← Chapters

ကောင်းကင် တာအိုက ငါ့ကို ကြောက်နေတယ် ... ။

Vol. 177 Ch. 2475

ကောင်းကင် တာအိုက ငါ့ကို ကြောက်နေတယ် ... ။

Vol. 177 Ch. 2475

တောင်ထိပ် ရောက်သည်နှင့် ခရမ်းငယ်က ကလေးမလေး အသွင် ပြန်ယူ လိုက်လေသည်။

“ မင်း အခုမှ အရပ် မြင့်လာပြီ ... ။ ”

“ ငါ ကြည့်ကောင်းတယ် မဟုတ်လား။ ”

“ အင်း ... ။ ”

လင်းယွန်က ပြန်ဖြေသည်။ သူမ ကြီးပြင်းလာသောအခါ အလှမယ် တစ်​ယောက် ဖြစ်မည်မှာ သေချာ၏။

“ ပန်းသင်္ချိုင်း ... ငါ့အတွက် ကျစ်ဆံမြီးတွေ ကျစ်မပေးတော့တာ ဘယ်လောက်ကြာပြီလဲ။ ”

လင်းယွန်တစ်ယောက် ခွန်လွန်ရောက် ရှစ်နှစ်တာ အချိန်၏ အမှတ်ရစရာများ ပြန်မြင် လာပြီး သက်ပြင်းချလိုက်သည်။

“ အချိန်တွေ ကုန်တာ မြန်လိုက်တာ ... ယုချင်းဖန် ပြောတာကို ... အခု ငါနားလည် သွားပြီ။ ”

ယုချင်းဖန်သည် လူငယ်တစ်ဦးသာ ဖြစ်ချင်သော်လည်း ၎င်းမသိမီ ဓားဧကရာဇ် ဖြစ်လာခဲ့ရသည်။

“ လင်းယွန် ... ငါက အခု (၁၄) ... (၁၅)နှစ်အရွယ် ဖြစ်သင့်တယ် မဟုတ်လား။ ”

ခရမ်းငယ်မှ မေးသည်။

“ မှန်တယ် ... ဒါပေမယ့် အဲဒီ မတိုင်ခင် နှစ်တစ်သိန်း ထပ်ထည့်ရမယ်။ ”

“ လူယုတ်မာ ... နင် အရိုက် ခံချင်နေတာလား။ ”

“ ငါ့မျက်စိထဲမှာ မင်းအသက် (၁၄)နှစ်ပဲ ဖြစ်ဖြစ် (၁)သိန်းပဲ ဖြစ်ဖြစ် အမြဲတမ်း ကလေး တစ်ယောက် ပါပဲ ... မင်းငိုတာကို ငါ ဘယ်တော့မှ မမြင်ချင်ဘူး။ ”

“ နင် ... ။ ”

ခရမ်းငယ်က မျက်ရည်များ ရစ်ဝိုင်း လာပြီးနောက်၊

“ ဟမ့် ... ငါနင့်နောက်မှာပဲ နေရမယ်လို့ ပြောနေတာလား ... ငါက ဖီးနစ်ပဲ။ ”

-ဟု ဆိုကာ ကောင်းကင်ပေါ် ပျံတက်လျက် ဖီးနစ်အသွင် ပြောင်းလိုက်တော့၏။

ကောင်းကင် နတ်တောင်ထိပ်တွင်၊ ကောင်းကင် တာအို စွမ်းအားသည် ဧကရာဇ် ဒုက္ခနှင့် ယှဉ်နိုင်၏။

ထို့နောက် လင်းယွန်က ဓားကို လွှတ်လိုက်ပြီး ၎င်းစွမ်းအားဖြင့် ဖုံးအုပ်ခွင့် ပေးလိုက်သည်။

ယခုအခါတွင် နတ်နဂါးဘုရင်၏ ကိုယ်ခန္ဓာသည် ကောင်းကင်နဂါး နတ်ခန္ဓာနှင့် လုံးလုံးလျားလျား ပေါင်းစပ်သွားပြီ ဖြစ်၏။

“ ဝှစ် ... ။ ”

ကောင်းကင် နဂါး ရောင်ဝါကို ထုတ်ဖော်လျက် လက်သီးချက်များ ထုတ်ပစ် လိုက်သည်။

လက်သီးချက်ကြောင့် တောင်နှင့် မြစ်များသည် တုန်ယင်လျက် လေပြင်းများ တိုက်ခတ်လာ၏။

ဤသည်မှာ ဧကရာဇ် ရွှေခန္ဓာကို အနိုင်ယူနိုင်ခဲ့သော ကောင်းကင် နဂါးနတ်ခန္ဓာ ဖြစ်သည်။

သို့သော် ရောင်ဝါကို အပြည့်အဝ မထုတ် ရသေးချေ။ ရှေးဦးသားရဲဖြစ်သော ကောင်းကင် နဂါးကို ဆင့်ခေါ်ပြီး အချိန်များ ဖြတ်ကျော်ရန် ကြိုးပမ်းလိုက်သည်။

