ကံကြမ္မာ ... ။
Vol. 177 Ch. 2476
လင်းယွန်က ခေါင်းမော့လျက် ဓားသေတ္တာကို ကြည့်ကာ လေးလေးနက်နက် တွေးတောနေမိသည်။
“ ဝှစ် ... ။ ”
ထို့နောက် လက်ဝှေ့ယမ်းလိုက်ပြီး ဓားသေတ္တာကို သူ့နောက်ကျော၌ ပိုးလွယ် လိုက်၏။
သိုင်းကြိုးကို ချိတ်ပြီးသည်နှင့် ဓားသေတ္တာက ပတ်ဝန်းကျင်မှ စွမ်းအင်များကို သူ့ခန္ဓာကိုယ်ထဲ ဆွဲသွင်းပေးသည်။
နောက်ကျောတွင် ထမ်းထားသရွေ့ မည်သည့်အရာမျှ လုပ်စရာ မလိုဘဲ စက္ကန့်တိုင်း ခွန်အားတိုးနေပေမည်။
၎င်းကို သူ့ကိုယ်ပွားဟု ယူဆနိုင်၏။ အရှိန်သည် ကိုယ်တိုင် ကျင့်ကြံသည်ထက်ပင် များစွာ ပိုမြန်သည်။
ဖီးနစ်သစ်ပင်သည် အနာဂတ်တွင် လူသားဆန်သော ပုံစံမျိုး ရယူနိုင်ပါက ၎င်းကို ကိုယ်ခံပညာ အချို့ကို လေ့ကျင့်စေခြင်းဖြင့် နားလည်မှုများပင် တိုးလာနိုင်ပေမည်။
“ အိုင်းရစ်ဓားသူတော်စင်ရဲ့ ကောင်းကင်ဓားက ဓားပျံ၊ တာအို ရှာဖွေခြင်းနဲ့ နတ်ဘုရား သတ်ခြင်း ဆိုပြီး ရှိတယ် ... ဒါက အစောပိုင်း ဓားနဲ့ တူညီနေပုံရတယ်။ ”
အစောပိုင်း ဓားရိပ်ကြီးသည် အိုင်းရစ်ဓားသူတော်စင် သင်ကြားပေးသော ကောင်းကင်ဓားထက် များစွာ အားနည်း၏။
၎င်းသည် အစွမ်း မထက်သည်မျိုး မဟုတ်ခဲ့ဘဲ သတ်ပစ်မိမည်ကို ကြောက်နေ သောကြောင့် ဖြစ်၏။
“ ကောင်းကင် တာအိုက ... ငါ့ရဲ့ လျှို့ဝှက်နည်းပညာကို သူ ပိတ်ဆို့နိုင်တယ်လို့ ပြောပြချင်တာလား။ ”
လင်းယွန်တစ်ယောက် စိတ်လှုပ်ရှား လာသည်။ ဧကရာဇ်နက်မှ ၎င်းကို မတားဆီး နိုင်သဖြင့် ဧကရီ မလုပ်နိုင်ဟု မဆိုလိုချေ။
သူသည် ကောင်းကင်တာအိုကို ဧကရာဇ် ဒုက္ခအဖြစ် ဆင်းသက်စေလိုပါက လွန်ခဲ့သော နှစ်ပေါင်း တစ်သန်းက ကောင်းကင် နဂါးကို ခေါ်ယူရပေမည်။
“ ဒါဆို ... ငါ ကောင်းကင် နဂါး အရိုးရဲ့ နည်းစနစ်ကို လေ့ကျင့်ပြီး အနန္တ ကောင်းကင် ဓား စမ်းသုံးကြည့်မယ်။ ”
အချိန် ကြာလာသည်နှင့်အမျှ ကောင်းကင် နတ်တောင်မှ ထွက်လာသော ရောင်ဝါသည် ပို၍ ကြောက်စရာ ကောင်းလာသည်။
အကြွင်းမဲ့ ကောင်းကင် မြို့တော်ရှိ လူတိုင်းသည် ဧကရာဇ် ဒုက္ခကို မြင်နေသကဲ့သို့ ထိတ်လန့်ကုန်၏။
