← Chapters

နဂါး အားလုံး၏ သခင်။

Vol. 177 Ch. 2478

နဂါး အားလုံး၏ သခင်။

Vol. 177 Ch. 2478

သက်တံဓားဧကရာဇ်နှင့် ဓားမော့ ဧကရာဇ်က အခမ်းအနား ကျင်းပမည့် စင်မြင့် ပေါ်သို့ ပျံသန်းသွား၏။

ဤစင်မြင့်သည် ဧကရာဇ်များကြား တိုက်ပွဲကို ခံနိုင်ရည်ရှိသည်။ သူတို့ နှစ်ဦးသည် အထွတ်အထိပ် နဝမတန်း ဓားရည်ရွယ်ချက် ကိုယ်စီ ပိုင်ဆိုင်ထားကြ၏။

ဓားမော့ ဧကရာဇ်၏ ဓါးမော့ ရည်ရွယ်ချက်သည် သက်တံဓား ဧကရာဇ်ထက် ပိုမို ပြင်းထန်သည်။

“ ထန် ... ထန် ... ။ ”

စင်မြင့်ပေါ်၌ ဓားရည်ရွယ်ချက်နှင့် ဓားမော့ရည်ရွယ်ချက်မှာ ဖြန့်ကားထွက်ပြီး အချင်းချင်း တိုက်မိသွားကြ၏။

များမကြာခင် သူတို့ ပတ်ဝန်းကျင်၌ ဒဏ္ဍာရီဆန်ဆန် အဖြစ်အပျက်များ ထွက်ပေါ် လာခဲ့သည်။

ဒဏ္ဍာရီလာ ဧကရာဇ်များကို အတိုင်းအတာတစ်ခုအထိ နတ်ဘုရားအဖြစ် သတ်မှတ်နိုင်မည်။

အဘယ့်ကြောင့် ဆိုသော် ကောင်းကင်လမ်းကို ပြန်လည် ပြုပြင်ပြီးပါက ၎င်းတို့သည် အတားအဆီးမရှိဘဲ နတ်ဘုရား ဘုံသို့ ရောက်ရှိနိုင်သောကြောင့် ဖြစ်၏။

“ စီနီယာ ... မင်း ဘယ်လိုထင်လဲ။ ”

လင်းယွန်က ဧကရာဇ်ဖြူကို မေးသည်။ သူ့ဆရာအပေါ် ယုံကြည်မှု မရှိ၍ မဟုတ်ဘဲ ပြိုင်ဘက်မှာ သန်မာလွန်း၍ ဖြစ်၏။

“ မင်းဆရာ အနိုင်ရလိမ့်မယ် ... အကြောင်းအရင်းကို နောက်မှ ပြောပြမယ်။ ”

ဧကရာဇ်ဖြူက ပြန်ဖြေသည်။

“ ငါတို့ ကိုးဦးမှာ တောင်ပိုင်းဧကရာဇ်က အသန်မာဆုံးပဲ ... ဓားမော့ ဧကရာဇ်က ဒုတိယ လိုက်တယ် ... အဲဒါ ဘာလို့လဲ သိလား။ ”

ဧကရာဇ်နက်က လင်းယွန်ကို မေးခွန်း ထုတ်လာသည်။ လင်းယွန်မှ ပြန်မဖြေနိုင်ချေ။ ယင်းအစား ဓားမော့ ဧကရာဇ်သည် ဤမျှ သန်မာနေသည့်အတွက် အံ့ဩမိ၏။

“ ငါတို့ အမွေက ... အိုင်းရစ် ဓားသူတော်စင်ကနေ လာတာ ... အိုင်းရစ်က ဓားသမား ဆိုပေမယ့် ...

