← Chapters

လူငယ်နှင့် ဖီးနစ် ... ။

Vol. 177 Ch. 2474

လူငယ်နှင့် ဖီးနစ် ... ။

Vol. 177 Ch. 2474

“ မီးဧကရာဇ်က ဉာဏ်ကောင်းလွန်းတဲ့ အတွက် နှမျောစရာပဲ ... ဓားမော့ ဧကရာဇ်သာ လှုပ်ရှားခဲ့မယ်ဆိုရင် အနည်းဆုံးတော့ မသတ် နိုင်ရင်တောင် ဒဏ်ရာပေးနိုင်တယ်။ ”

“ စီနီယာ အဖြူ ... မင်း ရည်ရွယ်ချက်ရှိရှိ လုပ်နေတာပဲ။ ”

လင်းယွန်က ပြုံးကာ ပြောသည်။

“ တစ်ဝက် မှန်တယ် ... တစ်ဝက်တော့ မမှန်ဘူး အဲဒီခွေးက မာနကြီးပြီး မင်းအပေါ် မရိုမသေ လုပ်တဲ့အတွက် သင်ခန်းစာ ပေးသင့်တယ် ...

... မင်းရဲ့ လက်ရှိအနေအထားကို သူ ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်မှာလဲ ... ငါတို့ ဒါကို သူ သိအောင် ပြောပြထားသင့်တယ်။ ”

ဧကရာဇ်နက်က ခေါင်းညိတ်ပြီး၊

“ အဖြူပြောတာ မှန်တယ် ... မင်းက ငါတို့ရဲ့ခေါင်း​ဆောင်ဖြစ်ပြီး အဆင့်အတန်းအရ ဧကရီနဲ့ တန်းတူပဲ ... ဒါဆို ဧကရီရဲ့ ခွေးကို ဟောင်ခွင့် မပြုနိုင်ဘူး ... ။ ”

ဧကရာဇ်ဖြူက ပြုံးပြီး ဧကရာဇ်နက်၏ ခွေးဟူသော အသုံးအနှုန်းအပေါ် ကျေနပ်ဟန် ပြလိုက်သည်။

အဖြူနှင့် အနက်ဟူသည် ခွန်လွန်၏ ဒဏ္ဍာရီများဖြစ်ပြီး ဤနာမ်စားသည် လူတိုင်း စိတ်ထဲသို့ စွဲထင်စေမည် ဖြစ်၏။

ထို့ပြင် သူတို့ကဲ့သို့သော ဒဏ္ဍာရီလာ ဧကရာဇ်များ၏ ခေါင်းဆောင်ကို မည်သူမျှ စော်ကားခွင့် မပေးနိုင်ချေ။

“ နတ်ဘုရားအဖြစ် တက်ရောက်ခြင်း အခမ်းအနားအတွက် ငါတို့ ဆွေးနွေးဖို့ အနား ယူတော့မယ် ... ။ ”

သက်တံဓား သူတော်စင်မှ ဓားကို သိမ်းကာ ပြောကြားလိုက်သည်။ ၎င်းလက်ထဲရှိ ဓားသည် လျှို့ဝှက်ဓားစံအိမ်မှ လင်းယွန် ငှားယူခဲ့သော ဒေါသအိုးဖြစ်၏။

ကပ်ဘေးကို ကျော်လွန်ပြီးနောက် ကျောက်စိမ်းဓားသူတော်စင်မှ ပေးအပ်လာခြင်း ​ပေပင်။

“ မင်းတို့ ဒီမှာ ဆက်နေလို့ ရပါတယ် အကူအညီလိုရင် ငါတို့ အစွမ်းကုန် ကူညီပေး မှာပါ။ ”

တာအို ဆိုင်းငံ့ခြင်း ဓားသူတော်စင်က သူ့သဘောထားကို ပြသလိုက်သည်။

“ ကျေးဇူးတင်ပါတယ် ... ။ ”

သက်တံဓား သူတော်စင်မှ ခေါင်းညိတ်လိုက်၏။ ဤနည်းဖြင့် စိန်ခေါ်ပွဲမှာ အဆုံးသတ် သွားတော့သည်။

