လူငယ် ... ။
Vol. 177 Ch. 2470
လင်းယွန်က တောင်တက်လမ်းပေါ် ဆင်းသက်လိုက်သောအခါ ဖိအားများ ကျဆင်း လာသည်ကို ခံစားရသည်။
“ ဒါက ကောင်းကင် တန်ခိုးများလား။ ”
အတွေးဖြင့် မျက်လုံးများ မှိတ်ချလိုက်၏။ သူ့ကိုယ်သူ ကောင်းကင်နှင့် ထိစပ်နေသည်ဟု ခံစားလိုက်ရသည်။
သူ့ ခြေလှမ်းတိုင်းက ကောင်းကင်ကို စော်ကားနေသကဲ့သို့ ၎င်းကောင်းကင်မှ ဒေါသ ဖြစ်နေ၏။
“ ငါ သိပြီ။ ”
မျက်လုံးများမှိတ်လျက် နစ်မျော သွားတော့သည်။ များကြာခင်မှာပင် မြေပြင်၌ လျှောက်လှမ်းနေသော သူ့ကိုယ်သူ မြင်လိုက်ရ၏။
မြင်ကွင်းမျိုးစုံဖြင့် ပုံရိပ်များစွာ ရောယှက်နေသည်။ မှုန်ဝါးသော ပုံရိပ်အချို့မှာ သူ့ အနာဂတ် ဖြစ်နိုင်ချေ၏။
“ ဒါက ... ။ ”
ထိတ်လန့်သွားပြီး သူ့လက်ရှိ အခြေအနေအပေါ် နားမလည်နိုင် ဖြစ်လာ မိသည်။
“ ပုံရိပ်တွေက မင်းကိုယ်တိုင်ပါပဲ ... ဒါ ခွန်လွန်နဲ့ မင်းရဲ့ကံကြမ္မာပဲ ... အချို့ကို ဖြတ်ပြီး အချို့ကို ဖြေရှင်းရမယ် ... အချို့ကတော့ မင်း နောက်ကို ထာဝရ လိုက်နေလိမ့်မယ် ...
... လောလောဆယ်မှာ ... မင်းက ကောင်းကင်ဘုံဖြစ်နေပြီး ဓားက မင်းနှလုံးပဲ ... မင်းရဲ့ လမ်းစဉ်က ကောင်းကင်ဘုံကို ရင်ဆိုင်ဖို့ ... ၊ အခု လက်ရှိ ကျင့်ကြံမှုနဲ့ ဒီမြင်ကွင်းကို မင်းခေတ္တလောက်ပဲ ခံစားနိုင်မယ် ...
... ဒါပေမယ် အဲဒီခဏကို မင်းအလိုရှိတဲ့ အချိန်တိုင်း ခံစားလို့ရတယ် ... ဒါခွန်လွန်မြေရဲ့ ဓားသမားတွေ မသိသေးတဲ့ လျှို့ဝှက်ချက်ပဲ၊ မင်းဆရာနဲ့ ငါသာ ခံစားနိုင်တယ်၊။ ”
ယုချင်းဖန်အသံက စိတ်ထဲ ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ကို အလွန် ထိတ်လန့်စေ ခဲ့သည်။
ကောင်းကင်ကို အံတုခြင်း ဟူသည် တာအိုဖြင့် ပေါင်းစည်းရန် ဖြစ်၏။ ဤသည်မှာ လျှို့ဝှက်ချက် ဖြစ်ချေပြီ။ သူ့အတွက် များစွာသော အကျိုးရှိ၏။
“ သေချာကြည့်ပါဦး ... ။ ”
သူ့ဝန်းကျင်တွင် တွယ်ကပ်နေသော ကုသိုလ်ရေးတရားများကို တွေ့မြင်လိုက်ရ၏။ ဓားတစ်လက်ဖြင့် ကောင်းကင်ကို ရင်ဆိုင်ရန် တာအို ရှာဖွေနေချေပြီ။
တဖြည်းဖြည်း ကောင်းကင် ဖိအားများ လျော့ပါးလျက် ဓားရောင်ဝါ ပိုမို အားကောင်းပြီး ဒဏ္ဍာရီဆန်ဆန် ဖြစ်ရပ်ဆန်းများ ပေါ်လာ၏။