မြို့တော်တဝိုက် သစ်ပင်ပန်းမန်များ လျင်မြန်စွာ ကြီးထွား၊ ညှိုးနွမ်းလျက် ပြန်လည် ပေါက်ရောက်လာသည်။
မျက်စိ တစ်မှိတ်တစ်မှိတ် အတွင်း မြက်ပင်များ၏ ဘဝသံသရာ စက်ဝန်းများ အကြိမ်ကြိမ် လည်ပတ်သွား၏။
“ အစ်ကိုကြီး၊ သူ ဘာလုပ်နေတာလဲ။ ”
ကျန့်ကြွယ်က တာအို ဆိုင်းငံခြင်း ဓားသူတော်စင် နံဘေးတွင် ရပ်ပြီး တောင်ထိပ်ရှိ ကြောက်မက်ဖွယ် ကောင်းသော ဖြစ်စဉ်ကို မျက်မှောင်ကြုတ် ကြည့်နေမိသည်။
“ သူက ကောင်းကင်နဲ့ ပြိုင်ပြီး ... တာအိုအတွင်း ပေါင်းစပ်ဖို့ ကြိုးစားနေတာ သူ့ ခွန်အားက စိတ်ကူးမယဉ်နိုင်တဲ့ အမြင့်ကို ရောက်နေပြီလို့ ဆရာ ပြောခဲ့ဖူးတယ်။ ”
“ ဒီလောက်တောင် ကြောက်စရာ ကောင်းလား ... ဒါဆို သူ့ကို အတုခိုးပြီး ငါတို့ ပိုသန်မာလာအောင် လုပ်ကြမလား။ ”
“ တွေးတောင် မတွေးပါနဲ့ ... သာမန် လူတွေက အရည်အချင်း မရှိဘူး ကောင်းကင် တာအိုက ရက်စက်တယ်ဆိုတာ မင်း သိထားရမယ် ...
... ဥပမာ ပုရွက်ဆိတ် တစ်ကောင်က မင်းရဲ့ခြေလှမ်းကို ခံနိုင်ရည်ရှိမယ်လို့ ... မင်း ထင်လား။ ”
“ ဒါဆို ... သူက ဘာလို့ လုပ်နိုင်ရတာလဲ။ ”
ကျန့်ကြွယ်မှ နားမလည်ဖြစ်လာ၏။
“ သူက နဝမမြောက် ကောင်းကင်လမ်း ချန်ပီယံပဲ ... ကောင်းကင်လမ်းရဲ့ ကံကြမ္မာက သူ့အပေါ်မှာ ရှိတယ် ... ကောင်းကင်လမ်းက အန္တရာယ်များပြီး သူတို့တွေ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေကို မင်း မသိနိုင်ဘူး။ ”
ဤစကားကို ဆိုချိန်၌ တာအို ဆိုင်းငံခြင်းဓားသူတော်စင်က သက်ပြင်းချလိုက် မိသည်။
“ တျန်ရွှမ်ဇီကို ... သူ သတ်တာ မင်း မြင်တယ်မဟုတ်လား ... ဒီလိုမျိုး ထက်မြက်တဲ့ ပြိုင်ဘက်ကို မင်းတစ်သက် ကြုံဖူးလား ... နဂါး သွေးလွှတ်ကြော နယ်ပယ်နဲ့ တျန်ရွှမ်ဇီကို ရင်ဆိုင်ဖို့ ဘယ်သူ စိတ်ကူးကြည့်ဖူးလဲ ...
... ပါရမီရှင် ဆိုတာ အခက်အခဲတွေ ကြားကနေ မွေးဖွားလာတာ ကောင်းကင်လမ်း ပြုပြင်ပြီးတာနဲ့ ... မင်းရဲ့ ကိုယ်ပိုင်လက္ခဏာကို ဖုံးကွယ်ပြီး ...
