ဓားမော့နှင့်ဓား ... ။
Vol. 177 Ch. 2477
ခွန်လွန် နယ်မြေတွင် ရှေးဟောင်းနယ်မြေ ကိုးခု ရှိသည်။ ၎င်းတို့မှာ ကောင်းကင်၊ မြေကြီး၊ တော်ဝင်၊ ပျက်သုဉ်းခြင်း၊ လျှပ်စီး၊ မီး၊ ရေခဲ၊ လေနှင့် သူတော်စင် ဟူ၍ ဖြစ်၏။
သူတော်စင် နယ်မြေသည် နယ်မြေ အားလုံး၏ ဗဟိုချက် ဖြစ်သည်။ ၎င်း၌ ဝိညာဉ် စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး အခြားသော ရှေးဟောင်း နယ်မြေရှစ်ပါးက ယှဉ်၍မရချေ။
နတ်နဂါးအင်ပါယာသည် ထိုနယ်မြေ၌ တည်ရှိ၏။ သို့သော် သက်တမ်း အရှည်ကြာဆုံး သမိုင်းကြောင်းရှိသည်မှာ ခွန်လွန် နတ်တောင် ဖြစ်ပေသည်။
ခွန်လွန် နတ်တောင်သည် ဧရာမ တောင်တန်းကြီးဖြစ်ပြီး အမျိုးမျိုးသော နတ်ဆိုး သားရဲများကို မြင်တွေ့နိုင်မည်။
၎င်းတို့အနက် (Tai) တောင်သည် ဗဟိုချက်ဖြစ်သည်။ တောင်ထိပ်တွင် နယ်ပယ် သုံးထောင်နှင့် ချိတ်ဆက်ထားသော ကောင်းကင်လမ်း တည်ရှိ၏။
ယနေ့တွင် မျိုးနွယ်စု အသီးသီးနှင့် ဂိုဏ်းပေါင်းစုံမှ ပညာရှင်များက ဤနေရာသို့ စုရုံး ရောက်ရှိနေကြသည်။
ရာနှင့်ချီသော ဧကရာဇ်များသည် မြင့်မြတ်သော ဧည့်သည်များ အတွက် ရည်ရွယ် ထားသည့် ထိုင်ခုံများ၌ ထိုင်နေ၏။
အချို့က တက်ရောက်ရန် ဆန္ဒမရှိ သော်လည်း ဧကရီ၏ ဖိတ်ခေါ်မှုကို မငြင်းဆန်ဝံ့ သဖြင့် တက်ရောက်လာခြင်း ဖြစ်သည်။
ဧကရီသည်သာ နတ်ဘုရား နယ်ပယ်သို့ ရောက်ရှိပြီးနောက် သူတို့ကို အတင်းအကြပ် သစ္စာ ခံခိုင်းပါက ခက်ရပေမည်။
အဘယ့်ကြောင့် ဆိုသော် သူမ ခွန်အားနှင့် ဆန့်ကျင်သူတိုင်းကို အလွယ်တကူ သတ်နိုင်၏။ ဧကရီမှ ပလ္လင်ပေါ်တွင် ထိုင်နေ၏။
သူမ ဘေးနားတွင် ဓားမော့နှင့် မီးဧကရာဇ်ရှိပြီး ၎င်းတို့နောက်တွင် နဂါးဘုရင် ခြောက်ပါးတို့ ထိုင်နေကြသည်။
