ဧကရာဇ်နှင့် တိုက်ခိုက်ခြင်း။
Vol. 177 Ch. 2471
အကန့်အသတ် မရှိသော ဓားရည်ရွယ်ချက်များ လင်းယွန်၏ ဓားပင်လယ် ထဲသို့ စီးဝင်လာသည်။
သူတော်စင် အရိပ်အာဝါသသည် ပွက်ပွက်ဆူလာပြီး ယုချင်းဖန်၏ ကျင့်ကြံမှုက ခရမ်းရောင် နန်းတော်ထဲ ဆက်၍ စိမ့်ဝင်သွား၏။
ဤလုပ်ငန်းစဉ်သည် အချိန်အတော်ကြာ မြင့်ပြီး တောင်ထိပ် တစ်ခုလုံး ပြိုးပြိုး ပြက်ပြက် အလင်းများဖြင့် ဖုံးအုပ်ထားသည်။
ကောင်ကင် အထက်ရှိ နေမင်းကြီးမှာ လျင်မြန်စွာ ပျောက်ကွယ် သွား၏။ ယင်းက လူတိုင်းကို အံ့အားသင့် သွားစေသည်။
“ ဆရာ ... ။ ”
တာအို ဆိုင်းငံ့ခြင်း ဓားသူတော်စင်နှင့် အခြားသော တပည့်များက ဒူးထောက်လိုက် လေသည်။
နေမင်း ပျောက်ကွယ်သွားသည်နှင့် အကြွင်းမဲ့ ကောင်းကင်မြို့တော်၏ ဓားသမား များစွာက၊
“ ငါတို့ ဓားဧကရာဇ်ကို လိုက်ပို့ပါတယ်။ ”
-ဟု အော်ဟစ်လိုက်ကြ၏။
အဆုံးတွင် ယုချင်းဖန်သည် အလင်းမှုန်များအဖြစ် ဓားကုန်း အပါအဝင် မြို့အနှံ့ နှင်းမှုန်များအဖြစ် တဖွဲဖွဲ ကျလာသည်။
“ ငါတို့ ပြန်တွေ့ကြမယ်။ ”
လင်းယွန်က ရေရွတ်သည်။ တစ်ဖက်လူ ချန်ထားခဲ့သော ဓားကို နားလည်နိုင်ရန် ချင်ချင်း ထိုင်ချလိုက်၏။
ဓားပင်လယ် အထက်တွင် တောက်ပလွန်းသော နေမင်းကြီးကို ကြည့်ကာ သန့်စင်ရန် ကြိုးစားမိသည်။
သူ့တွင် ဓားဝိညာဉ် နှစ်ခုရှိသည်။ ကောင်းကင်၌ တောက်ပသော နေမင်းကြီးနှင့် အတွင်းရှိ ရွှေရောင်ပြာနဂါးကြီး ဖြစ်သည်။
နောက်ဆုံးတွင် ဓားဝိညာဉ်နှစ်ခုကို ကောင်းကင် နဂါးဓားဝိညာဉ် အဖြစ် ပေါင်းစပ် လိုက်၏။
အချိန် ကြာလာသည်နှင့်အမျှ ယုချင်းဖန် ကိုယ်စားပြုသော နေမင်းကြီး ကွယ်ပျောက် သွားလေသည်။
လင်းယွန် မျက်လုံး ဖွင့်ကြည့်လိုက်သော အခါတွင် ကောင်းကင်နဂါးနှင့် နေမင်း တစ်စင်း ဓားပင်လယ်၌ ပေါ်လာ၏။
“ ငါအောင်မြင်ပြီ ... ။ ”
လင်းယွန်က အသက်ရှူ ထုတ်လျက် အစွမ်းထက်သော ရောင်ဝါများ ထုတ်လွှတ် လေသည်။
