ... ငါမင်းကို စောင့်နေမယ်။ ”
ရှင်းယန်က လင်းယွန်ကို ပွေ့ဖက်ပေးပြီးနောက် ထွက်သွားတော့သည်။
“ ဟမ့် ... ။ ”
ခရမ်းငယ်က နှာခေါင်းရှုံ့၏။
“ ရက်အနည်းငယ်လောက် ကျင့်ကြံရမယ်။ ”
လင်းယွန်မှ လျစ်လျူရှုကာ တည်းခိုခန်း တစ်ခုထံ ဦးတည်သည်။ ထို့နောက် ဓားသေတ္တာ အတွင်း ဝင်လိုက်၏။
ဓားသူတော်စင် (၁၁)ပါးနှင့် တိုက်ခိုက် ပြီးနောက် အလားအလာကို ထပ်မံ တူးဖော် နိုင်ခဲ့သည်။
သူ့ခွန်အားသည် ဧကရာဇ်များနှင့် နီးစပ်နေပြီ ဖြစ်၏။ အုပ်စိုးရှင် နတ်ရူရ်များနှင့် ဤဓားသေတ္တာကို အသုံးပြုသော် သာမန် ဧကရာဇ်များအပေါ် အနိုင်ယူနိုင်ပေမည်။
သက်တံဓားဧကရာဇ်နှင့် ယုချင်းဖန်ကြား တိုက်ပွဲသည် ခုနစ်ရက်နှင့် ခုနစ်ည ကြာခဲ့သည်။ ထိုရက်များအတွင်း လင်းယွန်သည် အဆုံးမဲ့ မဟာသူတော်စင်အဆင့် အထွတ်အထိပ် ရောက်ရှိလာ၏။
ဓားရည်ရွယ်ချက် သည်လည်း တိုးတက်လာသည်။ မှတ်မိသမျှ ဓားနည်းပညာ အားလုံးကို စာရွက်တစ်ရွက်ပေါ် ချရေးရန် အကြံရလာသည်။
ထိုနည်းပညများ၏ စွမ်းအားမှာ သိသိသာသာ ပြောင်းလဲသွားခဲ့၏။ အဆုံးတွင် မှတ်တမ်းတစ်ခုကိုပင် ထည့်သွင်းပေး လိုက်သည်။
တစ်နေ့တွင် ခွန်လွန်မှ သူ ထွက်ခွာ သွားသော် အတိတ်၌ ရရှိခဲ့သော အမွေများ အားလုံးကို ထားခဲ့လို၏။
သခင့်ဓားတွင် ၎င်းနှင့်ပတ်သတ်သော ဓားသုတ္တန် မပါရှိသည်မှာ စိတ်မကောင်း စရာ ပေပင်။ မဟုတ်သော် ယခု ခွန်အားဖြင့် ပြီးပြည့်စုံအောင် ပြုလုပ်ပေးနိုင်၏။
ထိုအချိန်တွင် ဓားဧကရာဇ်များ ရလာဒ် ထွက်ပေါ်လာသည်။ သို့သော် မည်သူမျှ တိုက်ပွဲ အပေါ် ရှင်းရှင်းလင်းလင်း မမြင်နိုင်သဖြင့် မသိနိုင် ဖြစ်ကုန်၏။
ရေခဲဧကရာဇ်က နှင်းရေခဲ မြင့်မြတ်သော နန်းတော်သို့ ဆင်းလိုက်သည်။ ရေခဲ တိမ်လွှာ ဓားသူတော်စင်က ဦးညွှတ်ပြီး တိုက်ပွဲ၏ ရလဒ်ကို မေး၏။
ရေခဲဧကရာဇ်က သက်ပြင်းချလျက်၊
“ ဘယ်သူမှ မရှုံးသလို ... ဘယ်သူမှလည်း မနိုင်ခဲ့ဘူး၊ ဒါပေမယ့် ဒီနေ့ကစပြီး သက်တံဓား ဓားဧကရာဇ်ပဲ ရှိလိမ့်မယ် ယုချင်းဖန် မရှိတော့ဘူး။ ”
“ ဘာလို့လဲ ... ။ ”
ရေခဲတိမ်လွှာ ဓားသူတော်စင်က ထိတ်လန့်သွားသည်။
“ ဓားဧကရာဇ်ဆိုတာ ဘွဲ့အမည်နဲ့ တာဝန်တစ်ခုပါ ... ယုချင်းဖန်က ဒါကို နှစ်ပေါင်း သုံးထောင်ကြာ ထမ်းဆောင်ပေးခဲ့ပြီးပြီ ... အခု သက်တံဓားဧကရာဇ်က ဒီတာဝန်ကို ...
... ယူလိမ့်မယ် ... ကောင်းကင်လမ်း ပြုပြင်ပြီးတဲ့အခါ ခွန်လွန်ကို သူ့ဓားနဲ့ ကာကွယ် ရမယ်။ ”
ဤသည်မှာ တိုက်ပွဲ ဆိုသည်ထက် ဓားတာအို လက်ဆင့်ကမ်းသည့် အမွေတစ်ခု မျှသာ ဖြစ်သည်။
သို့သော် သူတို့သည် နဝမတန်းဓားထက် ကျော်လွန်ရန် မျှော်လင့်ချက်ဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့သည်။
အဆုံးတွင် ယုချင်းဖန်က ကောင်းကင် တာအိုကို ခွဲပစ်သည်။ ၎င်းမှာ သေးငယ်သော အက်ကွဲကြောင်းမျှသာ ဖြစ်သဖြင့် အဝေးမှ မြင်ခွင့် မရချေ။ နှမျောစရာ ပေပင်။
ကောင်းကင် တာအိုဖြင့် ဝှက်ထားသော ဓားဖြစ်သောကြောင့် ယုချင်းဖန် အတွက်လည်း အဖိုးအခပေးခဲ့ရသည်။ သက်တံဓား ဧကရာဇ်မှ သူ့ကို ကယ်တင်ပေးရ၏။
ထိုမြင်ကွင်းသည် ရေခဲ ဧကရာဇ် မြင်လိုက်ရသော နောက်ဆုံး အခြေအနေများ ပေပင်။ သူက သက်ပြင်းချလိုက်ပြီး၊
“ ယုချင်းဖန် ... သေတော့မယ် ... ။ ”
-ဟု ထုတ်ဖော် ပြောပြလိုက်သည်။
“ ဒါ ... ။ ”
ရေခဲတိမ်လွှာ ဓားသူတော်စင်မှ မျက်လုံးပြူးသွား၏။ ထိုအချိန်တွင် ယုချင်းဖန် သေဆုံးတော့မည့် သတင်းမှာ ခွန်လွန် တစ်လျှောက် ပျံ့နှံ့သွားပြီ ဖြစ်သည်။
***