ဤသည်မှာ ကောင်းကင်နှင့် မြေကြီး ကောင်းချီးပေပင်။ အကြွင်းမဲ့ ကောင်းကင် မြို့၌ ဖြစ်စဉ်များ ပြည့်နှက်လာ၏။
“ လင်းယွန် အောင်မြင်လိမ့်မယ်။ ”
“ဧကရာဇ်တွေတောင် ဒီလမ်းကို အောင်အောင်မြင်မြင် မလျှောက်နိုင်ပေမယ့် သူက လွယ်ကူလွန်းတယ်။ ”
“ ဒါက အံ့သြစရာပဲ … ဒီလမ်းမှာ လျှို့ဝှက်ချက်တွေ ပိုရှိမှာကို ငါကြောက်မိတယ်။ ”
ဓားသမားများ အချင်းချင်း မနာလို ဖြစ်ကုန်ကြသည်။ ဤလမ်းအပေါ် လျှောက်ရန် တားမြစ်ချက် မရှိချေ။
မည်သူမဆို လျှောက်လှမ်း နိုင်သည်။ သို့သော် သေဆုံးနိုင်ချေ များသဖြင့် ဧကရာဇ် မဟုတ်သော် အရည်အချင်း မပြည့်မီချေ။
ချူးလျန့်၊ ကျန့်ကြွယ်၊ တာအို ဆိုင်းငံ့ခြင်း ဓားသူတော်စင်နှင့် အခြားတပည့်များက အံသြ သွားကြသည်။
အထူးသဖြင့် ချူးလျန့် ပေပင်။
“ သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ”
သူသည် လင်းယွန်ထံ ရှုံးနိမ့်မှုကို မယုံနိုင်သေးချေ။ သို့သော် ဤမြင်ကွင်းက သူ၏ နှလုံးသားအပေါ် လက်ခံလာစေသည်။
“ ဆရာက သူ့ကို တွေ့ချင်နေတာ ... အံ့သြစရာ မရှိတော့ ပါဘူး … ။ ”
တာအို ဆိုင်းငံ့ခြင်း ဓားသူတော်စင်က အရာအားလုံးကို ရှင်းရှင်းလင်းလင်း သိလိုက်ပြီ ဖြစ်သည် ။
“ လင်းယွန် ဓားက ဧကရာဇ်တွေနဲ့ ယှဉ်နိုင်နေပြီ ... အားမနာတမ်း ပြောရရင် အဲဒီ ထက်တောင် သာလွန်နိုင်တယ်။ ”
ဤသည်မှာ ကျင့်ကြံခြင်းနှင့် မသက်ဆိုင်ချေ။
“ ညီလေး ... မင်းက ငါတို့ လက်လှမ်း မမီအောင် ပိုပို ဝေးလာပြီ။ ”
ကျန့်ကျင်းရှန်က အော်ဟစ်လိုက်၏။ တစ်ချိန်က လျှပ်စီးတိမ်လွှာ ဓားဂိုဏ်း၏ မာန ကြီးသော ဤလူငယ်သည် အထွတ်အထိပ်သို့ ဖြည်းညှင်းစွာ ရောက်ရှိနေချေပြီ။
ယဲ့ကူဟန်က ပြုံး၏။
“ ဒီကောင် နတ်တောင်ထိပ်ကို တက်နိုင်တဲ့အတွက် ဒဏ္ဍာရီလာ ဧကရာဇ်တွေ နီးပါး သန်မာနေပြီလို့ ဆိုလိုတာပဲ။
လက်သီး တစ်ထောင် မဟာ သူတော်စင်ခမျာ ထိတ်လန့် တုန်လှုပ်သွားပြီး၊
“ ဒါပေမယ့် သူက အဆုံးမဲ့ မဟာ သူတော်စင် အဆင့်မှာပါ ... တန်ခိုးရှင် အဆင့် ကိုတောင် မရောက်သေးဘူး မဟုတ်လား။ ”
-ဟု ရေရွတ်လိုက်သည်။
“ ဟုတ်တယ် ... ညီလေးက ကောင်းကင် နဂါးအရိုးကို သန့်စင်ထားတဲ့ အတွက် ... သူ့ရဲ့ ကျင့်ကြံမှုကို လျစ်လျူရှုလို့ ရတယ် သူ ပြန်ဆင်း လာတဲ့အခါ ... တန်ခိုးရှင် အဆင့် အထွတ်အထိပ် ရောက်နိုင်မယ်။ ”