... ဘဝနဲ့ သေခြင်း ဆိုင်ရာ ... အတွေ့အကြုံတွေ ရယူဖို့ သွားပါ ... မင်းလမ်းက အရမ်း ချောမွေ့လွန်းနေတယ်။ ”
“ ဟုတ်ကဲ့ ... ။ ”
“ ဂျိန်း ... ။ ”
ကျန့်ကြွယ်က ထိုစကားကို ခေါင်းညိတ် ပြလိုက်သည်။ ထိုစဉ် ကြောက်မက်ဖွယ် မိုးကြိုး ပစ်သံများ ညံလာသည်။ သူ့ လက်ချောင်းများ တုန်ရင်ကုန်၏။
“ သူ ဘာတွေ ကြုံနေရတာလဲ အစ်ကိုကြီး။ ”
ကျန့်ကြွယ်က စိတ်ဝင်စားသွား၏။
တစ်ဖက်တွင် နဂါး ဦးခေါင်းကို ဖျတ်ခနဲ မြင်လိုက်ရသောကြောင့် တာအိုဆိုင်းငံ့ခြင်း ဓား သူတော်စင်က တွေဝေသွားသည်။
“ ငါ့မျက်လုံး ... ငါမျက်လုံး .... အား။ ”
ပတ်ဝန်းကျင်မှ အော်ဟစ်သံများ ဆက်တိုက်ကြားလာရပြီး ကျန့်ကြွယ်သည်ပင် မျက်နှာ ဖြူဖျော့လာ၏။
“ ဒါဆို မင်းက သူ့နည်းလမ်းကို အသုံးပြုချင်သေးလား။ ”
နောက်ဆုံးတွင် ၎င်းကိုထိပ်တိုက်တွေ့ရန် မဆိုနှင့် အကြည့်တစ်ချက်ပင် ကျန့်ကြွယ်အပေါ် ဒဏ်ရာ ပေးဆောင်နိုင်နေသည်။
ကောင်းကင်ကို ရင်ဆိုင်ပြီး တာအိုနှင့် ပေါင်းစည်းခြင်း။ ဤသည်မှာ လေးနက်သော လုပ်ငန်းစဉ် ပေပင်။
ယုချင်းဖန် ပြောကြားခဲ့သော ဤဝါကျတိုလေးသည် ဧကရာဇ် နယ်ပယ်ရှိ တန်ခိုးရှင်များပင် မကြိုးစားဝံ့သော အရာ ဖြစ်နေ၏။ များမကြာခင် (၄)လပိုင်း၊ (၁၂) ရက်နေ့ ရောက်ရှိလာသည်။
“ နဂါးပြာတံဆိပ်၊ ရွှေနဂါးတံဆိပ်၊ ငွေနဂါးတံဆိပ် ... အဓိပတိ နဂါးတံဆိပ်။ ”
လင်းယွန်က ကောင်းကင် နတ်တောင် ထိပ်တွင် အဓိပတိ နဂါးတံဆိပ်ကို ဖွဲ့စည်းနေ ခဲ့လေသည်။
နဂါးတံဆိပ်ကို ထုတ်ဖော်လိုက်သည့် အချိန်တိုင်း ကောင်းကင်ရှိ တိမ်တိုက်များ လွင့်စင်ကုန်၏။
ထို့နောက် နဂါးကြီးတစ်ကောင်ကဲ့သို့ အလင်းတန်း ခုနစ်ဖြာက သူ့အပေါ် လွှမ်းခြုံ ထားလေသည်။
