အပြုံး တစ်ပွင့် ... ။
Vol. 177 Ch. 2472
ရွှေဧကရာဇ်ခန္ဓာသည် ဖျက်ဆီး၍ မရဟု သိထားကြပြီး ၎င်းအတွက် ဧကရာဇ် ကပ်ဘေး ဖြတ်ကျော်ရ၏။
သက်တံဓားဧကရာဇ်၏ ရွှေခန္ဓာသည် ဧကရာဇ်ကိုးပါးနှင့် ယှဉ်နိုင်သည်။ မြင့်မြတ်မြေ ဧကရာဇ်များ၏ ရွှေခန္ဓာမှာ အညံ့ဆုံး ဖြစ်၏။
ရေခဲဧကရာဇ်သည် ဒဏ္ဍာရီလာ ဧကရာဇ် မဟုတ်သော်လည်း ထိုမြင့်မြတ်မြေ ဧကရာဇ် များထက် တန်ခိုးကြီးသည်။
ဧကရာဇ် နယ်ပယ်မှ တစ်စုံတစ်ဦး၏ ရုပ်ခန္ဓာဖိအားများကို ခံစားလိုက်ရသောအခါ လင်းယွန်က တုန်လှုပ်သွားသည်။
“ စလိုက် ကြရအောင် ... ။ ”
ရေခဲဧကရာဇ်က သူ့ခန္ဓာကိုယ်ကို ဆန့်တန်းကာ အားယူတော့၏။ ကောင်းကင်၌ လျှပ်စီးများလက်၍ မိုးကြိုးများ ပေါ်လာသည်။
ဤသည်မှာ ရွှေဧကရာဇ် ခန္ဓာ၏ ဖြစ်စဉ်ဖြစ်ပြီး ဧကရာဇ်ဒုက္ခ အသွင်အပြင်မျိုး ပြသလာ၏။
“ ဝှီး ... ။ ”
သာမာန် လက်ဖဝါး တစ်ချက်ကို ရေခဲ ဧကရာဇ်က ပစ်လွှတ်သည်။ လမ်းတစ်လျှောက် အာကာပြင် အက်ကွဲတော့၏။
ဤအရာက ဧကရာဇ်၏ ရုပ်ခန္ဓာဖိအား သည်မျှ အစွမ်းထက်မည်ဟု မမျှော်လင့်ထား သဖြင့် လင်းယွန် မျက်နှာ ပြောင်းသွားသည်။
ကောင်းကင်နဂါး ရောင်ဝါနှင့် ကြောက်မက်ဖွယ် ကောင်းသော ဖြစ်စဉ်တစ်ခု ချက်ချင်း ဆင့်ခေါ်လိုက်ရ၏။
နဂါးများအားလုံး၏ အရှင်သခင်ဖြစ်သော ကောင်းကင်နဂါးရောင်ဝါသည် ရေခဲဧကရာဇ်၏ ရောင်ဝါကို ပြန်၍ တွန်းကန်သည်။
ရေခဲဧကရာဇ်က သူ့အရှိန် နှေးကွေးသွားကြောင်း တွေ့ရှိလိုက်ရသဖြင့် မျက်မှောင်ကြုတ် သွား၏။
လင်းယွန်က ဤအခွင့်အရေးကို ရယူကာ လက်ဖဝါးတစ်ချက် ရှေ့သို့ တွန်းပစ်လိုက်သည်။
“ ဘုန်း ... ။ ”
လက်ဖဝါး နှစ်ဖက် ရိုက်မိကာ ရွှေခန္ဓာ၏ သက်ရောက်မှုကြောင့် လင်းယွန်တစ်ယောက် ဆုတ်ခွာသွားရ၏။
“ သူ ပိတ်ဆို့နိုင်လိုက်တယ် ... ။ ”
အားလုံးက လင်းယွန်ကို ထိတ်လန့်စွာ ကြည့်ပြီး အာမေဋိတ်သံများ ပြုလိုက်ကြသည်။ သက်တံဓားဧကရာဇ်မှ သက်သာရာ ရသွား၏။
ဧကရာဇ်နယ်ပယ်မှ တစ်စုံတစ်ဦးကို အဆုံးမဲ့မဟာသူတော်စင် တစ်ပါးက ရင်ဆိုင် နေခြင်း ဖြစ်သည်။
လင်းယွန်သည် ထိုနတ်တောင်ထိပ်ကို တက်ခြင်းဖြင့် ဧကရာဇ်များနှင့် ယှဉ်နိုင်သော ခွန်အားရှိမျိုး ရရှိလာချေပြီ။
“ မဆိုးပါဘူး ... ။ ”
ရေခဲဧကရာဇ်၏ မျက်လုံးများ တောက်ပလျက်၊