အဆုံးတွင် နတ်နဂါးအင်ပါယာမှ မျိုးနွယ်စု အသီးသီး ရှိ၏။ အလယ် ဗဟိုရှိ ယဇ်ပလ္လင်သည် ပေတစ်ထောင်အထိ မြင့်မားသည်။
ထိုပလ္လင် ပတ်လည်တွင် နဂါးရုပ်တုများ ရစ်ခွေလျက် အခမ်းအနား တာဝန်ခံ အရာရှိက အမွှေးတိုင် ထွန်းညှိနေပြီးနောက် ဧကရီထံ လက်ဝှေ့ရမ်းပြကာ၊
“ အရှင်မင်းကြီး ... အချိန်ကျပြီ ... ။ ”
-ဟု ပြောကြားလိုက်သည်။
“ ခဏ နေဦး ... ။ ”
ဧကရီက မျက်လုံး မဖွင့်ဘဲ လက်ဝှေ့ယမ်း ပြလိုက်လေသည်။ ယင်းကြောင့် လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်လာခဲ့၏။
“ သူက ပန်းသင်္ချိုင်းကို စောင့်နေတာ မဟုတ်လား။ ”
“ နောက်ထပ် ဘယ်သူများ ရှိဦးမလဲ ... ဒီကမ္ဘာမှာ ပန်းသင်္ချိုင်း တစ်ယောက်ကသာ ဧကရီကို စောင့်ဆိုင်းစေနိုင်ပါတယ်။ ”
“ အဲဒီပန်းသင်္ချိုင်းက အရမ်း အစွမ်း ထက်သလား။ ”
“ ဓားသမားအားလုံးနဲ့ အဖြူအမည်း ဧကရာဇ်တွေက သူ့ကို ခေါင်းဆောင် အဖြစ် တင်မြှောက်ထားတယ်၊ အဲဒါ ဘာကို ဆိုလိုတာလဲ သိလား ... ။ ”
ရောက်ရှိနေသော ဧကရာဇ် အများစုသည် လင်းယွန်ကို မမြင်ဖူးကြချေ။ အကြောင်းကိုသာ ကြားဖူးကြသည်။
“ ရေခဲဧကရာဇ် ... မင်းက ပန်းသင်္ချိုင်းနဲ့ တိုက်ဖူးတယ် မဟုတ်လား။ ”
ရေခဲဧကရာဇ်နှင့် ရင်းနှီးသော ဧကရာဇ် တစ်ပါးက မေး၏။ သူသည် လျှို့ဝှက်ဓားစံအိမ်မှ ဧကရာဇ်အကြီးအကဲ ဖြစ်သည်။ အမှောင်သခင် ဧကရာဇ်ဟု ခေါ်၏။
“ ငါ ရှုံးသွားတယ် ... မင်းရဲ့ လျှို့ဝှက်ဓားစံအိမ်က လူတွေ အဲဒီနေ့က ရှိနေတာမို့ အားနာနေစရာ မလိုပါဘူး။ ”
“ ဒါကြောင့် ငါ အံ့သြသွားတာ ... သူက ထိပ်တန်း ဓားသူတော်စင် ဆယ်ပါးကို အနိုင် ယူရုံသာ မကဘူး ကောင်းကင်ဘုံ နတ်တောင်ပေါ်ကို တက်ခဲ့သေးတယ် ...