ဖြစ်ပျက်ခဲ့သည့် အရာများ အားလုံး ခွန်လွန်နယ်မြေ အနှံ့ ပျံ့နှံ့ရန် အချိန်တစ်ခုသာ လိုပေတော့မည်။

လင်းယွန်သည် ဓားသူတော်စင်များ အားလုံးကိုစိန်ခေါ်ပြီး ကောင်းကင်နတ်တောင် ထိပ်သို့ တက်ရောက်ခဲ့သည်။

သူ ပြန်ဆင်းလာသော အခါတွင် ရေခဲဧကရာဇ်ကို အနိုင်ယူ၏။ လူတိုင်းအတွက် ထိတ်လန့်စရာ ပေပင်။

“ တောင်ပိုင်း ဧကရာဇ်တောင်မှ သူ့အသက်အရွယ်မှာ သူ့လောက် သန်မာမယ် မထင်ဘူး။ ”

“ ဒဏ္ဍာရီ ဧကရာဇ်တွေက လင်းယွန်ကို ခေါင်းဆောင်အဖြစ် တင်မြှောက်လိုက်ပြီ သူတို့ အမြင်က မယုံနိုင်စရာ ပါပဲ။ ”

“ တကယ်ပါပဲ။ ”

လူအများက လင်းယွန်ကို အိုင်းရစ် ဓားသူတော်စင်နှင့် နှိုင်းယှဉ် ကြည့်လာကြ၏။ အိုင်ရစ်ဓားသူတော်စင် ဇာတ်လမ်းဟူသည် ဒဏ္ဍာရီတစ်ပုဒ် ပေပင်။

သို့သော် လင်းယွန်ကို မြင်ပြီးနောက် ဖြစ်နိုင်ကြောင်း ယုံကြည်ကြသည်။ အဖြူနှင့် အနက် သည်ပင် လင်းယွန်ကို ခေါင်းဆောင် အဖြစ် အသိအမှတ်ပြုသည်။

ဧကရာဇ်ဖြူအနေဖြင့် လင်းယွန်အတွက် ဓားမော့ဧကရာဇ်ကို သင်ခန်းစာတစ်ခု သင်ပေး လိုသည်မှာ သက်သေပေပင်။

တစ်ဖက်တွင် ဒဏ္ဍာရီလာ ဧကရာဇ်များ၏ လွှမ်းမိုးမှုသည် လင်းယွန် ထင်သည်ထက် ပိုမို နက်ရှိုင်းချေ၏။

သူ့ကို ခေါင်းဆောင်အဖြစ် တင်မြှောက် လိုက်သည့်သတင်းများ ပျံ့နှံ့သွားသောအခါတွင် လူတိုင်း၏ နှလုံးသားထဲ၌ သူ့ပုံရိပ် မြင့်တက် လာသည်။

ဤအရာက လင်းယွန်၏ ကံကြမ္မာကို သိသိသာသာ မြင့်တက်စေသည်။ အကျိုးဆက် အနေဖြင့် ဧကရီကံကြမ္မာကို ထိခိုက်စေ၏။

ထိုညတွင် လက်သီးတစ်ထောင် မဟာသူတော်စင်သည် တာအိုသားတော်နှင့် ပိုင်ရှုရင်ကို ခေါ်ကာ ထွက်ခွာသွားခဲ့သည်။

လင်းယွန်နှင့် ဧကရာဇ်သုံးပါး သည်သာ တိုက်ပွဲအကြောင်း ဆွေးနွေးရန် ကျန်ရစ်ခဲ့၏။

“ (၄)လပိုင်း၊ (၁၃) ရက်နေ့ ဆိုတော့ ... လဝက်လောက် လိုသေးတယ် … ။ ”

လင်းယွန်မှ မျက်မှောင်ကြုတ်ကာ ရက်တွက်လိုက်သည်။ သူသည် ဤစုဝေးမှုတွင် ကြီးစွာသော အကျိုးအမြတ် ရရှိခဲ့ပြီး ၎င်းတို့ကို ချေဖျက်ရန် အချိန်လိုအပ်နေ၏။

