ပ်ထိန်းသူပဲ။
Vol. 177 Ch. 2469
ယုချင်းဖန် ကွယ်လွန်မည့် ဖြစ်စဉ်သည် ခွန်လွန်အတွက် တာအိုအဖြစ် ပြန်၍ရောက်ရှိ လာ၏။
ဤသည်မှာ အကြွင်းမဲ့ ကောင်းကင် မြို့တော်၏ အစဉ်အလာတစ်ခု ဖြစ်ပြီး မြို့တော် တစ်နေရာတွင် ထင်ရှားသော ဓားသမားများ အတွက် သင်္ချိုင်း ရှိသည်။
ယုချင်းဖန်က မသေဆုံးမီ လင်းယွန်ကို တွေ့လိုကြောင်းလည်း ပြောကြား လိုက်သည်။ ထိုအချိန်၌ လင်းယွန်သည် နည်းပညာ အားလုံးကို ချရေးနေဆဲ ဖြစ်သည်။
လေဝဲဓားနှင့် မိုးကြိုး လက်ခုပ်သံ ငါးပါး ကဲ့သို့သော အားနည်းသည့် နည်းစနစ်များ အပါ အဝင် အစွမ်းထက်သော နည်းစနစ်များလည်း ပါရှိ၏။
၎င်းကို နက်ရှိုင်းစွာ ခွဲခြမ်းစိပ်ဖြာလျက် အားကောင်းစေရန် နည်းစနစ်တိုင်း၏ အလား အလာကို ထုတ်ပေးထားသည်။
ခရမ်းငယ်က ဖီးနစ်သစ်ပင်မှ သစ်စေး အရည်ကို ဆီအဖြစ် အသုံးပြုပြီး မီးခွက်များ ဖန်တီးနေ၏။
“ သူ သေတော့မို့လား။ ”
သတင်းပေးရန် ရောက်ရှိလာသော တာအိုဆိုင်းငံခြင်း ဓားသူတော်စင်ထံ လင်းယွန်မှ မေးမိသည်။
“ ဟုတ်တယ် ... ဆရာက မသေခင် မင်းနဲ့ တွေ့ချင်နေတယ်။ ”
တာအို ဆိုင်းငံ့ခြင်း ဓားသူတော်စင်က လေးနက်သော အမူအရာကို ထုတ်ဖော်ထား၏။ သူ့တွင် ဤသို့ ထင်မြင်ချက်များ ရှိခဲ့သော်မှ ဝမ်းနည်းနေမြဲ ဖြစ်သည်။
လင်းယွန်က ပြောပြချင်သည်။ သို့သော် ယုချင်းဖန်မှ မည်သူ့ကိုမျှ သိစေချင်ပုံ မရသဖြင့် ၎င်း၏တပည့်ကြီးကို နှစ်သိမ့်ရုံသာ တက်နိုင်ခဲ့သည်။
“ ဒါက တာအိုမှာ ပျော်ဝင်ခြင်းပါ သေဆုံးတာ မဟုတ်ပါဘူး။ ”
“ ပန်းသင်္ချိုင်း ... မင်း ငါ့ကို နှစ်သိမ့် ပေးနေစရာ မလိုပါဘူး ... ငါဒီနေ့မျိုး ကြိုတင် ခန့်မှန်းထားပြီးသားပါ ... တောင်ပေါ် တက်ဖို့ နည်းလမ်းတော့ ငါလည်း မသိဘူး ...