ထိုအချိန်တွင် ယုချင်းဖန်က တိမ်ထဲတွင် ထိုင်လျက် ပြုံးကာ ကြည့်နေသည်။ လင်းယွန်မှ တောင်ထိပ်ပေါ် ရောက်လာချိန်တွင် တာအို ပေါင်းစပ်မှု အခြေအနေ ပျောက်ကွယ်သွား၏။
အဆုံးမရှိသော ဓားရောင်ဝါသည် သူ့နှလုံးသားထဲသို့ ရောနှောကာ အလင်းတန်း အဖြစ် တည်ရှိသည်။ ဤသည်မှာ ကောင်းကင် တာအို ရောင်ခြည်တော်ဖြစ်၏။
“ ငါ ရောက်ပြီလား ... ။ ”
ကောင်းကင် တာအို ရောင်ခြည်တော် ဟူသည် တောင်ပေါ်မှ ပြန်၍ ထွက်ခွာသည့်တိုင် သူနှင့် လိုက်ပါ လာတော့ပေမည်။
ယင်းသည် ကောင်းကင်နှင့် ဓားပေါင်းစပ်မှု အခြေအနေသို့ အချိန်မရွေး ပြန်၍ သွားနိုင်မည် ဖြစ်၏။
“ ဟမ့် ... စီနီယာ ... မင်းတာအိုမှာ ပျော်ဝင်တော့မလို့ဆို ... ဒါတို ခွန်လွန်ပြင်ပက ဖန်ချင်းယု ဆိုတာရော ဘယ်လိုလဲ။ ”
လင်းယွန်က မျက်လုံး ဖွင့်ကြည့် လိုက်သည်နှင့် သူ့ထံ ပြုံးကြည့်နေခဲ့သော ယုချင်းဖန်ထံ မေးမြန်းလိုက်သည်။
ယုချင်းဖန်က ပြုံးပြီး၊
“ ဟုတ်တယ် ... မင်းတွေ့ခဲ့တဲ့ ဖန်ချင်းယုက (၁၇)နှစ် အရွယ် ငါပါပဲ။ ”
-ဟု ပြန်ဖြေ၏။ သို့မှသာ လင်းယွန်က စိတ်သက်သာရာ ရသွားသည်။
“ ဘာတွေ ဖြစ်နေတာလဲ။ ”
“ ဒါက ထွေထွေထူးထူး မဟုတ်ပါဘူး ... ကောင်းကင်လွင်ပြင်မှာ မင်းကို ငါပြောခဲ့သလိုပဲ ငါ့ရဲ့ကံကို ဖြတ်ပြီး ခွန်လွန်ကနေ အပြင်ထွက် သွားနိုင်ခဲ့တာပါ ... ။ ”
ယုချင်းဖန်က လင်းယွန်အတွက် ရေနွေးကြမ်းတစ်ခွက် ငှဲ့ပေးလိုက်ကာ၊
“ အရင်ဆုံး သောက်ပါ ... ငါ မင်းကို ပုံပြင်တစ်ပုဒ် ပြောပြမယ်။ ”
-ဟု အစချီလိုက်သည်။
“ နားထောင်နေပါတယ်။ ”
လင်းယွန်က သူ့ခွက်ကို မြှောက်ကာ ပြောလိုက်သည်။
“ လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက မင်းကြုံတွေ့နေရတဲ့ အလားတူ ပြဿနာမျိုးကို ငါလည်း ကြုံတွေ့ခဲ့ရတယ် ... နဝမတန်း ဓားရည်ရွယ်ချက် အထက်မှာ ဘာရှိလဲပေါ့ ...
... ဓားဘိုးဘေးက အဲဒီအဖြေကို ရှာတွေ့ခဲ့သလား ... ဘာလို့ မှတ်တမ်းတွေ မကျန်ရတာလဲ စသည်ဖြင့်ပေါ့ ...
... အဲဒီအချိန်မှာ ငါက သစ္စာတာအိုကို အချိန်မရွေး ဝင်နိုင်တဲ့ အခြေအနေမျိုး ဖြစ်နေပြီ ဒါပေမယ့် ဓားကို ငါလက်မလွှတ်ချင်ဘူး ...