“ အလျင် မလိုပါနဲ့ ... ပြဿနာက အဲဒီနေ့အတွက် ဘယ်လို လုပ်သင့်လဲ ဆိုတာပဲ၊ ငါတို့နဲ့လိုက်ဖို့ ... တခြား ဧကရာဇ်တွေကို ခေါ်သင့်သလား။ ”

ဧကရာဇ်ဖြူက မေးသည်။

“ ဒါက လိုအပ်လို့လား ... ငါနဲ့ ဧကရီ တိုက်ကြဖို့ပဲ မဟုတ်ဘူးလား။ ”

လင်းယွန်က နားမလည်နိုင် ဖြစ်သွား၏။

“ မင်း ဘာတွေ တွေးနေတာလဲ ... ဧကရီ နောက်ကွယ်မှာ အင်အားစုများစွာ ရှိတယ် သူမ ရှုံးနိမ့်သွားရင် ... သူတို့ရဲ့ အကျိုးစီးပွားကို ထိခိုက်မှာမို့ ငြိမ်နေကြမယ် ထင်လား ...

... တခြား လူတွေကို မပြောပါနဲ့ဦး ... နဂါးဘုရင်တွေက သူမကို နတ်ဘုရား ဖြစ်စေဖို့ ဆန္ဒရှိနေကြတယ် ...

... သူမ နတ်ဘုရား ဖြစ်လာရင် ... နတ်နဂါးအင်ပါယာရဲ့ ရာထူးက တိုးလာမှာပဲ ဒါဆို နဂါးဘုရင်တွေလည်း နောက်ထပ် တစ်လှမ်း ထပ်လှမ်း နိုင်ပြီ။ ”

ဧကရာဇ်နက်က ဝင်ရောက် ရှင်းပြသည်။ ထိုစကားများအပေါ် သက်တံ ဓားဧကရာဇ်က ခေါင်းညိတ်ပြလျက်၊

“ အရေးအကြီးဆုံးကတော့ ယုချင်းဖန် ထွက်သွားလို့ပဲ ဒီအတွက် သူတို့မှာ အတွေးတွေ ရှိလာမှာ စိုးမိတယ် ... ။ ”

-ဟု မှတ်ချက်ပေးလာသည်။

လင်းယွန်က ဤသည်မှာ ပြဿနာ တစ်ခုဖြစ်သောကြောင့် အတွေးထဲ နစ်မျောသွား ခဲ့သည်။

သူသည် ယုချင်းဖန်၏ တည်ရှိမှုအပေါ် လျော့တွက် မိခဲ့ပုံရ၏။ ဓားမော့ ဧကရာဇ်ကဲ့သို့ လူမိုက်သည်ပင် အတိတ်ကာလ၌ အကြွင်းမဲ့ ကောင်းကင်မြို့တော်သို့ ခြေမချဝံ့ချေ။

“ သက်တံ ... မင်းနဲ့ ယုချင်းဖန် ယှဉ်ရင် ဘယ်လိုနေမလဲ ။ ”

“ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်က ဓားဧကရာဇ် ယုချင်းဖန်ဆိုရင် ... ငါအနိုင်ယူ နိုင်တယ် ... လက်ရှိ ယုချင်းဖန် ဆိုရင်တော့ အနိုင်ရဖို့ သုံးဆယ် ရာခိုင်နှုန်းပဲ ရှိတယ်။”

သက်တံဓားဧကရာဇ်က တုန့်ဆိုင်း သွားပြီးနောက်၊

“ ဒါ​ပေမယ့်​ ငါ့မှာ သူနဲ့ယှဉ်​ရင်​ ... အားသာချက်​တစ်​ခု ရှိတယ်​ ကျန့်မျိုးရိုး အမွေနဲ့ ငါနားလည်ထားတဲ့ သစ္စာတာအို ရှိတယ်။ ”