“ အဲဒါဆို ငါ မထိန်းတော့ဘူး။ ”
“ ကြိုဆိုပါတယ် ... ။ ”
လင်းယွန်က ပြုံးကာ ခေါင်းညိတ် လိုက်လေသည်။ နှစ်ယောက် ထိပ်တိုက်တွေ့စဉ် ရေခဲဧကရာဇ်က ဆုတ်ခွာခြင်း မပြုချေ။
သူ ဖန်တီးထားသည့် ဖြစ်စဉ်မှာ ကြောက်မက်ဖွယ် ကောင်းသည်။ ကောင်းကင် နဂါးအရိုး၏ အကြွင်းအကျန် စွမ်းအင်များကို လက်ဖဝါးချက်များက လျင်မြန်စွာ သန့်စင် ပေးတော့၏။
တစ်ဖက်တွင် လင်းယွန်၏ ကျင့်ကြံမှုသည် တန်ခိုးရှင်အဆင့်သို့ ရောက်ရှိရန် စွမ်းအင်အဖြစ် ပြောင်းလဲလာသည်။
“ အရမ်းနှေးတယ် ... စီနီယာ မင်းအရှိန်မြှင့်လို့ ရဦးမလား။ ”
သူ့ခန္ဓာကိုယ်အတွင်း စွမ်းအင်များ တဟုန်ထိုး တက်လာသည်ကို ခံစားလိုက်ရ သဖြင့် လင်းယွန်က စိတ်လှုပ်ရှားစွာ ပြောကြားလိုက်၏။
“ ဧကရာဇ်ရဲ့ ရွှေခန္ဓာကိုယ်ကို ခံစားခွင့်ပြုပါ။ ”
လင်းယွန်က ပြောကြားပြီး လက်လှမ်း လိုက်သည်နှင့် အာကာသထဲ လက်သည်းများ ပေါ်လာသည်။
ဤလက်သည်းသည် သူ၏ ပထမဆုံး တိုက်ခိုက်မှုဖြစ်၏။ သို့တိုင် ရေခဲဧကရာဇ်ကို တုန်လှုပ်သွားစေသည်။
“ ဟား ဟား ဟား ... လာဦးမယ်။ ”
လင်းယွန်မှ ရယ်လိုက်သည်။ ကောင်းကင်နဂါး စွမ်းအင်များ လက်ဖဝါးထဲသို့ ဝင်လာပြီး ရေခဲဧကရာဇ်ကို ခြေလှမ်း များစွာ ဆုတ်ခွာရန် တွန်းအားပေး နိုင်ခဲ့၏။
ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်များက သူ့ခန္ဓာကိုယ်အနှံ့ ပျံ့ကားလျက် တန်ခိုးရှင်အဆင့် မဟာသူတော်စင်နယ်ပယ်သို့ ရောက်ရှိသွားသည်။
ဤသည်မှာ မဟာသူတော်စင်နယ်ပယ် နောက်ဆုံးအဆင့် ပေပင်။ တစ်စုံ တစ်ဦးသည် ကောင်းကင်မှ ရွာကျနေသော အလင်းမှုန် များကို တို့ထိကြည့်ကာ၊
“ ဒါ ... နဂါးမူလ။ ”
-ဟု အော်လိုက်သည်။
“ နောက်ဆုံးတော့ ကောင်းကင် နဂါး အရိုးကို ... သူ သန့်စင်ပြီး မဟာသူတော်စင် နယ်ပယ် အထွတ်အထိပ် ရောက်ရှိသွားပြီ။ ”
လင်းယွန်နှင့် တိုက်ခိုက်ခဲ့သော ဓားသူတော်စင်များက မယုံကြည်နိုင်စွာဖြင့် ပြန်ကြည့် နေမိသည်။
“ ဝှစ် ... ။ ”
ထိုစဉ် ရေခဲဧကရာဇ်၏ ရွှေခန္ဓာက စွမ်းအားအပြည့်ဖြင့် လင်းယွန်ကို ပျံသန်းသွား စေသည်။ လင်းယွန်က ကျွမ်းပစ်ခြင်းဖြင့် သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းယူ နိုင်ခဲ့သည်။