“ အောင်မြင်ပြီ ... ။ ”
လင်းယွန်က ကျေနပ်စွာ ပြုံးမိ၏။ ကောင်းကင် နဂါး အရိုးနှင့် အဓိပတိ နဂါး လက်သီးကို ပေါင်းစပ်နိုင်ပြီ ဖြစ်သည်။
“ ဝှစ် ... ။ ”
ရုတ်တရက် ဧကရာဇ်သုံးပါး ကောင်းကင်မှ ဆင်းသက်လာသည်။ ဧကရာဇ်ဖြူက ပြုံးလျက်၊
“ သခင်ငယ် ... မင်းက အရှိန်အဟုန်နဲ့ တိုးတက်လာပြီ ... နဂါးမျိုးရိုး ကိုယ်ခံပညာကို မင်းရဲ့နားလည်မှုက ... နတ်နဂါး အင်ပါယာရဲ့ ဧကရာဇ်တွေထက် သာလွန်နေတယ်။ ”
“ သခင်ငယ်လား ... စီနီယာ မင်းငါ့ကို ဒီလို မခေါ်ပါနဲ့။ ”
“ ဟား ဟား ဟား ... ဒါကို ငါနဲ့အနက် တိုင်ပင်ပြီး သတ်မှတ်လိုက်တာပါ။ ”
“ စီနီယာ တစ်ကယ်လား။ ”
လင်းယွန်က ဧကရာဇ်နက်ကို လှည့်ကြည့်လိုက်သည်။ ဧကရာဇ်နက်သည် ဉာဏ်ပညာရှိ၏။ ဤသို့သော အဓိပ္ပါယ်မဲ့သည့် အရာမျိုး လုပ်မည် မဟုတ်ချေ။
ဧကရာဇ်နက်က ပြုံးသည်။
“ သူပြောတာ မှန်တယ် ... ဒီအခေါ်အဝေါ်နဲ့ ပတ်သတ်ပြီး ငါတို့ ဆုံးဖြတ်ချက် ချပြီးပြီ မင်းကို ငါတို့ရဲ့ ခေါင်းဆောင်အဖြစ် ခံယူစေပြီး ...
... ဒဏ္ဍာရီလာ ဧကရာဇ်တွေ ဖြစ်တဲ့ ... ငါတို့ရဲ့ ကံကြမ္မာကို ပေးဆောင်ဖို့ သဘောတူ ခဲ့ကြတယ် ... လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင် လုံးလုံး ငါတို့ကိုးပါးက ခွန်လွန်ရဲ့ကံကြမ္မာ သယ်ဆောင်ထားရတယ်၊ ...
... အထူးသဖြင့် ဧကရီလည်း ... အဲဒီ ကံကြမ္မာကနေ အများကြီး အကျိုးကျေးဇူးတွေ ရှိခဲ့တယ် မင်းတို့ တိုက်တဲ့အခါ အဲဒီကံကြမ္မာက သဘာဝ ဖြစ်စဉ်တွေ အဖြစ် သူမအနားမှာ ထင်ရှားလာလိမ့်မယ်၊ ...
... ဒါက ဘယ်လောက်အထိ ကြောက်စရာကောင်းလဲ ဆိုတာ သူမနဲ့ တိုက်တဲ့အခါမှ မင်းသိလိမ့်မယ် ...