... ပြီးတော့ မင်းကို အနိုင်ယူပြီး ဒဏ္ဍာရီလာ ဧကရာဇ်နှစ်ပါးက သူတို့ရဲ့ ခေါင်းဆောင်အဖြစ် တင်မြှောက်ထားတယ်။ ”
အမှောင်သခင် ဧကရာဇ်က သက်ပြင်းချသည်။
“ ဒါက အမှန်ပါပဲ ... သူ့ရဲ့ ခွန်အားက ကောလဟာလတွေထက် သာလွန် ပြင်းထန် ပါတယ်။ ”
ရေခဲဧကရာဇ်မှ အတည်ပြု ပေးသည်။ အခြားသူများ မသိသော်လည်း လင်းယွန်တွင် ဝှက်ဖဲများ ရှိနေကြောင်း သူ သိ၏။
အနည်းဆုံး ထိုတိုက်ပွဲတွင် အုပ်စိုးရှင် နတ်ရူရ်ခုနစ်လုံးနှင့် ထာဝရတာအို နှစ်ပါးကို အသုံး မပြုခဲ့ချေ။
“ ရေခဲဧကရာဇ်၊ သူ လာမှာလား ... အဖြူအမည်း ဧကရာဇ်တွေက ခေါင်းဆောင် တင်လိုက်တဲ့အပေါ် ဘယ်လိုမြင်လဲ။ ”
“ ငါ့အမြင်မှာတော့ ဒါက အရူးပဲ ... ဒဏ္ဍာရီလာ ဧကရာဇ်တွေ ဘယ်လောက် တန်ခိုး ရှိလဲ ငါတို့ အားလုံး သိထားတာပဲ။ ”
အခြားသော ဧကရာဇ်များက ရေခဲ ဧကရာဇ်တို့၏ စကားဝိုင်းထဲ ဝင်ပြောလာကြ လေသည်။
ရေခဲဧကရာဇ်သည် ထိုဧကရာဇ်ကို စိုက်ကြည့်ကာ၊
“ ဒါအမှန်ပါပဲ ... ဓားမော့ ဧကရာဇ်က ပန်းသင်္ချိုင်းကို ရိုင်းရိုင်းစိုင်းစိုင်း ပြောတဲ့အတွက် အဖြူက သင်ခန်းစာတစ်ခု သင်ပေးဖို့ ထွက်လာခဲ့တယ်။ ”
-ဟု ပြောကြားလိုက်၏။
ထိုစကားကို ကြားသော အခါတွင် ဧကရာဇ်များ အားလုံး တိတ်ဆိတ်သွားသည်။
“ ဒါက ပန်းသင်္ချိုင်းတစ်ယောက် ကောင်းကင်လမ်းကို ပြုပြင်နိုင်မယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ ... ။ ”
“ ဒါပေမယ့် ဧကရီကလည်း နဂါးသွေးလွှတ်ကြော ကိုးခုကို ထုတ်ယူပြီး နတ်ဘုရား ဖြစ်အောင် တက်ရောက်မယ် မဟုတ်လား။ ”
အမှောင်သခင် ဧကရာဇ်က ဧကရီကို ကြောက်လန့်တကြား မော့ကြည့်လိုက်မိသည်။ ဧကရီသည် မျက်လုံးများ မှိတ်ထားဆဲဖြစ်ပြီး အရာရာကို လျစ်လျူရှုထား၏။
ဤအရာက သူမ မည်သည့် အရာများ တွေးနေမည်ကို သိချင်လာစေသည်။ ဓားမော့ ဧကရာဇ် တစ်ယောက် မျက်နှာ ညစ်နွမ်းနေပြီ ဖြစ်သည်။
“ ဒီလူတွေက ဧကရီကို မထီမဲ့မြင် ပြုနေတာပဲ။ ”
လူတိုင်း ပြောဆို နေသံကို သူကြားနေရသည်။
“ ဒါက ထင်ရှားတဲ့ ဇာတ်လမ်း တစ်ပုဒ်ပဲ ... အဖြူနဲ့အနက်က လင်းယွန်ကို ခေါင်းဆောင် တင်မြှောက်လိုက်တဲ့ အတွက် ... အခြား ရွေးချယ်ခွင့် မရှိတော့ဘူး။ ”