“ ဧကရာဇ် ရွှေခန္ဓာ အထွတ်အထိပ်ပဲ။ ”
လင်းယွန်မှ မျက်ဝန်းများ မှေးစင်း သွားလေသည်။ ရေခဲဧကရာဇ်က သက်ပြင်းချ လိုက်ပြီး၊
“ ဖြစ်နိုင်ပါတယ် ... စွမ်းအားအပြည့် မထုတ်ပဲ မင်းငါ့ကို ဒီအဆင့်ထိ တွန်းပို့နိုင်တာ လေးစားမိတယ် ။ ”
-ဟု ပြောကြားလာသည်။
တစ်ဖက်တွင် လင်းယွန်သည် ကောင်းကင်နဂါးခန္ဓာကိုယ်ကို နတ်ခန္ဓာအထိ မြှင့်တင် နိုင်လိုက်သဖြင့် ပြုံးရုံသာ ပြုံးမိ၏။
ကောင်းကင် နဂါး ခန္ဓာသည် နတ်ခန္ဓာ အဆင့် ရောက်ရှိသော် ကောင်းကင် နဂါးကြီးကို ဆင့်ခေါ်နိုင်ပေမည်။
“ ဒါပေမယ့် ... မင်း အခု သတိထားရမယ်။ ”
ရေခဲဧကရာဇ်က ပြောကြား လိုက်၏။
“ ဧကရာဇ် ရွှေခန္ဓာရဲ့ ... စစ်မှန်သော စွမ်းအားက ဒုက္ခအတွင်း ကောင်းကင် တာအိုရဲ့ တန်ခိုးကို ဖမ်းယူနိုင်ခြင်းပဲ ... ။ ”
ထိုစကားကို ပြောပြီးသည်နှင့် လင်းယွန်ထံသို့ လက်ဖဝါးတစ်ချက် ပစ်လွှတ် လိုက်တော့သည်။
ဤလှုပ်ရှားမှုတွင် လေးနက်မှု တစ်စုံတစ်ရာ မပါရှိခဲ့ဘဲ ကောင်းကင် တာအို စွမ်းအားများသာ အသုံးပြုထားသည်။
ဆိုလိုသည်မှာ ရေခဲဧကရာဇ်သည် သူဒုက္ခ ခံရချိန်၌ ခံစားခဲ့ရသော ကောင်းကင် တာအို၏ တန်ခိုးကို ပြန်၍ တုပထားခြင်း ဖြစ်၏။
ဆယ်ကြိမ် အကြာတွင် လင်းယွန် တစ်ယောက် နောက်သို့ ဆုတ်ခွာလျက် မြေပြင် ပေါ်၌ အက်ကြောင်းများ ထင်လာသည်။
ထိုမြင်ကွင်းကြောင့် တာအဆိုဆိုင်းငံ့ခြင်း ဓားသူတော်စင်မှာ ထိတ်လန့် စိုးရိမ် သွားသည်။ ဤရင်ပြင်သည် ဧကရာဇ်များအတွက် တိုက်ပွဲစင်မြင့် မဟုတ်ချေ။
“ ဂိုဏ်းချုပ် ... ရင်ပြင် ပြိုကျတော့မယ်။ ”
ချူးလျန့်က စိုးရိမ်တကြီး ပြောသည်။ တာအိုဆိုင်ငံ့ခြင်း ဓားသူတော်စင်က အားတင်း ပြုံးပြပြီး၊
“ အဆင်ပြေပါတယ် ... ငါတို့ ရင်ပြင်အောက်မှာ နတ်ရူရ်တွေနဲ့ ဝိညာဉ်ရေးရာ အစီရင် တစ်ခု ခင်းကျင်းထားတယ် ... အလိုလို ပြန်ပြုပြင် ပေးလိမ့်မယ်။ ”
-ဟု ပြန်လည် ဖြေကြားလိုက်၏။
“ ဒါပေမယ့် ခံနိုင်ရည် ရှိပါ့မလား … ။ ”
သို့သော် တိုက်ပွဲသည် ပို၍ ကြောက်စရာ ကောင်းလာသောကြောင့် ချူးလျန့်ခမျာ စိုးရိမ် ပူပန်နေဆဲ ဖြစ်သည်။
“ မိုးပြာနဂါး ငါ့ကိုကူညီပါ။ ”
လင်းယွန်အသံက အမိန့်ဆန်နေပြီး မိုးပြာနဂါးနက္ခတ်က ကောင်းကင်ကို ခွဲကာ ထွက်ပေါ် လာသည်။