... မင်းဆရာကို မေးပြီးသွားတာ ပိုကောင်းမယ် ကောင်းကင်ဘုံ နတ်တောင်က ဧကရာဇ်တွေတောင် နည်းလမ်း မရှိဘူး။ ”
“ နားလည်ပါပြီ ... ။ ”
လင်းယွန်က ခေါင်းညိတ် လိုက်၏။ တာအိုဆိုင်းငံ့ခြင်း ဓားသူတော်စင် ထွက်ခွာသွား သည်နှင့် ခရမ်းငယ်ထံ ပြန်လည် ဝင်ရောက် လိုက်သည်။
“ ဖီးနစ်မီးအိမ်နဲ့ ဓားနည်းစနစ်တွေကို ကျောက်စိမ်းတုံးတွေနဲ့ ပွားယူ ပေးထားဦး ... ငါ ဆရာဆီ သွားလိုက်ဦးမယ်။ ”
ခရမ်းငယ်မှ ခေါင်းညိတ်ပြကာ၊
“ လင်းယွန် ... ဘာလို့ ဒါတွေ လုပ်နေရတာလဲ။ ”
“ ဒါက လျှို့ဝှက်ချက်ပဲ။ ”
လင်းယွန်က ပြုံးလျက် ပြန်မဖြေဘဲ ထွက်ခွားသွားတော့သည်။ ခရမ်းငယ်ခမျာ ဒေါသထွက်ပြီး ကျန်ရစ်ခဲ့၏။
သို့တိုင် ဖီးနစ်မီးခွက်များကို စိတ်ပါလက်ပါဖြင့် လုပ်ဆောင်ပေးနေခဲ့သည်။ တစ်ခုစီတိုင်းကို လက်ရာ မြောက်အောင် အတတ်နိုင်ဆုံး ကြိုးစားပေး၏။
သူတော်စင် ရူရ်များကိုပင် ထည့်သွင်းထားသည်။ ထိုအချိန်တွင် လင်းယွန်မှ သူ့ဆရာနှင့် တွေ့နေ၏။
ဆရာသခင်သည် စိတ်ဓာတ်ကျကာ တိုက်ပွဲမှ လုံးဝ ပြန်ကောင်း မလာသေးချေ။ ဤအရာက သူ့ကို သဘာဝအတိုင်း အံ့အားသင့် စေသည်။ ဆရာ ခန္ဓာကိုယ်တွင် ကြီးမားသော ဓားရောင်ဝါကိုလည်း ခံစားရ၏။
ဤသည်မှာ ယုချင်းဖန် လွှဲပေးခဲ့သော ဓားဧကရာဇ် ရောင်ဝါ ပေပင်။ သို့သော် ၎င်းကို မထိန်းချုပ် နိုင်သေးချေ။
ဓားဧကရာဇ် အမွေသည် ခွန်လွန်၌ ကောင်းကင်တာအို ဂိုဏ်းချုပ်မှ စတင်ကာ ယုချင်းဖန်က ရယူသွားခဲ့သည်။ အဆုံးတွင် သက်တံဓားပေါ် ရောက်ရှိလာ၏။
မည်သို့ပင် ဆိုစေကာမူ ၎င်းတို့ သုံးယောက်လုံးသည် ထိုဘွဲ့နှင့် ထိုက်တန် နေချေပြီ။
“ မင်း သတိထားမိလား ... ။ ”
သက်တံဓားဧကရာဇ်မှ မေး၏။
လင်းယွန်က ခေါင်းညိတ်ကာ၊
“ ကျွန်တော် မြင်တယ် ဆရာ့ဆီမှာ ဓားဧကရာဇ်ရဲ့ ခမ်းနားထည်ဝါတဲ့ ဓားရောင်ဝါ ရှိနေတယ်။ ”
သက်တံဓား ဧကရာဇ်က သက်ပြင်းချပြီး၊
“ ယဲ့ချင်းဖန်က သေဖို့ ပြင်ဆင်ပြီး ... ငါ့ကို စောင့်နေတာ ... ။ ”
-ဟု ရှုပ်ထွေးစွာ ပြောကြားသည်။