ထို့နောက် တောင်ပေါ်မှ ဖြည်းညှင်းစွာ ဆင်းသက်လာ၏။ တောင်ပေါ် တက်ရန် ခက်ခဲ သော်လည်း ဆင်းရ လွယ်ကူသည်။ မျက်စိ မှိတ်လျက် အာရုံစိုက်လာမိ၏။
သူ့စိတ်ထဲတွင် တံခါးတစ်ပေါက် ရှိနေကာ တံခါးနောက်ကွယ်၌ ဒဏ္ဍရီလာ ဓားတစ်လက် ရှိနေခဲ့၏။
ထိုအချိန်က ယုချင်းဖန် မြင်လိုက်သော အရာအားလုံးကို လင်းယွန်ထံ ပေးလိုက်ခြင်း မည်ပေသည်။
လင်းယွန်၏ အခြေခံ အုတ်မြစ်ဖြင့် နဝမတန်းဓားသည် ကန့်သတ်ချက် ဖြစ်နိုင်ပြီး ဆရာသခင်ကဲ့သို့ အချိန်ကြာမြင့်စွာ ပိတ်မိ နေနိုင်မည်။
ယခုမူ ယုချင်းဖန် ကျေးဇူးကြောင့် လုံလောက်သော အချိန်တစ်ခုအတွင်း တံခါးကို ဖွင့်လိုက်ရုံသာ လိုချေ၏။
ဤအရာသည် ယုချင်းဖန်၏ နားလည် နိုင်စွမ်းနှင့် နှစ်သုံးထောင် စုဆောင်းထားသည့် ဓားရည်ရွယ်ချက်များ ဖြစ်သည်။
အခြားသူ သို့မဟုတ် တာအို ဆိုင်းငံ့ခြင်း ဓားသူတော်စင်သည်ပင် ဤဓားကို ခံနိုင်ရည် ရှိမည် မဟုတ်ချေ။
တောင်ခြေသို့ ပြန်ရောက်သောအခါ မျက်စိကို ဖွင့်လိုက်ရုံဖြင့် သူတော်စင်မူလနား၌ ကိုးရောင်ပန်း တစ်ပွင့် ရှိနေသည်။
ထိုပန်းသည် နဝမတန်းဓားဖြစ်၏။ ယင်းအပြင် ယင်-ယန်တာအိုနှင့် နိဗ္ဗာန်တာအို ပန်းနှစ်ပွင့်လည်း ရှိနေသည်။
ခရမ်းငယ်က ဓားသေတ္တာပေါ်တွင် ထိုင်နေပြီး လင်းယွန်ကို မြင်ချိန်၌ ချက်ချင်း အပြေးလာကာ၊
“ ဘယ်လိုလဲ ... ။ ”
-ဟု မေးမြန်းလေသည်။
“ နင်က အစွမ်းထက်လာပုံပဲ၊ တန်ခိုးရှင် အဆင့် မရောက်ပေမယ့် ... ဒါက ထူးဆန်းတယ် ယုချင်းဖန် ဘာပေးလိုက်တာလဲ။ ”
“ လမ်းလျှောက်ရင်း စကားပြောမယ်"
ထို့နောက်တွင် သူ ပြန်ပြောသမျှ နားထောင်လျက် ခရမ်းငယ်ခမျာ တုန်လှုပ်သွား ခဲ့သည်။
“ ဒါဟာ ဒဏ္ဍာရီလာ အဆင့်ပဲ ... ဓားဘိုးဘေးတစ်ဦးသာ ... အောင်မြင်နိုင်တယ် ဒါဆို နင်က ဓားတန်ခိုးရှင် ဖြစ်လာပြီပေါ့။ ”
“ ဖြစ်တော့မယ် ... ခွန်လွန်ကနေ ထွက်သွားတာနဲ့ ... ငါက ဓားတန်ခိုးရှင် ဖြစ်ပြီး နတ်ဘုရားတွေကို သတ်နိုင်မယ်၊ သွားရအောင် ငါ့ဆရာနဲ့ တခြားလူတွေက ရင်ပြင်မှာ စောင့်နေတယ်။ ”