ကောင်းကင်နဂါးအရိုးထံမှ လျှို့ဝှက်ချက်ပေါင်း များစွာနှင့် နဂါးမျိုးရိုး၏ နည်းပညာများစွာ မြင်လာရ၏။

မျက်လုံးအတွင်း၌ နတ်ဘုရားများနှင့် ပြည့်နှက်လာပြီး တံဆိပ်တစ်ခု ဖန်တီးမိသော အခါ အချိန်များ ကုန်လွန်သွားသည်။

အနှစ်တစ်ထောင်၊ အနှစ်တစ်သောင်း၊ အနှစ်တစ်သိန်းနှင့် အနှစ်တစ်သန်း ဖြစ်ချေ၏။ ထို့နောက် သူ့ဝိညာဉ်သည် ကြယ်ရောင်စုံ ကောင်းကင်၌ ပြန်ပေါ်လာသည်။

သူ့ရှေ့တွင် မရေမတွက်နိုင်သော နတ်နဂါးများက ကောင်းကင် နဂါးထံ ဦးညွှတ် နေသည့် မြင်ကွင်းမျိုး ရှိသည်။

ကောင်းကင်နဂါးက ခေါင်းမော့ကြည့် လိုက်သောအခါ အချိန်များ ထပ်မံ ကုန်လွန်ပြီး နှစ်သန်းပေါင်းများစွာ ကြာညောင်းခဲ့၏။

“ ကောင်းကင် နဂါး အမိန့် ... ။ ”

သို့မှသာ အာရုံများ ပြန်ဝင်လာပြီး ကောင်းကင်နဂါး လျှို့ဝှက်တံဆိပ်ကို ထုတ်ဖော် လိုက်သည်။

ကောင်းကင် နဂါးက အချိန်ကာလကို ဖြတ်ကျော်သွားလာနေ သကဲ့သို့ ကောင်းကင်ဘုံ နတ်တောင် တောင်ထိပ်တွင် ပေါ်လာသည်။

၎င်းနဂါးက လင်းယွန် ခန္ဓာကိုယ်ထဲ ဝင်ရောက်လာပြီး နတ်တောင်ကြီး တစ်ခုလုံးကို ယိမ်းထိုးသွားစေသည်။

အသက်ရှုကြပ်လာသဖြင့် အဓိပတိ နဂါးလက်သီးကို ချက်ချင်း ထုတ်ဖော် လိုက်၏။ မရေမတွက်နိုင်သော ပုံရိပ်များ သူ့ဝန်းကျင်၌ ပေါ်လာသည်။

သို့သော် အချိန် မတူချေ။ အချို့သည် ရှေးဦးခေတ်၊ ကမ္ဘာဦးခေတ်၊ ရွှေခေတ်၊ အမှောင် ခေတ်၊ နတ်နဂါးခေတ် စသည့် ခေတ်များ အဆက်ဆက်ကို နောက်ခံထားသည်။

“ ဝှီး ... ။ ”

ဤအခိုက်တွင် သူသည် နတ်ဘုရား တစ်ပါးနှင့် တူနေ၏။ ကောင်းကင်နဂါးသွေးများ ပွက်ပွက်ဆူလျက် လက်သီးများ ဆက်တိုက် ပစ်ထုတ်နေဆဲ ဖြစ်သည်။

သို့သော် အတားအဆီး တစ်ခု ရှိနေသည်။ လွန်ခဲ့သော နှစ်တစ်သန်းက အချိန်-အာကာသ စွမ်းအင်သည် သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက် လာလေရာ ချက်ချင်း ပြိုလဲသွားသည်။

ထိုစဉ် ကောင်းကင်နဂါးအရိုးမှ အကန့်အသတ်မဲ့ စွမ်းအင်များ ပွင့်လာပြီး သူ့ကို ပြန်လည် ကုသပေးတော့၏။

“ ဟိတ် ... ။ ”

အဆုံးတွင် အာကာသအတွင်း အပေါက်တစ်ပေါက် ကျန်ရစ်စေသော နဂါး လက်သည်းတစ်ချက် ပေါ်လွင်လာသည်။

ဤသည်မှာ ကောင်းကင်ဘုံ နတ်တောင်ဖြစ်ပြီး အခြားသော ဒေသများထက် အချိန်-အာကာသ ပိုမို အားကောင်း၏။

“ ငါ အောင်မြင်ပြီ။ ”

ရုပ်ခန္ဓာ ပင်ပန်း နွမ်းနယ်မှုကို လျစ်လျူရှုလျက် ဝမ်းမြောက်စွာ လက်သီးများ ဆက်တိုက် ပစ်လွှတ်မိသည်။