“ ဝှစ် ... ။ ”
လင်းယွန်တစ်ယောက် မိုးပြာနဂါး၏ ဦးခေါင်းပေါ်သို့ ခုန်တက်ကာ နဂါးခြေသည်းကို ထုတ်ဖော်လိုက်၏။
မိုးပြာနဂါး၏ လက်သည်း အောက်တွင်၊ ကောင်းကင် တာအို စွမ်းအားများ ခမျာ ပိတ်ဆို့ ခံလိုက်ရသည်။
ထိုကဲ့သို့ အားကောင်းသည့် အုပ်စိုးရှင် နက္ခတ်ကို လင်းယွန်မှ အလွယ်တကူ ထိန်းချုပ် နိုင်လိမ့်မည်ဟု မထင်သဖြင့် ရေခဲ ဧကရာဇ်မှ အံ့သြသွားတော့သည်။
“ ဒါက အုပ်စိုးရှင် နက္ခတ်ပဲ ... ။ ”
အကူအညီမဲ့သော လေသံဖြင့် ပြောကြားလိုက်လေသည်။
“ အတိအကျတော့ မဟုတ်ဘူး ... ဒါက ကောင်းကင် နဂါး နတ်ခန္ဓာ တန်ခိုးပါ ငါက နဂါး အားလုံးရဲ့ သခင်ပဲ။ ”
လင်းယွန်က ပြုံးကာ ရှင်းပြသည်။ ဤသည်မှာ စစ်မှန်သော အုပ်စိုးရှင် နတ်က္ခတ် မဟုတ်ချေ။ နတ်ခန္ဓာမှ ဆင့်ခေါ်ထားသော နက္ခတ်သာ ဖြစ်သည်။
“ စီနီယာ ... လာဦးမယ်။ ”
ထို့နောက် တုန်လှုပ် ချောက်ချားဖွယ် လှိုင်းများဖန်တီးလျက် ရေခဲဧကရာဇ်အပေါ် တိုက်ခိုက်တော့သည်။
“ ဘုန်း ... ။ ”
ရေခဲဧကရာဇ် ဝန်းကျင်၌ ရွှေရောင် အက်ကွဲကြောင်းများ ပေါ်လာပြီး ခြေလှမ်း အနည်းငယ် ဆုတ်သွား၏။
“ ခရစ် ... ။ ”
များမကြာခင် မိုးပြာနဂါးလက်သည်းက ရွှေရောင်ဝါကို ပြိုကျစေပြီး ရေခဲဧကရာဇ်ထံသို့ ဆက်၍ တိုးဝင်သွားသည်။
ရေခဲဧကရာဇ်ခမျာ မြေပြင်ပေါ် ဆင်းသက်လျက် ဝင်လာသော လက်သီးကို ရင်ဆိုင်ရန် ခွန်အားအပြည့် အသုံးပြုမိ၏။
“ ဝှစ် ... ။ ”
ဧကရာဇ် ဒုက္ခသည် လင်းယွန်အပေါ်သို့ အမျိုးမျိုးသော ဖြစ်စဉ်များ အဖြစ် ကျရောက် စေပြီး လက်သည့်ကို ဟန့်တားသည်။
“ ရေခဲဧကရာဇ်တောင် ဒီဒုက္ခကို ခံနိုင်ရည်ရှိရင် ငါ့ရဲ့ ကောင်းကင်နဂါး နတ်ခန္ဓာ ကလည်း အောင်မြင်နိုင်မယ်။ ”
ဖြစ်စဉ်များကို ကြည့်ကာ လင်းယွန်က သုံးသပ်သည်။ အကယ်၍သာ သူ့ဆရာ၏ ဒုက္ခ ဖြစ်စဉ် ဆိုခဲ့သော် နောက်ထပ် မေးခွန်းတစ်ခု ဖြစ်ပေလိမ့်မည်။
“ ဘုန်း ... ။ ”
အဆုံးတွင် ကောင်းကင် တာအို၏ စွမ်းအားများ ကုန်ဆုံးသွားပြီး ရေခဲဧကရာဇ်မှာ အဝေးသို့ တွန်းထုတ်ခံလိုက်ရ၏။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
မြေပြင်ပေါ် ဆင်းသက် လိုက်သော အခါ ရေခဲဧကရာဇ် နှုတ်ခမ်း၌ သွေးများ စွန်းထင်း နေခဲ့သည်။