လင်းယွန် ပြောသည့်အတိုင်း သူ့ဆရာနှင့် သိုင်းမောင်နှမများ အပါအဝင် ဓားသမားများက ရင်ပြင်၌ စုရုံးနေကြ၏။
“ ဂုဏ်ယူပါတယ် ပန်းသင်္ချိုင်း ... ။ ”
သူ့ကိုမြင်ချိန်၌ လူတိုင်းက ချီးကျူးစကား ဆိုလာကြသည်။ ယုချင်းဖန် အမွေကို ရရှိထား ခဲ့ကြောင်း သူတို့ သိချေ၏။
“ ပန်းသင်္ချိုင်း ... ငါလည်း မင်းကို ဂုဏ်ပြုပါရစေ။ ”
“ ဝှစ် ... ။ ”
ရုတ်တရက် အေးစက်သော အငွေ့အသက်များဖြင့် တစ်စုံတစ်ရာ လွင့်မျော လာသောကြောင့် လူအုပ်ကြီးမှ ချက်ချင်း နောက်ဆုတ် လိုက်ကြသည်။
လင်းယွန်က ဖြတ်ခနဲ မော့ကြည့်ကာ လှမ်းဆွဲလိုက်သည်။ ဤသည်မှာ ဝိုင်အပြည့် ပါသော ခွက်တစ်ခွက် ဖြစ်၏။
ရေခဲဧကရာဇ်ထံမှ လာခြင်းပေပင်။ လင်းယွန်တစ်ယောက် မျက်ဝန်းများ မှေးစင်းပြီး ပြန်ကြည့်လိုက်စဉ် ဧကရာဇ်ဖြူ၊ အနက်နှင့် သက်တံဓားက သူ့အနား ရောက်ရှိလာသည်။
“ မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ”
ဧကရာဇ်ဖြူက အေးစက်စွာ မေးမြန်းလိုက်သည်။ ရေခဲ ဧကရာဇ်မှ ပြုံးလျက်၊
“ ငါတို့မှာ ဖြေရှင်းစရာ ရှိတယ် နောက်ဆုံးတော့ အုပ်စိုးရှင် ရေခဲနတ်ရူရ်ကို သူ ယူထားတယ် မဟုတ်လား။ ”
-ဟု ပြန်ဖြေ၏။
ထိုစကားကို ကြားပြီးနောက် ဖြစ်ပျက်နေသည့် အရာများ အပေါ် လူတိုင်း နားလည် သွားသည်။
“ မင်းက ဘယ်သူမို့လဲ ... ရေခဲ နတ်ရူရ်ဆိုတာ လွန်ခဲ့တဲ့ နှစ်တစ်ထောင်က အိုင်းရစ် ပိုင်ဆိုင်တဲ့ အရာပဲ။ ”
“ အခု ငါက ပိုင်ရှင်ပဲ ... ပန်းသင်္ချိုင်းကို ပေးချင်လားလို့ မေးလာရင်တော့ ငါပြောစရာ မရှိပါဘူး ... ဒါပေမယ့် မင်းတို့က ငှားချင် တယ်လို့ ပြောခဲ့တာ မဟုတ်လား။ ”
ရေခဲဧကရာဇ်က ပြန်ဖြေသည်။ ပေးကမ်းခြင်းသည် အနည်းဆုံး လင်းယွန်ထံမှ အကြွေးတစ်ခု ပြန်ရနိုင်၏။
ယခုမူ ဧကရာဇ်ဖြူသည် အတင်းအဓမ္မ လုယူကာ ချေးငှားသည်ဟု ခေါင်းစဉ် တပ်ခဲ့ခြင်း ဖြစ်သည်။ စိတ်ပျက်စရာ ပေပင်။