ရှေးဦးခေတ် ကောင်းကင်နဂါး၏ လက်သည်းပုံရိပ်များ တဖွဲဖွဲ ကျဆင်းလာ၏။ စွမ်းအင် အားလုံးကို ကုန်ဆုံးသွားသော အခါ နဂါးအမြီးကို ဆင့်ခေါ်လိုက်​​ပြန်သည်။

ကောင်းကင်ဘုံ နတ်တောင်ကြီး ယိမ်းထိုးလျက် ပြိုကျမည့်ဟန့် ပြသလာ၏။ သို့သော် သံကြိုးများ ရုတ်တရက် ပေါ်လာပြီး ပြန်လည် ထိန်းမတ်သွားလေသည်။

တစ်ချိန်တည်းမှာပင် ဧကရာဇ်ဒုက္ခနှင့် ယှဉ်နိုင်သော ရောင်ဝါတစ်ခု လင်းယွန်အပေါ် အုပ်မိုးလာ၏။

ယင်းသည် ငုံ့ကြည့်နေသည့် မျက်ဝန်းတစ်စုံနှင့်တူသော ရေဝဲကြီးထံမှ လာခြင်း ဖြစ်သည်။

ထိုရေဝဲအတွင်း၌ ထူးခြားသော ဓားကြီး တစ်လက်ရှိသည်။ ထိုဓားကြီးသည် အိုင်းရစ်ဓား သူတော်စင်မှ သင်ကြားပေးသော နတ်ဘုရား သတ် နည်းပညာနှင့် ဆင်တူ၏။

“ ဟမ့် ... ။ ”

ဤဖြစ်စဉ်ကို မျှော်လင့် မထားမိ သောကြောင့် လင်းယွန်တစ်ယောက် တုန်လှုပ် သွားလေသည်။

အိုင်းရစ်ဓား သူတော်စင်သည် သူ၏ နတ်ဘုရားသတ်ဓားပညာရပ်ကို ကောင်းကင် ဒုက္ခထံမှ သင်ယူထားပုံပေပင်။

“ ဓားသေတ္တာ … ။ ”

ရုတ်တရက် ခရမ်းငယ်က အော်ဟစ် လိုက်၏။ အရိပ်တစ်ခု ပျံဝဲလာပြီး ထိုဓားကြီး၏ ဖိအားကို ချေဖျက်ပေးတော့သည်။

သို့မှသာ သူ့ကိုယ်သူ သွေးသား စွမ်းအင်များ ကုန်ဆုံးလျက် ပြိုလဲကျတော့မည်ကို သတိထား မိလိုက်၏။

“ ဟိတ် ... ။ ”

ဓားကြီးက ဓားသေတ္တာပေါ် ထိမှန် တော့မည့် အချိန်တွင် အံကြိတ်ပြီး ဓားသေတ္တာ အပေါ် ခုန်တက်ကာ ချက်ချင်း ခုခံလိုက်သည်။

“ ဘုန်း ... ။ ”

ဓားရိပ်ကြီး၏ ဖိအားကြောင့် ဓားသေတ္တာခမျာ မြေကြီးထဲ စိုက်ဝင်သွား၏။ အဆုံးတွင် နတ်ရူရ် ခုနစ်လုံး ပျံထွက်သွားပြီး အိုင်းရစ်ပန်းအဖြစ် ပေါင်းစပ်သွားသည်။

ထိုခုနစ်ရောင် အဆင်အသွေးကို ထုတ်လွှတ်နေသော ပန်းပွင့်သည် ဓားကြီးကို တံတိုင်း တစ်ခုလို ပိတ်ဆို့ပေးတော့၏။

“ ဝှစ် ... ။ ”

သို့တိုင် လင်းယွန်ခမျာ ကောင်းကင်မှ ပြုတ်ကျ သွားခဲ့သည်။ ခရမ်းငယ်က လှစ်ခနဲ ဝင်ရောက် ဖမ်းယူပေး၏။

“ ဝေါ့ ... အဟွတ် အဟွတ်။ ”

သူမ ရင်ခွင်ထဲ သွေးအန်လျက် ချောင်းတဟွတ်ဟွတ် ဆိုးသွားသည်။ ထို့နောက် အိပ်ပျော်သွားတော့၏။

“ နိုးပြီလား ... ။ ”

လင်းယွန်သည် ကောင်းကင် နဂါး နတ်ခန္ဓာကြောင့် သတိပြန်ရချိန်၌ ကောင်းမွန် သွားမည်ကို သူမ သိသည်။

“ ဒါက ဘယ်နေရာလဲ ... ။ ”