... သူ့ဆရာက ဓားမော့ သမားပဲ ... ဒါကြောင့် ဓားမော့ ဧကရာဇ်က ... နဂါးပြာ ဘိုးဘေးနဲ့ ပိုနီးစပ်တယ်။ ”

ထိုအချိန်တွင် သက်တံဓား သူတော်စင်နှင့် ဓားမော့ ဧကရာဇ်တို့က လှုပ်ရှား နေပြီ ဖြစ်သည်။

“ ထန် ... ထန် ... ။ ”

ထိပ်တိုက်တွေ့သောအခါ ဖြစ်စဉ်များ ထပ်ပြီး လှိုင်းများ ပျံ့နှံ့သွားလေသည်။ ထာဝရ တာအိုကို ကိုယ်စားပြုသော ပန်းနှစ်ပွင့် ပေါ်လာ၏။

နှစ်ယောက်စလုံးသည် သစ္စာတာအိုကို ဆုပ်ကိုင်ထားသည်။

“ သတ် ... ။ ”

ဟိန်းဟောက်သံနှင့်အတူ ဓားမော့ ဧကရာဇ်၏ မျက်လုံးများတွင် ကြက်သွေးရောင် မီးလျှံများ တောက်လောင်လာသည်။

ဤအရာက သက်တံဓားဧကရာဇ်ကို ဖိအားတိုးစေ၏။

“ မဟာ တော်ဝင် ဓားအစီရင် ... ။ ”

သက်တံ ဓားဧကရာဇ်က ဓားခုနစ်လက် ဆင့်ခေါ်ကာ ကောင်းကင်ပေါ် ခုန်တက်လိုက်ပြီး စွမ်းအားအပြည့် ထုတ်လွှတ်တော့၏။

ဓားမော့ ဧကရာဇ်သည်လည်း ၎င်းကို တားဆီးရန် ဓားမော့ဖြင့် ပြန်၍တွန်းထုတ်ကာ နောက်ပြန် ဆုတ်သွားခဲ့သည်။

“ အနန္တ ဓားများ ပေါင်းစည်းခြင်း။ ”

သက်တံဓား ဧကရာဇ်က ဓားရိပ်များ အားလုံးကို ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်စေလျက် တံဆိပ်တစ်ခု ဖန်တီး၏။

“ ချွင် ... ။ ”

ဓားမြည်သံများ ပဲ့တင်ထပ်လျက် ဓားမော့ဧကရာဇ်၏ စိတ်ဝိညာဉ်များ တုန်လှုပ် သွားသည်။ တစ်စုံတစ်ခု မူမမှန်သည်ကို ချက်ချင်း ခံစားလိုက်ရ၏။

“ အနန္တ ဓားခေါင်းလောင်း ... ။ ”

ဓားရိပ်များက ခေါင်းလောင်း တစ်ခုလို သက်တံဓားဧကရာဇ် အပေါ် ဖုံးလွှမ်းသွား၏။ ယင်းက သူ၏ အတွင်းအင်္ဂါများကို တောင်နှင့် မြစ်များကဲ့သို့ မာကြောလာစေသည်။

ခေါင်းလောင်းသံများ အဆက်မပြတ် မြည်ဟည်းလျက် လှိုင်းလုံးများ ပြန့်ကျဲလာ၏။ ယင်းက ထူးထူးဆန်းဆန်း ဖြစ်နေသဖြင့် လူတိုင်း ထိတ်လန့်သွားသည်။

“ ဒီအပြောင်း အရွေ့က အမြတ်ပဲ … ။ ”

ဧကရာဇ်ဖြူက ကူကယ်ရာမဲ့စွာ ပြုံးလိုက်လေသည်။

“ မင်းရဲ့ဆရာကို ... ငါတိုက်တုန်းက ခေါင်းလောင်းသံ မြည်လာတဲ့အခါ သူတော်စင် မူလ၊ သူတော်စင် ဝိညာဉ်နဲ့ တာအို ပန်းတွေတောင် ...