ထိုစကားကိုကြားသောအခါ ဧကရာဇ်နက်က ပြုံးသည်။

“ ဒါဆို ... တခြား ဧကရာဇ်တွေကို ဖိတ်ကြားစရာ မလိုတော့ပါဘူး ... လင်းယွန်း အဆင်မပြေရင် ငါတို့ ခွန်အားနဲ့ သူ့ကို ခေါ်ပြီး ထွက်သွားနိုင်ပါတယ်။ ”

သူသည် လင်းယွန်အပေါ် ယုံကြည်မှု ရှိသော်လည်း ပြီးပြည့်စုံသော ပြင်ဆင်မှုတစ်ခု လိုအပ်နေသေး၏။

“ အနက် ... မင်းက ဒဏ္ဍာရီ အဆင့်မှ မဟုတ်တော့တာ ဒါက မင်းအတွက် ပြဿနာ ရှိနိုင်တယ် မဟုတ်လား။ ”

ဧကရာဇ်ဖြူက ဧကရာဇ်နက်အပေါ် စိုးရိမ်သွားလေသည်။ ဧကရာဇ်နက်မှ ပြုံးပြီး၊

“ ဒါဟာ အခု ပြဿနာ ဖြစ်နိုင်ပေမယ့် ကောင်းကင်လမ်းကို ... ပြန်လည် ပြုပြင်ပြီးတဲ့ အခါ မှာတော့ ပြဿနာ ရှိနေမှာ မဟုတ်ဘူး ...

... ငါ့မှာ ချည်နှောင်ထားတဲ့ အရာတွေ မရှိတော့လို့ ... မင်းအရင် နတ်ဘုရား ဖြစ်နိုင်တဲ့ အခွင့်အလမ်း များတယ်။ ”

-ဟု ပြောကြားလိုက်သည်။ ထိုနောက် လင်းယွန်ထံ ပြန်ကြည့်၏။

“ လင်းယွန် ... မင်းအရင်ဆုံး ကျင့်ကြံနေလိုက်ပါ ... ကျန်တဲ့ ကိစ္စတွေကို ငါတို့ ကိုင်တွယ်လိုက်မယ် ... ။ ”

“ ကောင်းပြီ ... ။ ”

လင်းယွန်က မဆိုင်းမတွ ထွက်ခွာ သွားတော့သည်။ ဤပွဲအတွင်း နားလည်ခဲ့သမျှ ချေဖျက်ရန် လိုအပ်၏။

သူ ထွက်သွား ပြီးနောက်တွင် ဧကရာဇ်နက်၏ မျက်လုံးများက လူသတ်ရန် ရည်ရွယ်ချက်ဖြင့် တောက်ပလာသည်။

“ ငါတို့ ... ကောင်းကောင်း ပြင်ဆင် ထားရမယ် တော်ဝင်မိသားစုနဲ့ ဧကရီဒေါသကို ငါသိတယ် ... သူတို့က လင်းယွန်ကို ခွင့်ပြုမှာ မဟုတ်ဘူး၊ ...

... နဂါးဘုရင်တွေ မပြောနဲ့ ဓားမော့ ဧကရာဇ်ကတင် လင်းယွန်ကို သေချာပေါက် ရပ်တန့်ဖို့ ကြိုးစားလိမ့်မယ် ... ဧကရီတောင်မှ သူ့ကိုတားနိုင်မှာ မဟုတ်ဘူး။ ”

“ ဒါဆို ... ငါသူ့ကို ကိုင်တွယ်မယ်။ ”

ဧကရာဇ်ဖြူက ပြောလိုက်သည်။

“ အမှန်အတိုင်း ပြောရရင် ... မင်းက သူ့ပြိုင်ဘက်ဖြစ်လာမှာ မဟုတ်ဘူး မီးဧကရာဇ် ဘာကြောင့် ဓားမော့ဧကရာဇ်ကို တားခဲ့တာလဲ မင်းသိလား ... အဲဒါ သက်တံကြောင့်ပဲ။

ဧကရာဇ်နက်က အထင်အမြင် သေးစွာဖြင့်၊

“ ဒီရက်ပိုင်း ... မင်းသက်တံနဲ့ စမ်းကြည့်လို့ရတယ်။ ”