ယုချင်းဖန်သည် လူကောင်း တစ်ဦး ဖြစ်ကြောင်း တဖြည်းဖြည်း သိလာ ခဲ့ရသည်။ ဧကရာဇ် မရှိသော ဓားဂိုဏ်းကို ၎င်းပင် ကာကွယ်ပေးခဲ့၏။
အဆုံးတွင် တစ်စုံတစ်ရာကို ပြန်၍ သတိရလာပြီး မျက်ရည်များ ရစ်သိုင်းလျက် လင်းယွန်ထံ မော့ကြည့်ကာ၊
“ လင်းယွန် ... သူက ငါ့ရဲ့ အုပ်ထိန်းသူလို့ ပြောတယ်။ ”
-ဟု နာကျင်စွာ ဝန်ခံလိုက်တော့သည်။
ဤစကားသည် အဓိပ္ပါယ် မရှိသော်လည်း ပြန်လည် တွေးကြည့်မိချိန်၌ မှန်ကန်နေချေ၏။ လင်းယွန်တစ်ယောက် တုန်ယင်သွားသည်။
ယုချင်းဖန်သာ ယနေ့အထိ မရှိသော် မြင့်မြတ်မြေများနှင့် ဧကရီသည် ရှေးဟောင်း ပျက်သုဉ်းမြေကို သိမ်းသွားပေလိမ့်မည်။
“ မင်းပြောစရာ ရှိလို့လား။ ”
“ ဟုတ်ကဲ့ ... ရှိပါတယ် ... ဆရာ စိတ်မကောင်း မဖြစ်ပါနဲ့ ... ယုချင်ဖန်းက ... ။ ”
လင်းယွန်က အသက်ပြင်းပြင်းရှူကာ တုန့်ဆိုင်းသွားသည်။
“ သူ ဘာဖြစ်လဲ ... ။ ”
သက်တံဓား သူတော်စင်က မျှော်လင့်တကြီး ပြန်ကြည့်၏။ လင်းယွန်က ဖန်ချင်းယု အသွင်ကို ပြန်မြင်ယောင်ကာ၊
“ သူက ခွန်လွန်ပြင်ပမှာ ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေတဲ့ လူငယ်လေး တစ်ယောက်ပါ ... ကျွန်တော်နဲ့ ညီအစ်ကိုတွေ ဖြစ်ခဲ့တယ် ...
... ကောင်းကင်တံခါး ဂိုဏ်းရဲ့ ဘိုးဘေး နတ်ဘုရား မျက်စိအောက်မှာ ... ဒီမီဂေါ့ဝိုင်ကို ခိုးသောက်ပြီး ... ချီလင် ဓားတန်ခိုးရှင်အပေါ် စိန်ခေါ်ခဲ့တယ် ပြီးတော့ ... သူ့ကိုယ်သူ ဖန်ချင်းယုလို့တောင် နာမည်ပေးထားတယ်။ ”
သက်တံဓား ဧကရာဇ် တစ်ယောက် လင်းယွန်စကားကို ကြားသောအခါ ထိတ်လန့် သွားလေသည်။
ခဏမျှ ငြိမ်သက် ပြီးနောက် ချက်ချင်း ပြုံးရယ်လျက်၊
“ ဟား ဟား ဟား ... ဒါမှ သူနဲ့တူတယ် ... ဒါကဘယ်လို လူဝင်စားတာ မျိုးလဲ။ ”
-ဟု မေးမြန်းတော့သည်။
“ ကျွန်တော်လည်း မသိဘူး၊ အသက်က ဆယ့်ခုနစ်-ဆယ့်ရှစ်ပဲ ရှိသေးတယ် ခွန်လွန်က သူ့အခွင့်အရေးလို့တော့ ပြောတယ် ... လက်ရှိ ယုချင်းဖန်က သူ့ကိုယ်ပွား ဖြစ်ဖို့များတယ်။ ”
လင်းယွန်က ခေါင်းယမ်းကာ ပြောကြားလိုက်သည်။ သက်တံဓား ဧကရာဇ်၏ အပြုံးများ အေးခဲသွားပြီး၊