... သက်ရောက်မှု ခံရတယ်၊ အရေးကြီးဆုံးကတော့ ဒီခေါင်းလောင်းကို သူ့နှလုံးသားထဲမှာ ဝှက်ထားပြီး အပြင်ကနေ ဖြေရှင်းဖို့ နည်းလမ်း မရှိခဲ့ဘူး။ ”

ခေါင်းလောင်းသံ အောက်တွင် ဓားမော့ဧကရာဇ်၏ ဒွါရခုနစ်ပါးမှ သွေးများ စီးကျလာ၏။ ထို့ကြောင့် ဧကရာဇ် ရွှေခန္ဓာကို အသုံးပြု လိုက်သည်။

“ နှလုံးခွဲ ဓားမော့ ... ။ ”

ဓားမော့ ဧကရာဇ်၏ အော်ငေါက်သံ နှင့်အတူ သက်တံဓား ဧကရာဇ် နှလုံးသားသည် အက်ကြောင်းများ ထင်လျက် နာကျင်စေ၏။

“ ချွင် ... ချွင် ... ချွင် ... ။ ”

ထို့ကြောင့် စွမ်းအားအပြည့် ထုတ်ကာ ဓားခေါင်းလောင်း၏ အကျိုးသက်ရောက်မှုကို မြှင့်တင်လျက် ဟန့်တားလိုက်သည်။

“ ခရစ် ... ။ ”

ဓားမော့ဧကရာဇ်ခမျာ ရွှေခန္ဓာ ကွဲအက်သွားပြီး တာအိုပန်း၌ အက်ကြောင်းများ ပေါ်လာ၏။ ထိုစဉ် ခေါင်းလောင်းသည် ရွှေရောင် ပြောင်းသွားတော့သည်။

“ ဟိတ် ... ။ ”

“ ချွင် ... ။ ”

“ မဟာ တော်ဝင်ဓားကျမ်း ... ဓားခုနစ်လက် ပေါင်းစည်းခြင်း။ ”

ဓားမော့ဧကရာဇ်မှ အံကြိတ်လျက် ဓားမော့ဖြင့် ခုတ်ပိုင်းချလိုက်၏။ သက်တံဓား ဧကရာဇ်မှလည်း သူ့ဓားဖျားကို ပြိုင်ဘက်ထံ ဦးတည်လိုက်သည်။

“ ဝုန်း ... ။ ”

ခေါင်းလောင်း မျက်နှာပြင်၌ နတ်ရူရ်များ တောက်ပလျက် သက်တံဓားဧကရာဇ် အပေါ် ကျရောက် သွားသည်။ နှုတ်ခမ်းမှ သွေးများ စီးကျလာတော့၏။

တစ်ဖက် ဓားမော့ဧကရာဇ်သည်လည်း နှလုံးသားကို ဓားဖြင့် ထိုးသွင်း ခံလိုက်ရသည်။ နှစ်ဦးသား ဓားများကိုင်လျက် ပေတစ်ထောင် အကွာသို့ ပြန်လည် ဆုတ်ခွာလိုက်ကြ၏။

“ မင်း ရှုံးသွားပြီ ... ။ ”

သက်တံ ဓားဧကရာဇ်မှ ပြောသည်။

သူ့ဓားသည် သဘာဝအတိုင်း ဓားမော့ဧကရာဇ်ကို မသတ်နိုင်သော်လည်း တာအိုပန်းကို ပေါက်ကွဲစေကာ ဒဏ္ဍာရီ ဖြစ်စဉ်ကို မှိန်သွားစေ၏။

“ အနာဂတ်မှာ မင်းကို သက်တံဓားဧကရာဇ်အဖြစ် ခေါ်ဆိုရမယ်။ ”

ဓားမော့ဧကရာဇ်မှ ပြန်ပြောသည်။

“ တိုက်ပွဲအတွက် ကျေးဇူးတင်ပါတယ်။ ”

“ နှလုံးခွဲ ဓားမော့ ပုံစံကို ... နှလုံးမဲ့ အဆင့်အထိ ရောက်ရှိသွားရင် ... မင်းရဲ့ အနန္တ ဓားခေါင်းလောင်းကို ချိုးဖြတ်နိုင်တယ်။ ”

ဓားမော့ဧကရာဇ်က သူ့ ရှုံးနိမ့်မှုကို လက်ခံလိုပုံ မပြချေ။

“ အခု ဓားမော့ဧကရာဇ် ရှုံးမယ်လို့ ငါပြောခဲ့တာ မင်းနားလည်ပြီလား၊ မင်းဆရာက နှစ်သုံးထောင် လုံးလုံး ဖိအားကို တွန်းလှန်ဖို့ ကြိုးစားနေချိန်မှာ ...