မီးဧကရာဇ်က ပြောကြားလိုက်သည်။
“ သူတို့ လာပြီ ... ။ ”
ဧကရီက မျက်လုံးများ ပွင့်လာသည်။ သူမ မျက်ဝန်းအတွင်း ရှေးဟောင်း တံဆိပ်တစ်ခု ရှိနေ၏။
“ ဝှစ် ... ။ ”
ကောင်းကင်မှ ပုံရိပ် လေးရိပ် ဆင်းသက်လာ၏။ လင်းယွန်၊ သက်တံဓား ဧကရာဇ်၊ အဖြူနှင့် အနက် ဖြစ်သည်။
“ ငါက လင်းယွန်ပဲ ... ဒီမှာ အားလုံးကို နှုတ်ဆက်ပါတယ်။ ”
လင်းယွန်က ဧကရီကို လက်သီး ဆုပ်ပြ လိုက်သည်။ လူတိုင်း တိတ်ဆိတ်သွားစဉ် ရေခဲ ဧကရာဇ်မှ ဦးစွာ မတ်တပ်ထရပ်ပြီး၊
“ ပန်းသင်္ချိုင်းကို နှုတ်ဆက်ပါတယ်။ ”
-ဟု အရိုအသေ ပေးလိုက်တော့၏။
ယင်းကြောင့် အခြား ဧကရာဇ်များက အံ့အားသင့်စွာဖြင့် ချက်ချင်း နှုတ်ဆက်လိုက် ရသည်။
“ ပန်းသင်္ချိုင်းကို နှုတ်ဆက်ပါတယ်။ ”
ဧကရာဇ် များစွာနှင့် ရင်ဆိုင်ရသဖြင့် လင်းယွန်ခမျာ အနည်းငယ် တည်ငြိမ်အောင် ထိန်းညှိလိုက်၏။
ဆန့်ကျင်ဘက်တွင် ဧကရီသည် ငြိမ်သက်နေသည်။ လင်းယွန်က သူမအနားတွင် ဆုစီယာကို မတွေ့သဖြင့် လိုက်ရှာမိ၏။
“ ဆုစီယာက (Tai)တောင် ထိပ်မှာ ရှိနေတယ် ... မင်း ခေါင်းမော့ကြည့်လိုက်။ ”
လင်းယွန် တွေးနေသည်ကို သိသဖြင့် ဧကရီက ပြောကြားလာသည်။ ခေါင်းမော့ကြည့် လိုက်သောအခါ မြို့ရိုးတစ်ခုတွင် ထိုင်နေသည့် ဆုစီယာကို မြင်လိုက်ရ၏။
သူမ အနားတွင် လီဝူယု၊ လွင့်မျောနေသော ရေခွက် မိန်ဇီဟွာနှင့် ပိုင်လိရွှမ် ရှိနေသည်။
“ မင်းရဲ့ မိတ်ဟောင်း ဆွေဟောင်း တွေလည်း ရှိတယ် ... မင်းကို ခြိမ်းခြောက်ဖို့ သူတို့ကို ငါအသုံးပြုမှာ မဟုတ်ဘူး။ ”
ဧကရီက ဆိုသည်။
“ ငါယုံတယ် ... ။ ”
လင်းယွန်မှ ခေါင်းညိတ်သည်။ သူ့အပြုအမူကို မြင်ချိန်၌ ဓားမော့ ဧကရာဇ်က မပျော်တော့ချေ။
“ လင်းယွန် ... ဧကရီကို လေးစားပါ ... မဟုတ်ရင် မယဉ်ကျေးတဲ့ အတွက် ငါ့ကို အပြစ် မတင်နဲ့။ ”
“ အဆင် ပြေပါတယ်။ ”
ဧကရီက လက်ဝှေ့ယမ်းကာ ဓားမော့ ဧကရာဇ်ကို ဟန့်တားလိုက်သည်။ ယင်းသည် ဓားမော့ ဧကရာဇ်ကို စိတ်ဓာတ်ကျစေ၏။ ဧကရီမှ၊
“ မင်းကို မေးစရာ ရှိသေးတယ် ... မင်းငါ့ကို တိုက်ချင်လား ဒါမှမဟုတ် အခမ်းအနား ကြည့်ဖို့ ဒီမှာလား။ ”