-ဟု ပြောကြားလိုက်သည်။

ဧကရာဇ်ဖြူက တုန့်ပြန်ရန် ဆန္ဒရှိ သော်လည်း ဧကရာဇ်နက်၏ အကြည့်ကို မြင်ပြီး လက်လျှော့လိုက်သည်။

ဧကရာဇ်နက်သည် လင်းယွန်အတွက် သူ၏ဒဏ္ဍာရီအဆင့်ကိုပင် စွန့်လွှတ် လိုက်သူ ဖြစ်သည်။

ထို့ကြောင့် ဧကရာဇ်ဖြူက၊

“ သက်တံ ... မင်းတပည့်လို ဒဏ္ဍာရီလာ ဧကရာဇ်ဖြစ်တဲ့ ... ငါ့ကံကြမ္မာကို မင်းဖြတ်ပေး နိုင်မလား။ ”

-ဟု မေးမြန်းလိုက်သည်။

“ ငါ ဘယ်လို လုပ်ပေးရမှာလဲ ... ငါတို့ အားလုံး ကြိုးစား ကြည့်ရမှာပဲ။ ”

သက်တံဓား ဧကရာဇ်က ပြုံးပြီး တုန့်ပြန်လာ၏။

“ အဲဒါ အရမ်းကောင်းတယ်။ ”

သို့သော် ဧကရာဇ်ဖြူက သက်တံ ဓားဧကရာဇ်၏ အပြုံးကို မြင်ပြီး ကျောရိုးများ ချမ်းစိမ့်စိမ့် ဖြစ်လာသည်။

အကြောင်းတစ်ခုခုကြောင့် ထိုအပြုံးသည် လင်းယွန်နှင့် တူနေ၏။ သက်တံဓားဧကရာဇ်မှ ဧကရာဇ်နက်ထံ ကြည့်ပြီး၊

“ မီးဧကရာဇ်ကော ဘယ်လိုလဲ ... သူ့အကြောင်း မင်း မပြောရ သေးဘူး။ ”

-ဟု မေးမြန်းလိုက်သည်။

“ သူ လှုပ်ရှားလာမှာ မဟုတ်ဘူး ... သူရဲ့ ကိုယ်ရည်ကိုယ်သွေး အရ ... နှိမ့်ချမှု ရှိပေမယ့် လွတ်လွတ်လပ်လပ် နေရတာကို ကြိုက်ပါတယ်။ ”

ဧကရာဇ်နက်က ပြန်ဖြေသည်။ ဧကရာဇ် ကိုးပါးသည် ဉာဏ်ကြီးရှင်များ ဖြစ်သော်လည်း မတူညီသော ကိုယ်ရည်ကိုယ်သွေးများ ရှိ၏။

တောင်ပိုင်းဧကရာဇ်သည် အချစ်ကို ရူးသွပ်သည်။ ယုချင်းဖန်သည် လူငယ်ဘဝကို မြတ်နိုး၏။

ဧကရာဇ်ဖြူသည် ဦးနှောက်မရှိသော သားရဲမျှသာ ဖြစ်ပြီး၊ ဧကရီသည် ဩဇာအပေါ် မက်မော၏။

ထိုအချိန်တွင် လင်းယွန်နှင့် ခရမ်းငယ်က တွေ့ဆုံနေသည်။

“ မင်း ... နတ်ဖီးနစ်တောင်ကို မပြန်တော့ဘူးလား။ ”

လင်းယွန်က မေးသည်။ နတ်ဘုရား အဖြစ်တက်ရောက်ခြင်း အခမ်းအနား ဟူသည် နတ်ဖီးနစ် တောင်တန်း သခင်ပင် မပါဝင် နိုင်သည့် တိုက်ပွဲ ဖြစ်၏။

ထို့ကြောင့် လက်သီးတစ်ထောင် မဟာ သူတော်စင်က ပြန်သွားခြင်း ပေပင်။

“ မပြန်ပါဘူး ... နင် ဘယ်သွားသွား ငါလိုက်နေမှာ ... ငါ့ကို အထင်မသေးနဲ့ ဖီးနစ် သစ်ပင် ကြီးလာလို့ ... ငါ့ခွန်အားရဲ့ ဆယ်ပုံ တစ်ပုံ ပြန်ရနေပြီ။ ”