... သူက ခွေးတစ်ကောင်လို အချိန် ဖြုန်းခဲ့တယ် ... ဒါဆို ဓားဧကရာဇ် ဖြစ်လာတဲ့ မင်းဆရာကို သူ့ဘယ်လိုလုပ် အနိုင်ယူ နိုင်မှာလဲ။ ”

ဧကရာဇ်ဖြူက ရှင်းပြသည်။

“ နှလုံးခွဲ ဓားမော့က နဂါးပြာဘိုးဘေးရဲ့ ဝှက်ဖဲပဲ၊ ဒါပေမယ့် သူ့နဲ့ တိုက်ခွင့် မရတော့တာ စိတ်မကောင်းဘူး ... ဒါဆို မင်းက သူ့အစား တိုက်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ”

“ ရှုံးပြီးကတည်းက တိုက်ပွဲ အကြောင်း မပြောတော့ဘူး။ ”

နှစ်ယောက်သား နှုတ်ဆက်ကာ အသီးသီး ထွက်ခွာသွားခဲ့ကြသည်။

“ ပန်းသင်္ချိုင်း၊ ဒီနေ့ စိန်ခေါ်သူက ... မင်းလား ... မင်းဆရာလား။ ”

ရွှေနဂါးဘုရင်က ဒေါသတကြီး လှမ်းထွက်လာ၏။

“ ကောင်းပြီ ... ငါရှိနေပါတယ်။ ”

“ သတိထားပါ ... နဂါးဘုရင်တွေက ဒဏ္ဍာရီလာ ဧကရာဇ်တွေထက် ... အားနည်း တာတော့ မဟုတ်ဘူး။ ”

ဧကရာဇ်ဖြူမှ သတိပေးလိုက်သည်။ လင်းယွန်က ခေါင်းညိတ်လျက် စင်မြင့်ပေါ်သို့ ဆင်းသက်လိုက်၏။

နဂါးဘုရင်များ၏ ခွန်အားသည် ဒဏ္ဍာရီလာဧကရာဇ်များနောက် ဒုတိယ လိုက်လေသည်။

ရွှေနဂါးဘုရင်၏ သန်မာမှုသည် ကိုယ်လုံးကိုယ်ပေါက် ဖြစ်ပြီး ဧကရာဇ် နဂါး လက်သီးကိုလည်း လေ့ကျင့်ထား၏။

“ မင်းရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် ... ။ ”

လင်းယွန်က ဦးညွှတ်လိုက်သည်။

“ ဟား ဟား ဟား ... ဒီနေ့ အတွက် လမ်းညွှန်ချက် မရှိဘူး ... မင်းရဲ့ ကောင်းကင် နဂါး နတ်ခန္ဓာ ...

... ဘယ်လောက်တောင် အစွမ်း ထက်လဲဆိုတာ ငါ ကြည့်ချင်တယ် ... မင်းငါ့ကို မရှုံးစေနဲ့။ ”

ရွှေနဂါးဘုရင်က ရယ်မောလျက် ပြန်ပြောသည်။ ကောင်းကင် နဂါးသည် နဂါးများ၏ သခင် ဖြစ်၏။

နတ်နဂါးခုနစ်ပါးသည် ၎င်းနောက် အဆင့်၌သာ ရှိသည်။ ထို့ကြောင့် ကောင်းကင် နဂါး နတ်ခန္ဓာကို ပိုင်ဆိုင်ထားသူကို အနိုင်ယူ နိုင်သော် သမိုင်းတွင် ဖြစ်သည်။

ဧကရာဇ် ရွှေခန္ဓာကို လွှတ်ပေးပြီး လင်းယွန်ရှေ့ ဆင်းသက်၏။ ရွှေနဂါးရောင်ဝါမှာ ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ် စေသည်။