လင်းယွန်က မေးသည်။ အသက်ရှူ သွင်းသည်ကပင် နာကျင်ရသဖြင့် အသံ ကျယ်ကျယ် မထွက်နိုင်ချေ။

“ ယုချင်းဖန်ရဲ့ ပခုံး ... ။ ”

ခရမ်းငယ်က ပြန်ဖြေ၏။ ဤသည်မှာ ယုချင်းဖန် ရုပ်တုကြီး ဖြစ်ပေသည်။ အဝေးက ဧကရာဇ်ဖြူနှင့် အဖွဲ့သည် သတိ ပြန်ရလာသော လင်းယွန်ထံ ကြည့်ကာ လန့်သွား၏။

ဧကရာဇ်ဖြူက သက်ပြင်းချလျက်၊

“ သက်တံ ... မင်းတပည့်က ဘယ်လို ဟန်ဆောင် ကစားရမယ်ဆိုတာကို တကယ် သိတယ် ... ။ ”

-ဟု မှတ်ချက်ပေးလိုက်သည်။

“ အဆင် ပြေပါတယ် ... ငါတို့ ဆက်ကြစို့။ ”

သက်တံဓားဧကရာဇ်က ပြုံးကာ ပြောလိုက်သည်။ ဧကရာဇ်ဖြူသည် မသိစိတ်မှ ငြင်းဆန်လို၏။

အချိန်တိုအတွင်း သက်တံဓား ဧကရာဇ်ကြောင့် သူ့တစ်ကိုယ်လုံး ဒဏ်ရာ ရရှိ ထားသည်။ ယုချင်းဖန်နှင့် တိုက်ခြင်းသည်ပင် သည့်ထက် ပို၍ သက်သာနိုင်၏။

အဘယ့်ကြောင့် ဆိုသော် သက်တံ ဓားသူတော်စင်သည် တိုက်ခိုက်သောအခါတွင် ကရုဏာ မရှိသောကြောင့် ဖြစ်သည်။

ထိုအချိန်တွင် လင်းယွန်က ခေတ္တအနားယူပြီးနောက် ပြန်လည် ကောင်းမွန် လာသည်နှင့်၊

“ သွားပျော်ရအောင် ... ။ ”

-ဟု ပြောကြားလိုက်သည်။

“ နင် ရူးနေတာလား။ ”

ခရမ်းငယ်က ထိတ်လန့်တကြား မေးလိုက်သည်။

“ ကောင်းကင်တာအိုက တကယ် စိတ်ဆိုးတာ မဟုတ်ဘဲ ငါ့ရဲ့ နတ်ဘုရား သတ် လျှို့ဝှက်နည်းပညာကို ပြီးပြည့်စုံအောင် ကူညီပေးနေတာလို့ ခံစားမိတယ်။ ”

လင်းယွန်က ပြုံးလျက် ကောင်းကင်ပေါ် မော့ကြည့်ကာ ရှင်းပြလိုက်သည်။

“ ပြီးတော့ ဒီလျှို့ဝှက် နည်းပညာက ပြိုင်ဘက်ကင်းပဲ ... အုတ်စိုးရှင် နတ်ရူရ် တွေနဲ့ ပိတ်ဆို့နိုင်မလား ငါသိချင်တယ်။ ”

“ ဒါပေမယ့် အရမ်း အန္တရာယ်ရှိတယ် မဟုတ်လား။ ”

ခရမ်းငယ်တစ်ယောက် တုန့်ဆိုင်းလာ၏။

“ ကောင်းကင်တာအို စွမ်းအားက ... အိုင်းရစ်ဓားသူတော်စင်ရဲ့ လျှို့ဝှက်ပညာထက် အားနည်းပါတယ် ကြည့်ရတာ ... သူငါ့ကို သတ်မိသွားမှာ ကြောက်နေသလိုပဲ။ ”

“ ဟမ့် ... ကိုယ့်ကိုယ်ကို ဘယ်လို အမွှန်းတင်ရမလဲ တကယ်သိတယ် ဝါကြွားတာ ငါမဟုတ်ဘူး နင်ပဲ။ ”

လင်းယွန် စကားကြောင့် ခရမ်းငယ် တစ်ယောက် မျက်လုံးပြူးလျက် လှောင်ပြောင် ဝေဖန်လိုက်လေသည်။

“ ဟား ... ဟား ... ဟား ... ဘယ်သူ သိနိုင်မလဲ ... ငါဝါကြွားတာ ဟုတ်-မဟုတ် ဒါကို စမ်းကြည့်ပြီးရင် သိရမယ် မဟုတ်လား။ ”

စကားဆုံးသည်နှင့် လင်းယွန်က ရယ်မောလျက် ကောင်းကင်ဘုံ နတ်တောင်ပေါ် ပျံသန်း ဆင်းသက်လိုက်တော့၏။

***

All Chapters