ထိုမေးခွန်းကြောင့် တက်ရောက်လာသော ဧကရာဇ်များ အားလုံး လင်းယွန်ထံ ပြန်ကြည့် လိုက်ကြသည်။
“ တိုက်မယ် ... ။ ”
လင်းယွန်က မဆိုင်းမတွ ပြောကြား လိုက်သဖြင့် ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်ရုတ် သဲသဲ ဖြစ်သွားစေသည်။
ဧကရီသည်သာ ပြုံးလိုက်တော့၏။ သူမ မပြုံးတော့သည်မှာ မည်မျှ ကြာခဲ့သည်ကို မသိနိုင်ချေ။
တောင်ပိုင်း ဧကရာဇ် ကွယ်လွန် ပြီးချိန်မှစပြီး သူမအပြုံးများ ဆိတ်သုဉ်း သွားခြင်း ပေပင်။
ဆိုလိုသည်မှာ သူမသည် နှစ်ပေါင်း သုံးထောင်အတွင်း ပထမဆုံးအကြိမ် ပြုံးရယ် လာခြင်း ဖြစ်၏။
ဓားမော့ ဧကရာဇ်က ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်လာခဲ့သည်။ ဧကရီ ပြုံးသည့် အဓိပ္ပါယ်အပေါ် အခြားသူများ မသိနိုင်သော်လည်း သူသိ၏။
ဧကရီသည် လင်းယွန်ထံ၌ တောင်ပိုင်းဧကရာဇ်၏ အရိပ်များကို မြင်လိုက်ရခြင်း ဖြစ်သည်။
ယင်းကြောင့် ဓားမော့ဧကရာဇ်က မနာလိုဖြစ်လာပြီး၊
“ ပန်းသင်္ချိုင်း၊ ငါ့ကို အရင် ကျော်ဖြတ်ပါ။ ”
-ဟု စိန်ခေါ်လိုက်သည်။
မီးဧကရာဇ် မျက်နှာသည် ပြောင်းသွား၏။ နဂါးဘုရင် ခြောက်ပါးက ဓားမော့ ဧကရာဇ်ထံ အံ့သြစွာ ပြန်ကြည့်လိုက်ကြသည်။
အထူးသဖြင့် ရွှေနဂါး ဧကရာဇ် ဖြစ်သည်။ ဤသည်မှာ သူ့ရာထူးကို ဓားမော့ ဧကရာဇ်မှ လုယူသွားခြင်း ပေပင်။
“ ဘာလို့ ... မင်းငါနဲ့ မတိုက်ရတာလဲ။ ”
သက်တံဓား ဧကရာဇ်က လင်းယွန်ရှေ့ လှမ်းထွက်လာ၏။
“ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်လောက် ကတည်းက မင်းနာမည်ကို ... ငါကြားဖူးတယ် အခု မင်းရဲ့ဓားမော့က အရင်လိုပဲ ထက်မြက် သေးသလား ငါကြည့်ချင်တယ်။ ”
သက်တံဓား ဧကရာဇ်က ပြောကြား လိုက်သည်။ ဓားမော့ ဧကရာဇ်၏ အကြည့်သည် သက်တံဓား ဧကရာဇ်အပေါ် ကျဆင်းသွား၏။
တစ်ယောက်မှာ မျိုးဆက်ဟောင်းများ၏ ဒဏ္ဍာရီလာ ဧကရာဇ်ဖြစ်ပြီး တစ်ယောက်သည် မျိုးဆက်သစ် ဓားဧကရာဇ် ဖြစ်သည်။
သက်တံဓား ဧကရာဇ်တွင် ယုချင်းဖန်နှင့် ဆင်တူသော ဓားရောင်ဝါမျိုး မည်သူမဆို ခံစား နိုင်၏။
“ ဒါဆို သူက ဓားဧကရာဇ်ဘွဲ့ကို မင်းအတွက် ထားခဲ့ပြီပေါ့ ... ဒီနေ့ အဲဒီဘွဲ့ရဲ့ အမွေကို ငါဖျက်ဆီးပြမယ်။ ”
***