လင်းယွန်က ပြုံးပြီး ရှေ့လှမ်းတက်ကာ၊၊
“ ဒီတစ်ခွက်ကို သောက်လိုက်ပါ့မယ်၊ စီနီယာမှာ ဒီကိစ္စအတွက် လာအစီအစဉ်ရှိလဲ သိချင်ပါတယ် ... မဟုတ်လည်း ဧကရာဇ်ဖြူက ချေးငှားခဲ့တာမို့ ... လဝက်နေရင် ပြန်လာ ပေးပါ့မယ်။ ”
“ ငါ မလိုတော့ပါဘူး ... တောင်းဆိုစရာ တစ်ခုပဲ ရှိတယ် ... ဒါက မင်းငါနဲ့တိုက်ပါ ရလဒ် ဘယ်လိုပဲ ဖြစ်ဖြစ် ဒီကလေးမလေး ပြောသလို ရေခဲနတ်ရူရ်ကို သူ့မူလနေရာဆီ ပြန်ထား ကြမယ်။ ”
ထိုစကားကို ကြားသောအခါ ဧကရာဇ်အဖြူနှင့် အနက်တို့ခမျာ သက်သာရာ ရသွားကြသည်။
“ အရင်တုန်းကတော့ မင်းက ဧကရာဇ် မဟုတ်လို့ ငါစိတ်မဝင်စားဘူး ... ဒါပေမယ့် အခု ဒီတောင်ပေါ်ကို တက်နိုင်ပြီဆိုတော့ မင်းက ဧကရာဇ်ကို တိုက်နိုင်ပြီလို့ ဆိုလိုတယ်။ ”
ရေခဲ ဧကရာဇ်က စိတ်လှုပ်ရှားစွာ ပြောသည်။
“ မဝံ့ပါဘူး ... စီနီယာက လမ်းပြပေးဖို့ ဆန္ဒရှိနေလို့ ဝမ်းသာပါတယ်။ ”
လင်းယွန်က ပြုံးကာ လက်သီး ဆုပ်ပြ၏။ အကယ်၍ သူသည်သာ ဆိုပါက ထိုမျှလောက် ရက်ရောနိုင်မည် မဟုတ်ချေ။
ရေခဲဧကရာဇ်က ပြုံးပြီး၊
“ ဟား ဟား ဟား ... ကောင်းတယ်။ ”
လင်းယွန်သည် မကြာမီ ဧကရီနှင့် တိုက်ခိုက်တော့မည် ဖြစ်ပြီး ရေခဲဧကရာဇ်သည် အကြိုစမ်းသပ်ချက် ဖြစ်သည်။
“ ကောင်းကင် နဂါး ခန္ဓာကိုယ်ရဲ့ အကန့်အသတ်ကို မြင်ပါရစေ ... မင်းမှာ အကြွင်းအကျန် စွမ်းအင်တွေ ရှိသေးတယ် မဟုတ်လား။ ”
ရေခဲ ဧကရာဇ်က ပြုံးပြီးမေးသည်။
“ ဟုတ်ကဲ့ ... ။ ”
လင်းယွန်က ခေါင်းညိတ်ပြလိုက်၏။ ရုတ်တရက် သူသည်လည်း ကန့်သတ်ချက်ကို သိချင်လာသည်။
ကောင်းကင် နဂါး ရုပ်ခန္ဓာနှင့် ဧကရာဇ် ရွှေခန္ဓာကိုယ်အကြား မည်သူ ပို၍ သန်မာနိုင် မည်ကို မြင်ရပေတော့မည်။
ဧကရာဇ် များသည် နတ်ဘုရား နယ်ပယ် တက်ရောက်ခြင်း မပြုမီ ရုပ်ခန္ဓာကို ရွှေအဖြစ် သန့်စင်ကြ၏။ ဤသည်မှာ အခြေခံ ၎င်းတို့ အတွက် အုတ်မြစ်ပေပင်။
***