“ ဒါဆို ... ခုနှစ်ရက်နဲ့ ခုနစ်ညလုံး ငါတိုက်နေခဲ့တဲ့ လူဟာ ... ကိုယ်ပွားလေး တစ်ယောက်ပေါ့။ ”
-ဟု ညည်းတွား လိုက်တော့သည်။
လင်းယွန်မှ ပြန်မဖြေချေ။ သူသိထား သော်လည်း ဆရာ့အတွက် ထိခိုက်နိုင်သဖြင့် ကြိုတင် အသိ မပေးခဲ့ခြင်း ဖြစ်သည်။
သက်တံဓား ဧကရာဇ်က အချိန် အတော်ကြာငြိမ်သက်နေပြီးနောက် ခါးခါး သီးသီး ပြုံးကာ၊
“ သူ့ကို မမြင်နိုင်တာ အံ့သြစရာ မရှိတော့ ပါဘူး ... ဒါ သူ့လို လူတစ်ယောက်ပဲ လုပ်နိုင်တဲ့ အရာပဲ ... ဓားဧကရာဇ်ဘွဲ့ကို လွယ်လွယ် ထားခဲ့တယ် ဘယ်လောက် ရဲရင့်လဲ။ ”
“ ဆရာ ... ဆရာတို့ ရှာနေတဲ့ အဖြေကို ရှာတွေ့ပြီလား။ ”
လင်းယွန်က အကြောင်းအရာကို ပြောင်းလိုက်သည်။ သက်တံဓားက ခေါင်းရမ်း ပြကာ၊
“ ယုချင်းဖန်က သူ့ကိုယ်သူ စတေးပြီး တံခါးကို နည်းနည်းလှစ်ဟခဲ့တယ် ... ငါ့အတွက် အကျိုးရှိပေမယ့် သူက ပိုရှိပါတယ် ကြည့်ရတာ နဝမတန်းဓားထက် သာလွန်တဲ့ ဓားကို သူ သိထားပြီး သလိုပဲ။ ”
-ဟု ပြန်ဖြေသည်။
“ သူ ... ကျွန်တော့်ကို ခေါ်ထားတယ်။ ”
“ ဒါဆို မင်းအတွက်အမွေ ဒါမှမဟုတ် တံခါးအပြင်က သူ မြင်လိုက်ရတဲ့ အဲဒီဓားကို ပြောကြားချင်လို့နေမယ် ...
... တောင်တက်လမ်းဆိုတာ စမ်းသပ်မှု တစ်ခုပဲ ... တက်လှမ်းနိုင်ရင် မင်းက ဧကရာဇ် တွေနဲ့ ယှဉ်ပြိုင်ဖို့ ခွန်အားတွေ ရှိလာမယ် ...
... ဆိုလိုတာက သူပေးလိုတဲ့ အမွေကို လက်ခံဖို့ မင်းမှာ ဧကရာဇ်တစ်ပါးရဲ့ ခွန်အားမျိုး ရှိရမယ်။ ”
“ ဟုတ်ကဲ့ နားလည်ပါပြီ ... ဆရာ မှာချင်တာ တစ်ခုခု ရှိလား။ ”
လင်းယွန် အမူအရာ ချက်ချင်း လေးနက်လာတော့၏။ သက်တံဓားက ပြုံးပြီး၊
“ အခြား သူတွေ အတွက် အန္တရာယ်များပေမယ့် ... မင်း မဟုတ်ပါဘူး မင်းမှာ ဓားသေတ္တာ ... ကောင်းကင် နဂါး ခန္ဓာနဲ့ ဓားရည်ရွယ်ချက်ရှိတယ်။ ”
“ ဒါဆို ကျွန်တော် တောင်ထိပ်ကို တက်နိုင်တယ်ပေါ့။ ”
“ မင်း တက်နိုင်ပါတယ် ဓားသေတ္တာကို အသုံးပြုရင် ဘာအခက်အခဲမှ ရှိမှာ မဟုတ်ဘူး ဒါပေမယ့် ... မင်းရဲ့ ဓားကလွဲပြီး ကျန်တာ အသုံးမပြုဖို့ ... ငါအကြံပြုချင်တယ် ...