... ခွန်လွန်အနှံ့ နှစ်ပေါင်းများစွာ လှည့်ပတ်ရှာဖွေနေတုန်း လူတစ်ယောက်နဲ့ တွေ့ခဲ့တယ် ... ။ ”
ယုချင်းဖန်က တစ်ခွက်သောက်ကာ ခဏနားသည်။
“ အဲဒီလူက ငါ့ကို ဓားပညာ သင်ပေးချင်နေတယ် ဘယ်လိုလဲ ထူးဆန်းတယ် မထင်ဘူးလား ... ငါက ခွန်လွန်ရဲ့ တစ်ဦး တည်းသော ဓားဧကရာဇ်လေ ...
... အဟား ... ဒါကို သူက ငါ့အပေါ် ဓားပညာချင်တာလား ဘယ်လောက် ရယ်စရာ ကောင်းလိုက်တဲ့ လူလဲ။ ”
ယုချင်းဖန်က မည်သူ့ကို ရည်ရွယ်မှန်း မသိသော အပြုံးမျိုးဖြင့် လှောင်ပြုံး ပြုံးသည်။ ထိုလူထူးဆန်းကို ပင်လော။ သို့မဟုတ် သူ့ကိုယ်သူ ပင်လော။
“ အဲဒီနောက်မှာတော့ နှစ်ပေါင်း ရာဂဏန်းအတွင်း သူနဲ့ အကြိမ်ကြိမ် ဆုံမိတယ် တစ်စုံတစ်ရာကို သုံးကြိမ်ထက် ပိုကြုံနေရရင် ဒါက မင်းအတွက် ပုံမှန်မဟုတ်တော့ဘူး။ ”
“ သူက ဘယ်သူလဲ။ ”
လင်းယွန်က သိချင်စိတ် ပြင်းပြလာ၏။
“ ငါ မသိဘူး ... သူနဲ့ ပါတ်သတ်တဲ့ မှတ်တမ်းတွေလည်း မရှိဘူး ... ဒါပေမယ့် ရှောင် မျိုးရိုး မှတ်တမ်းကနေ နည်းနည်း သိလာတယ်၊ ဒါက ထိတ်လန့်စရာမို့ ... သူ့ကို ခွန်လွန်အနှံ့ ငါလိုက်ရှာတော့ မတွေ့တော့ဘူး ... ။ ”
ဇာတ်လမ်းထဲ နစ်မြုပ်နေသော လင်းယွန်ကို ကြည့်ပြီး ယုချင်းဖန်က၊
“ ခေတ်လူငယ်တွေရဲ့ မသိတတ်မှုကို ကြည့်စမ်း ... ငါက သေတော့မယ့် အဘိုးကြီးပါ သူတို့က ငါ့အတွက် လက်ဖက်ရည် တစ်ခွက် လေးတောင် ငှဲ့မပေးချင်ကြဘူး။ ”
-ဟု စကားပြောင်းလိုက်သည်။
ထိုစကားကြောင့် လင်းယွန်မှ ပြုံးသည်။ သူက ဆက်နားထောင်ချင်နေသေးသဖြင့်၊
“ စီနီယာ ... ငါ မင်းအတွက် လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးပါရစေ ဆက်ပြောပါဦး။ ”
“ အဲဒါက ပိုတူတယ် ... အဲဒီလူကို အပြစ်သားဧကရာဇ်လို့ ခေါ်တယ် ... ဒီခေတ်ရဲ့ အထွတ်အထိပ် တန်ခိုးရှင်ပဲ ...
... သူက ကောင်းကင် ရနံ့ သင်းသင်း နတ်တောင်လို လျှို့ဝှက်ဆန်းကြယ်ပြီး နဂါးပြာ ဘိုးဘေးတောင် စီနီယာအဖြစ် ခေါ်ရတယ်၊ သူ့ဘွဲ့က ...
... ဆောင်းဦးလေ ဓားမော့၊ သူ့ကို ဘယ်မှာမှ ရှာမတွေ့တော့လို့ ... စိတ်ပျက်အားငယ်နေတုန်း ကောင်းကင် ရနံ့ သင်းသင်း နတ်တောင်မှာ ပြန်တွေ့ခဲ့တယ် ...