နတ်နဂါးအသွေးအသားကို ပိုင်ဆိုင်ထားသောကြောင့် ရွှေနဂါးဘုရင်၏ ဧကရာဇ် ရွှေခန္ဓာသည် ရေခဲဧကရာဇ်ထက် သန်မာ၏။

“ ဟိတ် ... ။ ”

လက်သီးချက် ပစ်ထုတ်သော အခါ စွမ်းအားများ ဖြာထွက်လျက် ရွှေနဂါးကြီး ပြေးထွက် လာသည်။

“ ဝှစ် ... ။ ”

“ ဖပ် ... ။ ”

သို့သော် လင်းယွန်က လက်တစ်ဖက် နောက်ပို့ပြီး တစ်ဖက်တည်းဖြင့် ထိုလက်သီးကို ဖမ်းကာ ပြောင်းပြန် တွန်းထုတ် ပစ်လိုက်၏။

ရွှေနဂါးဘုရင်ခမျာ နောက်သို့ ခြေလှမ်းသုံးလှမ်း ဆုတ်ခွာလျက် လင်းယွန်ကို ထိတ်လန့်စွာ မော့ကြည့်မိလေသည်။

လင်းယွန် တစ်ဝိုက်တွင် နဂါးကြီး တစ်ကောင် လှည့်ပတ်နေသကဲ့သို့ ခံစားရ၏။ ၎င်းမှာ ကောင်းကင်နဂါး ပေပင်။

ဤအစွမ်းအောက်တွင် လင်းယွန်က သူ့ထံ စိုက်ကြည့်ကာ၊

“ လာ ... ။ ”

-ဟု စိန်ခေါ် လိုက်တော့၏။

“ ဘယ်လောက် မာနကြီးလဲ ... ကောင်းကင်နဂါးက သန်မာတယ် ဒါပေမယ့် ငါ့နတ်နဂါး မျိုးရိုးကလည်း မပျော့ညံ့ပါဘူး။ ”

ရွှေနဂါးဘုရင်က နတ်ဘုရားအဆင့် ကိုယ်ခံပညာတစ်ခု ဖြစ်လာရန် နီးကပ်နေသည့် ဧကရာဇ်နဂါးလက်သီးကို ထုတ်ဖော် လိုက်၏။

ဤတစ်ကြိမ်တွင်လည်း လင်းယွန်က ယခင်နည်းအတိုင်း လက်တစ်ဖက်တည်းဖြင့် ပြန်လည် ရင်ဆိုင်ခဲ့သည်။

ထိုအသွင်အပြင်သည် ရွှေနဂါးဘုရင်ကို ဒေါသထွက်လာစေ၏။ ၎င်းက ဝှက်ဖဲကို အသုံး ပြုရန် ပြင်လိုက်သည်။

“ ဝှစ် ... ။ ”

ထို့ကြောင့် လင်းယွန်က ခြေတစ်လှမ်း လှမ်းတက်လိုက်ကာ လက်သီးဖြင့် ထိုးချပစ် လိုက်တော့၏။

ကောင်းကင် နဂါးအရိုးမှ သူ့ဆန္ဒကို အာရုံခံစားမိပြီး အကြေးခွံများ အထပ်ထပ် ရစ်ပတ်ပေးလာသည်။

“ ဝုန်း ... ။ ”

တစ်စက္ကန့်အတွင်း ရောင်ဝါများ တိုးလာ၏။ လက်သီးချင်း ရိုက်ခတ်မှုမှ ရွှေနဂါးဘုရင် ခမျာ သွေးများ စီးထွက်လာတော့သည်။

လင်းယွန်က အခြားသော နဂါးဘုရင်များကို မျက်ခုံးပင့်ကြည့်ကာ၊

“ ကောင်းကင် နဂါး နတ်ခန္ဓာကိုယ်ကို စမ်းကြည့်ဖို့ စိတ်မကူးနဲ့ ... နတ်နဂါးတွေက သန်မာပေမယ့် ... ကောင်းကင်နဂါးက နဂါးအားလုံးရဲ့ ဘုရင်ပဲ။ ”

-ဟု သတိပေး စကားပြောကြား လိုက်တော့သည်။

***

All Chapters