... ဒီနည်းလမ်းနဲ့ မင်းဓားက အထွတ်အထိပ်ကို ရောက်သွားလိမ့်မယ်၊ ဒါက ယုချင်းဖန်လိုချင်တာ ဖြစ်နိုင်တယ်။ ”
“ ကောင်းပါပြီ ... ။ ”
သုံးရက်အကြာတွင် လင်းယွန်က ခရမ်းငယ်ထံ မှာကြားလျက် တောင်ပေါ်သို့ တက်ရန် စီစဉ်သည်။
“ ဧကရာဇ်တွေတောင် လမ်း တစ်လျှောက်မှာ သေသွားတာကို ငါကြားတယ်၊ နင့်အတွက် အန္တရာယ် ရှိတယ်။ ”
ခရမ်းငယ်မှ သတိပေး၏။
“ ငါ ခေါင်းမာနေမှာ မဟုတ်ပါဘူး ... သည်းမခံနိုင်ရင် ကောင်းကင် နဂါး ကိုယ်လုံး ကိုယ်ပေါက်ကို သုံးမယ်။ ”
သူ့ကိုယ်လုံး ကိုယ်ပေါက်သည် ဧကရာဇ်များထက် သန်မာနေပြီ ဖြစ်သည်။ နဂါး အစစ်များဖြင့် ယှဉ်ရန် အချိန်တစ်ခုသာ လို၏။
“ ဝှစ် ... ။ ”
ထို့နောက် အလင်းတိုင်တစ်ခုအဖြစ် ပြောင်းလဲလျက် ကောင်းကင်ပေါ် ခုန်တက်ကာ နတ်တောင်ထံ ဦးတည်တော့သည်။
“ ခရစ် ... ။ ”
ကောင်းကင်အလွှာများ အက်ကွဲပြီး ကြယ်ရောင်များ တဖြေးဖြေး ပြိုကျနေတော့၏။ ယင်းက ဓားသမားများ၏ အာရုံကို ချက်ချင်း ဆွဲယူသွားသည်။
“ ဓားဧကရာဇ် ဘွဲ့ကို သက်တံဓား ဧကရာဇ်ဆီထားပြီး လင်းယွန်အတွက် အမွေ ပေးချင် နေပုံရတယ် ... ။ ”
“ ယုချင်းဖန် မြင်ခဲ့တာက ... နဝမတန်း ဓားထက် ကျော်လွန်တဲ့ ... ဓားရည်ရွယ်ချက်ပဲ ဖြစ်ရမယ် ... ဒါ ... ဒဏ္ဍာရီလာ ဓားပဲ။ ”
“ ယုချင်းဖန်က ငယ်ငယ်ရွယ်ရွယ်နဲ့ တာအိုမှာ ပျော်ဝင်သွားတာ နားမလည်နိုင်ဘူး ဧကရီက လဝက်နေရင် ယဇ်ပူဇော်ပွဲ ကျင်းပတော့မယ်။ ”
ဓားသမား အားလုံးသည် ဤအကြောင်းအရာအပေါ် သတိရလာကြသည်။ လင်းယွန်သည် အခမ်းအနားသို့ သွားရောက်ပြီး ဧကရီနှင့် တိုက်မည် ဖြစ်သည်။
ယင်းအတွက် ယုချင်းဖန်မှ တစ်စုံတစ်ရာ ပေးလိုပုံရကြောင်း နားလည်နိုင်သည်။ သို့သော် အဘယ့်ကြောင့် တာအိုအဖြစ် ပျော်ဝင်လိုသည့် အပေါ် မည်သူမျှ နားမလည်နိုင် ကြတော့ချေ။
***