... သူ့ဆီက ဓားကို သင်ယူချင်လားလို့ မေးတယ်၊ ဓားဧကရာဇ် တစ်ပါးက ဓားမော့ သမားဆီကနေ ဓားပညာ သင်ယူရတယ် ဆိုတာ ဘယ်လောက် ရယ်စရာ ကောင်းလိုက်လဲ။ ”
“ သူ ဘယ်လောက်တောင် သန်မာလဲ။ ”
“ နက်နဲပြီး နားမလည်နိုင် လောက်အောင်ပါပဲ ... သူ့ရဲ့ ခွန်အားကို ငါ တွေးကြည့်လို့ မရဘူး ... သူက ကောင်းကင် တာအိုကို တိုက်ခိုက်ပြီး ...
... ဘိုးဘေးနယ်မြေကို ရောက်နေပြီ ... သူကကံတရားနဲ့ ပါတ်သတ်ပြီး စွက်ဖက်ချင်ပုံ မရပေမယ့် ... ငါ့ကိုတော့ ကူညီခဲ့တယ် ...
... ဒါကြောင့် ငါ့ကံကြမ္မာကို ဖြတ်ပြီး ခွန်လွန်ပြင်ပမှာ ... ပြန်လည် မွေးဖွားနိုင်ခဲ့တယ်၊ သူက ဓားပညာ သင်ပေးမယ်လို့ ပြောပေမယ့် ဓားမော့သမားမို့ အရာရာတော့ ...
... သင်မပေး နိုင်ခဲ့ဘူး၊ ဓားတစ်လက်သာ သင်ပေးနိုင်တယ် ... ဒါက ပိုးစုန်းကြူး နတ်ဓား ပါပဲ ... ။ ”
“ ဒါက ဓားဘိုးဘေးရဲ့ ဓားပညာ မဟုတ်ဘူးလား ... သူက ဓားဘိုးဘေးနဲ့ ပတ်သတ်မှု ရှိနေလို့လား။ ”
“ ဖြစ်နိုင်ပါတယ် ... ဒါပေမယ့် ငါ ဓားဘိုးဘေးနဲ့ မဆုံခဲ့ရဘူး ... မင်းနဲ့ငါ ပထမဆုံး စတွေ့ချိန်က ငါ့မျိုးရိုးကို တစ်နေ့ ... မင်းလာပြီး စိန်ခေါ်မယ်လို့ ငါပြောခဲ့တာ မှတ်မိသေးလား အခုတကယ် ဖြစ်လာခဲ့ပြီ။ ”
“ စီနီယာက ငါ့ဆရာရဲ့ အုပ်ထိန်းသူ တစ်ယောက်မို့ ... ငါတို့က မိသားစုဝင်တွေပါပဲ။ ”
“ ဒါတော့ မှန်တယ် ... ရှေးဟောင်း ပျက်သုဉ်းမြေကို နှစ်ပေါင်း သုံးထောင်ကြာ ငါ စောင့်ရှောက်ခဲ့ပြီးပြီ ... အခု ငါလုပ်ချင်တာကို လုပ်ဖို့ အချိန်တန်ပြီ ...
... ဒါပေမယ့် ငါထွက်သွားပြီးရင် အရှုပ်အထွေးတွေကို ရှင်းဖို့လိုတယ် ငါတာအိုမှာ မပျော်ဝင်ခင် ... မင်းကို ကူညီပါရစေ၊ အဲဒီလကို တွေ့လား။ ”
ယုချင်းဖန်က ကောင်းကင်မှ လမင်းထံ ညွှန်ပြ၏။ ၎င်းသည် လကဲ့သို့ စုစည်းနေသော ဓားဖြစ်သည်။
အကြွင်းမဲ့ ကောင်းကင်မြို့တော် အတွက် ဒုတိယမြောက် နေမင်း ပေပင်။
“ ငါခွန်လွန်မှာ နေနေတုန်းက ... ငါ့ရဲ့ ဓားရည်ရွယ်ချက်က ပြည့်လျှံသွားတယ် မင်းသာ ကောင်းကင်လမ်းကို ပြုပြင်လို့ မရဘူး ဆိုရင် ...