... ဒါကြောင့် မင်းကို ငါတို့ရဲ့ ခေါင်းဆောင်အဖြစ် သတ်မှတ်လိုက်ပြီး အဲဒီ ကံကြမ္မာကို ပံ့ပိုးပေးမယ်။ ”
“ ဒါက ဒဏ္ဍာရီလာ ဧကရာဇ်တွေရဲ့ အဆင့်အတန်းကို ပြိုပျက်စေမှာလား။ ”
သက်တံဓားဧကရာဇ်က ဝင်မေးလိုက်သည်။
“ ငါတို့ ... ကူညီဖို့ ဆုံးဖြတ်လိုက်ပြီး တည်းက ဒါကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ထားတယ် ဧကရာဇ်ကိုးပါးရဲ့ တာဝန်တွေက ... ပြီးဆုံး သွားပါပြီ။
ဧကရာဇ်ဖြူက ပြုံးကာ ပြန်ဖြေလိုက်သည်။
“ မှန်တယ် ... ငါတို့ရဲ့ ဒဏ္ဍာရီလာ အဆင့်အတန်း ပြိုလဲသွားရင် ကံကြမ္မာကို မင်း ရနိုင်မယ်၊ ဒါမှ သူမကို ယှဉ်နိုင်လိမ့်မယ်။ ”
ဧကရာဇ်နက်မှ ပြုံးပြီး ဝင်ပြော၏။ လင်းယွန်တစ်ယောက် အတွေးထဲ နစ်မျော သွားကာ၊
“ ဒါက အယူသည်းရာ မကျဘူးလား။ ”
-ဟု မေးမြန်းလိုက်၏။
“ ဘာလို့ အယူသည်းရမှာလဲ ... ကံကြမ္မာက မင်းဘေးမှာ တကယ် ရှိတယ်။ ”
ဧကရာဇ်နက်က ထပ်ပြောသည်။ လင်းယွန်အတွက် ရွေးချယ်စရာ မရှိတော့ချေ။ ဤအရာသည် ကမ္ဘာပေါ်ရှိ ဓားသမားများ အားလုံးကို စိန်ခေါ်ပုံနှင့် တူသည်။
“ သွားကြရအောင်။ ”
“ ဘယ်မှာ အခမ်းအနား ကျင်းပမှာလဲ ... တော်ဝင် ဧကရာဇ် နန်းတော်လား။ ”
“ တော်ဝင် ဧကရာဇ် နန်းတော်ဟာ အရည်အချင်း မပြည့်မီပါဘူး ... (Tai) တောင်ရဲ့ တာအို စင်မြင့်မှာသာ ကျင်းပလို့ရမယ်။ ”
“ (Tai) တောင် ... ဘယ် (Tai)တောင်လဲ။ ”
လင်းယွန်မှ စိတ်ဝင်စားလာ၏။
“ Tai တောင်ဟာ ရှေးဟောင်း ခွန်လွန်ရဲ့ မူလတောင်ပဲ ခွန်လွန်ဗဟိုချက်မှာ တည်ရှိတယ် အနာဂတ်မှာ ကောင်းကင်လမ်းကို ပြုပြင်ချင်ရင် အဲဒီအရပ်ကနေ စတင်ရမယ်။ ”
ဧကရာဇ်နက်က ရှင်းပြသည်။ လင်းယွန် တစ်ယောက် မျက်လုံးပြူးသွား၏။ ဤသည်မှာ လက်ရှိခွန်လွန်သို့ သူ စတင် ရောက်ရှိလာသည့် အရပ်ဖြစ်သည်။
သူ့ဇာတ်လမ်းသည် ရှေးဟောင်း ခွန်လွန် (Tai)တောင်နှင့် စတင်ပြီး (Tai) တောင်မှာပင် အဆုံးသတ်တော့မည် ဖြစ်သည်။
“ သွားကြရအောင် ... ။ ”
လေးယောက်သား ထွက်ခွာလာခဲ့သည်။ ဧကရီသည် ကျော်ကြားသော ဧကရာဇ်တိုင်းကို ဖိတ်ကြားထားသောကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်နေခဲ့၏။
ကောင်းကင်လမ်း ပျက်စီးတည်းက ခွန်လွန်တွင် နတ်ဘုရား ပေါ်မလာနိုင်သည်မှာ နှစ်ပေါင်းတစ်သိန်း ရှိပြီ ဖြစ်သည်။
ခြွင်းချက်အနေဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း သုံးထောင်က သွေးလ ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှ နတ်ဘုရား ဖြစ်ခဲ့သည်။
သို့သော် သွေးဘုရင်၏ နည်းလမ်းသည် သူ့အပေါ် ယုံကြည်သူများ ဖြင့်သာ နတ်ဘုရား ဖြစ်လာခြင်း ဖြစ်ပြီး ဧကရီ၏ အခမ်းအနားနှင့် ကွဲပြားချေပြီ။
***