ယင်းကြောင့် ရေခဲဧကရာဇ်က လင်းယွန်ထံသို့ ထိတ်လန့်စွာ ပြန်ကြည့် လိုက်မိ၏။
“ ပန်းသင်္ချိုင်း ... မင်းရဲ့လက်ရှိ ခွန်အားနဲ့ ဧကရာဇ်ဒုက္ခကို ခံနိုင်ရည် ရှိနေပါပြီ။ ”
ဆိုလိုသည်မှာ လင်းယွန်သည်သာ ဆန္ဒရှိပါက ဧကရာဇ် နယ်ပယ်သို့ ရောက်ရှိ နိုင်မည် ဖြစ်သည်။
“ ဖြစ်နိုင်ပါတယ် ... ငါတို့ ရုပ်ခွန်အား အချင်းချင်း ယှဉ်ပြိုင်ပြီးပြီဆိုတော့ နောက်ထပ် လှုပ်ရှားမှုတွေ ဆက်လုပ်ဖို့ ဘာလို့ ဓားမသုံး ရတာလဲ ... ဒါက ရလာဒ်ကို ဆုံးဖြတ်နိုင်မယ် မဟုတ်လား။ ”
လင်းယွန်သည် သူ့အတွက် ကယ်တင်ရန် ကြိုးစားနေကြောင်း သိရှိသဖြင့် ရေခဲဧကရာဇ်မှ သက်ပြင်းချ လိုက်သည်။
“ ကောင်းပြီ ... ။ ”
ရေခဲဧကရာဇ်က ထူးခြားသော ခြေကွက်နင်းလိုက်ကာ၊
“ ဒီဓားဟာ ... နှင်းရေခဲ မြင့်မြတ်သော နန်းတော်ရဲ့ ထာဝရ အေးခဲခြင်းလို့ ခေါ်တယ်။ ”
-ဟု မိတ်ဆက်ပေးတော့၏။
“ ရွှပ် ... ။ ”
တံဆိပ်တစ်ခု ဖန်တီးပြီး လက်ညှိုးကို ပွတ်သပ်လိုက်ရာ လေထုကို အေးခဲစေသည့် ဓားရောင်ဝါ ပေါ်လာသည်။
“ ဖျစ် ... ဖျစ် ... ဖျစ် ... ။ ”
ရေခဲဓားက လမ်းတစ်လျှောက်ရှိ အရာအားလုံးကို နှင်းရင်ပြင်အဖြစ် ပြောင်းလဲ ဖုံးအုပ်ဖြစ်၏။
“ နောက်ဆုတ် ... ။ ”
အအေးဓာတ် ပျံ့နှံ့လာသောကြောင့် ပတ်ဝန်းကျင်ရှိ ဓားသမားများ အားလုံး၏ မျက်နှာများ ပြောင်းကုန်သည်။
ထိတ်လန့် တုန်လှုပ်စွာဖြင့် ဖယ်ခွာလျက် ပြန်မော့ကြည့်၏။ လေထုအတွင်း ပုံစံအမျိုးမျိုး အေးခဲနေသော ရေခဲကမ္ဘာကြီးကို မြင်လိုက်ရသည်။
“ ဝိုး ... အရမ်းလှတယ်။ ”
ခရမ်းငယ်သည်ပင် ချီးကျူးမိ၏။ ကမ္ဘာဦးအစ ရေခဲခေတ်ကို သူမ သတိရသွား စေသည်။
ထိုအချိန်တွင် လင်းယွန်သည် ကောင်းကင်နှင့်ဓားကို ပေါင်းစပ်လျက် ပြုံးပြ လာ၏။
“ ခရစ် ... ။ ”
သူ့အပြုံးတွင် ဓားနှလုံးသား ပွင့်လာပြီး ရေခဲကမ္ဘာကြီး ချက်ချင်း အရည်ပျော်ကျသွား တော့သည်။
အကျိုးဆက် အနေဖြင့် ရေခဲ ဧကရာဇ် တစ်ယောက် နှုတ်ခမ်းမှ သွေးများ စီးကျလျက် ဒူးတစ်ဖက် ထောက်ကျသွား၏။
ဤလှုပ်ရှားမှု၏ နက်နဲမှုကို မည်သူမျှ မမြင်လိုက်ရချေ။ သက်တံဓားဧကရာဇ်သာလျှင် မြင်နိုင်သဖြင့် ခေါင်းညိတ်လိုက်၏။
နောက်ဆုံးတွင် ဧကရီကို တိုက်ရန် လင်းယွန်တစ်ယောက် အရည်အချင်း ပြည့်မီပြီ ဖြစ်သည်။
***