... တစ်နေ့မှာ ငါ့လိုပဲ ... မင်းရဲ့ဓားက ပြည့်လျှံသွားလိမ့်မယ် ... အခု ဒီလကို မင်းယူ လိုက်ပါ။ ”
လင်းယွန်က လမင်းကို လှမ်းကြည့်လျက် ထိတ်လန့်သွားသည်။ ၎င်းသည် နေ့ခင်းဘက်၌ မြင်ရသော နေမင်း ဖြစ်သည်။
“ ကောင်းပါ့မလား ... ။ ”
“ ဘာပြဿနာ ရှိလို့လဲ ... အဲဒီမိန်းမကို ငါမကြောက်ရင်တောင် ... အခု ငါဘာမှ လုပ်လို့ မရတော့ဘူး ... မင်းငါ့အစား သူမကို သင်ခန်းစာပေးလိုက်ပါ ...
... သူမက မှားမှန်းသိပေမယ့် ... သူမကို ဆွဲဆောင်ဖို့ သန်မာသူ တစ်ယောက်လိုတယ် ငါ ဘာကို ဆိုလိုတယ်ဆိုတာ မင်းသိလား။ ”
လင်းယွန် မျက်နှာ ပြောင်းသွားသည်။ ယုချင်းဖန်သည် ဧကရီအပေါ် မုန်းတီးခြင်း မရှိ ခဲ့ခေျ။ သနားခြင်းနှင့် အကူအညီမဲ့ နေခြင်းသာ ဖြစ်သည်။
ဆိုလိုသည်မှာ သူမ အသက်ကို ချမ်းသာပေးရန် ပြောကြားနေခြင်း ဖြစ်သည်။
“ ဘာပဲဖြစ်ဖြစ် ငါတို့ ကိုးယောက်က အတူတူ ရှင်သန်ပြီး အမှောင်ခေတ်ကို နှိမ်နင်း ခဲ့ရတယ် ... အဲဒီတုန်းက သေဖို့အထိ ငါတို့ အဆင်သင့် ဖြစ်ခဲ့တယ်။ ”
ယုချင်းဖန်က ဆက်ပြောလာသဖြင့် လင်းယွန်က ခေါင်းညိတ်ပြီး ကတိပေးလိုက် မိသည်။ ယုချင်းဖန်မှ ထရပ်ကာ၊
“ ကောင်းပြီ ... ဒါဆို မင်းသွားတော့။ ”
-ဟု လက်ပြလိုက်၏။
ထိုစကားကို ကြားသောအခါ လင်းယွန်တစ်ယောက် အနည်းငယ် ဝမ်းနည်း သွားလေသည်။
“ ငါတို့ ပြန်ဆုံကြမယ် မဟုတ်လား။ ”
ယုချင်းဖန်က ပြုံးလျက် မေးမြန်း၏။
“ သေချာပေါက် ပြန်ဆုံကြမယ်။ ”
လင်းယွန်မှ ကတိပေးလိုက်သည်။
“ ကောင်းတယ် လင်းယွန် ... ငါက မင်းထက်စာရင် ညံ့တယ် ... တကယ်တော့ ထွက်ပြေးသွားတဲ့ သူရဲဘောကြောင်သူ တစ်ယောက်ပဲ ...
... တောင်ပိုင်း ဧကရာဇ် လိုလည်း အရည်အချင်း မရှိသလို ... ဧကရီလို ပန်းတိုင် မရှိဘူး ... ဘဝကို လူငယ်လိုသာ ပေါ့ပေါ့ပါးပါး ဖြတ်သန်းချင်တဲ့ လူပါ ...
... ဒါပေမယ့် ... ငါ မသိလိုက်ဘဲ ဓားဧကရာဇ်အဖြစ် ကြီးထွားလာခဲ့ရတယ် ... ငါ အခု ဘာလို့ တာအိုမှာ ပျော်ဝင်ချင်နေတာလဲ မင်းသိပြီ မဟုတ်လား။ ”
ယုချင်းဖန်က ရှုပ်ထွေးသော အကြည့်နှင့် ပြောကြားသည်။ ထို့နောက် လင်းယွန်၏ နဖူးထံ လက်ညှိုး လှမ်းထိုးကာ၊
“ ငါမင်းအတွက် ပေးပါရစေ။”
-ဟု အလင်တန်းတစ်ခု ပေးပို့လိုက်သည်။
“ ရွှပ် ... ။ ”
ပြိုးပြက် တောက်ပနေသော စွမ်းအင်က လင်းယွန် နဖူးထံ ဝင်ရောက်လာသည်။ ယနေ့မှ စ၍ ယုချင်းဖန်ဟူသည် ရှိတော့မည် မဟုတ်ချေ။
***