“ ဒါဆို သွားရအောင်။ ”

လင်းယွန်က ပြုံးလိုက်သည်။ အရေးကြီးသော အခိုက်အတန့်၌ ဓားသေတ္တာ အတွင်း သူမ ဝင်နေနိုင်သည်။

မည်သူမျှ အန္တရာယ် မပြုနိုင်ချေ။ သို့သော် ဧကရီနှင့် တိုက်ခိုက်ချိန်တွင် သူမ ခုန်ထွက်လာ မည်ကို စိုးရိမ်ခြင်းသာ ဖြစ်သည်။

“ ငါတို့ ဘယ်သွား မလို့လဲ။ ”

“ ကောင်းကင်ဘုံ နတ်တောင်ထိပ်ကို။ ”

“ အတူတူ တက်ကြ မလို့လား။ ”

“ ဟုတ်တယ် ... ငါ့နောက်ကနေ လိုက်ခဲ့။ ”

လင်းယွန်မှ ခေါင်းညိတ်၏။

“ မလိုပါဘူး ... နင်သာ ငါ့နောက်လိုက်ခဲ့။ ”

ခရမ်းငယ်က ရှေးကျပြီး မြင့်မြတ်သော ရောင်ဝါကို လွှင့်လိုက်၏။ ဖီးနစ် အော်မြည်သံ ပဲ့တင်ထပ် လာသောအခါ သူမ အသွင်က ခရမ်းရောင် ပြောင်းသွားတော့သည်။

“ ကျီး ... ။ ”

ထို့နောက် ရေခဲဖီးနစ် စာကလေး အဖြစ်ခံယူကာ လေထုအလယ် ပြန်ဝဲသွားပြီး သူ့ကို လှမ်းကြည့်သည်။

“ ဘယ်လောက်တောင် လှလိုက်လဲ။ ”

ခရမ်းငယ်သည် သူမအလှကို တစ်ချိန်က ပြောဆိုခဲ့သည်မှာ ကြွားဝါခြင်း မဟုတ်ကြောင်း သိလိုက်ရသည်။

“ ဟမ့် ... ငါက နတ်ဖီးနစ်တောင်မှာ မတိုးတက်ဘူးလို့ မထင်နဲ့ ... တိုးတက်မှုတွေက နင့်ထက်သာတယ် ... လာ ... နင့်လက်ပေး တောင်ပေါ် လိုက်ပို့ပေးမယ်။ ”

လင်းယွန်က ပြုံးရုံသာပြုံးပြီး လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ခရမ်းငယ်၏ စကားများကို ပြန်သတိရမိသည်။

သူမ ခန္ဓာကိုယ် ပြန်ရသောအခါ သူ့ကိုခေါ်ဆောင်လျက် မိုးကောင်းကင် အနှံ့ ပျံသန်းကြမည်ဟု ပြောကြားခဲ့ဖူး၏။

ထို့ကြောင့် ပြုံးပြီး ခရမ်းငယ်၏ ခြေသည်းအပေါ် ဆုပ်ကိုင် လိုက်မိလေသည်။ ခရမ်းငယ်မှာ ပျံသန်းနိုင် သော်လည်း အရှိန် မမြန်ချေ။

တောင်ပေါ်ကို မော့ကြည့် လိုက်သောအခါ မှော်ဆန်သလို ခံစားလိုက်ရပြီး အမြင်အာရုံများ ပွင့်သွားသည်။

“ ဧကရီ ... မင်းငါ့ကို ဒီနည်းအတိုင်း သယ်သွားတော့ မလို့လား။ ”

“ ဟမ့် ... ဒါဆို ကောင်းကောင်းထိုင် လူယုတ်မာ။ ”

ခရမ်းငယ်မှ လင်းယွန်ကို ကျောပေါ် ပစ်တင်ကာ ဆက်လက် ပျံသန်းတော့သည်။

***

All Chapters